တစ္ဆေလောကမြစ် စိတ်ဝိညာဉ်သိပ်သည်းခြင်း(၁၂၆)

 

အနက်ရောင်ချပ်ဝတ်နှင့်လူကြီးက မျက်မှောင်ကြုတ် သွားကာ သူ့မျက်လုံးကလည်း လက်ခနဲ ဖြစ်သွား၏။ဦးဆုံး အနေဖြင့် သူက ကောင်းကင်ထက်ရှိ မြစ်ကို ကြည့်လိုက် သည်။ခဏတာ တုံ့ဆိုင်းသွားပြီးနောက် သူ့အကြည့်က ဓား သူတော်စင်လင်းထျန်ဟူ ချန်ထားခဲ့သောဓားစွမ်းအင်ပေါ် သို့ ကျရောက်သွား၏။


သူက ထိုဓားစွမ်းအင်ကို ပိုမိုတောက်ပသောအကြည့်ဖြင့် ကြည့်လိုက်ကာ လေအေးတစ်ချက် ရှိုက်သွင်းလိုက်၏။


“သူ့တာအိုကနေ ဖန်တီးထားတဲ့ မြစ်ကလည်း ထူးဆန်း အံ့ဖွယ်ပါလား။ ဒါပေမဲ့ ဒါက ဖြစ်တည်ရုံသာ ရှိသေးတယ်။ ဒါ့ကြောင့် ဒီမြစ်နောက်မှာ လုံလောက်တဲ့ စွမ်းအင်တွေ မရှိနိုင်သေးဘူး။ဒါပေမဲ့ ဓားစွမ်းအင်..ဒီဓားစွမ်းအင်က သန်မာလွန်းလှတယ်။အတော့်ကို သန်မာလှတယ်။ဒီဓား စွမ်းအင်ကို ဖန်တီးခဲ့တဲ့လူက အထွတ်အထိပ်ကျွမ်းကျင်သူ တစ်ယောက် ဖြစ်ရမယ်။ဒီလူ့ရဲ့အဆင့်က နိဗ္ဗာနပြိုခွဲခြင်း အဆင့်ထဲကိုတောင် ဝင်ရောက်နေမှာ ငါ စိုးရိမ်မိတယ်..."

ဝမ်လင်းက


သူ့အစွမ်းထက်သောလက်နှစ်ဖက်ကို ထုတ်ပြလိုက်လေပြီ။သူ့ရည်ရွယ်ချက်က တိုက်ခိုက်ရန် မဟုတ်ဘဲ ရန်သူ့အား တုန်လှုပ်သွားစေရန်သာ ဖြစ်သည်။


ဝမ်လင်းက ကောင်းကင်ဘုံတက်ခြင်းသစ်သီးများ၏ သက်ရောက်မှုကြောင့် ရူးသွပ်နေရာကနေ အသိပြန်ဝင်လာ ခဲ့ပြီး ဖြစ်၏။သည့်အတွက်ကြောင့် သူက ဉာဏ်နီဉာဏ်နက် များ ပြန်သုံးလာနိုင်ပေပြီ။ခုချိန်တွင် ထိုအဘိုးအိုက သူ ရင်ဆိုင်နိုင်သည့် လူတစ်ယောက် မဟုတ်ပေ။


အနက်ရောင်ချပ်ဝတ်နှင့်လူက သူ့အကြည့်ကို စွမ်းအင်ထံကနေ ပြန်ရုတ်သိမ်းလိုက်၏။သည့်နောက် သူက ဝမ်လင်းကို ကြည့်ကာ စိတ်ထဲ၌ တွေးဆနေလေ၏။


လေထဲ၌ လွင့်မြောနေသည့် တစ္ဆေလောကမြစ်ရေစီးသံ ကလွဲ၍ ဝန်းကျင်တစ်ခုလုံးက လုံးလုံး တိတ်ဆိတ်ကာ နေသည်။


ထိုအခိုက်အတန့်၌ အနက်ရောင်ချပ်ဝတ်နှင့်အဘိုးအို နောက်ရှိ မျှော်စင်ထက်မှ အားကောင်းသော နတ်ဘုရား အာရုံတစ်ခက ရုတ်တရက် ထွက်ပေါ်လာချေ၏။


"မင်းက ဒီလက်ဝါးရာကို ဘယ်နေရာကနေ သင်ယူခဲ့ တာလဲ..." ဤသို့သော နတ်ဘုရားအာရုံက မိုးခြိမ်းသံကဲ့သို့ မြည်ဟီးလာချေသည်။


သည်အသံ ထွက်ပေါ်လာသည့်အခိုက်တွင် မြေကြီးတစ်ခု လုံးက စတင် အက်ကွဲလာခဲ့ချေ၏။သို့သော် ဝမ်လင်းရှေ့

ပေတစ်ရာတွင် ရပ်တန့်လို့သွားသည်။


ဝမ်လင်းက မျက်လုံးကျဉ်းမြောင်းသွားသည်။သူက ခုချိန် တွင် သည့်အသံက သူ့အား မရေမတွက်နိုင်အောင် ဒဏ်ရာ ရရှိစေခဲ့သော အသံဖြစ်သည်ဟု မှတ်မိသွား၏။သတ်ဖြတ် ခြင်းစွမ်းအင်နှင့် မရဏစွမ်းအင်တို့ကြောင့်သာ မဟုတ်ပါ ကသူက အကြိမ်များစွာ သေဆုံးနှင့်နေလောက်ပေပြီ။


ဝမ်လင်းက ပြောလိုက်၏။ "ငါက ဒီလက်ဝါးရာကို ကောင်းကင်ဘုံနယ်မြေမှာ သင်ယူခဲ့တာ…"


ကြီးမားသောနတ်ဘုရားအာရုံက ခပ်တိုးတိုး ဆို၏။ အတိတ် "ကောင်းကင်ဘုံနယ်မြေ...ဟုတ်တယ်...သူက တုန်းက ကောင်းကင်ဘုံနယ်မြေကို တစ်ကြိမ်သွားခဲ့ သေးတာပဲ...


ဝမ်လင်းက နောက်သို့ စတင် ဆုတ်နေ၏။သူက ကောင်းကင်ဘုံတက်ခြင်းသစ်သီးများ၏ သက်ရောက်မှု အောက်တွင် ဆက်လက်မရှိတော့ချေ။ခုချိန်၌သူက အေးစက်စက်ချွေးများဖြင့် ရွှဲနစ်နေခဲ့ပြီ ဖြစ်သည်။


"သူ့ကို အသက်ရှင်လျက် ဖမ်းလာခဲ့ချေ.... နတ်ဘုရား အာရုံက ထိုစကားကို ဆိုပြီးနောက် အနက်ရောင်မျှော်စင် ထံသို့ ပြန်လည် ပျောက်ကွယ်သွားတော့သည်။


အနက်ရောင်ချပ်ဝတ်နှင့်အဘိုးက တုံ့ဆိုင်းခြင်းမရှိ လေ ထဲသို့ မှန်တက်လာ၏။သူက အလင်းတန်းအလား ဝမ်လင်း ထံသို့ ရွေ့လျားလာသည်။အာဏာတက်ခြင်းနောက်ဆုံး

အဆင့် ကျင့်ကြံမှုပြင် သူက ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေ ကာ အော်ပြောလိုက်လေသည်။ “လေ.."


စကားတစ်ခွန်းဖြင့်ပင် ဧရာမမုန်တိုင်းတစ်ခု ရုတ်တရက် ပေါ်လာတော့၏။၎င်းက မြေပြင်ကို သိမ်းကျုံး ရိုက်ခတ် သွားရာ မြေကြီးများက စတင်အက်ကွဲကာ၊ကျောက်တုံး ကျောက်စများက ပျက်စီးကြေမွကုန်ပြီး မုန်တိုင်းနှင့် ရောနှော၍ ဝမ်လင်းထံသို့ တဟုန်ထိုး တိုးဝင်လာလေ တော့သည်။


ဝမ်လင်းအသွင်က သုန်မှုန်နေကာ သူက နောက်သို့ ခြေလှမ်းများစွာ ဆုတ်၍ သူ့ညာလက်ကို အထက်သို့ ညွှန် လိုက်၏။တစ္ဆေလောကမြစ်က ရုတ်တရက် ကောင်းကင် ထက်မှ သက်ဆင်း၍ သည်ဧရိယာအား သိမ်းကျုံး စီးဝင် သွားသည်။


တိုးဝင်လာနေသော မုန်တိုင်းက တစ္ဆေလောကမြစ်၏ စီး ဆင်းမှုကြောင့် ရပ်တန့်သွားခဲ့၏။ပြန်လည်မွေးဖွားခြင်း စွမ်းအင်အချို့ ပေါက်ကွဲထွက်လာပြီးနောက် ထိုမုန်တိုင်း သည် မြစ်ထဲသို့ ဆွဲနစ်ခြင်း ခံလိုက်ရချေသည်။


*ဒီလိုအသက်ငယ်ငယ်ရွယ်ရွယ်နဲ့ မင်းက ကိုယ်ပိုင်တာ အို ရှိနေခဲ့ပြီ။မင်းက မရိုးရှင်းဘူးပဲ..." အဘိုးအိုအသံက တည်ငြိမ်နေ၏။သူ့လက်က ချိပ်တံဆိပတစ်ခုကို ထပ်မံဖြစ် စေကာ ကောင်းကင်ထက်သို့ ညွှန်လိုက်ပြန်သည်။


"မိုးကြိုး.. အဘိုးအိုက ထိုသို့အော်လိုက်သည်နှင့်

ကောင်းကင်တစ်ခုလုံး ချက်ခြင်း နက်မှောင်လာကာ အနက်ရောင်တိမ်ဆိုင်များက ရုတ်တရက် ပေါ်လာတော့သည်။ ကောင်းကင်အနှံ့တွင်


ထိုအနက်ရောင်တိမ်ဆိုင်များထဲ၌ ကျယ်လောင်သော တုန်ဟီးသံနှင့်အတူ အနက်ရောင်မိုးကြိုးတန်းတစ်ခုက ကောင်းကင်ထက်ကနေ ဆင်းသက်လာပြန်သည်။


ဝမ်လင်းအသွင်က ပြောင်းလဲသွားပြီး သူ့ ဘယ်ဘက် လက်ညှိုးကို ဆင်းသက်လာသည့် မိုးကြိုးထံသို့ ချက်ခြင်း ညွှန်လိုက်၏။


တစ္ဆေလောကလက်ညှိုး...


ဝမ်လင်းက သည်မိုးကြိုးမန္တာန်ကို လျော့တွက်ထားခြင်း မရှိချေ။သူက စစ်ထူနန်ထံကနေ သည်မိုးကြိုးမန္တာန်သည် ကျင့်ကြံရန် ခက်ခဲကြောင်း ကြားသိထားခဲ့ဖူးပြီး ဖြစ်၏။ တစ်စုံတစ်ယောက်က အရည်အချင်းများစွာ မရှိပါက ထို မန္တာန်ကို သင်ယူရန် အလွန့်အလွန် ခက်ခဲပေလိမ့်မည်။


အကြောင်းရင်းမှာ


သည်မိုးကြိုးတွင်


ကောင်းကင်ဘုံ၏စွမ်းအားများ ပါဝင်သည်ဟု ယူဆ၍ ရ သောကြောင့် ဖြစ်၏။ကောင်းကင်ဘုံ၏ စွမ်းအားကို လူသားတစ်ယောက်က မည်သို့လွယ်လင့်တကူ သုံးစွဲနိုင်ပါ့ မည်နည်း။


တစ္ဆေလောကဖြစ်က ဝမ်လင်းလက်ညှိုးညွှန်သည့် ဦးတည်ရာအတိုင်း စတင် ရွှေ့လျားလာ၏။သည့်နောက်

တစ္ဆေလောက်မြစ်သည် ကောင်းကင်ထက်ရှိ မိုးကြိုးနက် ထံသို့ ပြန်လည်မွေးဖွားခြင်းစွမ်းအားကို သယ်ဆောင်ကာ တန်းတန်းမတ်မတ် ဝင်ရောက်သွားတော့သည်။


ကောင်းကင်ထက်၌ ပြင်းထန်သောပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပွားသွား၏။တစ္ဆေလောကမြစ်က စတင်ပြိုကျလာခဲ့ သလို မိုးကြိုးနက်သည်လည်း ပျောက်ကွယ်လာ၏။တစ္ဆေ လောကမြစ်သုံးပုံတစ်ပုံ ပျောက်ကွယ်သွားပြီးနောက် မိုးကြိုးနက်သည် လုံးဝ ပျောက်ကွယ်သွားတော့သည်။


"မင်းတာအိုက တကယ်ပဲ စွမ်းအားကောင်းလှတယ်.... အနက်ရောင်ချပ်ဝတ်နှင့်အဘိုးအိုက ထိုသို့ဆိုကာ နှာခေါင်း ရှုံ့သည်။သူ့ညာလက်ကို ကောင်းကင်ထက်သို့ ထပ်မံ ညွှန် လိုက်ပြီး အော်ပြောလိုက်ပြန်၏။ “မိုး..."


ကောင်းကင်ထက်ရှိအနက်ရောင်တိမ်ထုများက ရုတ်တရက် ကျုံ့လာကာ အနက်ရောင်မိုးစက်မိုးပေါက် များသည် ချက်ခြင်း ကျဆင်းလာတော့၏။သည်မိုးစက် များသည် ကောင်းကင်ထက်မှ ဓားများအလား ဝမ်လင်း ထံသို့ ဖြောင့်ဖြောင့်တန်းတန်း ကျဆင်းလာသည်။


"အာဏာတက်ခြင်းနောက်ဆုံးအဆင့်..ဒါက ငါ အနိုင်မ ယူတဲ့ အရာပဲ..။ဒါပေမဲ့ သင်က ငါ့ကို သတ်ချင်ရင်တော့ လွယ်ကူနေမယ် မထင်နဲ့....


ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူက ခြေ တစ်လှမ်းလှမ်းကာ တစ္ဆေလောကမြစ်ထဲသို့ တိုက်ရိုက်

လှမ်းလျှောက်သွားသည်။


သူ တစ္ဆေလောကမြစ်ထဲသို့ ဝင်သွားချင်းမှာပင် ဝမ်လင်း သည် သည်မြစ်ထဲ၌ နစ်မြုပ်သွား၏။သူက သူ့တာအို၊သူ ကိုယ်တိုင် တစ္ဆေလောကမြစ် ဖြစ်လာချေသည်။


တစ္ဆေလောကမြစ်က သုံးပုံတစ်ပုံ ဆုံးရှုံးသွားရာမှ ဝမ် လင်းလှမ်းလျှောက်ဝင်လာပြီးနောက် ဧရာမလှိုင်းတစ်ခုကို ဖြစ်တည်သည်။၎င်းက မြေပြင်အတိုင်း စီးဆင်းသွားကာ မျက်စိတစ်မှိတ်အတွင်း နဂါးတစ်ကောင်အသွင်သို့ ပြောင်းလဲသွား၏။


ဝမ်လင်းက ထိုနဂါး၏ ဦးခေါင်းထိပ်၌ ရှိနေသည်။


နဂါးက ခေါင်းမော့ကာ ဟိန်းသံပြုသည်။သည်ဟိန်းသံ က ဝမ်လင်း၏ ကောင်းကင်ဘုံကို ဖိဆန်သောတာအိုပင်။


အနက်ရောင်မိုးစက်များက ကောင်းကင်ထက်ကနေ သက်ဆင်းနေရာမှ ထိုဟိန်းသံထွက်ပေါ်လာသည့်နောက် ထိုအနက်ရောင်မိုးစက် တုံ့ဆိုင်းသွား၏။သည့်နောက် များသည် ပြန့်ကျဲသွားကာ အနက်ရောင်အခိုးငွေ့အမျှင် တန်းများအဖြစ်သို့ ပြောင်းလဲသွားသည်။ မျက်စိတစ်မှိတ် အတွင်း ကောင်းကင်က အနက်ရောင်အခိုးငွေ့နှင့် ဖုံးလွှမ်း သွားချေသည်။


"ကောင်းလိုက်တဲ့ တာအို ပေါင်းစည်းခြင်း။ ကံမကောင်း စွာနဲ့ ငါက မင်းတာအိုက ငါ့ရိုက်ချက်တစ်ခုကိုတောင့် တောင့်ခံနိုင်မယ်လို့ မထင်ဘူး။ ဒီအဘိုးအိုက ကိုယ်ပိုင်တာ

အိုမရှိပေမဲ့ ငါရဲ့ချပ်ဝတ်ကတော့ ဒီလိုလုပ်နိုင်တယ်..."


အဘိုးအိုအသွင်က ပုံမှန်အတိုင်းရှိနေသည်။သူက သူ့ လက်နှစ်ဖက်ကို ဖြန့်ကားကာ လေထဲသို့ ပျံဝဲတက်၍ ဆို လိုက်၏။ “လေ..."


လေပြင်းများ ထပ်မံထွက်ပေါ်လာကာ ကောင်းကင်ထဲ၌ ဧရာမဝဲကတော့ တစ်ခု ဖြစ်ပေါ်လာသည်။သည်အရာက လေဝဲကတော့တစ်ခုဖြစ်ကာ အနက်ရောင်အခိုးငွေ့အားလုံး သည် ၎င်းဝဲကတော့ထဲသို့ စုပ်ယူခြင်းခံလိုက်ရတော့သည်။


အဘိုးအိုက ထပ်မံအော်ဟစ်ကာ ဆိုလိုက်ပြန်သည်။ "မိုး... ဝဲကတော့ထဲ၌ အနက်ရောင်မိုးစက်များ ပေါ်လာ သည်။သည်မိုးစက်များက နတ်ဆိုးစွမ်းအင်နှင့် ပြုလုပ်ထား ကာ သာမာန်မဟုတ်ပေ။


"မိုးကြိုး..." သည့်နောက် အနက်ရောင်မိုးကြိုးတစ်ခုက အနက်ရောင်တိမ်ထုများနှင့်အတွင်း၌ ပေါ်လာပြန်သည်။ သည်မိုးကြိုးနက်ပေါ်လာသည့်အခါ၌ အနက်ရောင်လျှပ်စီး တန်းများက အနက်ရောင်မိုးစက်များအတွင်း ရွှေ့လျားလာ


သည့်အခိုက်၌ အလယ်ရှိ မိုးကြိုးနှင့် မရေမတွက်နိုင် သောာ မိုးစက်များက အနက်ရောင်လျှပ်စီးတန်းနှင့်အတူ ချိတ်ဆက်သွားသည်။


*လျှပ်စီး... အဘိုးအို၏အသံက မိုးခြိမ်းသံများကိုပင် ဖိနှိပ်သွားသည်ဟု ထင်မှတ်ရသည်။သည့်နောက် မိုးကြိုး၊

မိုးစက်နှင့် ဝဲကတော့တို့သည့် အလင်းအမြန်နှုန်းဖြင့် ကောင်းကင်ထက်မှ ကျဆင်းလာတော့၏။


ဝမ်လင်းက ခေါင်းမော့လိုက်သည်။သည်အရာက သူ့ အတွက် အထွတ်အထိပ်သစ်တစ်ခု သူအရင်တုန်းက တစ်ခါမှ မကြုံဖူးခဲ့သည့် တိုက်ပွဲတစ်ခုပင်။


ကောင်းကင်ဘုံကိုဖိဆန်နိုင်သည့် တစ်ခုခုသာ ဖြစ်ပွားမ လာလျှင် သူ့ကျင့်ကြံမှုအဆင့်ဖြင့် အာဏာတက်ခြင်း နောက်ဆုံးကျင့်ကြံသူကို သံသယမရှိ ရှုံးနိမ့်ပေလိမ့်မည်။ ဝမ်လင်းက သည်အရာကို ကောင်းကောင်းသိပေ၏။ အကြောင်းရင်းကတော့ သူ့တွင် ကောင်းကင်ဘုံကို ဖိဆန် နိုင်သည့်အရာတစ်ခု ရှိလို့နေသောကြောင့်ပင်။ လင်းထျန် ဟူ၏ ဓားစွမ်းအင်က ကောင်းကင်ဘုံကိုဖိဆန်နိုင်သည့် အရာ မဟုတ်လော။


ဝမ်လင်းက သို့လှောင်အိတ်ထဲမှ စိတ်ဝိညာဉ်တစ်ကုဋေ အလံကို ထုတ်ယူလိုက်၏။ စိတ်ဝိညာဉ်အပိုင်းအစသန်း တစ်ရာသည် ချက်ခြင်း ပျံသန်းထွက်လာ၏။သည်စိတ် ဝိညာဉ်အပိုင်းအစများ ပေါ်ထွက်လာပြီးနောက် သူတို့က ကောင်းကင်ထက်သို့ ပျံတက်သွားခြင်း မရှိဘဲ တစ္ဆေ လောကမြစ်ထဲသို့ မြန်ဆန်စွာ ပျံသန်းသွားလေသည်။


သိပ်မကြာခင်တွင် စိတ်ဝိညာဉ်အပိုင်းအစ သန်းတစ်ရာ သည် တစ္ဆေလောကမြစ်ထဲသို့ ပေါင်းစပ်သွား၏။


"ငါက ကောင်းကင်ဘုံတက်ခြင်းသစ်သီးရဲ့ လွှမ်းမိုးမှု

အောက်မှာတုန်းက ငါ့တာအိုနဲ့အတူ ဒီတစ္ဆေလောကမြစ်ကို ဖန်တီးနိုင်ခဲ့တယ်။ခု ငါ အသိပြန်ဝင်လာတဲ့အခါမှာလည်း ငါက ဒီမြစ်ရဲ့ စိတ်ဝိညာဉ်ကို သိပ်သည်းနိုင်တုန်းပဲကွ..."


စိတ်ဝိညာဉ်အပိုင်းအစသန်းတစ်ရာသည် တစ္ဆေလောက မြစ်နှင့် တစ်ခုတည်းအဖြစ်သို့ ပေါင်းစပ်သွား၏။ သည်တစ် ခုတည်းသော စိတ်ဝိညာဉ်သည် တစ္ဆေလောက်မြစ်၏ စိတ် ဝိညာဉ်ပင် ဖြစ်ချေသည်။


တစ္ဆေလောကမြစ်သည် ခုချိန်၌ စိတ်ဝိညာဉ်တစ်ခု ရှိလာ ခဲ့ပြီ။ထို့ကြောင့် ၎င်းက လေ၊မိုး၊မိုးကြိုးနှင့် လျှပ်စီးများ ကောင်းကင်ထက်မှ ဆင်းသက်လာသည့်အခါတွင် ရုတ်တရက် လှုပ်ရှားလာခဲ့၏။ဝမ်လင်းသည်လည်း ထိုမြစ် အတွင်း၌ ရှိလို့နေသည်။သူက နတ်ဘုရာားအာရုံကို ဖြန့် ကျက်ကာ သူ့တာအိုနှင့် မြစ်တို့အား ပေါင်းစည်းထား၏။ သည်အခိုက်၌ သူ့မူလစိတ်ဝိညာဉ်သည် မာန်သွင်းလိုက်၏။ တစ္ဆေလောကမြစ်သည်လည်း ကောင်းကင်ထက်သို့ တ ဟုန်ထိုး ပျံတက်သွားသွားတော့သည်။


စိတ်ဝိညာဉ် ရှိလာသည့်အတွက် တစ္ဆေလောကမြစ်က အသိဉာဏ်ရလာသည်ဟု ထင်မှတ်ရ၏။၎င်းက နဂါးတစ် ကောင်ကဲ့သို့ မာန်သွင်းလျက် လေ၊မိုး၊မိုးကြိုနှင့် လျှပ်စီး မန္တာန်တို့ကို ဝါးမြို ပစ်ချင်နေသည်။


တစ်ချိန်တည်းမှာပင် ဝမ်လင်းမျက်ခုံးနှစ်ခုကြားမှ သတ်ဖြတ်ခြင်းစွမ်းအင်အမျှင်တန်း တစ်သိန်းသုံးသောင်း

သည် ထိုနဂါးနှင့် ပေါင်းစည်းသွား၏။ခုချိန်တွင် သည် တစ္ဆေလောကမြစ်သည် သယ်ဆောင်ထားနေပေသည်။ သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို


သည်အရာက ဝမ်လင်း၏ အစစ်အမှန် တစ္ဆေလောက မြစ် ဖြစ်သည်။၎င်းမြစ်ထဲ၌ သတ်ဖြတ်ခြင်းစွမ်းအင်အမျှင် တန်း တစ်သိန်းသုံးသောင်း၊စိတ်ဝိညာဉ်အပိုင်းအစ သန်း တစ်ရာ နှင့် ဝမ်လင်းတာအို ပါဝင်နေ၏။


သည်အရာများက ရောနှောပေါင်းစဉ်းထားသည့်အရာက အဘိုးအိုထံမှ ထွက်ပေါ်လာသည့် မန္တာန်ထံသို့ အရူးအမူး တိုးဝင်သွားနေသည်။


သည်တိုက်ပွဲက ထိပ်ဆုံးရှိ လူများ၏ တိုက်ပွဲတစ်ခုပင်။


မိုးကြိုး ဟိန်းသံနှင့် အတူ လျှပ်စီးများက မိုးစက်များအား သယ်ဆောင်ထား၏။လေဝဲကတော့သည် တစ္ဆေလောက မြစ်နှင့် ထိတိုက်မိသည့်နှင့် ၎င်း၏ခွန်အားကို ခင်းကျင်း ပြသလာသည်။သည်အခိုက်အတန့်၌ ကောင်းကင်သည် အ ရောင်းပြောင်းကာ ပေါက်ကွဲသံများက လေထဲ၌ အတောမ သပ်သည့်အလား ပျံ့နှံ့လာခဲ့သည်။မြေပြင်သည် တုန်ခါ၍ နေရာတိုင်း၌ အက်ကြောင်းများ ပေါ်ထွက်လာသည်။


သည်အခိုက်အတန့်၌ ရှေးဟောင်းတိုက်ပွဲနယ်မြေတစ်ခု လုံး၏ မြေလွှာသည် အလိပ်လိပ်ကွာသွားခဲ့ချေပြီ။ ရှေးဟောင်းတိုက်ပွဲမြေ အထက်ရှိ ကောင်းကင်သည်လည်း အစိတ်စိတ်ပြန့်ကျဲကုန်သလား ထင်မှတ်ရသည်။

ကောင်းကင်နှင့်မြေကြီး၏ တိုက်ပွဲတစ်ခုပင် ဖြစ်ချေ တော့၏။


မြေကြီးများ ကွဲအက်သွားသည်နှင့် တစ်ပြိုင်နက် များပြားသောစိတ်ဝိညာဉ်အပိုင်းအစများသည် မြေအောက် ပျံဝဲထွက်လာတော့၏။သည်စိတ်ဝိညာဉ်အပိုင်းအစ အားလုံးက အားကောင်းလွန်းသဖြင့် ဟော်ဖောင်က မ သန့်စင်၊မမွန်းနိုင်ခဲ့ချေ။ဝမ်လင်းက သည်စိတ်ဝိညာဉ် အပိုင်းအစများကို မြင်သည့်အခါ သူ့မျက်လုံးက တ လက်လက် ဖြစ်နေပြီး သူ့လက်ထဲရှိ စိတ်ဝိညာဉ်အလံကို လှုပ်ယမ်းလိုက်လေ၏။


စိတ်ဝိညာဉ်အလံက ဧရာမအဝတ်စကြီးတစ်ခုအသွင် ပြောင်း၍ ကောင်းကင်ကို လွှမ်းခြုံလာသည်။တစ်ချပ် ဝှေ့ယမ်းခြင်းနှင့်အတူ များစွာသော စိတ်ဝိညာဉ်အပိုင်းအစ များသည် စိတ်ဝိညာဉ်အလံ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရ အနက် တော့သည်။သည်စိတ်ဝိညာဉ်အပိုင်းအစများက ရောင်အခိုးငွေ့များအဖြစ်သို့ ပြောင်းလဲ၍ တစ္ဆေလောက မြစ်ထဲသို့ ပေါင်းစပ်သွားသည်။


ကောင်းကင်နှင့်မြေကြီးပင် တုန်ခါသွားကာ အနက် ရောင်ချပ်ဝတ်နှင့်လူကြီး၏အသွင်က သုန်မှုန်သွားတော့၏။ သည့်နောက် သူက ဝမ်လင်းကို အဓိပ္ပာယ်ပါသောအကြည့် ဖြင့် ကြည်ကာ ခေါင်းယမ်းလိုက်သည်။ "ဒီ လေ၊မိုး၊မိုးကြိုး နဲ့ လျှပ်စီး မန္တာန်တွေက ငါ့ရဲ့ အားအနည်းဆုံး မန္တာန်တွေပဲ ရှိသေးတယ်။အမှ မင်းက ဒီချပ်ဝတ်နဲ့ ပေါင်းစပ်ထားတဲ့

တာအိုကို မြင်ရလိမ့်မယ်...


နတ်ဆိုးကာအို...။


အဘိုးအိုက သူ့ရင်ဘက်ပေါ်ရှိ ချပ်ဝတ်ကို ချွတ်လိုက်၏။ ချက်ခြင်းပင် ထိုချပ်ဝတ်က ထူးဆန်းသောဟန်ပန်ဖြင့် စတင်ရွှေ့လျားလာသည်။ချပ်ဝတ်ထံမှ နတ်ဆိုးစွမ်းအင် အမျှင်တန်းများ ထွက်ပေါ်လာကာ အဘိုးအိုရှေ့၌ မြန်ဆန် စွာ စုဝေးလာ၏။


အဘိုးအိုရှေ့၌ မွန်းစတားဆန်လှသော နတ်ဆိုးစွမ်းအင် ပေးစွမ်းနေသည့် တံစဉ်တစ်ခု ဖြစ်ပေါ်လာ၏။


တံစဉ်ထံမှ ထွက်ပေါ်လာနေသည့် နတ်ဆိုးစွမ်းအင်က သိပ်သည်းလွန်းလှသည်။သည်နတ်ဆိုးစွမ်းအင်က ကောင်းကင်ဘုံ၏ ထိန်းချုပ်မှုအပြင်ဘက်၌ပင် ရှိနေသည် ဟု ထင်မှတ်ရ၏။


သည်တံစဉ်က လုံးဝ အထည်ဒြပ် မဖြစ်သေးပဲ ပုံရိပ် ယောင်နှင့် အထည်ဒြပ်ကြားတွင် ပြောင်းလဲနေသည်။ထိုသို့ ပြောင်းလဲနေစဉ်အတွင်း တစီစီအသံတစ်ခု ထွက်ပေါ် နေ၏။


ထိုတံစဉ်ထွက်ပေါ်လာသည့်အခါတွင် အဘိုးအိုအသွင်က နာကျင်နေသည့်ပုံ ဖြစ်ပေါ်နေသည်။သူက မှန်းဆမရသည့် နာကျင့်မှုကို တောင့်ခံနေသည့်ပုံပင်။အဘိုးအိုမျက်ခုံးနှစ်ခု ကြားသို့ ဝင်ရောက်နေသည့် ဦးချိုတစ်ချောင်းတည်းရှိသော ပုံရိပ်ယောင်နတ်ဆိုး ပေါ်ထွက်လာခဲ့သည်။၎င်းပုံ

ရိပ်၏အသွင်က အဘိုးအိုနှင့်ဆန့်ကျင်ဘက် ဆောင်ကာ သက်တောင့်သက်သာ ဖြစ်နေသည်ပုံပင်။


နတ်ဆိုးပုံရိပ်ယောင်သည် အဘိုးအိုခန္ဓာကိုယ်ကနေ ပျံသန်းထွက်လာကာ အနက်ရောင်အခိုးငွေ့အဖြစ်သို့ ပြောင်း၍ တံစဉ်ထဲသို့ ဝင်ရောက်သွားသည်။ထိုတံစဉ်သည် ရုတ်တရက် အသက်ဝင်လာကာ ဝမ်လင်းထံသို့ ဦးတည် တိုးဝင်လာချေသည်။


တစ္ဆေလောကမြစ်က လေ၊မိုး၊မိုးကြိုးနှင့် လျှပ်စီးမန္တာန် တို့ကို ဆက်လက် တိုက်ချနေကာ ကောင်းကင်ယံ၌ ကျယ်လောင်သောပေါက်ကွဲသံများ တော့သည်။ ပဲ့တင်ထပ်နေ


ဝမ်လင်းမျက်လုံးက ကျဉ်းမြောင်းသွားကာ သူ့ညာလက် ကို မြှောက်လိုက်၏။ထိုအခါ လင်းကျန်ဟူ၏ ဓားစွမ်းအင် က သူ့လက်ချောင်းထိပ်၌ သိပ်သည်းလာခဲ့တော့သည်။


လင်းကျန်ဟူ၏အသက်ဓာတ်က ထိုဓားစွမ်းအင် ပတ်လည်၌ ဝ

န်းရံနေသည်။လင်းထျန်ဟူသည် ထျန်ယွမ် ဂြိုဟ်ပေါ်၌ ရှေးဖြစ်ဟောသူနှင့်အပြိုင် စွမ်းအားကောင်းသူ ဟု ယူဆ၍ ရသူသာ။ထို့ကြောင့် သူ့ဓားစွမ်းအင်သည်လည်း အံ့မခန်းဖြစ်နေပေသည်။


ချပ်ဝတ်နှင့်အဘိုးအိုထံမှ နတ်ဆိုးစွမ်းအားနှင့်ပြုလုပ် ထားသည့် တံစဉ်သည် နတ်ဆိုးစွမ်းအားနှင့် ဆင်မြန်းထား ခြင်းသာ။ထိုအဘိုးအိုကတော့ နတ်ဆိုးတစ်ပါး မဟုတ်ပေ။ ထို့ကြောင့် သူထုတ်ဖော်သည့် နတ်ဆိုးစွမ်းအားက သန့်စင် ခြင်းမရှိပေ။ဆိုလိုသည်က ထိုတံစဉ်သည် ပြည့်စုံစွာ ပေါ်ထွက်လာခြင်း မဟုတ်။သို့ရာတွင် သူ့မျက်ခုံးနှစ်ခုကြား မှ ထွက်ပေါ်လာသည့် ပုံရိပ်ယောင်သည် အစစ်အမှန် နတ်ဆိုးမိစ္ဆာစိတ်ဝိညာဉ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်နေ၏။ သည်နတ်ဆိုးမိစ္ဆာစိတ်ဝိညာဉ်နှင့် ဆိုလျှင် သာမာန်သတ္တု ချောင်းတစ်ခုပင် နတ်ဆိုးဓားသွားအဖြစ် ပြောင်းလဲသွား နိုင်စွမ်း ရှိနေပေ၏။


နတ်ဆိုးမိစ္ဆာစိတ်ဝိညာဉ်က သည်တံစဉ်နှင့် ပေါင်းစပ် သွားသည့်အခါမှာတော့ ယင်းတံစဉ်က နတ်ဆိုးတံစဉ် အဖြစ် ပြောင်းလဲသွားခြင်း ဖြစ်၏။၎င်းတံစဉ်က ခုချိန်၌ နတ်ဆိုးမိစ္ဆာတာအိုကို ဆောင်ကြဉ်းထားသည်ဟု ဆိုရမည် တော့ပေမည်။

လင်းထျန်ဟူ၏ ဓားစွမ်းအင်နှင့် နတ်ဆိုးတံစဉ်တို့ကြား မည်သည့်တစ်ခုက ပိုသန်မာသည်ကိုတော့ မည်သူမျှ မသိနိုင်ပေ။


ဝမ်လင်းလက်ချောင်းထံမှ လင်းထျန်ဟူ၏ဓားစွမ်းအင် က ဖျက်ခနဲ ပျံသန်းထွက်သွားလာ၏။သည်ဓားစွမ်းအင်က ရိုးရှင်းသလို စွမ်းအားလည်း ကောင်းလွန်းလှကာ ၎င်းး ပေါ်ထွက်လာသည်နှင့် ကောင်းကင်ပင် အရောင်ပြောင်းလဲ သွားရ၏။


သည်အခိုက်အတန့်၌ ကမ္ဘာလောကပင် ရပ်တန့်သွား သလား ထင်မှတ်ရသည်။လေ၊မိုး၊မိုးကြိုး၊ လျှပ်စီး မန္တာန် များနှင့် ကောင်းကင်ထက်ရှိ တစ္ဆေလောကမြစ်တို့ပင် မှိန် ဖျော့သွားရသည်။


ဓားအလင်း ထွက်ပေါ်လာသည့်အခါ၌ ကောင်းကင်ယံ သည် ဓားစွမ်းအင်နှင့်သာ ပြည့်နှက်လာသည်။ဓား စွမ်းအင်က တစ္ဆေလောကမြစ်ကိုပါ ဝမ်လင်းခန္ဓာကိုယ်ထဲ သို့ ပြန်ဝင်ရောက်သွားစေခဲ့၏။သတ်ဖြတ်ခြင်းစွမ်းအင် အမျှင်တန်း(၁၃၀၀၀၀)သည်ပင် ပြန့်ကျဲသွား၏။တစ္ဆေ လောကမြစ် စိတ်ဝိညာဉ်သည်လည်း စိတ်ဝိညာဉ် အပိုင်းအစသန်းတစ်ရာ အဖြစ်သို့ ပြန်လည် ပြောင်းလဲသွား ရပေသည်။


လေ၊မိုး၊မိုးကြိုးနှင့် လျှပ်စီးမန္တာန်တို့သည်လည်း ထို့အတူ သာ။ အနက်ရောင်မိုးကြိုးက ချက်ခြင်း ပျက်စီးသွားကာ

လျှပ်စီးထဲရှိ မိုးစက်များသည်လည်း ပြန့်ကျဲ့ကြေမွသွား၏။ လေဝဲကတော့ပင် ဓားစွမ်းအင်နှင့်ထွင်းဖောက်ခံရသည့် အခါ ချက်ခြင်း ပျက်စီးသွားသည်။


ဓားစွမ်းအင်ပေါ်လာသည့်အခါ၌ အခြားမန္တာန်များသည် ဘာဆိုဘာမှ မဟုတ်တော့သည့်အလား ဖြစ်သွားရသည်။ သည်အရာက ဓားစွမ်းအင်ထဲ၌ ပါဝင်နေသည့် လင်းထျန် ဟူ၏ တာအို ဖြစ်၏။


ကြီးစိုးလှသည့်တာအိုလော။


လင်းထျန်ဟူက သည့်ဘဝတစ်လျှောက်လုံး ဝင့်ကြွားစွာ နေကာ ကမ္ဘာလောကအနှံ့ အထက်စီးကနေ ခြေဆန့်ခဲ့သူ ဖြစ်၏။သူ့ဓားစွမ်းအင်ထဲရှိ ကြီးစိုးဖိနှိပ်နိုင်မှုသည် ကောင်းကင်ဘုံ၏ခွန်အားလို ဖြစ်နေချေသည်။


နတ်ဆိုးတံစဉ်ထဲရှိ နတ်ဆိုးပုံရိပ်သည် အလေးအနက် အသွင် ဖြစ်လာ၏။တံစဉ်က တလက်လက် ဖြစ်ကာ ဝမ် လင်းထံသို့ တိုက်ရိုက် တိုးဝင်သွား၏။


ကြီးစိုးဖိနှိပ်နိုင်မှုတာအိုကို သယ်ဆောင်ထားသည့် ဓား စွမ်းအင်သည် တံစဉ်ထံသို့ ရိုက်ခတ်လာ၏။


ဓားစွမ်းအင်နှင့်နတ်ဆိုးတံစဉ်တို့ ထိပ်တိုက်တွေ့သွား သည့်အခိုက်၌ လင်းထျန်ဟူ၏ပုံရိပ်သည် ဓားစွမ်းအင် နောက်၌ ပေါ်လာသည်ဟု ထင်မှတ်ရ၏။ထို့အတူ တံစဉ်၏ နောက်တွင်လည်း ဦးချိုတစ်ချောင်း နတ်ဆိုးပုံရိပ်ယောင်က ပေါ်လာခဲ့ပေသည်။

ထိုနှစ်ခု ထိပ်တိုက်တွေ့ဆုံသည်နှင့် မြေပြင်က ချက်ခြင်း မြေပြင်တစ်လျှောက် ကြီးမားသော အက်ကွဲကြောင်းကြီးတစ်ခု ထင်းခနဲ ပေါ်လာ ပျက်စီးလာ၏။သည့်နောက် ကာ အလျင်အမြန် ပျံ့နှံ့လာလေသည်။


ကောင်းကင်ထက်ရှိ တိမ်တိုက်များသည်လည်း ချက်ခြင်း ပြိုကျကာ ဤအခိုက်အတန့်၌ ကောင်းကင်တစ်ခုလုံး မှိန် ဖျော့သွားလေ၏။


နတ်ဆိုးတံစဉ်နောက်ရှိနတ်ဆိုးပုံရိပ်ယောင်သည် မချင့်မရဲ အသွင် ထုတ်ဖော်လာပြီးနောက် ပျက်စီးသွား တော့၏။ထို့နတ်ဆိုးပုံရိပ်ယောင်နှင့်အတူ နတ်ဆိုးတံစဉ် သည်လည်း လိုက်ပါပျက်စီးသွး၏။


ခုချိန်၌ လင်းထျန်ဟူ၏ ဓားစွမ်းအင်သည် မှိန်ဖျော့သွား ကာ ရွှေရောင်အလင်းအမျှင်တန်းတစ်ခုသာ ကျန်ရစ်ခဲ့ တော့၏။သို့ရာတွင် သည်ရွှေရောင်အလင်းအမျှင်တန်းတစ် ခုတည်းမှာပင် လင်းထျန်ဟူ၏တာအို ပါဝင်နေခဲ့ပေသည်။


နတ်ဆိုးတံစဉ် ပျက်စီးသွားသည့်အခိုက်အတန့်မှာပင် ကျန်နေသေးသော ဓားစွမ်းအင်က အနက်ရောင်မျှော်စင် ထံသို့ ရိုက်ခတ်လာသည်။


ဝမ်လင်းက လင်းထျန်ဟူ၏ ဓားစွမ်းအင်ကို ထုတ်ဖော် ပြီးနောက် သူက ချက်ခြင်း နောက်သို့ ဆုတ်လေ၏။သူက နောက်သို့ ဆုတ်ရမည်သာ။သူ့တွင် နောက်ဆုတ်ရန်ကလွဲ၍ အခြားရွေးချယ်စမရာ မရှိပေ။ဝမ်လင်းက အသိပြန်လာပြီး

သည့်နောက် ခုချိန်၌ ကြောက်ရွံ့မှုကို ခံစားမိနေ၏။သူက ရူးသွပ်နေစဉ်အခြေအနေလိုမျိုး မျှော်စင်ထဲသို့ ဝင်ရောင် သွားပါက သံသယမရှိ သေဆုံးရမည် မဟုတ်လော။


အစောပိုင်းတုန်းက အနက်ရောင်ချပ်ဝတ်နှင့်အဘိုးအို သည် သူ့ကို စောင့်ကြည့်နေသဖြင့် သူက နောက်မဆုတ် သာ ဖြစ်နေရ၏။သို့ရာတွင် ခုချိန်၌ သူက ဓားစွမ်းအင်ကို ထုတ်လွှတ်ထားသည် ဖြစ်ရာ သူ့အတွက် နောက်ဆုတ်ရန် အကောင်းဆုံး အချိန် ဖြစ်နေ၏။


အနက်ရောင်ချပ်ဝတ်နှင့်အဘိုးအိုသည် တံစဉ်ပျက်စီး သွားချိန်၌ သွေးများစွာအန်ထုတ်လိုက်ရသည်။သူက အားနည်းသွားသည့်ပုံပင်။သို့သော် သူက ဝမ်လင်း နောက်ဆုတ်သွားသည်ကို မြင်သည့်အခါ အံတင်းတင်း ကြိတ်၍ နောက်ကလိုက်လိုနေသည်။သို့ရာတွင်သူက ချက် ခြင်းရပ်တန့်သွား၏။သည့်နောက် သူ့အသွင်က ပြောင်းလဲ သွားကာ ဓားစွမ်းအင်ထံသို့ တန်းတန်းမတ်မတ် တိုးဝင် သွားလေသည်။


ဓားစွမ်းအင်သည် အနက်ရောင်မျှော်စင်ထံသို့ တိုက်ရိုက် ဦးတည်နေခြင်း ဖြစ်သည်။သူက အနက်ရောင်မျှော်စင် သည် မည်မျှ အရေးကြီးကြောင်း သိရှိထားပေ၏။


အဘိုးအိုက မြန်ဆန်လှသော်လည်း ဓားစွမ်းအင်က သူ့ ထက် ပိုမြန်နေသည်။ဓားစွမ်းအင်က မျှော်စင်နားသို့ ချက် ခြင်းလိုလို ရောက်ရှိလာ၏။မျှော်စင်ထဲမှ အေးစက်စက်

နှာခေါင်းရှုံ့သံတစ်ခု ထွက်ပေါ်လာကာ ဓားစွမ်းအင်ကို တုန်ယင်သွားစေသည်။သို့သော် ဓားစွမ်းအင်က ပျောက် ကွယ်သွားခြင်းတော့ မရှိပေ။ဓားစွမ်းအင်၏ ကြီးစိုးဖိနှိပ်နိုင် သည့် သဘာဝသည် အေးစက်စက်နှာခေါင်းရှုံ့သံ၏ စွမ်းအားကို ထွင်းဖောက်သွားစေကာ မျှော်စင်ပေါ်သို့ ကျ ရောက်သွားချေသည်။


အနက်ရောင်မျှော်စင်ထံမှ အာ့ ဟု ခပ်တိုးတိုးအသံ ထွက် ပေါ်လာသည်။အနက်ရောင်မျှော်စင်က ပြိုကျသွားခြင်း မရှိသော်လည်း ၎င်းပေါ်၌ အက်ကွဲကြောင်းများ ပေါ်လာ၏။


"ဘယ်လိုတောင် အားကောင်းလိုက်တဲ့ ဓားစွမ်းအင်လဲ။ ဒီဓားစွမ်းအင်ကို ဖန်တီးတဲ့လူက အခြေခံအားဖြင့် ငါ့ထက် တောင် သန်မာနေသေးတယ်…"


အနက်ရောင်အဘိုးအိုက မျှော်စင် ပျက်စီးသွားခြင်းမရှိဘဲ ဓားစွမ်းအင်ပျောက်ကွယ်သွားသည်ကို တွေ့မြင်လိုက် သည့်အခါမှ စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချနိုင် တော့သည်။သည်အခိုက်အတန့်၌ မျှော်စင်ထဲမှ နတ်ဆိုး စွမ်းအင်တစ်ခု ထွက်ပေါ်လာကာ အဘိုးအိုခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွား၏။ထိုအခါ အဘိုးအိုဝတ်ဆင်ထားသော ချပ်ဝတ်သည် နတ်ဆိုးအလင်းကို ပေးစွမ်းလာသည်။


သူခန္ဓာကိုယ်က ချက်ခြင်း ရောင်းကိုင်းလာကာ ပေသုံး ဆယ်လောက်ထို ချဲ့ကားလာ၏။သူ့ချပ်ဝတ်သည်လည်း သူ နှင့်အတူ လိုက်ပါ ချဲ့ထွင်လာသည်။အဘိုးအိုနှဖူးပေါ်ရှိ

အနက်ရောင်ဦးချိုတစ်ခု ပေါက်လာကာ အေးတိအေးစက် အော်ရာကို ပေးစွမ်းလာ၏။


ထိုအခိုက်အတန့်၌ အဘိုးအိုသည် လူသားတစ်ယောက် အသွင် မဟုတ်တော့ပေ။သူက နာနာကျင်ကျင် အော်ဟစ် လိုက်ရကာ ရုတ်တရက်လှည့်ကြည်လာ၏။သူက ဝမ်လင်း ဆုတ်ခွာသွားသည်ကို လှည်ကြည့်ကာ သူ့မျက်လုံးများက အေးစက်လာသည်။


"ခွေးကောင်လေး...မင်းက ဘယ်နေရာကိုများ ထွက်ပြေးမလဲ ငါ ကြည့်ဦးမယ်..."


ထိုသို့ပြောပြီးနောက် သူက ဝမ်လင်းနောက်သို့ လိုက် လေ၏။


"ကောင်းကင်ဘုံတက်ခြင်းသစ်သီးကြောင့် ငါက အနိုင်ရခဲ့တယ်။ဒါပေမဲ့ အခု ငါ့မှာ ကောင်းကင်ဘုံတက် ခြင်းသစ်သီးတွေ မရှိတော့ဘူး..."


ဝမ်လင်းက သက်ပြင်းချလိုက်မိသည်။သည့်နောက် သူ့ မျက်လုံးက လက်ခနဲ ဖြစ်သွားကာ စိတ်ထဲ၌ တွေးလိုက် သည်။ "ငါက စွန့်စားကြည့်ရုံပဲ ရှိတော့တယ်.."


သူ့ညာလက်က သိုလှောင်အိတ်ကို ထိလိုက်ရာ ဖယောင်း ဖြင့်ပိတ်ထားသည့် ဆေးလုံးတစ်လုံး လက်ထဲ၌ ပေါ်လာ၏။


ထိုဖယောင်းဆေးလုံးပေါ်၌ မရေမတွက်နိုင်သော သင်္ကေတများ ရှိနေကာ ယင်းသင်္ကေတတို့က ဝမ်လင်း နှလုံးခုန်သံနှင့်အတူ တလက်လက် ဖြစ်နေသည်။

ဝမ်လင်းက အံတင်းတင်းကြိတ်ကာ သူ့နတ်ဘုရားအာရုံ ကို နှစ်ပိုင်းခွဲလိုက်၏။သည့်နောက် နတ်ဘုရားအာရုံတစ်ခု သိုလှောင်အိတ်ထဲသို့ ဝင်ရောက်သွားသည်။သူ့နတ် ဘုရားအာရုံက သိုလှောင်အိတ်ထဲကို ဖြတ်ကျော်လာရင်း မ ရေမတွက်နိုင်သောအတားအဆီးများနှင့် ချပ်ပိတ်ထား သော အလုံးငယ်တစ်ခုပေါ်သို့ ခပ်နှိပ်လိုက်သည်။ သည့်နောက် နတ်ဘုရားအာရုံက ထိုအလုံးငယ်ထဲသို့ ဝင် ရောက်သွားသည်။


ကြက်သွေးရောင်တောက်နေကာ သူမမျက်နှာပေါ်၌ ချွေး ထိုအလုံးထဲ၌ ယောင်ရှင်းရွှယ်၏ မျက်နှာသည် စက်များစွာလည်း တွဲခိုနေ၏။သူမက နာကျင်မှုနှင့်သက် တောင့်သက်သာ ဖြစ်မှုတို့ ပေါင်းစပ်နေသည့် ထူးဆန်းသောအသွင်ဟန်ပန် ဖြစ်ပေါ်နေသည်။သည့်အပြင် အရှက်ခွဲခံရခြင်းနှင့် ရုန်းကန်နေခြင်း သဘောတို့လည်း သူမထံ၌ ရှိလို့နေ၏။


"ယောင်ရှင်းရွှယ်...သွေးစိတ်ဝိညာဉ်ဆေးလုံး ဘယ်လို အသုံးပြုရလဲ ငါ့ကို ပြောပါ။ နင် မပြောဘူးဆိုရင် ငါ မသေ ခင်မှာ ငါ့သိုလှောင်အိတ်ကို ဖျက်စီးပစ်ပြီး နင့်ကို ဟင်းလင်းပြင်ထဲမှာ ပိတ်လှောင်ထားပစ်မယ်။နင်က နင့် သက်တမ်း ကုန်တဲ့အထိ အခုလိုပုံစံမျိုးနဲ့ အဲ့လို ပိတ်လှောင် ပြီး တစ်သက်လုံး နေသွားစေရမယ်..."


ဝမ်လင်း၏ နတ်ဘုရားအာရုံအသံပို့ချက်က ယောင်ရှင်းရွ ယ်၏ စိတ်ဝိညာဉ်ထဲသို့ တိုက်ရိုက် ရောက်ရှိလာသည်။

ယောင်ရှင်းရွှယ်က ရုန်းကန်နေသည့်အသွင်ဖြင့် ပြော လိုက်၏။ "လွှတ်...လွှတ်ပေး...ဒီအတားအဆီးကို လွှတ်ပေး...ငါ...ပြော...ပြော..ပြမယ်..."


သူမက သည်လိုအနှိပ်စက်ခံရသည်ကို တောင့်ခံမည့် အစား ဝမ်လင်းကိုသာ အရာအားလုံး ပြောပြပေတော့မည်။


ဝမ်လင်းနတ်ဘုရားအာရုံက ယောင်ရှင်းရွှယ်ပေါ်သို့ ဖြတ်ကျော်သွားကာ သူမခန္ဓာကိုယ်ပေါ်ရှိ အတားအဆီး သည်လည်း ချက်ခြင်း ပျောက်ကွယ်သွားသည်။ယောင်ရှင်း ရွှယ်က စိတ်သက်သာရာ ရဟန်ဖြင့် သက်ပြင်းချမိ၏။သူမ မျက်နှာက နီရဲနေသေးသော်လည်း အတားအဆီးဖြင့် နှိပ်စက်ထားခြင်း မရှိသည့်အတွက် များစွာ သက်တောင့် သက်သာ ရှိနေ၏။


သူမက ဝမ်လင်းခုလောက် စိုးရိမ်နေသည့်အသွင်ကို မ မြင်ဖူးခဲ့ချေ။သူမက မျက်လုံးကစားလိုက်ပြီး သူနှင့် အပေးအယူလုပ်ရန် ဟန်ပြင်လိုက်၏။


ဝမ်လင်းက နတ်ဘုရားအာရုံကို နှစ်ပိုင်းခွဲထားခြင်း ဖြစ်၏။ထို့ကြောင့် တစ်ပိုင်းက သိုလှောင်အိတ်ထဲ၌ ရှိနေ စဉ် နောက်တစ်ပိုင်းက သူ့ခန္ဓာကိုယ်အား ထိန်းချုပ် ထား၏။သည်အခိုက်အတန့်မှာပင် အနက်ရောင်ချပ်ဝတ် နှင့်လူကြီးက သူ့အား မှီလာ၏။ဝမ်လင်းမျက်လုံးများက အေးစက်လာကာ သိုလှောင်အိတ်ထဲမှ ပုဆိန်တစ်ခု ပျံဝဲ တက်လာ၏။

သည်ပုဆိန်က ဘီလူးနတ်ဆိုးကလန်မှ စစ်ပုဆိန်ပင်။ဝမ် လင်းက ၎င်းပုဆိန်ကို ထုတ်ယူလိုက်ပြီးနောက် ပစ်လွှတ် ကာ အော်ပြောလိုက်၏။ “ပေါက်ကွဲလိုက်စမ်း..."


စစ်ပုဆိန်သည် ပေါက်ကွဲထွက်သွားကာ ပြင်းထန်သော တုန်ခါမှုလှိုင်းကို ဖြစ်ပေါ်သွားစေသည်။အနက်ရောင်ချပ် ဝတ်နှင့်လူကြီးက မျက်မှောင်ကြုတ်ကာ အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။သူက သူ့လက်ကိုဝှေ့ယမ်းလိုက်ရာ ပုဆိန်ထံမှ တုန်ခါလှိုင်းသည် ချက်ခြင်း ပျက်ပြယ်သွား တော့သည်။


သိုလှောင်အိတ်အတွင်းတွင်မူ ဝမ်လင်းနတ်ဘုရားအာရုံ နောက်တစ်ခုက အော်ပြောလိုက်၏။ "နင်က စကားပြောဖို့ ကြံရွယ်နေတာလား..."


အတွေးတစ်ချက်ဖြင့်ပင်


အတားအဆီးများက


နောက်တစ်ဖန် ပေါ်လာတော့၏။


ယောင်ရှင်းရွှယ်၏မျက်နှာက ကြက်သွေးရောင်နီးမြန်း သွားကာ သူ့မမျက်လုံးထဲ၌ ကြောက်ရွှံ့မှုများ ပြည့်နှက်သွား သည်။ချက်ခြင်းပင် သူမက သွေးစိတ်ဝိညာဉ်ဆေးလုံး အသုံးပြုရသည့်နည်းလမ်းကို ဝမ်လင်းအား အလျင်အမြန် ပြောပြလိုက်သည်။


အပြင်ဘက်တွင်မူ အနက်ရောင်ချပ်ဝတ်နှင့်အဘိုးအို သည် ပုဆိန်တုန်ခါလှိုင်းကို ဖျက်စီးပစ်လိုက်ပြီးနောက် သူ့ ညာလက်ကို ဝမ်လင်းထံသို့ ဆန့်တန်းလိုက်သည်။

ဝမ်လင်းက ယောင်ရှင်းရွှယ်ကို မေးခွန်းမေးပြီးနောက် သိုလှောင်အိတ်ထဲမှ နတ်ဘုရားအာရုံကို ပြန်ဆင့်ခေါ်သည်။ သည့်နောက် သူက သူ့လက်ထဲရှိ သွေးစိတ်ဝိညာဉ်ဆေးလုံး ကို ခြေမွလိုက်သည်။ထိုအခါ အပြာ်ရောင်သွေးတစ်စက် ပေါ်လာ၏။


အချိန်တစ်စက်မှ မဆွဲဘဲ ဝမ်လင်းက သူ့လက်ချောင်း ထိပ်ကို အနည်းငယ် ကိုက်၍ ရှုပ်ထွေးသော သင်္ကေတတစ် ခုကို သူ့သွေးဖြင့် လေထဲ၌ ရေးဆွဲလိုက်သည်။ထိုသင်္ကေတ ဖြစ်တည်လာပြီးနောက် ၎င်းသည် အပြာရောင်သွေးစက် နှင့် မြန်ဆန်စွာ ပေါင်းစည်းသွားသည်။ဝမ်လင်းက ၎င်း သွေးစက်ကို လျင်မြန်စွာ ဆွဲယူ၍ သူ့မျက်ခုံးနှစ်ခုကြားသို့ ဖိနှိပ်ချသည်။


သည်အခိုက်အတန့်၌ ပေသုံးဆယ်ခန့်ရှည်လားသည့် အနက်ရောင်ချပ်ဝတ်အဘိုးအိုသည်လည်း နီးကပ်လာခဲ့၏။ သည့်နောက် ဝမ်လင်းမျက်ခုံးနှစ်ခုကြားထဲမှ သင်္ကေတ သည် ပြန်ထွက်ပေါ်လာ၏။သည့်နောက် သူက ထိုသင်္ကေ တာကို ကီလိုမီတာသောင်းချီဝေးကွာသည့်အရပ်သို့ လွင့် ထွက်စေကာ မိုးကုပ်စက်ဝိုင်းအစွန်း၌ ပျောက်ကွယ်သွား စေလိုက်သည်။


ထိုအရာများကို ပြုလုပ်ပြီးသည့်နောက် ဝမ်လင်းက ရုတ်တရက်လှည့်လာကာ သူ့မျက်လုံးထဲရှိ ကြည်လင်မှု တို့သည် တစ်ဖန် ပျောက်ရှနေခဲ့ချေပြီ။သူ့မျက်လုံးထဲ၌ သတ်ဖြတ်ခြင်စိတ်နှင့် တိုက်ပွဲစိတ်ဆန္ဒတို့က အစားဝင်လာ

ခဲ့တော့၏။


"လူအိုကြီး...သေလိုက်စမ်း..." ဝမ်လင်း မျက်လုံးများက ရူးသွပ်ဖွယ် နီရဲနေချေသည်။ကြမ်းကြုတ်စွာ မာန်သွင်းပြီး နောက် သူက နောက်ဆုတ်ရမည့်အစား အဘိုးအိုထံသို့ တန်းတန်းမတ်မတ် တိုးဝင်သွားတော့၏။


သူက အဘိုးအိုထံသို့ တဟုန်ထိုး တိုးဝင်လာချိန်၌ သူ့ ခန္ဓာကိုယ်ပေါ်တွင် မီးတောက်တစ်ခု ရုတ်တရက် ပေါ်လာခဲ့ သည်။သည်မီးတောက်က သူ့ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာ ခြင်းဖြစ်ကာ ထူထဲ ပြင်းထန်လှသော မီးတောက်တစ်ခု ဖြစ် နေ၏။


အနက်ရောင်ချပ်ဝတ်နှင့်အဘိုးအို၏ အသွင်သည် ရုတ် ချည်း ပြောင်းလဲသွားသည်။သူက ဆက်တိုးဝင်ရမည့်အစား နောက်သို့ ပြန်ဆုတ်တော့သည်။


"မင်း ရူးသွားပြီ..." အဘိုးအိုမျက်လုံးများထဲ၌ တုန်လှုပ် မှုတို့နှင့် ပြည့်နေလေသည်။


ကိုယ့်ကိုကိုယ် ဖျက်စီးပစ်ခြင်း။ အာဏာတက်ခြင်း ကျင့်ကြံသူက ကိုယ့်ကိုယ်ကို ဖျက်စီးပစ်ခြင်း။ထိုဖျက်စီး ပေါက်ကွဲစေသည့် စွမ်းအားသည် အဘိုးအို ရင်ဆိုင်လိုသော အရာတစ်ခု မဟုတ်ပေ။


ဝမ်လင်း၏ ပုံရိပ်သည် ကြယ်ပျံတစ်စင်းအလား အဘိုးအို ထံသို့ တဟုန်တိုး ဝင်ရောက်လာ၏။အဘိုးအိုအသွင်က ပြောင်းလဲနေရင်း သူက နောက်သို့ ဆက်လက်ဆုတ်

နေသည်။


"ပေါက်ကွဲလိုက်စမ်း..." ဝမ်လင်းကိုယ်၌ ဝန်းရံနေသည့် မီးတောက်သည် ရုတ်တရက်ပ ပိုမို ပြင်းပြင်းထန်ထန် လောင်ကျွမ်းလာ၏။သူက အဘိုးအိုထံသို့ ကြည့်ကာ သူ့ ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကို အသုံးပြု၍ သူ့ခန္ဓာကိုယ်အား ဖျက်စီးပစ်လိုက်တော့သည်။ သူ့မူလစိတ်ဝိညာဉ်ပင် ခန္ဓာကိုယ်နှင့်အတူ ပျက်စီးသွားကာ နှိုင်းဆမရသည့်တုန်ခါလှိုင်းတစ်ခုကို တော့သည်။ ဖြစ်ပေါ်သွားစေ


သာမန်အာဏာတက်ခြင်းကျင့်ကြံသူတစ်ယောက်က သူ့ ကိုယ်သူ ဖျက်စီး၍ တိုက်ခိုက်လာလျှင်ပင် ထိုအဘိုးအို အတွက် ဒဏ်ရာသာ ရစေနိုင်မည် ဖြစ်သည်။သို့ရာတွင် ဝမ် လင်းခန္ဓာကိုယ်ထဲ၌ ကောင်းကင်ဘုံအရည်စက်လေးစက်ရှိနေသည် မဟုတ်လော။သည့်အတွက်ကြောင့် ခြားနားမှုက လွန်စွာ ကြီးသွားပေပြီ။


ကိုယ့်ကိုကိုယ်ဖျက်စီးပစ်သည့် စွမ်းအားက အရူးအမူး ပျံ့နှံ့လာ၏။အဘိုးအိုသည် ထိုစွမ်းအင်နှင့် ရိုက်ခတ်ခံရချိန်၌ ချက်ခြင်း သွေးအန်ထုတ်လိုက်ရသည်။သည့်နောက် သူ့ ခန္ဓာကိုယ်ပေါ်ရှိ ချပ်ဝတ်သည်လည်း အမျှင်တန်းများအဖြစ် သို့ ပြောင်းလဲသွားကာ သူ့ခန္ဓာကိုယ်ရှေ့၌ ဒိုင်းတစ်ခု အသွင် ဖြစ်ပေါ်ကာ ဖျက်စီးခြင်းစွမ်းအားကို ခုခံရန် လုပ်ဆောင်လိုက်သည်။

သို့ရာတွင် သည်ဒိုင်းက အသက်ရှုချိန်သုံးကြိမ်သာ တောင့်ခံနိုင်၏။သည့်နောက် နတ်ဆိုးပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသိပ်သည်းသွားသည်။ထို့နောက်မှာတော့ ၎င်းက အဘိုးအိုထံမှ ချက်ခြင်းထွက်ခွာ၍ မျှော်စင်ရှိရာသို့ ပျံသန်း သွားတော့သည်။


ထိုဒိုင်း၏ကာကွယ်မှု ကင်းမဲ့သွားသည်နှင့် အဘိုးအိုသည် ဝမ်လင်း၏ ကိုယ့်ကိုကိုယ် ဖျက်စီးခြင်းစွမ်းအားဖြင့် ထိမှန် သွားကာ သူ့ခန္ဓာကိုယ်သည် ပျက်စီးသွားချေသည်။


ဝမ်လင်းက သူ့ခန္ဓာကိုယ် ပေါက်ကွဲနေစဉ်အတွင်းမှာပင် သူက အနက်ရောင်မျှော်စင်ထံသို့ ကြည့်ကာ လက်သီးတစ် ချက် လှမ်းပစ်သွင်းလိုက်သည်။သည်လက်သီးက သူ့တာအို၊ သူ့အသက်ဓာတ်၊သူ့မူလစိတ်ဝိညာဉ်တို့ဖြင့် ဖြစ်ပေါ်စေခဲ့ သော လက်သီးချက်ပင်။ ၎င်းလက်သီးချက်ထဲ၌ ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ စိတ်ဆန္ဒတစ်ခုပင် ပါဝင် နေသေးသည်။သူ့တစ်ကိုယ်လုံး၏ စွမ်းအားအားလုံးသည် ထိုလက်သီးချက်ထဲ၌ ပေါင်းစပ်သွားခြင်း မည်သည်။


တစ်ခုကို ဖြစ်စေကာ အနက်ရောင်မျှော်စင်ထံသို့ အနှီလက်သီးတိုက်ခိုက်မှုသည် ပြင်းထန်သောလေပြင်း တန်းတန်းမတ်မတ် ဝင်ရောက်သွားချေ၏။အနက်ရောင် မျှော်စင်က တုန်ခါသွားကာ လင်းထျန်ဟူ၏ဓားစွမ်းအင် ကြောင့် ဖြစ်ပေါ်ခဲ့ပြီးသော အက်ကွဲရာများသည် စတင် ပျံ့နှံ့ လာခဲ့တော့၏။မျက်စိတစ်မှိတ်အတွင်း အနက်ရောင် မျှော်စင်တစ်ခုလုံးသည် ပြိုကျပျက်စီးသွားသည်။

လက်ကောက်ဝတ်တစ်ဖက် ကင်းမဲ့နေသော ချပ်ဝတ် တစ်စုံသည် လေထဲ၌ တိတ်ဆိတ်စွာ မြောလွင့်လာခဲ့သည်။ ထိုချပ်ဝတ်ထဲမှ တစ္ဆေအလင်းတစ်ခု ဖျတ်ခနဲ တောက်ပ ကာ နတ်ဘုရားအာရုံတစ်ခု ထိုးထွက်လို့လာ၏။


“မင်း ငါ့ နတ်ဆိုးမျှော်စင်ကို ဖျက်စီးဝံ့တယ်ပေါ့။မင်းက သူနဲ့ ဆက်နွှယ်မှု ရှိနေရင်တောင် ငါ မင်းကို သတ်ပစ် ໑໖..."


နတ်ဆိုးမျှော်စင်သည် နတ်ဆိုးစွမ်းအင်များ ထောက်ပံ့ ပေးနေသည့် အရေးကြီးအရာတစ်ခု ဖြစ်သည်။ထိုမျှော်စင် ကြောင့် ချပ်ဝတ်ထဲရှိ နတ်ဘုရားအာရုံက ဖြန့်ကျက်နိုင်နေ ခြင်း ဖြစ်သည်။ နတ်ဆိုးမျှော်စင်မရှိဘဲ ၎င်းချပ်ဝတ်၏နတ် ဘုရားအာရုံက နတ်ဆိုးမိစ္ဆာစိတ်ဝိညာဉ်ကုန်းမြေတစ်ခုလုံး ကို အရင်လို လွှမ်းခြုံကြည့်ခြင်း လုပ်နိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။


အနက်ရောင်မျှော်စင် ရှိနှင့်ခဲ့သော မြေပြင်နေရာတွင် အနက်ရောင်အစီအရင်တစ်ခု ပေါ်ထွက်လို့လာ၏။ထိုအစီ အရင်ထဲ၌ လူတစ်ယောက်သည် ကြာပွင့်သဏ္ဌာန်ထိုင် လျက် ရှိနေသည်။သူ့ဆံပင်များက လေနှင့်အတူ လွင့်မြော နေကာ ကိုယ်ပေါ်တွင်လည်း ခရမ်းရွှေရောင်တက်တူး အမှတ်အသားများ ရှိလို့နေ၏။


ကောင်းကင်ထက်ရှိ ချပ်ဝတ်က ဆင်းသက်လာကာ အနက်ရောင်အမျှင်တန်းများအဖြစ်ပြောင်းလဲ၍ ထိုလူ့အား

ဝန်းရံသွားသည်။မျက်စိတစ်မှိတ်အတွင်း ချပ်ဝတ်သည် ထို လူ့အား ဝတ်ဆင်ပေးပြီး ဖြစ်နေသည်။သည် အခိုက်အတန့်၌ ထိုလူသည် မျက်လုံးဖွင့်လာခဲ့ချေ၏။


ကီလိုမီတာသောင်းနှင့်ချီသော နေရာ၌ အပြာရောင်သွေး တစ်စက်သည် လေဟာနယ်ထဲကနေ ထွက်ပေါ်လာသည်။ သည်သွေးစက်ထွက်ပေါ်လာသည်နှင့် ၎င်းက အကွာအဝေး တစ်ခုသို့

 ခပ်မြန်မြန် ပျံသန်းသွားချေသည်။ယင်းအပြာ ရောင်သွေးစက်က ပျံသန်းနေရင်း ၎င်းသည် တစ်ဖြည်းဖြည်းဖြင့် ဝမ်လင်း၏ပုံရိပ်အဖြစ် ပြောင်းလဲသွား ခဲ့တော့သည်။


အပြာရောင်သွေးစက်က ဝမ်လင်းအသွင်သို့ ပြောင်းလဲ သွား၏။သူက လေထဲသို့ လက်ဆန့်ထုတ်လိုက်သည်။ထို နေရာက သူ့သိုလှောင်အိတ်ပေါ်လာသည့်နေရာသို့ပင်။ သည့်နောက် သူက အပြာရာင်ကြိုးတစ်ချောင်းကို ထုတ်သည်။သည့်နောက် ခြေတစ်လှမ်းလှမ်းကာ တစ်ပြိုင်နက်တည်း တည်နေရာရွှေ့ပြောင်းခြင်းများ ဆက်တိုက်ပြုလုပ်ပြီးနောက် သဲလွန်စမရှိ ပျောက်ကွယ် သွားတော့သည်။


ဝမ်လင်းသည် မရေမတွက်နိုင်သော ကီလိုမီတာကွာဝေး သည့် နေရာတွင် ပြန်ပေါ်လာခဲ့သည်။သည့်နောက် သူက ကောင်းကင်နတ်ဆိုးနိုင်ငံ၏ မြို့တော်ရှိရာသို့သို့ တန်းတန်းမတ်မတ် ပျံသန်းသွားတော့သည်။


သွေးစိတ်ဝိညာဉ်ဆေးလုံးသည် နတ်ဘုရားအာရုံနှင့် သွေးကို စုပ်ယူပြီးသည့်နောက် ယင်းဆေးလုံးသည် အချိန် တိုအတွင်း စွမ်းရည်တစ်ခုကို အသက်ဝင်စေသည်။ထိုစွမ်း

ရည်ကြောင့် လူတစ်ယောက်က သေခြင်းတော့မည့် အခိုက်အတန့်၌ သူ့မူလစိတ်ဝိညာဉ်နှင့် ချိတ်ဆက်နေသည့် အရာအားလုံးသည် လေဟာနယ်ထဲ၌ နစ်မြုပ်သွားပေ လိမ့်မည်။လူတစ်ယောက်က အသက်ပြန်ရှင်လာသည့်အခါ တွင်တော့ ထိုသူသည် သူ့စိတ်ဝိညာဉ်နှင့်သွေးစွမ်းအားတို့ ကို အသုံးပြုကာ လေဟာနယ်ထဲ၌ သိုလှောင်ထားခဲ့သည့် အရာအားလုံးကို ပြုတ်ထုတ်ယူနိုင်စွမ်း ရှိပေသည်။


အတိတ်တုန်းက ယောင်ရှင်းရွှယ်က ဤသို့သော လုပ်ဆောင်ချက်ကို အသုံးချခဲ့ခြင်းပင် ဖြစ်၏။


အတိတ်တုန်းက ရှေ့ဖြစ်ဟောသူသည်လည်း ဝမ်လင်း အား အသက်ကယ်ရတနာတစ်ခု ပေးခဲ့သည်သာ။ သို့သော် ထိုရတနာသည် အာဏာတက်ခြင်းအဆင့်ကျင့်ကြံသူတစ် ယောက်၏ တိုက်ခိုက်မှုကို ခံနိုင်ရုံသာ ရှိ၏။ပေသုံးဆယ်ခန့် ရှည်သည့် အဘိုးအိုမှာ အာဏာတက်ခြင်းနောက်ဆုံးအဆင့် တစ်ယောက်သာ ဖြစ်သော်လည်း သူအစစ်အမှန်စွမ်းအား ကတော့ ထို့ထက်ပိုလေ၏။


သည့်အပြင် ထူးဆန်းသော အနက်ရောင်မျှော်စင်၏ တည်ရှိမှုကိုလည်း ထည့်တွက်ရသေးသည်။သူက အသက် ကယ်ရတနာကို အသုံးပြုလိုက်လျှင်ပင် သူ့အတွက် အသက် ရှင်နိုင်ရန် ခက်ခဲနေဦးမည်သာ ဖြစ်သည်။ထို့အတွက် ကြောင့်လည်း ဝမ်လင်းက သွေးစိတ်ဝိညာဉ်ဆေးလုံးနှင့် ပတ်သတ်၍ စွန့်စားကြည့်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်၏။

မဟုတ်လျှင် သူက အနက်ရောင်မျှော်စင်ထဲရှိ တည်ရှိမှု ကို တိုက်ခိုက်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။ထိုတည်ရှိမှုက သိသာစွာ စွမ်းအားကောင်းလွန်းနေ၏။သူက ကောင်းကင်ဘုံတက်ခြင်းသစ်သီး၏ လှုံ့ဆောက်မှုကြောင့် ရူးသွပ်သွားခြင်း မရှိပါက ထိုမျှော်စင်ထဲရှိ တည်ရှိမှုထံမှ နတ်ဘုရားအာရုံဖြင့် တိုက်ခိုက်ခြင်းအောက်၌ မရေမတွက် နိုင်အောင် သေဆုံးနှင့်နေပြီ ဖြစ်၏။


သူ့အတွက် သူ့မူလစိတ်ဝိညာဉ်ကို လှုံ့ဆော်ပေးနိုင်ရန် သည်နတ်ဆိုးစိတ်ဝိညာဉ် နှစ်ပေါင်းလေးရာလုံးလုံး ကုန်းမြေ၌ ကောင်းကင်ဘုံတက်ခြင်းသစ်သီးကို စုပ်ယူနိုင် ရန်မှာ မဖြစ်နိုင်ချေ။အခြားနည်းနှင့်ဆိုပါက သူက ထိုလူ၏ သတ်ဖြတ်ခြင်း မခံရခင်မှာပင် ထိုသစ်သီးကြောင့် လုံးလုံး လျာလျာရူးသွပ်သွားမည် ဖြစ်၏။


ထိုထိုသော အကြောင်းရင်းများကြောင့် ဝမ်လင်းက စွန့်စားကြည့်ခဲ့ခြင်း ဖြစ်၏။သူက အနက်ရောင်မျှော်စင်ထဲရှိတည်ရှိမှုကို ပြင်းပြင်းထန်ဒဏ်ရာရအောင်၊သို့မဟုတ် ပျက်စီးသွားအောင် မပြုလုပ်နိုင်ပါက သူက မည်သည့် နေရာသို့ ထွက်ပြေးသည်ဖြစ်စေ ထိုလူ၏နတ်ဘုရားအာရုံ တိုက်ခိုက်မှုထံမှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။


သူက သတိပြန်ဝင်လာသည့်အခါ၌ မျှော်စင်ထဲရှိ တည်ရှိမှုက နတ်ဘုရားအာရုံဖြင့် စတင် တိုက်ခိုက်လာမည်ကို တော်တော်လေး စိုးရိမ်နေခဲ့သည်။ဝမ်လင်းက ထိုသို့သာ သူ့ ကို တိုက်ခိုက်လာပါက သူက ကျိန်းသေပေါက် သေရတော့

မည်ဟု ယုံကြည်ခဲ့ပေ၏။


အနက်ရောင်မျှော်စင်ထဲရှိ တည်ရှိမှုက ဘယ်တော့မှ အပြင်ဘက်သို့ ထွက်မလာခဲ့ချေ။သည်အချက်ကြောင့် ၎င်း အတွက် မျှော်စင်တည်ရှိနေရန် လိုအပ်သည်မှ သိသာ နေ၏။သည်အရာက ဝမ်လင်း အခုလို လုပ်ဆောင့်မည့် ဆုံးဖြတ်ချက်ကို ပိုခိုင်မာသွားစေခဲ့ပေ၏။


ခုချိန်တွင်တော့ ဝမ်လင်းက ကောင်းကင်နတ်ဆိုးမြို့သို့ ဦးတည်ကာ ပျံသန်းလျက် ရှိနေ၏။သူက ကြိုတင်ပြင်ဆင်မှု နှစ်ခု ပြုလုပ်ထားရပေမည်။ ပထမတစ်ခုဖြစ်သည့် သွေး စိတ်ဝိညာဉ်ဆေးလုံးနှင့်ပတ်သတ်၍တော့ သူလုပ်ဆောင် ပြီးသွားခဲ့ချေပြီ။နောက်ဒုတိယတစ်ခုကတော့ ရှေးဟောင်း နတ်ဆိုးထံမှ အကူအညီ ရယူရန် ဖြစ်၏။


ဝမ်လင်းက စိတ်ထဲ၌ တွေးနေသည်။ "ငါအာဏာတက် ခြင်းအဆင့်ကို ချိုးဖျက်နေတဲ့အတွက် အချိန်ဆယ်နှစ် လောက် ဖင့်သွားခဲ့ရတယ်။ဒါပေမဲ့ ဒါက အလွန်အရေးကြီး ကိစ္စဖြစ်တဲ့အတွက် ရှေးဟောင်းနတ်ဆိုးက သူ့စကားကို ပြန်မရုတ်သိမ်းနိုင်ဘူးလို့ ငါယုံကြည်တယ်..."


သူက ခပ်မြန်မြန် ပျံသန်းလာနေသည်။သူ့မူလစိတ် ဝိညာဉ်ထဲ၌ ကောင်းကင်ဘုံတက်ခြင်းသစ်သီး၏ သက်ရောက်မှုအချို့ ကျန်ရှိနေသေး၏။သူက ခုလို သတိပြန် ဝင်လာသည့်အခါတွင် ထိုသက်ရောင်မှုလောက်ကိုတော့ လွယ်လင့်တကူ ဖယ်ရှားပစ်နိုင်ပေသည်။သို့သော် သူက

ထိုသို့ မလုပ်ဆောင်ချေ။အကြောင်းရင်းမှာ အနက်ရောင် မျှော်စင်ထဲရှိ တည်ရှိမှုက မျှော်စင်ပျက်စီးသွားတာတောင်မှ နတ်ဘုရားအာရုံတိုက်ခိုက်မှု လုပ်လာမည် စိုးသောကြောင့် ဖြစ်၏။ထို့အတွက် သူက သည်သစ်သီးသက်ရောက်မှုအချို့ ကို အရန်သင့် အသုံးပြုနိုင်ရန် ဆက်လက်သိမ်းဆည်းထား ခြင်း ဖြစ်သည်။


ဝမ်လင်းက သက်ပြင်းသဲ့သဲ့ မှုတ်ထုတ်မိသည်။သူနှင့် အနက်ရောင်မျှော်စင်ထဲရှိ တည်ရှိမှုတို့သည် အရင်က မည် သည့်ရန်ငြိုးမှ မရှိခဲ့ပေ။ထိုတည်ရှိမှုကသာ သူ့ကို အရင် ဦးဆုံး လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်၏။ သို့သော ကျင့်ကြံ ခြင်းလောက၌ မှန်သည်မှားသည်ဟူ၍ မရှိ။ ခွန်အားကသာ အဆုံးအဖြတ်ပေးနိုင်သည့် တစ်ခုတည်းသောအရာသာ ဖြစ် နေသည် မဟုတ်လော။


တည်နေရာရွှေ့ပြောင်းရာမှ ထွက်ပေါ်လာပြီးနောက် ဝမ် လင်းသည် သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံစွမ်းအင်များ ပြန်ပြန် ပြည့်နေသည်ကို တွေ့လိုက်ရသည့်အခါ အံ့အားသင့်သွားခဲ့ပေသည်။ ဆိုလိုသည်က သူသည် မဟာ တည်နေရာကူးပြောင်းခြင်းကို အဆများစွာ ပြုလုပ်နိုင်ပြီဟု ဆိုလိုခြင်းပင်။


မဟာတည်နေရာရွှေ့ပြောင်းခြင်းမန္တာန်သည် ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များစွာ သုံးစွဲရသည်ဟု ပြော၍ ရ၏။အရင်တုန်းက သူက ထိုသို့ တည်နေရာ ရွှေ့ပြောင်းနိုင်ရန် ကောင်းကင်ဘုံကျောက်စိမ်းပြားများထံမှ


စွမ်းအင်များကို စုပ်ယူအသုံးပြုရန် လိုခဲ့ပေသည်။သို့ရာတွင် ခုတော့ သူက အရင်လို မဟုတ်တော့ပေ။သူက တည်နေရာ ရွှေ့ပြောခြင်းကို ဆက်ကာဆက်ကာ ပြုလုပ်လာနိုင်စွမ်း ရှိပြီ ဖြစ်၏။


"ဒီလိုဖြစ်ရတာ ငါက ငါ့ကိုယ်ငါ ဖျက်စီးဖောက်ခွဲလိုက် တဲ့အချိန်မှာ ကောင်းကင်ဘုံစွမ်းအင်အရည်စက်လေးစက် က ငါ့ခန္ဓာကိုယ်နဲ့ အပြည့်အဝ ပေါင်းစပ်သွားလို့ ဖြစ်မယ်။ ငါက ပြန်ရှင်သန်လာတဲ့အခါမှာ ဒီအရည်စက်တွေက ထူးဆန်းတဲ့ နည်းလမ်းတစ်ခုနဲ့ ငါ့ခန္ဓာကိုယ်ထဲမှာ တည်ရှိလာခဲ့တာ ဖြစ်ရမယ်...


ထိုသို့ အနည်းငယ် တွေးပြီးနောက် ဝမ်လင်းသည် ထို အကြောင်းကို ဆက်လက်မတွေးတော့ချေ။သူက အကြိမ် များစွာ တည်နေရာ ရွှေ့ပြောင်းခြင်းကို အသုံးပြုလိုက် သည်။သူက မြို့တော်နှင့် သိပ်မဝေးတော့ပေ။


"ကံမကောင်းစွာနဲ့ ငါက ကောင်းကင်ဘုံတက်ခြင်း သစ်သီးရဲ့ လှုံ့ဆော်မှုအောက်မှာ ဖြစ်နေလို့ မဟုတ်ရင် ငါက လင်းကျန်ဟူရဲ့ ဓားစွမ်းအင်နောက်တစ်ခုကို ထားခဲ့မိမှာ မဟုတ်ဘူး။ ဒါပေမဲ့ ငါက လင်းထျန်ဟူရဲ့တပည့်အလောင်း ဘယ်နေရာမှ ရှိနေလဲတော့ မှတ်မိတယ်။ ငါက အဲ့နေရာကို ပြန်သွားရင် ဓားစွမ်းအင်က ရှိနေလောက်သေးလား သိချင် မိတယ်......


ဝမ်လင်းမျက်လုံးက တစ်လက်လက် ဖြစ်လာကာ စိတ်

လှုပ်ရှားဟန် ဖြစ်နေသည်။သို့သော် သူကခုချိန်၌ မီး နတ်ဆိုးနိုင်ငံသို့ ပြန်သွားရမည့် အချိန်အခါကောင်း မဟုတ် ကြောင်း သိပေသည်။


ဝမ်လင်းက ကောင်းကင်နတ်ဆိုးနိုင်ငံ မြို့တော်သို့ ရောက်ရှိရန် တည်နေရာရွှေ့ပြောင်းရန် တစ်ကြိမ်သာ လို တော့၏။သူက တည်နေရာ ရွှေ့ပြောင်းရန် ခြေလှမ်းဟန် ကြံရွယ်လိုက်စဉ်မှာပင် သူ့နောက်မှာ ဒေါသတကြီး ဟိန်းဟောက်သံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာ လေ၏။


“မင်းက ဘယ်နေရာကိုများ ထွက်ပြေးဦးမလဲ ငါသိမြင် ချင်မိတယ်..."


ချပ်ဝတ်နှင့်လူကြီးတစ်ယောက်သည် ဝမ်လင်းနောက် ပေတစ်သောင်းအကွာတွင် ပေါ်လာ၏။သည်လူက အလွန် လွှမ်းမိုးနိုင်စွမ်း ရှိလှသည်။သူ့မျက်လုံးက တလက်လက်၊သူ့ ခန္ဓာကိုယ်ကလည်း နတ်ဆိုးစွမ်းအင်များနှင့် ဖုံးလွှမ်း ထားသည်။


ဝမ်လင်းအသွင်က ပြောင်းလဲသွားသည်။သူက ရှေ့သို့ ခြေတစ်လှမ်းတိုး၏။သူ့ခန္ဓာကိုယ်က ပျောက်ကွယ်လု ချိန်၌ ဝမ်လင်းက ထိုလူကြီးထံသို့ ဆက်ခနဲ လှည်ကြည့်လိုက် သည်။ထိုအခါ သူ့ပါးစပ်ကနေ နာမည်တစ်ခုကို လွှတ်ခနဲ ထွက်မိသွားသည်။


"လင်းကျန်ဟူ...”

ထိုလူကြီးက ဓားသူတော်စင်လင်းထျန်ဟူနှင့် တော်တော် လေး ဆင်တူနေသည်။


ဝမ်လင်းခန္ဓာကိုယ်က ပျောက်ကွယ်သွားပြီး မြို့တော်နှင့် ငါးဆယ်ကီလိုမီတာအကွာတွင် ပေါ်လာသည်။သူ့အသွင်က သုန်မှုန်ကာ နေ၏။သူက စိတ်ထဲ၌ တွေးလိုက်မိသည်။ “သူက လင်းထျန်ဟူ မဟုတ်ဘူး။ဒီလူက လင်းထျန်ဟူနဲ့တူ ပေမဲ့လည်း အများကြီး ငယ်နေတဲ့ပုံပေါက်တယ်။ ထပ်ပြော ရရင် သူ့ရှိမှာ လင်းထျန်ဟူရဲ့ အော်ရာလည်း မရှိသလို အသွင်အပြင်ကလည်း ချွတ်ဆွတ်တူနေတာ မဟုတ်ဘူး။ တစ်ချို့တစ်လေပဲ တူနေတာ...ဖြစ်နိုင်တာက.."


ထိုအခိုက်အတန့်မှာပင် ချပ်ဝတ်နှင့်လူကြီးက ဝမ်လင်း နောက်ဘက် လေဟာနယ်ထဲကနေ လှမ်းထွက်လာသည်။ သူက ဝမ်လင်းကို စူးရဲစွာ ကြည့်ကာ မေးလိုက်သည်။ "မင်း က ဘာကြောင့် မပြေးတာလဲ..."


ထိုသို့ပြောပြီးသည်နှင့် သူ့ညာလက်ကို ဆန့်ထုတ်ရာ နတ်ဆိုးစွမ်းအင်အမျှင်တန်းငါးခုက သူ့လက်ချောင်းထိပ်က နေ ထိုးထွက်သွား၏။


ဝမ်လင်း မျက်လုံးက လက်ခနဲ ဖြစ်သွားသည်။ ရုတ်တရက် သူက မေးလိုက်၏။ "လင်းထျန်ဟူက ဘယ်သူ လဲ...သင်ပဲလား...။


ထိုလူကြီး၏ ညာလက်က ရုတ်တရက် တန့်သွားသည်။ သူ့မျက်လုံးထဲ၌လည်း စိတ်ရှုပ်ထွေးမှုတစ်ခု ပေါ်လာသည်။

"လင်းထျန်ဟူ..ဒီနာမည်ကို ရင်းနှီးနေတယ်..."


ဝမ်လင်းက နောက်သို့ ခပ်မြန်မြန် ဆုတ်သည်။သူ့ မျက်လုံးက အေးစက်လာကာ သူက အော်ပြောလိုက်၏။ “တာ့လော့ဓားကလန်က ဓားသူတော်စင်လင်းထျန်ဟူ...


"တာ့လော့စားကလန်...ဓားသူတော်စင်..." ထိုလူကြီး မျက်လုံးထဲရှိ စိတ်ရှုပ်ထွေးမှုက ပိုပိုအားကောင်းလာခဲ့ သည်။သည်အခိုက်အတန့်မျာပင် ထိုလူကြီး၏မျက်ခုံးနှစ်ခု ကြားမှ နတ်ဆိုးမိစ္ဆာစိတ်ဝိညာဉ်ပုံရိပ်ယောင်တစ်ခုသည် ရုတ်တရက် ပေါ်ထွက်လာ၏။သူက ဝမ်လင်းထံသို့ ကြမ်းကြုတ်စွာ ဖျတ်ခနဲ ကြည့်ကာ စူးစူးရှရှ အော်မြည် လိုက်သည်။


သည်အော်မြည်သံက ချပ်ဝတ်နှင့်လူကြီးမျက်လုံးထဲရှိရှုပ်ထွေးနေမှုကို ပျောက်ကွယ်သွားစေသည်။ ၎င်းမျက်လုံး ထဲ၌ နတ်ဆိုးမီးတောက်က ပြန်အစားထိုးလာခဲ့လေပြီ။


ဝမ်လင်းက အလျင်အမြန်နောက်သို့ ဆုတ်ကာ အော် ပြောလိုက်သည်။ "ရှေးဟောင်းနတ်ဆိုး...


ကောင်းကင်နတ်ဆိုးမြို့ထံမှ အားကောင်းသော စိတ်ဆန္ဒ တစ်ခု ရုတ်တရက် ထွက်ပေါ်လာကာ ဝမ်လင်းရှေ့သို့ ဆင်းသက်လာသည်။


"မင်း ဆယ်နှစ် နောက်ကျခဲ့တယ်…. ရှေးဟောင်း နတ်ဆိုးအသံက ဝမ်လင်းနားထဲသို့ တိုးဝင်လာ၏။


*ငါ့ကို သင့်သွေး ငှားပေးပါ...

ထိုအသံကို ကြားလိုက်ရပြီးနောက် ဝမ်လင်းခန္ဓာကိုယ်ရှိဒွာရပေါက်များကေန သွေးများစွာ ထွက်လာ၏။သည်သွေး များက လူသားတစ်ယောက်အသွင် သိပ်သည်းသွားခဲ့သည်။ ရှေးဟောင်းနတ်ဆိုး၏ အသိစိတ်က ၎င်းအပေါ်သို့ ကျဆင်း လာလေ၏။


ဝမ်လင်းခန္ဓာကိုယ်က


တုန်ယင်နေသည်။သူက ခန္ဓာကိုယ်ထဲရှိ သွေးများစွာကို ဆုံးရှုံးခဲ့ရသည်။သူ့မျက်နှာ က ဖြူရောနေကာ ဆေးတစ်လုံးကို အမြန်ထုတ်ယူသောက် လိုက်သည်။ထို့နောက် သူက ကြာပွင့်သဏ္ဌာန်ထိုင်ကာ စတင်ကျင့်ကြံတော့သည်။


ချပ်ဝတ်နှင့်လူကြီးနှဖူးပေါ်ရှိ နတ်ဆိုးမိစ္ဆာစိတ်ဝိညာဉ် သည် ဝမ်လင်းရှေ့ရှိ သွေးအရိပ်ကို စူးစိုက်ကြည့်ကာ ထူးဆန်းသောဘာသာစကားနှင့် အော်ပြောလိုက်သည်။ "ပေလော...မင်းက ငါ့ကို ဟန်တား နှောက်ယှက်ဝံ့လား....


သွေးအရိပ်က လှုပ်ရှားသွားကာ ဦးချိုးနှစ်ချောင်းရှိခန္ဓာကိုယ်တစ်ခုအသွင်သို့ ပြောင်းလဲသွားသည်။နတ်ဆိုး ဆန်သောအလင်းက သူ့မျက်လုံးထဲပ ပေါ်လာသည်။သူက နတ်ဆိုးမိစ္ဆာစိတ်ဝိညာဉ်ကို ကြည့်ကာ တည်ငြိမ်စွာ ပြော လိုက်၏။ "မင်းက ရှေးဟောင်းနတ်ဆိုးရဲ့ ပြန့်ကျဲနေတဲ့ စိတ် ဝိညာဉ်အပိုင်းအစ ကိုးခုထဲက တစ်ခုပဲ...။ငါက ဘာကြောင့် မင်းကို မဟန့်တားဝံ့ရမှာလဲ..."


"ရှေးဟောင်းနတ်ဘုရားများရဲ့ ဘာသာစကား.." ဝမ်လင်းက

 မျက်လုံးဖွင့်ကာ စဉ်းစားနေဟန် ပြုသည်။

ပြဒါးဂြိုဟ်အပြင်ဘက်ရှိ ကျားမများအကြောင်း တွေး၍ ထိုသို့ သွားရည်ကျနေသည် ဟုတ်လား၊မဟုတ်လားတော့ ဘုရားသာ သိပေလိမ့်မည်။




ချပ်ဝတ်နှင့်လူကြီးထံမှ ထွက်ပေါ်လာသည့် နတ်ဆိုးမိစ္ဆာ စိတ်ဝိညာဉ်သည် ဝမ်လင်းသွေးကနေ ဖြစ်တည်လာသည့် ရှေးဟောင်းနတ်ဆိုးအား စူးရဲစွာ ကြည့်လိုက်သည်။ သည့်နောက် ၎င်းက ထိုးဖောက်စွမ်းအားအပြည့်ဖြင့် ချွန်မြ သည့် ကုတ်ဆွဲချက်တစ်ခုကို ထုတ်ဖော်သည်။နတ်ဆိုးမိစ္ဆာ စိတ်ဝိညာဉ်က ချပ်ဝတ်နှင့်လူကြီးထဲသို့ ပြန်ကျုံ့ဝင်သွား၏။ ထိုလူကြီး၏ မျက်လုံးများက အံမခန်းနတ်ဆိုးမီးတောက် များကို ထုတ်လွှတ်လို့နေသည်။


ထို့နောက် ၎င်းက ရှေ့သို့ ခြေတစ်လှမ်းတိုးလာကာ သူ့ ရှေ့၌ ဧရာမနတ်ဆိုးမိစ္ဆာစိတ်ဝိညာဉ်ပုံရိပ်ယောင်ကြီး တစ် ခု ပေါ်လာလေသည်။


ရှေးဟောင်းနတ်ဆိုးပုံရိပ်၏ မျက်လုံးက လက်ခနဲဖြစ် သွား၏။သူက သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ နတ်ဆိုးမြူ တစ်ခုသည် ရုတ်တရက် ပေါ်ထွက်လာသည်။နတ်ဆိုးမြူက လူကြီးကို ဝန်းရံထွေးပိုက်သွားကာ ကောင်းကင်ထက်သို့ ထိုးတက်သွားလေ၏။

တစ်ချိန်တည်းမှာပင် ကောင်းကင်ထက်မှ နတ်ဆိုးမိစ္ဆာ စိတ်ဝိညာဉ်စွမ်းအင် အလင်းမျက်နှာပြင်သည် ဆင်းသက် လာကာ နတ်ဆိုးကောင်းကင်တစ်မြို့လုံးကို လွှမ်းခြုံသွား လေသည်။ရှေးဟောင်းနတ်ဆိုးနှင့် နတ်ဆိုးမိစ္ဆာစိတ် ဝိညာဉ်တို့သည် ကောင်းကင်ထက်ရှိ မြူထဲ၌ တိုက်ပွဲကြီး တစ်ခု စတင်တော့၏။


ကောင်းကင်ထက်မှ တုန်ခံသံများ ထွက်ပေါ်နေ၏။ တစ်ခါတစ်ရံ နတ်ဆိုးမီးတောက်များက ကောင်းကင် ထက်၌ ပြည့်သည်။နောက်တစ်ဖန် နတ်ဆိုးမိစ္ဆာစိတ် ဝိညာဉ်စွမ်းအင်က သည်ဧရိယာကို လွှမ်းခြုံလိုက် ဖြစ်နေ တော့၏။


ဝမ်လင်းက မြေပြင်ပေါ်၌ ကြာပွင့်သဏ္ဌာန်ထိုင်နေ၏။ သူက ကျင့်ကြံနေရင်း ကောင်းကင်ထက်သို့ မော့ကြည့် နေသည်။သူက ကောင်းကင်ထက်ရှိ မြူလွှာအတွင်းမှ ဖြစ်ပွားနေသည့် တိုက်ပွဲကို တွေ့မြင်နေပေသည်။


ထိုမြင်ကွင်းက ဝမ်လင်းနှလုံးသားကိုပင် တုန်ယင်စေ၏။ ရှေးဟောင်းနတ်ဆိုးနှင့် နတ်ဆိုးမိစ္ဆာစိတ်ဝိညာဉ်တို့ တိုက်ခိုက်မှု စွမ်းအားက ကမ္ဘာလောကကိုပင် နှစ်ခြမ်းကွဲ သွားစေဖို့ လုံလောက်နေ၏။


ဝမ်လင်းမျက်လုံးက တောက်ပသထက် တောက်ပ လာ၏။သူက ဆက်လက်ကြည့်ရှုကာ ဆက်၍ပင် ကျင့်ကြံ ခြင်း မပြုတော့ပေ။ထိုအစား သူ့လက်ကို ရှေးဟောင်းနတ်

ဘုရားထူစီ၏ မှတ်ဉာဏ်ထဲမှ အမျိုးမျိုးသောမန္တာန်များ၏ ချိပ်တံဆိပ်တစ်ခုပြီးတစ်ခုကို အလိုလို လုပ်ဆောင်နေမိ၏။


သူက သည်ချိပ်တံဆိပ်များကို ဖြစ်ပေါ်စေသော်လည်း ယင်းတံဆိပ်များနောက်ကွယ်တွင်တော့ တိုက်ခိုက်မှုစွမ်းအားမှ ရှိမနေချေ။ မည်သည့်


သို့ရာတွင် ထိုအခိုက်အတန့်၌ သူ့မူလစိတ်ဝိညာဉ်နှင့် ထူးဆန်းစွာ ချိတ်ဆက်ထားမှုမှ တစ်ဆင့် နတ်ဆိုးမိစ္ဆာစိတ် ဝိညာဉ်ကုန်းမြေ၏ အပြင်ဘက် အရှေ့ဘက်နတ်ဆိုးမိစ္ဆာ စိတ်ဝိညာဉ်ပင်လယ်နှင့် မရေမတွက်နိုင်သော ကီလိုမီတာ ကွာဝေးသော ဂြိုဟ်ငယ်တစ်လုံးပေါ်တွင်တော့ ဖိနှိပ်နိုင် စွမ်းသော စွမ်းအားတစ်ခုသည် သည်။ ပေါက်ကွဲထွက်နေလေ


ဆံပင်နီနှင့် ဝမ်လင်း၏ မူလခန္ဓာကိုယ်သည် ရုတ်တရက် မျက်လုံးဖွင့်လာခဲ့၏။သူမျက်လုံးဖွင့်လာသည့် အခိုက်၌ပင် သူ့လက်က စတင်လှုပ်ရှားလကာ အမျိုးမျိုးသော ချိပ်တံဆိပ်များကို ဖြစ်ပေါ်နေစေတော့သည်။


မူလခန္ဓာကိုယ်၏ အနီရောင်ဆံပင်များက လွင့်မြော နေကာ သူ့မျက်ခုံးနှစ်ခုကြားရှိ ကြယ်များသည် တဖျပ်ဖျပ် လင်းလက်တောက်ပနေသည်။သူ့လက်ဟန်ကို ဆက်လက် ပြောင်းလဲနေရင်း ထိုကြယ်များသည် ပိုမို တောက်ပလာ နေ၏။သည့်နောက် သူ့လက်နှစ်ဖက်ကို ဘေးနှစ်ဖက်သို့ ဖြန့်ကားလိုက်ကာ ပြောလိုက်၏။ "စုပ်ယူစမ်း..."

ထိုစကားတစ်ခွန်းဖြင့်ပင် သွေးငယ်သောဂြိုဟ်က စတင် တုန်ခါလာချေ၏။ဂြိုဟ်၏ စိတ်ဝိညာဉ်စွမ်းအင်အမျှင်တန်း များက ဂြိုဟ်အတွင်းပိုင်းသို့ ဦးတည် ရွှေလားလာကာ မူလ ခန္ဓာကိုယ်၏ စုပ်ယူခြင်းကို ခံလိုက်ရသည်။


တစ်ချိန်တည်းမှာပင် ဝမ်လင်းလသည်လည်း နတ်ဆိုး မိစ္ဆာစိတ်ဝိညာဉ်ကုန်းမြေ၌ တူညီသော လှုပ်ရှားမှုကို ပြုလုပ်နေပေသည်။သူက ကောင်းကင်ထက်ရှိ ထူထဲသော မြူလွှာကို စူးစိုက်ကြည့်နေရင်း ဖြည်းဖြည်းချင်း ပြုံးယောင် သမ်းလာ၏။


"ရှေးဟောင်းနတ်ဆိုးနဲ့ နတ်ဆိုးမိစ္ဆာစိတ်ဝိညာဉ်တို့ တိုက်ပွဲက ငါ့ကို ရှေးဟောင်းနတ်ဘုရားရဲ့မန္တာန် အချို့ကို နားလည်စေခဲ့တယ်။ငါ့မူလခန္ဓာကိုယ်အတွက်


အကျိုးကျေးဇူးကတော့ မှန်းဆလို့တောင် ရမှာ မဟုတ် တော့ဘူး..."


ထိုတိုက်ပွဲက သုံးရက်တိုင်တိုင် ကြာမြင့်လာ၏။ဝမ်လင်း ဆုံးရှုံးသွားခဲ့သော သွေးများသည်လည်း ပြန်ပြည့်လာကာ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်က သူ့ခန္ဓာကိုယ်အား ဝန်းပတ်နေပြီး သူ့ရိုးတွင်းခြင်ဆီကို လှုံ့ဆော်၍ ပိုများသော သွေးများကို ဖန်တီးပေးနေ၏။


ကောင်းကင်ထက်သို့ တည်ငြိမ်စွာ ကြည့်နေရင်း သူ့ညာ လက်က ချိပ်တံဆိပ်တစ်ခုကို ဖန်တီးကာ အထက်သို့ ညွှန် လိုက်၏။ တစ္ဆေလောကမြစ်သည် သူ့ပတ်လည်၌

ရုတ်တရက် ပေါ်လာချေသည်။မရေမတွက်နိုင်သော ခြေ လက်အင်္ဂါများသည် မြစ်အတွင်း၌ မြင်နေရကာ ၎င်းမြစ် ထံမှ ငြီးသံများ ထွက်ပေါ်နေလေ၏။


"နတ်ဆိုးမိစ္ဆာစိတ်ဝိညာဉ်...ငါ ဝမ်လင်းက အားနည်း ပေမဲ့လည်း ငါက မင်း အလွယ်တကူ သတ်ပစ်နိုင်တဲ့ လူမျိုး မဟုတ်ဘူး..."


ဝမ်လင်းက သိုလှောင်အိတ်ထဲမှ စိတ်ဝိညာဉ်အပိုင်းအစ တစ်ကုဋေအလံကို ထုတ်ယူလိုက်၏။သူက ၎င်းအလံကို တစ္ဆေလောကမြစ်ထဲသို့ ပစ်သွင်းလိုက်သည်။


စိတ်ဝိညာဉ်အလံက တစ္ဆေလောကမြစ်ထဲသို့ ဝင်ရောက် သွားသည့်အချိန်၌ စိတ်ဝိညာဉ်အပိုင်းအစ သန်းတစ်ရာ သည် ထွက်ပေါ်လာလေသည်။


ဝမ်လင်းမျက်လုံးများက အေးစက်လာကာ အတားအဆီး အလံကို ထုတ်ယူလိုက်၏။အရင်တုန်းက သည်အလံသည် နတ်ဘုရားပြစ်ဒဏ်ကို ခုခံရာတွင် အသုံးပြုခဲ့သဖြင့် ထိခိုက် ခဲ့ပေသည်။အလံအထဲရှိ အတားအဆီးများစွာသည်လည်း ပျက်စီးသွားခဲ့ရ၏။၎င်းအလံအတွင်း၌ အတားအဆီးများစွာ မကျန်တော့သော်လည်း ဝမ်လင်းက ၎င်းကို တစ္ဆေလောက မြစ်အတွင်းသို့ ပစ်လွှတ်လိုက်ပေ၏။


ထိုသို့ပြုလုပ်ပြီးသည့်နောက် နောက်တစ်လှည့်က ကောင်းကင်ဘုံဓားပင်။ရှုလီကော အလွန်ငြင်းဆန်လို သော်လည်း ခုချိန်တွင် ဝမ်လင်းကို ဆန့်ကျင်ငြင်းဆန်ရဲ


...

ခြင်း မရှိပေ။သူက စိတ်ထဲ၌သာ ကြိတ်၍ သက်ပြင်းချကာ တွေးနေမိ၏။ “ထားလိုက်ပါလေ...ငါတို့က ကောင်းကင် နတ်ဆိုးမြို့ကို ပြန်ရောက်နေပြီပဲ။ အလှလေးကလည်း ငါ့ ကို စောင့်နေရတာ ဆယ်နှစ် ရှိနေပြီ။သူမက ငါ့ကို ယုံကြည်နေတုန်းလား ငါသိချင်မိတယ်..." သူက ထိုသို့ တွေးနေရင်းဖြင့် တစ္ဆေလောက်မြစ်အတွင်းသို့ ပစ်ချခြင်း ခံ လိုက်ရသည်။သူ့နောက်တွင်တော့ လခြမ်းကွေးဓားသွားက ကပ်၍ ပါသွား၏။


သည့်နောက် စိတ်ဝိညာဉ်ကျာပွတ်။ဓားအိမ်များ၊ မို ယန်၏ဓားတို့ကိုပါ တစ္ဆေလောကမြစ်အတွင်းသို့ ပစ် လွှတ်လိုက်လေ၏။ နောက်ဆုံးတွင် စစ်ရထားနှင့် အံ့ဖွယ် ပန်းချီကားကလွဲ၍ ဝမ်လင်းက သူ့ရှိ ရတနာအားလုံးနီးပါး ကို တစ္ဆေလောကမြစ်အတွင်းသို့ ပစ်လွှတ်ခဲ့ပြီး ဖြစ်၏။


တစ္ဆေလောကမြစ်အတွင်း၌


များစွာသောရတနာ များသည် ဟိုတစ်စသည်တစ်စ ဗြောက်သောက် ဖြစ်ပေါ် နေ၏။ထိုသို့ပုံစံဖြင့် ဖြစ်ပေါ်နေသော်လည်း ၎င်းတို့သည့် စွမ်းအားကောင်းလွန်းလှ၏။သည့်နောက် ဝမ်လင်းက အသက်ဝဝရှူသွင်းကာ သူ့မျက်ခုံးနှစ်ခုကားသို့ လက်ညှိုး ဖြင့် ဖိချလိုက်သည်။ထိုအခါ သတ်ဖြတ်ခြင်းစွမ်းအင်အမျှင် တန်း တစ်သိန်းသုံးသောင်းသည် သူ့ကို ကာကွယ်ပေးမည့် အသက်ဓာတ်ချိပ်တံဆိပ် တစ်သိန်းသုံးသောင်းအဖြစ်သို့ ပြောင်းလဲသွားလေသည်။


သူ့အကြည့်က ကောင်းကင်ထက်၌သာ မြဲမြဲမြံမြံ ရှိလို့နေဆဲ

ဖြစ်သည်။ဤအခိုက်အတန့်၌ သူ့မျက်လုံးက အနည်းငယ် ကျဉ်းမြောင်းသွားကာ သူက တုံ့ဆိုင်းခြင်းမရှိကောင်းကင်ထက်သို့ ပျံတက်သွား၏။သူနှင့်အတူ တစ္ဆေ လောကမြစ်သည် လေထဲသို့ ပျံတက်လာကာ အဝါရောင် အလင်းတစ်ခုအဖြစ် သိပ်သည်းသွားခဲ့၏။


၎င်းက ဝမ်လင်းရတနာများသယ်ဆောင်ထားသည်သာ မက သူ့တာအိုပါ ပါဝင်နေခဲ့ပေသည်။


အဝါရောင်အလင်းနှင့်အတူ ဝမ်လင်းသည် တဟုန်ထိုး တိုးဝင်လာ၏။ထိုအခိုက်အတန့်၌ ကောင်းကင်ထက်ရှိထူထဲသောမြူလွှာထဲတွင် ချပ်ဝတ်နှင့်လူကြီး၏ ချပ်ဝတ် အစိတ်အပိုင်းများစွာသည် ပျက်စီးနေခဲ့ပြီး ဖြစ်သည်။သူက အကြိမ်များစွာ နောက်ဆုတ်နေရကာ သူ့မျက်လုံးထဲရှိနတ်ဆိုးမီးတောက်သည်လည်း အားနည်းနေခဲ့ပြီ ဖြစ်သည်။သို့သော် သူက ဆက်လက်၍ အရူးအမူးမာန်သွင်း ဟိန်းဟောက်မှုများကို ထုတ်လွှတ်နေဆဲ ဖြစ်၏။


ဝမ်လင်းသွေးကနေ ဖြစ်တည်လာသည့် ရှေးဟောင်း နတ်ဆိုး၏ မျက်လုံးသည် လက်ခနဲ ဖြစ်သွား၏။သူက ရှေ့ သို့ တရပ်ဆက်တိုးဝင်နေကာ မန္တာန်များ တစ်ခုပြီးတစ်ခု ဆက်ကာဆက်ကာ အသုံးပြုနေ၏။ချပ်ဝတ်နှင့်လူကြီးသည် သွေးအန်ကာ နောက်သို့ လွင့်ထွက်သွားပြန်သည်။


"မင်း သေခြင်းကို လက်ခံလိုက်စမ်း..." ရှေးဟောင်း နတ်ဆိုးက မာန်သွင်းအော်ဟစ်ကာ နတ်ဆိုးအလင်းတန်း

အဖြစ် ပြောင်းလဲ၍ ထိုလူကြီး၏ ခန္ဓာကိုယ်အား ဝန်းရံ လိုက်သည်။


နတ်ဆိုးအလင်းနှင့် ဝန်းရံမှုကြောင့် ချပ်ဝတ်နှင့်လူကြီး၏ မျက်ခုံးနှစ်ခုကြားမှ နတ်ဆိုးမိစ္ဆာစိတ်ဝိညာဉ်သည် ပြန် ပေါ်လာခဲ့ရသည်။သည်နတ်ဆိုးမိစ္ဆာစိတ်ဝိညာဉ်က စူးရှရှ အော်ဟစ်ကာ ပျံ့နှံ့စေသည်။ အသံလှိုင်းတစ်ခုကို အသံလှိုင်း၏ သက်ရောက်မှုအောက်၌ နတ်ဆိုးအလင်း သည် ခဏတာ တုန့်ဆိုင်းသွားရ၏။ထို့နောက် နတ်ဆိုးမိစ္ဆာ စိတ်ဝိညာဉ်သည် ရှေးဟောင်းနတ်ဆိုးထံသို့ ကြမ်းကြုတ် စွာ ကြည့်၍ ချပ်ဝတ်နှင့်လူကြီးခန္ဓာကိုယ်ထဲသို့ ပြန်ဝင် ရောက်သွားပြန်သည်။


တစ်ချိန်တည်းလိုလို ထိုလူကြီးက ထွက်ပြေးရန် နောက်သို့ ဆုတ်သည်။


ဝမ်လင်းသည် ထိုအခိုက်အတန့်ကို စောင့်ဆိုင်းနေခြင်း ပင်။ သူက ကောင်းကင်ထက်သို့ ကြယ်ပျံတစ်စင်းအလား ထိုးတက်သွား၏။သူ့လက်ထဲရှိအဝါရောင်အလင်းသည် တောက်ပနေကာ မျက်စိတစ်မှိတ်အတွင်း မြူထဲသို့ တိုးဝင် သွားလေသည်။သူက ရှေးဟောင်းနတ်ဆိုး၏ တိုက်ခိုက်မှု အဝန်းအဝိုင်းမှ လွတ်မြောက်ရန် ကြံရွယ်နေသည့် ချပ်ဝတ် နှင့်လူကြီးထံသို့ ဖြောင့်ဖြောင့်တန်းတန်း တိုးဝင်သွားသည်။


နောက်ဆုတ်နေရင်းဖြင့် ချပ်ဝတ်နှင့်လူကြီးသည် ဝမ် လင်း သူ့ထံသို့ ချဉ်းကပ်လာသည်ကို သတိပြုမိလိုက်၏။သူ့

မျက်လုံးထဲ၌ အထင်သေး၊လှောင်ပြောင်ဟန်တို့ ဖြစ်ပေါ် သွားသည်။သူက ဝမ်လင်းကို သူအာရုံစိုက်ရန် ထိုက်တန် သည်ဟူ၍ပင် မထင်မှတ်ပေ။သူက နောက်သို့ဆုတ်ရင်း ဝမ် လင်းထံသို့ ညာလက်ဖြင့် ဝှေ့ယမ်းလိုက်၏။


သူ့လက်မှ ဖြစ်ပေါ်လာသည့် လေပြင်းကြောင့် ဝမ် လင်း၏ အကွာအကွယ် အသက်ဓာတ်ချိပ်တံဆိပ်များသည် ပျက်စီးလာချေ၏။ ချိပ်တံဆိပ် တစ်သောင်း၊နှစ်သောင်း၊ငါး သောင်း၊ရှစ်သောင်း.…


အသက်ဓာတ်ချိပ်တံဆိပ်များ ပြိုပျက်လာနေရင်း ဝမ် လင်းမျက်လုံးကလည်း အေးစက်လာခဲ့သည်။သူက ရှေ့သို့ အတင်းထိုးတက်လိုက်ရာ အသက်ဓာတ်ချိပ်တံဆိပ် တစ် သိန်းသုံးသောင်း ပျက်စီးသွားချိန်၌ သူလည်း ထိုလူကြီးရှေ့ သို့ ရောက်ရှိသွားတော့၏။သည့်နောက် ဝမ်လင်းက သူ့ လက်ထဲရှိ အဝါရောင်အလင်းကို ချက်ခြင်း ပစ်လွှတ်လိုက် လေသည်။


ထိုလူကြီးက အေးစက်စက် နှာခေါင်းရှုံ့၏။သည့်နောက် သူ့ညာလက်ကို လက်သီးအသွင် ပြောင်း၍ အဝါရောင် အလင်းထံသို့ ထိုးချလိုက်သည်။သူက ထိုအလင်းအား ကွဲကြေပျံ့နှံ့သွားစေချင်နေ၏။


သို့ရာတွင် သူ့ညာလက်နှင့် အဝါရောင်အလင်းတို့ ထိတိုက်သွားသည့်အခါ၌ သူ့အသွင်က ကြီးစွာ ပြောင်းလဲသွား ရသည်။အဝါရောင်အလင်းထဲ၌ မတူကွဲပြားသောအော်ရာ

များစွာ ရှိနေကာ ထိုအရာများအားလုံးထဲ၌ နတ်ဘုရား အာရုံနှင့်တာအို အမျှင်တန်းတို့က နစ်မြုပ်နေပေ၏။ထို အရာများမှ ဖြစ်ပေါ်လာသည့်အားက သူ့ကို ကြောက်လန့် သွားစေပေသည်။


ပုံမှန်ဆိုရင် ထိုအရာက သူ့အား အမှန်တကယ် မ ကြောက်လန့်စေနိုင်ပေ။သို့ရာတွင် သူက ဒဏ်ရာရနှင့်နေ ပြီးဖြစ်ကာ ထို့အပြင် ရှေးဟောင်းနတ်ဆိုးနှင့် တိုက်ပွဲ၌ သူ့ ဒဏ်ရာများက ပိုဆိုးလာခဲ့ရသည်။သည့်အပြင် သူ့နတ်ဆိုး မျှော်စင်သည်လည်း ဆုံးရှုံးသွားသဖြင့် သူ့နတ်ဘုရားအာရုံ က ချပ်ဝတ်ထဲ၌သာ ပိတ်လှောင်နေခဲ့ပေသည်။သူက နတ် ဘုရားအာရုံကို ဖြန့်ကျက်နိုင်စွမ်း မရှိတော့သဖြင့် သူ့မန္တာန် အများအပြားကို အသုံးမပြုနိုင်တော့ပေ။


အဝါရောင်အလင်း ထွက်ပေါ်လာသည့်အခိုက်အတန့်၌ ထိုလူကြီးက အလိုလို ရပ်တန့်သွားမိ၏။ထိုသို့ တုန့်ဆိုင်း သွားမိသည့်အခိုက်အတန့်ကြောင့် ရှေးဟောင်းနတ်ဆိုး၏ နတ်ဆိုးအလင်းက သူ့အား မှီသွားကာ လွှမ်းမိုး ဝါးမြိုသွား ချေသည်။


သည်နတ်ဆိုးအလင်းက ရှေးဟောင်းနတ်ဆိုးများ၏ သည်ကမ္ဘာထဲရှိ သက်ရှိများကို သန့်စင်ပစ်နိုင်သည့် အလွန်အမင်းအစွမ်းထက်သော မန္တာန်တစ်ခု ဖြစ်သည်။ထို လူကြီးက နာကျင်ထိတ်လန့်စွာ ငြီးငြူလိုက်ရကာ သူ့ထံမှ နတ်ဆိုးစွမ်းအင်များစွာ စတင်ထုတ်လွှတ်လာသည်။သည် နတ်ဆိုးစွမ်းအင်များက ချက်ခြင်း သန့်စင်မွန်းမံခြင်း ခံ

ရကာ သဲလွန်စမရှိ ပျောက်ရှသွားရ၏။


ထိုချပ်ဝတ်နှင့်လူကြီး၏ မျက်ခုံးနှစ်ခုကြားမှ နတ်ဆိုး မိစ္ဆာစိတ်ဝိညာဉ်သည် ထွက်ပေါ်လာပြီး အော်ဟစ်လေ၏။ "ပေလော...မင်း ငါ့ကို သတ်မယ်ဆိုရင် ဆရာက မင်းကို ဒီ အတွက် ခွင့်လွှတ်မှာ မဟုတ်ဘူး..." သူက ထွက်ပေါ်လာပြီး ပြီးချင်း အလင်းတန်းအဖြစ် ပြောင်းကာ ချပ်ဝတ်ထဲသို့ ဝင် ရောက်လေသည်။


သူထိုသို့ ပြုလုပ်ပြီးပြီးချင်း လူကြီးထံမှ ချပ်ဝတ်သည် ကွာကျလာ၏။ချပ်ဝတ်က မွန်းစတားဆန်လှသောနတ်ဆိုး စွမ်းအင်များနှင့် ဝန်းရံထားကာ နတ်ဆိုးအလင်းထံသို့ တိုးဝင် ဖောက်ထွက်ရန် ကြံရွယ်၏။


သူက သူ့ခန္ဓာကိုယ် ဆုံးရှုံးသွားသော်လည်း ချပ်ဝတ်မ ဆုံးရှုံးသေးသ၍ တစ်နေ့တွင် ပြန်ကောင်းလာနိုင်ပေသည်။


သည့်အပြင် သူ့ခန္ဓာကိုယ်မရှိဘဲနှင့် နတ်ဆိုးမိစ္ဆာစိတ် ဝိညာဉ်သည် သူ့မန္တာန်များနှင့်အတူ လွတ်မြောက်နိုင် လိမ့်မည်ဟုပင် ယုံကြည်နေ၏။


ထိုလူကြီးကတော့ ချပ်ဝတ်ဆုံးရှုံးသွားသည်နှင့် နတ်ဆိုး အလင်းအောက်တွင် သူ့ခန္ဓာကိုယ်တစ်ခုလုံး တိုက်စားခြင်း ခံလိုက်ရသည်။သည့်နောက် သူ့မျက်လုံးက မှိန်ဖျော့လာ ကာ ကောင်းကင်ထက်ကနေ ပြုတ်ကျလာ၏။


ချပ်ဝတ်က


သူ့နတ်ဆိုးစွမ်းအင်အားလုံးနီးပါးကို အသုံးပြုကာ နတ်ဆိုးအလင်းထံမှ လွတ်မြောက်လာ၏။

အလွန်ပျော်ရွှင်သွား၏။ နတ်ဆိုးမိစ္ဆာစိတ်ဝိညာဉ်က သူက နတ်ဆိုးအလင်းထံမှ ထွက်လာနိုင်သည်နှင့် သူက ထွက်ခွာရန် သူ့မန္တာန်တစ်ခုကို အသုံးပြုနိုင်ပြီ ဖြစ်သည်။ သို့ရာတွင် သူက ပျော်သွားရုံရှိသေး ထိုအပျော်က ချက်ခြင်း ပျောက်ကွယ်သွားလေ၏။ဝမ်လင်းညာလက်က


အလင်းတန်းအလား လှုပ်ရှားလာကာ ချပ်ဝတ်၏ ညာဘက် ကို ဖမ်းဆုတ်လိုက်၏။


ဝမ်လင်းက အစီအစဉ်များ ချထားပြီးနောက် သူက ထို နတ်ဆိုးမိစ္ဆာစိတ်ဝိညာဉ်လို့ ခေါ်ဆိုသည့်အရာကို မည်သို့ လွတ်မြောက်ခွင့် ပေးနိုင်ပါ့မည်နည်း။သည် နတ်ဆိုးကသာ ယနေ့ လွတ်မြောက်သွားပါက သူက အနာဂတ်တွင် ထို နတ်ဆိုး၏ အရူးအမူးကလဲ့စားချေခြင်းကို ခံရပေလိမ့်မည်။ သူက ကောင်းကင်နတ်ဆိုးမြို့အတွင်း၌ တစ်သက်လုံး ပုန်းအောင်းသွားရပေလိမ့်မည် မဟုတ်လော။


သည့်အပြင် ဝမ်လင်းသည် ရှေးဟောင်းနတ်ဆိုးက သူ့ကို နောက်ဆုံးအခိုက်အတန့်၌ ကူညီပေးမည်ဟု ယုံကြည်ထား ပေသည်။မဟုတ်လျှင် ရှေးဟောင်းနတ်ဆိုက ခုလို ပေါ်ထွက်လာစရာ အကြောင်းမရှိပေ။ ဝမ်လင်း၏ ဉာဏ်နီဉာဏ်နက်ဖြင့် ထိုအရာများကို သူက လွယ်လင့်တကူ ထွင်းဖောက်မြင်နိုင်စွမ်း ရှိပေသည်။


သူ့ညာလက်က ချပ်ဝတ်ကို ဆုပ်ကိုင်လိုက်မိချိန်၌ ဝမ် လင်းက နတ်ဆိုးမိစ္ဆာစိတ်ဝိညာဉ်သည် သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လိမ့်မည်ကို မျှော်လင့်ထားပြီးသားဖြစ်၏။

ထို့ကြောင့် သူက သူ့မူလစိတ်ဝိညာဉ်ထဲ၌ ကြွင်းကျန်နေ သေးသော ကောင်းကင်ဘုံတက်ခြင်းသစ်သီး၏ အာနိသင် ကို အသက်သွင်းလိုက်သည်။ရုတ်တရက် ဝမ်လင်းမျက်လုံး များက နီရဲလာကာ သူ့တစ်ကိုယ်လုံးသည် အလွန်အမင်း ရူးသွပ်သည့်အခြေအနေသို့ ဝင်ရောက်သွားချေ၏။


"သင် လွတ်မြောက်နိုင်စွမ်း မရှိစေရဘူး..." ဝမ်လင်းက ထိုသို့ အော်ဟစ်ကာ သူ့လက်ကို ပြန်ဆွဲယူလိုက်၏။ ချပ် ဝတ်သည်လည်း သူ့လက်နှင့်အတူ ပါလာခဲ့သည်။နတ်ဆိုး မိစ္ဆာစိတ်ဝိညာဉ်က ချပ်ဝတ်ထဲမှ ထွက်ပေါ်လာကာ ဝမ် လင်းအား ကြမ်းကြုတ်စွာ စူးစိုက်ကြည့်သည်။နတ်ဆိုးမိစ္ဆာ စိတ်ဝိညာဉ်က မာန်သွင်းကာ ဝမ်လင်းလက်ဝါးမှတစ်ဆင့် သူ့မူလစိတ်ဝိညာဉ်ထဲသို့ တဟုန်ထိုး တိုးဝင်သွား၏။


တစ်ချိန်တည်းမှာပင် ချပ်ဝတ်သည် အနက်ရောင်အမျှင် တန်းများအဖြစ် ပြောင်းလဲသွားကာ ဝမ်လင်းအား ထွေး ပိုက်သွား၏။သည့်နောက် ချပ်ဝတ်အဖြစ် ပြန်ပြောင်းလဲ သွားလေသည်။


ခုချိန်၌ ဝမ်လင်းသည် အနက်ရောင်ချပ်ဝတ်တစ်စုံကို ဝတ်ဆင်လျက်သား ဖြစ်နေ၏။သူ့မျက်လုံးများက နီရဲတွတ် နေကာ သူ့ဆံပင် လေမတိုက်ဘဲ လွင့်မြောနေ၏။သူ့ ခန္ဓာကိုယ်ထဲ၌ သူ့မူလစိတ်ဝိညာဉ်သည် ကောင်းကင်ဘုံ တက်ခြင်းသစ်သီးအကူအညီဖြင့် အထွတ်အထိပ်သို့ ရောက် ရှိလာခဲ့သည်။သူက နတ်ဆိုးစွမ်းအင်များစွာသော ဆုံးရှုံးနေ သော နတ်ဆိုးမိစ္ဆာစိတ်ဝိညာဉ်နှင့် တိုက်ပွဲတစ်ခု စတင်ခဲ့

လေပြီ။


နတ်ဆိုးအလင်းတန်းက ပျောက်ကွယ်ကာ ရှေးဟောင်း နတ်ဆိုး၏သွေးအရိပ်ထဲသို့ ပြန်ဝင်ရောက်သွား၏။သူက ဝမ်လင်းကို အသိအမှတ်ပြုဟန်ဖြင့်ကြည့်ကာ ပြုံးလိုက်၏။ ကောင်းလိုက်တဲ့ အစီအစဉ်ချမှတ်မှု၊ မူလစိတ်ဝိညာဉ်ကို လှုံ့ဆော်ပြီး နတ်ဆိုးမိစ္ဆာစိတ်ဝိညာဉ်ကို ခုခံတာ။ ငါကသာ မင်းကို ကူညီရင် မင်း စီစဉ်ထားသလို ဖြစ်လာလိမ့်မယ်။ ဒါပေမဲ့ ငါမက မင်းကို မကူညီဖူးဆိုရင်လည်း အစောပိုင်း က ငါ့တိုက်ခိုက်ပေးမှုက အလကားဟသ ဖြစ်သွားလိမ့် မယ်။ မင်းက ငါ မင်းကို ကူညီမယ်လို့ ကျိန်းသေ တွက်ထား တာပဲ...။ကောင်းပြီ...ဒါက မင်းရဲ့ကံပဲ။ဒါ့ကြောင့် ငါမင်းကို ကူညီပေးမယ်..." ရှေးဟောင်းနတ်ဆိုးက ထိုသို့ ပြောဆို ရင်း သူက ဝမ်လင်းအား လှမ်းဖမ်းယူလိုက်၏။ သူက နတ်ဆိုးအလင်း ကျူးကျော်ခြင်းခံထားရပြီး ခုထိမသေသေး သော လူကြီး၏ ခန္ဓာကိုယ်ကိုပါ ဆွဲယူလိုက်ပေသည်။ သည့်နောက် ရှေ

ရှေးဟောင်းနတ်ဆိုးက အလင်းတန်းအဖြစ် ပြောင်းလဲ၍ ကောင်းကင်နတ်ဆိုးမြို့အပြင်ဘက်ရှိ နဂါး ရေကန်ထံသို့ တန်းမတ်စွာ ဦးတည်သွားလေတော့သည်။




Comments

Popular posts from this blog

အပိုင်း(150)

၁၂၉

အိမ်မှထွက်ခွာခြင်း(၁)