ကောင်းကင်အင်ပါယာချင်လင်း(၁၂၈)

 

သည် ပြီးခဲ့သော ဆယ်နှစ်အတွင်း ဝမ်လင်းသည် ယောင် ရှင်းရွှယ်ကို မျှော်စင်အတွင်း၌ အကြိမ်များစွာ မေးခွန်းမေး ခဲ့ပေသည်။


ယောင်ရှင်းရွှယ်၏ ဝမ်လင်းအပေါ် အမုန်းတရားက သူမ စိတ်နှလုံးထဲ၌ မြှုပ်နှံ့နေခဲ့ပြီ ဖြစ်၏။တစ်ချိန်တည်းမှာပင် သူမက ဝမ်လင်း၏ နည်းလမ်းများကို လုံးဝ ကြောက်ရွှံ့နေခဲ့ ပြီ ဖြစ်သည်။


ဝမ်လင်းက သူမစိတ်ထဲ၌ တွင်းပေါက်တစ်ခုကို ဖွင့်လှစ် ရန် လုပ်ဆောင်ထားခဲ့ပြီးဖြစ်သည်။ သူမသည် ဝမ်လင်းကို သွေးစိတ်ဝိညာဉ်ဆေးလုံး မည်သို့မည်ပုံအသုံးပြုရမည်ကို ပြောပြချိန်ကတည်းက ထိုတိုးပေါက်သည် ပွင့်လှစ်သွားခဲ့ရ ခြင်းပင်။


ထိုပွင့်ဟမှု ဖြစ်ပေါ်လာသည်နှင့် ယောင်ရှင်းရွှယ်သည် ဝမ်လင်း၏ နည်းလမ်းများအောက်၌ ပြိုကျလုနီးပါး ဖြစ်ရ သည်။သူမသည် သူ့ကို အရာအားလုံးမပြောပြခဲ့သော်လည်း သူမသည် လျှို့ဝှက်ချက်အချို့ကို အနည်းနှင့်အများ ပွင့်ဟ

ထွက်လာခဲ့ရသည်သာ ဖြစ်သည်။


"နင်က လှိုဏ်ဂူဟာ ကောင်းကင်ဘုံအင်ပါယာတစ်ပါး ချန်ထားခဲ့တာဖြစ်ပြီး စုစုပေါင်းလှိုဏ်ဂူလေးခု ရှိတယ်လို့ ဆိုခဲ့တယ်။ ဒီအကြောင်းတွေကို နင်က ဘယ်လိုကြောင့် ရှာဖွေသိရှိခဲ့ရတာလဲ..."


ယောင်ရှင်းရွှယ်က သူမအောက်နှုတ်ခမ်းကို ကိုက်ထား မိသည်။သူမက ထိုမေးခွန်းကို ဖြေဆိုရန် ငြင်းဆန်လိုနေဆဲ ပင်။


ဝမ်လင်းမျက်လုံးက ဖျပ်ခနဲ လင်းလက်သွား၏။သူက ဖြည်းဖြည်းချင်း ပြောချလာသည်။ "နင်က ငါ့လက်ထဲမှာ နှစ်နှစ်ဆယ်ကျော် ရှိနေခဲ့ပြီးပြီး။နင်က လွတ်လပ်မှုကို ပြန် မလိုချင်နေတာများလား...။နင်ကသာ ငါ့ကို အရာအားလုံး ပြောပြရင် ငါ နင့်ကို နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေက ပြန် ထွက်ခွာတာနဲ့ လွှတ်ပေးမယ်လို့ ကတိပေးတယ်..."


သူ့အသံထဲ၌ နတ်ဆိုးဆန်သော စွမ်းအင်အချို့ ပါဝင် နေသည်။ထိုမန္တန်က သူ နတ်ဆိုးစိတ်ဝိညာဉ်ပိုင်းကို ဆယ် နှစ်ကျော် ခပ်နှိပ်ပြီးနောက် သင်ယူနိုင်ခဲ့သည့် မန္တာန်လေး တစ်ခု ဖြစ်သည်။


ယောင်ရှင်းရွှယ်က သက်ပြင်းချကာ ခပ်တိုးတိုး ဆိုလာ သည်။ "ငါနင့်ကို အရာအားလုံး ပြောပြနိုင်တယ်။ဒါပေမဲ့ နင်က နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေကနေ ထွက်တာနဲ့ ငါ့ ကိုလွှတ်ပေးမယ်လို့ နင့်တာအိုနှလုံးသားကို တိုင်တည်ပြီး

ကျိန်ဆိုရမယ်..."


"နင် ငါ့ရှိက တောင်းဆိုနိုင်တဲ့ အခြေအနေမရှိဘူး။ငါက နင့်ကို ကတိပေးတယ်လို့ ပြောခဲ့ပြီးပြီး။ ပြောပါ နင့်မှာ အခွင့်ရေးတစ်ခါပဲ ရှိမယ်။နင် မပြောဘူးဆိုရင် ငါ နင့်ကို ထာဝရ ပိတ်လှောင်ထားတော့မယ်..."


ဝမ်လင်း အသံက တည်ငြိမ်လှ၏။သိုသော် သူ့အသံက အေးစက်မှုကို ပေးစွမ်းလို့နေသည်။


ယောင်ရှင်းရွှယ်က ဝမ်လင်းကို ကြည့်ကာ သူမဆံပင်ကို သပ်နေ၏။အချိန်အတန်ကြာပြီးနောက် သူမက ခပ်တိုးတိုး ပြောလာသည်။ "ငါ့အဖေက နင်နဲ့ မဆန့်ကျင်မိဖို့ သတိပေး ထားခဲ့တယ်။ငါက အဲ့အချက်ကို အရမ်း ဒွိဟ ဖြစ်ခဲ့ရတယ်။ အဖေက နင့်ကို ဘာလို့ သိနေလည်း ငါမသိခဲ့ဘူး။အတိတ် တုန်းက နင်က ဘာမဟုတ်တဲ့ ကျင့်ကြံသူတစ်ယောက် သာသာပဲ။ နင်က ရှေ့ဖြစ်ဟောသူရဲ့ တပည့်ဖြစ်မယ်ဆို ရင်တောင်မှပေါ့။ ငါ့အဖေပေါ် ငါ နားလည်သလောက် နှင့် အဆင့်အတန်း၊နင့်ကျင့်ကြံမှုအဆင့်၊ နင့်နဲ့ ပတ်သတ်တဲ့ အရာအားလုံးက ငါ့အဖေရဲ့ စိတ်ဝင်စားမှုနဲ့ မထိုက်တန်ဘူး ထင်ခဲ့တယ်..."


"ဒါ့ကြောင့်ပဲ ငါက သူ့စကားကို နားမထောင်ခဲ့တာ။ခု တော့ ငါ့အဖေ ငါ့ကို ဘာကြောင့် ခုလို ပြောခဲ့လဲ ငါနား လည်းသွားပြီ.."


ဝမ်လင်းအသွင်က တည်ငြိမ်နေဆဲ ဖြစ်ကာ သူမကို အေး

စက်စွာ ကြည့်နေ၏။


ယောင်ရှင်းရွှယ်က သက်ပြင်းချကာ ဆက်ပြောသည်။ "ဒီ နေရာမှာ လှိုဏ်ဂူလေးခု ရှိတယ်လို့ ငါ့အဖေ ငါ့ကို ပြောခဲ့ တာပါ။အတိတ်တုန်းက ငါ့အဖေ၊လင်းထျန်ဟူ၊ရှေ့ဖြစ်ဟော သူတို့နဲ့ တခြား သူတို့အပေါင်းအပါတွေက နတ်ဆိုးစိတ် ဝိညာဉ်ကုန်းမြေကို ရောက်လာခဲ့ပြီး သူတို့က လျှို့ဝှက်ချက် တစ်ခုကို ရှာတွေ့ခဲ့ကြတယ်..."


ဝမ်လင်းမျက်လုံးများက ကျဉ်းမြောင်းသွားသည်။သူက တည်ငြိမ်စွာ မေးလိုက်၏။ "ဘာလျှို့ဝှက်ချက်လဲ..."


"ဒီနတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေက တကယ်တော့ လှိုဏ် ဂူတစ်ခုပဲ။နင်က ဒါကို အစောကတည်းက ခန့်မှန်းမိပြီး သား ဖြစ်လိမ့်မယ်လို့ ယုံကြည်တယ်။ငါ နင့်ကို ပြောနိုင်တာ က ဒီနတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေတစ်ခုလုံးက လှိုဏ်ဂူ တစ်ခုဆိုတာပဲ၊ ဒါက အရမ်းတော့ ကြီးမားလွန်းလှတယ်။ စိတ်ကူးနိုင်တာထက်ကို ပိုပြီး ကြီးမားလွန်းတယ်။ဒါပေမဲ့ ဒါက တစ်ခုတည်း မဟုတ်သေးဘူး။စုစုပေါင်း ငါးခုပဲ။ လေးခုက အတုအယောင်ဖြစ်ပြီး ကျန်တဲ့တစ်ခုကသာ အစစ်အမှန် ဖြစ်တယ်..."


ဝမ်လင်းအသွင်က တည်ငြိမ်နေဆဲ ဖြစ်ကာ သူက ဖြည်းဖြည်းချင်း ပြောလိုက်သည်။ နင် ငါ့ကို ခေါ်သွားခဲ့တဲ့ လှိုဏ်ဂူက အတုဖြစ်လိမ့်မယ်လို့ ငါ ထင်တယ်..."


ယောင်ရှင်းရွှယ်က ခါးသီးစွာ ခေါင်းညိတ်ပြလိုက်ရ

သည်။ သူမက ပြောလိုက်၏။ ဟုတ်တယ်။ "ဒါက တကယ် တော့ လှိုဏ်ဂူအတုပဲ..."


ဝမ်လင်းက မေးလိုက်၏။ "နင် အဲ့နေရာကို သွာရတဲ့ ရည်ရွယ်ချက်က ဘာအတွက်လဲ..."


"ငါ့အဖေတစ်ခု ပြောဖူးတာက လှိုဏ်ဂူအတုထဲမှာ ရတနာတွေအများကြီး ရှိတယ်တဲ့။အဲ့လှိုဏ်ဂူထဲမှာ စိတ် ဝိညာဉ်အရည်တွေနဲ့အခြားအရာတွေ အများကြီးရှိနေ တယ်။ငါကသာ ဒါတွေကို ရနိုင်ရင် ငါ့ကျင့်ကြံမှုအဆင့်ကို အများကြီး အထောက်အကူ ပြုနိုင်လိမ့်မယ်..."


ဝမ်လင်းအသံက တိုးညှင်းလှ၏။သူမက ပြောလို့ မပြီးခင် မှာပင် ဝမ်လင်းမျက်နှာပေါ်ရှိ မကျေမချမ်းဖြစ်မှုကို တွေ့မြင် လိုက်ရတော့သည်။


ဝမ်လင်းက ယောင်ရှင်းရွှယ်ကို တည်ငြိမ်စွာ ကြည့် နေသည်။သူက စကားမဆိုပေ။သို့သော် သူမျက်လုံး အကြည့်ကြောင့် သူမက တုန်လှုပ်ရ၏။အချိန်အတန်ကြာ ပြီးနောက် သူမက ခါးသီးစွာ ပြောလာသည်။ "ငါပြောခဲ့တဲ့ အရာအားလုံးက အမှန်တွေပဲ...နင်က အနာဂတ်မှာ ငါ့ကို မလွှတ်ပေးချင်လို့ ရမယ်မရှာပါနဲ့..."


ဝမ်လင်းက မကျေမချမ်းလေသံဖြင့် ပြောလာသည်။ "အမှန်ကို ပြောဖို့ ကောင်းမွန်တဲ့ နည်းလမ်းတစ်ခုပေါ့။နင် ပြောခဲ့တာတွေက နင့်နှလုံးသားထဲက တကယ် ယုံကြည်တဲ့ ဟာတွေ ဖြစ်လိမ့်မယ်။ဒါပေမဲ့ ငါမေးတာက အဲ့တာတွေ

မဟုတ်ဘူး။ ငါသိချင်တာက လှိုဏ်ဂူအတု လေးခုနဲ့ အစစ် တစ်ခုက ဘယ်လို့ ပတ်သတ်ဆက်နွှယ်နေတယ် ဆိုတာ δ..."


ယောင်ရှင်းရွှယ်က စဉ်းစားကာ နေသည်။သည့်နောက် သူမက သက်ပြင်းချကာ ဆိုလာသည်။ "ရှိပါစေတော့လေ… အမှန်တော့ ဒီလှိုဏ်ဂူလေးခုက အစစ်အမှန်လှိုဏ်ဂူထဲကို ဝင်နိုင်တဲ့ ဂိတ်ပေါက်လေးခုပဲ..."


ဝမ်လင်းက မျက်လုံးက ကျဉ်းမြောင်းလို့သွား၏။ "နင့် အဖေနဲ့ ကျန်တဲ့လူတွေ တွေ့ရှိခဲ့တဲ့ လျှို့ဝှက်ချက်က အခု လောက် မရိုးရှင်းနိုင်ဘူး..."


"ငါ့အဖေခန့်မှန်းခဲ့တဲ့ အဲ့လှိုဏ်ဂူအစစ်ဟာ တတိယ နယ်ပယ်( ကျင့်ကြံမှုအဆင့်) ခြေချနိုင်ဖို့ လူတစ်ယောက်ကို ကူညီပေးနိုင်တဲ့ အခွင့်အလမ်းတွေ ရှိတယ်လို့ပဲ ငါသိတယ်။ ဘာလို့လဲဆိုတော့ အဲ့လှိုဏ်ဂူက ကောင်းကင်ဘုံနယ်မြေ မ ပြိုကျခင်အချိန်တုန်းက နံပါတ်တစ်ကောင်းကင်ဘုံအင်ပါ ယာ ချင်လင်းပိုင်ဆိုင်ခဲ့တဲ့ လှိုဏ်ဂူ ဖြစ်နေခဲ့လို့ပဲ.."


"ကောင်းကင်ဘုံအင်ပါယာချင်လင်းက ကောင်းကင်ဘုံ နယ်မြေမှာ အသန်မာဆုံးလူတစ်ယောက် ဖြစ်ခဲ့တယ်။ပြော ကြတာက ကောင်းကင်ဘုံနယ်မြေ ပြိုကျပျက်စီးခဲ့ချိန်တုန်း က ကောင်းကင်ဘုံအင်ပါယာချင်လင်းက မသေဆုံးခဲ့ဖူး ဆို ကြတယ်။သူက တိုက်ခိုက်ပြီးတဲ့နောက် ဒဏ်ရာတွေနဲ့ လွတ်မြောက်သွားနိုင်ခဲ့တယ်...""ငါ့အဖေနဲ့ တခြားလူတွေက ရှာတွေ့ခဲ့တဲ့ ဒီလျှိုဝှက်ချက် ကတော့ ကောင်းကင်ဘုံအင်ပါယာချင်လင်းက နောက်ဆုံး လှိုဏ်ဂူထဲမှာ တံခါးပိတ်ကျင့်ကြံခဲ့တယ်ဆိုတဲ့ အော်ရာပဲ ဖြစ်တယ်။သူတို့ ဘယ်လိုရှာတွေ့ခဲ့လဲတော့ ငါမသိဘူး။ဒါ့ ကြောင့် ငါ့ကို ဒီအရာနဲ့ ပတ်သတ်လိုတော့ နင် မေးဖို့ မလို တော့ဘူး..."


သူမက ထိုသို့ ပြောပြီးသည့်နောက် သူမက ဝမ်လင်းကို ကြည့်လိုက်သည်။သူမက ထိုစကားကို အရင်ဆုံးစကြားခဲ့ ချိန်တုန်းက အလွန်အမင်း တုန်လှုပ်ခဲ့ရပေသည်။သူမက ထိုအကြောင်းအရာကို စဉ်းစားကြည့်သည်နှင့်ပင် သူမ နှလုံးသားက အတောမသပ်နိုင်အောင် တုန်လှုပ်ခဲ့ရပေ သည်။


ဝမ်လင်း၏ စိတ်ဓာတ်အင်အားဖြင့် သူ ဘယ်လိုပုံစံသွင် ပြင် ဖြစ်သွားမလဲ သူမက မြင်ချင်မိနေ၏။သူက ထိုလျှို့ဝှက် ချက်ကို ကြားသိရသည့်အခါ အလွန်များ တုန်လှုပ်သွားမ လား။ ကံမကောင်းစွာနှင့် သူမက ဝမ်လင်း၏ မပြောင်းမလဲ သော အမူအရာကိုသာ တွေ့မြင်လိုက်ရသည်။ဝမ်လင်း အသွင်က နည်းနည်းလေးပင် ပြောင်းလဲသွားခြင်း မရှိပေ။ သို့သော် သူ့မျက်လုံးသူငယ်အိမ်ကတော့ သတိမပြုမိလောက်အောင် ယောင်ယောင်လေး ကျုံ့သွားခဲ့၏။


ထိုစကားလုံးများက ဝမ်လင်းစိတ်နှလုံးထဲတွင်တော့ မုန်တိုင်းတစ်ခု ထန်နေစေခဲ့လေပြီ။

သူက ယောင်ရှင်းရွှယ်ပြောပြခဲ့သည့် အကြောင်းအရာ များကို ခုနစ်ဆယ် ရာခိုင်နှုန်း ယုံကြည်ပေသည်။ထိုသို့ ယုံကြည်ရသည့် အကြောင်းရင်းမှာ သူမပြောလိုက်သည့် ချင်လင်း ဆိုသည့် စကားနှစ်ခွန်းကြောင့် ဖြစ်၏။


ဝမ်လင်းက ယောင်ရှင်းရွှယ် သူ့ကို ထိုလှိုဏ်ဂူထဲသို့ ပထမဆုံး စသွားခဲ့သည့် အချိန်တုန်းက သူမြင်တွေ့ခဲ့သည့် အရာကို ဘယ်တော့မှ မေ့လိမ့်မည် မဟုတ်ပေ။သူက လေဟာနယ်ထဲမှ ထွက်ပေါ်လသည့်အသံကို ကြားရချိန်၌ အသက်ဓာတ်ချိပ်တံဆိပ်များကို အဆင့်ဆင့် စုစည်းခဲ့ရ ပေ၏။


သူကြားခဲ့ရသည့်အသံမှာ "ငါက ချီလင်း" ဆိုသည့် အသံ ပင် ဖြစ်သည်။


"ဒါက ဘယ်လိုလှိုဏ်ဂူမျိုးလဲ...ဒီထဲမှာ ရှေးဟောင်း နတ်ဆိုးတွေနဲ့ နတ်ဆိုးမိစ္ဆာစိတ်ဝိညာဉ်တစ်ခုလည်း ရှိနေ တယ်။ ရှေးဟောင်းနတ်ဆိုးက တစ်စုံတစ်ယောက်ကြောင့် အစိတ်အပိုင်းကိုးခုထိ ကွဲသွားခဲ့ရတယ်။ဒါ့ကြောင့်ပဲ သူတို့ က ပြန်မပေါင်းစည်းနိုင်ခဲ့ကြဘူး။ ငါက ပျံ့ကျဲပြိုပျက်ခဲ့တဲ့ နတ်ဆိုးမိစ္ဆာစိတ်ဝိညာဉ်တွေ အကြောင်းတော့ အများကြီး မသိဘူး။ဒါပေမဲ့ ၎င်းနတ်ဆိုးမိစ္ဆာစိတ်ဝိညာဉ်ရဲ့ ပြောပုံအရ ဆိုရင် ၎င်းက ရှေးဟောင်းနတ်ဆိုးမိစ္ဆာထက် အဆင့်နိမ့် လိမ့်မယ်။ဒီနတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေမှာ ရှေးဟောင်း နတ်ဆိုးမိစ္ဆာတစ်ပါး ရှိခဲ့တာများ ဖြစ်နိုင်လား...

ဝမ်လင်းက အချက်အလက်များကို ပိုသိလာလေလေ သူ့ ရှေ့တွင် သူ ဖွင့်လှစ်နိုင်စွမ်း မရှိသေးသည့် မြူလွှာတစ်ခု ပိုကာဆီးလာလေ ဖြစ်သည်ဟု ခံစားနေရသည်။သူက ယောင်ရှင်းရွှယ်ကို ကြည့်ကာ ပြောလိုက်သည်။ "အတိတ် တုန်းက လှိုဏ်ဂူအတုလေးခုကို ဘယ်လို ခွဲဝေခဲ့ကြလဲ..."


"ရှေ့ဖြစ်ဟောသူနဲ့ လင်းထျန်ဟူတို့က လှိုဏ်ဂူတစ်ခုစီ ရ ခဲ့ကြတယ်။ကျန်တဲ့လှိုဏ်ဂူတစ်ခုကို တိမ်ကောင်းကင်စုံတွဲ က ရရှိခဲ့တယ်။အတိတ်တုန်းက ငါ့အဖေရဲ့ ကျင့်ကြံမှုအဆင့် က သူတို့နဲ့ တိုက်ခိုက်ဖို့ မလုံလောက်ခဲ့ဘူး။ဒါပေမဲ့ သူ့ကံက ကောင်းခဲ့တော့ သူက ဒီလှိုဏ်ဂူရဲ့တည်ရှိမှုကို ရှာတွေ့နိုင်ခဲ့ တယ်။တကဘ်တော့ ငါ့အဖေက လွဲလို့ လူတိုင်းက ဒီနေရာ မှာ လှိုဏ်ဂူသုံးခုနဲ့ အစစ်တစ်ခုပဲ ရှိတယ်လို့ပဲ ထင်ထားခဲ့


"တိမ်ကောင်းကင်စုံတွဲ..." ထိုနာမည်က ဝမ်လင်း အခုမှ ပထမဆုံး ကြားဖူးခြင်းဖြစ်သည်။


"တိမ်ကောင်းကင်စုံတွဲဆိုတာက လွန်ခဲ့တဲ့ထောင်ချီ တုန်းက ကျော်ကြားခဲ့တာ။သူတို့က တခြားလူတွေလို ဒီ နေရာကနေ ပြန်မထွက်လာဘဲ သူတို့ရဲ့ လှိုဏ်ဂူအတုထဲမှာ ကျင့်ကြံဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ဒါက လူအနည်းငယ် လောက်ကပဲ သိကြတာ။ငါက ငါ့အဖေဆီကနေ ဒီကျင့်ကြံမှု စုံတွဲအကြောင်း ကြားခဲ့ရတာ ဖြစ်တယ်..."


ယောင်ရှင်းရွှယ်က


ထိုစကားကို


ပြောလိုက်ပြီး

သည့်နောက် သူမထံမှ မနာလိုမှုနှင့်ဝမ်းနည်းညှိုးငယ်မှုတို့ ထွက်ပေါ်လာသည်။သူမက ထိုစုံတွဲအကြောင်းကို ကြားရ ချိန်တည်းက ထိခိုက်ခံစားခဲ့ရသည်။ခုချိန် ထိုစုံတွဲ အကြောင်းကို ပြန်တွေးမိသည့်အခါ သူမသည် မညှိုးမှိုင်း သွားပဲ မနေနိုင် ဖြစ်ရ၏။


ဝမ်လင်းက အနည်းငယ် စဉ်းစားနေ၏။သည့်နောက် သူ့ မျက်လုံးက လက်ခနဲ ဖြစ်လို့သွားကာ ယောင်ရှင်းရွှယ်သို့ ကြည့်ရင်း ပြောလိုက်၏။ "နင့်အဖေ၊ သွေးဘိုးဘေးက မ ကြာခင် ရောက်လာတော့မှာ မလား..."


ဝမ်လင်းက ထိုသို့ ပြောလိုက်သည့်အခါ ယောင်ရှင်းရွှ ယ်၏ နှလုံးသားက ပြင်းထန်စွာ တုန်ယင်သွား၏။ သို့ရာတွင် သူမမျက်နှာက အံ့အားသင့်ဟန် ထွက်ပေါ် နေကာ သူမက ပြောလိုက်၏။ "နင် ဘာဆိုလိုတာလဲ ငါ မ သိဘူး..." သူမအသွင်က အလွန်အမင်း သဘာဝကျလှကာ တုန်လှုပ်သွားသည့် အရိပ်လက္ခဏာ အနည်းငယ်မျှပင် မ ပေါ်ထွက်ချေ။


ဒီနှစ်သောင်းနဲ့ ချီတဲ့ အချိန်အတွင်းမှာ နတ်ဆိုးစိတ် ဝိညာဉ်ကုန်းမြေက အကြိမ်များစွာ ပွင့်ခဲ့ပြီးပြီး။နင်က ဒီ နေရာကို ဘယ်နှစ်ခေါက်လောက် ရောက်ခဲ့ပြီးပြီးလဲတော့ ငါ မသိဘူး။ဒါပေမဲ့ နင်က ဒီလှိုဏ်ဂူထဲကို ဝင်ရောက်တဲ့ အချိန်မှာ အပြင်လူတစ်ယောက်ယောက်က ဒါနဲ့ ပတ်သတ် လို့ ရှာတွေ့နိုင်တဲ့ အန္တရာယ် ရှိတယ်။

"ဒီနှစ်ပေါင်းသောင်းနဲ့ ချီတဲ့ အချိန်အတွင်းမှာ နင့်အဖေ သွေးဘိုးဘေးက အချို့အကြောင်းပြချက်တွေ ကြောင့် ဒီထဲ ကို ဝင်မလာနိုင်မှာ ငါ စိုးရိမ်မိတယ်။ဒါ့ကြောင့်ပဲ နင်ပဲ ဝင် လာခဲ့ရတာ။နင်က လှိုဏ်ဂူထဲကို ဝင်နိုင်ဖို့အတွက် တော်တော်လေး စိတ်ပူပန်နေခဲ့တယ်။နင်က နင့်အဖေ ရောက်ရှိလာဖို့အတွက် ကြိုတင်ပြင်ဆင်နေတာ ဖြစ်မယ်လို့ ငါ ယုံကြည်ထားတယ်..."


ဝမ်လင်းအသံက တည်ငြိမ်လို့နေ၏။သူက အရာအားလုံး ကို ဖြည်းဖြည်းချင်း ပြောပြနေပေသည်။


ယောင်ရှင်းရွှယ်က ဝမ်လင်းကို အချိန်အတန်ကြာ ကြည့် နေမိသည်။ထို့နောက် သူမက ပြုံး၍ ခေါင်းညိတ်ပြ၏။ "နင် က သိပ်တော်တာပဲ။မှန်တယ်။ ငါ့အဖေက ဒီနေရာကို မ ကြာခင် ရောက်လာတော့မှာ။ တကယ်တော့ ငါ့အဖေ တစ်ယောက်တည်း မဟုတ်ဘဲ နင့်ဆရာ ရှေ့ဖြစ်ဟောသူ၊ တာ့လော့ဓားကလန်က လင်းထျန်ဟူနဲ့ အခြား ထျန်ယွမ် ဂြိုဟ်ပေါ်က မွန်းစတားအိုကြီးတွေပါ ဒီနေရာကို မကြာခင် ရောက်လာလိမ့်ကြမှာ ငါစိုးရိမ်မိတယ်..."


ဝမ်လင်းက မျက်လုံး မှိတ်ထား၏။သည့်နောက် သူက ဖြည်းဖြည်းချင်း ပြောလိုက်သည်။ "ဒါက အပြင်ဘက်ဒီရေ လှိုင်းအတွင်းမှာ ပေါ်ထွက်ခဲ့တဲ့ ရွှေရောင်တုန်ကင် ကြောင့် လား..."


ယောင်ရှင်းရွှယ်က ဝမ်လင်းကို တုန်လှုပ်စွာ ကြည့်လိုက်

မိသည်။သူမက သည်ဝမ်လင်းသည် မည်မျှကြောက်မက် ဖွယ်ကောင်းသည်ကို နားလည်နေခဲ့ပြီ ဖြစ်သည်။


"ဒီလူက ဉာဏ်များလွန်းလှတယ်။သူ့မေးခွန်းတွေက ရိုး စင်းပေမဲ့ ငါ ဖြေလိုက်တာနဲ့ သူ့တွက်ချက်မှုတွေထဲ ကျ ရောက်သွားတော့တာပဲ။ တစ်ဆင့်ပြီးတစ်ဆင့် ငါက မသိလိုက်မသိဘာသာနဲ့ သူ့ကို သတင်းအချက်အလက်တွေ အများကြီး ပေးမိနေခဲ့ပြီ။ဒါ့ကြောင့် ငါက လိမ်ညာလိုက် တာနဲ့ သူက သူ့မှာ ရှိတဲ့ အချက်အလက်တွေကြောင့် ဒါကို ချက်ခြင်း သိသွားနိုင်တယ်။ ဒီလူက...တကယ် ကြောက်ဖို့ ကောင်းလွန်းတယ်..."


ယောင်ရှင်းရွှယ်က ဝမ်လင်း၏ အတားအဆီးကျင့်ကြံ ခြင်းကြောင့် သူ့စိတ်ထဲတွင် ဆယ်စ၊အဆတစ်ရာလောက် ကောက်ချက်များ ထုတ်ယူနေရသည်ကို မသိပေ။


ဝမ်လင်းက ယောင်ရှင်းရွှယ် စကားပြောမည်ကို မစိုးရိမ် ပေ။သူမက ပြောနေသ၍ သူ့တွင် သူမထံမှ အချက်အလက် များကို ထုတ်ယူနိုင်သည့် နည်းလမ်းများစွာ ရှိနေပေ၏။သူ စိုးရိမ်သည်က ယောင်ရှင်းရွှယ် အရင်တုန်းကလို လုံးဝ စကားမဆိုမှာကိုပင် ဖြစ်၏။


ယောင်ရှင်းရွှယ်က ခေါင်းငုံ့သွား၏။သူမက ဝမ်လင်း၏ အကြည့်ကို အလိုလို ရှောင်ဖယ်မိနေသည်။သူမက ပြော လိုက်ပြန်၏။ "ဒီတုန်ကင်ကို ချင်လင်းရဲ့ ကောင်းကင်ဘုံ တုန်ကင်လို့ သိကြတယ်။ဒါက လှိုဏ်ဂူအတုတွေထဲကနေ

အစစ်ကို ရောက်ဖို့ တံခါးဖွင့်ရာမှာ အသုံးပြုတဲ့ သော့ချက် တစ်ခုပဲ။လူတစ်ယောက်က ဒီသော့ရှိမှ အစစ်အမှန်လှိုဏ်ဂူ ထဲ ဝင်ရောက်နိုင်လိမ့်မယ်.."


"ဒါပေမဲ့ အစစ်အမှန်တံခါးဖွင့်ဖို့ တုန်ကင်လေးခုလုံးက လှိုဏ်ဂူအတုလေးခုလုံးကို ဖွင့်လှစ်ဖို့ လိုအပ်တယ်။တစ်ခု တောင် ကျန်ခဲ့လို့ မရဘူး..."


ဝမ်လင်းက မေးလိုက်၏။ "နင် ပြောပုံအရဆိုရင် ရှေ့ဖြစ် ဟောသူနဲ့ တခြားသူတွေက တုန်ကင်သုံးခုပဲ လိုမယ်လို့ ယုံကြည်နေကြမှာပေါ့။နင့်အဖေ သွေးဘိုးဘေး တစ်ယောက်တည်းကသာ အဲ့တုန်ကင်သုံးခုက အစစ်အမှန် လှိုဏ်ဂူကို ဖွင့်ဖို့ မလုံလောက်ဘူးဆိုတာ သိလိမ့်မယ်။ ဒီ လိုလား..."


ယောင်ရှင်းရွှယ်က အနည်းငယ် စဉ်းစားပြီးနောက် ခေါင်းညိတ်ပြ၏။


"သွေးဘိုးဘေးက တကယ့်ကို ဉာဏ်များတာပဲ။သူက လှို ဏ်ဂူတုတစ်ခုကို ဆုပ်ကိုင်ထားသရွှေ့ လက်ဦးမှုတစ်ခု ရနေ တော့မှာပေါ့။သူက ဒါကို ကောင်းကောင်း ထိန်းသိမ်းထား နိုင်သရွှေ့ လေးခုမြောက်တုန်ကင် ပေါ်လာတာနဲ့ သူက အစစ်အမှန်လှိုဏ်ဂူထဲကို ဝင်ရောက်သွား နိုင်လိမ့်မယ်..."


ဝမ်လင်းက အနည်းငယ်စဉ်းစားပြီးနောက် သူ့မျက်လုံး က လက်ခနဲ ဖြစ်သွားသည်။သည့်နောက် သူက မေး လိုက်၏။ "ဒီနေရာကို ရောက်လာပြီးတဲ့နောက်မှာ အဲ့တုန်

ကင်က ဘယ်နေရာမှာ ပေါ်ထွက်လာမှာလဲ..."


ယောင်ရှင်းရွှယ်က နည်းနည်းတုံ့ဆိုင်းသွားပြီးနောက် ပြန်ဖြေလိုက်သည်။ "ဒီလှိုင်းအသူတစ်ရာချောက်၊ဒါရဲ့ ဝင်ပေါက်က မီးနတ်ဆိုးနိုင်ငံမှာ ရှိတယ်..."


ဝမ်လင်းက မေးခွန်းများ ဆက်မမေးတော့ချေ။သူက ညာ လက်ကို ဆန့်တန်းလိုက်ရာ ယောင်ရှင်းရွှယ်သည် နောက် တစ်ကြိမ် ချိပ်ပိတ်ခြင်း ခံလိုက်ရတော့သည်။သူမကို သိုလှောင်အိတ်ထဲသို့ ပြန်ထည့်သွင်းပြီးသည့်နောက် ဝမ် လင်းသည် မျှော်စင်ထဲကနေ ထွက်လာ၏။သူ့မျက်လုံးက နတ်ဆိုးအလင်းကို ပေးစွမ်းနေကာ သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။


"ဒီနတ်ဆိုးစိတ်ဝိဉာဉ်ကုန်းမြေက ဒီလိုမျိုးလျှို့ဝှက်ချက် ရှိနေတာပဲ။ ငါ့ကျင့်ကြံမှုအဆင့်က ဒီမွန်းစတားအိုကြီးတွေ နဲ့ ယှဉ်၍ အလှမ်း

ကွာလွန်းလှတယ်။ဒါပေမဲ့ ရှေ့ဖြစ်ဟော သူက ငါ့ကို ဒီနတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေထဲ ဝင်ရောက် စေဖို့ ဘာကြောင့်များ ဆုံးဖြတ်ခဲ့ရတာလဲ..."...



ဝမ်လင်းက စဉ်းစားကာ နေသည်။သူက နတ်ဆိုးစိတ် ဝိညာဉ်ကုန်းမြေ၌ ပို၍ အချိန်ကြာကြာနေလေလေ အရာ ရာက ပိုထူးခြား၊ထူးဆန်းလာလေ ဖြစ်နေ၏။ပထမဦးဆုံး တစ်ခုက ဟောင်လုံပန်းချီကားပင်။သည့်နောက် နတ်ဆိုး ဗိုလ်ချုပ်မိုဖန်နှင့် ပုံတူ တစ်ယောက်ရှိနေခြင်း၊နောက်ဆုံး တစ်ခုက လင်းထျန်ဟူနှင့် ဆင်တူသည့် လူကြီးတို့ ဖြစ် ကြ၏။


ဝမ်လင်းမျက်လုံးက တလက်လက် ဖြစ်လို့နေသည်။ သူက သူ့ကိုယ်သူ ခပ်တိုးတိုး ရေရွတ်လိုက်၏။ "ရှေ့ဖြစ် ဟောသူက ကောင်းကင်ဘုံရဲ့ ဆန္ဒနောက်ကို လိုက်လံ ရှာဖွေတယ်။သူက ငါ့ကို ဒီနေရာကို အတင်းလာစေခဲ့တာ က သူ့မှာ ကိုယ်ပိုင် အကြောင်းရင်းတစ်ခုတော့ ရှိရမယ်။ ဒါ့ အပြင် ငါက ထျန်ယွမ်ဂြိုဟ်ပေါ်မှာတုန်းက ဘိုင်ဝေက ငါ့ကို လွန်ခဲ့တဲ့ နှစ်သောင်းတဲ့ချီအတွင်းမှာ ရှေ့ဖြစ်ဟောသူရဲ့ တပည့်များစွာက ပျောက်ဆုံးကုန်ကြတယ်လို့ ထောက်ပြခဲ့ ဖူးတယ်။ငါက ဒီစီနီယာတွေ ပျောက်ဆုံးတာက ဒီနတ်ဆိုး

စိတ်ဝိညာဉ်ကုန်းမြေနဲ့ ပတ်သတ်နေလားတော့ ငါ သေချာ မသိဘူး...


ဝမ်လင်းက သိုလှောင်အိတ်ကို ထိလိုက်၏။သူ့မျက်လုံးက အေးစက်လာခဲ့သည်။သူက ဆက်တွေးနေသည်။ "ငါက သန်မာလာတာနဲ့အမျှ ဒီနေရာက ဘယ်လောက်ပဲ ထူးဆန်း ထူးဆန်း ငါ့တာအိုနှလုံးသားကိုတော့ သက်ရောက်မှု ဖြစ် အောင် လုပ်နိုင်မှာ မဟုတ်ဘူး..."


ဝမ်လင်းက မျက်လုံးမှိတ်ကာ သူ့မူလစိတ်ဝိညာဉ်သည် နတ်ဆိုးမိစ္ဆာ၏ စိတ်ဝိညာဉ်ကို ဆက်လက် အမှတ်အသား ခပ်နှိပ်နေသည်။


သည့်အပြင် စိတ်ဝိညာည်သန့်စင်ခြင်း မျိုးနွယ်စုသည် လည်းဆက်လက် ကြီးထွားနေကာ စိတ်ဝိညာဉ်သန့်စင်ခြင်း မန္တာန်ကို ကျင့်ကြံသောလူများသည်လည်း ပိုပို များပြား လာ၏။သည့်အပြင် သည်နေရာက ရှေးဟောင်းတိုက်ပွဲမြေ ဖြစ်သည့်အတွက် စိတ်ဝိညာဉ်အပိုင်းအစများစွာ ရှိလို့ နေ၏။ထိုစိတ်ဝိညာဉ်အပိုင်းအများက မြေအောက်အနက် ပိုင်း၌ ရှိနေကြသော်လည်း စိတ်ဝိညာဉ်သန့်စင်ခြင်းကလန် ကို ဝင်ရောက်လာနေသည့်လူများက မြေကြီးများကို တွင်း ပေါက်များဖြစ်အောင် စတင် တူးစွကြသည်။ထိုတွင်းပေါက် များထဲသို့ ဝင်၍ ကျင့်ကြံခြင်းသည် စိတ်ဝိညာဉ်သန့်စင်ခြင်း မန္တာန်ကို ကျင့်ကြံရန်အတွက် ကောင်းမွန်လှပေသည်။

နောက်ထပ် နည်းလမ်းတစ်ခုကတော့ မီးနတ်ဆိုးနိုင်ငံသို့ သား၍ သေဆုံးသွားသော နတ်ဆိုးတပ်သားများ၏ စိတ် ဝိညာဉ်များကို စုပ်ယူခြင်း ဖြစ်သည်။


သို့ရာတွင် သူတို့၏ ကျင့်ကြံခြင်း၌ အချို့အောင်မြင်မှု ရ နေသူများသာ ထိုသို့သွားရောက်ရန် အရည်အချင်း ရှိကြ၏။ထိုသို့ သွားရောက်လိုသူများသည် ချူးယောင်ဟွာ၏ စစ်ဆေးခြင်းကို ဖြတ်ကျော်ရ၏။သူ စစ်ဆေးသည်ကို အောင်မြင်မှသာ သွားရောက်ခွင့် ရှိ၏။


စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စုသည် အလွန်မြန်ဆန် လှသော နှုန်းဖြင့် တိုးတက်ကြီးထွားလာနေခဲ့၏။တနေ့ကျ လျှင် သူတို့၏ အင်အားစုက နိုင်ငံကိုးခုကိုပင် တုန်လှုပ်သွား နိုင်စွမ်း ရှိပေလိမ့်မည်။


မျိုးနွယ်စုဝင်များ၏ စိတ်ထဲ၌ ရှေးဟောင်းတိုက်ပွဲမြေ၏ အလယ်ဗဟိုရှိ မျှော်စင်သည် မြင့်မြတ်သည့်နေရာအဖြစ် သတ်မှတ်ထားကြ၏။


ဆယ်နှစ်တိတိ ထွက်ပေါ်လာခြင်း မရှိသည့် ဝမ်လင်း ကတော့ သူတို့၏ ဘိုးဘေးပင် ဖြစ်ချေသည်။ဝမ်လင်းက သူတို့၏ လမ်းပြသူ အကြီးအမှူးပင် ဖြစ်၏။


နေ့စဉ်နေ့တိုင်း သူက နတ်ဆိုးမိစ္ဆာ စိတ်ဝိညာဉ်ကို အမှတ်အသားခပ်နှိပ်ခြင်းကလွဲ၍ ကျန်သည့်အချိန်ကို အတားအဆီးအလံပေါ်၌ မရေမတွက်နိုင်သော အတားအဆီးများစွာအား ဖန်တီးနေခဲ့ပေသည်။သည်ဆယ်

နှစ်အတွင်း ဝမ်လင်းသည် အတားအဆီးများနှင့် ပတ် သတ်၍ ပိုပို၍ ဆင်ခြင်နိုင်ခဲ့ပေသည်။သူက အတားအဆီး ပေါင်း (၉၉၉၉)ခု အစုံလိုက်ရဖို့ ဖြည်းဖြည်းချင်း နီးကပ်လို့ လာ၏။


စိတ်ဝိညာဉ်တစ်ကုဋေအလံကိုတော့ ဝမ်လင်းက အချိန် အတန်ကြာကတည်းက ထုတ်လွှတ်ထားကာ စိတ်ဝိညာဉ် သန့်စင်ခြင်းမျိုးနွယ်စု၏ ကောင်းကင်ထက်၌ စိတ်ဝိညာည် အပိုင်းအစ သန်းတစ်ရာအား လွှမ်းခြုံဖုံးအုပ်ထားစေပေ သည်။စိတ်ဝိညာဉ်အပိုင်းအစများ၏ ငြီးသံများက နေ့စဉ် လိုလို ကြားနေရသည်သာ။ထိုအရာကပင် မျိုးနွယ်စု၏ သင်္ကေတတစ်ခု ဖြစ်လာခဲ့ပေ၏။


ဝမ်လင်းက သူ့အချိန်အများစုကို နတ်ဘုရားသတ်ဖြတ် ခြင်းစစ်ရထားပေါ်ရှိ ချိပ်တံဆိပ်များကို လေ့လာရာတွင် လည်း အသုံးပြုခဲ့ပေသည်။ဝမ်လင်းက စိတ်ဝိညာဉ်အသွင် ပြောင်းခြင်း အလယ်အဆင့်တွင် ရှိစဉ်က သူသည် ပထမ ဆုံးချိပ်ပိတ်မှုကိုသာ ဖြေလျှော့၍ အသုံးပြုရုံမျှသာ ပြုလုပ် နိုင်စွမ်း ရှိခဲ့၏။ခု သူက အာဏာတက်ခြင်းအဆင့်သို့ ရောက်ရှိချိန်တွင်တော့ ပထမဆုံးချိပ်တံဆိပ်ကို သက် တောင့်သက်သာ အသုံးပြုနိုင်ပြီ ဖြစ်သည်။သို့ရာတွင် ထို အရာက ဝမ်လင်းအတွက် မလုံလောက်သေးပေ။သူက ဒုတိယမြောက်ချိပ်တံဆိပ်ကိုပါ အသုံးပြုနိုင်စွမ်း ရှိချင် နေ၏။


ပထမချိပ်တံဆိပ်ကို အသက်သွင်း


ဖြေလျော့နိုင်ပြီး

နောက် သည်နတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထားက စိတ် ဝိညာဉ်အသွင်ပြောင်းခြင်း နောက်ဆုံးအထွတ်အထိပ် အဆင့်ကိုပင် ကြောက်လန့်စေနိုင်ခဲ့သည်။ဒုတိယ ချိပ်တံဆိပ်အတွက်မူ ဝမ်လင်းသည် ၎င်းကို သူ့နတ်ဘုရား အာရုံဖြင့် ကြည့်ရှုရုံမျှသာ လုပ်နိုင်စွမ်း ရှိ၍ လျှပ်စီးတန်း များကို ပေါ်ထွက်စေသည်။ထိုလျှပ်စီးတန်းများက သူ့နတ် ဘုရားအာရုံနောက်ကနေ ထပ်ကြပ်မကွာလိုက်ပါလာသိလို ချိပ်ပိတ်မှု ပြင်ပတွင်လည်း သူ့နောက်သို့ လိုက်ပါလာပေ သည်။ဝမ်လင်းက ထိုအရာအတွက် ကြိုတင်ပြင်ဆင်ထားခဲ့ ပြီး ဖြစ်သဖြင့် သူက ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံစိတ် ဝိညာဉ်စွမ်းအင်ကို အသက်ဝင်စေကာ အကြိမ်များစွာ ကြာပြီးမှ ထိုလျှပ်စီးကို ပက်သယ်ပစ်နိုင်ခဲ့ ပေသည်။ အသက်ရှုစာ


ထိုလျှပ်စီးတန်းမှ တစ်ဆင့် ဝမ်လင်းသည် သူသာ ဒုတိယ မြောက်ချိပ်ပိတ်မှုကို ဖယ်ရှားလိုက်သည်နှင့် သားရဲသည် ပိုမိုစွမ်းအားကောင်းလာမည်ကို ဆုံးဖြတ်လိုက်နိုင်၏။သည့် အပြင် ထိုဒုတိယမြောက်ချိပ်တံဆိပ်က စိတ်ဝိညာဉ် သားရဲ၏ လျှပ်စီးစွမ်းအားကို ချိပ်ပိတ်ထားခြင်းသာ ဖြစ်၏။


သည်နတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထားသည်


ကောင်းကင်ဘုံနယ်မြေမှ ဆင်းသက်လာသည်ဟု ပြော၍ ရ၏။ထိုစစ်ရထားကို ဖန်တီးသူသည် စစ်ရထား၏ သားရဲ များသည် စွမ်းအားကောင်းလှသည့် လက်နက်များ ဖြစ်သည်ဟု ပြောခဲ့ပေသည်။ နတ်ဘုရားသတ်ဖြတ်ခြင်း ဆို

သည့်နာမည်ကပင် တင်စီးလွန်းလှသော်လည်း ၎င်းစစ် ရထားနှင့် နှစ်ရာချီ အတူကုန်ဆုံးစေခဲ့ပြီးသည့်နောက် ဝမ် လင်းသည် ၎င်း၏ စွမ်းအားကို အပြည့်အဝ မယုံကြည် တော့ချေ။သူက ၎င်းစစ်ရထား၏ စွမ်းအားနှင့်ပတ်သတ်၍ သုံးဆယ်ရာခိုင်နှုန်းလောက်ကိုသာ ယုံကြည်တော့၏။


ဒုတိယချိပ်တံဆိပ် အပေါ် ဝမ်လင်း၏ စိတ်ဝင်စားမှုက သားရဲစိတ်ဝိညာဉ်သည် လျှပ်စီးစွမ်းအားကို ရရှိလာသည် ကို ရှာတွေ့မိချိန်မှစ၍ ကြီးစွာ တိုးလာခဲ့သည်။


သော အနက်ရောင်မျှော်စင်အောက်မှ အဘိုးအို အသုံးပြုခဲ့ လေ၊မိုး၊မိုးကြိုးနှင့်လျှပ်စီးမန္တာန်သည် လွန်စွာ စွမ်းအား ကောင်းခဲ့၏။ဝမ်လင်းက ၎င်းမန္တာန်အကြောင်း တွေးမိတိုင်း သူ့နှလုံးသားက တုန်ယင်ရသည်သာ။ ထို မန္တာန်၏ စွမ်းအားအကောင်းဆုံး အပိုင်းက အနက်ရောင် လျှပ်စီးပင်။၎င်းလျှပ်စီး မရှိပါက မန္တာန်၏စွမ်းအားသည် များစွာ အားနည်းသွားပေလိမ့်မည်။


ဝမ်လင်းက ဒုတိယချိပ်ပိတ်မှုကို ဖွင့်လှစ်နိုင်ဖို့ ယုံကြည် ချက် ရှိပေသည်။သို့ရာတွင် ထိုလျှပ်စီးကို သေချာစမ်းစစ် ကြည့်ပြီးနောက် သူက ဒုတိယချိပ်ပိတ်မှုကို ဖွင့်လှစ်လိုက် သည်နှင့် သားရဲချုပ်နှောင်ခြင်းလက်ကောက်သည် ထို သားရဲ၏ ခွန်အားကြောင့် ပျက်စီးသွားနိုင်ပေသည်။


သားရဲချုပ်နှောင်ခြင်းလက်ကောက်က ရှေးဟောင်းနတ် ဘုရားထူစီ လက်အောက်ရှိ ရှေးဟောင်းကျင့်ကြံသူတစ်

ယောက်က သူတို့ကို ကူညီပေးရန်အတွက် ဝမ်လင်းကို ပေး ထားခဲ့ခြင်း ဖြစ်၏။ထိုလက်ကောက်က ပြီးခဲ့သောနှစ်ရာချီ အတွင်း သူ့အတွက် အလွန်အထောက်အကူ ဖြစ်စေခဲ့ပေ သည်။အထူးသဖြင့် နတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထားနှင့် ပတ်သပ်ရာ၌ ဖြစ်၏။၎င်းသည် ဝမ်လင်းကို သူ့ကျင့်ကြံခြင်း အဆင့် လုံလောက်အောင်မြင့်မားခြင်း မရှိကတည်းက စစ် ရထားကို အသုံးပြုနိုင်စေခဲ့ပေသည်။


သို့သော် ခုချိန်၌ ဝမ်လင်း၏ ကျင့်ကြံမှုအဆင့်က များစွာ တိုးတက်လာခဲ့ပြီဖြစ်ကာ စစ်ရထားပေါ်ရှိ ပိုများသော ချိပ် ပိတ်မှုများကို ဖွင့်လှစ်လာသည်နှင့်အမျှ ၎င်းလက်ကောက် သည် သားရဲစိတ်ဝိညာဉ်ကို ဆက်လက် ထိန်းချုပ်နိုင်စွမ်း မ ရှိ ဖြစ်သွားပေလိမ့်မည်။


ဝမ်လင်းက အနည်းငယ်စဉ်းစားပြီးနောက် သိုလှောင် အိတ်ထဲမှ သားရဲချုပ်နှောင်ခြင်းလက်ကောက်ကို ထုတ်ယူ လိုက်သည်။ထိုလက်ကောက်က မရေမတွက်နိုင်သော ရှေးဟောင်းအတားအဆီးများနှင့် ပြည့်နှက်နေကာ ရှေးဟောင်းသားရဲများ၏ ရုပ်သွင်များကိုပါ ၎င်း လက်ကောက်အပေါ်၌ ထွင်းထုထားလေ၏။


သားရဲချုပ်နှောင်ခြင်း လက်ကောက်ကို ကြည့်နေရင်း ဝမ်လင်းက ချီတုံချတုံ ဖြစ်နေသည်။ထိုလက်ကောက်၏ အကူအညီမပါဘဲ ဝမ်လင်းက သူ့ခွန်အားသပ်သပ်ဖြင့် စစ် ရထား၏ စိတ်ဝိညာဉ်သားရဲကို ဖိနှိပ်နိုင်စွမ်း မရှိပေ။သူက စစ်ရထားဖန်တီးသူ၏ အမွေအနှစ်ကို ပြည့်စုံအောင် လုပ်

ကာ ထိုသူ ထားရှိခဲ့သော နည်းလည်းကို လိုက်နာရမည် ဖြစ်သည်။မဟုတ်လျှင် သည်ရတနာသည် အသုံးမဝင်ပေ။


ဝမ်လင်းက ထိုသားရဲချုပ်နှောင်ခြင်းလက်ကောက်ကို ဆုပ်ကိုင်ထားရင်း ဆုံးဖြတ်ချက် ချလိုက်ဟန် ပေါ်ထွက်လာ သည်။သူက မတ်တပ်ထရပ်လိုက်၏။သူက မျှော်စင်အတွင်း ကနေ ပျောက်ကွယ်သွားကာ စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုး နွယ်စု၏ ကီလိုမီတာငါးထောင်အကွာတွင် ပြန်ပေါ်လာခဲ့ တော့သည်။


ထိုနေရာက လွင်ပြင်တစ်ခု ဖြစ်ကာ လူသူလုံးဝ ကင်းမဲ့ နေ၏။ဝမ်လင်းက လက်ကောက်ကို မြေပေါ်သို့ ပစ်ချ လိုက်၏။ထိုနောက် သူက ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေ ကာ ၎င်းလက်ကောက်ထံသို့ လက်ညွှန်လိုက်သည်။ထို လက်ကောက်က အနက်ရောင်အလင်းတစ်ခုကို ပေးစွမ်း လာပြီးနောက် နတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထားအသွင် သို့ ပြောင်းလဲသွားတော့သည်။


ထိုစစ်ရထားက စူးချွန်များနှင့် ဖုံးအုပ်နေကာ


အားကောင်းသောအလင်းကို ပေးစွမ်းလို့နေ၏။ တစ်ပြိုင်နက်တည်းမှာပင် ရထား၏ သားရဲစိတ်ဝိညာဉ်က ပေါ်ထွက်လာခဲ့သည်။၎င်းသားရဲ၏ အမြင့်က ပေတစ် ထောင်ခန့်ရှိကာ တောင်အသေးတစ်ခုစာလောက်ပင် ရှိလို့ နေသည်။


၎င်းကပေါ်ထွက်လာသည်နှင့် နီရဲသောမျက်လုံးများဖြင့်

ဝမ်လင်းကို စူးစိုက်ကြည့်နေသည်။၎င်းက ဦးမညွတ်သော ဟိန်းသံ ပြုကာ ကောင်းကင်နှင့်မြေကြီးကို တုန်ခါစေလိုက် သည်။


၎င်းက ဟိန်းဟောက်ပြီးသည်နှင့် ဝမ်လင်းထံသို့ ရုတ်တရက် တိုးဝင်လာ၏။ထိုအခါ လေထုဆုတ်ပြဲသံများ ပင် ထွက်ပေါ်လာခဲ့တော့သည်။ဝမ်လင်းအသွင်က ပင်ကိုယ် အတိုင်းရှိနေကာ သူ့ညာလက်ကို ရှေ့သို့တွန်းထုတ်လိုက်၏။


ထိုအရာက ဧရာမလက်ကြီးတစ်ခု ကောင်းကင်မှ သက် ဆင်းလာသည့်အလားပင်။ကျယ်လောင်သောအသံတစ်ခု ထွက်ပေါ်လာပြီးနောက် သားရဲစိတ်ဝိညာဉ်၏ ခန္ဓာကိုယ် ကြီးသည် မြေပြင်ပေါ်သို့ ဖိချခြင်း ခံလိုက်ရသည်။


ဖုန်များ ထောင်းထောင်းထသွားကာ ကျယ်လောင်သော အသံနှင့်အတူ မြေပြင်သည် တုန်ခါသွား၏။


စိတ်ဝိညာဉ်သားရဲက


ခေါင်းမော့ကြည့်လာသည်။


၎င်း၏မျက်လုံးထဲ၌ ရုန်းကန်နေသော စိတ်ဆန္ဒတို့ ပြည့် နေ၏။၎င်းက ကြမ်းကြုတ်စွာ ဟိန်းသံပြု၍ ဝမ်လင်းကို စူး ရဲစွာ ကြည့်နေသည်။၎င်း၏ အညံမခံလိုသောအော်ရာက ပေါက်ကွဲထွက်လာလေသည်။


ဝမ်လင်းက ထိုစိတ်ဝိညာဉ်သားရဲကို တည်ငြိမ်စွာ ကြည့်သည်။အတိတ်တုန်းက ဝမ်လင်းသည် ထိုစိတ်ဝိညာဉ် သားရဲကို ဖက်ပြိုင်နိုင်ခြင်း မရှိပေ။သို့ရာတွင် ခုချိန်၌ သူ သည် ထိုသားရဲကို ချုပ်နှောင်ခြင်းမှ မလွတ်ကင်းသွားရန်

လွယ်ကူစွာ ဖိနှိပ်ထားနိုင်ပြီ ဖြစ်သည်။


သူက အကာအဝေးတစ်ခုကပင် ထိုသားရဲကို ညာလက် ဖြင့် လဲကျသွားစေခဲ့၏။ဝမ်လင်းက သူ့လျှာကို အနည်းငယ် ကိုက်လိုက်၏။သည့်နောက် သူက ကောင်းကင်ထက်၌ လက်ဟန်တစ်ခု ရေးစွဲလိုက်ရာ သွေးသင်္ကေတတစ်ခုသည် ဖြည်းဖြည်းချင်း သိပ်သည်းလာသည်။ထိုသင်္ကေတသည် နတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထား၏ ဖန်တီးသူ ချန် ထားခဲ့သော အရာ ဖြစ်၏။စုစုပေါင်း သင်္ကေတခုနစ်ခု ရှိကာ ခုနစ်ခုလုံးကို ချမှတ်နိုင်သည်နှင့် စစ်ရထားက ပိုင်ရှင် အဖြစ် အသိအမှတ်ပြုပေလိမ့်မည်။


သို့ရာတွင် ထိုသင်္ကေတခုနစ်ခုလုံးထဲမှ နှစ်ခုသည် လေးခု မြောက်ချိပ်ပိတ်မှုကို ဖြေလျှော့နိုင်ချိန်မှသာ အသုံးပြုနိုင် မည် ဖြစ်သည်။


သွေးသင်္ကေတပြည့်စုံသွားသည်နှင့် ဝမ်လင်းက ၎င်းကို ဆက်ခနဲ တောက်ထုတ်လိုက်၏။၎င်းက သွေးအလင်းတန်း အဖြစ် ပြောင်းလဲကာ မြေပြင်ပေါ်တွင် ရုန်းကန်နေသော သားရဲထံသို့ တိုက်ရိုက် ပျံသန်းသွားသည်။သွေးသင်္ကေတ က သားရဲ၏မျက်ခုံးနှစ်ခုကြားသို့ ကျရောက်ကာ သွား၏။


သားရဲစိတ်ဝိညာဉ်၏ ခန္ဓာကိုယ်က တုန်ယင်သွားကာ ၎င်းက အတော်လေးနာကျင်သွားဟန် ရသည်။၎င်းက အရူး အမူး ဟိန်းသံပြုကာ စတင် ရုန်းကန်လေတော့သည်။


ဝမ်လင်းမျက်လုံးများက တဖျပ်ဖျပ် လင်းလက်နေကာ

သူ့ညာလက်ကို ဖြေလျှော့ပေးလိုက်၏။


ထိုအခါမှသာ သားရဲက ပြန်လွတ်လပ်သွား၏။သားရဲက လွတ်လပ်သွားသည်နှင့် ဝမ်လင်းကို စူးရဲစွာ ကြည့်လာ ပြန်သည်။၎င်းက ဆက်တိုက်ဟိန်းဟောက်လိုက်ကာ ၎င်း မျက်လုံးထဲရှိ အညံမခံသည့်သဘာဝက ပိုမိုအားကောင်း လာခဲ့တော့၏။


ဝမ်လင်းက စိတ်ဝိညာဉ်သားရဲကို အေးစက်စွာ ကြည့်၍ ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေလိုက်သည်။သူ့လက်ထဲရှိထိုချိပ်တံဆိပ်မှ အနက်ရောင်အလင်းတစ်ခု ပေါ်လာ၏။ သည့်နောက် သူက အော်ပြောလိုက်၏။ "ပထမဆုံးချိပ်ပိတ် မှု ပွင့်ဟစမ်း..."


အနက်ရောင်အလင်းက စိတ်ဝိညာဉ်သားရဲပေါ်သို့ ကျ ရောက်လို့သွားသည်။အက်ကွဲသံများ ထွက်ပေါ်လာ၏။ သည့်နောက် ပြင်းထန်သောအော်ရာတစ်ခုက ၎င်းသားရဲ၏ ခန္ဓာကိုယ်ကနေ ရုတ်တရက် ထွက်ပေါ်လာတော့သည်။


ချက်ခြင်းလိုလိုပင် စိတ်ဝိညာဉ်သားရဲက ပြန်ထရပ် လာ၏။၎င်း၏ သွေးနီရောင်ပါးစပ်ကြီးကို ဟကာ ဝမ်လင်း ထံသို့ တဟုန်ထိုး ပြေးဝင်လာတော့သည်။


ဝမ်လင်းခန္ဓာကိုယ်က ရွှေ့လျားခြင်း မရှိပေ။သူက သူ့ညာ လက်ကို နောက်တစ်ဖန် လှုပ်ရှားလိုက်ကာ ဝှေ့ယမ်း လိုက်၏။


ထိုအရာက လေပြင်းတစ်ခုဖြစ်တည်ကာ လက်ဝါးအသွင်

သို့ ပြောင်းလဲ ဖြစ်ပေါ်သွားပြီး သားရဲပေါ်သို့ ကျရောက်ထိမှန်သွားသည်။ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက် ပေါ်လာကာ သားရဲ၏ ပါးစပ်ကြီးက ဖိချခံရကာ စုတ်ပြတ် သွားလေ၏။သားရဲက နောက်သို့ ချက်ခြင်း ဆုတ်လိုက်၏။ ၎င်းက နောက်ဆုတ်ရင်း ၎င်း၏ခန္ဓာကိုယ်သည် အနက် ရောင်အခိုးငွေ့များအဖြစ် ပြောင်းလဲ၍ အရပ်မျက်နှာအနှံ့သို့ ပြန့်ကျဲသွားကာ ဝမ်လင်းထံသို့ အရူးအမူး တိုးဝင်လာ တော့သည်။


ဝမ်လင်းက လက်နှစ်ဖက်လုံးဖြင့် လေထဲ၌ ရေးဆွဲဟန် ပြုလိုက်ရာ သူ့ရှေ့၌ သွေးသင်္ကေတနှစ်ခုပေါ်လာခဲ့တော့၏။


ထိုအခိုက်အတန့်၌ အနက်ရောင်အလင်းအားလုံးနီးပါး သည် ဝမ်လင်းခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားကာ သူ့မူလ စိတ်ဝိညာဉ်ထဲသို့ တိုးဝင်သွားချေသည်။ဝမ်လင်းက နှာခေါင်းရှုံ့လိုက်၏။သူ့မျက်လုံးထဲမှ ရွှေရောင်အလင်းတစ် ခု ဖျပ်ခနဲ ထွက်ပေါ်လာသည်။


"မူလစိတ်ဝိညာဉ်... ထွက်ခွာချေ..." ဝမ်လင်းက မာန် သွင်းအော်ဟစ်လိုက်၏။သူ့မျက်လုံးကတော့ မှိန်ဖျော့လို့ သွားသည်။သည့်နောက် သူ့မူလစိတ်ဝိညာဉ်သည် ပျံသန်း ထွက်သွားတော့၏။ထို့နောက် သားရဲစိတ်ဝိညာဉ်သည် ဝမ် လင်းမူလစိတ်ဝိညာဉ်၏ လည်ပင်းဆုပ်ကိုင်ခြင်းကို ခံလိုက် ရလေသည်။


သွေးသင်္ကေတနှစ်ခုက မြန်ဆန်စွာ ပျံသန်းထွက်လာပြီး

နောက် ဝမ်လင်းမူလစိတ်ဝိညာဉ်၏ ဘယ်လက်ဖြင့် ဖမ်း ဆုပ် ခံလိုက်ရသည်။သည့်နောက် သူက ထိုသင်္ကေတနှစ်ခု ကို သားရဲစိတ်ဝိညာဉ်၏ မျက်ခုံးနှစ်ခုကားသို့ ဖိနှိပ်ချလိုက် သည်။


သားရဲစိတ်ဝိညာဉ်၏ခန္ဓာကိုယ်သည် တုန်ယင်သွား၏။ သည့်နောက် ပိုမိုပြင်းထန်သောအော်ရာတစ်ခုက တဟုန် ထိုး ထွက်ပေါ်လာတော့သည်။ထိုအခါ ဝမ်လင်းမူလစိတ် ဝိညာဉ် လက်ထဲကနေ မမျှော်လင့်ဘဲ လွတ်မြောက်သွား၏။


ဝမ်လင်းမူလစိတ်ဝိညာဉ်က သူ့ခန္ဓာကိုယ်ထဲသို့ ပြန်ဝင် ရောက်သွားသည်။သူ့မျက်လုံးများက ပွင့်ဟလာကာ သူက သားရဲထံသို့ ကြည့်လိုက်သည်။


ထိုအချိန်အခိုက်အတန့်၌ ဝမ်လင်းနှင့် ကီလိုမီတာများစွာ ဝေးကွာသော တစ်နေရာ၌ မီးနတ်ဆိုးနိုင်ငံနှင့် ရွှေရောင် နတ်ဆိုးနိုင်ငံတို့ကြား နယ်နိမိတ်တစ်ခု ရှိလေသည်။ထို နေရာက ကြီးမားသောတောင်တန်းတစ်ခုပင် ဖြစ်၏။ အနံ့အသက်ဆိုးများက ထိုနေရာတွင် တစ်နှစ်ပတ်လည်လုံး ပြည့်လို့နေသည်။ထို့ကြောင့် ထိုနေရာသည် နတ်ဆိုးနိုင်ငံ များ မကိုင်တွယ်သည့် နေရာတစ်ခု ဖြစ်လို့နေ၏။


ထိုအနံအသက်ဆိုးများကြား၏ အတွင်းနက်ပိုင်း၌ အဖြူ ရောင်မြို့တစ်မြို့ရှိလို့နေသည်။တိတိကျကျဆိုလျှင် ပေတစ် ရာလောက်မြင့်သည့် အဖြူရောင်ကျောက်နံရံများ ဝန်းရံ ထားသော ရဲတိုက်တစ်ခုပင်။ထိုရဲတိုက်၏ အတွင်းဘက်က

နေ ထူးဆန်းအံ့ဖွယ်ခံစားချက်ကို ပေးစွမ်းလို့နေသည်။


အခုအခိုက်အတန့်၌ ထိုအနက်အသက်ဆိုးများကြားသို့ အနက်ရောင်အရိပ်တစ်ခုသည် လျင်မြန်စွာ ပျံသန်းလာ နေ၏။လေထဲ၌ ရှိနေစဉ်မှာပင် ထိုအရိပ်သည် ဒူးတစ်ဖက် ထောက်ချကာ လေးစားစွာ ပြောလိုက်၏။ "ဘိုးဘေးကို နှုတ်ဆက်ပါတယ်။ဒီအစေခံက ကောင်းကင်နတ်ဆိုးနိုင်ငံ ကနေ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လုံးလုံး ပျောက်ဆုံးသွားခဲ့တဲ့ ဝမ်လင်းရဲ့ တည်နေရာကို ရှာတွေ့ခဲ့ပါပြီ..."


ရဲတိုက်ထဲ၌ ခဏတာ တိတ်ဆိတ်သွားပြီးနောက် ကျောချမ်းဖွယ်အသံတစ်သံ ထွက်ပေါ်လာသည်။ "သူ့ ခု လက်ရှိ ကျင့်ကြံမှုက ဘယ်အဆင့်မှာလဲ..."


အနက်ရောင်အရိပ်က ခဏတာ တုံ့ဆိုင်းသွားပြီးနောက် ပြောလိုက်၏။ "ဒီ...ဒီအစေခံက သူ့ကျင့်ကြံမှုအဆင့်ကို တော့ မသိခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ အရင်တုန်းက သူ့ကို ဖမ်းဖို့ လွှတ်ခဲ့တဲ့အဖွဲ့က အသတ်ခံလိုက်ရလို့ပါ။ဒါ့ကြောင့် ဘာသတင်းမှ ပြန်မကြားခဲ့ရပါဘူး။ဒါပေမဲ့ ဒီအစေခံသိတာ ကတော့ ဒီလူဟာ ရှေးဟောင်းနတ်ဆိုးရဲ့တမန်တော် အဖြစ် ညွှန်းဆိုခြင်း ခံထားရတယ် ဆိုတာပါပဲ..."


“ရှေးဟောင်းနတ်ဆိုးရဲ့တမန်တော်...ဟားဟား...ဒီအ ဘိုးအိုမျက်စိကျတဲ့လူက တကယ် သာမန်မဟုတ်ဘူးပဲ။ ကောင်းကင်ဘုံသက်တော်စောင့်တစ်ယောက်ကို ခေါ်သွား ပါ။ ပြီးရင် သူ့ကို အသက်ရှင်လျက် ဖမ်းလာခဲ့ချေ..."

အနက်ရောင်အရိပ်က အမိန့်ကို နာခံပြီးနောက် ပြန်လည် ပျောက်ကွယ်သွားတော့သည်။


ရေရွတ်လာသည်။ ရဲတိုက်ထဲ၌ ပိန်ပါးပါးအဘိုးအိုတစ်ယောက်သည် ခပ် တိုးတိုး "ဒီဝမ်လင်းကိုသာ ကောင်းကောင်းလေ့ကျင့်ပေးမယ်ဆိုရင် သူက ငါ့အတွက် နောက်ထပ် ကောင်းကင်ဘုံသက်တော်စောင့်တစ်ယောက် ဖြစ်လာနိုင်တယ်။သူ့ကျင့်ကြံမှုအဆင့်က ဘယ်လောက်ပဲ မြင့်မြင့် သူက အာ 

ဏာတက်ခြင်းအဆင့်ကိုမရောက်သေး သ၍ ငါလွှတ်လိုက်တဲ့ ကောင်းကင်ဘုံသက်တောင်စောင့်က သူ့ကို ဖမ်းခေါ်လာနိုင်ဖို့ ဘာပြဿနာမှ ရှိမှာ မဟုတ်ဘူး..."


ဝမ်လင်းက သားရဲစိတ်ဝိညာဉ်ကို စူးရဲစွာ ကြည့် နေသည်။တတိယမြောက် သွေးသင်္ကေတ သားရဲစိတ် ဝိညာဉ်ပေါ်သို့ ခပ်နှိပ်သွားပြီးနောက် ၎င်း၏အော်ရာသည် ဝမ်လင်းကိုပင် အထိတ်တလန့်ဖြစ်စေသည်။


သားရဲ၏ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန် တုန်ယင် သန်မာ နေကာ ၎င်းမျက်လုံးထဲရှိ အနီရောင်အလင်းသည်လည်း ပိုမိုအားကောင်းလာသည်။အနီရောင်အလင်းက လွန်သဖြင့် မျက်လုံးပြင်ပ သုံးလက်မလောက်ထိ ထိုးထွက် ကာ နေသည်။


3 ဝမ်လင်းက သားရဲကို တည်ငြိမ်စွာ ကြည့်နေ၏။သူက တည်ငြိမ်နေသော်လည်း မျက်လုံးများကတော့ လက်လက်တောက်ပကာ နေသည်။သားရဲပေါ်ရှိ ချိပ်ပိတ်မှု များကို ဖြေလျှော့ပေးရန် ညွှန်ပြမှုများပါသည့် ကျောက်စိမ်း ပြားအကြောင်းကိုတော့ အရင်က ပြောပြထားခဲ့ပြီးသား ဖြစ်၏။


နတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထား၏ အဓိကစွမ်းအား

သည် ထိုသားရဲစိတ်ဝိညာဉ်ပင် ဖြစ်၏။သွေးချိပ်တံဆိပ် ခုနစ်ခုထဲမှ တစ်ခုကို ဆော်တိုင်း ထိုသားရဲသည် ဖွံဖြိုး လာမည် ဖြစ်သည်။


ထိုလှုံ့ဆော်မှုက အထိတ်အထိပ်သို့ ရောက်ချိန်၌ သားရဲ ကိုယ်ပေါ်ရှိ ချိပ်ပိတ်မှုများကို ဖြေလျှော့ပေးခြင်း မပြုပါက ၎င်းသည် ပေါက်ကွဲ၍ သေဆုံးသွားပေလိမ့်မည်။သို့ရာတွင် ချိပ်တံဆိပ်များကို စောလျှင်စွာ ဖြေလျှော့ပေးထားပါက သားရဲ၏ဖွံ့ဖြိုးမှုသည် အကန့်အသတ်ဖြစ်ကာ နောက် အနာဂတ်တွင် ၎င်း၏စွမ်းအားအထွတ်အထိပ်သို့ ရောက် နိုင်စွမ်း မရှိ ဖြစ်ရမည်သာ။


အမှန်တော့ စစ်ရထားသုံးခုလုံးသည် ထိုရထားဖန်တီးသူ မသေဆုံးခင်က လုံးဝ အသုံးမပြုခဲ့ရပေ။ထိုစစ်ရထား တီ တွင်သူ၏ မူလအစီအစဉ်သည် စစ်ရထားသုံးခုကို တစ်ပြိုင်နက်တည်း အသက်သွင်းကာ ပြီးပြည့်စုံရန် ဖြစ်သည်။


ထို့ကြောင့်လည်း သူက ချိပ်တံဆိပ်ကို တစ်ခါ ဖြေလျှော့ လိုက်သည်နှင့် ၎င်းစစ်ရထား၏ စွမ်းအားက အထွတ်အထိပ်သို့ ရောက်ရှိသွားပေလိမ့်မည်။ထိုအခါကျမှ သာ ထိုနတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထားဟူသည့် အမည်နာမနှင့် ကိုက်ညီမည်သာ။


တီထွင်သူ၏ မူလအစီအစဉ်အရ သူက လိုအပ်သော ပစ္စည်းများကို စုစည်းပြီးနောက် ကောင်းကင်ဘုံအင်ပါယာ

အဆင့်ရှိ လူတစ်ယောက်ကို ထိုရထားအား ဦးဆုံးအကြိမ် အသက်သွင်းရန်အတွက် အကူအညီတောင်းရန် ရှာဖွေမည် ဖြစ်သည်။


ကျောက်စိမ်းပြားထဲ၌


စစ်ရထားဖန်တီးသူက ကောင်းကင်ဘုံအင်ပါယာအဆင့်မရှိသော တစ်စုံတစ်ယောက်သည် တတိယမြောက်စစ်ရထားကို အသက်ဝင်စေဖို့ မဖြစ်နိုင်ကြောင်း ရှင်းလင်းစွာ ဖော်ပြ ထားခဲ့ပေ၏။


စစ်ရထား၏ စိတ်ဝိညာဉ်သားရဲက ဆက်လက်၍ ကျုံ့လာ ခဲ့ကာ ၎င်းခန္ဓာကိုယ်ထဲရှိ အော်ရာသည်လည်း ပိုပို၍ ကြောက်မက်ဖွယ် ကောင်းလာခဲ့တော့၏။ကောင်းကင်ပင် တဖြည်းဖြည်း နက်မှောင်လာခဲ့ကာ အရင်ကကဲ့သို့ ကြည်လင်နေခြင်း မရှိ ဖြစ်ရသည်။


ဝမ်လင်းမျက်လုံးများကလည်း လင်းလက်လို့နေ၏။သူ့ ရှေ့ရှိ စိတ်ဝိညာဉ်သားရဲ၏ အော်ရာက အာဏာတက်ခြင်း အစောပိုင်းကျင့်ကြံသူတစ်ယောက်၏ ခွန်အားကို ဖိနှိပ် ထားနိုင်ပေသည်။၎င်းက တဖြည်းဖြည်းဖြင့် အာဏာတက် ခြင်းအလယ်အဆင့်ထိ တိုးမြှင့်လာခဲ့ကာ ဆက်လက်၍ မြင့် တက်လာခဲ့၏။


အသက်ရှုချိန်အကြိမ်များစွာ ကြာမြင့်ပြီးသည့်နောက် သားရဲ၏ခန္ဓာကိုယ်က ပေတစ်ထောင်မှသည် ပေတစ်ရာသို့ ကျုံ့သွားခဲ့၏။သို့ရာတွင် ၎င်းမျက်လုံးထဲမှ ထုတ်လွှတ်နေ

သော အနီရောင်အလင်းသည် ခုနစ်ပေခန့်ထိ ရှိလာခဲ့လေပြီ


ဝမ်လင်းမျက်လုံးများက ကျဉ်းမြောင်းကာသွား၏။ သည့်နောက် သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေကာ အနက်ရောင်အလင်းတစ်ခုက သူ့လက်ဝါးထဲ၌ ပေါ်ထွက်လို့ လာသည်။စိတ်ဝိညာဉ်သားရဲကို ကြည့်နေ သော သူ့မျက်လုံးများသည်လည်း လွန်စွာ တောက်ပလာ ခဲ့၏။


ထိုအခိုက်အတန့်၌ သားရဲမျက်လုံးထဲရှိ အနီရောင် အလင်းသည် ရုတ်တရက် ပြန်ရုတ်သိမ်းသွား၏။ ရုတ်တရက် ပြင်းထန်သော အဖျက်အစီးအော်ရာတစ်ခုက ၎င်းသားရဲ၏ ခန္ဓာကိုယ်ထဲကနေ မြင့်တက်လို့လာ တော့သည်။


ထိုမြင့်တက်လာမှုနှုန်းက အလွန်မြန်ဆန်လှ၏။သားရဲ ခန္ဓာကိုယ်ပတ်လည်၌ အဖျက်အစီးအော်ရာ အဝန်းအဝိုင်း တစ်ခုပင် ဖြစ်တည်လာသည်။ဝမ်လင်းမျက်လုံးများက သားရဲကို သေချာကြည့်ရှုနေရင်း ဆင်ခြင်မှုတို့နှင့် ပြည့်နှက် ကာ နေ၏။သူက သားရဲထက်သို့ လက်ညွှန်ကာ အော်ပြော လိုက်သည်။ "ဒုတိယမြောက်ချိပ်တံဆိပ်...ပွင့်ဟစမ်း...


ဝမ်လင်းလက်ထဲရှိ အနက်ရောင်အလင်းက ပျံသန်းထွက် သွား၏။သားရဲအော်ရာက အထွတ်အထိပ်သို့ ရောက်သွား သည့် အခိုက်၌ ၎င်းအလင်းက သားရဲခန္ဓာကိုယ်ပေါ်သို့ ကျ

ရောက်သွားသည်။ချက်ခြင်းပင် သားရဲက တုန်ယင်နေရာ ကနေ ရပ်တန့်ကာ ၎င်းခန္ဓာကိုယ်ပတ်လည်ရှိ အဖျက်အစီး အော်ရာသည် တည်ငြိမ်လာခဲ့သည်။သည့်နောက် ၎င်းက ခေါင်းမော့ကာ ကောင်းကင်ထက်သို့ ကြည့်၍ ဟိန်းသံ ပြု၏။


မိုးခြိမ်းသံများ ကောင်းကင်ထက်မှ ရုတ်တရက် ထွက် ပေါ်လာကာ လျှပ်စီးတန်းအလင်းတန်းများလည်း ဆင်းသက်လို့လာချေသည်။ထိုအရာက နတ်ဘုရားပြစ်ဒဏ် မဟုတ်ချေ။၎င်းက သားရဲက ဖန်တီးထားခြင်းသာ။


ကောင်းကင်ထက်မှ သက်ဆင်းလာသည့် လျှပ်စီးတန်းက သားရဲစိတ်ဝိညာဉ်ခန္ဓာကိုယ်ပေါ်သို့ လျှပ်စီးအလင်းတန်းတစ်ခုပြီးတစ်ခုက သွား၏။ ကျရောက်သွား၏။ ချိတ်ဆက်လို့


စိတ်ဝိညာဉ်သားရဲ၏ ခန္ဓာကိုယ်သည် လျှပ်စီးတန်း အဝန်းအဝိုင်းနှင့် ဝန်းရံကာနေသည်။မက မတ်တပ်ရပ်နေ ရာကနေ တဖြည်းဖြည်း လှဲလျောင်းသွားကာ ချီလင်သားရဲ နှင့် ဆင်တူသော အသွင်သို့ ပြောင်းလဲသွားတော့၏။


သို့ရာတွင် ၎င်းက ချီလင်သားရဲ မဟုတ်ပေ။သို့သော် ကောင်းကင်ဘုံနယ်မြေတွင် ချီလင်သားရဲထက် ပိုမိုရှားပါး သော သားရဲတစ်ကောင်ပင် ဖြစ်၏။ ထိုသားရဲနာမည်က မိုးကြိုးသားရဲပင်။မိုးကြိုးလျှပ်စီးများ၏ သက်ရောက်မှု အောက်၌ ၎င်း၏ဦးခေါင်းထက်မှ ငွေရောင်ဦးချိုတစ်ခု

ဖြည်းဖြည်းချင်း ပေါ်ထွက်လာခဲ့လေသည်။


ဝမ်လင်းက ငွေရောင်ဦးချိုကို မြင်လိုက်သည့်အခါ သူ့ မျက်လုံးထဲ၌ စိတ်ပျက်ဟန်တို့ ဖြစ်ပေါ်သွား၏။သူက သက်ပြင်းချကာ ရှေ့သို့ ရွှေ့လျားလိုက်၏။သူ့လက်ဖြင့် လေ ထဲ၌ ရေးဆွဲလိုက်ရာ လေးခုမြောက်သင်္ကေတက ပြည့်စုံလို့ သွားတော့သည်။သူက ထိုသွေးသင်္ကေတကို ဖမ်းဆုပ်ကာ မိုးကြိုးသားရဲထံသို့ ပစ်သွင်းကျရောက်စေလိုက်သည်။


"ကျောက်စိမ်းပြားထဲမှာ ဖော်ပြထားတဲ့ အတိုင်းဆိုရင် ဒုတိယမြောက်ချိပ်စစ်ရထားပေါ်ရှိဒုတိယချိပ်ပိတ်မှုကို ပြည့်စုံစွာ အသက်သွင်းလိုက်နိုင်တာနဲ့ ရွှေရောင်ဦးချိုတစ်ခု ပေါ်လာသင့်တယ်..."


ဝမ်လင်းက မိုးကြိုးသားရဲအနားသို့ ချက်ခြင်း နီးကပ်လာ ခဲ့ကာ လျှပ်စီးများကို တိုက်ရိုက်ဖြတ်ကျော်၍ သားရဲ၏မျက်ခုံးနှစ်ခုကြားသို့ သွေးသင်္ကေတကို ဖိနှိပ်ချ လိုက်သည်။


သူထိုသို့ ချိန်သားကိုက်လုပ်ဆောင်မှုသည် ကျောက်စိမ်း ပြားပေါ်တွင် ဖော်ပြထားသည့်နည်းတစ်ခု ဖြစ်၏။စိတ် ဝိညာဉ်သားရဲက မိုးကြိုးသားရဲအဖြစ်သို့ ဖွံ့ဖြိုးပြောင်းလဲ သည့် အခိုက်မှာ ၎င်း၏အသက်ဓာတ်ကို အမှတ်အသားခပ် နှိပ်သည့် အခိုက်အတန့် ဖြစ်၏။ထိုနည်းက စစ်ရထား ဖန်တီးသူ ချန်ထားခဲ့သော အထူးနည်းလည်း ဖြစ်၏။


သားရဲ၏မျက်ခုံးနှစ်ခုကြားတွင် သွေးသင်္ကေတက ခပ်

နှိပ်ပြီးသွားလေပြီ။၎င်းသင်္ကေတ ကျရောက်သွားချိန်၌ ရွှေရောင်အလင်းတစ်ခု ဖျပ်ခနဲ ဖြစ်သွား၏။ဝမ်လင်းက မှင် သက်သွား၏။သို့သော် သူက အနီးကပ် ကြည့်လိုက်ချိန်တွင် တော့ မည်သည့်ရွှေရောင်အလင်းမှ ရှိမနေတော့ပေ။


လေးခုမြောက်သွေးသင်္ကေတကို ခပ်နှိပ်ပြီးသည့်နောက် မိုးကြိုးသားရဲသည် ဝမ်လင်းကို ရန်လိုသောအကြည့်ဖြင့် မ ကြည့်တော့ပေ။သို့ရာတွင် ၎င်းအကြည့်ထဲ၌ နွေးထွေးမှု လည်း ပါဝင်မနေခဲ့ပါ။၎င်းက ဝမ်လင်းကို တစ်ချက် ကြည့် လိုက်ပြီးနောက် နတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထားထဲသို့ ဝင်ရောက် ပျောက်ကွယ်လို့ သွားတော့သည်။


ဝမ်လင်းက ညာလက်ကို ဆန့်ထုတ်၍ စစ်ရထားကို သူ့ သိုလှောင်အိတ်ထဲသို့ ပြန်သိမ်းဆည်းလိုက်၏။သူ့မျက်လုံး က တလက်လက် ဖြစ်နေပြီး သူက တွေးတောလိုက်သည်။ "ဒီရွှေရောင်အလင်း ဖျပ်ခနဲပေါ်သွားတာက ထင်ယောင်ထင်မှား ဖြစ်တာတော့ မဖြစ်နိုင်ဘူး။ဒါပေမဲ့ ဒါက ဘာလိုများ ဖြစ်သွားရတာလဲ...ဒီသားရဲက ငွေရောင် ဦးချိုရှိရင်တောင် ၎င်းက အာဏာတက်ခြင်းအလယ်အဆင့် ကျင့်ကြံသူတစ်ယောက်နဲ့ ရင်ဆိုင်နိုင်ဖို့ လုံလောက်နေပြီ။ဒီ နေရာမှာ ရှိတဲ့ ဒေသခံတွေကို ရင်ဆိုင်ရတာက လွယ်ပေမဲ့ အာဏာတက်ခြင်းအလယ်အဆင့်ကို ရောက်နေတဲ့ ကျင့်ကြံ သူတွေဆိုရင်တော့ ရိုးရိုးရှင်းရှင်း လွယ်ကူနေပါ့မလား။သူ တို့က အားကောင်းတဲ့မန္တာန်တွေ ဒါမှာမဟုတ် အံ့ချီးဖွယ် ရတနာတွေ ရှိနေနိုင်တယ်..."

ဒါ့ကြောင့် ငါက ငါ့အာဏာတက်ခြင်းအစောပိုင်းအဆင့် နဲ့ ဘယ်အာဏာတက်ခြင်းအလယ်အဆင့် ကျင့်ကြံသူကိုမ ဆို အနိုင်ရနိုင်လိမ့်မယ်လို့ မပြောဝံ့ဘူး။ ငါက ဒီလိုလူစား မျိုးတွေကို သတ်နိုင်ဖို့ဆိုတာလည်း မဖြစ်နိုင်ဘူး။ငါက ငါ့ ထက် အားနည်းတဲ့ မန္တာန်နဲ့ ရတနာတွေ အသုံးပြုတဲ့ အာဏာတက်ခြင်းအလယ်အဆင့် ကျင့်ကြံသူတစ်ယောက် နဲ့ တွေ့ရင်တော့ သတ်နိုင်ကောင်း သတ်နိုင်လိမ့်မယ်..."


"အာဏာတက်ခြင်းနောက်ဆုံးအဆင့် ကျင့်ကြံသူတွေ ကတော့...အင်း ဒါကတော့ တော်တော်လေး ငါ့အတွက် ခက်ခဲသွားပြီ..." ဝမ်လင်းက သက်ပြင်းချလိုက်မိသည်။


"ရှေးဟောင်းတိုက်ပွဲနယ်မြေမှာ ငါနဲ့ ရင်ဆိုင်ခဲ့တဲ့ အနက်ရောင်ဝတ်စုံနဲ့အဘိုးအိုဆိုရင်လည်း အာဏာတက် ခြင်းနောက်ဆုံးအဆင့်ကို ရောက်နေခဲ့တာ။ငါက ဒီမိုးကြိုး သားရဲကို အသုံးပြုမယ်ဆိုရင်တောင် အာဏာတက်ခြင်း နောက်ဆုံးအဆင့်တစ်ယောက်ရဲ့ စွမ်းအားကို မခုခံနိုင်မှာ စိုးရိမ်မိတယ်။ကံကောင်းစွာနဲ့ ငါ့မှာ လင်းထျန်ဟူရဲ့ ဓား စွမ်းအင် ရှိနေတာပဲ။ဒါ့ကြောင့် ငါက အဲ့အဆင့်တစ် ယောက်နဲ့ အမှန်တကယ် ကြုံရမယ်ဆိုရင်တောင် ဘာမှ ကြောက်စရာတော့ မလိုဘူး..."


ဝမ်လင်းက ရှေ့သို့ ခြေလှမ်းကာ မျှော်စင်ထဲသို့ တည်နေရာ ရွှေ့ပြောင်းလိုက်၏။


"အာဏာတက်ခြင်းနောက်ဆုံးအဆင့် ကျင့်ကြံသူတွေက

အဆင့်ပဲ။ဒီလူတွေက စွမ်းအားကောင်းလွန်းနေတာက သူတို့ဟာ ပထမအဆင့် နယ်ပယ်ရဲ့နောက်ဆုံးအခြေအနေကို ရောက်နေလို့ပဲ။ အထူးသဖြင့် အာဏာတက်ခြင်းနောက်ဆုံး အထွတ်အထိပ် ပထမအဆင့်နယ်ပယ်ရဲ့ အထွတ်အထိပ်တွေလိုတောင် ယူဆလို့ရတယ်။တိုက်ပွဲမှာ ဆိုရင် ဒီလူတွေနဲ့ အဆင့်တူတွေပဲ သူတို့နဲ့ ယှဉ်နိုင်လိမ့် မယ်။ သူတို့နဲ့ ယှဉ်နိုင်ဖို့ လင်းလျန်ဟူရဲ့ ဓားစွမ်းအင်၊ဒါမှ မဟုတ် စိတ်ဝိညာဉ်တစ်ကုဋေအလံရဲ့ လေးခုမြောက်အလံ စိတ်ဝိညာဉ်လိုမျိုး ကောင်းကင်ဘုံကိုဆန့်ကျင်နိုင်တဲ့ ရတနာမျိုး မရှိဘူးဆိုရင်တော့ ဘယ်လိုမှ ဖြစ်နိုင်မှာ မဟုတ်ဘူး..."


"ဒါပေမဲ့လည်း ဒီလေးခုမြောက်စိတ်ဝိညာဉ်က ကျူးချွဲဇီ ရဲ့ ဖမ်းစီးခြင်းကို ခံလိုက်ရပြီး ဆရာသွန်းထျန်လည်း သေဆုံးခဲ့ရတယ်…"


"အရင်တုန်းက နတ်ဆိုးမျှော်စင်အောက်မှာ အနက် ရောင်ဝတ်စုံနဲ့အဘိုးအို အသုံးပြုခဲ့တဲ့ လေ၊မိုး၊မိုးကြိုးနဲ့ လျှပ်စီး မန္တာန်ဆိုရင်လည်း သူ့အားအနည်းဆုံး မန္တန်တဲ့ ၊ ဒါက မှားတော့ မမှားနိုင်လောက်ဘူး..."


ဝမ်လင်းက မျှောင်စင်ထဲ၌ ကြာပွင့်သဏ္ဌာန်ထိုင်ကာ စဉ်းစားလို့နေသည်။


"ငါ့မှာ သတ်ဖြတ်ခြင်းစွမ်းအင်အမျှင်တန်း တစ်သန်း၊ စိတ်ဝိညာဉ်တစ်ကုဋေအလံ၊ နတ်ဘုရားသတ်ဖြတ်ခြင်း စစ်

ရထားနဲ့ တစ္ဆေလောကမြစ် စတဲ့အရာတွေနဲ့ ဆိုရင် ငါက အာဏာတက်ခြင်းနောက်ဆုံးအဆင့်တစ်ယောက်ကို အနိုင်ရနိုင်လောက်လား..."


ဝမ်လင်းက တိတ်ဆိတ်စွာသာ ဆက်၍ စဉ်းစား နေသည်။


"ငါ့မှာ ယုံကြည်မှုမရှိဘူး။ ဒါပေမဲ့ လင်းထျန်ဟူရဲ့ ဓား စွမ်းအင်နဲ့ဆိုရင်တော့ အာဏာတက်ခြင်းနောက်ဆုံးအဆင့် တစ်ယောက်က ငါ့ကိုသာ ရန်စလာခဲ့မယ်ဆိုရင် ငါ့မှာ ဓား စွမ်းအင်တွေထဲက တစ်ခုကို အသုံးပြုဖို့ကလွဲလို့ ကျန်တာ ရွေးချယ်စရာ မရှိတော့ဘူး...”


ဝမ်လင်းမျက်လုံးများက အေးစက်လာခဲ့လေ၏။


"ခုချိန်မှာ ငါက လင်းထျန်ဟူရဲ့ တပည့် ဓားဆယ့်နှစ် လက်ရဲ့ ဓားသုံးလက်ကို သန့်စင်မွန်းမံနိုင်ဖို့ လိုအပ်နေ တယ်။ဒီဓားသုံးလက်က အရင်ပိုင်ရှင်တွေလက်ထဲမှာ အလာကားဟသ ဖြစ်ခဲ့ရတယ်။ငါက ဒီဓားသုံးလက်ကို အ ရင်က တစ်ခါ လေ့လာကြည့်တော့ ဒီဓားတွေထဲမှာ ဖုံးကွယ် နေတဲ့အခြားစွမ်းရည် တစ်ခုခု ရှိနေတယ်လို့ ထင်နေခဲ့မိတယ်။ဒါပေမဲ့လည်း ဒီစွမ်းရည်က အသက်ဝင်ဖို့ ပေါင်စပ် တိုက်ခိုက်မှုတစ်ခု လိုအပ်နေတယ်..."


ဝမ်လင်းက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ မိုယန်၊ဇီရှု နှင့် ဟိုင်ကျူးတို့ ဓားသုံးလက် ပျံသန်းထွက်လာခဲ့သည်။


သည်ဓားသုံးလက်က ကြမ်းကြုတ်သော စိတ်ဝိညာဉ်

အော်ရာကို ပေးစွမ်းလို့နေသည်။ဝမ်လင်းက သူ့မူလ စွမ်းအင်ကို ပါးစပ်ထဲကနေ ထွေးထုတ်ကာ အစိမ်းရောင်မြူ အဖြစ် ပြောင်းစေ၍ ထိုဓားသုံးလက်ကို ဝန်းရံသွားစေလိုက် သည်။သည့်နောက် သူကမျက်လုံးမှိတ်၍ ၎င်းတို့ကို သန့်စင် ရာ၌ အာရုံစိုက်ထားလိုက်၏။


မျက်စိတစ်မှိတ်အတွင်းမှာ သုံးလ ကုန်လွန်သွားခဲ့ပြန်ပြီ။ ယနေ့တွင် စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စုနှင့် ငါးထောင် ကီလိုမီတာ အကွာရှိ ကောင်းကင်ထက်၌ အလင်းတန်း အချို့ ပေါ်ထွက်လာ၏။၎င်းအလင်းတန်းများ၏ ဦးတည်ရာ က စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စု ရှိရာသို့ပင်။


သည်နေရာသို့ ရောက်လာသော လူများကြား၌ လူတစ် ယောက်သည ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထား၏။ထိုလူက အသက်ကြီးဟန် မရပဲ သူ့မျက်နှာက အေးစက်မောက်မာမှု တို့ကို ပေးစွမ်းလို့နေသည်။


သူ့နောက်တွင်တော့ လူတစ်ယောက်ရှိနေ၏။ထိုလူက အဖြူရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက် ဖြစ်၏။သူက ချောမောသော်လည်း သူ့မျက်လုံးထဲ၌ ခါးသီးမှုများနှင့် ပြည့် နှက်လို့နေသည်။သူက စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စု ထံသို့ ချီတုံချတုံအကြည့်မျိုးဖြင့် ကြည့်လို့နေ၏။


ရွှေရောင်ဝတ်စုံနှင့်လူက လူငယ်ထံသို့ ကြည့်ကာ အေး စက်စွာ နှာခေါင်းရှုံ့သည်။ "မင်း ဘာတွေးနေတာလဲ ရှုယွမ်ရှန်

အဖြူရောင်ဝတ်စုံနှင့်လူငယ်မှာ နတ်ဆိုးစိတ်ဝိညာဉ် ကုန်းမြေသို့ ဝမ်လင်းနှင့်အတူ ရောက်လာခဲ့သော လူ ဖြစ်၏။သူက ရွှမ်ယွမ်ကလန်မှ ဂျူနီယာကလန် ခေါင်းဆောင် ရှုယွမ်ရှန်ပင် ဖြစ်ချေသည်။


သူက နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေသို့ ဝင်ရောက်လာ ချိန်၌ သူ့ကို ကာကွယ်ပေးသည့် အကြီးအကဲများ သူနှင့် အတူ ရှိလေသည်။သို့ရာတွင် ခုချိန်၌ သူတစ်ယောက်တည်း သာ ရှိတော့၏။


ရွှေရောင်ဝတ်စုံနှင့်လူကြီး၏ စကားကို ကြားလိုက်ရ သည့်အခါ ရှုယွမ်ရှန်၏ခန္ဓာကိုယ်သည် တုန်ယင်သွား၏။ သူက လေးစားစွာ ပြောလိုက်သည်။ "ဆရာ..ဒီအစေခံ က..


သူ့ စကားမဆုံးခင်မှာပင် ရွှေရောင်ဝတ်စုံနှင့်လူကြီးသည် ကြားဖြတ်၍ အေးစက်စွာ ပြောလိုက်၏။ "ရှင်းပြဖို့မလိုဘူး။ မင်းက ငါ့တို့ကျင့်ကြံခြင်းမဟာမိတ်အဖွဲ့အစည်းထဲကို ဝင် ရောက်ပြီးတာနဲ့ အမိန့်အားလုံးကို နာခံရမယ်။မင်းညီမရဲ့ မျက်နှာသာ မထောက်ရင် ဝမ်လင်းကို ဖမ်းဆီးခွင့်လိုမျိုး အကျိုးဆောင်နိုင်တဲ့ အခွင့်ရေးမျိုးရနိုင်မယ်လို့ ထင်နေတာ လား..."


ရှုယွမ်ရှန်က တိတ်ဆိတ်သွားကာ ခေါင်းညိတ်လိုက်ရ၏။ သူက စိတ်ထဲ၌ တွေးနေမိသည်။ "ဒီစိတ်ဝိညာဉ်သန့်စင် ခြင်းမျိုးနွယ်စုထဲမှာ ရှိနေတဲ့ ဝမ်လင်းနဲ့ ကောင်းကင်

ကံကြမ္မာကလန်က ဝမ်လင်းက တူတူပဲလားဆိုတာ ငါမသိဘူး။ အာ...ငါ အတွေးလွန်နေပြီ။ သူတို့နှစ်ယောက်က ဘယ်လိုမှ တူနိုင်မှာ မဟုတ်ဘူး..."


"ဘိုးဘေးက ဒီဝမ်လင်းကို ဖမ်းဖို့အတွက်နဲ့ ကောင်းကင်ဘုံသက်တော်စောင့် တစ်ယောက်ကိုတောင် စေလွှတ်ခဲ့တာပဲ။ဒီခရီးစဉ်မှာ အန္တရာယ်တော့ ရှိမှာ မဟုတ် ဘူး။ဒါပေမဲ့ မင်းက ဂရုစိုက်ရမယ်။ဒီဝမ်လင်းကို ထွက်ပြေး ခွင့် မရစေနဲ့..."


ရွှေရောင်ချပ်ဝတ်နှင့်လူကြီးသည် သူ့စကားဆုံးသည်နှင့် သူ့အနောက်ဘက်အုပ်စုမှ လှည့်ကြည့်လိုက်သည်။ သက်လတ်ပိုင်းလူကြီးထံသို့


ထိုလူကြီးက သာမန်သာ ဖြစ်ကာ သူ့အသွင်က တစ်ချိန် လုံး တည်ငြိမ်လို့နေသည်။


လှိုင်းတွန့်လေးများ ပျံ့နှံ့ကာ သူ့ခန္ဓာကိုယ်ကနေ ပတ်ဝန်းကျင် နှင့် ပေါင်းစပ်နေသလား ထင်မှတ်ရသည်။သူ့ အော်ရာက လုံးဝ မရှိလုနီးပါးပင်။သာမန်ကျင့်ကြံသူများက သူ့တည်ရှိမှုကို ထောက်လှမ်းနိုင်စွမ်း ရှိလိမ့်မည်မဟုတ်ပေ။


ကောင်းကင်နှင့်မြေကြီးထဲသို့ ပျော်ဝင်နိုင်စွမ်း ရှိနေခြင်း က သူ့ကျင့်ကြံမှုအဆင့်သည် အာဏာတက်ခြင်းအစောပိုင်း အဆင့်ကို ဆိုလိုပေ၏။သို့ရာတွင် ထိုလူ၏အာဏာတက် ခြင်းကျင့်ကြံမှုအဆင့်က နည်းနည်းထူးဆန်းလှသည်။သည် လူ၏ မူလစိတ်ဝိညာဉ်ထဲ၌ မူလစွမ်းအင်များ လုံးဝ မရှိ

သလို ထင်ရ၏။


ဝမ်လင်းက မျှော်စင်ထဲ၌ ကြာပွင့်သဏ္ဌာန်ထိုင်

နေရင်း ရုတ်တရက် မျက်လုံးဖွင့်လာခဲ့သည်။


"ဆယ့်သုံး...ငါတို့ရှိ ဧည့်သည်တွေ ရောက်နေပြီ။သူတို့ ကို ဒီနေရာကို ခေါ်လာခဲ့ချေ..."


ကျင့်ကြံခြင်းအဖွဲ့အစည်းမှ ကျင့်ကြံသူများသည် စိတ် ဝိညာဉ်သန့်စင်ခြင်းကလန် ရှိရာသို့ ပျံသန်းလာကြ၏။


သူတို့ရှေ့တွင် အဆုံးမဲ့ အနက်ရောင်တိမ်တိုက်ထုကြီး ရှိလို့နေသည်။ထိုတိမ်တိုက်ထုကထူထဲလှ၏။တကယ်တော့


အနည်းငယ် ဂရုမစိုက်မိလျှင်ပင် သူတို့၏နတ်ဘုရားအာရုံ များပင် တိမ်တိုက်ထုထဲရှိ စိတ်ဝိညာဉ်အပိုင်းအစများ၏ ဝါးမြိုခြင်း ခံလိုက်ရနိုင်ပေသည်။


ထိုတိမ်တိုက်ထုထဲမှ ထွက်ပေါ်လာသော စူးရှရှ တစ္ဆေငြီး သံများက နှလုံး တုန်ယင်စေနိုင်သည်။


ရွှေရောင်ဝတ်စုံနှင့်လူကြီးက ထိုတိမ်တိုက်ထုကို တွေ့မြင် သည့်အခါ သူ့အသွင်က ရှုံ့တွသွား၏။သူက အေးစက်စက် နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။ "ဝမ်လင်းရဲ့ နေရာက ဒီ အလွှာနဲ့ ကာကွယ်ထားတာပဲ။ငါတို့က ဒါကို ချိုးဖျက်နိုင်မှ သာ ဒီကောင်လေးကို ဖမ်းနိုင်လိမ့်မယ်..."


သူ့နောက်တွင် လူအချို့ ရှိနေ၏။သူတို့အားလုံးက အနက် ရောင်တိမ်ထုကို စူးစိုက်ကြည့်နေရင်း သုန်မှုန်နေကော

စကားတစ်ခွန်းမှ မဆိုနိုင် ဖြစ်နေသည်။


ရှုယွမ်ရှန်၏မျက်လုံးထဲ၌ လှောင်ပြောင်လိုမှုတို့ ဖြစ်ပေါ် သွားသည်။


ဝမ်လင်း၏ တည်နေရာကို သတင်းလာပေးခဲ့သည့် တမန်တော်က သည်နေရာသည် အားကောင်းသော တိမ်တိုက်ထုနှင့် ဝန်းရံထားသည်ဟု မဖော်ပြခဲ့ပေ။ သို့ရာတွင် သည်အခွင့်အရေးအတွက် တိုက်ခိုက်ချင်သူများ ကတော့ ထိုအရာနှင့်ပတ်သတ်၍ အာရုံစိုက်မနေတော့ပေ။


သူတို့က သည်နေရာတွင် ကောင်းကင်ဘုံ သက်တော်စောင့် ရှိနေသည့်အတွက် ဘာပြဿနာမှ တက် လိမ့်မည်မဟုတ်ဟု ယုံကြည်ထားကြ၏။


ရှုယွမ်ရှန်က သူ့ပတ်ပတ်လည်ကို ကြည့်လိုက်၏။သူ့ ကိုယ်တိုင်အပါအဝင် လူအယောက်နှစ်ဆယ်ခန့် သည် နေရာတွင် ရှိလို့နေသည်။သူတို့ထဲက အများစုသည် စိတ် ဝိညာဉ်အသွင်ပြောင်းခြင်းအစောပိုင်းအဆင့်များသာ ဖြစ် ကြ၏။အနည်းငယ်ကသာ အလယ်အဆင့်တွင် ရှိသည်။ နောက်ဆုံးအဆင့်ကတော့ တစ်ယောက်သာ ရှိ၏။သူ ကတော့ တစ်ချိန်လုံး တိတ်ဆိတ်နေသော ဦးလေးဖန်ပင် ဖြစ်၏။


ရှုယွမ်ရှန်က သူနှင့်သိပ်မဝေးသောနေရာရှိ မီးခိုးရောင် ဆံပင်နှင့်လူကြီးထံသို့ ကြည်ကာ ဝမ်းနည်းစွာ ခံစားလိုက် ရ၏။ထိုသူက ဦးလေးဖန်ပင်။သူသည် ရှုယွမ်ဖန်အဖေ၏

ဂျူနီယာညီ ဖြစ်ကာ ရှုယွမ်ဖန်ကို ကာကွယ်ပေးရန်အတွက် သည်နေရာသို့ ရောက်ရှိလာခြင်း ဖြစ်သည်။


သို့ရာတွင် သူက သူ့ညီမသည် သည်နေရာသို့ နောက်က ခိုး၍ လိုက်လာလိမ့်မည်လို့ မမျှော်လင့်ထားမိခဲ့ပေ။ထို အဖြစ်ကပင် သူ့အတွက် သေရှင်းရှင်ရေးအခြေအနေတစ်ခု ကို ဖြစ်စေခဲ့ပေ၏။ဘိုးဘေးက ဦးလေးဖန်၏ မှတ်ဉာဏ်ကို လျှို့ဝှက်မန္တာန်အသုံးပြုကာ ပယ်ဖျက်ပစ်လိုက်ပြီးနောက် ရုပ်သေးအဖြစ် ပြောင်းလဲခဲ့ပေ၏။ဘိုးဘေးက သူ့ထံ၌ ကောင်းကင်ဘုံမျိုးစေ့ကို စိုက်ထားခဲ့သဖြင့် သူက သူ့သေ ခြင်းရှင်ခြင်းနှင့် ပတ်သတ်၍ ဆက်လက်ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေ။


ရွှေရောင်လူကြီးက အော်ပြောလိုက်၏။ "ဒီအနက်ရောင် တိမ်ထုက လှန့်လုံးတစ်လုံးသာသာပဲ။ငါ့အစား ဒီအနက် ရောင်တိမ်ထုကို သွားဖျက်စီးပစ်ချေ..."


ရွှေရောင်ဝတ်စုံနှင့်လူကြီးနောက်ရှိ စိတ်ဝိညာဉ်အသွင် ပြောင်းခြင်း အစောပိုင်းအဆင့်တစ်ယောက်၏ အသွင်က ရုပ်စိုးလို့သွားသည်။သူက တုံ့ဆိုင်းနေသော်လည်း အမိန့်မ နာခံဘဲ မနေဝံ့ပေ။သူက သက်ပြင်းချကာ လေးစားစွာ ပြော လိုက်၏။ "အစေခံက နာခံပါ့မယ်..."


ထိုကျင့်ကြံသူက အံတင်းတင်းကြိတ်ကာ အနက်ရောင် တိမ်တိုက်ထု ထံသို့ တိုးဝင်သွားလေ၏။သို့ရာတွင် သူက ပို နီးကပ်လာလေလေ ထိုတိမ်တိုက်ထံမှ ဖိအားသည် သူ့မူလ

စိတ်ဝိညာဉ်အား ပို၍ တုန်ယင်စေနေသည်။


ပေတစ် ထိုကျင့်ကြံသူက အနက်ရောင်တိမ်ထုနှင့် သောင်းလောက် အကွာသို့ ရောက်သည့်အခါ ဆက်၍ တိုး ကပ်မသွားနိုင်တော့ချေ။သူက သူသာ အတင်းဆက်တိုး သွားပါက ချက်ခြင်းသေသွားလိမ့်မည်ဟု ခံစားမိနေ၏။


ရွှေရောင်ဝတ်စုံနှင့်လူက ထိုကျင့်ကြံသူ ရပ်တန့်သွား သည်ကို တွေ့လိုက်သည့်အခါ သူ့မျက်နှာက အလိုမကျ ဖြစ် သွား၏။သူက အေးစက်စက် လှမ်းအော်ပြောလိုက်သည်။ "နံပါတ်တစ်ဆယ်...မင်းက အမိန့်မနာခံဘဲ နေဝံ့လား..."


ထိုစကားကို ကြားလိုက်ပြီးနောက် ထိုကျင့်ကြံသူ၏ မျက်နှာက ခါးသက်သွား၏။သူက သက်ပြင်းချ၍ တွေး လိုက်သည်။ "ငါက ဒီမှာ သေရမယ်ဆိုရင်လည်း ဒီလို အနိုင်ကျင့်ခံရတာကနေ လွတ်လပ်သွားတာပေါ့..."


သူက အသက်ဝဝရှူသွင်းကာ ရှေ့သို့ တဟုန်ထိုး ထိုး ထွက်သွားတော့သည်။


မျက်စိတစ်မှိတ်အတွင်း သူက အနက်ရောင်တိမ်ထု၏ ပေတစ်သောင်းအတွင်း ဝင်ရောက်လာခဲ့၏။ထိုအခိုက်၌ အနက်ရောင်တိမ်ထုက ရုတ်တရက် ရွှေ့လျားလာသည်။


အနက်ရောင်တိမ်ခုက လှိုင်းကြမ်းများလို မြင့်တက်လာခဲ့ ကာ မှိုပွင့်သဏ္ဌာန် ဖြစ်ပေါ်၍ ဆက်လက် ချဲ့ကားလာ၏။


စူးရှရှ အော်ငြီးသံများကလည်း ကောင်းကင်ထက်၌ ပိုမို ကျယ်လောင်စွာ ပဲ့တင်ထပ်လာသည်။တစ်ချိန်တည်းမှာပင်

အနက်ရောင်တိမ်တိုက်ထုက ပါးစပ်ကြီးအသွင်သို့ ပြောင်း သွား၍ ထိုကျင့်ကြံသူကို ဝါးမြိုလို့သွားသည်။ထိုအဖြစ် ကြောင့် ကျင့်ကြံခြင်းအဖွဲ့အစည်း၏ ကျင့်ကြံသူများအားလုံး နီးပါးသည် တုန်လှုပ်သွားလေ၏။သူတို့အားလုံးက ဝေးကွာ သော နေရာတွင်သာ ရှိနေကြသော်လည်း သူတို့က အနက် ရောင်တိမ်ထု၏ ဘေးနားတွင် ရှိနေသကဲ့သို့ ခံစားလိုက်ရ သည်။သူတို့အဝတ်အစားများက ချွေးများဖြင့် ရွှဲနစ်သွားကြ သည်။တည်ငြိမ်စွာ ရှိနေသော ကောင်းကင်ဘုံ သက်တော်စောင့်က ရုတ်တရက် မျက်လုံးဖွင့်လာကာ အနက်ရောင်တိမ်ထုထံသို့ သေချာ ကြည့်ရှူလိုက်သည်။သူ့ အသွင်က ပဟေဠိဖြစ်သွားသည့်ပုံပင်။


"အဖွဲ့...အဖွဲ့ခေါင်းဆောင်...ဒီအနက်ရောင်တိမ်ထု က…"ရွှေရောင်ဝတ်စုံနှင့်လူကြိးဘေးရှိ လူက ကြောက်လန့် လို့နေ၏။


ရွှေရောင်ဝတ်စုံနှင့်လူကြီးအသွင်က နက်မှောင်လို့သွား သည်။သူက သူနှင့် သိပ်မဝေးသောနေရာရှိ အဘို ကြည့်ကာ ပြောလိုက်သည်။ "နံပါတ်သုံး...သွားချေ


ရှုယွမ် ရှန်သည်အဖြူရောင်ဆံပင်နှင့်အဘိုးအိုက ဦးလေးပင်။သူ့အသွင်က စိတ်ရှုပ်ထွေးမှုနှင့် ပြည့်နေ၏။ သူက စကားတစ်ခွန်းမှ မဆိုဘဲ ရှေ့သို့ ထိုးတက်သွား တော့သည်။


ရှုယွမ်ရှန်က လက်သီးတင်းစုပ်ထားမိသည်။သည့်နောက်

သူက သူ့ဦးလေးဖန် ထွက်သွားသည်ကို ကြည့်နေရင်း သူ့ နှလုံးသားက နာကျင်နေရပေသည်။


အဘိုးအိုက အနက်ရောင်တိမ်ထု၏ ပေတစ်သောင်း အကွာသို့ ခြေလှမ်းအနည်းငယ်အတွင်း ရောက်ရှိသွား သည်။သူက ဆက်သွားရန် ဟန်ပြင်လိုက်စဉ်မှာပင် အနက် ရောင်တိမ်ထုက အရှိန်မြင့်လှည့်ပတ်လာ၏။ချက်ခြင်းပင် အနက်ရောင်တိမ်ထုက နှစ်ခြမ်းကွဲထွက်သွားကာ သက်လတ်ပိုင်းလူကြီးအတွက် လမ်းတစ်ခု ဖြစ်တည်သွား စေသည်။


အေးစက်သောအသွင်ရှိသည့် လူငယ်တစ်ယောက်က တစ်လှမ်းချင်း လျှောက်လှမ်းလာ၏။သူက အဘိုးအိုထံသို့ တစ်ချက်သာကြည့်၍ ကျင့်ကြံခြင်းအဖွဲ့အစည်း၏ လူများ ထံသို့ ကြည့်နေသည်။သည့်နောက် သူက တည်ငြိမ်စွာ ပြော လိုက်၏။ "ငါ့ဘိုးဘေးက အားလုံးကို ကြိုဆိုခိုင်းလိုက်


ရွှေရောင်ဝတ်စုံနှင့်လူ၏ အသွင်က ပြောင်းလဲသွားကာ သူက အော်ပြောလိုက်သည်။ "နံပါတ်သုံး..သူ့ကိုသတ်...ငါ တို့က အထဲကို ဝင်ဖို့ ဒီလမ်းကြောင်းကို အသုံးပြုကြ ໑໖..."


ထိုအေးစက်စက်လူငယ်မှာ ဆယ့်သုံးပင်။သူ့အသွင်က မည်သည့်စိတ်ခံစားချက်မှ ရှိမနေသည့်ပုံပင်။အဘိုးအို ကတော့ ဆယ့်သုံးထံသို့ ဖျပ်ခနဲ တိုးဝင်လာတော့၏။

သို့ရာတွင် သူက နီးကပ်လာစဉ်မှာပင် အနက်ရောင်တိမ် ထုအမျှင်တန်းတစ်ခုက ရုတ်တရက် ထိုးထွက်လို့လာ၏။ ၎င်းက အဘိုးအိုအား ဝန်းရံသွားကာ သူ့ကို အနက်ရောင် တိမ်ထုထဲသို့ ဆွဲသွင်းလိုက်ချေ၏။အဘိုးအိုက သဲလွန်စမရှိပျောက်ကွယ်လို့သွားတော့သည်။


သည်မြင်ကွင်းက ကျင့်ကြံခြင်းအဖွဲ့အစည်း၏ လူများ၏ နှလုံးကို မာတောင့်သွားစေ၏။အထူးသဖြင့် ရှုယွမ်ရှ န်၏မျက်လုံးများက နီရဲလို့လာခဲ့တော့သည်။


ဆယ့်သုံးက သူ့ညာလက်ကို ညွှန်၍ ပြောလိုက်၏။ "ဒီ ໙໖:..."


ထိုသို့ပြောပြီးနောက် သူကနောက်လှည့်၍ လမ်းလျှောက် သွားတော့သည်။


ရွှေရောင်ဝတ်စုံနှင့်လူ၏ အသွင်က မရေမရာ ဖြစ်နေ၏။ သူက သူ့နောက်ရှိ အနက်ရောင်ဝတ်စုံနှင့်လူကြီးထံသို့ အလိုလို ကြည့်လိုက်မိသည်။သည့်နောက်သူ့နှလုံးသား တစ် ဖန် ပြန်တည်ငြိမ်သွားသည်။သူက နှာခေါင်းရှုံ့၍ ပြောလိုက် သည်။ "သွားကြစို့...ငါတို့က ဒီဝမ်လင်းရဲ့ လှည့်ကွက်တွေ ဘယ်လောက်ရှိလဲ သိရတာပေါ့..."


သူတို့အုပ်စုက ရှေ့သို့ ဆက်လက်ပျံသန်းလာကြကာ အနက်ရောင်တိမ်ခုက ဖယ်ရှားပေးလိုက်သည့်လမ်းအတိုင်း ဆက်လက် ပျံသန်းလာကြသည်။


သူတို့က ဝင်ရောက်နေကြရင်း သူတို့နောက်ရှိ လမ်း

သည် အနက်ရောင်တိမ်ထုဖြင့် ဖြည်းဖြည်းချင်း ပြန်ပိတ်ဆို့ သွား၏။


ခဏတာ ပျံသန်းပြီးသည့်နောက် ရွှေရောင်ဝတ်စုံနှင့်လူ သည် ရုတ်တရက် ရပ်တန့်လိုက်၏။သူ့မျက်လုံးက တုန်လှုပ် မှုနှင့်ပြည့်နှက်သွားကာ သူ့အသွင်ကလည်း ရုပ်စိုးလို့သွား ချေသည်။သူ့နောက်ရှိလူအားလုံးသည်လည်း သူတို့ရှေ့ရှိမြင်ကွင်းကြောင့် မှင်သက်မိသွားကြ၏။


သူတို့ရှေ့တွင် လူများစွာနှင့် မျိုးနွယ်စုကြီးတစ်ခု ရှိလို့ နေသည်။သည်အခိုက်၌ ထိုလူအားလုံးက ခေါင်းမော့၍ သူ တို့အုပ်စုထံသို့ အေးစက်စက် ကြည့်လာကြသည်။


မရေမတွက်နိုင်သောမျိုးနွယ်စုဝင်များ၏


အေးတိအေးစက်အကြည့်များက ကျင့်ကြံခြင်းအဖွဲ့အစည်း ရှိ လူများပေါ်သို့ ကျရောက်လို့လာသည်။သူတို့၏ ကျင့်ကြံမှု အဆင့်က မြင့်မားသော်လည်း ထိုအကြည့်များကြောင့် တုန်လှုပ်ရသည်သာ။


မျိုးနွယ်စု၏ အလယ်ဗဟိုတွင် ငါးကီလိုမီတာကျယ်ဝန်း သည့် နေရာလွတ်တစ်ခု ရှိနေသည်။ထိုနေရာလွတ်အလယ် တွင် မျှော်စင်တစ်ခု တည်ရှိ၏။ထိုမျှော်စင်ထံမှ အားကောင်းသော ခန့်ညားမှုအငွေ့အသက်တို့ ပျံ့နှံ့လို့ နေသည်။


သည်လူများက ထိုဖိအားအောက်၌ အသက်မနည်း ရှု လိုက်ရချေသည်။

ဆယ့်သုံးက နေရာလွတ်အပြင်တွင် မတ်တပ်ရပ်နေရင်း လေးစားစွာ ပြောလိုက်၏။ "ဘိုးဘေး..ငါက ဧည့်သည်တွေ ကို ဒီနေရာ ခေါ်လာခဲ့ပါပြီ..."


"ရောင်းရင်းကျင့်ကြံသူတွေက သတ်ဖြတ်ချင်စိတ်တွေနဲ့ ပြည့်နေတယ်။ ဆိုတော့ ငါကများ သင်တို့အားလုံးကို စော်ကားဖူးလို့လား..."


ဝမ်လင်းအသံက မျှော်စင်ထဲကနေ ဖြည်းဖြည်းချင်း ပုံမှန်သာ ဖြစ် ထွက်ပေါ်လာခဲ့သည်။သူ့လေသံက သော်လည်း သူ့အသံထဲပ နတ်ဆိုးမိစ္ဆာဆန်သောစွမ်းအား တို့ ပါဝင်နေသည်။


ဝမ်လင်းက နတ်ဆိုးမိစ္ဆာ၏ စိတ်ဝိညာဉ်ပေါ်၌ အမှတ်အသားဆက်လက် ခပ်နှိပ်နေရင်း သူ့ထံမှ ကောင်းကင်နတ်ဆိုးမိစ္ဆာအသံမန္တာန်ကို ဖြည်းဖြည်းချင်း သင်ယူနိုင်ခဲ့ပေသည်။သည်အခိုက်၌ ထိုမန္တာန်က အသံ အဖြစ် ပျံ့နှံ့သွားခြင်းပင်။ကျင့်ကြံခြင်းအဖွဲ့အစည်းရှိ အနက် ရောင်ဝတ်စုံနှင့်လူကလွဲ၍ ကျန်သည်သူတိုင်းသည် သူ့တို့ စိတ်ထဲ၌ ထိုမန္တာန်နှင့် ပြည့်နှက်သွားလေ၏။


အနက်ရောင်ဝတ်စုံနှင့်လူ၏ ကျင့်ကြံခြင်းအဆင့်က အတော်လေးမြင့်မားပေ၏။ထို့ကြောင့် သူက သည်အသံ အတွင်း၌ နစ်မြုပ်သွားခြင်း မရှိပေ။သူ့မျက်လုံးက မျှော်စင် သို့ စူးစိုက်ကြည့်နေရင်း တောက်ပလာခဲ့၏။


ရွှေရောင်ဝတ်စုံနှင့်လူ၏ မူလစိတ်ဝိညာဉ်သည် တုန်ခါ

သွား၏။သူ့မျက်လုံးက အလိုလို စိတ်ရှုပ်ထွေးမှုတို့ ဖြစ် ပေါ်လာကာ မသိဘာသာ ပြောလိုက်သည်။ "သင်က ငါတို့ ကို မနှောက်ယှက်ခဲ့ပါဘူး..."


"ဒီလိုဆိုတော့ မင်းတို့အားလုံးက ငါ့ရှိကို ဒီလိုပုံစံနဲ့ ရောက်လာတာက ဒုက္ခလာရှာတာပဲ..."


ဝမ်လင်းအသံထဲ၌ အေးစက်မှုစိတ်ဆန္ဒတို့နှင့် ပြည့်နှက် ကာ နေသည်။


ထိုအခိုက်အတန့်၌ စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စုဝင် အားလုံးက အော်ဟစ်လိုက်ကြသည်။ "ရိုင်းပျလိုက်တာ..."


ထိုတစ်စုတစ်စည်းတည်းအော်ဟစ်လိုက်သည့်အသံက အနက်ရောင်တိမ်ထု၏ ငြီးသံများနှင့် ပေါင်းစပ်လို့သွားခဲ့ သည်။ထိုအခါ ကျင့်ကြံသူများ၏ နားထဲသို့ မိုးခြိမ်သံများ အလား ဤအသံက တိုးဝင်လာခဲ့တော့သည်။သူတို့၏ မူလ စိတ်ဝိညာဉ်များပင် တုန်ခါသွားရ၏။


အချို့အဆင့်နိမ့်သော ကျင့်ကြံသူများဆိုလျှင် ပါးစပ်ထဲမှ သွေးများ စီးကျလာရပေသည်။သူတို့၏ ခန္ဓာကိုယ်အတွင်း နှင့် မူလစိတ်ဝိညာဉ်တို့သည် ဒဏ်ရာရသွားသည်မှာ ရှင်းလင်းပေသည်။ထိုအော်ဟစ်သံက လူတိုင်း၏စိတ်ထဲ၌ ရှင်းလင်းစွာ ကြားလိုက်ရလေသည်။


ရွှေရောင်ဝတ်စုံနှင့်လူ၏ အသွင်က ကြီးစွာ ပြောင်းလဲ သွားသည်။သူက နောက်သို့ အလိုလို ဆုတ်မိသွားကာ သူ့ မျက်နှာက တုန်လှုပ်မှုတို့နှင့် ပြည့်နှက်သွားခဲ့၏။

သူတင်မဟုတ် သူ့ဘေးနားရှိ ကျင့်ကြံသူများက သူ့ထက် ပင် အခြေအနေဆိုးသေးသည်။လူတိုင်းက လေအေးတစ် ချက် ရှိုက်သွင်းမိသွားကြသည်။သူတို့နှလုံးသားထဲ၌ တုန်လှုပ်မှုနှင့် ပြည့်နှက်သွားကာ ဖြစ်လာမည့်အရာများ သည့် အဆိုးဘက်တွင် ရှိနေတော့မည်ဟု သဘောပေါက် လိုက်ကြ၏။


ရှုယွမ်ရှန်ကတော့ တုန်လှုပ်မှုနှင့်အတူ စိတ်လှုပ်ရှားလို့ နေသည်။သူက စိတ်ထဲ၌ ကြိတ်၍ အော်ပြောနေမိ၏။


"သူပဲ...ဒါက အမှန်တကယ် သူပဲ..."


ရွှေရောင်ဝတ်စုံနှင့်လူက နောက်သို့ ဆုတ်နေရင်း ပြော လိုက်၏။ "ကောင်းကင်ဘုံသက်တော်စောင့် တိုက်ခိုက်


သူက ထိုသို့ ပြောလိုက်သည်နှင့် အနက်ရောင်ဝတ်စုံနှင့် လူ၏ မျက်လုံးများက ရုတ်တရက် တောက်ပလာကာ သူက ရှေ့သို့ ထိုးတက်လိုက်ရာ ခြေတစ်လှမ်းဖြင့်ပင် မျှော်စင် ထက်သို့ ရောက်ရှိသွားတော့၏။သည့်နောက် သူက ညာ လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စော အောက်သို့ ဖိချ လိုက်သည်။


ထိုရိုက်ချက်က တောင်ကြီးတစ်ခုကို ဆွဲယူ၍ တိုက်ခိုက် လိုက်သလား မှတ်ရ၏။ကောင်းကင်ထက်၌ ရွှေရောင် သင်္ကေတတစ်ခု ရုတ်တရက် ပေါ်လာကာ မျှော်စင်ထံသို့ တိုးဝင်သွားချေသည်။

မျှော်စင်ထဲမှ အေးစက်စက်နှာခေါင်းရှုံ့သံတစ်ခု ထွက် ပေါ်လာ၏။သည့်နောက် ဝမ်လင်းအသွင်က ထွက်ပေါ်လာ ချေသည်။သူက ကြည့်ပင်မကြည့်ဘဲ သူ့လက်ထဲမှ အနက် ရောင်အလင်းကို ထုတ်လွှတ်၍ ကောင်းကင်ထက်သို့ ဆန့်တန်းလိုက်သည်။သူက တည်ငြိမ်စွာ ပြောလိုက်၏။ "ငါ့ အတွက် အောက်ဆင်းလာစမ်း..."


သူ့လက်ဆန့်ထုတ်လိုက်သည်နှင့် ရွှေရောင်သင်္ကေတ ပေါ်၌ အက်ကွဲကြောင်းများ ပေါ်လာခဲ့တော့သည်။အက်ကွဲ သံများ ဆက်တိုက် ထွက်ပေါ်လာပြီးနောက် ရွှေရောင် သင်္ကေတက ပျက်စီးသွားတော့သည်။အနက်ရောင်ဝတ်စုံ နှင့်လူ၏ အသွင်က အကြီးအကျယ် ပြောင်းလဲသွား၏။ ပထမဆုံးအကြိမ်အဖြစ် သူ့မျက်နှာပေါ်၌ ကြောက်ရွှံ့မှုတို့ ပြည့်နှက်သွားသည်။သူက ရှောင်လိုသော်လည်း ခန္ဓာကိုယ်က သူ့အသက်ဓာတ်ကို ခိုးယူနိုင်သည့်အားတစ်ခု ဖြင့် ဖမ်းဆီးခြင်းခံလိုက်ရချေ၏။သူ

က ကောင်းကင်ထက် ကနေ ဆွဲချခြင်း ခံလိုက်ရ၏။


ကျယ်လောင်သောပေါက်ကွဲသံနှင့်အတူ ထိုလူ၏ခန္ဓာကိုယ်သည် မြေပြင်နှင့် မိတ်ဆက်သွားတော့၏။ 


အနက်ရောင်ဝတ်စုံနှင့်လူက မြေပေါ်သို့ ပြုတ်ကျသွား သည့်အချိန်၌ ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူ့ညာလက်ကို ဝှေ့ယမ်းလိုက်သည်။မရေမတွက်နိုင်သော အတားအဆီးများက ချက်ခြင်းပျံသန်းထွက်သွား၏။သူက ထိုလူ၏ သွေးကြောများအားလုံးကို ချိပ်ပိတ်ပစ်လိုက်သည်။


ထို့နောက် ဝမ်လင်းသည် လက်ဆန့်တန်းကာ သူ့မရဏ လက်ချောင်းထံမှ လေပြင်းကို အသုံးပြုလိုက်သည်။သူ့ ကျင့်ကြံမှုအဆင့်ဖြင့် သူက အကြည့်တစ်ချက်ဖြင့်ပင် ထို အနက်ရောင်လူကြီး၏ ခန္ဓာကိုယ်သည် ထူးခြားသည်ကို ပြောနိုင်၏။သည်လူ၏ မူလစိတ်ဝိညာဉ်သည် မည်သည့် မူလစွမ်းအင်မှ ရှိမနေပေ။ထိုအစား လက်သည်းခွံအရွယ် လောက် ရှိသည့် ကျောက်စိမ်းပြားတစ်ခု ရှိလို့နေ၏။


ထို့ကြောင့် သည်လူက အာဏာတက်ခြင်းအဆင့်ကို ရောက်ရှိနေသော်လည်း သူက အာဏာတက်ခြင်းအဆင့် တစ်ယောက်၏ နယ်ပယ် ရှိမနေချေ။ဝမ်လင်းအမြင်၌ သည်လူသည် အရိုင်းအစိုင်းတိရိစ္ဆာန်သာသာမျှသာ

ဖြစ်သည်။


ဝမ်လင်း ခုလို အာဏာတက်ခြင်းအဆင့်ကို မချိုးဖျက်ခင် ချိန်မှာပင် သူက ထိုလူ့ကို လွယ်လွယ်ကူကူ ရင်ဆိုင်နိုင်ပေ သည်။


သို့ရာတွင် အပြင်မှကြည့်နေသူများအဖို့ ဝမ်လင်း၏ ရိုး ရှင်းသော ဖမ်းဆုပ်မှုတစ်ခုက သူတို့ဦးနှောက်များကို လှိုင်းထန်သွာစေခဲ့သည်။ကျင့်ကြံခြင်းအဖွဲ့အစည်း၏ လူ များက မှင်သက်ကြောင်ငေးသွားကြ၏။


ရွှေရောင်ဝတ်စုံနှင့်လူ၏ ခန္ဓာကိုယ်က တုန်ယင်နေကာ သူ့မျက်နှာက အလွန်အမင်း ဖြူရောနေ၏။သူ့နောက်ရှိလမ်းသာ ချိပ်ပိတ်ထားခြင်း မဟုတ်ပါက အလျင်အမြန် အရင်ဆုံး ပြန်ပြေးပေတော့မည်။ သူက


အခြားကျင့်ကြံသူများကတော့ ဝမ်လင်းဖမ်းကာ ကိုင် ပေါက်ခံလိုက်ရသည့် သက်လတ်ပိုင်းလူထံသို့ ကြောင်ရီရီ ငေးကြည့်နေကြသည်။အချိန်အတန်ကြသည့်အထိ သူတို့က စကားတစ်ခွန်းမှ မဆိုနိုင် ဖြစ်ရ၏။


ရှုယွမ်ရှန်၏ စိတ်လှုပ်ရှားမှုက အထွတ်အထိပ်သို့ ရောက် ရှိလာခဲ့သည်။သူက သက်ပြင်းချလိုက်တော့၏။ စိတ်သက်သာရာရဟန်ဖြင့်


လိုက်၏။


ရွှေရောင်ဝတ်စုံနှင့်လူက တုန်ယင်စွာ ခပ်မြန်မြန် ပြော *စီ စီနီယာ...နားလည်မှုလွဲတာပါ။ဒါတွေ အားလုံးက နားလည်မှုလွဲတာပါ။ငါတို့က ဒီကို ရောက်လာ

တာ ကျင့်ကြံခြင်းအဖွဲ့အစည်ကို ကိုယ်စားပြုပြီး သင့်ကို ဖိတ်ခေါ်ဖို့ ရောက်လာကြရုံပါ..."


ရှုယွမ်ရှန်က နှာခေါင်းရှုံ့ကာ အုပ်စု၏ ပေတစ်ရာကျော် သို့ မြန်ဆန်စွာ ရွှေ့လျားသွား၍ သူက အော်ပြောလိုက်၏။ "အကိုဝမ်...သူတို့ ဒီကိုရောက်လာတဲ့ ရည်ရွယ်ချက်က အ ကို့ကို အသက်ရှင်လျက် ဖမ်းဆီးကြဖို့ပဲ..."


ဝမ်လင်းက ရှုယွမ်ရှန်ကို အချိန်အတန်ကြာကတည်းက တွေ့မြင်ထားပေသည်။သူ လိုက်၏။ ခေါင်းညိတ်ရုံသာ ညိတ်ပြ


ရွှေရောင်ဝတ်စုံနှင့်လူ၏ အသွင်က ပို၍ ဖြူရောသွား တော့သည်။သည့်နောက် သူ့အသွင်က ရှုယွမ်ရှန်သို့ စူးစိုက် ကြည့်ကာ ကြမ်းကြုတ်ရက်စက်လိုဟန် ဖြစ်ပေါ်လာ၏။ သူက အော်ပြောလိုက်သည်။ "ရှုယွမ်ရှန်...မင်းက ဘိုးဘေး ကို သစ္စာဖောက်ဝံ့တယ်ပေါ့..."


ရှုယွမ်ရှန်၏ခန္ဓာကိုယ်က တုန်ယင်သွားသည်။သူက ဝမ် လင်း ပြောဟန် ပြင်လိုက်စဉ်မှာပင် ဝမ်လင်းက လက် ဝှေ့ယမ်းလိုက်၏။လေပြေတစ်ခုက ရွှေရောင်ဝတ်စုံနှင့်လူ ထံသို့ ရိုက်ခတ်သွားကာ သူ့ခန္ဓာကိုယ်က ရုတ်တရက် ပေါက်ကွဲထွက်သွားလေ၏။သူ့မူလစိတ်ဝိညာဉ်သည်လည်း ခန္ဓာကိုယ်ကနှင့် စွန့်ခွာသွားရကာ ရှုပ်ထွေးဟန် ဖြစ်ပေါ် နေသည်။သို့ရာတွင် သူ့မူလစိတ်ဝိညာဉ်သည်လည်း ကောင်းကင်ထက်မှ အနက်ရောင်တိမ်ထု၏ ဝါးမြို့ခြင်းကို

ခံလိုက်ရပေသည်။


သွေးနံ့များက ခုထိပင် မပျောက်ပျက်သေးချေ။ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများအားလုံးက ကြောက်လန့်နေ ကြ၏။သူတို့က ကောင်းကင်ဘုံသက်တော်စောင့်သည် တစ်ချက်တည်းဖြင့် အဖမ်းခံလိုက်ရမည်ဟု လုံးဝ မထင် ထားမိကြချေ။လက်တစ်ချက်ဝှေ့ယမ်းရုံဖြင့် ရွှေရောင်ဝတ်စုံ နှင့်လူက ပေါက်ကွဲထွက်သွားရ၏။


"အာဏာတက်ခြင်းနောက်ဆုံးအဆင့်…သူက အာဏာ တက်ခြင်းနောက်ဆုံး အဆင့် ဖြစ်ရမယ်..."


ဝမ်လင်းက ထိုကျင့်ကြံသူများကို လစ်လျူရှုထား၏။ သို့သော် သူက ရှုယွမ်ရှန်ထံသို့ ကြည့်ကာ ပြုံးပြလိုက်၏။ "အကိုရှု...ငါတို့ မတွေ့ရတာ နှစ်ချီနေပြီ..."


ရှုယွမ်ရှန်က သက်ပြင်းချကာ ခါးသီးစွာ ပြောလိုက်၏။ "အကိုဝမ်...ငါ့ကို ကယ်ပေးပါ..."


ဝမ်လင်းအသွင်က ပုံမှန်အတိုင်း ရှိနေပြီး သူက ပြုံး၍ဆို လာ၏။ "အထဲကိုလာပြီး စကားပြောကြရအောင်..." ထိုသို့ ပြောပြီးနောက် သူက မြေပြင်ပေါ်ရှိ အနက်ရောင်ဝတ်စုံနှင့် လူကို ဆုပ်ကိုင်ကာ မျှော်စင်ထဲသို့ လျှောက်လှမ်းဝင်သွား တော့၏။


ရှုယွမ်ရှန်က အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် သူက ရှေ့သို့ ဆက်လက်ပျံသန်းကာ ဝမ်လင်းနောက်သို့ လိုက်ပါ သွား၏။သူ့တုန်လှုပ်မှုက အခြားကျင့်ကြံသူများထက် အား

မနည်းသည့်အပြင် ပို၍ပင် ပြင်းထန်နေသေး၏။


သူက နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေသို့ မဝင်ရောက်ခင် တွင် ဝမ်လင်း၏ ကျင့်ကြံမှုသည် စိတ်ဝိညာဉ်အသွင်ပြောင်း ခြင်းအလယ်အဆင့်တွင်သာ ရှိသေးကြောင်း မှတ်မိနေ၏။ သို့ရာတွင် ခုဆယ်စုနှစ်များစွာတွင်ပင် ဝမ်လင်းက အာဏာ တက်ခြင်းအဆင့်သို့ ရောက်ရှိလို့နေခဲ့ပေပြီ။သူ့ကို အကြီးအကျယ်တုန်လှုပ်စေသည့်အပြင် ထိုအချင်းအရာက ဝမ်လင်း၏အဆင့်အတန်းသည် သူ့စိတ်ထဲ၌ များစွာ မြှင့် တက်လာခဲ့စေ၏။


ကောင်းကင်ထက်၌ ကျင့်ကြံသူဆယ့်နှစ်ယောက်ကျော် က ရှိလို့နေဆဲသာ။သူတို့အားလုံးက ထွက်မသွားဝံ့သလို တိုက်ခိုက်ဝံ့ခြင်းလည်း မရှိကြချေ။သူတို့က ထိုနေရာ၌သာ ပျံဝဲနေကြရ၏။သူတို့အားလုံး၏ နှလုံးသားက မသေမချာမှု တို့နှင့် ပြည့်နေ၏။သူတို့က အသက်တစ်ရှိုက်ရှုသွင်းလိုက်ရ ချိန်တိုင်း တစ်နှစ်လောက်ကြာမြင့်သည်ဟု ခံစားနေရ၏။


မျှော်စင်ထဲ၌ ဝမ်လင်းက ကြာပွင့်သဏ္ဌာန်ထိုင်နေ၏။ သူက ရိုးစင်းသောစားပွဲဝိုင်းတစ်ခုနှင့် အရက်တစ်အိုးကို ထုတ်ယူလိုက်သည်။သည့်နောက် သူက ရှုယွမ်ရှန်အတွက် တစ်ခွက်ငှဲ့ပေးကာ ပြုံး၍ဆို၏။ အကိုရှု...ထိုင်ပါ..."


ရှုယွမ်ရှန်က ဘေး၌ တောင့်တောင့်ကြီး ရပ်နေမိ၏။ သူက အနည်းငယ် ချီတုံချတုံ ဖြစ်ပြီးမှ ဝမ်လင်း၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်ကာ ပြောလိုက်၏။ "အကို

ဝမ်...ငါ...


"သင်က ဒီကို ရောက်နေပြီးပြီ ဖြစ်တဲ့အတွက် ငါ့ရှိက အကူအညီတောင်းရုံနဲ့ အန္တရာယ် မဖြစ်စေရပါဘူး..." ဝမ် လင်းက အရက်အိုးကိုချကာ ရှုယွမ်ရှန်ထံသို့ ကြည့် လိုက်၏။


3 ရှုယွမ်ရှန်က ခဏတာစဉ်းစားလိုက်ပြီးနောက် အရက် ခွက်ကို ကောက်ကာ တစ်ကျိုက်တည်း မော့သောက် လိုက်၏။သည့်နောက်သူက အရက်အိုးလိုက် ကောက်ယူ မော့သောက်ချလိုက်သည်။သူက အရက်များစွာ သောက်ပြီးသွားမှ ပြန်ချ၏။သူ့မျက်လုံးက ဝမ်လင်းကို ကြည့်နေရင်း တောက်ပကာ နေသည်။သူက အနက်ရောင် ဝတ်စုံနှင့်လူကို လက်ညှိုးထိုးကာ ပြောလိုက်သည်။ "အကို ဝမ်...ဒီလူက နာမည်မရှိဘူး။သူ့ကို ကောင်းကင်ဘုံ သက်တော်စောင့်လို့ပဲ ခေါ်တာ။ငါတို့က သူ့တို့ကိုယ်သူတို့ ကျင့်ကြံခြင်းအဖွဲ့အစည်းလို့ခေါ်တဲ့ တူညီတဲ့အစုအဖွဲကနေ လာခဲ့တာပါ..."


ဝမ်လင်းအသွင်က ပြောင်းလဲသွားခြင်း မရှိပေ။သူက ဖြည်းဖြည်းချင်း သက်တော်စောင့်..." ပြောလိုက်၏။ "ကောင်းကင်ဘုံ


ရှုယွမ်ရှန်က နောက်ထပ် အရက်နောက်တစ်ကျိုက် ထပ် မော့၏။သည့်နောက် သူ့မျက်လုံးက အနည်းငယ် နီမြန်း လာ၏။သူက ပြောလိုက်သည်။ "ကျင့်ကြံခြင်းအဖွဲ့အစည်း

ထဲမှာ သူ့ကိုယ်သူ ကောင်းကင်ဘုံနယ်မြေဘိုးဘေးလို့ ခေါ် တဲ့ ပုဂ္ဂိုဟ်တစ်ယောက် ရှိတယ်။ဒီလူရဲ့ ကျင့်ကြံမှုအဆင့်က တော်တော်လေး မြင့်မားလှတယ်။သူ့မှာ ကောင်းကင်ဘုံ သက်တော်စောင့်လို့ သူခေါ်တွင်တဲ့ လူတွေလည်း ရှိတယ်။ ဒါ့အပြင် ဒီဘိုးဘေးမှာ ကောင်းကင်ဘုံသက်တော်စောင့် စုစုပေါင်း ဆယ်ယောက်တိတိ ရှိတယ်။သူတို့ရဲ့ခွန်အား ကတော့ သိပ်ကွာခြားတာ မရှိဘူး..."


"ကောင်းကင်နတ်ဆိုးနိုင်ငံရဲ့ ရှေးဟောင်းနတ်ဆိုးမြို့မှာ ဖြစ်ခဲ့တဲ့ သင်နဲ့ ဗိုလ်ချုပ်မိုလီဟိုင်နဲ့ တိုက်ပွဲက ဒီဘိုးဘေးရဲ့ အာရုံစိုက်မှုကို ရရှိသွားခဲ့တာ။ မသိရတဲ့အချို့အကြောင်း တွေ အတွက် သူက အကိုဝမ်ကို ဖမ်းဖို့ လူတွေ လွှတ်လိုက် တာပဲ။ကောင်းကင်နတ်ဆိုးမြို့မှာ သင့်ကို လာဖမ်းတဲ့လူ တွေနဲ့ ရင်ဆိုင်ခဲ့ရမယ်ဆိုတာ ငါ ယုံကြည်ပါတယ်..."


"အဲ့နောက်မှာတော့ အကိုဝမ်က ကောင်းကင်နတ်ဆိုးမြို့ ကနေ ပျောက်ကွယ်သွားပြီးနောက် ဒီကိစ္စက အဆုံးသပ် သွားတာ။ဒါပေမဲ့လည်း တစ်စုံတစ်ယောက်က သင် ဒီနေရာမှာ ရှိနေတယ်ဆိုတာ လွန်ခဲ့တဲ့လအနည်းငယ်က ရှာတွေ့သွားခဲ့တယ်။ဒါ့ကြောင့် ဘိုးဘေးက ငါ့တို့ကို အကို ဝမ်ကို အသက်ရှင်လျက် ဖမ်းဖို့ ဒီနေရာကို လွှတ်လိုက်တာ ...ပဲ


ဝမ်လင်း မျက်လုံးက ကျဉ်းမြောင်းသွား၏။သူက ကောင်းကင်နက်ဆိုးမြို့တွင် သူ ကုချင်းဂီတသံ နားထောင် နေစဉ်၌ သူ့အားလာရောက် တိုက်ခိုက်ခဲ့သော အုပ်စုကို

ပြန်သတိရသွား၏။သူတို့အုပ်စု ခေါင်းဆောင်က သူဖမ်း တာ ခံရခါနီး၌ သူ့ကိုယ်သူ ပေါက်ကွဲပစ်စေခဲ့သည်။တမ် လင်းက သည်အဖြစ်ကို သူ့စိတ်ထဲ၌ မှတ်မိနေပါသေး၏။


အတိတ်တုန်းကတော့ သူက သည်လူတွေကို အခြား နတ်ဆိုးဗိုလ်ချုပ်တစ်ယောက်ယောက် လွှတ်ခဲ့တာဟု ထင် နေခဲ့မိ၏။သို့ရာတွင် ယနေ့ ရှုယွမ်ရှန်၏ စကားကို နားထောင်ပြီးသည့်နောက် နောက်ထပ် တစ်စုံတစ်ယောက် ဖြစ်လို့နေတော့သည်။


ရှုယွမ်ရှန်က လက်သီးတင်းတင်းဆုပ်ကာ ဆက်ပြောလာ သည်။ "အကိုဝမ်...သင်က အတိတ်က အကြောင်းကို မသိလောက်ဘူး။ အတိတ်တုန်းက ငါ့ညီမက ဒီနေရာကို ငါတို့ နောက်ကနေ လျှို့ဝှက်နည်းလမ်းတစ်ခု အသုံးပြုပြီး လိုက် လာခဲ့တယ်။သူမက ဘိုးဘေးရဲ့ ညှို့ငင်ဖမ်းစားတာ ခံရပြီး ကျင့်ကြံခြင်းအဖွဲ့အစည်းရဲ့ အဖွဲ့ဝင် ဖြစ်လာခဲ့ရတယ်။သူမ က ငါနဲ့ တွေ့တဲ့နောက် ငါ့ကို အဲ့အဖွဲ့အစည်းကို ဝင်ဖို့ လှည့် ဖျားခဲ့တယ်။ငါက တစ်ခုခုမှားနေတာကို သတိထားမိတဲ့ အခါမှာ ငါက ထွက်ပြေးလိုခဲ့တယ်။ဒါပေမဲ့လည်း ဘိုးဘေး ပေါ်လာပြီး မန္တာန်တစ်ခုထဲနဲ့ သူက ငါအပါအဝင် ငါနဲ့အတူ လာခဲ့တဲ့ ဦးလေး လေးယောက်လုံးကို ဖမ်းစီးလိုက်တယ်။ အဲ့အချိန်ကစပြီး သူတို့လေးယောက်လုံးက မှတ်ဉာဏ်တွေ ပယ်ဖျက်ခြင်း ခံလိုက်ရပြီး ရုပ်သေးတွေ ဖြစ်လာခဲ့ရတယ်။ ငါ့မှာတော့ ကောင်းကင်ဘုံမျိုးစေ့ တစ်ခု ရှိနေခဲ့တယ်။ ဒါ့ ကြောင့် ခုချိန်မှာ ငါက ငါ့ဘဝကို မပိုင်စိုးတော့ဘူး..."

ဝမ်လင်းမျက်လုံးများက ရွှေရောင်အလင်းကို ထုတ်လွှတ် လာ၏။သူက ရှုယွမ်ရှန်၏ ခန္ဓာကိုယ်အား ကြည့်လိုက်၏။ သည့်အကြည့်က ရှုယွမ်ရှန်၏မူလစိတ်ဝိညာဉ်ကို တုန်ခါ သွားစေကာ ပျက်စီးလုနီးပါး ဖြစ်သွားရ၏။သူက သူနှင့် ပတ်သတ်သည့်လျှို့ဝှက်ချက်လုံး ပေါ်ပေါက်သွားပြီဟု ခံစားရမိသည်။ ဝမ်လင်းရှေ့တွင်


ထိုခံစားချက်က ခဏသာကြာ၍ ပြန်ပျောက်ကွယ်သွား သည်။သို့ရာတွင်ရှုယွမ်ရှန်သည် ချွေးများဖြင့် ရွှဲနစ်သွားချေ သည်။ဝမ်လင်းအပေါ် သူ့အကြည့်က ပို၍ လေးစားသွား ခဲ့၏။


ဝမ်လင်းက သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ကာ ရှု ယွမ်ရှန်နှဖူးထက်သို့ လက်ညွှန်လိုက်၏။သည့်နောက် ရှု ယွမ်ရှန် နှဖူးပေါ်၌ အစိမ်းရောင်မျဉ်းလိုင်းအမျှင်တန်းများ ပေါ်လာခဲ့တော့သည်။ထိုအမျှင်တန်းများက သိပ်မကြာခင် မှာပင် ရှုယွမ်ရှန်ခန္ဓာကိုယ်တစ်ခုလုံးအား ဖုံးလွှမ်းသွား တော့၏။


ဝမ်လင်းက တိုးညှင်းသော အာမေဋိတ်သံ ဖြစ်ပေါ်သွား ကာ သူ့မျက်လုံးက လေးနက်လာခဲ့၏။သူက အစိမ်းရောင် လိုင်းများကို သေချာကြည့်နေ၏။သည့်နောက် သူက မျက်လုံးမှိတ်ကာ စတင်စဉ်းစားနေသည်။


ရှုယွမ်ရှန်က စိတ်ထဲ၌ ကြောင့်ကြနေမိသည်။သည် ကောင်းကင်ဘုံမျိုးစေ့သာ ဖယ်ရှားနိုင်ခြင်း မရှိပါက သူက

ဘိုးဘေး၏ ထိန်းချုပ်မှုအောက်၌ ထာဝရ ကျရောက်ကာ ပြန်လွတ်နိုင်တော့မည် မဟုတ်ပေ။


အချိန်အတန်ကြာပြီးနောက် ဝမ်လင်းက မျက်လုံးဖွင့်လာ ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ "ဘိုးဘေးက ဒီ အတားအဆီးကို ကောင်းကင်ဘုံမျိုးစေ့လို့ ခေါ်တာလား..."


ရှုယွမ်ရှန်က ခပ်မြန်မြန် ခေါင်းညိတ်၍ ပြောလိုက်သည်။ "မှန်ပါတယ်။ဘိုးဘေ တစ်ခါပြောဖူးတာက သက ဒါကို ကောင်းကင်ဘုံနယ်မြေ မပြိုကျခင်တုန်းက ရခဲ့တာတဲ့။ ဒါက ကောင်းကင်ဘုံနယ်မြေရဲ့ အရာဝတ္ထုတစ်ခု ဖြစ်တယ်၊ သူကလွဲလို့ ဘယ်သူကမှ ဒါကို မချိုးဖျက်နိုင်ဘူးလို့ ပြောတယ်...


အနက်ရောင်ဝတ်စုံနှင့်လူကို ဝမ်လင်းမျက်လုံးက ကြည့်၍ ထူးဆန်းသောအလင်းတို့ ထွက်ပေါ်နေသည်။သူက စိတ်ထဲ၌ တွေးနေ၏။ "ဒီလူက ကောင်းကင်ဘုံ သက်တော်စောင့်လို့ ခေါ်ဆိုခံရတယ်။ဒီအတားအဆီးက လည်း ကောင်းကင်ဘုံမျိုးစေ့လို့ ခေါ်ဆိုခံရတယ်...ဆိုတော့ ဒီဘိုးဘေးကလည်း သူက ကောင်းကင်ဘုံနယ်မြေကလာ တာလို့ ပြောဆိုနေပြန်တယ်...။ဒါက ကောင်းကင်ဘုံအင်ပါ ယာ ချီလင်းများ ဖြစ်နေနိုင်မလား...။ဖြစ်နိုင်ချေ နည်းလွန်း ပေမဲ့လည်း ဒီအတားအဆီးက တကယ့်ကို မရိုးရှင်းဘူး။ဒီ ထဲမှာ အဆုံးအဆမဲ့ကောင်းကင်ဘုံစွမ်းအင်တွေ ပါဝင်နေ တယ်။ဒါ့ကြောင့် ဒါက ကောင်းကင်ဘုံနယ်မြေက တစ်ခုခု ဖြစ်နေလောက်တယ်...

ဝမ်လင်းသည်


အနည်းငယ်စဉ်းစားပြီးနောက် လေဟာနယ်ထဲသို့ လက်ဆန့်ထုတ်လိုက်သည်။ထို့နောက် ကောင်းကင်ဘုံသက်တော်စောင့်သည် သူ့လက်ထဲသို့ ရောက်ရှိလာ၏။ဝမ်လင်းက သူ့လက်ကို ထိုလူ၏ဦးခေါင်း ထက်သို့ နေရာချလိုက်သည်။သည့်နောက် ဝမ်လင်းက စိတ် ဝိညာဉ်ရှာဖွေခြင်းမန္တာန်ကို အသုံးပြု၏။


ထိုလူသာ


အစစ်အမှန်အာဏာတက်ခြင်းအဆင့်တစ် ယောက် ဖြစ်ပါက ဝမ်လင်းသည် သူနှင့်ကျင့်ကြံခြင်းအဆင့် တူ တစ်ယောက်ကို အခုလို စိတ်ဝိညာဉ်ရှာဖွေမည် မဟုတ် ပေ။သို့ရာတွင် သည်လူ၏ခန္ဓာကိုယ်သည် မူလစွမ်းအင်လုံး ဝ ရှိမနေချေ။အမှန်တော့ သည်လူ၏အာဏာတက်ခြင်း အဆင့်က သူ့မူလစိတ်ဝိညာဉ်ထဲရှိ ပျက်စီးနေသော ကျောက်စိမ်းပြားက ပေးစွမ်းထားခြင်းသာ ဖြစ်၏။သူ့ အစစ်အမှန်ကျင့်ကြံမှုက စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း အလယ်အဆင့်လောက်သာ ရှိပေသည်။


ဝမ်လင်းက သူ့စိတ်ဝိညာဉ်ကို ရှာဖွေနေရင်း သူ့အသွင်က တဖြည်းဖြည်း သုန်မှုန်လာခဲ့၏။ထိုလူ၏ မှတ်ဉာဏ်များက တိုတောင်းလှကာ သူ ကောင်းကင်ဘုံသက်တောင့်စောင့် ဖြစ်လာချိန် မှတ်ဉာဏ်များသာ ပါဝင်၏။ထိုအရင်တုန်းက မှတ်ဉာဏ်များကတော့ ဗလာကြီး ဖြစ်လို့နေချေသည်။


ဝမ်လင်းက သူ့ညာလက်ကို ဆန့်၍ တစ်ချက် ပုတ်လိုက် ရာ ထိုလူ၏မူလစိတ်ဝိညာဉ်ကို ထုတ်ယူလိုက်၏၊ဝမ်လင်း မျက်လုံးက အေးစက်နေပြီးနောက် သူ့ပါးစပ်ထဲက မူလ...


မီးတောက်ကို ထွေးထုတ်လိုက်၏။သည့်နောက် သူက ရှု ယွမ်ရှန်ရှေ့တွင်ပင် မူလစိတ်ဝိညာဉ်ကိုသန့်စင်မွန်းမံ တော့သည်။


ရှုယွမ်ရှန်က သူ့ကို ကြည့်နေ၏။သူ့နှလုံးသားက တုန်လှုပ်သွားကာ ကြောက်လန့်မှုနှင့် ပြည့်သွားတော့သည်။


ဝမ်လင်းက မူလစိတ်ဝိညာဉ်ကို သန့်စင်နေရင်း သူ့ အကြည့်က ရှုယွမ်ရှန်ထံသို့ ကျရောက်လာ၏။သူက ထိုသို့ ပြုလုပ်ရသည့်မှာ အကြောင်းရင်းများ ရှိသည်။ထိုလူ၏ မူလ စိတ်ဝိညာဉ်က အမှန်ပင် ထူးဆန်းလှ၏။ထို့ကြောင့် ဝမ် လင်းသည် ရှုယွမ်ရှန်ပြောသမျှကို မယုံချေ။သူက ကြိုတင် ပြင်ဆင်မှုများကို ခုထိ ပြုလုပ်ထား၏။ခုလိုမျိုး ရှုယွမ်ရှန်ကို ကြောက်လန့်စေခြင်းမျိုးပင်။


ကောင်းကင်ဘုံသက်တော်စောင့်၏ မူလစိတ်ဝိညာဉ် သည် မြန်ဆန်စွာ သန့်စင်ခြင်းခံလိုက်ရ၏။လက်သည်းခွံ လောက်အရွယ်စားရှိသည့် ကွဲကြေနေသည့် ကျောက်စိမ်း ပြားက ဝမ်လင်းရှေ့၌ မြောလွင့်လာသည်။သူက ထိုကွဲ နေသောကျောက်စိမ်းပြားကို စူးစိုက်ကြည့်နေရင်း စတင် စဉ်းစားသည်။


ထိုကျောက်စိမ်းပြားက မည်သည့်စိတ်ဝိညာဉ်စွမ်းအင်ကို မျှ ပေးစွမ်းနေခြင်း မရှိသော်လည်း ဝမ်လင်း ၎င်းကို စစ်ဆေးကြည့်သည့်အခါတွင်တော့ သူက ၎င်းအထဲ၌ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်မြောက်များစွာ ပါဝင်

နေသည်ကို တွေ့ရှိလိုက်ရ၏။သို့ရာတွင် သည် ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များက စုပ်ယူ၍ မရနိုင် ချေ။


"ကျင့်ကြံသူတစ်ယောက်ရဲ့မူလစိတ်ဝိညာဉ်နဲ့ ဒီကွဲကြေ နေတဲ့ ကျောက်စိမ်းပြားကို ပေါင်းစပ်ပြီး အာဏာတက်ခြင်း အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်နဲ့ ဆင်တူ တစ် ယောက်ကို ဖန်တီးနိုင်တယ်။ဒါပေမဲ့ ငါက ဒီလိုပေါင်းစပ် နိုင်ဖို့ အောင်မြင်နိုင်တဲ့နှုန်းက အတော်လေး နှေးကွေးလိမ့် မယ်လို့ ယုံကြည်တယ်။မဟုတ်ရင် ဒီဘိုးဘေးဆိုတဲ့လူက ကောင်းကင်ဘုံသက်တော်စောင့် ဆယ်ယောက်ပဲ ရှိနေမှာ မဟုတ်တော့ဘူး..."


"ဒီပေါင်းစပ်မှုက ကွဲကြေနေတဲ့ ကျောက်စိမ်းပြားနဲ့ ပျော် ဝင်စေတာသပ်သပ်လောက် ရိုးစင်းမှာ မဟုတ်ဘူး။ဒီ ကျောက်စိမ်းပြားထဲမှာ ရှိနေတဲ့ စိတ်ဆန္ဒကသာ သော့ချက် ဖြစ်ရမယ်။ဒီစိတ်ဆန္ဒနဲ့ ပေါင်းစပ်နိုင်မှသာ ဖြစ်စဉ် ပြည့်စုံနိုင်လိမ့်မယ်..."


ဝမ်လင်းစိတ်ထဲ၌ ထိုအကြံဉာဏ်အတွေးများ တဖျပ်ဖျပ် ဖြစ်လို့နေလေသည်။


ကျင့်ကြံခြင်းအဖွဲ့အစည်း၏ ဘိုးဘေးကသာ ဝမ်လင်း ခု လိုတွေးမိနေတာကို သိသွားမည်ဆိုပါက အမှန်ပင် တုန်လှုပ်သွားပေလိမ့်မည်။သူက အခုနည်းလမ်းကို ရှာဖွေ နိုင်ဖို့ အချိန်များစွာ အသုံးပြုခဲ့ရတယ်လို့တောင်ပြောနိုင်ပေသည်

...


ဝမ်လင်းမျက်လုံးများက အေးစက်နေကာ သူက ဖြည်းဖြည်းချင်း မေးလိုက်၏။ "ကျင့်ကြံခြင်းအဖွဲ့အစည်းက ဘယ်နေရာမှာ ရှိတာလဲ..."



ရှုယွမ်ရှန်က ခပ်မြန်မြန် ပြန်ဖြေလိုက်သည်။" ကျင့်ကြံ ခြင်းအဖွဲ့အစည်းက မီးနတ်ဆိုးနိုင်ငံနဲ့ ရွှေရောင်နတ်ဆိုး နိုင်ငံ နှစ်ခုကြား နယ်စပ်မှာ တည်ရှိပါတယ်။ဒီနေရာက တစ်နှစ်ပတ်လုံး အနံ့အသက်ဆိုးတွေနဲ့ ပြည့်နှက်နေတာ၊ ဒါ့ကြောင့် အမေ့ခံနေရာတစ်ခုလိုတောင် ဖြစ်နေပြီ..."


သူက ထိုသို့ ပြောပြီးသည့်နောက် သူက ထပ်၍ မေးလိုက် သည်။ "အကိုဝမ်...သင်က ဘာလို အစီအစဉ် ရှိလို့လဲ..."


ဝမ်လင်းက ပြုံးလာ၏။ "ငါ့မှာ မင်းရဲ့ အတားအဆီးကို ချိုးဖျက်ပေးဖို့ ယုံကြည်ချက် မရှိဘူး။ဒါပေမဲ့လည်း ဒီဘိုး ဘေးကတော့ ဒီလိုလုပ်နိုင်ဖို့ ခက်ခဲမှာ မဟုတ်ဘူး..."


ရှုယွမ်ရှန်က


အသက်ဝဝရှူသွင်းလိုက်၏။သူက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ကာ ဝမ်လင်းကို ဦးညွတ်သည်။သူက ပြန်ခေါင်းမော့လာ၏။သူ့မျက်လုံးထဲ၌ စိတ်လှုပ်ရှားမှုတို့ ဖြစ်ပေါ်နေသည်။သူက ပြောလာသည်။ "အကိုဝမ်..သင် ငါ့အတွက် လုပ်ပေးတာတွေအတွက် ဘယ်လိုကျေးဇူးဆိုရမှန်း မသိဘူး။တစ်နေ့မှာ ငါ

ယွမ်ဂြိုဟ်ပေါ်ကို ပြန်ရောက်နိုင်တာနဲ့ သင့် မျက်နှာသာပေး မှုအတွက် ကျိန်းသေပေါက် ပြန်ပေးဆပ်မှာပါ....


"အကိုရှု..သင်က ဒီလိုမလုပ်သင့်ဘူး..."


ဝမ်လင်းက ခေါင်းယမ်း၍ ဆို၏။ "တကယ်တော့ သင်က သာ မပြောပြရင်လည်း ငါက ဒီကျင့်ကြံခြင်းအဖွဲ့အစည်းရှိသွားမှာပါ။ဒီဘိုးဘေးက ငါ့ကို ရန်စတာ နှစ်ကြိမ် ရှိပြီ။ငါက ဒါနဲ့ပတ်သတ်လို့ တစ်ခုခု မလုပ်ဘူးဆိုရင် နောက်ထပ် သုံး ကြိမ်၊လေးကြိမ်လည်း ဖြစ်လာနိုင်တယ်။ဒါက အတောသပ် နိုင်တော့မှာ မဟုတ်ဘူး..."


"အကိုဝမ်...ဘာပဲဖြစ်ဖြစ်ပါ...ငါက ဒါကို အမှတ်ရနေ မှာပါ..." ရှုယွမ်ရှန်၏ အသံက ကျေးဇူးတင်မှုတို့နှင့် ပြည့် နေ၏။


ဝမ်လင်းက ပြုံး၍ ခေါင်းယမ်းကာ သူ့သိုလှောင်အိတ်ထဲ သို့ ကျောက်စိမ်းပြားအပဲ့ကို ထည့်သိမ်းလိုက်သည်။ သည့်နောက် သူက အင်္ကျီလက်အိုးကို ဝှေ့ယမ်းလိုက်ရာ ရှု ယွမ်ရှန်နှင့်အတူ မျှော်စင်ထဲကနေ ပျောက်ကွယ်လို့သွား တော့၏။သူတို့က စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စုနေရာ ကနေ ထွက်ခွာခါနီးချိန်၌ သူ့အင်္ကျီလက်အိုးကို ဝှေ့ယမ်း လိုက်ပြန်သည်။ကျန်နေသေးသော ကျင့်ကြံခြင်းအဖွဲ့ အစည်းမှ ကျင့်ကြံသူများသည်လည်း ဝမ်လင်း၏ ဖမ်းဆီး ခြင်းကို ခံလိုက်ရကာ ပျောက်ကွယ်သွားတော့၏။


မီးနတ်ဆိုးနိုင်ငံရှိ စစ်ပွဲကတော့ ဆက်လက်၍ ဖြစ်ပွား

နေသည်။သတ်ဖြတ်မှုများကလည်း မြေပြင်တွင် သွေး ချောင်းစီးလို့နေ၏။ထို့ကြောင့် မီးနတ်ဆိုးနိုင်ငံတစ်ခုလုံး သည် သွေးနံ့မှားနှင့် ဖုံးလွှမ်းနေချေသည်။


နိုင်ငံနှစ်ခု စစ်မက်ဖြစ်ပွားသည့်အခါ အခြားနိုင်ငံ ခုနစ်ခု၏ အာရုံစိုက်မှုကို ရှောင်လွှဲ၍ မရချေ။အထူးသဖြင့် ခုလို အခိုက်အတန့်တွင်ဖြစ်၏။အခုချိန်တွင် မီးနတ်ဆိုး နိုင်ငံ၌ တိုက်ပွဲသတ်ပွဲများ ဖြစ်နေသလို ကောင်းကင် နတ်ဆိုးနိုင်ငံတွင်လည်း မည်သည့်တပ်သားမျှ ကျန်မနေ တော့ချိန်မျိုး ဖြစ်၏။ထိုအဖြစ်က ကျန်သော ခုနစ်နိုင်ငံ အတွက် အခွင့်အရေးတစ်ခုပင်။ထိုအခွင့်အရေးမျိုးက နှစ် သောင်းချီအတွင်း တစ်ကြိမ် ဖြစ်လာခဲပေသည်။


သည်အခိုက်အတန့်တွင် မီးနတ်ဆိုးနိုင်ငံနှင့် ရွှေရောင် နတ်ဆိုးနိုင်ငံတို့ကြား နယ်စပ်တွင် ကြယ်ပျံတစ်စင်းသည် ကောင်းကင်ကို ဖြတ်သန်း၍ အနံ့အသက်ဆိုးများ ဝန်းရံနေ သော နေရာသို့ ဦးတည် ပျံသန်းလာ၏။ထိုကြယ်ပုံ အလင်းပျောက်ကွယ်သွားပြီးနောက် အနံ့အသက်ဆိုးအပြင်ဘက်၌ ပေါ်ထွက်လာခဲ့သည်။သူ အင်္ကျီလက်အိုးကို ဝှေ့ယမ်းလိုက်ရာ ကျင့်ကြံသူဆယ် ယောက်ကျော်က သူ့ဘေးတွင် ပေါ်ထွက်လာခဲ့သည်။ ဝမ်လင်းသ


ရှုယွမ်ရှန်က ဝမ်လင်းဘေးတွင် မတ်တပ်ရပ်လျက် ရှိနေသည်။သူက အလွန်စိတ်လှုပ်ရှားနေ၏။


"အကိုရှု...ငါပေးထားတဲ့ ကျောက်စိမ်းပြားကို ကိုင်

ဆောင်ထားပါ။ ဒီထဲက အတားအဆီးက မင်း ခန္ဓာကိုယ်ထဲ မှာ ရှိတဲ့ ကောင်းကင်ဘုံမျိုးစေ့ကို မချိုးဖျက်နိုင်ပေမဲ့လည်း အရေးအကြောင်းဆိုရင် ဒီမျိုးစေ့ရဲ့ သက်ရောက်မှုကို နှောင့်နှေးစေလိမ့်မယ်..."


ထိုသို့ပြောပြီးသည့်နောက် ဝမ်လင်းက အနံအသက်ဆိုး ထူထူထဲထဲ နေရာထဲသို့ ခြေချလိုက်သည်။


သူက ကောင်းကင်ဘုံမျိုးစေ့နှင့်ပတ်သတ်၍ အချို့ ကြိုတင်ခန့်မှန်းထားမှုများ ရှိပေသည်။သို့ရာတွင် သူက ထို အရာကို ကောင်းကင်ဘုံနယ်မြေဘိုးဘေးလို့ သူ့ကိုယ်သူ ခေါ်သောသူကို တွေ့မြင်ပြီးမှသာ အတည်ပြုနိုင်မည် ဖြစ်သည်။


အနံ့ဆိုးများကြား ရှိ ရဲတိုက်အနက်ပိုင်းထဲ၌ အဘိုးအို တစ်ယောက်သည် ကြာပွင်သဏ္ဌာန်ထိုင်နေ၏။သူနှင့် မျက်နှာချင်းဆိုင်တွင်တော့ အမျိုးသမီးသုံးယောက် ထိုင် နေ၏။သူတို့သုံးယောက်လုံးက အလွန်လှကြသည်။တစ် ယောက်ကတော့ ရှုယွမ်ရှန်၏ ညီမလေး ရှုယွင် ဖြစ်၏။


ထိုအမျိုးသမီးသုံးယောက်၏ ပါးစပ်နှင့်နှာခေါင်းပေ ထဲကနေ ပန်းရောင်အခိုးငွေ့အမျှင်တန်းများ ထွက်လို့ နေ၏။ထိုပန်းရောင်အခိုးငွေ့က အံ့ဩဖွယ်ရာလှပမှုပုံစံမျိုး ဖြင့် အဘိုးအိုပတ်လည်၌ ခုန်ပေါက်လို့နေ၏။


အဘိုးအိုပတ်လည်၌ ကခုန်နေသော ပုံရိပ်ယောင်အသွင်

များက တဖြည်းဖြည်းချင်း ပီပြင်လာသည်။သည့်နောက် သူ တို့က လှပသော ရောင်စုံဝတ်စားထားသည့် ကောင်းကင်ဘုံ သမီးများအဖြစ်သို့ ရုတ်တရက် ပြောင်းလဲသွားကြသည်။အ ဘိုးအိုက ရှိုက်သွင်း၍ သူတို့အား မြိုချပစ်လိုက်သည်။


ထိုအရပ်ပုပုအဘိုးအိုက ဝမ်လင်း အနံ့အသက်ဆိုးများ ကြားထဲသို့ ခြေချလိုက်သည့်အချိန်၌ ရုတ်တရက် မျက်လုံး ဖွင့်လာခဲ့သည်။သူ့မျက်လုံးက ရွှေရောင်တောက်ပနေ၏။သူ မျက်လုံးဖွင့်လာသည့်အခိုက်အတန့်တွင် သူ့ပတ်လည်ရှိ ပုံ ရိပ်ယောင်များသည် ပျောက်ကွယ်သွားကြ၏။သူ့ရှေ့ရှိအမျိုးသမီးသုံးယောက်၏ မျက်နှာများသည်လည်း ပို၍ အိုစာလာဟန်များကို ပြသလို့လာ၏။


ဝမ်လင်းက ထိုအနံ့ဆိုးများထဲသို့ ခြေချလိုက်၏။သည် အနံ့ဆိုးများ ထူထဲလှကာ သူက အထဲ၌ ရွှေ့လျားလို့နေ၏။


ဝမ်လင်းက ရှေ့သို့ ဆက်လျှောက်လာလေလေ ပိုပိုများ သော အနံ့ဆိုးများက သူ့ကို ဝန်းရံလာလေ ဖြစ်နေ၏။အရပ် မျက်နှာအနှံ့မှလည်း တစ္ဆေငြီးသံများက သူ့ထံသို့ တိုးဝင် လာနေကြသည်။


ဝမ်လင်းအသွင်က အေးစက်လာကာ သူက ပြော လိုက်၏။ “ငါ့ရှေ့မှာ စိတ်ဝိညာဉ်မန္တာန်အသုံးပြုဖို့ ကြိုးစား မယ်ဆိုရင် သင်က ကိုယ့်နေရာကိုယ် မသိတာပဲ...


သူက ထိုသို့ ပြောလိုက်ရင်း ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ် စေကာ အော်ပြောလိုက်၏။ "စိတ်ဝိညာဉ်ဝဲကတော့...

သူ့အသံက လက်ထဲရှိ ချိပ်တံဆိပ်ထံသို့ ဝင်ရောက် သွား၏။ထိုအခါ အနီးအနားရှိ အနံ့ဆိုးများက စတင် လှည့်ပတ်လာကာ ဆူပွက်လို့လာ၏။သည်အနံ့ဆိုးများက ဝမ်လင်းရှေ့၌ မြန်ဆန်သောနှုန်းဖြင့် စတင်စုစည်းလာကြ သည်။


ဝမ်လင်းရှေ့၌ ဝဲကတော့လို မြင်ကွင်းမျိုး ဖြစ်ပေါ်လာကာ ထိုအနံ့ဆိုးများအားလုံးကို စုပ်ယူပစ်နေတော့သည်။


ချက်ခြင်းလိုလိုပင် သည်ဧရိယာ၏ ပတ်ပတ်လည်ရှိ အနံ့ ဆိုးများက သော နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် နေ အလင်းရောင် ပေါ်ထွန်းလာတော့သည်။ စုပ်ယူခြင်းခံလိုက်ရတော့၏။မရေမတွက်နိုင်


ဝမ်လင်းလက်ထဲ၌ အနံ့ဆိုးများက လက်သီးစုပ်အရွယ် ခန့် ဖြစ်တည်လာကာ ပိုးမျှင်လိုအမျှင်တန်းပမာဏများစွာ ကို ထုတ်လွှတ်လာ၏။


အကွာအဝေးတစ်ခု၌ အဖြူရောင်ရဲတိုက်တစ်ခုကို မြ တွေ့နေရပြီ ဖြစ်သည်။ထိုရဲတိုက်၏ အပြင်ဘက်တွ ကျင့်ကြံသူတစ်ရာနီးပါးက လေထဲ၌ ရှိနေကြ၏။သူတို့ ဝမ်လင်းလက်ထဲရှိ အနံ့ဆိုးအလုံးကို အားလုံးက ကြောင်တောင်တောင်ဖြင့် ကြည့်လို့နေကြ၏။


ဝမ်လင်းက ထိုလူအုပ်ကို အေးစက်စွာ သိမ်းကြုံးကြည့် လိုက်သည်။သူက ချက်ခြင်းပင် ထိုလူများ၏ မျက်နှာကို မှတ်သားထားလိုက်၏။သူတို့ထဲက အချို့သည် ဝမ်လင်းနှင့်

အတူ သည်နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေသို့ တစ်အုပ်စု တည်း ဝင်ရောက်ခဲ့သည့်သူများဖြစ်ကာ အချို့ကိုတော့ သူက မရင်းနှီးပေ။


လူအုပ်ထဲမှ တစ်ယောက်က ဝမ်လင်းမျက်လုံးက အနည်းငယ် လက်ခနဲ ဖြစ်သွားစေ၏။သည်လူက အပြာ ရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းလူကြီး ဖြစ်၏။


အပြာရောင်ဝတ်စုံနှင့်လူက ဝမ်လင်းကို တွေ့မြင်လိုက် သည့်အခိုက်၌ မှင်သက်သွား၏။သူက ဝမ်လင်းအကြည့် ကြည့်ကို အလိုလို ရှောင်ဖယ်ကာ သူ့အသွင်က ခါး သက်သက်ပုံစံ ပေါက်သွားလေ၏။


သူက ဝမ်လင်းနှင့်အတူ နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေသို့ ဝင်ရောက်လာခဲ့သည့် ကောင်ကင်ကံကြမ္မာကလန်၏ အပြာရောင်အုပ်စုခွဲမှတပည့် ဖြစ်လို့နေချေသည်။


"လမ်းဖယ်စမ်း..." ဝမ်လင်းအသံက တည်ငြိမ်လှ၏။


စကားတစ်ခွန်းဖြင့်ပင် လူတိုင်းကို အလိုလို လမ်းဖယ် သွားစေ၏။သူတို့အားလုံးတွင် မည်သူကမျှ အာဏာတက် ခြင်းအဆင့်သို့ မရောက်ကြသေးပေ။အမြင့်ဆုံးမှ စိတ် ဝိညာဉ်အသွင်ပြောင်းခြင်း အထွတ်အထိပ်အဆင့်တွင်သာ ရှိ၏။သူတို့က ခုလို အာဏာတက်ခြင်းအဆင့်ကို တွေ့သည် နှင့် ပါးနပ်စွာပင် နောက်ဆုတ်ရန် ရွေးချယ်ခဲ့ကြသည်။


သို့ရာတွင် တစ်ချို့ ကောင်းကင်ဘုံနယ်မြေဘိုးဘေးကို ယုံကြည်နေကြသော မပါးမနပ်အချို့လည်း ရှိသေး၏။သူတို့

ထဲမှ တစ်ယောက်က တာအိုဝတ်စုံကို ဝတ်ဆင်ထား၏။ သူက အော်ပြောလိုက်သည်။ "ရိုင်းလိုက်တာ...မင်း ဘယ် သူလဲ။ နာမည်ပြောပါ။ငါ့ကျင့်ကြံခြင်းအဖွဲ့အစည်း..."


ထိုလူက


စကားမဆုံးခင်မှာပင်


ဝမ်လင်း၏ အေးစက်စက်အကြည့်က ဓားသွားအလား ကျဆင်းလာ၏။ သူစကားများက ပါးစပ်ထဲသို့ ပြန်ဝင်သွားကာ သူက သွေးအန်ထုတ်လိုက်ရ၏။


ဝမ်လင်းက ကောင်းကင်ဘုံသတ်ဖြတ်ခြင်းပညာရပ်ကို ကျင့်ကြံကာ သတ်ဖြတ်သူနှလုံးသား ပိုင်ဆိုင်ထားသဖြင့် သူ့ အကြည့်က အမှန်အကန်တိုက်ခိုက်မှု ပြုနိုင်ပေသည်။


ဘေးရှိလူများက လေအေးတစ်ချက် ရှိုက်သွင်းမိလိုက်ကြ သည်။လူတိုင်းက ပို၍ လမ်းဖယ်ပေးလိုက်ကြ၏။အစော ပိုင်း၌ မဖယ်ပေးသော သူများပင် အလျင်အမြန်ဖယ် ပေးလိုက်ကြ၏။


ထိုအခါ ရဲတိုက်သို့ ဦးတည်သွားသော လမ်းတစ်ခု ပေါ်လာလေ၏။


"ဒီလူ့ကို သတ်လိုက်..." ရဲတိုက်ထဲကနေ ခန့်ညားသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။


ထိုအမိန့်ထွက်ပေါ်လာပြီးနောက် ကျင့်ကြံသူအားလုံး၏ မျက်နှာသည် ဖြူရောသွားကြကာ သူတို့အားလုံးက ချီတုံချတုံ ဖြစ်သွားကြတော့သည်။


ကံကောင်းစွာဖြင့် သည်အခိုက်အတန့်၌ အနက်ရောင်ပုံ

ရိပ်တစ်ခုသည် ရဲတိုက်ထဲကနေ ထွက်လာကာ ဝမ်လင်း ထံသို့ တိုက်ရိုက် တိုးဝင်လာခဲ့ပေ၏။


ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများထဲမှ တစ်ယောက်က အာ မေဋိတ်သံဖြစ် .." "ကောင်းကင်ဘုံ သက်တော်စောင့်....


ဝမ်လင်းအသွင်က တည်ငြိမ်နေဆဲဖြစ်ကာ သူက ရဲတိုက် ထဲမှ ထွက်လာသည့်လူကို ကြည့်ပင် မကြည့်ချေ။သူက ရှေ့ သို့ တိုး၍ ရဲတိုက်ထံသို့ ဆက်လျှောက်သွားသည်။သူက မြန်ဆန်လှခြင်း မရှိသော်လည်း လူတိုင်း၏မျက်လုံးများက ကျဉ်းမြောင်းသွားကြ၏။


ထိုအခိုက်အတန့်၌ ကျင့်ကြံသူများ၏မျက်လုံးထဲ၌ ဝမ် လင်းကို ကြည့်နေသောအကြည့်များက သူတို့၏ ကိုယ်ပိုင် ကလန်များမှ အကြီးအကဲများကို ကြည့်သောအကြည့်မျိုး ဖြစ်ပေါ်နေခဲ့သည်။ဝမ်လင်းထံမှ အော်ရာက သာမန် ကျင့်ကြံသူများ ပိုင်ဆိုင်နိုင်စွမ်း မရှိပေ။


သူတို့ကိုယ်သူတို့ ယုံကြည်မှု အဆင့်တစ်ခုရောက်နေ သော ကျင့်ကြံသူများသာ ထိုသို့သောအော်ရာကို လွှတ်နိုင်စွမ်း ရှိပေ၏။


အပြာရောင်အုပ်စုခွဲ၏ တပည့်က ဝမ်လင်းကို ကြည့်ဖြ ရင်း စိတ်ရှုပ်ထွေးဟန် ဖြစ်ပေါ်နေ၏။သူက ဝမ်လင်းနှင့် ပတ်သတ်သောသတင်းအချို့ကို ကြားခဲ့ရ၏။သည့်အပြင် အစစ်အမှန်တပည့်နေရာအတွက် ဝမ်လင်းနှင့်ချန်ထောင်

တို့ တိုက်ခိုက်ကြသော တိုက်ပွဲကိုလည်း ကိုယ်တိုင်မျက်မြင် တွေ့ခဲ့ရဖူးသည်။ထိုအချိန်က ဝမ်လင်း၏ လုပ်ဆောင်မှုက လူအများ၏ အာရုံကို ဖမ်းစားနိုင်ခဲ့ပေသည်။တကယ်တော့ ထိုအချိန်က ဝမ်လင်း၏ ကျင့်ကြံမှုအဆင့်က မြင့်မားခြင်း မ ရှိသေးပေ။ထို့ကြောင့်သူက ဝမ်လင်းအပေါ် အထင်ကြီးခြင်း တော့ မရှိခဲ့ချေ။


ဝမ်လင်းကို သို့ရာတွင် ခုချိန်တွင်တော့ သူက ဆက်လက်၍ အထင်သေးဝံ့တော့မည် မဟုတ်ပေ။ဝမ်လင်း က အချိန်တိုအတွင်း အာဏာတက်ခြင်းအဆင့်ကို ရောက်ရှိခဲ့ပြီသာမက ပို၍ အရေးကြီးသည်မှ သူက ဝမ်လင်းကို တွေ့ မြင်လိုက်ရချိန်၌ ရှေ့ဖြစ်ဟောသူကို တွေ့မြင်ရသည့်အချိန် တွင် ရရှိသောခံစားချက်ကို ယောင်ယောင်လေး ခံစားမိလိုက်ခြင်းပင်။


ထိုခံစားချက်က အားကောင်းလှခြင်း မရှိသော်လည်း အမှန်ပင်တည်ရှိနေ၏။တကဘ်တော့ သူသည် ကောင်းကင် ကံကြမ္မာကလန်နှင့် ရှေ့ဖြစ်ဟောသူ၏ တပည့်တစ်ယောက် သာ။ထို့ကြောင့် သူ့အသိဉာဏ်ဗဟုသုတသည်လည်း ကောင်းမွန်ပေ၏။သူက ထိုအခြင်းအရာက တာအိုအသွင် မှန်း သိထားခဲ့ပေ၏။


ထိုသို့သော ခံစားချက်မျိုးကို ပေးစွမ်းနိုင်ဖို့ ဝမ်လင်းသည် သူ့ကိုယ်ပိုင်တာအို ရှိနေပြီဟု ဆိုလိုလိုက်ခြင်းပင်။ကျင့်ကြံ ခြင်းကမ္ဘာ၌ ကိုယ်ပိုင်တာအိုကို သူတို့၏နှလုံးသားထဲ၌ သိမ်းဆည်းထားနိုင်သောသူသည် ဉာဏ်အလင်းရကာ တာ

အိုနှင့်ပေါင်းစပ်နိုင်ပေ၏။ထိုလူများသည် သည်ကမ္ဘာ၏ အုတ်မြစ်ကို တည်ဆောက်နိုင်ဖို့ အရည်အချင်း ပြည့်မှီပေ သည်။


အမှန်တော့ ကျင့်ကြံသူအားလုံးက ကိုယ်ပိုင်တာအိုများ ရှိကြသည်သာ။သို့သော် ယင်းတာအကိုကို အထည်ဒြပ်အဖြစ် ဖြစ်တည်ရန်က အလွန်အမင်း ခက်ခဲလွန်းလှပေ၏။


"သူ..သူက ဒီအဆင့်တောင် ရောက်နေခဲ့ပြီ..."


ထိုအပြာရောင်ဝတ်စုံနှင့်လူက ဝမ်းနည်းမှုကို ခံစားလိုက် ရ၏။သည်အခိုက်အတန့်၌ သူက သူ့ခန္ဓာကိုယ်ထဲရှိ မျိုးစေ့ နှင့်ပတ်သတ်၍ပင် မေ့လို့သွားသည်။သူ့စိတ်ထဲရှိနေသည့် အရာမှာ ဝမ်လင်းလို တစ်ဝက်တိတိပျက်စီးနေသည့် ဟင်္သာ ပြဒါးဂြိုဟ်မှလာသော လူနှင့် သူ့ကြားရှိ ကွာခြားသွားခြင်း ကိုသာ ဖြစ်၏။ခုချိန်တွင်တော့ သူက သူ့ကိုယ်ပိုင်တာအို ပိုင်ဆိုင်ထားသော လူတစ်ယောက်ဖြစ်လာခဲ့ကာ သူ့ မျိုးဆက်၏ ဆရာသခင်တစ်ယောက်အဖြစ် မှတ်ယူ၍ပင် ရလေ၏။


ဝမ်လင်းက ရှေ့သို့ဆက်တိုးနေရင်း ရဲတိုက်ထဲမှ ထွက် လာသောအရိပ်ကလည်း သူနှင့် နီးကပ်လာ၏။၎င်းအရိပ် ဝမ်လင်းနှင့် ပေတစ်ရာအတွင်းသို့ ရောက်လာသည့်အခါ တွင် ၎င်းက အမျိုးမျိုးသောမန္တာန်များကို အသုံးပြုလိုက်၏။ ထိုလူ၏မန္တာန်များသည် သားရဲများနှင့် ဆက်နွှယ်နေသည်။ သည်မန္တာန်များက အမျိုးမျိုးသောသားရဲများအသွင်သို့

ပြောင်းလဲ၍ ဝမ်လင်းထံသို့ ဝါးမြိုရန် တာဆူလာကြသည်။


"အာဏာတက်ခြင်းအဆင့်ကျင့်ကြံသူက နယ်ပယ်မရှိဘဲ နဲ့ သူ့မှာ အာဏာတက်ခြင်းစွမ်းအား ရှိမယ်ဆိုရင်တောင် ဒါက အခွံသပ်သပ်ပဲ..."


ဝမ်လင်းက လက်ညွှန်၍ တိုးညင်းစွာ ပြောလိုက်၏။ "ပျက်စီးသွားစမ်း..."


သူ့လက်ချောင်းထိပ်မှ အနက်ရောင်အလင်းတန်းတစ်ခု ထိုးထွက်သွားပြီးနောက် အနက်ရောင်အခိုးငွေ့အမျှင်တန်း အဖြစ်သို့ ပြောင်းကာ တိုးဝင်သွားချေသည်။ဝမ်လင်းက အာဏာတက်ခြင်းအဆင့်သို့ ရောက်ရှိပြီးနောက် သူ့မူလ စိတ်ဝိညာဉ်နှင့်နယ်ပယ်တို့ကို ပေါင်းစပ်ထားနိုင်ခဲ့ပြီ ဖြစ်သည်။ထို့ကြောင့် ခုချိန်တွင် သူ့၌မူလစွမ်းအင် ရှိနေခဲ့ လေပြီ။သူလက်မြှောက်၍ တိုက်ခိုက်မှုတစ်ခုဖြင့်ပင် ထို တိုက်ခိုက်မှုထဲ၌ သူ့နယ်ပယ်နှင့်ကောင်းကင်ဘုံစိတ်ဝိညာဉ် စွမ်းအင်တို့ ပါဝင်နေတော့၏။သည့်အပြင် ဝမ်လင်းတွင် ကိုယ်ပိုင်တာအိုလည်း ပိုင်ဆိုင်ထား၏။ထို့ကြောင့် သူ့မန္တာန် များသည် သူ့တာအိုအငွေ့အသက်ပါ ပါဝင်လို့နေသည်။


မရဏလက်ချောင်းက နီးကပ်လာရင်း ၎င်းက ဝမ် လင်း၏တာအိုကိုပါ သယ်ဆောင်လာ၏။၎င်းက အမျိုးမျိုး သောပုံရိပ်ယောင်သားရဲများကို ထွင်းဖောက်ကာ အနက် ရောင်ဝတ်စုံနှင့်လူ၏ ရင်ဘက်ပေါ်သို့ တိုက်ရိုက် ကျရောက် သွားသည်။

သားရဲများစွာသည်လည်း ပျက်စီးသွားသလို ထိုလူသည် လည်း သေဆုံးခဲ့တော့၏။


"သင် ဘယ်သူလဲ..." ရဲတိုက်ထဲကနေ ခံညားသောအသံ တစ်ခု ထွက်ပေါ်လာ၏။


ခုချိန်ထိ ဝမ်လင်းက ရပ်တန့်သွားခြင်းမရှိဘဲ အဖြူရောင် ရဲတိုက်ရှိရာသို့သာ ဆက်၍ လျှောက်လှမ်းသွားသည်။



Comments

Popular posts from this blog

အပိုင်း(150)

၁၂၉

အိမ်မှထွက်ခွာခြင်း(၁)