အရူးအမူးတိုက်ပွဲစိတ်ဆန္ဒ(၁၂၄)

 

အောက်ရှိ မြေပြင်ကို ကြည့်လိုက်၏။သည်နေရာရှိဝမ်လင်းမျက်လုံးများက လုံးဝနီရဲနေကာ သူက သူ့ ကောင်းကင်ဘုံတက်ခြင်းသစ်သီးပမာဏ ဆယ်ပုံတစ်ပုံကို သူက စုပ်ယူခဲ့ခြင်း ဖြစ်သည်။သူက မြေပြင်ထံသို့ သူ့ အာဏာတက်ခြင်းအစောပိုင်း ကျင့်ကြံခြင်းစွမ်းအားနှင့် လက်ဆန့်တန်းလိုက်ရာ မြေပြင်က တုန်ခါသွားလေသည်။ သည့်နောက် အပင်များမှ မရေမတွက်နိုင်သော ကောင်းကင်ဘုံတက်ခြင်းသစ်သီးများက သူ့ထံသို့ ပျံဝဲလာ ကြတော့သည်။


ကောင်းကင်ဘုံတက်ခြင်း သစ်သီးပေါင်း တစ်သိန်းနီးပါး သည် ဝမ်လင်း၏ သိုလှောင်အိတ်ထဲ၌ ထည့်သွင်းခြင်း ခံ လိုက်ရသည်။သည်အခိုက်တွင် ဝမ်လင်းက သူ့တိုက်ပွဲစိတ် ဆန္ဒနှင့် နှလုံးသားထဲရှိ သတ်ဖြတ်ခြင်းဆန္ဒ တို့ကို ဆက်လက်မဖိနှိပ်ထားနိုင်တော့ပေ။သူက မာန်သွင်း၍ ထွက်ခွာဟန် ပြင်လိုက်၏။


သို့သော် ထိုအခိုက်အတန့်မှာပင် လေဟာနယ်ထဲမှ

ဒေါသသံပြည့်နှက်နေသော အေးစက်စက်နှာခေါင်းရှုံ့သံ တစ်ခု ထွက်ပေါ်လာချေ၏။


၎င်းအသံက ဝမ်လင်းစိတ်ထဲသို့ တိုက်ရိုက် ကျ ရောက်လာခြင်းပင်။


ဝမ်လင်းစိတ်က တုန်ယင်သွားကာ သူက သွေးအပြည့် အန်ထုတ်လိုက်ရပြီး ကောင်းကင်ထက်မှ ပြုတ်ကျသွား၏။ သူက အောက်သို့ ပြုတ်ကျသွားပြီးနောက် သူ့ခေါင်းကို ဆက်ခနဲမော့ကာ ကောင်းကင်ထက်သို့ ကြည့်လိုက်၏။သူ့ မျက်လုံးထဲ၌ ပြင်းထန်သော သတ်ဖြတ်ခြင်းနှင့် တိုက်ပွဲ စိတ်ဆန္ဒတို့ ပေါ်ထွက်နေ၏။


သူက ဒဏ်ရာရရှိသွားရသည်။ပုံမှန်နေ့တစ်နေ့ဆိုလျှင် သူဒဏ်ရာရ ထိုအေးစက်စက်နှာခေါင်းရှုံ့သံကြောင့် သည်နှင့် သူက ချက်ခြင်း လွတ်မြောက်ရန် ကြိုးစားပေ မည်။သို့ရာတွင် ခုချိန်တွင်တော့ သူက ကွဲပြားနေချေပြီ။သူ့ မျက်လုံးထဲ၌ ရူးသွပ်မှုတို့သာ ရှိနေ၏။


သူ့ခန္ဓာကိုယ် ဒဏ်ရာရသွားခြင်းက သူ့တိုက်ပွဲဆန္ဒကို လျော့ကျသွားခြင်း မရှိသည့်အပြင် ဝမ်လင်းအား ပို၍ပင် ရူးသွပ်သွားစေခဲ့သည်။


သူက သိုလှောင်အိတ်ထဲမှ ဆေးလုံးအမြောက်အများကို ထုတ်ကာ မြိုချလိုက်၏။သည့်နောက် ခြေတစ်လှမ်းဖြင့် ရှေ့ သို့ ထိုးတက်သွား၏။သူက ရူးသွပ်နေသော်လည်း အသိစိတ်ရှိနေဆဲသာ။နှာခေါင်းရှုံ့သံထွက်ပေါ်လာသည့်

အခါ ဝမ်လင်းသည် ထိုအသံထွက်ပေါ်လာသည့်နေရာကို ရေးတေးတေးခံစားမိကာ တိုက်ရိုက် တိုးဝင်သွားခဲ့လေ၏။ ထိုနေရာတည့်တည့်သို့


"သတ်" ဝမ်လင်းစိတ်ထဲ၌ သတ်ဖြတ်ပစ်ရန် အတွေး တစ်ခုသာ ကြီးစိုးနေချေ၏။


ကျောက်နိုင်ငံတစ်ခုလုံးကို သွေးလွှမ်းစေခဲ့၊တုန်လှုပ်စေခဲ့ သည့် အတိတ်က မိစ္ဆာက နိုးထလာခဲ့လေချေပြီ။


ဝမ်လင်းက ကောင်းကင်ကို ကြယ်ပျံတစ်စင်းအလား ထိုး ခွင်းလှုပ်ရှားကာ သူ ရေးတေးတေး ခံစားမိသည့် အေးစက်စက်နှာခေါင်းရှုံ့သံထွက်ပေါ်လာသည့်နေရာသို့ တန်းမတ်စွာ တဟုန်ထိုး ဝင်ရောက်သွား၏။ထိုအခါ ရှေးဟောင်းတိုက်ပွဲမြေရှိ မျှော်စင်မှ နောက်ထပ် အေးစက်စက်နှာခေါင်းရှုံ့သံတစ်ခု ထပ်မံ ထွက်ပေါ်လာခဲ့ တော့၏။သည်နှာခေါင်းရှုံ့သံထဲ၌ အထင်အမြင်သေးခြင်း နှင့် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတို့ ပါဝင်နေသည်။


အေးစက်စက်နှာခေါင်းရှုံ့သံက ရောက်ရှိလာပြီး ဝမ်လင်း ပေါ်သို့ ကျရောက်လာပြန်၏။ထိုအခါ သူသည် နောက်ထပ် ပါးစပ်အပြည့်သွေးတစ်လုပ် အန်ထုတ်လိုက်ရပြန်သည်။သူ့ မျက်လုံးက ပို၍ပို၍ပင် ရူးသွပ်လာကာ သိုလှောင်အိတ်ထဲမှ နောက်ထပ် တစ်သိန်းနီးပါး ကောင်းကင်ဘုံတက်ခြင်း သစ်သီးများကို သူ့ပတ်လည်၌ ဝန်းရံစေလိုက်၏။


တုံ့ဆိုင်းခြင်းမရှိ ဝမ်လင်းလက်က ရှေ့သို့ ဆန့်တန်းသွား

ကာ သည်သစ်သီးတစ်သိန်းအား တစ်ခုပြီးတစ်ခု ညှစ်ချေ လိုက်၏။သည့်နောက် သစ်သီးများမှ ထွက်ပေါ်လာသည့် အရည်များကို တစ်စက်တည်းအဖြစ် သိပ်သည်းစေလိုက် သည်။


ဝမ်လင်းက လူတစ်ယောက်ကို ချက်ခြင်း ပြိုလဲသွားစေ နိုင်သည့် ထိုသွေးနီရောင်အရည်တစ်စက်ကို ကြည့်ကာ ဖမ်းဆုပ်၍ မြိုချပစ်လိုက်၏။


ထိုသွေးနီရောင် အရည်တစ်စက်ကို သူမြိုချလိုက်သည့် အခိုက်အတန့်၌ ဝမ်လင်းသည် သူ့ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲသွားမတက် ခံစားလိုက်ရ၏။သူ့သွေးများက ခန္ဓာကိုယ်ထဲ၌ အကန့်အသတ်ရောက်အောင် မြန်ဆန်စွာ လှည့်ပတ်သွား၏။


ထိုအခိုက်၌ သူ့တိုက်ပွဲစိတ်ဆန္ဒနှင့် ရူးသွပ်မှုတို့က မ ဖော်ပြနိုင်သည့်အဆင့်သို့ ရောက်ရှိသွားတော့သည်။


သည့်နောက် သူက သိုလှောင်အိတ်ထဲမှ အရက်အိုးကို ထုတ်ယူလိုက်၏။သည်အရက်အိုးက သူ လှိုဏ်ဂူထဲ၌ ရရှိခဲ့ သည့် အရက်အိုး ဖြစ်ကာ အထဲ၌ ကောင်းကင်ဘုံအရည် စက် ဆယ်စက် ပါဝင်နေသည်။


သူက ထိုအရက်အိုးကို ထုတ်ယူပြီးပြီးချင်း လေးစက် လောက် သောက်ပစ်လိုက်သည်။


ကောင်းကင်ဘုံအရည်စက်များ သူ့ခန္ဓာကိုယ်ထဲသို့ ဝင် ရောက်သွားပြီးနောက် ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်

များက သူ့သွေးကြောများ၌ ကြမ်းကြမ်းတမ်းတမ်း ဖြတ်သန်းစီးဆင်းသွား၏။ ဖော်ပြ၍ မစွမ်းသာသည့် ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များက သူ့ခန္ဓာကိုယ် ထဲ၌ သူကိုယ်တိုင် မထိန်းချုပ်နိုင်သည့် အဆင့်ထိရောက် အောင် လှုပ်ရှားလာခဲ့လေသည်။သူ အာဏာတက်ခြင်း အဆင့်သို့ ဝင်ရောက်ခြင်းချိန်၌ သူ့သွေးကြောများကို သန်မာစေခြင်းနှင့် ရှေးဟောင်းနတ်ဆိုး၏ သန့်စင်မွန်းမံ ပေးခဲ့ခြင်းကြောင့်သာ မဟုတ်လျှင် ဝမ်လင်းသည် သည် ဖိအားကို တောင့်ခံနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။


ဝမ်လင်းက အရူးသဖွယ် ဖြစ်လို့နေခဲ့ချေပြီ။သူ့ဆံပင်များ က လေထဲ၌ လွင့်ဝဲနေသည်။


ထိုအခိုက်အတန့်၌ ရှေးဟောင်းတိုက်ပွဲမြေ၏ အနက် ရောင်မျှော်စင်ထိပ်ဆုံးထက်ရှိ ချပ်ဝတ်အတွင်းမှ တစ္ဆေ အလင်းတန်းက လက်ခနဲ ဖြစ်ကာ နတ်ဘုရားအာရုံစကား က ပဲ့တင်ထပ် ထွက်ပေါ်လာချေ၏။


"သူက ရူးသွပ်သွားခဲ့တာလား...။သူက ငါ့ရှိတဲ့နေရာကို အမှန်တကယ်ရောက်လာနိုင်မှ ချပ်ဝတ်ထဲက ငါ့ကို ထိခိုက် နိုင်လိမ့်မယ်...သူက ဒီနေရာမှာတော့ ငါ့ကို ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး..."


မျှော်စင်ထက်မှ သတ်ဖြတ်ခြင်းစိတ်ဆန္ဒတန်းတစ်ခု ထွက်ပေါ်လာကာ လေဟာနယ်ထဲသို့ ဝင်ရောက်ပျောက် ကွယ်သွား၏။

လေဟာနယ်အတွင်းမှ သတ်ဖြတ်ခြင်းစိတ်ဆန္ဒအမျှင် တန်းက ဝမ်လင်းပေါ်သို့ ရုတ်တရက် ကျရောက်လာ၏။


ထိုသတ်ဖြတ်ခြင်းစိတ်ဆန္ဒ ရောက်ရှိလာချိန်တွင် ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များသည် ဝမ်လင်း ခန္ဓာကိုယ်ကို ဖြတ်၍ မြင့်တက်လာနေချိန် ဖြစ်သည်။သူ့ ခန္ဓာကိုယ်က တုန်ခါသွား၏။သို့သော် သူ့မျက်လုံးထဲရှိတိုက်ပွဲစိတ်ဆန္ဒက ပို၍ပို၍ သန်မာလာသည်သာ။ မာန် သွင်းသံနှင့်အတူ သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံစိတ် ဝိညာဉ်စွမ်းအင်များသည် ပေါက်ကွဲထွက်လာသလား ထင်မှတ်ရကာ သူ့ခန္ဓာကိုယ်၏ အမြန်နှုန်းအား ပင့်တင် ပေးလိုက်ချေသည်။


သည်အခိုက်အတန့်၌ ဝမ်လင်းက မီးတောက်တစ်ခုလို ပင်။ အနက်ရောင်မျှော်စင်အတွင်းရှိလူက ဝမ်လင်းဟူသည့် မီးတောက်ကို ငြိမ်းသက်ရန် ကြိုးစားလာတိုင်း ယင်း မီးတောက်က တစ်ဖန် ထတောက်နေသကဲ့သို့ ဖြစ်လို့ နေ၏။


အမှန်တော့ ဝမ်လင်းက အနက်ရောင်မျှော်စင်ထဲရှိ လူ၏ ဆက်တိုက်တိုက်ခိုက်မှုများကြောင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရနေခဲ့ပြီး ဖြစ်သည်။သို့ရာတွင် ကောင်းကင်ဘုံ တက်ခြင်းသစ်သီး၏ အာနိသင်က သူ့မူလစိတ်ဝိညာဉ်ကို လှုံ့ဆော်ပေးမှုကြောင့် သူက မသေဆုံးသေးသ၍ ခုလို တိုက်ခိုက်နေတော့မည်သာ ဖြစ်ချေ၏။

သည်လှုံ့ဆော်ပေးမှုအောက်၌ သူက မည်မျှဒဏ်ရာ ပြင်းထန်စွာ ရထားသည် ဖြစ်စေ ဂရုစိုက်နေမည် မဟုတ် တော့ပေ။


သည့်အပြင်


ကောင်းကင်ဘုံအရည်လေးစက်၏ သက်ရောက်မှုကြောင့် သူ့ကောင်းကင်ဘုံစိတ်ဝိညာဉ် စွမ်းအင်များ မြင့်တက်လာမှုက ယခင်ထက် ပိုမို မြန်ဆန် လာခဲ့သည်။


သည် အခိုက်အတန့်ကာလ၌ ဝမ်လင်းစိတ်ထဲတွင် အတွေးတစ်ခုသာ ရှိ၏။ထိုအတွေးက သတ်ဖြတ်ခြင်း ပင်။ မျှော်စင်ထဲရှိ နတ်ဘုရားအာရုံက ပိုပို ဒေါသထွက်လာပြီး ဆက်ကာဆက်ကာ တိုက်ခိုက်လာ၏။ထိုသို့သော တိုက်ခိုက် မှုအောက်၌ အခြားလူတစ်ယောက်သာ ဆိုလျှင် သေနှင့်နေ ပြီး ဖြစ်၏။သို့သော် ကောင်းကင်ဘုံတက်ခြင်းသစ်သီးနှင့် ကောင်းကင်ဘုံအရည်စက်တို့၏ ထူးဆန်းသော ပူးပေါင်း လုပ်ဆောင်မှုကြောင့် ဝမ်လင်းသည် ခုထိ မသေဆုံးခြင်း ဖြစ်သည်။


ပုံမှန်ဆိုလျှင် သူ့အသွေးအသားများသည် အချိန် အတန်ကြာကတည်းက သေဆုံးသွားခဲ့ပြီး သူ့မူလစိတ် ဝိညာဉ်သည်လည်း ပျက်စီးနေခဲ့လောက်ပေပြီ။သို့ရာတွင် သည်ကောင်းကင်ဘုံတက်ခြင်းသစ်သီး၏ အာနိသင် သက်ရောက်မှုကြောင့် သူ့မူလစိတ်ဝိညာဉ်က ပျက်စီးသွားခဲ့ ခြင်း မရှိပေ။ထို့အတူ ကောင်းကင်ဘုံအရည်စက်လေးစက်

မှ မြင့်တက်လာသည့် ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် များကြောင့် သူ့ခန္ဓာကိုယ်လည်း ပျက်စီးမသွားခဲ့ခြင်းပင်။


"သေစမ်း…" နတ်ဘုရားအာရုံက ကြောက်လန့်သည့် အရိပ်အယောင်ပင် ပြသလာရ၏။ခုလက်ရှိ ဝမ်လင်း အခြေအနေကြောင့် အနက်ရောင်မျှော်စင်ထဲရှိလူပင် တစ်ခုခု ဆိုးဆိုးရွားရွားဖြစ်လာတော့မည်ဟု မခံစားမိဘဲ မ နေနိုင် ဖြစ်ရလေ၏။


သူ့အမြင်၌ သည်ဝမ်လင်းက တကယ့်ကို ရူးသွပ်သွားခဲ့ လေပြီ။


"ငါကသာ ဒီလိုတွေ ဖြစ်လာလိမ့်မယ်လို့ ကြိုသိခဲ့ရင် သူ့ ကို ဝါးမြိုဖို့ ကြိုးစားမိမှာ မဟုတ်ဘူး..."


နတ်ဘုရားအာရုံထဲရှိသေဆုံးခြင်းစိတ်ဆန္ဒက လေဟာနယ်ကို ဖြတ်ကျော်ထွင်းဖောက်ကာ ဝမ်လင်းပေါ် သို့ ကျရောက်လာ၏။


ဝမ်လင်းက သွေးတစ်လုပ် ထပ်အန်လိုက်ရပြန်သည်။သူ့ မျက်လုံးများက အနည်းငယ်မှိန်ဖျော့သွားသော်လည်း သိပ် မကြာခင်မှာပင် သတ်ဖြတ်ခြင်းနှင့်တိုက်ပွဲစိတ်ဆန္ဒတို့က ပြန်အစားထိုးသွားပြန်၏။


ဝမ်လင်းက ပျံသန်းလာနေရင်း အာခေါင်ခြစ်ကာ အော် ပြောလိုက်၏။ "မရဏလက်ချောင်း..."


သည်မရဏလက်ချောင်းသည် အခြားအသက်ဓာတ်များ အား စုပ်ယူကာ စွမ်းအားအဖြစ် ယူဆောင်ခြင်း ဖြစ်သည်။

ဝမ်လင်း


အသုံးပြုလိုက်သည့် မရဏ


လက်ချောင်း၏စွမ်းအားက ရူးသွပ်ဖွယ် ကောင်းလှ၏။ သေဆုံးခြင်းအော်ရာက သူ့ခန္ဓာကိုယ်ကနေ ပျံ့နှံ့လာပြီး ကမ္ဘာလောကနှင့် ပေါင်းစပ်၏။


သူက လေထဲ၌ ပျံဝဲနေစဉ် သူ့အောက်ရှိ အပင်များ အားလုံးမှာ သွေ့ခြောက်လို့သွား၏။သူက ကောင်းကင် ထက်၌ ပျံဝဲနေသည့်အခါ အောက်ရှိမြေကြီး၊အပင်၊လေထဲရှိငှက်များနှင့်သားရဲများအားလုံးသည် သေဆုံးသွားကြ၏။


သည်နေရာက ငရဲတစ်ခုလို ဖြစ်နေ၏။


ထိုအသက်ဓာတ်ရှိသည့်အရာများ သေဆုံးခြင်းကနေ အဖြူရောင်အခိုးငွေ့များထွက်ပေါ်လာ၏။ဝမ်လင်းက သည် အခိုးငွေ့ကို ဖမ်းယူလိုက်သည်။သည်အဖြူရောင်အခိုးငွေ့ အမျှင်တန်းများက ဝမ်လင်း၏ ထိခိုက်ထားသော ခန္ဓာကိုယ်နှင့်မူလစိတ်ဝိညာဉ်ကို မြန်ဆန်စွာ ပြုပြင်နိုင်ရန် အကူညီ ဖြစ်စေ၏။


မီးနတ်ဆိုးနိုင်ငံတွင် ဇီရှုက မြင်းတစ်ကောင်ပေါ်၌ ထိုင် လျက်ရှိနေသည်။သူက အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထား ပြီး နောက်ကျောတွင် ဧရာမဓားတစ်လက်ကို လွယ် ထားသည်။သူက အကာအတွေးတစ်ခုသို့ အေးစက်စွာ ကြည့်နေ၏။သူ့နောက်တွင်တော့ နတ်ဆိုးတပ်သား သုံး သောင်းရှိနေသည်။သည်နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေသို့ တာလော့ဓားကလန်မှ ဓားဆယ့်နှစ်လက်ပါ ဝင်ရောက်လာ

ခဲ့ခြင်းဖြစ်ကာ ထိုဇီရှုက သူတို့ထဲမှ တစ်ယောက်အပါအဝင် ဖြစ်၏။သူက မီးနတ်ဆိုးနိုင်ငံတွင် ဗိုလ်ချုပ်နေရာကို ရရှိခဲ့ သူ့နတ်ဆိုးတပ်သားများကို ဦးဆောင်ပြီး သူ့ ကာ ရောင်းရင်းကလန်သားများနှင့် တွေ့ဆုံရန် လာနေခြင်း ဖြစ်၏။


သူ့တို့က ရွှေ့လျားလာနေရင်း သူက ကောင်းကင်ထက်သို့ ဖြတ်သန်းသွားသည့် ကြယ်ပျံတစ်စင်းလို့လင်းလက်သွား သည့်အရာတစ်ခုကို တွေ့လိုက်သည့်အခါ သူ့အသွင်က ရုတ် တရပ် ပြောင်းလဲသွား၏။သူ့မျက်လုံးက ရုတ်တရက် ကျဉ်းမြောင်းသွားကာ ထိုအရာကို ဂရုတစိုက်ကြည့် လိုက်၏။


"အာဏာတက်ခြင်းအဆင့် ကျင့်ကြံသူ…."


သူက မြန်ဆန်စွာပင် သူ့အကြည့်ကို ပြန်ရုတ်သိမ်း၍ သူ့ နတ်ဆိုးတပ်သားများအား နောက်ပြန်ဆုတ်ရန် အချက်ပေး လိုက်၏။သူက သည်အာဏာတက်ခြင်းအဆင့်ကျင့်ကြံသူ ကို ရန်စမိသွားရန် ဆန္ဒမရှိပေ။သူက သည်အာဏာတက် ခြင်းအဆင့်ကျင့်ကြံသူ၏ စိတ်အခြေအနေက အနည်းငယ် ရူးသွပ်နေသည်ကိုပါလည်း တွေ့မြင်ခဲ့ရသည် မဟုတ်လား။


သူ့ကို ပိုမို ကြောက်လန့်သွားစေသည့်အရာက ထိုလူဖြတ် ကျော်သွားသည့် အောက်မှ နေရာတိုင်းရှိ မြေကြီးများက ပက်ကြားအက်ခြောက်ကပ်သွားသည်ကို တွေ့လိုက်ရခြင်း ကြောင့် ဖြစ်၏။ကံကောင်းစွာနှင့် သူတို့က လမ်းကြောင်းတူ

တူ ဖြစ်မနေခြင်းပင်။မဟုတ်လျှင် ဇီရှူက နောက်ထပ် လမ်းကြောင်းတစ်ခုကို ချက်ခြင်း ရွေးချယ်မိမည်သာ။သူက ထိုလူနှင့် ဝေးလေးကောင်းလေပင်။


ဝမ်လင်းက နတ်ဆိုးတပ်သားများကိုပင် သတိပြုမိခြင်း မရှိပေ။ခုချိန်၌ သူ့မျက်လုံးထဲ၌ ရှိသောတစ်ခုတည်းသော အရာက တိုက်ပွဲနှင့်သတ်ဖြတ်ခြင်း စိတ်ဆန္ဒသာ ဖြစ်၏။


သည်အခိုက်၌ သတ်ဖြတ်ခြင်းစိတ်ဆန္ဒနှင့် စိုးရိမ်မှုတို့ကို သယ်ဆောင်ထားသည့် အေးစက်စက် နှာခေါင်းရှုံ့သံက ထပ်မံထွက်ပေါ်လာ၏။သည်တစ်ကြိမ်၌ ယင်းအသံက ပိုလို့ ပင် သန်မာလာကာ ဝမ်လင်းခန္ဓာကိုယ်အား တုန်ယင်သွား စေပြီး နောက်တစ်ဖန် သွေးအန်ထုတ်လိုက်ရပြန်၏။


သူ့ခန္ဓာကိုယ်က ပျက်စီးတော့မတက် ဖြစ်နေကာ သူ့မူလ စိတ်ဝိညာဉ်ပင် ပျောက်ကွယ်လုနီးပါး ဖြစ်နေရ၏။သို့ရာ၌ သူ လမ်းတစ်လျှောက်တွင် စုပ်ယူခဲ့သည့် အသက် ဓာတ်အားများက သူ့ခန္ဓာကိုယ်နှင့် မူလစိတ်ဝိညာဉ်တို့ကို အားအဖြစ် ထောက်ပံ့ပေးကာ ဖြည်းဖြည်းချင်း ပြန်ကောင်း လာစေသည်။


ဇီရှုက ကောင်းကင်ထက်ရှိ ဝမ်လင်းအား စူးစိုက်ကြည့် လိုက်သည်။သူက ဝမ်လင်း သွေးအန်ထုတ်လိုက်ရသည်ကို မြင်သည့်အခါ သူ့မျက်လုံးက ရုတ်တရက် လင်း လက်သွား၏။


"ဒီလူက ပြင်းပြင်းထန်ထန် ဒဏ်ရာ ရနေတာ ဖြစ်ရ

ဒဏ်ရာ မယ်။သူက သန်မာတဲ့အော်ရာ ရှိပေမဲ့လည်း ဒီလိုသွေးအန် ထုတ်လိုက်ရတာက သူဘယ်လောက် ပြင်းပြင်းထန်ထန် ရနေလဲဆိုတာကို ပြသနေတယ်။ဒီလူက အာဏာတက်ခြင်းအဆင့်ကို ရောက်ရှိနေပြီ ဖြစ်တဲ့အတွက် သူ့ရှိမှာ ရတနာများစွာနဲ့ အချို့ နည်းစနစ်ကောင်းတွေ ရှိနေ မှာပဲ။ ပိုအရေးကြီးတာက ငါကသာ သူ့မူလစိတ်ဝိညာဉ်ကို သန့်စင်နိုင်ရင် ဒါကို ငါ့ဓားစိတ်ဝိညာဉ်အတွက် အစာ အဖြစ် ကျွေးနိုင်လိမ့်မယ်။ဒါဆိုရင် ငါ့ဓားစိတ်ဝိညာဉ်ရဲ့ စွမ်းအားကလည်း တော်တော်လေး မြင့်တက်သွားလိမ့် ໑໖..."


ဇီရှု၏ မျက်လုံးထဲ၌ သတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခု ပေါ်လာ၏။သို့သော် သိပ်မကြာခင်တွင် ထိုစိတ်ဆန္ဒက ပြန် မှိန်ဖျော့သွား၏။ "ဘာပဲ ဖြစ်ဖြစ် ဒီလူက အာဏာတက်ခြင်း အဆင့်ကျင့်ကြံသူ တစ်ယောက်ပဲ...။ငါက ဒီအခွင့်အရေးကို လွဲချော်သွားရင် နောက်တစ်ကြိမ် ဒီလိုပြင်းပြင်းထန်ထန် ဒဏ်ရာရနေတဲ့ အာဏာတက်ခြင်းအဆင့် ကျင့်ကြံသူတစ် ယော်ကို ဘယ်အချိန်မှ ထပ်တွေ့ရမယ် မသိနိုင်ဘူး။ ဒီတော့ ငါ ဆက်လုပ်ရမှာပေါ့..." ဤသို့တွေးမိပြီးနောက် ဇီရှု၏ မျက်လုံးက နောက်တစ်ကြိမ် တလက်လက် ဖြစ်လာပြန်၏။


ဇီရှု၏ ခန္ဓာကိုယ်က အရိပ်တစ်ခုအဖြစ်သို့ ပြောင်းသွား ပြီး ဝမ်လင်းထံသို့ တန်းတန်းမတ်မတ် တိုးဝင်သွား တော့၏။သူ့နောက်ရှိ နတ်ဆိုးတပ်သားများသည်လည်း သူ့ အမိန့်အတိုင်း အစီအရင်ဝင်္ကပါတစ်ခုကို ခင်းကျင်းလိုက်

ကြတော့၏။


အသတ်အဖြတ် စိတ်ဆန္ဒတစ်ခုက ဝမ်လင်းပေါ်သို့ ကျ ရောက်လာခဲ့၏။


ဝမ်လင်းမျက်လုံးထဲ၌လည်း သတ်ဖြတ်ခြင်းစိတ်ဆန္ဒများ ပြည့်နှက်နေသည်သာ။ ထို့ကြောင့် သူက ဇီရှု၏သတ်ဖြတ် လိုမှု စိတ်ဆန္ဒကို ချက်ခြင်း အာရုံခံမိသွားသည်။သူက ခေါင်းလှည့်၍ ကြည့်လိုက်ရာ မြေပြင်ထက်၌ သူ့ထံသို့ တိုးဝင်လာသော နတ်ဆိုးတပ်သားသုံးသောင်းနှင့် ဇီရှုတို့ကို တွေ့မြင်လိုက်ရလေ၏။


ဝမ်လင်းက


ညစ်ကျယ်ကျယ် ပြုံးလိုကတော့၏။ သည့်နောက်သူ့ခန္ဓာကိုယ်က လှုပ်ရှားသွားကာ ဇီရှုထံသို့ တန်းမတ်စွာ ဝင်ရောက်သွားသည်။သူက မြန်ဆန်လွန်းလှ သဖြင့် ချက်ခြင်းလိုလို ဇီရှင်ဘေးနားသို့ ရောက်ရှိသွား၏။


ဇီရှုအသွင်က ကြီးစွာ ပြောင်းလဲသွားသည်။သူက ထိုလူ သည် ထွက်ပြေးလိမ့်မည်ဟု မျှော်လင့်ခဲ့သော်လည်း ခုတော့ သူ့ထံသို့ ဒဏ်ရာပြင်းထန်စွာ ရသည့်ကြားကနေ တန်းတန်းမတ်မတ် ဝင်လာခဲ့သည် မဟုတ်လား။သူက အေးစက်စက်နှာခေါင်းရှုံ့ကာ သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခု ကို ဖြစ်ပေါ်စေပြီး နောက်ကျောမှ ဓားကြီးသည် ပျံဝဲလာ တော့၏။


ထိုဓား ပျံထွက်လာသည့်အခိုက်တွင်ပင် ဝမ်လင်းက လည်း ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။သူက ထိုဓားကို ညာ

လက်ဖြင့် ထိုဓားကြီးအား ဖမ်းဆွဲကာ သူ့နောက်သို့ ပစ် ထည့်လိုက်၏။သည့်နောက် တစ်ပြိုက်နက်တည်းလိုလို ဇီရှု ညာဘက်ခြမ်းကနေ ဖြတ်ကျော်သွားသည်။


ဝမ်လင်းက ဇီရှုကို ဖြတ်ကျော်သွားစဉ် သူ့ပုခုံးအား မထိတထိ ပုတ်သွားခဲ့သည်။


ဇီရှုသည် တုန်ယင်သွားကာ သူ့ခန္ဓာကိုယ်နှင့်မူလစိတ် ဝိညာဉ်တို့သည် ချက်ခြင်း ခြောက်သွေ့လာချေ၏။မျက်စိတစ်မှိတ်အတွင်း အသက်ဓာတ်ချိပ်တံဆိပ်တစ်ခု ဖြစ်တည် ကာ ယင်းချိပ်တံဆိပ်က ဝမ်လင်းထံသို့ ပျံသန်းသွားလေ၏။


ဝမ်လင်းက ရပ်တန့်ခြင်း မပြုဘဲ မြေပြင်ပေါ်ရှိ နတ်ဆိုး တပ်သား သုံးသောင်းထံသို့ ဆက်ဝင်သွားသည်။ရူးသွယ် ဖွယ် သတ်ဖြတ်ပွဲကြီးတစ်ခု စတင်လေတော့၏။မြေပြင်က သွေးများဖြင့် စွန်းထင်းကာ ကောင်းကင်သည် စိတ်ဝိညာဉ် များနှင့် ပြည့်နှက်သွားလေ၏။


အသက်ဓာတ်ချိပ်တံဆိပ်များသည် ဆက်တိုက် ထွက် ပေါ်လာကာ ဝမ်လင်းခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာ၏။ အမွှေးတိုင်တစ်တိုက်ဝက်စာလောက် ကြာမြင့်ပြီးနောက် မြေပြင်က သွေးချင်းချင်း နီရဲသွား၏။သည့်နောက် ဝမ်လင်း က အကွာအဝေးတစ်ခုထံသို့ ဆက်လက် ပျံသန်းတိုးဝင် သွားပြန်၏။


ခုချိန်၌ သူ့ထံတွင် အသက်ဓာတ်အားချိပ်တံဆိပ် သုံး သောင်းရှိနေကာ တစ်ခုစီက အဆုံးမဲ့တက်ကြွမှုကို

ဆောင်ကြဉ်းထား၏။ချိပ်တံဆိပ် အမှတ်အသားတစ်ခု ပေါ်လာတိုင်း သူ့ခန္ဓာကိုယ်က နည်းနည်းချင်း ပြန် ကောင်းမွန်လာလေ၏။အသက်ဓာတ်ချိပ်တံဆိပ်များသည် လည်း မြန်ဆန်စွာပျောက်ကွယ်နေ၏။ထို့အတူ ဝမ်လင်း ခန္ဓာကိုယ်ကလည်း မြန်ဆန်စွာ ပြန်ကောင်းမွန်လာ နေသည်။


ထိုအခါ ရှေးဟောင်းတိုက်ပွဲမြေ၏ မျှော်စင်အပေါ်ဆုံး ထပ်မှ နတ်ဘုရားအာရုံ ဒေါသက ပိုပို ပြင်းထန်လာချေ၏။


"ဒီလူက ကောင်းကင်ဘုံတက်ခြင်းသစ်သီးအများအပြား ကို စုပ်ယူခဲ့တယ်။ ဒီသစ်သီးတွေရဲ့ အာနိသင်သက်ရောက်မှု အောက်မှာ သေရမှာ မကြောက်လန့်တော့ဘူး..."


“ငါ့ရဲ့ တိုက်ခိုက်မှုများစွာက သူ့ကို သေသွားစေသင့်ပြီ။ ဒါပေမဲ့ သူက သေရမဲ့အစား သူ့ တိုက်ပွဲစိတ်ဆန္ဒက ပိုပို ပြီး တော့တောင် အားကောင်းလာနေသေးတယ်...


“ဒါက အရေးကြီးဆုံးအချက်တော့ မဟုတ်သေးဘူး။ သူက သက်ရှိတွေရဲ့ အသက်ဓာတ်အားတွေကို စုပ်ယူနိုင်တဲ့ မန္တာန်တစ်ခု ရှိနေပြီး သူ့ဒဏ်ရာတွေက အမြန်နှုန်းအပြည့် နဲ့ ပြန်ကောင်းမွန်လာစေနိုင်တာပဲ။ဒီလိုသာ ဆက်ဖြစ်နေ ရင် သူက တစ်နေ့မှာ ငါ့နေရာကို 

ရောက်လာလိမ့်မယ်....


အနက်ရောင်မျှော်စင်အပေါ်ဆုံးထပ် အနက်ရောင်ချပ် ဝတ်အထဲရှိ နတ်ဘုရားအာရုံထဲ၌ ရှားမှရှားသော နောင်တရသည့်ခံစားချက်တစ်ခု ပေါ်လာခဲ့တော့သည်။



နတ်ဆိုးတပ်သား တစ်သိန်းသည် အာဏာတက်ခြင်း အဆင့် ကျင့်ကြံသူတစ်ယောက်ကို ဖျက်စီးနိုင်ခြင်းသည် မှားသည်ဟု မဆိုသာပေ။သို့သော် သည်အာဏာတက်ခြင်း ကျင့်ကြံသူက ဝမ်လင်းဆိုလျှင်တော့ ထိုသို့လုပ်နိုင်တော့ မည် မဟုတ်ပေ။သာမာန်အာဏာတက်ခြင်းကျင့်ကြံသူတစ် ယောက်က နတ်ဆိုးတပ်သား တစ်သိန်းနှင့် ရင်ဆိုင်ရပါက သူတို့က မန္တာန်များအသုံးပြု၍ ထိုနတ်ဆိုးတပ်သားများကို သတ်ပစ်နိုင်မည် ဖြစ်သော်လည်း နတ်ဆိုးတပ်သားတစ် သိန်းက သူတို့၏ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များကို ပေါင်းစည်းကာ အစီအရင်တစ်ခု ဖန်တီးပြီး ထိုအာဏာ တက်ခြင်းအဆင့်ကျင့်ကြံသူအား ရင်ဆိုင်နိုင်စွမ်း ရှိကြ ပေ၏။


သို့သော်ခုချိန်၌ ဝမ်လင်းက ရူးသွပ်နေကာ သေရမှာကို ပင် စိုးရိမ်ခြင်း မရှိတော့ပေ။ထို့ကြောင့် သူ့စိတ်၌ သည် နတ်ဆိုးတပ်သားများက ရှိသည်ဟု မည်သို့ထင်ပါ့မည် နည်း။

ဝမ်လင်း၏ ကောင်းကင်ဘုံပညာရပ်သည် သတ်ဖြတ် ခြင်းများ ပြုလုပ်၍ ပိုများသော သတ်ဖြတ်ခြင်းစွမ်းအင်များ ကို ဖန်တီးရန် လိုပေ၏။သည်အခိုက်၌ ဝမ်လင်းစိတ်သည် ကောင်းကင်ဘုံတက်ခြင်း သစ်သီးများ၏ လှုံ့ဆော်မှုနှင့် သူ့ ခန္ဓာကိုယ်ထဲရှိကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များ ကြောင့် သည်နတ်ဆိုးတပ်သားတစ်သိန်းသည် သူ့ကို မည်သို့ ရပ်တန့်နိုင်ပါ့မည်နည်း။


သတ်ဖြတ်ခြင်းစွမ်းအင်များက နတ်ဆိုးတပ်သားများ ထံသို့ အရူးအမူး တိုးဝင်သွားသည်။နတ်ဆိုးတပ်သားများ ထံမှ ကမ္ဘာပျက်သလို အော်ဟစ်သံများ ထွက်ပေါ်လာပြီး နောက် သူတို့၏ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များ စုစည်း ကာ ကင်းမြီးကောက်ပုံရိပ်တစ်ခုလို ဖြစ်ပေါ်လာ၏။


သည်ကင်းမြီးကောက်က နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင် များနှင့် ပြုလုပ်ထားကာ ကြီးမားသည့် ကိုယ်ထည်ကြီးကို ပိုင်ဆိုင်ထား၏။ထိုကင်းမြီးကောက်၏ အမြီးသည် တိုက်ခိုက်သည့်အခါ၌ လေထုကိုပင် ဖြတ်တောက်သွား စေ၏။


မြို့တံတိုင်းထပ်ရှိ သက်လတ်ပိုင်းလူကြီးသည် သုန်မှုန် လို့နေ၏။သူက ပြောလိုက်သည်။ "သွား ဒီလူ့ကို သွားသတ်


သူ့ဘေးရှိ နတ်ဆိုးဗိုလ်ချုပ်များသည် ဝမ်လင်းရှိရာသို့ တဟုန်ထိုး ထွက်သွားကြတော့၏။

ဝမ်လင်းက သူ့ထံသို့ သတ်ဖြတ်ခြင်းစိတ်ဆန္ဒ ဆယ်ခု တိုးဝင်လာနေသည်ကို ချက်ခြင်း သတိပြုမိ၏။သူက လျင်မြန်စွာ ရွှေ့လျားကာ သူ့ ညာလက်ညှိုးကို ရှေ့သို့ ထိုး ထည့်လိုက်၏။


တစ္ဆေလောက လက်ချောင်း...။


သည်တစ္ဆေလောကလက်ချောင်းကို အာဏာတက်ခြင်း အဆင့်ကျင့်ကြံမှုဖြင့် အသုံးပြုလိုက်ခြင်းပင်။သူ့နယ်ပယ်နှင့် မူလစိတ်ဝိညာဉ်တို့ကို ပေါင်းစည်းပြီးနောက် သည် လက်ချောင်းက သေခြင်းရှင်ခြင်းကို ကိုယ်စားပြုနေ တော့၏။ထို အနှီလက်ချောင်းပေါ်လာသည့်အခိုက်တွင် ကောင်းကင်ထက်၌ မရေမတွက်နိုင်သော လျှပ်စီးအလင်း များ တလက်လက် လင်းထင်းသွား၏။ကြီးမားသည့် မြစ် ကြီးတစ်ခုက ကောင်းကင်ထက်၌ ပေါ်လာ၏။


ထိုမြစ်ပြင်အတွင်း၌ အင်္ဂါအစိတ်အပိုင်းအကြွင်းအကျန် များစွာ စီးမြောနေ၏။သည့်အပြင် မရေမတွက်နိုင်သော တစ္ဆေများသည်လည်း ရုန်းကန်ထကြွလျက်ရှိကာ လူသား မျက်နှာပေါက်နှင့်မတူသောမျက်နှာများသည်လည်း ထိုမြစ် ရေပြင်ထဲတွင် တွေ့မြင်နေရ၏။


ဝမ်လင်းက သူ့လက်ချောင်းကို လှုပ်ရှားလိုက်စဉ်၌ မြစ် အတွင်းရှိ ရေများက လှိုင်းတစ်ပိုးထန်လာကာ ကောင်းကင် ထက်ကနေ သက်ဆင်းကျလာ၏။၎င်းက မြစ်ရေလျှံ သကဲ့သို့ လျှံဖိတ်လာကာ သက်ရှိများအားလုံးက အမြစ်

ဖျက်ပစ်တော့မည်ဟုပင် ထင်ရလေ၏။


ကောင်းကင်ထက်ကနေ တစ္ဆေလောကမှ ရေများသည် ကျဆင်းလာစဉ်၌ ကောင်းကင်သည် မှုန်ဝါးသွားကာ သေ ခြင်းရှင်ခြင်းနယ်ပယ်တစ်ခု အသက်ဝင်လာတော့၏။


သည်တစ္ဆေလောကမြစ်ကြီးက ဝမ်လင်း သူ့နယ်ပယ်နှင့် မူလစိတ်ဝိညာဉ်တို့ ပေါင်းစပ်နေစဉ် ဆယ်နှစ်တာအတွင်း ရရှိခဲ့သည့် နားလည်သဘောပေါက်ထားသော တစ်စုံတစ်ခု ပင်။ကောင်းကင်ဘုံပင် သည်မြစ်ကို မစိုးမိုး၊မပိုင်ဆိုင်ပေ။ ၎င်းက ဝမ်လင်းကြောင့်သာ ခုလို ဖြစ်တည်လာခြင်းသာ ဖြစ်၏။သူသာလျှင် ၎င်းမြစ်ကို ထိန်းချုပ်နိုင်စွမ်း ရှိ၏။ ဉာဏ်အလင်းရသည့် ဆယ်နှစ်အတောအတွင်း သူက တစ္ဆေလောက်လက်ချောင်းကို အသုံးပြု၍ သည်အဆုံးမဲ့ တစ္ဆေလောကမြစ်ကို ဖန်တီးနိုင်ခဲ့ချေ၏။


တိုးဝင်လာကြသော နတ်ဆိုးဗိုလ်ချုပ်များသည် ကောင်းကင်ထက်မှ ကျဆင်းလာသည့် တစ္ဆေလောက မြစ်၏ တိုက်ချက်ခြင်းကို ခံရကာ ထိုမြစ်ထဲ၌ ပိတ်မိသွား ကြ၏။


နတ်ဆိုးဗိုလ်ချုပ်များထံမှ အာမေဍိတ်သံများ ထွက် ပေါ်လာ၏။သူတို့က သူတို့ရှေ့ရှိ အနှီလူငယ်သည် ထိုမျှ သန်မာနေသည်ကို မယုံကြည်နိုင် ဖြစ်နေ၏။


မန္တာန်တစ်ခုတည်းက နတ်ဆိုးဗိုလ်ချုပ်အကုန်လုံးနီးပါး အား ထိန်းချုပ်ပစ်နိုင်စွမ်း ရှိနေချေသည်။သူတို့က သည်

မန္တာန်ကို ဖြတ်မြင်နိုင်စွမ်း မရှိသော်လည်း ဗိုလ်ချုပ် အနည်းငယ်က အချို့သဲလွန်စများကိုတော့ မြင်နိုင်နေ သေး၏။


မြို့တံတိုင်းပေါ်ရှိ သက်လတ်ပိုင်းလူကြီး၏ မျက်နှာက လုံးဝပြောင်းလဲသွား၏။သူက နောက်သို့ ခြေလှမ်း အနည်းငယ်ပင် အလိုလို ဆုတ်သွားမိသည်။သူ့အသွင်က မ ယုံကြည်နိုင်ဟန် ဖြစ်နေ၏။


"ဒါ…ဒါက မဖြစ်နိုင်ဘူး...။ဒီလူက အာဏာတက်ခြင်း အဆင့်ကျင့်ကြံသူတစ်ယောက်သာပါပဲ၊ ဒါပေမဲ့ သူက ခုလို မျိုး သူ့ကိုယ်ပိုင် တစ္ဆေလောကမြစ်ကို ဖန်တီးနိုင်တဲ့ ကြောက်ရွှံ့ထိတ်လန့်ဖွယ် တာအိုတစ်ခု ပိုင်ဆိုင်ထားတာ δ..."


"ဒီလို ကျင့်ကြံမှုမျိုးက ကောင်းကင်ဘုံတာအိုရဲ့ အစွန်း နားကို ဒုတိယမြောက်ခြေလှမ်းအဖြစ် ရောက်ရှိသွားတဲ့ ကျင့်ကြံမှုမျိုးပဲ...."


သူ့ကိုယ်ပိုင်တာအိုဖြင့် တစ္ဆေလောကမြစ်နှင့်အတူ ကိုယ်ပိုင်ပြန်လည်မွေးဖွားနိုင်အောင် ပြူလုပ်နိုင်ခြင်းသည် ကောင်းကင်ဘုံကို ဖိဆန်နေသည့် သည်ဆယ်နှစ်တာ အတွင်း ရရှိခဲ့သည့် အကြီးမားဆုံးရိပ်သိမ်းနိုင်မှုပင်။ သို့သော် သည်တာအိုက ဝမ်လင်းစိတ်ထဲ၌ မပီဝိုးတဝါးသာ အသိအဖြစ်သာ ရှိလို့နေဆဲသာ။


သို့ရာတွင် ခုသူ့လက်ရှိအခြေက ကောင်းကင်ဘုံတက်

ခြင်းသစ်သီးများ၏ လှုံ့ဆော်မှုကြောင့် သူ့စိတ်က အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့သည် မဟုတ်လား။သည့် အပြင် သူ့ခန္ဓာကိုယ်ထဲရှိ မြင့်တက်လာနေသော ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကြောင့် သူက သူ့ စိတ်ထဲရှိ ဝိုးဝဝါးအသိကို ခုလို အစစ်အမှန်တစ်ခုအဖြစ် ပြုလုပ်လိုက်နိုင်ခြင်း ဖြစ်သည်။


သည်အရာက ဝမ်လင်းဘဝ၌ ကျင့်ကြံသူတစ်ယောက် အဖြစ် အရေးကြီးဆုံးခြေလှမ်းတစ်ခုလည်း ဖြစ်သည်။သူက သည်ခြေလှမ်းကိုလှမ်းပြီးသည်နှင့် သူ့ကိုယ်ပိုင်တာအိုကို အစစ်အမှန် ပိုင်ဆိုင်သွားတော့မည်သာ။သည် အခိုက်အတန့်မှစ၍ သူက ကောင်းကင်နှင့်မြေကြီး၊မသေ မျိုးတန်ခိုးရှင်၊သို့မဟုတ် နတ်ဘုရားများအဖြစ် ဆက်လက် ကျင့်ကြံတော့မည် မဟုတ်ပေ။သူက တာအိုပညာရှင်တစ် ယောက်သာ ဖြစ်လာတော့မည်။တာအိုကို ကျင့်ကြံသော တစ်စုံတစ်ဦး ဖြစ်လာတော့မည်။


တစ္ဆေလောကမြစ်က တပ်သားအုပ်စုထံသို့ သိမ်းကြုံး ကျော်ဖြတ်သွားသည်နှင့် နတ်ဆိုးတပ်သား ဆယ်ယောက် ကျော်အား သယ်ဆောင်သွားနေ၏။မြစ်ထဲ၌ ပိတ်မိနေသော နတ်ဆိုးဗိုလ်ချုပ်များသည်လည်း အတင်းရုန်းကန်နေကြရ သည်။သူတို့၏ စုပေါင်းစွမ်းအားက လွန်စွာ အားကောင်း လှ၏။အသစ်ဖြစ်တည်လာသော တစ္ဆေလောကမြစ်ပင် အနည်းငယ် ထိန်းချုပ်မှု လျော့ကျသွားရပေသည်။


ဝမ်လင်းမျက်လုံးကလည်း ပိုနီရဲလာကာ သူက အရိပ်

တစ်ခုအဖြစ်သို့ ပြောင်းလဲပြီး တစ္ဆေလောကမြစ်ထဲသို့ ဝင် ရောက်သွားသည်။သူက တစ္ဆေလောကမြစ်ထဲသို့ ဝင် ရောက်လာသည်နှင့် တောင်တစ်ခုကဲ့သို့ ခိုင်ခိုင်မြဲမြဲ တည်ရှိမှုတစ်ခု ဖြစ်လာတော့၏။


"ငါ့ကို သတ်ချင်တဲ့ လူတိုင်းလူတိုင်း ငါ့ တစ္ဆေလောက မြစ်ထဲမှ ပိတ်လှောင်ထားခြင်း ခံစေရမယ်။ဒါက ကောင်းကင်ဘုံတောင် မထိန်းချုပ်နိုင်တဲ့ ငါ့ကိုယ်ပိုင် ပြန်လည်မွေးဖွားခြင်းစက်ဝန်းပဲ ဖြစ်တယ်..." ဝမ်လင်း အသံက သူ့တာအိုကနေ ပျံ့နှံ့လာ၏။၎င်းအသံက တစ္ဆေ လောကမြစ်အတွင်းသို့ ပေါင်းစပ်သွားကာ ပြန်လည်မွေး ဖွားခြင်းစွမ်းအားတစ်ခုအဖြစ် ပြောင်းလဲသွား၏။


တစ္ဆေလောကမြစ်သည့် နောက်သို့ ပြန်စီးဆင်းသွားကာ ကမ္ဘာလောကကနေ ပျောက်ကွယ်သွားတော့၏။ထိုမြစ် အတွင်း၌ ပိတ်လှောင်ခံထားရသော နတ်ဆိုးဗိုလ်ချုပ်ဆယ် ယောက်ကျော်သည်လည်း ပျောက်ကွယ်သွားတော့သည်။


နတ်ဆိုးတပ်သားများ ဖန်တီးထားသည့်


ကင်းမြီးကောက်သည်လည်း ပျက်စီးသွားတော့၏။ သတ်ဖြတ်ခြင်းစွမ်းအင်အမျှင်တန်း သုံးသောင်းကျော်သည် မီးခိုးရောင်အခိုးငွေ့အမျှင်တန်းများအဖြစ် ပြောင်းလဲသွား ကြ၏။


သည်အမျှင်တန်းအားလုံးက မြို့ထံသို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းသွားနေသည့် ဝမ်လင်းထံသို့ တဟုန်ထိုး

တိုးဝင်လာ၏။ထိုအခိုးငွေ့အမျှင်တန်းများက ဝမ်လင်း၏ နောက်ကျောဘက်၌ ဧရာမခြုံလွှာကြီးတစ်ခုလို လွှမ်းခြုံ လာခဲ့သည်ဟု ထင်မှတ်ရ၏။


မြို့တံတိုင်းပေါ်ရှိ သက်လတ်ပိုင်းလူကြီးအသွင်က ဖြူ ရောလာကာ သူ့လည်ချောင်းထဲ၌ ခြောက်ကပ်သလို ခံစား လာရ၏။သူက သူ့ရှေ့ရှိ ပုဂ္ဂိုလ်ကို ခုခံနိုင်စွမ်းကင်းမဲ့ သကဲ့သို့ ခံစားရကာ နောက်သို့သာ ဆက်ဆုတ်နေလေ၏။


ငါ့ကျင့်ကြံမှုအဆင့်က ဒီလူနဲ့တူတူပဲ။ငါတို့နှစ် ယောက်လုံးက အာဏာတက်ခြင်းအစောပိုင်းအဆင့်မှာ ရောက်နေကြတာ ဖြစ်တယ်။ဒီလူက ဒဏ်ရာပြင်းထန်စွာ လည်း ရထားသေးတယ်။ဒါ့ကြောင့်ငါက သူ့ကို သတ်ပစ် နိုင်ဖို့ အစတုန်းက တစ်ရာရာခိုင်နှုန်း ယုံကြည်ချက် ရှိခဲ့ တယ်။ဒါပေမဲ့ ခုချိန်မှာတော့ ငါက တစ်ဆယ်ရာခိုင်နှုန်း တောင် မရှိတော့ဘူး။ဒီလူက ကိုယ်ပိုင်တာအိုကိုလည်း ပိုင်ဆိုင်ထားသလို သူဖန်တီးထားတဲ့ တစ္ဆေလောကမြစ်က လည်း တကယ့်ကို ကြောက်ရွှံ့ထိတ်လန့်ဖို့ ကောင်းတယ်။ နတ်ဆိုးအင်ပါယာက ငါ့ကို ဒီနေရာမှာ နေစေခဲ့တာက ငါ့ ကို အန္တရာယ်ဖြစ်စေခဲ့တာပဲ..."


သက်လတ်ပိုင်းလူကြီးက အံတင်းတင်းကြိတ်ကာ နောက်သို့ အရူးအမူး ဆက်ဆုတ်လေသည်။သူက တုံ့ဆိုင်း ခြင်းမရှိ လက်သီးစုပ်ခန့် အနက်ရောင်သားရဲအရိုးတစ်ခုကို ထုတ်ယူကာ ၎င်းကို ချေမွလိုက်၏။သားရဲအရိုးကွဲကြေ သည်းသည်နှင့် အနက်ရောင်အခိုးငွေ့အမျှင်တန်းတစ်ခုက

ယင်းထံကနေ ထွက်ပေါ်လာခဲ့သည်။ထိုအနက်ရောင်အခိုး ငွေ့က သက်လတ်ပိုင်းလူကြီးအား ဝန်းရံသွားကာ သူ့ကို အဝေးသို့ တည်နေရာပို့ဆောင်ပေးလေသည်။


သည်အနက်ရောင်အရိုးက မြို့တော်သို့ တိုက်ရိုက် တည်နေရာ ရွှေ့ပြောင်းနိုင်သဖြင့် ရှားပါးလွန်းသည့်ပစ္စည်း တစ်ခု ဖြစ်သည်။ဗိုလ်ချုပ်မှူးများနှင့် ဒုဗိုလ်ချုပ်မှူးများသာ သည်ပစ္စည်းများကို ပိုင်ဆိုင်ထားပေ၏။


ဝမ်လင်းမျက်လုံးများက အဆုံးစွန်နီရဲနေသည်။သူက သူ့ လက်ကို ဝှေ့ယမ်းလိုက်ရာ နတ်ဆိုးတပ်သား တစ်သိန်း သည် သတ်ဖြတ်ခြင်းစွမ်းအင်အမျှင်တန်းတစ်သိန်းအဖြစ် သို့ ပြောင်းလဲသွားရတော့၏။ အရင် သတ်ဖြတ်ခြင်း စွမ်းအင်အမျှင်တန်းသုံးသောင်းကိုပါ ထည့်ပေါင်းလိုက်ပါ က သတ်ဖြတ်ခြင်းစွမ်းအင် တစ်သိန်းသုံးသောင်းအမျှင် တန်းများ ထိုးထွက်သွားတော့သည်။


သက်လတ်ပိုင်းလူကြီးက ပျောက်ကွယ်သွားသည့် အခိုက်၌ ထိုသတ်ဖြတ်ခြင်းစွမ်းအင်အမျှင်တန်း တစ်သိန်း သုံးသောင်းက သူ့နောက်သို့ အလျင်အမြန် လိုက်လံသွား သည်။


မီးနတ်ဆိုင်းနိုင်ငံ၏ မြို့တော်တွင် ဗိုလ်ချုပ်မှူးနှင့်ဒုဗိုလ် ချုပ်မှူးတို့သာ အသုံးပြုနိုင်သည့် တည်နေရာရွှေ့ပြောင်း ခြင်း အစီအရင်တစ်ခု တည်ရှိလေသည်။မီးနတ်ဆိုးနိုင်ငံ၏ မင်းမှူးထမ်းခေါင်းဆောင်က ထိုအစီအရင်ဘေနား၌

တိတ်တဆိတ် ကျင့်ကြံနေသည်။


သူက ရုတ်တရက် မျက်လုံးဖွင့်ကာ အစီအရင် အသက်ဝင်လာသည်ကို ပြုံး၍ ကြည့်လိုက်၏။သူက ဗိုလ်ချုပ်မှူး သို့မဟုတ် ဒုဗိုလ်ချုပ်မှူးတစ်ယောက်ယောက် ပြန်လာသည်ကို သိလိုက်၏။


"ဘယ်သူများ ပြန်လာတာလဲ..." သူက မတ်တပ်ရပ်ကာ အစီအရင်ပတ်လည်သို့ ကြည့်လိုက်၏။ထိုအခါ သူ့အသွင် က ချက်ခြင်းပြောင်းလဲသွားသည်။သူက အစီအရင်ကို စူး စိုက်ကြည့်နေရင်း လုံးဝ ကြောင်ငေးမှင်သက်မိသွား တော့သည်။


အစီအရင်ကလက်ခနဲ ဖြစ်သွားစဉ် လေဟာနယ်ထဲမှ ခြောက်သွေ့နေပြီ ဖြစ်သော မံမီခန္ဓာကိုယ်တစ်ခုက ပြုတ် ကျလာ၏။ထိုမီမီ၏မျက်လုံးများက ဖွင့်လျက်ရှိကာ ဝန်လေးမှု၊မလိုလားမှုတို့နှင့် ပြည့်နှက်နေချေသည်။


ဒုဗိုလ်ချုပ်မှူးတစ်ယောက် သေဆုံးခြင်းက နတ်ဆိုးစိတ် ဝိညာည်ကုန်းမြေရှိ နိုင်ငံတိုင်းအတွက် ကြီးမားသည့် ကိစ္စ ရပ်တစ်ခု ဖြစ်ပေသည်။မီးနတ်ဆိုးနိုင်ငံ၏ အင်ပါယာ၏ ဒေါသတကြီး အော်သံက မြို့တော်တစ်ခုလုံး ပဲ့တင်ထပ် ပျံ့နှံ့ လာတော့၏။


“ရှာကြစမ်း...သူ့ကို သတ်သွားတဲ့ ကျင့်ကြံသူကို ရှာပြီး သတ်ခဲ့ချေ။သူ့ နောက်ခံပုံရိပ်က ဘာပဲ ဖြစ်ဖြစ် ငါ ဂရုမ စိုက်ဘူး။ငါ သူ သေသာတာပဲ လိုချင်တယ်..."

ဝမ်လင်းက မီးနတ်ဆိုးနိုင်ငံနှင့် ကောင်းကင်နတ်ဆိုး နိုင်ငံ နှစ်ခုကြား နယ်စပ်မြို့ကနေ ထွက်ခွာသွားစဉ်၌ သူနှင့် အတူ သတ်ဖြတ်သူစွမ်းအင်အမျှင်တစ်သိန်းကိုပါ ယူဆောင် သွားလေ၏။


သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံတက်ခြင်းသစ်သီး၏ အာနိသင်ကြောင့် ဝမ်လင်းသည် ဆက်လက် သန်မာနေပေ သည်။သူက အခုလို သတ်ဖြတ်ပစ်ပြီးသောလည်း သူ့ တိုက်ပွဲစိတ်ဆန္ဒက လျော့နည်းသွားခြင်း မရှိသည့်အပြင် ပို၍ပင် တိုးလာခဲ့၏။သူ့သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည်လည်း တိုးလာခဲ့သည်သာ။


သူက ကြယ်ပျံတစ်စင်းကဲ့သို့ ပြောင်းလဲ၍ သူ့အာရုံခံမိသည့် သူ့အားဆက်တိုက်တိုက်ခိုက်ခဲ့မှုများ၏ရင်းမြစ်နေရာ သို့ တဟုန်ထိုး ဆက်သွားနေသည်။


ရှေးဟောင်းတိုက်ပွဲမြေ အနက်ရောင်မျှော်စင်အပေါ်ဆုံး ထပ်ရှိ လက်ကောက်ဝတ်နေရာ ပျောက်ရှနေသော ချပ်ဝတ် ထဲမှ တစ္ဆေအလင်းတစ်ခုသည် ဖျပ်ခနဲ ဖျပ်ခနဲ လင်းလက် နေ၏။အဘိုးအိုတစ်ယောက်က ထိုချပ်ဝတ်ရှေ့၌ ဒူးထောက် လို့နေသည်။


သည်အဘိုးအိုက အနက်ရောင်ဝတ်စုံကို ဝတ်ဆင် ထားသည်။သူက ဟော်ဖောင်ကို ကယ်တင်ခဲ့သည့်သူ ဖြစ်၏။


* ငါမင်းကို နတ်ဆိုးချပ်ဝတ်ရဲ့ အစိတ်အပိုင်းသုံးခု

ပေးလိုက်မယ်။သူ့ကို သွားတားပါ။ သူကို ဒီရှေးဟောင်း တိုက်ပွဲမြေထဲ ခြေတစ်လှမ်းတောင် ချလှမ်းခွင့် မပြုနဲ့..."


မျှော်စင်ထဲ၌ ချပ်ဝတ်ထဲမှ ထွက်ပေါ်လာသည့် နတ် ဘုရားသတင်းစကားက ပဲ့တင်ထပ်နေရင်း ချပ်ဝတ်၏ လက်ကောက်ဝတ်နေရာ၊ရင်ဘက်နေရာ၊နှင့် ပခုံးနေရာတို့ မှ အကာတို့သည် ချပ်ဝတ်ထံမှ ဝဲပျံလာ၏။


ချပ်ဝတ်၏ သည်အစိတ်အပိုင်းသုံးခုသည် ပျံဝဲလာရင်း အနက်ရောင်အမျှင်တန်းများအဖြစ်သို့ ပြောင်းလဲ၍ အဘိုး အို၏ဝတ်စုံထဲသို့ ထွင်းသွင်းဝင်ရောက်သွားသည်။သည် အနက်ရောင်အမျှင်တန်းများက အဘိုးအို အရေပြားကို ဖြတ်သန်းကာ လျင်မြန်စွာပင် သူ့ခန္ဓာကိုယ်အနှံ့တွင် ပေါ်လာလေ၏။ထိုအမျှင်တန်းက ဆက်လက် ရွှေ့လျား နေရာကနေ ဖြည်းဖြည်းချင်း ပြန်ရပ်တန့်သွားချိန်၌ အဘိုး အိုကိုယ်ပေါ်တွင် အနက်ရောင်ချပ်ဝတ်တစ်စုံ တော့၏။ ပေါ်လာခဲ့


သည်ချပ်ဝတ်က ရိုးစင်းပေ၏။သို့သော် မွန်းစတားဆန် သော ဆိုးယုတ်သည့် နတ်ဆိုးစွမ်းအင်က ထိုချပ်ဝတ်ထံက နေ ထွက်ပေါ်လာနေ၏။ထိုစွမ်းအင်ထံကနေ လက်မောင်း အရွယ်ခန့်ရှိသော ပုံရိပ်ယောင်တစ်ခု ပေါ်လာ၏။သည်ပုံ ရိပ်ယောင်က ဦးချိုတစ်ချောင်းနှင့် အရိပ်ဖြစ်ကာ ဝမ် လင်းဖျက်စီးခဲ့သော အရိပ်ပုံစံနှင့် တစ်ထေရာတည်း ဖြစ်သည်။

၎င်းက ပေါ်ထွက်လာသည်နှင့် အဘိုးအိုနှဖူးထဲသို့ ဝင် ရောက်သွားသည်။အဘိုးအိုက ကြီားမားသည့် နာကျင်မှု ကို တောင့်ခံနေရပုံပေါ်သည်။သူ့ခန္ဓာကိုပေါ်မှ သွေးကြော များပင် ဖောင်းကြွ ရောင်းရမ်းလာကာ သူ့နာကျင်စွာ အော်ဟစ်သံများက အကွာအဝေးတစ်ခုတိုင် ပျံ့နှံ့သွား လေ၏။


အချိန်အတန်ကြာပြီးနောက် အဘိုးအိုခန္ဓာကိုယ်က တုန်ယင်လာသည်။သည့်နောက် သူ့မျက်လုံးက နတ်ဆိုး အလင်းကို ထုတ်ဖော်ကာ လေးစားစွာ ပြောလိုက်၏။ "ဒီ မကောင်းဆိုးဝါး အစေခံက အမိန့်နာခံလျှက်ပါ..."


" သွား..." ချပ်ဝတ်ထဲမှ တစ္ဆေအလင်းသည် အလွန်မှိန် ဖျော့သွားခဲ့လေ၏။ နတ်ဘုရားအာရုံဖြင့် စကားတစ်ခွန်း ပြောလိုက်ရသည်ကပင် အလွန်ပင်ပန်းသွားသည့်ဟန် ဖြစ် ပေါ်နေလေ၏။


အဘိုးအိုက ဆက်လက်စကားမဆိုတော့ပေ။သူက မတ် တပ်ထရပ်ကာ မျှော်စင်ထဲကနေ လှမ်းထွက်သွားတော့၏။ သူက အကွာအဝေးတစ်ခုသို့ ကြည့်ကာ အနည်းငယ် စဉ်းစားပြီးနောက် အော်ပြောလိုက်တော့သည်။ "နတ်ဆိုး ကိုယ်ရံတော်တွေ ထွက်လာခဲ့ကြ.."


သူက ထိုသို့ပြောလိုက်ပြီးသည့်နောက် ကြီးမားသည့် လေပြင်းကြီးတစ်ခုသည် ရှေးဟောင်းတိုက်ပွဲမြေတွင် ပေါ်လာခဲ့သည်။သည်လေပြင်းက အဆုံးစွန်အေးစက်

နေ၏။


သည်နတ်ဆိုးလေက အဘိုးအိုပတ်လည်အား လှည့်ပတ် သွားကာ ချပ်ဝတ်နှင့်အမျိုးသမီးတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွား၏။သူမမျက်နှာနှင့် ခန္ဓာကိုယ်တစ်ခုလုံးတွင် လည်း တက်တူးတစ်ခု ရှိနေ၏။သို့ရာတွင် သူမချပ်ဝတ် ကြောင့် တက်တူးအစိတ်အပိုင်းများကို မမြင်တွေ့ရချေ။


သူမပေါ်ထွက်လာပြီးနောက် သူမက ဒူးတစ်ဖက် ထောက်ချကာ နူးညံစွာ ပြောလိုက်၏။ "နတ်ဆိုး သက်တော်စောင့်လေပြင်းသံစဉ် ရောက်ရှိပါပြီ..." ဝမ်လင်း သာ သည်နေရာမှ ရှိမည်ဆိုပါက သည်အမျိုးသမီးသည် နတ်ဆိုးဗိုလ်ချုပ်ရှဲလျန်နှင့် လွန်စွာ တူညီနေသည်ကို သတိပြုမိပေလိမ့်မည်။


သိပ်မကြာခင်တွင် မြေကြီးက တုန်ခါလာကာ ပေါက်ကွဲ မှုများ ဆက်တိုက် ဖြစ်ပေါ်လာ၏။အဘိုးအိုရှေ့ရှိ ပေတစ်ရာ က ရုတ်တရက် ပေါက်ကွဲသွားကာ လုံးဝနက်မှောင်နေ သည့်လက်တစ်ဖက် ဆန့်ထွက်လာခဲ့သည်။


သည့်နောက် ခါးကိုင်းကိုင်းအဘိုးအိုတစ်ယောကသည် မြေကြီးထဲက ကုန်းထလာခဲ့သည်။သူက သားရိုင်းတစ် ကောင်ကဲ့သို့ မြေကြီးပေါ်၌ လေးဘက်ထောက်လျက် ရှိနေသည်။သူက ခေါင်းမော့ကာ အဘိုးအိုထံသို့ ကြည့်၍ ပြုံးဖြဲဖြဲဖြင့် ပြောလိုက်သည်။ "နတ်ဆိုးကိုယ်ရံတော် မြေ နတ်ဆိုး...ရှောက်ရှိပါပြီ...

သည်အခိုက်အတန့်၌ မိုးကုပ်စက်ဝိုင်းမှ စိတ်ဝိညာဉ် အပိုင်းအစများနှင့် ပြည့်နှက်ကာ တစ္ဆေအော်ငြီးသံလှိုင်း များကို ကြားလိုက်ရသည်။သည်စိတ်ဝိညာဉ်အပိုင်းအစများ က အနက်ရောင်တိမ်ထုကြီး တစ်ခုကိုအဖြစ် ဖြစ်တည်လာ သည်။ထိုအနက်ရောင်တိမ်ထုအတွင်း၌ သန်းတစ်ရာထက် မနည်းသော စိတ်ဝိညာဉ်အပိုင်းအစများ ရှိနေ၏။


အနက်ရောင်တိမ်ထုက ဒုချွန်အသွင် ဖြစ်ပေါ်၍ သူ့ အောက်၌ လူငယ်တစ်ယောက်သည် ဖြည်းဖြည်းချင်း လမ်းလျှောက်လာသည်။သူ့နေ

ာက်မှ စိတ်ဝိညာဉ် အပိုင်းအစများ၏ အော်မြည်သံက သည်ဧရိယာတွင် ပျံ့နှံ့ နေတော့သည်။


"နတ်ဆိုးကိုယ်ရံတော် ဟော်ဖောင် ရောက်ရှိပါပြီ..."





Comments

Popular posts from this blog

အပိုင်း(150)

၁၂၉

အိမ်မှထွက်ခွာခြင်း(၁)