အပိုင်း(151)အတွဲ၂
အသွေးအသား ဖြစ်ပေါ်လာခြင်း...
မြေပြင်က မိုးကြိုးများနှင့် ပြည့်နှက်နေသည်ကို ကြည့် ကာ ဝမ်လင်း၏ မူလစိတ်ဝိညာဉ်သည် ပို၍ သက်တောင့် သက်သာ ဖြစ်မှုကို ခံစားလိုက်ရသည်။ထိုသို့သော မိုးကြိုး များအောက်၌ မည်သည့်သစ်ပင်ပန်းမန်၊ သက်ရှိများမှ ရှိမ နေပေ။
ဤကဲ့သို့သော တည်ရှိမှုနေရာမျိုးက ရှားပါးလွန်းလှ သည်။
ဂြိုဟ်သိမ်ဂြိုဟ်မွှားများက သည်နေရာကို ဝန်းရံထား ခြင်းကြောင့် သတိပြုမိရန်ပင် မဖြစ်နိုင်သလောက် ဖြစ် နေ၏။ ဝမ်လင်း၏ မူလစိတ်ဝိညာဉ်ကြောင့်သာ မဟုတ်ပါ က သူက သည်နေရာကို ဘယ်တော့မှ ရှာတွေ့နိုင်လိမ့်မည် မဟုတ်ပေ။
သည်နေရာ၌ မည်သည့်သက်ရှိမှ ရှိမနေသော်လည်း ထို ဂြိုဟ်ထံကနေ အားကောင်းသော အသက်ဓာတ်တစ်ခု ထွက်ပေါ်လို့နေ၏။ ထို အသက်ဓာတ်က စိတ်ဝိညာဉ် စွမ်းအင်များ ပြည့်နေသော ကျင့်ကြံခြင်းဂြိုဟ်တစ်ခုထက်မည်သို့မျှ အားနည်းနေခြင်း မရှိပေ။
သို့ရာတွင် သည်နေရာ၌ မည်သည့်စိတ်ဝိညာဉ်စွမ်းအင်မှ ရှိမနေချေ။
သည်နေရာရှိ ကမ္ဘာတစ်ခုလုံးသည် ပြင်းထန် အားကောင်းသော မိုးကြိုးများနှင့်သာ ဝန်းရံထားသည်။မ ရေမတွက်နိုင်သော မိုးကြိုးလျှပ်စီးတ်းများက ကောင်းကင် ထက်ကနေ ကျဆင်းလျက် ရှိနေသည်။မြေပြင်ကလည်း မိုးကြိုးတန်းများကို စုပ်ယူထားကာ ထိုမိုးကြိုးများက ငွေ ရောင်မြွေများအလား မြေပြင်တစ်လွှား ရွှေ့လျားကာ နေသည်။
ဝမ်လင်း မျက်လုံးထဲကနေ ထူးဆန်းသောအလင်းတစ်ခု ထွက်ပေါ်လာ၏။ သည်နေရာက သူ့အတွက် ပြီးပြည့်စုံ နေသည်။
"ဒီနေရာမှာဆိုရင် ငါက မိုးကြိုးမူလမန္တာန်ကို ကျင့်ကြံဖို့ တစ်ဝက်ပဲ အားစိုက်ထုတ်ဖို့ လိုလိမ့်မယ်..." ဝမ် လင်း၏မူလစိတ်ဝိညာဉ်က မြေပြင်ထက်သို့ ခြေချလိုက် သည်။ သူက မိုးကြိုးကန်တစ်ခုထဲသို့ ခြေချလိုက်သည့် အလား သူ့မူလစိတ်ဝိညာဉ်ထံကနေ လှိုင်းတစ်ခု ပျံ့နှံ့လာခဲ့ သည်။
လမြွေနဂါး၏ အရိုးပင် မိုးကြိုးများနှင့် ဝန်းရံခြင်း ခံထား ရသည်။
ဝမ်လင်းက ရွှေ့လျားလို့နေ၏။ လမြွေနဂါးက အရိုးကလည်း မြေပြင်ထက်သို့ ကျရောက်လာသည်။ ထိုအဖြစ်က သည်မြေပြင်ထက်၌ တောင်ကြီးတစ်ခု ထွက်ပေါ် လာ သကဲ့သို့ ထင်မှတ်ရ၏။
ဝမ်လင်း၏ မူလစိတ်ဝိညာဉ်က ကြာပွင့်သဏ္ဌာန်ထိုင်ချ လိုက်၏။ သူက ရှေးဟောင်းမိုးကြိုးနဂါးကို ပြည့်စုံစွာ စုပ် ယူခဲ့ခြင်း မဟုတ်ပေ။ သူ့မူလစိတ်ဝိညာဉ်ထဲ၌ ပါးလွှာသော မျဉ်းလိုင်းတစ်ခု ရှိနေကာ ယင်းမျဉ်းလိုင်းက နဂါးတစ် ကောင်၏ အပြင်ပိုင်းပုံသဏ္ဌာန်ကဲ့သို့ မပီမပြင် ဖြစ်ပေါ်နေ ခဲ့၏။
ဝမ်လင်း၏ မူလစိတ်ဝိညာဉ်က သူ့လက်နှစ်ဖက်လုံးဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေကာ သူ့ဒူးခေါင်းထက်သို့ နေရာချလိုက်သည်။ ဝမ်လင်းမျက်လုံးထဲ၌ မိုးကြိုးတစ်ခု ပေါ်လာခဲ့သည်။ထို့နောက် စုပ်အားတစ်ခု ဖြစ်ပေါ်လာကာ သူ့ပတ်လည်ရှိ မိုးကြိုးများအားလုံးကို သူ့ထံသို့ စုစည်းလာ တော့သည်။
နေရာအနှံ့မှ အက်ကွဲသံများ ပေါက်ကွဲထွက်လာပြီး နောက် မရေမတွက်နိုင်သော မီးပွင့်မီးပွားများသည် ပတ်ပတ်လည်သို့ ပျံသန်းလာသည်။ထိုမီးပွင့်မီးပွားတစ်ခုစီ က ပထမအဆင့်ရှိ ကျင့်ကြံသူတိုင်း၏ အသွင်ဟန်ပန်ကို ပြောင်းလဲသွားစေနိုင်စွမ်း ရှိနေသည်။အကြောင်းမူကား ၎င်းမီးပွင့်ထဲ၌ ကောင်းကင်ဘုံမိုးကြိုး၏ ခွန်အားတစ်ခု ပါဝင်နေသောကြောင့်ပင်။ဝမ်လင်းက မျက်လုံးဖြည်းညင်းစွာ မှိတ်လိုက်ကာ သူ့ မူလစိတ်ဝိညာဉ်ထဲသို့ မိုးကြိုးများ စိတ်ကြိုက်ဝင်ရောက်ခွင့် ပြုလုပ်၏။ သိပ်သည်းသော မိုးကြိုးများက သူ့ပတ်လည်သို့ စုစည်းလာကာ အဆက်မပြတ် တိုးပွားလာသည်။ဧရာမ မိုးကြိုးလုံးကြီး တစ်ခုက သူ့ပတ်ညလ်၌ ဖြည်းဖြည်းချင်း စုဝေးလာခဲ့သည်။
ဝမ်လင်းက ထိုမိုးကြိုးလုံးကြီး အထဲ၌ ရှိနေကာ သူ့ အပေါ်သို့ မိုးကြိုးတန်းများက အဆက်မပြတ် ကျဆင်း နေသည်။မိုးကြိုးများက သူ့မူလစိတ်ဝိညာဉ်ပတ်လည်၌ ဖြတ်သန်းစီးဆင်း လှည့်ပတ်ပြီးနောက် ဖြည်းဖြည်းချင်း ပျောက်ကွယ်လာခဲ့သည်။
ထိုစက်ဝန်းလှည့်ပတ်မှုက ဆက်လက် ဖြစ်နေကာ ဝမ် လင်းက အချိန်ကိုပင် မေ့နေခဲ့ချေသည်။သူက မိုးကြိုး အပေါ်၌သာ အာရုံစူးနစ်ထား၏။ သည်နေရာတွင် ပြင်းထန် သော ဖိအားတစ်ခု ရှိနေကာ ယင်းဖိအားက ဝမ်လင်း၏ စုပ် ယူခြင်းကို ခံရသည်။
ကောင်းကင်ဘုံသက်တော်စောင့်ကတော့ သည်မိုးကြိုး ဂြိုဟ်၏ အနီးနားရှိ ဂြိုဟ်သိမ်တစ်ခုပေါ်တွင် မျက်လုံးမှိတ် ကာ ကျင့်ကြံနေသော်လည်း ၎င်း၏ နတ်ဘုရားအာရုံကိုမူ ဖြန့်ကျက်ထား၏။ ဝမ်လင်းအတွက် စိုးရိမ်ရစေသော တစ်ခုခု ဖြစ်လာခဲ့ပါက ၎င်းက ချက်ခြင်း လှုပ်ရှားပေ လိမ့်မည်။သစ္စာရှိမှုသည် ကောင်းကင်ဘုံအင်ပါယာ ချင်လင်း ကောင်းကင်ဘုံသက်တော်စောင့်များကို အဓိကနေရာက ပါဝင်ခဲ့ပေ၏။ ဖန်တီးချိန်၌
အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးလာခဲ့သည်။ ဖျပ်ခနဲ ပင် ဆယ်နှစ်တာ ကုန်ဆုံးသွားခဲ့ချေပြီ။
သည်ဆယ်နှစ်တာအတွင်း
ကောင်းကင်ဘုံ သက်တော်စောင့်က တစ်စက်မှ လှုပ်ရှားခြင်း မပြုပေ။
မိုးကြိးဂြိုဟ်အတွင်း၌ ဝမ်လင်း ရှိနေသောနေရာတွင် ဧရာမမိုးကြိုးလုံးကြီးတစ်ခုပါ ရှိနေ၏။ ကောင်းကင်ထက်မှ မိုးကြိုးများက ထိုမိုးကြိုးလုံးပေါ်သို့ ကျရောက်ကာ မြန်ဆန် စွာ စုပ်ယူခံနေရ၏။
ထိုမိုးကြိုးလုံးအတွင်း၌ ဝမ်လင်း၏ မူလစိတ်ဝိညာဉ် သည် ဆက်တိုက် ကောင်းမွန်လာနေ၏။သည်နေရာက သူ့ အတွက် ပြန်လည် ကောင်းမွန်နိုင်ရန် အကောင်းဆုံးနေရာ ပင် ဖြစ်သည်။ဝမ်လင်းက မိုးကြိုးများကို ဆက်လက် စုပ်ယူ နေကာ သူ့ဒဏ်ရာများသည် ဖြည်းဖြည်းချင်း ကောင်းမွန်လာနေ၏။ ပြန်
နောက်ထပ် ဆယ်နှစ်တာ ကုန်ဆုံးသွားပြန်၏။ သည်နေ့ တွင် ဝမ်လင်း၏ မူလစိတ်ဝိညာဉ်သည် ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လာခဲ့သည်။သူ့မျက်လုံးထဲ၌ မိုးကြိုးခွန်အား ပါဝင်နေ၏။သူ မျက်လုံးဖွင့်လာသည့်အခိုက်တွင်ပင် သူ့ ပတ်လည်ရှိ မိုးကြိုးလုံးက ပေါက်ကွဲထွက်သွား၏။၎င်းကပြင်းထန်သော မိုးကြိုးမန္တာန်တစ်ခုအလား ပျံ့နှံ့သွားခဲ့ချေ သည်။
သို့ရာတွင် ထိုမိုးကြိုးက ပျံ့နှံ့သွားသည်နှင့် ဝမ်လင်းက ယင်းတို့ကို ရှိုက်သွင်းပစ်လိုက်၏။
ထိုအခိုက်အတန့်၌ သူ့ခန္ဓာကိုယ်သည် မိုးကြိုးချပ်ဝတ်ကို ဝတ်ဆင်ထားသကဲ့သို့ မိုးကြိုးများနှင့် ပြည့်ဖုံးနေ၏။သူ့ ဆံပင်များထံမှပင် မိုးကြိုးအမျှင်တန်းကို ထုတ်လွှတ်ပေး နေသည်။
"ငါက ဒီနေရာမှာသာ မဟုတ်ရင် ငါ့မူလစိတ်ဝိညာဉ် ပြန်ကောင်းမွန်ဖို့ ဒီထက်အဆပေါင်းများစွာ ပိုကြာလိမ့် ໑໖..."
ဝမ်လင်းက ခေါင်းမော့ကာ ကောင်းကင်ထက်သို့ ကြည့် လိုက်သည်။
"ခုချိန်မှာ အရေးကြီးဆုံးက ငါ့ခန္ဓာကိုယ်ကို ပြန် ရအောင် လုပ်ဖို့ပဲ။ ခန္ဓာကိုယ်အသစ်တစ်ခု ပြန်လည် ဖြစ် ပေါ်တာက သာမန်ကျင့်ကြံသူတစ်ယောက် လုပ်နိုင်တဲ့ အရာမဟုတ်ဘူး။ ဒါက ရှေးဟောင်းနတ်ဘုရား နည်းစနစ် တွေနဲ့ ပါဝင်ပတ်သက်နေတယ်..."
ဝမ်လင်းက စတင်၍ စဉ်းစားနေ၏။
"ငါ့မူလခန္ဓာကိုယ်ကသာ ရှေးဟောင်းနတ်ဘုရားရဲ့ နည်းစနစ်ကို ကျင့်ကြံနေခဲ့တာ။ ဒါပေမဲ့လည်း ခုချိန်မှာ ငါက ဒီနည်းလမ်းရဲ့ တစ်စိတ်တစ်ပိုင်းကို အသုံးပြုပြီး ငါ့ခန္ဓာကိုယ်ကို ပြန်ဖြစ်ပေါ်ဖို့ လုပ်ရမယ်..."
သည့်နောက် ဝမ်လင်းက ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ် စေလိုက်သည်။ထိုချိပ်တံဆိပ်က ရှေးဟောင်းနတ်ဘုရားထူ စီ၏ မှတ်ဉာဏ်များထဲမှ ချိပ်တံဆိပ်မည်သည်။
ရှေးဟောင်းအော်ရာ တစ်ခုသည် ဝမ်လင်းလက်ထဲကနေ ပျံ့နှံ့လာခဲ့ကာ ကမ္ဘာလောကကို ခြုံရုံလာသည်။မိုးကြိုး ခွန်အားသည် အနှီရှေးဟောင်းအော်ရာထဲသို့လည်း ဝင် ရောက်လာခဲ့သည်။
ဝမ်လင်းက သူ့လက်နှစ်ဖက်ဖြင့် ကမ္ဘာမြေကို ထိလိုက်ကာ ရှုပ်ထွေးသောစကားလုံးအနည်းငယ်ကို ရွတ်ဆို လိုက်သည်။ထို့နောက် သူ့မျက်လုံးထဲကနေ ထူးဆန်းသော အလင်းတစ်ခု ထုတ်လွှတ်လာချေသည်။
"စုစည်းစမ်း..." ဝမ်လင်းက ထိုစကားတစ်ခွန်းကို ဆိုသည်။
မြေပြင်ထုကို ဖုံးလွှမ်းနေသော မိုးကြိုးသည် အစစ်အမှန် ရေကဲ့သို့ ပြောင်းလဲလာသလား ထင်မှတ်ရသည်။၎င်းက အစပိုင်း၌ နှေးကွေး၏။သို့သော် ၎င်းက မြန်ဆန်စွာ ပျံ့နှံ့ လာခဲ့ကာ မိုးကြိုးများအားလုံးသည် ဝမ်လင်းထံသို့ တဟုန် ထိုး တိုးဝင်လာခဲ့သည်။
မိုးကြိုးများက ဝမ်လင်းလက်နှစ်ဖက်ကနေ ဖြတ်သန်း၍ မြန်ဆန်စွာ တိုးဝင်လာနေသည်။သို့ရာတွင် ထိုမိုးကြိုးများ က သူ့ခန္ဓာကိုယ်၏ အတွင်းဘက်ခြမ်းသို့ ရောက်သွားခြင်းမရှိဘဲ သူ့လက်ဝါးပတ်လည်၌သာ သိပ်သည်းလာခဲ့သည်။
ထုံထိုင်းထိုင်း ခံစားချက်သည် ဝမ်လင်းလက်ကနေ ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။ ထိုခံစားချက်က တစ်စုံတစ်ယောက် ခန္ဓာကိုယ် ပိုင်ဆိုင်လာချိန်၌သာ တည်ရှိသည့် ခံစားမှု ဖြစ်၏။ဝမ်လင်းက အောက်သို့ငုံ့ကြည့် ချင်း မရှိပေ။သူ့မျက်လုံးများကို မှိတ်ထားလျက်သာ ရှိသည်။သူက တောင်တစ်ခုအလား တည်ငြိမ်ခိုင်မြဲစွာ ရှိနေသည်။
မိုးကြိုးမြောက်များစွာက စုစည်းလာနေခဲ့သည်။ ထို မိုးကြိုးများက ဝမ်လင်းထံသို့ စုစည်းလာနေခြင်းပင်။
မိုးကြိုးများက တလျှံလျှံ တလက်လက် ဖြစ်လို့နေသည်။ ဝမ်လင်းက သည်ကမ္ဘာထဲရှိ မိုးကြိုးများအားလုံးကို သူ့ လက်ဖြင့် ထိန်းချုပ်နေသလား မှတ်ထင်ရသည်။
သူက သူ့လက်ဖြင့် မခန့်မှန်းနိုင်လောက်သော မိုးကြိုး များကို ဖြည်းဖြည်းချင်း စုပ်ယူလာခဲ့ကာ စတင် သိပ်သည်း လာစေသည်။ရွှေရောင်အလင်းများက တဖျပ်ဖျပ် ထွက် ပေါ်လာကာ သူ့လက်ထဲ၌ ပျောက်ကွယ်သွားခဲ့သည်။
ထိုအလင်းစက်များက မိုးကြိုးများ ပိုစုစည်းလာသည်နှင့် အမျှ ပိုမို တိုးပွားလာနေသည်။ယင်းအစက်များကြား၌ ထူးဆန်းသောချိတ်ဆက်မှု တစ်ခု ရှိနေသည်ဟု ထင်မှတ် ရ၏။ယင်းအစက်များက စုစည်းချိတ်ဆက်ကာ လက်အရိုး တည်ဆောက်သည့် ပုံစံ ဖြစ်လာခဲ့သည်။
အနှီလက်အရိုးသည် ရွှေရောင်အလင်းစက်များထံမှ ဖြစ် ပေါ်လာကာ မိုးကြိုးခွန်အားကို ပေးစွမ်း၏။
အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးလာခဲ့သည်။ ကမ္ဘာ မြေပြင်ရှိ မိုးကြိုးများကလည်း ဝမ်လင်းထက်သို့ လှိုင်းများ အလား တရိပ်ရိပ် တိုးဝင်လာနေသည်။ဝမ်လင်းလက် ပေါ်၌လည်း ရွှေရောင်အလင်းစက်များစွာ စုစည်းလာခဲ့မှုက အထွတ်အထိပ်သို့ ရောက်လာသည်။နောက်ဆုံးတွင် လက် တစ်စုံ အရိုးပုံစံက ရုတ်တရက် ပေါ်လာချေသည်။
အပြင်လူတစ်ယောက်ကသာ ခုချိန်၌ ဝမ်လင်းကို တွေ့ မြင်ပါက ပင့်သက်ရှိုက်မိသွားပေလိမ့်မည်။ ထိုမြင်ကွင်းက အလွန်အားကောင်းလှ၏။ လက်တစ်စုံကလွဲ၍ ကျန်သည့် အရာအားလုံးသည့် မပီမပြင်ဝိုးဝဝါး ထွင်းဖောက်၍သာ တည်ရှိ၏။လက်အရိုးတစ်စုံက လုံးဝ အထည်ဒြပ်ဖြစ်လာခဲ့ လေသည်။
ဝမ်လင်း၏ စုပ်ယူမှုက ရပ်တန့်သွားခြင်း မရှိပေ။ ပိုပို များပြားသော မိုးကြိုးများကို စုပ်ယူနေရင်း အလင်းစက် များကလည်း တိုးပွားလာကာ သူ့လက်နှစ်ဖက်ထံသို့ စတင် ချဲ့ထွက်လာသည်။
လက်နှစ်ဖက် အရိုးက တဖြည်းဖြည်း သိပ်သည်းလာခဲ့ လေသည်။ အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးလာလေပြီ။ ဝမ်လင်းကလည်း မိုးကြိုးများကို စုပ်ယူခြင်း၌သာ နစ်မြုပ် နေ၏။မိုးကြိုးများအားလုံး ပျောက်ကွယ်သွားချိန်၌အပြည့်အစုံအရိုးစုတစ်ခု ဖြစ်တည်လာခဲ့လေပြီ။
သူ့ခန္ဓာကိုယ်ကလည်း လေထဲသို့ ဖြည်းဖြည်းချင်း မြောက်တက်လာခဲ့သည်။ သူက လေထဲ၌ ရှိနေကာ လေထဲ ရှိ မိုးကြိုးများအားလုံးကလည်း သူ့ခန္ဓာကိုယ်ပေါ်သို့ အရူး အမူး သက်ဆင်းကျရောက်လာပြန်သည်။
မိုးကြိုးတန်းများက လက်မောင်းလုံးခန့်ပင် ထူကာ ကောင်းကင်ထက်ကနေ ဆက်တိုက် သက်ဆင်းလာသည်။ ဝမ်လင်း၏ အရိုးစုအပြင်ဘက်ခြမ်းတွင် အစိမ်း၊အနီ မျဉ်း လိုင်းများက ဆက်တိုက် ရောယှက် ဖြစ်ပေါ်လာခဲ့သည်။ ယင်းမျဉ်းလိုင်းများက ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သည်။ ဆက်တိုက်ပေါ်လာကာ သူ့
ဤအခိုက်အတန့်၌ ဝမ်လင်း၏ နတ်ဘုရားအာရုံသည် ဂြိုဟ်တစ်ခုလုံးကို ဖြန့်ကျက် လွှမ်းခြုံထားသည်။ သူ့မူလ စိတ်ဝိညာဉ်ထဲရှိ မိုးကြိုးသည် သည်ဂြိုဟ်ပေါ်ရှိ မိုးကြိုး အားလုံး၏ ပိုင်ရှင် ဖြစ်လာသကဲ့သို့ ထင်မှတ်ရသည်။
"စုပ်ယူစမ်း..." နတ်ဘုရားအာရုံက မန္တာန်တစ်ခုအဖြစ် သို့ ပြောင်းလဲသွားကာ ထိုစကားတစ်ခွန်းဖြင့်ပင် ဂြိုဟ်က တုန်ခါသွားရ၏။ ဂြိုဟ်ပေါ်ရှိ မိုးကြိုးအားလုံးသည် စုပ်ယူ ခြင်း ခံရ၏။သည့်နောက် မိုးကြိုးပမာဏများစွာသည် ပေါ်လာကာ ဝမ်လင်းထံသို့ တရကြမ်း တိုးဝင်လာ ပြန်သည်။
ထိုမြင်ကွင်းက
ကမ္ဘာမြေကိုပင်
ကွဲအက်စေသောကြီးမားသည့်မိုးကြိုးမုန်တိုင်းတစ်ခုကို ဖော်ဆောင်သည်။ ကောင်းကင်ထက်ရှိ မိုးကြိုးများပင် ပြိုကျလုမတက် ဖြစ်ရ သည်။
ဂြိုဟ်အပြင်ဘက်တွင် ရှိနေသော ကောင်းကင်ဘုံ သက်တော်စောင့်ပင် မျက်လုံးဖွင့်လာခဲ့ကာ တောက်ပသော မျက်လုံးများဖြင့် ကြည့်လာခဲ့သည်။
ဂြိုဟ်ပေါ်ရှိ မိုးကြိုးအားလုံးသည် ဝမ်လင်းထံသို့ သူ့ အသွေးအသားများအဖြစ် စုဝေးလာခဲ့ကာ ဖြည်းဖြည်းချင်း သိပ်သည်းလာခဲ့ချေသည်။သည်အခိုက်အတန့်၌ ဝမ်လင်း တစ်ကိုယ်လုံးသည် မိုးကြိုးနှင့် ပြည့်နှက်၏။သူ့ခန္ဓာကိုယ် သည် ဂြိုဟ်တစ်ခုလုံးနှင့် ဆက်နွှယ်နေ၏။
မိုးကြိုးနှင့်အတူ အားကောင်းသော အသက်ဓာတ်သည် လည်း လိုက်ပါ စုပ်ယူခြင်း ခံရ၏။သည်အသက်ဓာတ်က ဝမ်လင်း၏ ခန္ဓာကိုယ်အသစ်အတွက် မရှိမဖြစ်နေရာကနေ ပါဝင်သည်။
အချိန်က မြန်ဆန်စွာ ကုန်ဆုံးသွားကာ နှစ်ပေါင်းခြောက် ဆယ် ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။
သည့်နောက် ဂြိုဟ်ပေါ်ရှိ မိုးကြိုးများပင် ဆက်လက် သိပ်သည်းခြင်း မရှိတော့ဘဲ ကောင်းကင်ဘုံ သက်တော်စောင့်ပင် ဂြိုဟ်ထဲသို့ ဝင်လာနိုင်ခဲ့ပြီ ဖြစ်သည်။
ထိုနှစ်ခြောက်ဆယ်အတွင်း မိုးကြိုးများအားလုံးနှင့် အသက်ဓာတ်အများစုသည် ပေသုံးဆယ်ခန့် ရှိသော ပိုးအိမ်တစ်ခုအဖြစ်သို့ သိပ်သည်းသွားခဲ့ပေသည်။
ယနေ့တွင် ထိုပိုးအိမ်က ပွင့်ဟလာခဲ့လေ၏။
ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့၏
စုပ်ယူမှုနှင့် လောဘကြီး၏ ရတနာ(နောက်တစ်ပိုင်း)
ထိုပိုးအိမ်ကွဲအက်လာသည့် အဟထဲကနေ အဝတ်မဲ့ ခန္ဓာကိုယ်တစ်ခုက လှမ်းထွက်လာ၏။ ထိုအာထဲကနေ မြောက်မြားစွာသော မိုးကြိုးများကပါ သွန်းလောင်းကျလာ သည်။ ထိုမိုးကြိုးများက ပိုးအိမ်ကနေ ဖြစ်ပေါ်လာခြင်း မဟုတ်ဘဲ ထိုခန္ဓာကိုယ်ကနေ ထွက်ပေါ်လာခြင်းသာ ဖြစ်သည်။
သူကတော့ ဝမ်လင်းပင်။
ဝမ်လင်းက အသက်ဝဝရှူသွင်းလိုက်ကာ သူ့ကိုယ်ပိုင် ခန္ဓာကိုယ်ကို ငုံ့ကြည့်လိုက်သည်။
သူက နှစ်ပေါင်းခြောက်ဆယ်လောက် မိုးကြိုးတော်တော် များများနှင့် အသက်ဓာတ်တို့ကို သည်ခန္ဓာကိုယ် ဖြစ် ပေါ်လာရန်အတွက် စုပ်ယူခဲ့ပေသည်။ ယခု ခန္ဓာကိုယ်ထဲ၌ မိုးကြိုးစွမ်းအား ပါဝင်နေကာ သူ့မူလစိတ်ဝိညာဉ်ထဲရှိမိုးကြိုးနှင့်လည်း ချိတ်ဆက်မှု ရှိနေခဲ့လေပြီ။
အတွေးတစ်ချက်ဖြင့်ပင် ဝမ်လင်း၏ မူလစိတ်ဝိညာဉ်သည် သူ့ခန္ဓာကိုယ်ထဲကနေ ထွက်ပေါ်လာ၏။ ၎င်းက အနည်းငယ်လှည့်ပတ်သွားလာပြီးသည့်နောက် ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်ရောက်လာသည်။ သူ့
ဝမ်လင်းက ကျယ်လောင်စွာ ရယ်မောလိုက်လေ၏။ သည်အသံထဲ၌ မိုးကြိုးတုန်ခါသံတို့ ပါဝင်နေခဲ့သည်။
"ငါက ဘဝသစ်တစ်ခု ရလာခဲ့ပြီ။ ငါက ဒါကို အချိန်ဖြုန်းနေဖို့ မသင့်တော်ဘူး..."
ဝမ်လင်းက သူ့လက်ကို ဝှေ့ယမ်းကာ သူ့မူလစိတ်ဝိညာဉ် ထဲမှ သိုလှောင်အိတ်သည် ထွက်ပေါ်လာ၏။ သည့်နောက် သူက အဖြူရောင်ဝတ်စုံတစ်ခုကို ဝတ်ဆင်လိုက်သည်။
သူက မြေပြင်ပေါ်သို့ ခြေချလိုက်ပြီးနောက် ကြာပွင့် သဏ္ဌာန်ထိုင်ချလိုက်သည်။ သူ့အကြည့်က နဂါးတစ်ကောင် လို သွယ်တန်းနေသည့် တောင်ကြီး(လမြွေနဂါး)၏ အရိုး ပေါ်သို့ ကျရောက်သွားသည်။
ထို့နောက် ဝမ်လင်းမျက်လုံးက တောက်ပလာကာ သူ့ သိုလှောင်အိတ်ကို ပုတ်လိုက်သည်။ စိတ်ဝိညာဉ်တစ်ကုဋေ အလံက သူ့လက်ထဲသို့ ကျရောက်လာချေ၏။ သူက သူ့ လက်ကို ဝှေ့ယမ်းလိုက်ရာ မရေမတွက်နိုင်သော စိတ် ဝိညာဉ်အပိုင်းအစများ ထွက်ပေါ်လာချေသည်။ သည်ဂြိုဟ် ပေါ်၌ မိုးကြိုးများက အရင်လို ရှိနေခဲ့ပါက ထိုစိတ်ဝိညာဉ် အပိုင်းအစများသည် သည်နေရာတွင် ပေါ်ထွက်လာကာ ထို မိုးကြိုးများကို တောင့်ခံနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။
မြောက်မြားစွာသော စိတ်ဝိညာဉ်အပိုင်းအစများက ပင်မ မူလစိတ်ဝိညာဉ် အပိုင်းအစသုံးခုသို့ ပြောင်းလဲသွားကာ သည်ဧရိယာကို လှည့်လည်နေတော့၏။
အကာအကွယ်ကို နေရာချပြီးနောက် ဝမ်လင်းက သူ့နတ် ဘုရားအာရုံကိုပါ ဖြန့်ကြက်ပြီး သည်ဧရိယာကို စစ်ဆေး ကြည့်လိုက်၏။ လုံခြုံသည်ဟု ဆုံးဖြတ်ပြီးနောက် ဝမ်လင်း သည် အသက်ဝဝရှူသွင်းကာ သူ့ညာလက်ကို မျက်ခုံးနှစ်ခု ကြားသို့ ထိလိုက်သည်။ ထို့နောက် ကြည်လင်သော ပုတီး စေ့တစ်ခုသည် ဖြည်းဖြည်းချင်း ဖြစ်တည်လာခဲ့၏။
ထို့နောက် ဝမ်လင်းက သူ့လက်ဖြင့် ချိတ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေပြီး ရှေ့သို့ ညွှန်လိုက်၏။ ထိုအခါ ကောင်းကင်ဘုံ ဆန့်ကျင်ခြင်းပုတီးစေ့သည် ချက်ချင်း ပျံသန်းထွက်သွား ကာ တောင်တစ်ခုလို ဖြစ်နေသည့် လမြွေနဂါး၏အရိုးပေါ် သို့ ကျရောက်သွားသည်။
ဝမ်လင်းအသွင်က အလွန် သတိထားနေသည့်ပုံ ဖြစ် နေ၏။ သည်ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့သည် သူ့နံပါတ်တစ်ရတနာ တစ်ခု ဖြစ်ကာ ၎င်းက အလုံးစုံ ကောင်းကင်ကြယ် အဖွဲ့အစည်းကနေ ထွက်ပေါ်လာခဲ့သည့် အရာလည်း ဖြစ်လို့နေ၏။ သူ့နတ်ဘုရားအာရုံကို ဖြန့်ကြက် ထားရင်း သူက ပြဿနာတက်နိုင်သည့် အရိပ်အယောင် တစ်ခု တွေ့သည်နှင့် ချက်ချင်းတုံ့ပြန်နိုင်ရန် ပြင်ဆင် ထားသည်။
ထို့ကြောင့်လည်း သူက ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့ကို မထုတ်ယူခင် သူ့ခန္ဓာကိုယ် ပြန်ဖြစ်တည်လာ သည့်အထိ စောင့်ဆိုင်းခဲ့ခြင်း ဖြစ်၏။ သူ့ခန္ဓာကိုယ်မရှိလျှင် သူက သူ့စွမ်းအားအပြည့်ကို အသုံးပြုနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။ သူကသာ အစောပိုင်းကတည်းက ထိုပုတီးစေ့ ကို ထုတ်ယူခဲ့ပါကာ ထိုလုပ်ဆောင်မှုသည် အန္တရာယ်များ လှကာ ဉာဏ်နည်းရာလည်း ကျပေလိမ့်မည်။
ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့က ရွှေရောင် တောက်ပမှုကို ပေးစွမ်းနေ၏။ ထိုရွှေရောင်အလင်း အောက်၌ လမြွေနဂါး၏အရိုးသည် အနည်းငယ် တုန်ယင် လာခဲ့သည်။ ၎င်းအထဲရှိ သတ္တုကလည်း ရွှေရောင်အမျှင် တန်းများ အဖြစ်သို့ ပြောင်းလဲ၍ ကောင်းကင်ဘုံဆန့်ကျင် ခြင်းပုတီးစေ့၏ စုပ်ယူခြင်းကို ဖြည်းဖြည်းချင်း ခံနေရရ လေသည်။
ထိုဖြစ်စဉ်က အလွန်နှေးကွေးလှကာ ဝမ်လင်းက ထိုသို့ ဘာကြောင့်ဖြစ်မှန်း မသိပေ။
ဝမ်လင်းက သူ့နတ်ဘုရားအာရုံကို သည်ဧရိယာတစ်ခု လုံးသို့ သိမ်းကျုံးဖြန့်ကြက်ကာ သတိမပြတ်ထားနေ၏။ သူက သည်ဂြိုဟ်၏ အနီးအနား တစ်နေရာ၌ပင် လေးခု မြောက်စိတ်ဝိညာဉ်ကို ပုံးကွယ်ခိုင်းထားသေးသည်။
ကောင်းကင်ဘုံပုတီးစေ့၏ စုပ်ယူမှုက အလွန်နှေးကွေး လှ၏။ တကယ်တော့ လမြွေနဂါးအရိုးသည်လည်း ကြီးမားလွန်းလှ၏။ ရက်အနည်းငယ် ကြာမြင့်ပြီးနောက် ဝမ်လင်း က သူ့နတ်ဘုရားအာရုံကို နှစ်ပိုင်းခွဲလိုက်ကာ ရတနာအချို့ ကို ထုတ်ယူလိုက်၏။
ထိုရတနာများအားလုံးက လောဘကြီး ပိုင်ဆိုင်ခဲ့သည့် အရာများ ဖြစ်ကြ၏။ ထိုအရာများက လွန်ခဲ့သော နှစ် ပေါင်းခြောက်ဆယ်က ဝမ်လင်း ရိတ်သိမ်းနိုင်ခဲ့သည့် အရာ များလည်း ဖြစ်ပေသည်။
ပထမဆုံးရတနာတစ်ခုက ဧရာမတောင်တစ်ခု ဖြစ်၏။ ၎င်းက ထိခိုက်မှု ရှိနေသော်လည်း ၎င်းထံမှ ထွက်ပေါ်လာ နေသည့် ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်များက ပေါ ကြွယ်ဝလှ၏။ ပို၍ ကောင်းသွားသည်က ထိုတောင်အပေါ် ခပ်နှိပ်ထားသော လောဘကြီး၏ နတ်ဘုရားအာရုံကပါ ပျောက်ကွယ်သွားခဲ့ပြီး ဖြစ်နေခြင်းပင်။
လောဘကြီး၏ နတ်ဘုရားအာရုံ ပျောက်ကွယ်သွားခြင်း က သူသေသွားပြီဟု ဆိုလိုသည်မဟုတ်ပါ။ သူ့နတ်ဘုရား အာရုံသည် လွန်ခဲ့သောနှစ်တစ်ရာလောက်ကတည်း လမြွေ နဂါးအရိုး၏ ထိုတောင်အပေါ် တုံ့ပြန်မှုကြောင့် ပျောက် ကွယ်သွားခဲ့ခြင်းသာ ဖြစ်သည်။
ဝမ်လင်းက ထိုတောင်ပေါ်သို့ ညာလက်ကိုတင်ကာ လောဘကြီး တောင်၏ စိတ်ဝိညာဉ်ထုတ်ယူသည့် မြင်ကွင်း ကို ပြန်ဆင့်ခေါ်ကြည့်၏။ သူ့မျက်လုံးများက တည်ငြိမ် လျက် ရှိနေ၏။
ဝမ်လင်းက ဂြိုဟ်၊ တောင်နှင့်မြစ်ကဲ့သို့သော အရာ များ၏ စိတ်ဝိညာဉ်ကို ထုတ်ယူခြင်းနှင့် ပတ်သက်၍ နက်န က်ရှိုင်းရှိုင်း သိမြင်မှု ရှိနေခဲ့၏။ ထိုအရာက ဒုတိယအဆင့်ရှိကျင့်ကြံသူများသာ လုပ်နိုင်စွမ်း ရှိသော်လည်း ဝမ်လင်း ကမူ ၎င်းစိတ်ဝိညာဉ်ထုတ်ယူခြင်းကို ပြန့်ကျဲနတ်ဆိုး သူ့ ခန္ဓာကိုယ်ကို ထိန်းချုပ်ခဲ့စဉ်က ကိုယ်တိုင်ကိုယ်က တွေ့ကြုံ ခဲ့ဖူးပေသည်။
သူက ညာလက်ဖြင့် တောင်ကို ပွတ်သပ်နေရင်း ဝမ်လင်း လက်က ရုတ်တရက် တန့်သွားကာ သူ့မျက်လုံးထဲကနေ ထူးဆန်းသောအလင်းတစ်ခု ထွက်ပေါ်လာသည်။ သူက ညာလက်ကို ဖြည်းဖြည်းချင်းမြှောက်လိုက်၏။ ထိုအခါ တောင်ပေါ်ရှိ ကျောက်စိုင်ခဲများထံကနေ ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်မြောက်မြားစွာနှင့် ရှေးဟောင်းအော် ရာတစ်ခု ထွက်ပေါ်လာခဲ့သည်။ ဝမ်လင်းက သူ့ညာလက် ကို ပင့်မြှောက်လိုက်ရာ ပုံရိပ်ယောင်မြူလုံး တစ်ခုက သူ့ လက်နှင့်တောင်ကြားတွင် ပေါ်လာခဲ့ချေ၏။
သူက ညာလက်ကို ဖြည်းဖြည်းချင်း ပင့်မြှောက်လိုက် သည်။ ဝမ်လင်း လှုပ်ရှားမှုက အလွန်ညင်သာလှ၏။ သူ့ အကြည့်က သူ့လက်ထဲရှိ မြူလုံးထံသို့ စူးစိုက် ကျရောက် နေ၏။
ထိုမြူလုံးငယ်က အားကောင်းသော အော်ရာတစ်ခုကို ပေးစွမ်းနေသည်။ ဝမ်လင်ကို တုန်လှုပ်အသွားစေဆုံး အရာ သည် တိုမြူလုံးထဲ၌ ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင် များ ပြည့်ပြည့်စုံစုံ ပါဝင်နေခြင်းပင်။
"ဒီတောင်ရဲ့ စိတ်ဝိညာဉ်က လောဘကြီးအရင်တုန်းက အသုံးပြုတာထက် အများကြီး အားနည်းသွားပေမဲ့လည်း ခု ထိစွမ်းအားကောင်းနေတုန်းပဲ။ ဒါပေမဲ့လည်း တောင်စိတ် ဝိညာဉ်က မတည်မငြိမ် ဖြစ်နေခဲ့တယ်။ ငါက မဆင်မခြင် သတိလွတ်သွားတာနဲ့ ဒီတောင်စိတ်ဝိညာဉ်က ရန်သူ့ကို ထိခိုက်မဲ့အစား ငါ့ကိုတောင် တန်ပြန် ထိခိုက်နိုင်တယ်..."
ဝမ်လင်းမျက်လုံးများက တောက်ပလို့နေ၏။
အကြောင်းရင်းသည် သူက သည်လိုဖြစ်ရသည့် ထိုတောင်မှာ မပြည့်အစုံတော့သဖြင့် တောင်၏ တောင် စိတ်ဝိညာဉ်ကို ထိခိုက်သွားစေခဲ့ခြင်းကြောင့် ဖြစ်၏။
သူက တောင်စိတ်ဝိညာဉ်ကို ထုတ်ယူသည့်အချိန်၌ မည် သည့်အဟန့်အတားမှ ရှိမနေခဲ့ပေ။ ဝမ်လင်းက အတွေး တစ်ချက်ဖြင့်ပင် တောင်စိတ်ဝိညာဉ်ကို ထုတ်ယူလိုက် နိုင်သည်ဟု ထင်မှတ်ရ၏။ ထိုအရာက ဝမ်လင်းကို တုန်လှုပ်သွားစေ၏။ သူ့မျက်လုံးက တလက်လက် တောက်ပနေ၏။ သူက ညာလက်ဖြင့် တောင်ပေါ်သို့ ညင်သာစွာ ဖိချလိုက်သည်။ ထိုအခါ တောင်စိတ်ဝိညာဉ်က ထိုတောင်ထဲသို့ ပြန်ဝင်ရောက်သွားချေသည်။
ဝမ်လင်းက ညာလက်ဖြင့် မြေပြင်ပေါ်သို့ ချက်ချင်း ဖိချ လိုက်၏။ အတွေးတစ်ချက်ဖြင့်ပင် သူက သူ့လက်ကို မြှောက်လိုက်ရာ ဂြိုဟ်တစ်ခုလုံး တုန်ယင်သွားသလား ထင်မှတ်သွားရသည်။ သို့ရာတွင် ထိုတုန်ယင်တုန်ခါမှုက သူ့နတ်ဘုရားအာရုံ၏ ခံစားချက်သက်သက်သာ ဖြစ်ကာ အမှန်တကယ်တွင်တော့ ထိုမြေပြင်က တစ်လက်မပင် ရွှေ့ သွားခဲ့ခြင်း မရှိပေ။
ရှေးဟောင်းအော်ရာက
ပေါ်လာသည်ပြီးသည်နှင့် ချက်ချင်းလိုလို ပြန်ပျောက်ကွယ်သွားသည်။
ဝမ်လင်းက ဂြိုဟ်၏ စိတ်ဝိညာဉ် ထုတ်ယူခြင်းကို ကျရှုံး ခဲ့ချိန်၌ အခုလို ခံစားမိလိုက်ခြင်းပင်။ ရှေးဟောင်းအော်ရာ ပျောက်ကွယ်သွားသည့်အခိုက်၌ သူ့ခန္ဓာကိုယ်သည် ပြင်းထန်သောအားတစ်ခု လာထိခတ်သည်ဟု ခံစားလိုက် ရ၏။ သူ့ခန္ဓာကိုယ်မှ တစီစီအသံများပင် ထွက်ပေါ်လာကာ သူ့မျက်နှာက ဖြူဖွေးသွားသည်။ သူက ပြန်ကောင်းရန် အချိန်ခဏ ယူလိုက်ရသည်။
ဝမ်လင်းက သူ့ရှေ့ကတောင်ကို ကြည့်နေရင်း အသက်ဝ ဝရှူသွင်းလိုက်သည်။ သည်တောင်က သူ့ကို ဒုတိယအဆင့် ရှိ ကျင့်ကြံသူများသာ အသုံးပြုနိုင်သည့် စိတ်ဝိညာဉ် ထုတ်ယူခြင်းမန္တန်နှင့် ပတ်သက်၍ အလေ့အကျင့် ရစေခဲ့ပေသည်။ အတွေ့အကြုံ
"ဒီဟာက ငါ့အတွက် တော်တော်လေး အသုံးဝင်တယ်။ ငါက ဒီတောင်ကို လောဘကြီး ဘယ်လိုရှာတွေ့ခဲ့ပြီး ဘယ်လိုသန့်စင်ခဲ့လဲ မသိရဘူး..."
လောဘကြီးသည် ဝမ်လင်း၏ရန်သူ ဖြစ်သော်လည်းသူက ထိုစိတ်ဝိညာဉ်ထုတ်ယူခြင်း မန္တန်ကို တွေ့မြင်ပြီး နောက် လောဘကြီးအပေါ်၌ လေးစားသွားခဲ့ပေသည်။
"ရှေးဟောင်းမိုးကြိုးနဂါး၊ ကောင်းကင်ဘုံတောင်၊ ရှေးဟောင်း နတ်ဘုရားမီးပြင်းဖို၊ တောင်နဲ့မြစ်အကာအရံ၊ ဒီထူးဆန်းတဲ့သရဖူ...။ ဒါတွေအပြင် လောဘကြီးရဲ့ သိုလှောင်အိတ်ထဲမှာ အခြားမသိနိုင်တဲ့ ရတနာတွေလည်း ရှိနေသေးတယ်။ သူက တကယ့်ကို ကောင်းကင်ဘုံက ချီးမြှင့်ခံထားရတဲ့လူပဲ..."
ဝမ်လင်းက သက်ပြင်းချမိ၏။ သည်ရတနာများထဲက တစ်ခုပင် လူတိုင်းကို အရူးအမူး ဖြစ်သွားစေနိုင်ပေသည်။ သို့ရာတွင် ဝမ်လင်းကို အံ့အားအသင့်ဆုံးအရာက မည်သူ ကမျှ လောဘကြီးထံမှ ရတနာများကို လုယူတာ မရှိခြင်း ပင် ဖြစ်၏။
သူက ထိုကိစ္စနှင့်ပတ်သက်၍ ခေါင်းခြောက်နေမိသည်။
သူက ကောင်းကင်ဘုံတောင်ကို ကြည့်နေရင်း သူ့ မျက်လုံးထဲ၌ စိတ်လှုပ်ရှားဟန်တို့ ဖြစ်ပေါ်လာ၏။
"ဒါက ပြန်ပြုပြင်နိုင်လောက်တယ်၊ အင်း.. ဒါပေမဲ့လည်း ဒီလိုပြုပြင်နိုင်ဖို့ မူလစွမ်းအင်လိုမှာပဲ..." ဝမ်လင်းက ၎င်း ကို ပြန်သိမ်းဆည်းလိုက်ပြီးနောက် သူ့သိုလှောင်အိတ်ထဲက နေ နောက်ထပ်ပစ္စည်းတစ်ခု ထပ်မံ ထုတ်ယူလိုက်သည်။
ထိုအရာက တောင်နှင့်မြစ် အကာအရံပင် ဖြစ်၏။
ဝမ်လင်းက တောင်နှင့် မြစ်ပန်းချီကားအကြောင်း တစ်ခါ မှ မကြားခဲ့ဖူးပေ။ သို့ရာတွင် ကျင့်ကြံခြင်းကမ္ဘာ၏ ကျော်ကြားသူပုံရိပ်အချို့သည် တောင်နှင့်မြစ်ပန်းချီကား အကြောင်း ကောင်းကောင်း သိကြပေ၏။
ထိုအရာက ကောင်းကင်ဘုံနယ်မြေ၏ ထိပ်တန်းရတနာ ဆယ်ပါးထဲမှာပင် နံပါတ်ငါးအဆင့်တွင် ရှိသည့်အရာ ဖြစ်၏။
ပြောကြသည်က တောင်နှင့်မြစ် ပန်းချီကားသည် မ ခန့်မှန်းနိုင်သည့် အရာတစ်ခုဟု ဆိုကြ၏။ သို့ရာတွင် ၎င်း ကို အားကောင်းအောင် အမှန်တကယ် ပြုလုပ်ပေးသည့် အရာက တောင်နှင့်မြစ်မန္တန်မဟုတ်ဘဲ ထိုပန်းချီကား၏ မင်သာဖြစ်သည်။
ထိုမင်က အနက်ရောင် ဖြစ်သော်လည်း အမှန်တော့ အနီ ရင့်ရောင်သာ ဖြစ်ကာ သွေးကနေ ဖြစ်ပေါ်နေသကဲ့သို့ ထင် ရ၏။ သည်သွေးက တောင်နှင့်မြစ်ပန်းချီကားပေါ်ရှိအစစ်အမှန် စွမ်းအားမည်သည်။
ကောလာဟလ ပြောကြသည်က ယင်းတောင်နှင့်မြစ် ပန်းချီကားကို ရေးဆွဲထားသော သွေးက ကောင်းကင်ဘုံ တာအို၏ သွေးဟု ဆိုကြသည်။ သို့သော် ကောင်းကင်ဘုံ တာအိုက ပုံပန်းအသွင်မရှိ ဖြစ်ရကာ ထို့အတွက်ကြောင့် ၎င်းက သွေး မည်သို့ ရှိနိုင်ပါ့မည်နည်း။ ထိုသို့သော အချက် များကြောင့် သည်ပန်းချီကားက ဒဏ္ဌာရီပုံပြင်ဆန်နေခဲ့ပေ သည်။
ထို့အတွက်ကြောင့် သည်ပစ္စည်းကို ကောင်းကင်ဘုံ တာ အိုပန်းချီကားဟုလည်း ခေါ်တွင်ကြသေး၏။
လောဘကြီး ရရှိခဲ့သည့် တော်နှင့်မြစ်ပန်းချီကားသည် အစစ်အမှန် မဟုတ်ပေ။ သို့သော် မျက်နှာပြင်တစ်ခုပေါ်၌ အမှတ်သားပြု တုပထားသည့် အရာတစ်ခုတော့ ဖြစ်၏။
တောင်နှင့်မြစ်ပန်းချီကားကို အကာအရံမျက်နှာပြင် တစ် ခုအဖြစ်သို့ တုပ ခတ်နှိပ်ထားနိုင်သည့် မန္တန်မျိုးကို လောဘကြီးက သူ့ဦးနှောက်ထဲ၌ အဖန်တလဲလဲ စဉ်းစား ကြည့်ခြင်း၊ ရှေးဟောင်းမှတ်တမ်းများထဲ၌ ရှာဖွေခြင်းများ ပြုလုပ်ခဲ့သော်လည်း သူက ရှာတွေ့နိုင်စွမ်း ခုထိ မရှိသေး 6011
ဝမ်လင်းအကြည့်က ထိုအကာအရံ မျက်နှာပြင်ပေါ်သို့ ကျရောက်နေ၏။ သည်မျက်နှာပြင်က အလွန်ရိုးရှင်း နေသည်။
တောင်နှင့်မြစ်ပန်းချီကားက အနည်းငယ် မပီဝိုးတဝါး ထိုမျက်နှာပြင်ပေါ်၌ ပေါ်နေသည်ဟု ထင်ရ၏။ သို့သော် အချိန်အတန်ကြာ စိုက်ကြည့်ပါက ၎င်းပန်းချီပုံရိပ်သည် ရှင်းရှင်းလင်းလင်း ရှိနေသည်ကို တွေ့မြင်နိုင်ပေလိမ့်မည်။
သို့ရာတွင် ခုချိန်၌ တောင်နှင့်မြစ်ကို နှစ်ပိုင်း ခွဲထားပစ် သလိုမျိုး အက်ကွဲကြောင်းတစ်ခု ယင်းအကာအရံပေါ်၌ ထင်ကျန်လို့နေ၏။ ၎င်းက အလွန်အချိုးအနားသား မကျ သည့်ပုံ ပေါ်နေတော့၏။
ရှေးဟောင်း နတ်ဘုရားလက်ချောင်း၏ စွမ်းအား အောက်၌ ထိုရတနာပေါ်ရှိ နတ်ဘုရားအာရုံက ပျက်စီးသွား ခဲ့ပြီး ဖြစ်သည်။ ဝမ်လင်းက သူ့ညာလက်ကို ဝှေ့ယမ်းကာ သူ့ကိုယ်ပိုင် နတ်ဘုရားအာရုံကို ယင်းပေါ်သို့ ခတ်နှိပ် လိုက်၏။ အနည်းငယ်စဉ်းစားပြီးနောက် သူက ပါးစပ်ဟ ကာ ထိုမျက်နှာပြင် အရန်အတားကို သူ့မူလစိတ်ဝိညာဉ်ထဲ သို့ စုပ်သွင်းလိုက်လေ၏။
သူက ထိုပစ္စည်းကို သူ့မူလစိတ်ဝိညာဉ်ထဲရှိ မိုးကြိုးနှင့် ပြန်လည် မွမ်းမံနိုင်ရန် စတင်တော့၏။
နောက်ဆုံး ရတနာတစ်ခုကတော့ သရဖူပင်။ ဝမ်လင်းက လမြွေနဂါး၏ ရှေးဟောင်းနတ်ဘုရားလက်ချောင်း စွမ်းအားအောက်မှာပင် ယင်းသရဖူက တစ်ချက်ပင် အက်ကွဲသွားခြင်း မရှိသည်ကို ကိုယ်တိုင်မြင်တွေ့ခဲ့ရပေ သည်။
သူ့ဘယ်လက်ဖြင့် ထိုသရဖူကို ကိုင်ဆောင်ထားရင်း ဝမ် လင်းသည် နတ်ဘုရားအာရုံဖြင့် စစ်ကြည့်လိုက်ရာ ၎င်းနှင့် ပတ်သက်၍ သာမန်မဟုတ်သည့်အရာ ဘာကိုမှ မတွေ့ခဲ့ ပေ။ ၎င်းကသေမျိုးတစ်ယောက်၏ သရဖူကဲ့သို့ ဆင်တူကာ ပုံမှန်ပင် ဖြစ်နေ၏။
သို့ရာတွင် ယင်းသရဖူပေါ်ရှိ အစေ့ငါးစေ့က ဝမ်လင်း၏ အာရုံကို ဖမ်းစားသွားနိုင်ခဲ့သည်။ဝမ်လင်းက ထိုအစေ့ငါးခု ထဲ၌ ဒြပ်စင်ငါးခုစွမ်းအား ပါဝင်နေသည်ကို ချက်ချင်း ပြော နိုင်ပေ၏။
သည်အစေ့ငါးခုက အနီရောင်လိပ်ပြာ၏ ဒြပ်စင်ငါးခု စိတ်ဝိညာဉ်များနှင့် အလားသဏ္ဌာန်တူလှ၏။ ထိုသရဖူကို စူးစိုက်ကြည့်နေရင်း ဝမ်လင်းက အနည်းငယ် စဉ်းစားပြီး နောက် ၎င်းကို လောဘကြီး လုပ်ခဲ့သလို သူ့ခေါင်းပေါ်သို့ တင်လိုက်၏။
ထိုအခိုက်အတန့်၌ ထူးဆန်းသော အားတစ်ခုက ဝမ် လင်းခေါင်းထဲကို ဝင်ရောက်လာခဲ့သည်။ ယင်းခံစားချက် က သူ့ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားလာပြီးနောက် သရဖူထဲသို့ ပြန်ဝင်သွားကာ မည်သည့်လှုပ်ရှား သက်ဝင်မှုမှ မရှိတော့ပေ
ဝမ်လင်းမျက်လုံးထဲကနေ ထူးဆန်းသော အရောင်တစ်ခု ဖြစ်ပေါ်လာသည်။ သူက သရဖူကို ပြန်ချွတ်ကာ သေချာ ကြည့်ရှု၍ စဉ်းစားကြည့်နေတော့သည်။
"ဒီစွမ်းအားက သိပ်တော့ အားမကောင်းလှဘူး။ ဒီအား က ငါ့ခန္ဓာကိုယ်ကို ဖြတ်သန်းသွားလာတဲ့အခါမှာ ငါက ဒီ အားဟာ တစ်ခုခုကို လိုက်ရှာနေသလို ခံစားရတယ်။ ၎င်း အားက လိုချင်တာ ရှာမတွေ့နိုင်တာနဲ့ ချက်ချင်းပဲ သရဖူထဲ ပြန်ဝင်သွားခဲ့တယ်...။ ဒီအားက ဘာကိုများ ရှာဖွေတာလဲ..."
*ဒြပ်စုငါးခုအစေ့က… ဘာကိုများရှာမလဲ..." ဝမ်လင်း က မှင်တက်သွား၏။ သူ့မျက်လုံးက တလက်လက် ဖြစ်နေကာ သူက ခပ်တိုးတိုး ရွတ်ဆိုလိုက်သည်။ "တုပထားတဲ့ ဒြပ်စင်ငါးခုခန္ဓာကိုယ်...အနီရောင်လိပ်ပြာ..."
ကောင်းကင်ဘုံပုတီးစေ့၏ ပြီးပြည့်စုံမှု
ဝမ်လင်းက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ အပြာရောင် နှင်းဆီပန်းတစ်ပွင့် သူ့လက်ထဲ၌ ထွက်ပေါ်လာချေသည်။
ထိုနှင်းဆီပန်းက အလွန်အမင်းနူးညံ့ကာ အပြာရောင် အလင်း ခပ်ဖျော့ဖျော့ကို ပေးစွမ်းနေသည်။ ၎င်းပန်းပွင့် ထွက်ပေါ်လာသည့်အခါတွင် အပြာရောင်အလင်းတစ်ခု ပျံ့နှံ့လာကာ ပုံရိပ်ယောင်ဆန်သောခံစားမှုကို ပေးစွမ်းလာခဲ့ သည်။
ထိုအပြာရောင်အလင်းနောက်၌ အေးစက်စက်အော်ရာ တစ်ခုက ကပ်ပါလာကာ သည်ဧရိယာသို့ ပျံ့နှံ့လာခဲ့သည်။
ထိုအေးစက်မှုထဲ၌ ပြောမပြနိုင်လောက်သော ဂုဏ်ဝင့်မှု တစ်ခု ပါဝင်၏။
သို့သော် ဝမ်လင်း၏ အကြည့်ကတော့ ထိုဂုဏ်ဝင့်မှုက နေ သွေဖည်ကာ သူသည် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည် ကို တွေ့မြင်လိုက်ရ၏။ ထိုပုံရိပ်က အလွန်အမင်းလှကာ အဆုံးစွန်လည်း မာနကြီးဟန် ပေါ်နေ၏။
ထိုအပြာရောင်နှင်းဆီကို ကြည့်နေရင်း ဝမ်လင်းကအနည်းငယ် စဉ်းစားကာ သရဖူအောက်၌ ထိုပန်းကို နေရာ ချလိုက်သည်။
သူ့မျက်လုံးက တောက်ပနေကာ သရဖူကိုသာ စူးစိုက် ကြည့်နေ၏။ သရဖူက နှင်းဆီပန်းနှင့် ထိလိုက်သည့်အခိုက် တွင် သရဖူပေါ်ရှိ ရတနာငါးခုက တောက်ပလာခဲ့သည်။ မ မြင်ရသောအားတစ်ခုက သရဖူကနေ နှင်းဆီထံသို့ စီးဆင်း လို့သွားသည်။
အပြာရောင်နှင်းဆီက ဝမ်လင်းရှေ့၌ပင် ဖြည်းဖြည်းချင်း ပျောက်ကွယ်လာခဲ့သည်။ ၎င်းက အပြာရောင်အလင်းစက် များ အဖြစ်သို့ ပြောင်းလဲ၍ သရဖူနှင့်အတူ ပေါင်းစပ်သွား ချေသည်။
သရဖူက အပြာရောင်အလင်းကို အချိန်အတန်ကြာ ပေး စွမ်းကာ နေ၏။ အပြာရောင်အလင်းက ဖြည်းဖြည်းချင်း ဖျော့တော့လာကာ နောက်ဆုံးတွင် ပုံမှန်အတိုင်း ပြန်ဖြစ်လို့ သွားသည်။
ဝမ်လင်းက မျက်မှောင်ကြုတ်ကာ သရဖူကို ပြန် ကောက်ယူလိုက်ပြီးနောက် သေချာဆန်းစစ်ကြည့်လိုက် သည်။ သိပ်မကြာခင်တွင် သူက တစ်စုံတစ်ခုကို သဘော ပေါ်လာလေ၏။သည်သရဖူက အရင်ထက်စာရင် စိတ်ဝိညာဉ်တစ်ခု ရရှိလာသည့်အရိပ်အယောင် ပြသလာခဲ့သည်။ ဝမ်လင်းက ၎င်းကို သေချာကြည့်ရှုနေရင်းဖြင့် အထဲရှိ ဓားတစ်လက်ကို ကိုင်ဆောင်ထားသော ပုံရိပ်တစ်ခုကို ခပ်ဝါးဝါး မြင်တွေ့ရ သည်။
သည့်ထက်လွန်၍ သူက အခြားသဲလွန်စများကို ရှာတွေ့ နိုင်စွမ်း မရှိတော့ပေ။
"ဒီပစ္စည်းက ရှေးဟောင်းနတ်ဘုရား လက်ချောင်း ကြောင့်တောင် မပျက်မစီးပဲ ကျန်နိုင်ခဲ့တယ်။ ဒါကြောင့် ဒါက သာမန်ပစ္စည်းတစ်ခု မဟုတ်တာ သိသာနေတယ်။ ဒါပေမဲ့ ငါက ဒါကို ဘယ်လိုအသုံးပြုရမလဲ...။ လောဘကြီး က ဒီသရဖူကို ထုတ်ယူအသုံးပြုခဲ့တဲ့ အချိန်တုန်းက သူက ဒီပစ္စည်းကို အသက်သွင်းနိုင်ဖို့ အင်ပါယာ(၉၉၉၉)ယောက် ရဲ့ စိတ်ဝိညာဉ်တွေကို ထုတ်ယူခဲ့တယ်လို့ ပြောခဲ့တယ်..."
ဝမ်လင်းက စတင်စဉ်းစားနေသည်။
"အင်ပါယာတွေရဲ့ စိတ်ဝိညာဉ်တွေက ဒီဒြပ်စင်ငါးခု စိတ် ဝိညာဉ်တွေနဲ့ ဘယ်လိုများ ဆက်စပ်နေလဲ...။ ဒီသရဖူရဲ့ ပိုင်ရှင်က ဒြပ်စင်ငါးခု စိတ်ဝိညာဉ်နဲ့ အင်ပါယာတစ် ယောက် ဖြစ်နေနိုင်လား။ ဒီသေမျိုးအင်ပါယာတွေရဲ့ စိတ် ဝိညာဉ်တွေကို ထုတ်ယူပေါင်းစပ်ပြီးမှသာ ဒီသရဖူကို အသက်သွင်းနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းလား..."အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်း၏ အကြည့် သည် လမြွေနဂါး၏အရိုးပေါ်သို့ ကျရောက်သွားသည်။
လမြွေနဂါးအရိုးထဲရှိ သတ္တုဒြပ်စင်က ကောင်းကင်ဘုံ ပုတီးစေ့၏ စုပ်ယူခြင်းကို ခံရကာ ရက်အတော်အတန် ကြာမြင့်ပြီးနောက် တဖြည်းဖြည်း လျော့နည်းလာသည်။
အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးနေ၏။ ဝမ်လင်းက မည်သူမျှ မနှောင့်ယှက်နိုင်အောင် တစ်ချိန်လုံး သတိထား လျက်ရှိသည်။ သည်နေရာက လူသူကင်းမဲ့သည့်နေရာ ဖြစ် သော်လည်း သူက သတိထားလျက် ရှိနေဆဲပင်။
သုံးလတာ ဖျတ်ခနဲ ကုန်လွန်သွားခဲ့လေပြီ။ မည်သူကမျှ သည်သုံးလအတွင်း သည်နေရာသို့ ရောက်လာခဲ့ကြခြင်း မ ရှိပေ။ ထိုအခိုက်အတန့်၌ သတ္တုဒြပ်စင်အားလုံးသည် လ မြွေနဂါးအရိုးကနေ ပျောက်ကွယ်သွားချေတော့၏။
မူလတုန်းက ဝမ်လင်းသည် လမြွေနဂါး၏ အရိုးတစ်ဝက် သည် ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့၏ သတ္တု ဒြပ်စင်ကို ပြည့်ဝမစေမှာ စိတ်ပူပန်နေခဲ့သေး၏။ သို့သော် ခုချိန်၌ သတ္တုဒြပ်စင်ကို ကိုယ်စားပြုသော ပုံရိပ်က ပြီးပြည့်စုံသော အဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
ဝမ်လင်းမျက်လုံးရှေ့မှာပင် ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့၏ သတ္တုဒြပ်စင်သည် ပြည့်စုံလာခဲ့ချေပြီ။
ပုတီးစေ့က တောက်ပလာခဲ့ကာ ရှေးဟောင်းအော်ရာ တစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ပုတီးစေ့၏ အထက်၌ ဒြပ်စင်ငါးခု၏စွမ်းအားသည် ရောယှက်နေကာ ၎င်းပုတီးစေ့က တဖြည်းဖြည်း လေထဲသို့ မြင့်တက်လာခဲ့သည်။
ဝမ်လင်းမျက်လုံးထဲကနေ ထူးဆန်းသောအလင်းတစ်ခု ထွက်ပေါ်လာ၏။ သူက သူ့လက်ချောင်းထိပ်ကို အနည်းငယ် ကိုက်ကာ သူ့နတ်ဘုရားအာရုံခတ်နှိပ်ထား သော သွေးစက်တစ်စက်ကို တောက်ထုတ်လိုက်၏။ ထို သွေးစက်က ပုတီးစေ့ပေါ်သို့ ကျရောက်သွားသည်။
သွေးစက်ကို စုပ်ယူသွားသည့် အခိုက်အတန့်၌ ဝမ်လင်း စိတ်သည် တုန်ယင်ရသည်။ သူ့မူလစိတ်ဝိညာဉ်ထဲ၌ အပို အရာတစ်ခုခု ပေါ်လာသကဲ့သို့ ဖြစ်နေ၏။
တစ်ချိန်တည်းမှာပင် ရှေးဟောင်းအော်ရာ ပါဝင်သည့် သင်္ကေတတစ်ခုသည် သူ့စိတ်ထဲ၌ ပေါ်လာ၏။ ဝမ်လင်းက ကောင်းကင်ဘုံပုတီးစေ့ကို အကြည့်ဖြင့် ကြည့်လိုက်၏။ ဆုံးဖြတ်ချက်ပြတ်သားသော
သူက ကောင်းကင်ဘုံပုတီးစေ့ ပြီးပြည့်စုံရန် နှစ်ပေါင်း တစ်ထောင်နီးပါး စောင့်ဆိုင်းခဲ့ရချေသည်။ သို့သော် ခုချိန်၌ သူက စိတ်လှုပ်ရှားရမည့်အစား တည်ငြိမ်လို့နေ၏။ အလွန်သတိထားကာ
သည်ရတနာက သူနှင့် အတူရှိနေသည်မှာ နှစ်ပေါင်းများ စွာ ကြာမြင့်နေခဲ့ပြီ ဖြစ်၏။ သို့သော် ယင်းရတနာပေါ်၌ သူ့ နားလည်မှုက ခုချိန်ထိ ခပ်တိမ်တိမ်သာ ရှိလို့နေသေးသည်။
"ဒီကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့က ဘာများလဲ ဒါက ဟိုအမျိုးသမီးပြောခဲ့သလို ရှေးဟောင်း ကောင်းကင်ဘုံနယ်မြေက ရတနာ တကယ်ဖြစ်နေနိုင် လား..."
သူ့ ဝမ်လင်းက သူ့လက်ကို လှုပ်ရှားလိုက်၏။ လက်ချောင်းထိပ်များဖြင့် စုတ်တံတစ်ခု ဖြစ်ပေါ်စေကာ သူ့ စိတ်ထဲရှိ ပေါ်လာခဲ့သော သင်္ကေတကို ရေးဆွဲလိုက်သည်။
ထိုသင်္ကေတသည် အလွန်ရှုပ်ထွေးလှကာ စုတ်ချက် တစ်ခုစီတိုင်းက ရှေးဟောင်းအော်ရာကို ပေးစွမ်းနေချေ သည်။ ဝမ်လင်း၏ ဂရုတစိုက် အကြည့်အောက်၌ ထိုသင်္ဘေ ကက ဖြည်းဖြည်းချင်း ပုံပန်းအသွင် ပေါ်လာခဲ့၏။
ဤအခိုက်အတန့်၌ ရှေးဟောင်းအော်ရာက ပိုမို၍ သိပ်သည်းလာခဲ့သည်။
ထိုရှေးဟောင်းအော်ရာ ပျံ့နှံ့လာစဉ်တွင် ဂြိုဟ်တစ်ခုလုံး ပါ သက်ရောက်ခြင်း ခံရ၏။ ဂြိုဟ်ထံမှ အသက်ဓာတ်များ အားလုံးသည် ဖြည်းဖြည်းချင်း ဖိနှိပ်ခံလာရကာ ဂြိုဟ်အနှံ့ တွင် အက်ကွဲကြောင်းများပါ ပေါ်လာခဲ့သည်။
ဝမ်လင်းက အသက်ဝဝရှူသွင်းလိုက်၏။ ထိုသင်္ကေတ ပြီးပြည့်စုံသွားသည့် အခိုက်အတန့်၌ သူက လက်ဝါးဖြင့် လှမ်းရိုက်လိုက်သည်။ ထို့နောက် ဤသင်္ကေတသည် ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့ ရှိရာသို့ ဖြည်းဖြည်းချင်း မျောလွင့်သွားသည်။
ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့ထဲကနေ ခရမ်းရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာ၏။ ထို ခရမ်းရောင် အလင်းတန်းသည် အားကောင်းလွန်းလှသဖြင့် ဝမ်လင်းက သူ့မျက်လုံးကိုပင် ခက်ခက်ခဲခဲ မနည်းဖွင့်ကြည့် ရသည်။ ကောင်းကင်ဘုံရုပ်သေး၏ ခန္ဓာကိုယ်သည်ပင် ပျက်စီးသည့်အရိပ်အယောင် ပြသလာခဲ့၏။ ၎င်း၏ ခန္ဓာကိုယ်က အမှန်တကယ်ပင် မျက်စိဖြင့် မြင်နိုင်လောက် အောင် ဝေဝါးပျောက်ကွယ်လာချေ၏။
ဝမ်လင်းက အကြီးအကျယ် တုန်လှုပ်မိသွား၏။ အတွေး တစ်ချက်ဖြင့်ပင် ကောင်းကင်ဘုံ သက်တော်စောင့်က သူ့ အရိပ်ထဲသို့ ပြန်ရောက်သွားမှ ပျက်စီးယိုယွင်းမှုကနေ ရပ်တန့်သွားခဲ့ရသည်။ သို့ရာတွင် ထိုပျက်စီးနိုင်သည့် အရိပ်အမြွက်ကတော့ တွယ်ရှိကပ်ပါနေဆဲသာ ဖြစ်၏။
ကောင်းကင်ဘုံ သက်တော်စောင့်သာမက မူလစိတ် ဝိညာဉ်အပိုင်းအစ သုံးခုသည်လည်း ထို့အတူသာ ဖြစ်သည်။ ဝမ်လင်း၏ မြန်မြန်ဆန်ဆန် တုံ့ပြန်လိုက်မှု ကြောင့်သာ မဟုတ်ပါက ၎င်းစိတ်ဝိညာဉ်များသည်လည်း အသက်ရှူကြိမ်အနည်းငယ် အချိန်အတွင်း ပျောက်ကွယ် သွားလောက်ပြီ ဖြစ်၏။
ခရမ်းရောင်အလင်းက ပိုပိုကြီးမား ပျံ့နှံ့လာ၏။ ၎င်းက တဖြည်းဖြည်းဖြင့် ဂြိုဟ်တစ်ခုလုံးကို ဖုံးအုပ်သွားသည်။
ဂြိုဟ်တစ်ခုလုံးက ခရမ်းရောင်အလွှာတစ်ခုဖြင့် ဖုံးလွှမ်း လာသည်။ သည်အခိုက်အတန့်၌ ခရမ်းရောင်အလင်းက ၎င်း၏ အထွတ်အထိပ်သို့ ရောက်ရှိလာချေသည်။
ထိုခရမ်းရောင်အလင်းက ရပ်တန့်သွားခြင်း မရှိသေး သည့်အပြင် ဆက်လက်၍ ချဲ့ထွင်လာ၏။ အချို့ဂြိုဟ်သိမ် ဂြိုဟ်မွှားများပင် ထိုအလင်း၏ သက်ရောက်ခြင်းကို ခံလိုက် ရကာ ချက်ချင်း ဖုန်မှုန့်အဖြစ် ပျက်စီးသွားရသည်။
ခုဆိုလျှင် ဝမ်လင်းနှင့်ပုတီးစေ့သာ ကျန်ရစ်ခဲ့တော့သည် ဟု ထင်ရ၏။
ဤထူးဆန်းသောမြင်ကွင်းသည် ဝမ်လင်းစိတ်ကို ပြင်းထန်စွာ တုန်ယင်ခဲ့စေသည်။ သူက ကောင်းကင်ဘုံ ပုတီးစေ့နှင့် ပတ်သက်၍ ကြိုတင်ခန့်မှန်းထားမှုများစွာ ရှိသော်လည်း သူက ခုလိုမျိုး ဖြစ်ပျက်လာလိမ့်မည်ဟုတော့ မထင်မှတ်ထားမိပေ။
ဝမ်လင်း တုန်လှုပ်နေစဉ်မှာပင် ခရမ်းရောင်အလင်းက ပျံ့နှံ့နေရာကနေ ရပ်တန့်သွားသည်။ ထိုအခိုက်အတန့်၌ ဒြပ်စင်ငါးခု၏ အားပမာဏ တော်တော်များများသည်ပင် ပျောက်ကွယ်သွားခဲ့ရ၏။
ခရမ်းရောင်အလင်းက ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့ရှိနေသော နေရာပတ်လည်တွင် သိပ်သည်းလို့ နေ၏။ ထို့နောက် ကျယ်လောင်သောအသံ တစ်သံနှင့်အတူ တံခါးကြီး တစ်ချပ် ဖြည်းဖြည်းချင်း ပွင့်လာလေသည်။
ခရမ်းရောင်အလင်းထိမိသည့် နေရာတိုင်းတွင် အတားအဆီးတစ်ခု ဖြစ်ပေါ်လာကာ သည်ဧရိယာတစ်ခု လုံးကို လွှမ်းခြုံထား၏။ ဝမ်လင်းက အတားအဆီးတစ်ခုကို ကြည့်လိုက်ရာ သူ့စိတ်နှလုံးပါ တုန်ယင်သွားရသည်။ ထို အတားအဆီးကို လေ့လာကြည့်ရန်မှာ ပြောနေစရာပင် မ လိုပေ။
မည်သည့်သက်ရှိဖွဲ့စည်းပုံ မှန်သမျှ ဤအတားအဆီးထဲ သို့ ဝင်ရောက်နိုင်လိမ့်မည် မဟုတ်ပေ။
သည်နေရာတစ်ခုလုံးကို ခရမ်းရောင်အလင်းနှင့် ဖုံးအုပ် ထားကာ အလုံးစုံ ကောင်းကင်ကြယ်အဖွဲ့အစည်း တစ်ခုလုံး ထဲကနေ ဆွဲထုတ်၍ အရာအားလုံးနှင့် သီးသန့်ထီးတည်း ဖြစ်စေသော နေရာတစ်ခုကို ပြုလုပ်ပေးလိုက်သကဲ့သို့ပင်။
သည်သီးသန့်ကမ္ဘာလောက၌ တံခါးချပ်ကြီးတစ်ခုသာ တည်ရှိနေတော့၏။
ထိုတံခါးကြီးကို ကြည့်ကာ ဝမ်လင်းစိတ်သာ တုန်ယင်ရ သည်မဟုတ် သူက ကြောက်ရွံ့မှုအာရုံကိုပါ ခံစားမိရသည်။ ဤသို့သော ခံစားမှုမျိုးက ဝမ်လင်းအတွက် ဖြစ်ခဲလွန်းလှ သည်။
သူက အလိုလို ကြောက်လန့်နေခြင်းကနေ ရုန်းထွက်နေ ရဟန် ပေါ်နေ၏။ သူ့တာအိုက သူ့ကို ထိုသို့ ကြောက်ရွံ့ခွင့် မပြုပေ။ သို့သော် ထိုကြောက်ရွံ့မှုက အလိုလို ဖြစ်လာကာ သူက ယင်းစိတ်ကို လွယ်လင့်တကူ ပတ်သက်နိုင်စွမ်းမရှိဖြစ်ရသည်။
ဝမ်လင်းက ခုလို အသွေးအသားထဲက ကြောက်ရွံ့မှုကို မ ခံစားခဲ့ရသည်မှာ အချိန်ကြာမြင့်လွန်းနေခဲ့ပြီ ဖြစ်သည်။ သူက လမြွေနဂါးနှင့် ရင်ဆိုင်ခဲ့စဉ်ကပင် တုန်လှုပ်ခဲ့သည် သာ ရှိ၏။ သည်လိုမျိုး သူ့စိတ်ဝိညာဉ်ထဲကနေ ကြောက်ရွံ့ နေမှုမျိုးကို မတွေ့ကြုံခဲ့ရဖူးပေ။
ထိုအဖြစ်က တစ်ခါတုန်းက သေမျိုးဆယ်ကျော်သက် အရွယ် ကောင်လေးက ဟုန်ယွီတောင်ထိပ်တွင် မတ်တတ်ရပ်ကာ ကျင့်ကြံခြင်းကလန်တစ်ခုကို ကြည့်မိနေ သလိုမျိုးနှင့် ဆင်တူနေသည်။ ထိုသို့သော လေးစား ကြောက်ရွံ့မှုမျိုးက သူ့စိတ်နှလုံးအောက်ခြေကနေ ထွက် ပေါ်လာခဲ့သည့် အရာ ဖြစ်နေသည်။
ဝမ်လင်း ကျင့်ကြံမှုအဆင့်နှင့် အတွေ့အကြုံများက တိုးတက်လာပြီးသည့်နောက် ထိုသို့သော ခံစားချက်မျိုးက လည်း လွင့်ပါးပျောက်ကွယ်လာခဲ့သည်။သူက နတ်ဆိုး စိတ်ဝိညာဉ်ကုန်းမြေတွင် နတ်ဘုရားပြစ်ဒဏ်ကို ရင်ဆိုင်ရ ချိန်၌လည်း သူ့တာအိုနှလုံးသားအပေါ် မှီတည်၍ ကြံ့ကြံခံ နိုင်ခဲ့ပေသည်။
သို့သော် အခု အခိုက်အတန့်၌ သည်တံခါးချပ်ကြီးက မည်သည့်ဖိအားကိုမှ ပေးစွမ်းနေခြင်း မရှိသော်လည်း သူ့ စိတ်နှင့်ခန္ဓာကိုသည် တုန်ခါနေသည်။
ဘယ်တော့မှ ဒူးမထောက်ဘူး။
ဝမ်လင်း မျက်လုံးများက နီရဲလာ၏။ သူက အံတင်းတင်း ကြိတ်ကာ ခေါင်းမော့နေရင်း ခန္ဓာကိုယ်သည် တုန်ယင် နေသည်။ သူက ဘယ်တော့မှ ခေါင်းငုံ့ခဲ့သည့်သူ မဟုတ် 1109
ဤအရာက တစ်ချိန်တုန်းက ဟုန်ယွီကလန်သို့ ရောက် ရန် သူက တောင်ပေါ်သို့ ဇွဲနပဲအပြည့်ဖြင့် တက်ရောက်ခဲ့ သည့် အချိန်တုန်းကနှင့် ဆင်တူပေသည်။ ထိုအချိန်က သူ့ တစ်ကိုယ်လုံးကလည်း သွေးချင်းချင်း ထွက်နေခဲ့ သော်လည်း သူက ရုန်းကန်ခဲ့သည် မဟုတ်လား။
ယခုအခိုက်အတန့်၌ သူ့စိတ်ဝိညာဉ်ထဲကမှ လာသည့် လေးစားကြောက်ရွံ့မှုက သူ့ကို ဒီလှိုင်းများနှင့် တိုက်ချနေ သလို ပင်ပန်းလာစေခဲ့ကာ ဝမ်လင်းက ညည်းတွားပစ်ချင် နေသည်။ သို့ရာတွင် ဝမ်လင်းက ထိုသို့ ညည်းတွား လက်လျှော့မည့်အရာကို ခွင့်မပြုနိုင်ပေ။
သူ့စိတ်အင်အားကို ပို၍ အထောက်အပံ့ပြုသည့်အရာက ကောင်းကင်ဘုံပုတီးစေ့ထဲရှိ ဝမ်အာနှင့်ဝမ်ဖျင်တို့၏ စိတ် ဝိညာဉ်နှစ်ခုပင်။
သူက ထိုစိတ်ဝိညာဉ်နှစ်ခုကို မည်သူကမျှ နာကျင်အောင် လုပ်ခွင့် မပြုနိုင်ပေ။
"ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့ ... ငါက မင်းကို ပိုင်ဆိုင်တယ်။ ကောင်းကင်ဘုံက ငါဂရုစိုက်တဲ့လူကို သတ် ချင်ရင်...ငါက ကောင်းကင်ဘုံကိုပါ ပြန်သတ်ပစ်မယ်။ သင်က ငါ့ကို အညံ့ခံစေချင်ရင် ဆန့်ကျင်ရင် ငါက သင့်ကိုပါ ဖျက်ဆီးပစ်မယ်..."
ဝမ်လင်းအသံက တုန်ယင်နေသော်လည်း အညံ့မခံ၊ ဦးမ ညွှတ်မှုတို့ပါဝင်နေ၏။
အညံ့မခံ၊ ဦးမညွှတ်သည့် တာအိုသည် သူ့မူလစိတ် ဝိညာဉ်ထဲရှိ ရှေးဟောင်းမိုးကြိုးနဂါးကိုပါ သူ့ခန္ဓာကိုယ် တစ်လျှောက် အရူးအမူး ရွေ့လျားလာစေခဲ့သည်။ လျှပ်စီး နှင့်မိုးကြိုးများက သူ့တစ်ကိုယ်လုံးတွင် ပြည့်နှက်လာ သည်။ သူက မိုးကြိုးနှင့် ပြုလုပ်ထားသည့် လူတစ်ယောက် အလား။
ဝမ်လင်း ခြေထောက်အောက်ကနေ မိုးကြိုးပျံ့နှံ့လာကာ သူက လေထဲသို့ မြောက်တက်လာသည်။ ထို အခိုက်အတန့်၌ ဝမ်လင်းသည် မိုးကြိုးကောင်းကင်ဘုံသား တစ်ယောက်နှင့် ဆင်တူ၏။
သူက မိုးကြိုးကို ထိန်းချုပ်ထားကာ ထိုမိုးကြိုးက အညံ့မ ခံသည့်စိတ်ဆန္ဒနှင့် ဝမ်လင်း၏ ကြံ့ကြံခံနိုင်သည့် တာအိုတို့ ပါဝင်နေချေသည်။
မြေပြင်က ပြိုကျလာ၏။ သို့သော် ဝမ်လင်းခန္ဓာကိုယ် ကတော့ ရုန်းကန်နေဆဲပင်။ သူ့မျက်လုံးများက နီရဲကာ နေ၏။ သူ့တာအိုဖြင့် သူက သူ့စိတ်ဝိညာဉ် အနက်ပိုင်းမှ လာသည့် လေးစားကြောက်ရွံ့မှုကို ဖိနှိပ်လို့ထားသည်။ သူက တံခါးထံသို့ အနိုင်မခံ အရှုံးမပေးသောအကြည့်ဖြင့်စတင်ကြည့်ရှုလိုက်သည်။
သည်သီးသန့်ကမ္ဘာတွင် ပေါ်လာသည့် တံခါးက သိပ်သည်းသော ခရမ်းရောင်အလင်းနှင့် လွှမ်းခြုံ ထားသည်။ ထိုအလင်းထဲ၌ တစ်စုံတစ်ရာက ဖုံးကွယ်နေ သလို ထင်ရသည်။ သည်အခိုက်အတန့်၌ ဝမ်လင်း၏ အကြည့်အောက်တွင် ခရမ်းရောင်အလင်းက တံခါးအပြင် ဘက်တွင် ဧရာမလက်မောင်းကြီးတစ်ဖက်အသွင် ဖြစ် ပေါ်လာခဲ့သည်။ ၎င်းက ဝမ်လင်းထံသို့ လက်ဝှေ့ယမ်းကာ သူ့ကို လက်ယပ်ခေါ်သလို ထင်ရသည်။
ဝမ်လင်း၏ အမြင်အာရုံ ကောင်းမွန်မှုကြောင့် သူက ထို လက်မောင်းကြီးသည် ရှေးဟောင်းနတ်ဘုရားနှင့် မ သက်ဆိုင်ကြောင်း သတိပြုမိနေခဲ့ပေသည်။
ကောင်းကင်ဘုံပုတီးစေ့၏ လက်ယပ်ခေါ်မှု (နောက်တစ်ပိုင်း)
ရှေးဟောင်းနတ်ဘုရား၏ အသားအရေသည် ကြမ်းတမ်း ရှတကာ အက်ရာများနှင့် ဖုံးနေသည်။ သို့သော် ယခု ခရမ်းရောင်အလင်းကနေ ဖြစ်ပေါ်လာသည့် လက်က အလွန်အမင်း ချောမွတ်နေသည်။
ယင်းလက်ကြီးက ဝမ်လင်းကို လူကြီးတစ်ယောက်က ကလေးတစ်ယောက်ကို ခေါ်နေသည့် လက်ဟန်မျိုး လုပ်ဆောင်နေသည်။
ထိုလက်ကြီးထံမှ အန္တရာယ်ရှိသည့် မည်သည့်အော်ရာမှ ထွက်ပေါ်နေခြင်း မရှိပေ။ ၎င်းက အလွန်သာမန်ဆန်လှ၏။ ယင်းလက်ကြီးက ဝမ်လင်းကို တံခါးချပ်ကြီးထံသို့ ဖြတ်သန်းဝင်ရောက်လာရန်သည် လက်ယပ်ခေါ်နေခဲ့ သည်။
သို့ရာတွင် ဝမ်လင်းက အလွန်သတိထားလျက် ရှိနေ၏။ သူ့ရှေ့ရှိ မြင်ကွင်းက အလွန်ထူးဆန်းနေသည်။ သူက ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ ပြီးပြည့်စုံသွား သည့်နောက် ခုလိုမျိုး ထူးဆန်းမှု ဖြစ်ပျက်လာလိမ့်မည်ဟုလုံးဝ မတွေးထင်ထားမိပေ။
ဝမ်လင်းက သူ့ကို လက်ယပ်ခေါ်နေမှုကိုသာ စူးစိုက် ကြည့်နေရင်း မလှုပ်မယှက် ရှိလို့နေသည်။ သည့်နောက် သူ့ မျက်လုံးထဲ၌ အေးစက်မှုတစ်ခု ဖျတ်ခနဲ လင်းလက်သွား သည်။
ထိုလက်ကြီး၏ လှုပ်ရှားမှုကလည်း လက်ယပ်ခေါ်နေ သည့် ဟန်ပန်သာ ရှိလို့နေဆဲပင်။ သို့ရာတွင် အချိန်ကုန် လာသည်နှင့်အမျှ ၎င်းနောက်ရှိ တံခါးချပ်က ဖြည်းဖြည်း ချင်း ပုံရိပ်ယောင်ပိုဆန်လာခဲ့ကာ အချိန်မရွေး ပျောက် ကွယ်သွားတော့မယောင် ဖြစ်လာခဲ့သည်။
သူက အခု အလျင်စလို မဝင်လျှင် ဘယ်တော့မှ ဝင် ရောက်နိုင်မည့် အခွင့်အရေး မရနိုင်တော့မည့်ပုံ ရှိနေ၏။
ဝမ်လင်းက အံတင်းတင်းကြိတ်ကာ ရှေ့သို့ လှမ်း တိုးသည်။ သူ့ညာလက်ဖြင့် ခုထိ မပျက်စီးသွားသေးသည့် တစ်ခုတည်းသော လမြွေနဂါး၏ အရိုးကို လှမ်းဆွဲယူ လိုက်၏။
လမြွေနဂါး၏ အရိုးက ၎င်း၏ သတ္တုဒြပ်ကို ဆုံးရှုံးသွားခဲ့ သော်လည်း အရင်လို မာကျောနေဆဲသာ ဖြစ်သည်။ တကယ်တော့ သည်အရာက လမြွေနဂါးပိုင်ဆိုင်သည့် အရိုး မဟုတ်လား။
လမြွေနဂါး၏အရိုးကို ဖမ်းဆုပ်ကိုင်ပြီးနောက် ဝမ်လင်း သည် မာန်သွင်းကာ သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်များကို အသက်သွင်းလိုက်ပြီး လမြွေနဂါး ကို ကောင်းကင်ထက်သို့ ပစ်တင်လိုက်၏။ အရိုးကြီးက လေထဲသို့ တဝီဝီ ပျံတက်သွားကာ တံခါးထံသို့ ဦးတည်၏။
လမြွေနဂါးက တံခါးနှင့် ထိမှန်ခါနီးအချိန်၌ ဝမ်လင်းကို လက်ယပ်ခေါ်နေသော လက်ကြီးက လွယ်လင့်တကူ ဖမ်းယူလိုက်သည်။ ယင်းအရိုးကို
ဝမ်လင်းက ပင့်သက်ရှိုက်မိသွား၏။ ထိုလက်ကြီးက အရိုးကို ညှစ်ချစ်လိုက်စဉ် ဝမ်လင်းမျက်လုံးထဲ၌ ထိတ်လန့် မှုတို့ ထွက်ပေါ်လာခဲ့သည်။ ချက်ချင်းပင် ပြင်းထန်သော အော်ရာတစ်ခု ပေါ်ထွက်လာကာ လမြွေနဂါးအရိုးတစ်ခု လုံးသည် ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားချေသည်။
မရေမတွက်နိုင်သော အက်ကွဲကြောင်းများကလည်း ဝမ် လင်းရှိနေသော ဂြိုဟ်ပေါ်တွင် ပေါ်လာခဲ့သည်။ ဂြိုဟ် အနီးအနားရှိဂြိုဟ်သိမ်ဂြိုဟ်မွှားများထံကပင် ကျယ်လောင်သော မြည်ဟိန်းသံများ ထွက်ပေါ်လာခဲ့ကာ ဂြိုဟ်သိမ်တော်တော်များများက ပြန့်ကျဲကြွေမွကုန်၏။
ထိုလက်ကြီးဖြင့် လက်ညှစ်အားထဲ၌ အံ့မခန်းစွမ်းအား တစ်ခု ပါဝင်နေခဲ့ပေသည်။ ယင်းလက်ညှစ်အားက ကမ္ဘာ မြေတစ်ခုလုံးကိုပင် တစ်စစီဖြစ်သွားနိုင်ပေသည်။
ထိုလက်ကြီးက ၎င်း၏ လက်ကို ပြန်ဖြေလျော့ကာ ဝမ် လင်းကို နောက်တစ်ဖန် လက်ယပ်ခေါ်ပြန်၏။
ဝမ်လင်းဦးရေပြားပင် ထုံထိုင်းသွားရသည်။ သူ့မျက်နှာက ထိုလက်ကြီးကို ကြည့်နေရင်း ဖြူရော်နေခဲ့သည်။ သူက ထိုလက်ညှစ်အားသည် မည်မျှသန်မာကြောင်းပင် မတွေး နိုင် ဖြစ်ရသည်။ သို့သော် သူက ယင်းအားသည် လမြွေနဂါး ထံက ရှေးဟောင်းနတ်ဘုရား လက်ချောင်းတိုက်ချက်ထက် အားနည်းလိမ့်မည် မဟုတ်ကိုတော့ သိနေခဲ့သည်။
ထိုလက်ညှစ်အားက မည်သည့်ခွန်အားကိုမှ သုံးစွဲခဲ့ခြင်း မရှိပေ။ သို့သော် ဝမ်လင်း ကောင်းကင်ဘုံခုတ်ပိုင်းခြင်း ဓားချက်ကို ထုတ်ဖော်စဉ်တုန်းကကဲ့သို့သော် ဥပဒေသတစ် ခု ပါဝင်နေပေ၏။ သို့ရာတွင် ကောင်းကင်ဘုံခုတ်ပိုင်းခြင်း နှင့် နှိုင်းယှဉ်ပါက သည်လက်ညှစ်အားသည် အဆ၊အဆ ပေါင်းများစွာ အစွမ်းထက်လှ၏။
အချိန်အတန် ကြာမြင့်ပြီးသည့်နောက် ထိုလက်ကြီးက ဖြည်းဖြည်းချင်း ပျောက်ကွယ်လာခဲ့သည်။ သို့ရာတွင် သူက နောက်ဆုံးမပျောက်ကွယ်သွားခင် အချိန်အထိ ဝမ်လင်းကို လက်ယပ်ခေါ်နေခဲ့ပေသည်။ ၎င်းလက်ကြီး နောက်ရှိဧရာမတံခါးကလည်း လက်ကြီးနှင့်အတူ ပျောက်ကွယ်လာ ခဲ့သည်။
ပတ်ဝန်းကျင်ဧရိယာရှိ ခရမ်းရောင်အလင်းများက ပို သိပ်သည်းလာခဲ့သည်။ မျက်စိတစ်မှိတ်အတွင်း ခရမ်းရောင်အလင်းအားလုံးက စုစည်းလာကာ တဖြည်းဖြည်းချင်း ပျောက်ကွယ်လာကာ ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့ထဲသို့ ပြန်လည် ဝင်ရောက်သွားကြ သည်။
ထို့နောက် ကောင်းကင်ဘုံပုတီးစေ့က လေထဲကနေ ပြုတ်ကျလာခဲ့သည်။ ဝမ်လင်းက ချက်ချင်းပင် သူ့ညာလက် ဖြင့် ပုတီးစေ့ကို ဖမ်းယူလိုက်သည်။
ထိုပုတီးစေ့က လုံးဝ သာမန်ပင်။ သာမန် ကျောက်တုံး တစ်တုံးကဲ့သို့သာ ရှိနေသည်။ သို့သော် သည် အခိုက်အတန့်၌ ၎င်းပုတီးစေ့ပေါ်၌ ဒြပ်စင်ငါးခု၏ စွမ်းအင် များသည် လုံးဝ ရှိမနေတော့ပေ။
ဝမ်လင်း၏ နတ်ဘုရားအာရုံကတော့ ပုတီးစေ့ထဲ၌ ရှိနေ ဆဲ ဖြစ်သည်။ လီမူဝမ်၊ဝမ်ဖျင်နှင့် ချင်ရီတို့၏ စိတ်ဝိညာဉ် များကလည်း ရှိလို့နေဆဲပင်။
အရင်နှင့်နှိုင်းယှဉ်ပါက ယင်းစိတ်ဝိညာဉ်တို့သည် ပို၍ အသက်ဝင်လာသကဲ့သို့ ထင်မှတ်ရ၏။ အထူးသဖြင့် လီမူ ဝမ်၏ စိတ်ဝိညာဉ်ဖြစ်ကာ ခုချိန်၌ သူမ၏ စိတ်ဝိညာဉ်က ပင် ပို၍တည်ငြိမ်လာခဲ့ပေသည်။
"ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့ရဲ့ စွမ်အားက အတိအကျဆို ဘာများဖြစ်မလဲ...။ ဒီတံခါးကြီးက ဘယ် နေရာကို ဦးတည်သွားတာလဲ...ပြီးတော့ ဒီတံခါးအပြင် ဘက်က လက်ကြီးကရော.."
ဝမ်လင်းက စဉ်းစားနေသည်။
သည်ပုတီးစေ့ တည်ရှိခဲ့သည်မှာ ကြာမြင့်လွန်းခဲ့ပြီ ဖြစ် သည့်အတွက် သူက ယင်းပုတီးစေ့ကို အရင်ဆုံး လက်ဝယ် ပိုင်ဆိုင်သည့်သူ မဟုတ်ဟု ခန့်မှန်း၍ ရပေသည်။ ထို့အပြင်ကောင်းကင်ဘုံပုတီးစေ့၏ ဒြပ်စင်ငါးခု ပြည့်စုံသွားအောင် လုပ်နိုင်ခဲ့သည့် တစ်စုံတစ်ဦးလည်း ဖြစ်သည်။ ရှိခဲ့နိုင်သည်သာ
သို့ရာတွင် ထိုတံခါးဂိတ်ကို တွေ့မြင်ပြီးသည့်နောက် ထို လူများသည် အထဲသို့ ဝင်ရောက်ရန် ရွေးချယ်ခဲ့ရမည် ဖြစ်သည်။
"ငါ့အရင် စီနီယာတွေက ဒီလက်ကြီးရဲ့ ခြွေမွခံလိုက်ရ တာလား... ဒါမှမဟုတ် တံခါးထဲကိုပဲ အမှန်တကယ် ဝင် ရောက်သွားခဲ့တာလား..."
ဝမ်လင်းက မျက်မှောင်ကြုတ်နေမိသည်။
ကောင်းကင်ဘုံပုတီးစေ့ မပြည့်စုံခင်တုန်းက ဝမ်လင်း သည် ၎င်းနှင်ပတ်သက်၍ အမှန်ပင် ပဟေဠိ ဖြစ်နေခဲ့ပေ သည်။ သို့သော် ဒြပ်စင်ငါးခု ပြည့်စုံသွားသည့်နောက်လည်း မည်သည့်အရာမှ ပြောင်းလဲသွားခြင်း မရှိသည့်အပြင် သူက ပို၍ပင် ပဟေဠိဖြစ်၊ ဒွိဟ ဖြစ်လာခဲ့သည်။
"ဒီတံခါးချပ်ကြီးက ရှေးဟောင်း ကောင်းကင်ဘုံနယ်မြေ ကိုများ ရောက်သွားစေနိုင်တာလား...။ ဒါပေမဲ့ ဒီလိုဆိုရင် လည်း ဘာကြောင့် ဒီလက်ကြီးက တံခါးရှေ့မှာ ရှိနေခဲ့ရ တာလဲ..။ ဒီလက်ကြီးက လက်ယပ်ခေါ်နေတယ်လို့ ထင်ရ ပေမဲ့လည်း အမှန်တကယ်တော့ ခြေမွဖို့ တာဆူနေတာပဲ..
*အတိအကျဆို ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့ကဘာများ ဖြစ်နိုင်မလဲ…"
ဝမ်လင်းက မျက်မှောင်ကြုတ်ကာ ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့ကို စူးစိုက်ကြည့်နေသည်။ အချိန် အတန် ကြာမြင့်ပြီးသည့်နောက် သူက ၎င်းကို သူ့နဖူးထက် သို့ နေရာချလိုက်ရာ ၎င်းသည် သူ့မူလစိတ်ဝိညာဉ်ထဲ၌ ပြန် ပျောက်ကွယ်သွားချေသည်။
သူက ခုချိန်တွင် ဘယ်လိုတွေးတွေး သည်ပုတီးစေ့နှင် ပတ်သက်၍ နားမလည်နိုင် ဖြစ်နေသဖြင့် ဆက်မတွေး တော့ရန် ဆုံးဖြတ်လိုက်သည်။ ထိုတံခါးသည် အဓိက သော့ချက်တစ်ခု ဖြစ်နိုင်သည်မှာ သိသာသည်။ သို့သော် သူက ယင်းတံခါး၏ နောက်၌ မည်သည့်အရာရှိနေသည်ကို မသိနိုင်ပေ။
"ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့ရဲ့ ဒြပ်စင်ငါးခုက ခုဆို ပျောက်ကွယ်သွားခဲ့ပြီ။ ဒီတော့ ဒါက နောက်တစ်ကြိမ် ထပ်ပြီး စုဆောင်းဖို့ လိုအပ်သွားပြီ..."
ဝမ်လင်းက သူ့ပတ်လည်သို့ ကြည့်လိုက်၏။ စောနက ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်ကြောင့် သည်ဂြိုဟ်သည် လုံး ဝ အစုတ်အပြတ် ဖြစ်သွားချေပြီ။ သည်နေရာ၌ ဆက်နေ လျှင် မည်သည့်အကျိုးမှ ရတော့မည် မဟုတ်ပေ။
"ကံမကောင်းစွာနဲ့ ဒီရတနာနေရာက ပျက်စီးသွားခဲ့ရပြီ။ ဒါပေမဲ့လည်း ဒီဂြိုဟ်သိမ်ဂြိုဟ်မွှား ကွင်းပြင်ကြီးရဲ့ အထဲကိုပိုသွားလေလေငါ့မူလစိတ်ဝိညာဉ်ကိုပို..
သက်သောင့်သက်သာ ဖြစ်စေလေပဲ။ ငါက ပိုပြီးဆက်သွား လို့ အဲဒီနေရာမှာသာ ပိုများတဲ့ မိုးကြိုးတွေ ရှိနေရင် ငါက မိုးကြိုးမူလမန္တန်ကို ကျင့်ကြံနိုင်ပြီ..."
သူ့စိတ်ကိုယ် သူပြင်ဆင်ပြီးနောက် ဝမ်လင်းက လှုပ်ရှား လာသည်။ သူက မိုးကြိုးတန်းတစ်ခုအဖြစ်သို့ ပြောင်း၍ သည်နေရာကနေ ထိုးထွက်သွားသည်။ အနီးအနားရှိ ဂြိုဟ် သိမ်ဂြိုဟ်မွှား တော်တော်များများက ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ ဝမ်လင်းက ရပ်တန့်ခြင်းမရှိဘဲ စစ်နတ်ဘုရား ကိုပါ ထုတ်ယူလိုက်ရာ မိုးကြိုးသားရဲသည် ထွက်ပေါ်လာ ချေသည်။
မိုးကြိုးသားရဲက ထွက်ပေါ်လာသည်နှင့် ဟိန်းဟောက်သံ ပြုကာ ဝမ်လင်းကို ကြည့်၏။ သို့ရာတွင် မိုးကြိုးသားရဲက အံ့အားသင့်သွားသည့်ပုံပင်။ ၎င်းက ဝမ်လင်းကို သေချာ ကြည့်ရှုနေရင်း ၎င်း၏ မျက်လုံးများသည် စိတ်ရှုပ်ထွေးဟန် တို့ ဖြစ်ပေါ်လာခဲ့သည်။
ဝမ်လင်းက မိုးကြိုးသားရဲအပေါ်၌ ထိုင်လိုက်သည်။ သည့်နောက် သူက ၎င်း၏ ဦးခေါင်းကို ပုတ်လိုက်ရာ ရယ်မော ပြောလိုက်၏။ "ထပ်ပြီး ငါ့ကို ကြည့်မနေတော့နဲ့။ မင်းရဲ့ ဉာဏ်ရည်နဲ့ဆိုရင် ဒီရှေ့မှာရှိတဲ့ နေရာရဲ့ ထူးခြားမှု ကို သဘောပေါက်မှာပဲ။ မင်းက ရှေ့ကို ဆက်မသွားချင်ဘူး လား...*
မိုးကြိုးသားရဲက ဟိန်းသံပြု၏။ ၎င်း၏အမြင်၌ ဝမ်လင်းပင် မရှိတော့ပဲ မိုးကြိုးတန်းတစ်ခုဟု မြင်မိနေသည်။ သို့ရာတွင် ထိုမိုးကြိုးတန်းက ၎င်းကို လှိုက်လှိုက်လှဲလှဲ ခံစားစေသည်။ ၎င်းမိုးကြိုးသားရဲက ထိုသို့သော ခံစားချက် မျိုးကို မရရှိသည်မှာ အချိန်ကြာမြင့်နေခဲ့ပြီ ဖြစ်သည်။
ဝမ်လင်းက ၎င်း၏ ဦးခေါင်းကို ပုတ်လိုက်ခြင်းက ၎င်းကို အလွန်သက်သောင့်သက်သာ ဖြစ်မှုကိုပါ ခံစားရစေသည်။
မိုးကြိုးသားရဲက အလွန်မြန်သောနှုန်းဖြင့် ဂြိုဟ်သိမ် ဂြိုဟ်မွှားများကြားတွင် ဖြတ်သန်းသွားလာနေသည်။ သူတို့ က အထဲသို့ ပို၍ သွားလေလေ ဂြိုဟ်သိမ်ဂြိုဟ်မွှားများက ပို၍ ထူထဲ သိပ်သည်းလာလေ ဖြစ်သည်။ အချို့ဂြိုဟ်သိမ် ဂြိုဟ်မွှားများ ဆိုလျှင် မိုးကြိုးများပင် တဖျတ်ဖျတ် လင်း လက်နေသေးသည်။
သည်ပတ်ဝန်းကျင်က ဝမ်လင်းနှင့် မိုးကြိုးသားရဲတို့ကို သက်သောင့်သက်သာ ဖြစ်စေ၏။ မိုးကြိုးသားရဲက အလွန် ပျော်ရွှင်နေဟန် ပေါက်နေကာ ဆက်လက်၍ မြူးထူးစွာ ဟိန်းသံပြုနေတော့သည်။
မိုးကြိုးသားရဲအပေါ်မှာ ထိုင်နေရင်းဖြင့် ဝမ်လင်းသည် ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့အကြောင်း တွေးနေ မိသည်။ ထိုအခါ သူ့စိတ်ထဲ၌ စိတ်မတင်မကျ စိတ်ပျက်မှုတို့ ရှိလို့နေသည်။ တကယ်တော့ သူက ဒြပ်စင်ငါးခုစုံအေင် နှစ် ပေါင်း တစ်ထောင်နီးပါး အသုံးပြုခဲ့ရသည်။ သည်လမြွေ နဂါး၏ အရိုးကို ရရှိရန် သွားသည့်တစ်ခေါက်ဆိုလျှင် သူ့အသက်ပင် ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ရသည်။ မူလတုန်းက သည်ပုတီးစေ့က ဒြပ်စင်ငါးခုနှင့် ပြည့်စုံသွားလျှင် သူ အသုံးချနိုင်မည့် ကြီးမားသည့်စွမ်းအားအချို့ ရရှိနိုင် လိမ့်မည်ဟု တွေးထင်ထားမိသည်။
သို့ရာတွင် ခုချိန်၌ သူ့မျှော်လင့်ချက်နှင့် အစစ်အမှန်တို့က အတော်လေး ကွာခြားနေခဲ့ပေသည်။
""ဒီကောင်းကင်ဘုံပုတီးစေ့က ဘာများလဲ…" ဝမ်လင်းက သူ့နဖူးကိုထိကာ စဉ်းစားကြည့်နေသည်။
မိုးကြိုးသားရဲကတော့ သည်ဂြိုဟ်သိမ်ဂြိုဟ်မွှားများ၏ အတွင်းနက်ပိုင်းထိ ဆက်လက်၍ သွားနေသည်။
မိုးကြိုးများ ခပ်အုပ်အုပ်ထွက်ပေါ်လာသော အသံသည် ဝမ်လင်း၏ အတွေးများကို နှောင့်ယှက်ကာ သူ့မျက်လုံးကို လက်ခနဲ ဖြစ်သွားစေသည်။သူ့မူလစိတ်ဝိညာဉ်ကို သက်သောင့်သက်သာ ခံစားရစေသော နေရာသည် ရှေ့တွင် ရောက်လာခဲ့သည်။ ထိုနေရာရှိ မိုးကြိုးများသည် အလွန်အမင်း သိပ်သည်းလှသည်။
"ဒီနေရာပဲ..." ဝမ်လင်း မျက်လုံးက ကျဉ်းမြောင်းလို့ သွားသည်။
မိုးကြိုးသားရဲက ဂြိုဟ်သိမ်ဂြိုဟ်မွှားများကြား၌ ဖြတ်သန်းသွားလာနေရင်းဖြင့် ရုတ်တရက် ရပ်တန့်လိုက် သည်။ ၎င်း၏ မျက်လုံးထဲ၌ တုန်လှုပ်မှုတစ်ခု ဖြစ်ပေါ်လာခဲ့ သည်။
ဝမ်လင်းက သူ့ရှေ့ရှိအရာကို တွေ့မြင်လိုက်ရသည့်အခါ ပင့်သက်ရှိုက်မိသွားသည်။ သူ့မျက်လုံးများက တောက်ပလို့ နေ၏။
သူ့ရှေ့တွင် မည်သည့်ဂြိုဟ်တစ်ခုမှ ရှိမနေဘဲ ကျယ်ပြော သော မိုးကြိုးကန်ကြီး တစ်ခုသာ ရှိလို့နေ၏။ ထိုနေရာတစ် ခုလုံးသည် လျှပ်စီးနှင့်မိုးကြိုးများသာ ကြီးစိုးထားကာ မိုးကြိုးငရဲအလား ထင်မှားနိုင်သည်။
သည်နေရာနှင့် နှိုင်းယှဉ်ပါက အရင်ပထမ မိုးကြိုးဂြိုဟ် သည် မထင်မရှား ဖြစ်သွားပေလိမ့်မည်။
ထိုမိုးကြိုးကန်ပြင်ကျယ်ကြီး အတွင်း၌ လျှပ်စီးတန်းများ က နဂါးများကဲ့သို့ လှုပ်ရှားလို့နေကာ ပြင်းထန်သောအော် ရာ၊ တုန်ခါမှုတို့ကိုပါ ထုတ်လွှတ်လို့နေသည်။
မိုးကြိုးသားရဲက ဟိန်းသံပြုကာ ထိုမိုးကြိုးကန်သို့ ချီတုံချတုံ ကြည့်နေသည်။ ထိုနေရာရှိ မိုးကြိုးစွမ်းအားက အလွန်ပြင်းထန် အားကောင်းလှသည်။ မိုးကြိုးသားရဲပင် ထိုမိုးကြိုးစွမ်းအားများကို မခံနိုင်ဟု ခံစားနေရ၏။
ဝမ်လင်းက မိုးကြိုးသားရဲ ကိုယ်ပေါ်ကနေ ဆင်းသက်၍ ရှေ့သို့ ဆက်သွားလိုက်သည်။ ကျဉ်းမြောင်းနေကာ သူက အလွန်သတိထားနေသည်။ အ သူ့မျက်လုံးများက ရင်ဆုံး သူက ကောင်းကင်ဘုံ သက်တော်စောင့်ကို သူ့ အနားတွင် ရှိနေစေသည်။ ထို့နောက် သူက မိုးကြိုးကန်၏ အစွန်နားသို့ ရောက်လာ၏။ ခဏတာ လေ့လာကြည့်ပြီးနောက် သူက ခြေတစ်လှမ်း လှမ်းလိုက်သည်။
သူက ခြေချလိုက်ချိန်၌ မိုးကြိုးက ချက်ချင်းပင် သူ့ ခြေထောက်မှ ဖြတ်သန်း၍ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာ ကာ တစ်ကိုယ်လုံး မိုးကြိုးများနှင့် ပြည့်သွားစေသည်။ ဝမ် လင်းခန္ဓာကိုယ်က ထုံထိုင်းမှုကိုပင် ခံစားလိုက်ရ၏။ သူက အသက်ဝဝရှူသွင်းကာ နောက်ထပ် တစ်လှမ်း ထပ်လှမ်း လိုက်သည်။
သည်လိုနှင့် သူက ခြေလှမ်းနှစ်ဆယ်ခန့် လှမ်းသွားပြီး သည့်နောက် ရပ်တန့်လိုက်သည်။ သူ့တစ်ကိုယ်လုံးသည် လည်း မိုးကြိုးများနှင့် ဝန်းရံခံထားရကာ သူ့မူလစိတ် ဝိညာဉ်ပင် မိုးကြိုးခွန်အားကို ပေးစွမ်းနေသည်။
သည်နေရာက သူ့အတွက် အခုလက်ရှိတွင် အကန့်အသတ်ပင်။ ဝမ်လင်းက ဖြည်းဖြည်းချင်း ထိုင်ချကာ မျက်လုံးမှိတ်၍ စတင်ကျင့်ကြံတော့သည်။
အချိန်အတန်ကြာ တုံ့ဆိုင်းနေပြီးနောက် နောက်ဆုံးတွင် မိုးကြိုးသားရဲသည်လည်း သတိဖြင့် ရှေ့သို့ လှမ်းလာခဲ့ သည်။ ၎င်းက မိုးကြိုးကို ချက်ချင်း ခံစားမိကာ ထို့နောက် ၎င်းက လှဲချလိုက်၏။ ယင်းနောက် ၎င်းက မိုးကြိုးသားရဲ များသာ သိသော နည်းလမ်းဖြင့် မိုးကြိုးများကို စတင်စုပ် ယူ သန့်စင်ပစ်နေသည်။
မိုးခြိမ်းသံက လွဲ၍ မည်သည့်အသံဗလံမှ ရှိမနေပေ။ လူသားနှင့်သားရဲတို့က ထိုသို့သော နည်းလမ်းဖြင့် စတင်ကျင့်ကြံနေကြတော့သည်။
ဝမ်လင်းက သည်နေရာနှင့်
တဖြည်းဖြည်း
လိုက်လျောညီထွေ ဖြစ်လာခဲ့သည်။ သူ့နှလုံးသားကလည်း တုန်လှုပ်နေခဲ့သည်။ သည်နေရာရှိ မိုးကြိုးက သူ့ခန္ဓာကိုယ် ထက် သာလွန်နေသည်။ သူ့ခန္ဓာကိုယ်ကသာ မိုးကြိုးနှင့် ပြုလုပ်ထားခြင်း မဟုတ်ပါက သူ့အတွက် အနှီမိုးကြိုး ကန်၏ အနားသတ်သို့ ရောက်လာဖို့ပင် အလွန်ခက်ခဲပေ လိမ့်မည်။
"ဒီနေရာက မိုးကြိုးမူလမန္တန်ကျင့်ကြံဖို့ အကောင်းဆုံး နေရာပဲ..." ဝမ်လင်းမျက်လုံးက မိုးကြိုးများနှင့် ပြည့်နှက် နေကာ မိုးကြိုးမူလမန္တန်ကို တိတ်တဆိတ် စတင် ကျင့်ကြံ နေချေသည်။
သည်အခိုက်အတန့်၌ ဂြိုဟ်သိမ်ဂြိုဟ်မွှားတို့၏ အပြင် ဘက် အာကာသဟင်းလင်းပြင် အကာအဝေးတစ်ခုကနေ မိုးကြိုးတန်းတစ်ခုသည် တဝီဝီ တိုးဝင်လာနေသည်။ ထို မိုးကြိုးတန်းက မိုးကြိုးသားရဲပင်။ ယင်း မိုးကြိုးသားရဲက ဦးချိုမရှိသော်လည်း ၎င်း၏ ဦးခေါင်းထက်၌ အဖုတစ်ခု ဖြစ်ပေါ်နေသည်။
ထိုမိုးကြိုးသားရဲက အနက်ရောင်ချပ်ဝတ်ကို ဝတ်ဆင် ထားသည်။ ထိုမိုးကြိုးသားရဲ၏ ကျောပေါ်တွင် သက်လတ် ပိုင်းလူကြီး တစ်ယောက်က ထိုင်လျက် ရှိနေသည်။ သူ့ ဆံပင်များက နောက်သို့ ဝဲလွင့်နေကာ သူက မလှုပ်မယှက်အသွင်ဟန်ပန်ဖြင့် ဂြိုဟ်သိမ်ဂြိုဟ်မွှားများ ရှိရာနေရာသို့ တိုးဝင်လာနေသည်။
"မိုးကြိုးကောင်းကင်ဘုံ နယ်မြေက ဖွင့်လှစ်တော့မှာ ဖြစ် တယ်။ ငါက မိုးကြိုးကန်ကနေ မူလစွမ်းအင် ပိုစုပ်ယူရ မယ်...
Comments
Post a Comment