Episodes (164)
သဘောတူညီမှု Ep (164) ပထမပိုင်း
စိတ်ရှုပ်ထွေးနေရင်း သွေးနီရောင်အလင်းတစ်ခုသည် လူငယ်၏မျက်လုံးထဲကနေ ပေါက်ကွဲထွက်လာသည်။ထို အလင်းက ချက်ချင်းပင် သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံသွား သည်။ထို့နောက် သူက ကောင်းကင်ဘုံကျောက်စိမ်းပြားကို ခြေမွှပစ်ကာ မျိုချလိုက်သည်။ သူက အရှင်မီးတောက်ကို ကြမ်းကြုတ်သည့်အကြည့်ဖြင့် စူးစိုက်ကြည့်နေသည်။
အရှင်မီးတောက်က တစ်ခုခုမှားနေသည်ကို သိလိုက်၏။ သူက ညာလက်ကို မြန်ဆန်စွာ လှုပ်ရှားလိုက်ရာ အစိတ်အပိုင်းမြေ(၄၉)သည် သူ့ရှေ့တွင် ချက်ချင်း ပေါ်လာ၏။ သည်အခိုက်အတန့် ချင်းရွှေသည် အလွန်ကျယ် လောင်စွာ မာန်သွင်းအော်ဟစ်လိုက်လေသည်။
ထိုအခါ ချင်းရွှေ၏ရှေ့၌ အက်ကွဲကြောင်းမြောက်မြားစွာ ပေါ်ထွက်လာခဲ့၏။ ထိုအက်ကွဲကြောင်းများသည် တစ်စစီ ဆုတ်ပြဲသွားကာ အရှင်မီးတောက်ထံသို့ တန်းမတ်စွာ ဝင် ရောက်သွားသည်။
တစ်ချိန်တည်းမှာပင် ဆုတ်ပြဲနေသည့် လေဟာနယ်ထဲ ကနေ အေးစက်စက်လေများ အတောမသတ်နိုင်အောင်ထွက်ပေါ်လာခဲ့သည်။၎င်းလေများက မုန်တိုင်းတစ်ခုအသွင် ပြောင်း၍ အရှင်မီးတောက်ထံသို့ တရကြမ်းတိုးဝင်သွား သည်။
အရှင်မီးတောက်၏အသွင်ဟန်ပန်က သုန်မှုန်လာ လေ၏။သူက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ ထို့နောက် အစိတ်အပိုင်းမြေ(၄၉)သည် ချက်ချင်းပင် လှည့်ပတ်ကာ ဝဲကတော့တစ်ခု ဖြစ်ပေါ်လာသည်။ပြင်းထန် သောစုပ်အားက ထိုဝဲကတော့ကနေ ထွက်ပေါ်လာကာ လေမုန်တိုင်းကော၊အက်ကွဲကြောင်းများကိုပါ စုပ်ယူသွား သည်။
အရှင်မီးတောက်က အော်ပြောလိုက်၏။ "ချင်းရွှေ...ဒီအ ဘိုးအိုက မင်း အတိတ်ကို ပြန်မှတ်မိဖို့ ကူညီတဲ့အနေနဲ့ ဒီ ကျောက်စိမ်းပြားကို ပေးလိုက်တာ။ ငါ့မှာ ဘာမကောင်းတဲ့ ရည်ရွယ်ချက်မှ မရှိဘူး..."
ဝမ်လင်းက အလွန်ဝေးသောနေရာတွင် ရှိနေ၏။ သို့သော် သူက နောက်သို့ ဆက်၍ ဆုတ်နေဆဲ ဖြစ်သည်။ သူ့လက်ဖြင့် ချိပ်တံဆိပ်များစွာကို ဖြစ်ပေါ်စေကာ အတားအဆီးများကို နေရာချနေ၏။ သူက လွတ်မြောက် နိုင်ရုံမျှသာ ရှိနေသေး၏။သူက အကွာအဝေးတစ်ခုသို့ လှမ်း ကြည့်နေရင်း သူ့မျက်နှာသည် အလွန်ဖြူရော်ကာနေသည်။
"ငါ မင်းကို သတ်မယ်..." ချင်းရွှေက ကြမ်းကြုတ်သည့် အသွင်နှင့် ရှိနေ၏။သူက အလွန်မြန်ဆန်လှကာ သူ့လက်ကို ဆန့်ထုတ်၍ ဟင်းလင်းပြင်ကို ချိုးဖျက်လေသည်။ သူက အရှင်မီးတောက်၏ နောက်တွင် ပေါ်လာခဲ့လေ၏။သူ့ မျက်လုံးက နီရဲတွတ်နေကာ သူသည် အရှင်မီးတောက်အား ကြမ်းကြုတ်စွာ ကုတ်ဆွဲချလိုက်၏။
အရှင်မီးတောက်၏
အစိတ်အပိုင်းမြေ(၄၉)သည် ရုတ်တရက် သူ့အနောက်၌ ပေါ်လာခဲ့ကာ ချင်းရွှေ၏လက် နှင့် ထိပ်တိုက်တွေ့ဆုံတော့သည်။
ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ဖြစ်ပေါ်သွား၏။ ချင်းရွှေက မည်မျှပင် သန်မာပါစေ သူက နောက်သို့ ပေ တစ်ထောင်လောက် ဆုတ်သွားလိုက်ရသည်။သူ့မျက်လုံးက ပို၍ နီရဲလာခဲ့ကာ သူက ထူးဆန်းသောအခြေအနေ တစ်ခု ထဲသို့ ဝင်ရောက်သွား၏။ထို့နောက် သူက မာန်သွင်းကာ ထိုးထွက်လာပြန်သည်။
အရှင်မီးတောက်က မျက်မှောင်ကြုတ်သွား၏။သူက သည်မကောင်းဆိုးဝါးဆန်သောလူငယ်သည်
ကောင်းကင်ဘုံကျောက်စိမ်းပြားကို ရရှိပြီးသည့်နောက် ခု လိုမျိုး ဖြစ်လာလိမ့်မည်ဟု မထင်ထားမိခဲ့ချေ။ထို့ကြောင့် သူက ကြိုတင်ပြင်ဆင်ထားခြင်း မရှိ ဖြစ်၏။ သူက အခြား တစ်ဖက်ကလူသည် သည်လိုအခြေအနေသို့ ရောက်ရှိသွား သည်ကို တွေ့မြင်သည့်အခါ သူ့စိတ်ထဲ၌ မသက်မသာ ဖြစ် သွားရသည်။
*ဖြစ်နိုင်တာက သူက ခုချိန်မှာ အတိတ်တုန်းကလို စိတ်ဖောက်ပြန်သွားပြီး နတ်ဆိုးဆန်တဲ့အတွေးတွေပဲ ရှိနေ တော့တာလား...." အရှင်မီးတောက်က စိတ်ထဲ၌ ဒေါသ ထွက်နေ၏။ ချင်းရွှေက ထပ်မံ တိုးဝင်လာသည့်အခါတွင် အရှင်မီးတောက်သည် သူ့လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်တစ် ခုကို ဖြစ်ပေါ်စေလိုက်သည်။ အစိတ်အပိုင်းမြေ(၄၉)ခုသည် ရုတ်တရက် ပြန့်ကျဲသွားကာ ရွှေရောင်တောက်ပမှုအလင်း ကို ထုတ်လွှတ်လာသည်။
ရွှေရောင်အလင်းများသည် ထွေးယှက်လိမ်ကာ အစီအ ရင်တစ်ခုအသွင် ဖြစ်ပေါ်လာသည်။
"ကောင်းကင်ဘုံအစီအရင်...ဥပဒေသလွဲပြောင်း ခြင်း..." အရှင်မီးတောက်က အော်ပြောလိုက်ရာ ထို ရွှေရောင်အစီအရင်သည် အစိတ်အပိုင်း(၄၉)ထဲသို့ ဝင် ရောက်ကာ လေထဲသို့ ထိုးတက်သွားသည်။၎င်းက ချက်ချင်းပင် တိုးဝင်လာနေသော ချင်းရွှေအား လွှမ်းခြုံသွား သည်။
ချင်းရွှေက မာန်သွင်းဟစ်ကြွေးနေ၏။ သူ့ခန္ဓာကိုယ်က လည်း ထိုနေရာ၌ ပိတ်လှောင်ခြင်း ခံလိုက်ရသလို ဖြစ်သွား သည်။သည်အခိုက်အတန့်၌ အရှင်မီးတောက်သည် အော် ပြောလာသည်။ "ကောင်းကင်ဘုံသတ်ဖြတ်ခြင်းဆူး..."
ချက်ခြင်းလိုလိုပင် ရွှေရောင်အစီအရင်သည် စတင် လှည့်ပတ်ကာ ရွှေရောင်ဆူများ ပေါ်လာပြီး ချင်းရွှေကို ထိုး စိုက်လာ၏။ သည်ရွှေရောင်ဆူးများထဲပ အဖျက်အဆီးအော်ရာတစ်ခု ပါဝင်နေသည်။ဝမ်လင်းသည် အလွန်ဝေးသော နေရာတွင် ရှိနေသော်လည်း ၎င်းအော်ရာကို ခံစားမိနေ၏။
မရေမတွက်နိုင်သော ရွှေရောင်ဆူးများသည် သူ့ ခန္ဓာကိုယ်ကို ထွင်းဖောက်လာသည့်အခါ ချင်းရွှေ၏မျက်နှာ ပေါ်ရှိ ကြမ်းကြုတ်မှုသည် ပိုပြင်းထန်လာတော့၏။
"ငါက အတိတ်ကို မေ့နေခဲ့တာ။ ဒါပေမဲ့ မင်းက ငါ့ကို ပြန်မှတ်မိအောင် လာလုပ်တယ်.."
ချင်းရွှေ၏ နီရဲနေသည့် မျက်လုံးထဲ၌ ဝမ်းနည်းမှု အရိပ်အယောင်တို့ ဖြစ်ပေါ်သွားသည်။သည်ဝမ်းနည်းမှုက အလွန်ပြင်းထန်လှပေ၏။
"လေဆင့်ခေါ်ခြင်း..." ချင်းရွှေသည် သူ့ညာလက်ကို ပင့် မြှောက်ကာ ကောင်းကင်ထက်သို့ ညွှန်လိုက်၏။
ဝမ်လင်း၏မျက်လုံးက ရုတ်တရက် ပြူးကျယ်သွားကာ သူက ချင်းရွှေ၏ ပတ်လည်တွင် အနက်ရောင်တစ်ခု ထွေး ပတ်လာသည်ကို တွေ့မြင်လိုက်ရသည်။၎င်းလေက ရုတ်တရက် မုန်တိုင်းတစ်ခုအဖြစ်သို့ ပြောင်း၍ အထက်သို့ ဆန်တက်၏။
ရွှေရောင်အစီအရင်သည် ရုတ်တရက် ပျက်စီးသွားကာ အနက်ရောင်လေသည် အနက်ရောင်နဂါးရှစ်ကောင်အဖြစ် သို့ ပြောင်းလဲသွားလေသည်။၎င်းတို့၏ခန္ဓာကိုယ်သည် လည်း ဟင်းလင်းပြင်ထဲ၌ ပေါင်းစပ်နစ်မြုပ်နေကာ ခေါင်း များသာ ပေါ်ထွက်နေသည်။နဂါးရှစ်ကောင်သည် ၎င်းတို့၏ပါးစပ်ကိုဟကာ အေးစက်စက်လေများကို အရှင် မီးတောက်ထံသို့ မှုတ်ထုတ်လိုက်လေသည်။
လေအေးများက ရှေ့သို့ ပေါက်ကွဲထွက်သွားချိန်၌ ကမ္ဘာ လောကသည်ပင် ဆက်လက်မတည်ရှိတော့ဘဲ အကုန် ပျက်စီးကုန်ပလား မှတ်ထင်ရသည်။
အရှင်မီးတောက်၏အသွင်သည် ပို၍ သုန်မှုန်လာခဲ့ကာ သူက နောက်သို့ အမြန်ဆုတ်၏။ သူ့ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေကာ အော်ပြောလိုက်သည်။ "ကောင်းကင်ဘုံအစီအရင်..မူလစုဝေးခြင်း..."
အစိတ်အပိုင်းမြေ(၄၉)ကနေ မူလစွမ်းအင်မြောက်မြား စွာသည် အလင်းတန်း(၄၉)ခုအသွင် ဖြစ်ပေါ်၍ တိုးဝင်လာ နေသောလေအေးများထံသို့ ထိုးထွက်သွားလှသည်။
မရေမတွက်နိုင်သောပေါက်ကွဲသံများသည် လောက၌ ပဲ့တင်ထပ်သည်။ဝမ်လင်းက နောက်သို့ ဆက်ဆုတ်နေ၏။ သို့သော် သူ့ဒွါရပေါက်များထံမှ သွေးများ ယိုစီးကျနေ၏။ ပေါက်ကွဲမှုတိုင်းသည် သူ့စိတ်ကို တုန်ယင်စေသည်။သူ့ မျက်လုံးများကလည်း အဝေးရှိတိုက်ပွဲကို ကြည့်နေမိသည်။
"လေဆင့်ခေါ်ခြင်း...ဒါက လေဆင့်ခေါ်ခြင်းမန္တန်ရဲ့ စွမ်းအားပဲ..."
ပေါက်ကွဲမှုလေးဆယ့်ကိုးခု ဖြစ်ပွားသွားပြီးနောက် အရှင်မီးတောက်သည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။သူ့အသွင်က အနည်းငယ် ဖြူရော်နေသည်။သည်အစီအရင်ကို အသုံးပြုရခြင်းက သူ့အပေါ် တွင် များစွာဝန်ပိစေလေ၏။ ပုံမှန်အားဖြင့် ချင်းရွှေလို တစ်စုံတစ်ယောက်နှင့် တိုက်ခိုက်ဖို့က ခုလောက်ထိ မ ခက်ခဲသင့်ပေ။သို့သော် သူ့အတွက် အခက်တွေ့ဆုံးက ချင်း ရွှေ၏မန္တန်များသည် အားကောင်းလွန်းနေခြင်း တော့သည်။ ဖြစ်
"ဒါက တကယ့်ကို သာမန်ကောင်းကင်ဘုံမန္တန် မဟုတ် ဘူးပဲ..." အရှင်မီးတောက်က ဝမ်လင်း၏ခန္ဓာကိုယ်ကို ထိန်းချုပ်သည့်အချိန်၌ သူသည် ဝမ်လင်း ထိုမန္တန်ကို အသုံးပြုခဲ့ခြင်းအား တွေ့မြင်ခဲ့ခြင်း မရှိပေ…"
"ပြောကြတာကတော့ ကောင်းကင်ဘုံနယ်မြေ ပြိုကျခဲ့ တုန်းက ကောင်းကင်ဘုံအင်ပါယာပေဖန်က အသေဆိုးနဲ့ သေခဲ့ရတယ်လို့ ဆိုတယ်။ ပေဖန်ရဲ့ တပည့်တစ်ယောက် အနေနဲ့ မင်းက သူ့အတွက် အကြောင်းပြချက်ရှာပြီး လက်စားမချေပေးချင်ဘူးလား..." အရှင်မီးတောက်သည် မျက်မှောင်ကြုတ်နေ၏။ သူက ရွေးချယ်ခွင့်ရှိပါက ကောင်းကင်ဘုံ အရှင်သခင်ချင်းရွှေနှင့် မတိုက်ခိုက်လိုပေ။ သည်အရာက သူ့မူလအစီအစဉ်အပေါ်၌ အကြီးအကျယ် အနှောင့်အယှက် ဖြစ်သွားနိုင်ပေသည်။
ချင်းရွှေ၏မျက်လုံးထဲတွင် သတ်ဖြတ်ချင်စိတ်တို့နှင့် ပြည့် နှက်နေသည်။သူက ရှေ့သို့ ထိုးတက်လာ၏။ တစ်ပြိုင်နက် တည်းမှာပင် သူ့လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေကာ
သူ့ရင်ဘတ်ကို
ထိလိုက်သည်။သူကကောင်းကင်ထက်သို့ လက်ညွှန်လိုက်ရာ သူ့ချိပ်တံဆိပ် သည် ချက်ချင်း ထိုးထွက်သွားသည်။ သူက အော်ပြောလိုက် လေ၏။ "မိုးဆင့်ခေါ်ခြင်း..."
ချက်ချင်းပင် သည်ဧရိယာ၏ ပေငါးထောင်အတွင်း မိုး စက်များ ပေါ်ထွက်လာ၏။ ထိုမိုးစက်များသည် သွေးကဲ့သို့ နီသည်။
အနီရောင်အလင်းက ပေတစ်သောင်းလောက်ကို ဖုံးလွှမ်းသွားပြီးနောက် ချင်းရွင်သည် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေကာ ရှေ့သို့ ညွှန်ရင်း ပြောလိုက်သည်။ "မိုးဆင့်ခေါ် ခြင်း...ရေခဲချိပ်စည်း..."
ထိုအရာ ရေစက်များအားလုံးသည် ရေခဲသလင်းကျောက် များအဖြစ်သို့ ပြောင်းလဲသွားသည်။ထိုရေခဲက မြန်ဆန်စွာ ချဲ့ထွက်လာကာ ချက်ချင်းလိုလို တစ်ခုနှင့်တစ်ခု ချိတ်ဆက် သွားသည်။ထိုရေခဲများသည် အရူးအမူး ပျံ့နှံ့ကာ အရှင် မီးတောက်ထံသို့ တစ်ဟုန်ထိုး တိုးဝင်သွားလေ၏။
"ကောင်းကင်ဘုံအရှင်သခင်ရဲ့ တုန်လှုပ်ဖွယ်ပြောင်းလဲမှု က သူ့ရဲ့ စိတ်အမှန်ကို ဆုံးရှုံးစေပြီး မရေမတွက်နိုင်တဲ့ ကောင်းကင်ဘုံသားတွေကို သတ်ဖြတ်ပစ်ခဲ့တယ်။ ဒါကို ကောင်းကင်ဘုံအရှင်ရဲ့ နှလုံးသားထဲမှာ ဘာကြောင့်ဖြစ်ခဲ့ လဲ သံသယ မရှိဘူးလား..."
အရှင်မီးတောက်က အော်ပြောလိုက်ရင်း အစိတ်အပိုင်း မြေ(၄၉)သည် သူ့အားဝန်းရံကာ ဧရာမဝဲကတော့ကြီးတစ်ခုကို ဖန်တီး၏။ အစိတ်အပိုင်းမြေများသည် ချက်ချင်းလိုလို ကြီးထွားလာကြ၏။
"ငါ သိရှိခဲ့တာက သင်ဟာ အဲ့လိုမျိုး သတ်ဖြတ်သူတစ် ယောက်လို ပြောင်းလဲသွားတဲ့အချိန်မှာပဲ တခြား ကောင်းကင်ဘုံနယ်မြေသုံးခုမှာလည်း ဒီလိုမျိုး ကံကြမ္မာကို ခံစားရခဲ့တဲ့ လူတွေ ရှိခဲ့တယ်။ ဖြစ်နိုင်တာက ငါတို့ဟာ မိုးကောင်းကင်ဘုံနယ်မြေရဲ့ အောက်မှာ ရှိတဲ့ မဟာမိတ် ကျင့်ကြံခြင်းအဖွဲ့မှာ သင့်စိတ်ဓာတ်ဘာကြောင့်ပြောင်းလဲ သွားခဲ့တာလည်း ဆိုတဲ့ အဖြေရှိနိုင်တယ်။ ငါက အဲ့နေရာ မှာ အဖြေမတွေ့ခဲ့ရင်တောင် လေနဲ့မိုးကြိုးကောင်းကင်ဘုံ နယ်မြေတွေမှာ အကြောင်းပြချက်ရှာဖို့အတွက် သင့်ကို ခေါ်သွားပြီး အကောင်းဆုံး ကူညီပေးနိုင်တယ်..."
အရှင်မီးတောက်၏ ပတ်လည်တွင် အစိတ်အပိုင်း မြေ(၄၉)သည် အရူးအမူး လှည့်လည်ကာ ကြီးမားသည့် ဝဲကတော့ကြီးတစ်ခုကို ဖြစ်ပေါ်စေနေ၏။ ထိုဝဲကတော့ သည် ပျံ့နှံ့ကာ အရပ်မျက်နှာအနှံ့မှ တိုးဝင်လာသည့် ရေခဲ များကို စတင်ခုခံလေသည်။
အရှင်မီးတောက်က ဒေါသထွက်လာခဲ့၏။ သူက လှမ်း အော်လိုက်သည်။ "ငါက သင့်ကို ကြောက်နေတာ မဟုတ် ဘူး။ သင်နဲ့ မတိုက်ခိုက်ချင်ရုံပဲ။ သင်က ချိပ်ပိတ်မှုကို ချိုးဖျက်နိုင်တဲ့အကြောင်းကလည်း ငါ့ကိုလျှို့ဝှက်ပြီး ကူညီ ပေးခဲ့တာကြောင့် ဖြစ်တယ်..။မဟုတ်ရင် သင်က ဘယ်လို လုပ်အောင်မြင်နိုင်ပါ့မလဲ။ ချင်းရွှေ ငါ့ကို တိုက်ခိုက်ဖို့အတင်းဖိအား မပေးနဲ့..."
ချင်းရွှေသည် သူ့သတ်ဖြတ်လိုသည့် စိတ်ဆန္ဒကို ဖိနှိပ် ကာ အရှင်မီးတောက်ကို ကြည့်၍ ပြောလိုက်၏။ "ငါက မင်းကို ငါ့ဂျိနယ်ပယ် လက်ဆောင်အဖြစ် ပေးဖို့ အကြောင်းပြချက်ပေး..."
စီနီယာအစ်ကိုလား... (နောက်တစ်ပိုင်း)
အရှင်မီးတောက်၏အသွင်က အလေးအနက်ဖြစ်သွား ကာ သူက ပြောလိုက်၏။ "ကောင်းကင်ဘုံအရှင်သခင်က သင့်ရဲ့ကျင့်ကြံမှုအဆင့်ကို ပြန်စုဆောင်းမိချင်ရင် သင်က မူလစွမ်းအင်အမြောက်အမြား လိုအပ်လိမ့်မယ်။အလုံးစုံ ကောင်းကင်ကြယ်အဖွဲ့အစည်းရဲ့ ဒီနေရာက ကျင့်ကြံသူတွေ ကို သတ်ဖြတ်တာထက် ငါနဲ့အတူ မဟာမိတ်ကြယ်အဖွဲ့ အစည်းကို လိုက်ခဲ့ပါ။ အဲ့နေရာမှာ သင့်အတွက် အားကောင်းတဲ့ကျင့်ကြံသူတွေ ကောင်းကင်ဘုံအရှင်သခင်… အများကြီးရှိတယ်။ သင့်ကျင့်ကြံမှုအဆင့် အထွတ်အထိပ်ကို အချိန်မကြာဘဲ ပြန်ရောက်စေမယ်လို့ ငါ ယုံကြည်တယ်..."
ချင်းရွှေက တည်ငြိမ်စွာ ပြောလိုက်၏။ "ဒီအကြောင်းပြ ချက်က မလုံလောက်သေးဘူး..."
"သင်က ချိပ်ပိတ်ခံရပြီးတဲ့နောက်မှာ ကောင်းကင်ဘုံ နယ်မြေဟာ ပြိုကျပျက်စီးခဲ့ရတဲ့ ဘေးကပ်ဆိုးကို ကြုံတွေ့ခဲ့ ရတယ်။ ဒါက ဘာကြောင့်ဖြစ်ပျက်ခဲ့သလို သင် မသိချင် ဘူးလား။ ပြောကြတာကတော့ မဟာမိတ်ကျင့်ကြံခြင်းအဖွဲ့အစည်းမှာ ခုထိ အသက်ရှင်နေသေးတဲ့ ကောင်းကင်ဘုံ သား တစ်ယောက် ရှိတယ်တဲ့။ သင်က ငါနဲ့အတူ လိုက်လာ ခဲ့ရင် အရာအားလုံးကို သင်သိသွားလိမ့်မယ်..."
ချင်းရွှေက တိတ်ဆိတ်စွာ စဉ်းစားသွားသည်။အချိန် အတန်ကြာမြင့်ပြီးသည့်နောက် သူက ဖြည်းဖြည်းချင်း ပြောလာသည်။ "ဒါလည်း မလုံလောက်သေးဘူး..."
"ငါက ငယ်ရွယ်စဉ်တုန်းက မဟာမိတ်ကျင့်ကြံခြင်းအဖွဲ့ အစည်းမှာ အကြီးအကဲတစ်ယောက် ဖြစ်ခဲ့တယ်။ ကျင့်ကြံ ခြင်းမဟာမိတ်အဖွဲ့အစည်းမှာ စာလိပ်တစ်ခု ရှိတယ်။ ပြော ကြတာကတော့ ဒီစာလိပ်ဟာ ကောင်းကင်ဘုံနယ်မြေ ပျက်စီးသွားတဲ့နောက် ကောင်းကင်ထက်ကနေ ပြုတ်ကျ လာခဲ့တာတဲ့၊ပြီးတော့ ဒီစာလိပ်ထဲမှာ ရှေးဟောင်း ကောင်းကင်ဘုံနယ်မြေရဲ့ သဲလွန်စ ပါဝင်တယ်။ငါ ထွက် လာခဲ့တဲ့ အချိန်တုန်းက ဘယ်သူမှ ဒီစာလိပ်ကို မဖွင့်လှစ် နိုင်ခဲ့ဘူး..."
"ဒါပေမဲ့လည်း ပြောကြတာက ဒီစာလိပ်ထဲမှာ ကောင်းကင်ဘုံနယ်မြေပြိုကျပျက်စီးခဲ့ရတဲ့ အစစ်အမှန် အကြောင်းရင်း ပါဝင်တယ်ဆိုတယ်။ ဒါတွေအားလုံးက အတိတ်တုန်းကသင့်ရဲ့ စိတ်နေစိတ်ထား ရုတ်တရက် ပြောင်းလဲသွားခဲ့ရတာနဲ့ ဆက်စပ်လို့နေတယ်။တကယ် တော့ ဒီကိစ္စမှာ တိုက်ဆိုင်မှုတွေ အများကြီးရှိနေခဲ့တယ်။ သင် သတ်ဖြတ်သူတစ်ယောက် ဖြစ်လာခဲ့ပြီးတဲ့နောက် နှစ် တစ်ရာအတွင်းမှာ ကောင်းကင်ဘုံနယ်မြေက ပျက်စီးခဲ့တာပဲ။သင်က ဒါကို ဘာမှ ပတ်သတ်မှု မရှိဘူးလို့ ပြော ရင်တောင် ငါ ယုံမှာ မဟုတ်ဘူး..."
"ချင်းရွှေ...ငါတို့က ရန်သူတွေ မဟုတ်ပါဘူး။ သင်က ဒီ အကြောင်းပြချက်တွေကို သဘောမတူသေးဘူးဆိုရင်တော့ ငါထပ်ပြီးပြောစရာမရှိတော့ဘူး...ငါတို့ တိုက်ခိုက်ကြရုံ ပေါ့။ ငါက ဒီအစိတ်အပိုင်းမြေ(၄၉)ခု ရတနာရဲ့ စွမ်အား အပြည့်အဝကိုလည်း အသုံးပြုရတော့မှာပေါ့..." အရှင် မီးတောက်၏ မျက်လုံးထဲ၌ သတ်ဖြတ်လိုသည့်စိတ်ဆန္ဒတို့ ပြည့်လာသည်။ ရုတ်တရက် အစိတ်အပိုင်းမြေ(၄၉)သည် လှည့်ပတ်နေရာကနေ ရပ်တန့်သွား၏။ သို့သော် ၎င်းတို့ ထံမှ ကြောက်မက်ဖွယ်အော်ရာတစ်ခု ထွက်ပေါ်လာလေ သည်။
ချင်းရွှေက အရှင်မီးတောက်ကို အေးစက်စွာ ကြည့်လိုက် သည်။ အေးစက်စက်အော်ရာတစ်ခုသည် ဖြည်းဖြည်းချင်း ပျံ့နှံ့လာ၏။ အရှင်မီးတောက်၏နှလုံးသားထဲ၌ မသက်မသာ ခံစားနေရကာ သူက သက်ပြင်းချမိ၏။ သူက အမှန် တကယ်ကြိုးစားခဲ့ပြီး ဖြစ်သည်။နှစ်ပေါင်းသောင်းချီကြ အောင် သူက များစွာသောအဖြစ်အပျက်များ၏ အကျိုးနှင့် အကြောင်းကို ရှာဖွေရန် ကောင်းကင်ဘုံနယ်မြေ၏ မှတ်တမ်းများကို ရှာဖွေကြည့်ခဲ့ပြီး ဖြစ်၏။တဖြည်းဖြည်း ဖြင့် သူက မိုးကြိုးကောင်းကင်ဘုံနယ်မြေကို ရတနာတစ်ခု အဖြစ် သန့်စင်မွမ်းမံခြင်းနှင့် ဂျိနယ်ပယ်ကို ရရှိခြင်း တို့သည် သူ့ကို ကူညီနိုင်လိမ့်မည်ဟု အမြင်ရှိလာခဲ့၏။
ကံမကောင်းစွာနှင့် သူက ခုလိုမျိုး ရလဒ်ဖြစ်ပေါ်နေ လိမ့်မည်ဟု မမျှော်လင့်ထားမိပေ။
ချင်းရွှေက တည်ငြိမ်စွာ ပြောလိုက်၏။ "မင်း လိမ်နေတာ ဆိုရင်တော့ ငါက ဂျိနယ်ပယ်ကို ဖောက်ခွဲပစ်လိုက်မယ်..." သူ့မျက်လုံးက နီရဲတောက်လာကာ အနီရောင်အလင်းတန်း တစ်ခုသည် ချက်ချင်း ထိုးထွက်သွားသည်။ထိုအနီရောင် လျှပ်စီးအလင်းတန်းက နီးကပ်လာသည့်အခါ အရှင် မီးတောက် ပတ်လည်ရှိ ရေခဲများအားလုံးသည် ပျောက် ကွယ်သွားလေသည်။အလင်းတန်းက အရှင် မီးတောက်၏ရှေ့ရှိ အစိတ်အပိုင်းမြေများထဲမှ တစ်ခုအပေါ် သို့ ဦးတည်တိုးဝင်သွားသည်။
သိပ်မကြာခင်တွင် ချင်းရွှေ၏ညာမျက်လုံးထဲကနေ တိုး ထွက်လာသည့် ဂျိနယ်ပယ်အလင်းတန်းက အစိတ်အပိုင်း မြေတစ်ခုခြင်းစီပေါ်သို့ ကျရောက်သွားလေ၏။
639: ကောင်းကင်ဘုံအစီအရင်ရတနာတစ်ခုလုံးသည် စက်သောအော်ရာကို ပေးစွမ်းကာ အနီရောင်လျှပ်စီးများ တလက်လက် တောက်ပနေတော့၏။ ထိုရတနာသည် ဂျိနယ်ပယ်၏အော်ရာကို ပေးစွမ်းလာလေသည်။
"ကောင်းကင်ဘုံအရှင်သခင် စိတ်ချနေပါ။ ဒီအဘိုးအိုက မလိမ်ပါဘူး..." အရှင်မီးတောက်က ရယ်မောကာ သူ့ညာ လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေပြီး ရှေ့သို့ ဖိနှိပ် လိုက်သည်။အစိတ်အပိုင်းမြေ (၄၉)သည် ကောင်းကင်ထက်၌ ပြန်လည် လှည့်လည်လာကာ အနက်ရောင် ဝဲကတော့ကြီးတစ်ခုကို ဖြစ်သွားစေသည်။
"ကောင်းကင်ဘုံအရှင်သခင်...အလုံးစုံကောင်းကင် ကြယ်အဖွဲ့အစည်းက ငါ့မိတ်တွေတွေကို တွေ့ဖို့ ငါနဲ့လိုက်ခဲ့ ပါ...။ပြီးရင် ငါတို့က မဟာမိတ်ကြယ်အဖွဲ့အစည်းအတွက် လမ်းကြောင်းတစ်ခု ဖွင့်ကြမယ်…" အရှင်မီးတောက်က ထိုသို့ပြောနေရင်း ဝဲကတော့ထဲသို့ ခြေလှမ်းရန် ပြင်လိုက် သည်။
ချင်းရွှေကလည်း အနည်းငယ် တုံ့ဆိုင်းဆိုင်း ဖြစ်သွားပြီး နောက် ရှေ့သို့ လှမ်းလိုက်သည်။
ထိုအခိုက်အတန့်၌ ဝမ်လင်းသည် အံတင်းတင်းကြိတ် ကာ လှမ်းအော်လိုက်သည်။ "စီနီယာက ကောင်းကင်ဘုံအ စီအရင်ကို သန့်စင်မွမ်းမံပြီးပြီးဆိုတော့ ငါ့ရဲ့ မိုးကြိုးသားရဲ ကို ပြန်ပေးဖို့ မျှော်လင့်ပါတယ်..."
အရှင်မီးတောက်သည့် ခဏတန့်သွားကာ ဝမ်လင်းရှိရာ သို့ လှမ်းကြည့်လိုက်၏။ သူက ပြုံးလိုက်သည်။ "ငါက မင်း ရဲ့မိုးကြိုးသားရဲကို နည်းနည်းသုံးစရာ ရှိသေးတယ်။ လမ်းကြောင်းဖွင့်ပြီး ငါတို့ မဟာမိတ်ကြယ်အဖွဲ့အစည်းထဲ ဝင်ရောက်ပြီးတဲ့အခါကျရင် ငါက မင်းကို ပြန်ပေးပါ့မယ်။ မင်းက ဒီအဘိုးအိုနဲ့ ကံစပ်တဲ့လူပဲ။ မင်းက အခုမိုးကြိုး ကောင်းကင်ဘုံနယ်မြေကနေ မင်းအစွမ်းအစနဲ့မင်း ထွက် သွားနိုင်ပြီး မိုးကြိုးကောင်းကင်ဘုံကျောင်းတော်ကို ငါ့တုန်ကင်နဲ့အတူ တစ်နှစ်အတွင်း ရောက်အောင်သွားနိုင်ရင် ငါက မင်းကိုနောက်ထပ် အခွင့်အရေးတစ်ခုလည်း ပေးဦး မယ်။ပြီးရင် ငါက မင်းကို မဟာမိတ်ကြယ်အဖွဲ့အစည်းကို ခေါ်သွားမယ်..."
သူက ထိုသို့ ပြောလိုက်ရင်း သူ့သိုလှောင်အိတ်ကို ပုတ် လိုက်ရာ သုံးလက်မခန့် ခရမ်းရွှေရောင်ဦးချိုတစ်ခုသည် ဝမ်လင်းထံသို့ ချက်ချင်း ပျံသန်းသွားလေသည်။
အရှင်မီးတောက်သည် ပြန်လှည့်ကာ ဝဲကတော့ထဲသို့ ဝင် ရောက်လိုက်၏။ ချင်းရွှေသည်လည်း ထို့အတူပင်။ သူက မ ဝင်ခင်အချိန်ခဏ၌ ဝမ်လင်းရှိရာသို့ ဆန်းကြယ်သည့် အကြည့်ဖြင့် ကြည့်လိုက်လေ၏။ သူ့နတ်ဘုရားအာရုံ သတင်းပို့လွှတ်မှုကို ချန်ထားခဲ့ပြီးနောက် သူက ဝဲကတော့ ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားလေတော့သည်။
ချက်ချင်းလိုလိုပင် ဝဲကတော့က ပျောက်ကွယ်သွားကာ ဟင်းလင်းပြင်ထဲ၌ ဝမ်လင်းတစ်ယောက်သာ ကျန်ရစ်ခဲ့ တော့၏။
"ငါက မင်းရှိကနေ ရင်းနှီးတဲ့အော်ရာတစ်ခု ခံစားမိတယ်...။မင်းက လေဆင့်ခေါ်ခြင်းမန္တန်ကို သင်ယူနိုင်ပြီး ငါ့ ဆရာရဲ့ ဆက်ခံသူလို့ ယူဆနိုင်တယ်။ ငါ့ဆရာရဲ့ မဟာမန္တန် ခြောက်ခုထဲက တစ်ခုဖြစ်တဲ့ ဒီမန္တန်ကို ကောင်းကောင်း သင်ပါ။ မင်းလက်ထဲမှာ ဒီမန္တန်ကို အချည်းနှီး မဖြစ်ပါစေနဲ့..
ခရမ်းရွှေရောင်ဦးချိုကို ဖမ်းယူလိုက်ပြီးနောက် ဝမ်လင်း သည် ချင်းရွှေ၏နတ်ဘုရားအာရုံ ပို့လွှတ်မှုနှင့် ပတ်သက်၍ စဉ်းစားနေသည်။အချိန်အတန်ကြာပြီးသည့်နောက် ခရမ်း ရွှေရောင်ဦးချိုကို သိမ်းဆည်းလိုက်ပြီး သူက ပျံသန်းထွက် လာခဲ့သည်။
ခုချိန်၌
မိုးကြိုးကောင်းကင်ဘုံနယ်မြေတွင် အစိတ်အပိုင်းမြေ(၄၉)ခုက ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ဝဲကတော့ ပျောက်ကွယ်သွားခဲ့သော်လည်း မိုးကြိုးကောင်းကင်ဘုံနယ်မြေ၏ ပျက်စီးမှုက ရပ်တန့်သွား ခြင်းမရှိပေ။ထိုအစား ပို၍ပင် ဆိုးဝါးလာသေးသည်။
လေပြင်းများက မိုးကြိုးကောင်းကင်ဘုံနယ်မြေအနှံ့တွင် တစ္ဆေညည်းသံများကဲ့သို့ တိုက်ခတ်လို့နေ၏။ ၎င်းလေ သည် လူတစ်ယောက်၏ နားထဲသို့ တိုးဝင်လာသည့်အခါ တွင် ထိုလူသည် သူ့စိတ်ထဲကကို ချမ်းစိမ့်မှု ခံစားမိပေ လိမ့်မည်။
ဝမ်လင်းက ပျံသန်းနေရင်း သူက အခုအခြေအနေတွင် လောကနှင့်တစ်သားတည်း နစ်မြုပ်အောင် မပြုလုပ်နိုင် ပေ။ သူက လေဟာနယ်အက်ကြောင်းများကို ရှောင်ကာ မိုးကြိုးကောင်းကင်ဘုံနယ်မြေထဲ၌ ပျံသန်းနေသည်။ ရည်ရွယ်ချက်မရှိ
"ကောင်းကင်ဘုံဂိတ်ပေါက်ကလည်း ပိတ်သွားခဲ့ပြီ။ ဒါ ကြောင့် ငါက ဒီနေရာကနေ ဘယ်လို ထွက်ခွာနိုင်မလဲ။ ဒါ့အပြင် ဒီကောင်းကင်ဘုံအရှင်သခင်ချင်းရွှေက ငါ့မှာ ဂျိနယ်ပယ် ပိုင်ဆိုင်ခဲ့တာကို သတိပြုမိခဲ့တာများလား..."
ဝမ်လင်း၏ပုံရိပ်သည် တဖျပ်ဖျပ် ဖြစ်သွားကာ သူသည် လေဟာနယ်အက်ကြောင်းများကို ရှောင်သွားနေ၏။သူက လွန်ခဲ့သောနှစ်များက မိုးကြိုးကောင်းကင်ဘုံနယ်မြေနှင့် ပတ်သက်၍ ရှန်ကုန်းဟူ ပြောခဲ့သည့်အကြောင်းကို ပြန် အမှတ်ရလိုက်မိသည်။
"ငါအခု ရှန်ကုန်းဟူကို ရှာရမယ်…" ဝမ်လင်းက သူ့ မျက်လုံးကို မှိတ်ကာ ရှန်းကုန်ဟူ သူ့ထံ၌ထားခဲ့သောတာအို ကို အသုံးပြုကာ ရှာဖွေခြင်း ပြုလိုက်၏။ ခဏအကြာတွင် သူသည် ဦးတည်ရာတစ်ခုထံသို့ ပျံသန်းသွားတော့သည်။
ရှန်ကုန်းဟူသည်လည်း မိုးကြိုးကောင်းကင်ဘုံနယ်မြေ ထဲ၌ မြန်ဆန်စွာ ပျံသန်းနေသည်။ ကောင်းကင်ဘုံဂိတ် ပေါက်က ဖျက်ဆီးခံလိုက်ရပြီး ဖြစ်သော်လည်း သူက သည် နေရာကနေ ထွက်ခွာသွားနိုင်သည့် နောက်ထပ်နည်းလမ်း တစ်ခုကို သိထားပေသည်။
သည်နေရာတွင် မိုးကြိုးကောင်းကင်ဘုံကျောင်းတော် ချ ခင်းထားသည် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်တစ်ခု ရှိပေ၏။ ထို့အတွက်ကြောင့်လည်း မိုးကြိုးကောင်းကင်ဘုံ ကျောင်းတော်၏ တမန်တော်များသည် ကောင်းကင်ဘုံဂိတ် ပေါက်ကနေ မဟုတ်ဘဲ သည်နေရာသို့ ဝင်ရောက်လာနိုင် ကြခြင်း ဖြစ်သည်။
သို့ရာတွင် သည်တည်နေရာရွှေ့ပြောင်းခြင်းအစီအရင် သည် မိုးကြိုးကောင်းကင်ဘုံနယ်မြေက ပိုင်ဆိုင်ထားကာ လူအများ ထွက်ခွာနိုင်သော်လည်း အကန့်အသတ်များ ရှိပေ သည်။ပထမဆုံးအနေဖြင့် ထိုအစီအရင်သည် လူ တော်တော်များများကို သယ်ဆောင်နိုင်ခြင်း မရှိပေ။ဒုတိယ အနေဖြင့် မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ တမန် တော်များကသာ အသုံးပြုနိုင်၏။ အခြားလူများ ဝင်ရောက် ခွင့် မရှိပေ။ ဝင်ရောက်သည့်သူ မှန်သမျှ ချက်ချင်း သတ်ပစ် ခြင်း ခံရနိုင်ပေသည်။
ထိုအရာက မိုးကြိုးကောင်းကင်ဘုံကျောင်းတောက် ချမှတ်ထားသည့် စည်းမျဉ်းဖြစ်သည်။လူတစ်ယောက်သည် မတော်တဆ ဝင်ရောက်ခဲ့လျှင်ပင် အသတ်ခံရပေလိမ့်မည်။
မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ ခွန်အားသည် လျစ်လျူရှုလို့ မရနိုင်ချေ။
ခုချိန်၌ သူနှင့် မိုးကြိုးကောင်းကင်ဘုံကျောင်းတော်နှင့် ပတ်သက်မှုတွင် ကတောက်ကဆတ် ဖြစ်နေခဲ့၏။ ထို့ကြောင့် သူက သည်နေရာကို အစောပိုင်းက မလာ ရောက်ခဲ့ခြင်းဖြစ်ပြီး ကောင်းကင်ဘုံဂိတ်ပေါက်ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
သို့ရာတွင် ကောင်းကင်ဘုံဂိတ်ပေါက်က ပိတ်ဆို့သွားခဲ့ပြီ ဖြစ်သလို ကောင်းကင်ဘုံနယ်မြေသည်လည်း နေရာအနှံ့ တွင် ပျက်စီးလို့နေလေ၏။ ထို့အတွက်ကြောင့် ရှန်ကုန်းဟူသည်
မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်သို့ သွားရောက်ရန် သာ ရှိတော့၏။သူ့တွင် ရွေးချယ်စရာ မရှိတော့ချေ။
"ငါ့အရှင်သခင်က ဘယ်နေရာကို ရောက်နေလဲ သိချင်မိတယ်..." ရှန်ကုန်းဟူက တိတ်ဆိတ်စွာ စဉ်းစားနေ၏။ သူက သူ့အရှင်သည် ရှုံးနိမ့်လိမ့်မည် မဟုတ်ဟု ယုံကြည် နေ၏။
:အတင်းထိုးထွက်ခြင်း(၁) Ep (164) ဒုတိယပိုင်း
ကျန်ခုန်လီသည်လည်း ဟင်းလင်းပြင်ထဲ၌ ပျံသန်းနေ၏။ သူက မိုးကြိုးကောင်းကင်ဘုံနယ်မြေ၏ အသစ်ကမ်းလှမ်း ခံထားရသည့် တမန်တော်ဖြစ်သည့်အတွက် သူသည်လည်း ထိုတည်နေရာရွှေ့ပြောင်းခြင်း အစီအရင်၏ နေရာကို သိပေသည်။သူက ထိုနေရာသို့ မြန်ဆန်စွာ ပျံသန်းနေသည်။
သူက ရှန်ကုန်းဟူနှင့် အတူရှိခဲ့တုန်းက တည်နေရာ ရွှေ့ပြောင်းခြင်းအစီအရင်သို့ သွားရန် စဉ်းစားခဲ့သေး၏။ သို့ရာတွင် ရှန်ကုန်းဟူ၏ အဆင့်အတန်းကို တွေးမိပြီး သူက ထိုအကြောင်းကို မဖော်ပြတော့ဘဲ ရှန်ကုန်းဟူနှင့် အတူ ကောင်းကင်ဘုံဂိတ်ပေါက်သို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။ကောင်းကင်ဘုံဂိတ်ပေါက်နားရှိ တိုက်ပွဲက သူ့ကို အလွန်စိတ်လှုပ်ရှားစေခဲ့ပေသည်။ ကောင်းကင်ဘုံနယ်မြေ က မတည်မငြိမ် ဖြစ်နေသော်လည်း သူ့စိတ်က ခိုင်မာ နေ၏။ သူက ရှန်ကုန်းဟူကဲ့သို့ပင် ဝမ်လင်းကို ရှုံးလိမ့်မည် မဟုတ်ဟု ယုံကြည်နေသည်။
"ရှန်ကုန်းဟူ ဘယ်နေရာမှာ ရောက်နေလဲ ငါ မသိဘူး။ ငါက သူလည်း ငါ့လိုပဲ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင် ရှိတဲ့ဆီ သွားနေလိမ့်မယ်လို့ ယုံကြည်တယ်..."
ကျန်ခုန်လီ၏ ခန္ဓာကိုယ်သည် ဖျတ်ခနဲ ဖျတ်ခနဲ လေဟာနယ်အက်ကြောင်းများကို ရှောင်၍ ပျံသန်း နေသည်။
အမှန်တော့ သူက ကောင်းကင်ဘုံဂိတ်ပေါက်နားရှိတိုက်ပွဲရှိရာသို့ သွားရောက်ပြီးသည့်နောက် ထိုနေရာတွင် သူနှင့်ရှန်ကုန်းဟူတို့အပြင် ကျန်သည့် တမန်တော်များ ရှိမ နေသည်ကို သိရှိလိုက်၏။ ထို့နောက် သူက မိုးကြိုး ကောင်းကင်ဘုံကျောင်းတော်ရှိ တမန်တော်များအားလုံး သည် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်သို့ သွားရောက် ခဲ့ပြီး ဖြစ်ကြောင်း သိလိုက်သည်။
ကျန်ခုန်လီနှင့်ရှန်ကုန်းဟူတို့သည် မတူညီသောနေရာ နှစ်ခုကနေ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင် ရှိရာသို့ ဦးတည်သွားနေကြသည်။
ဝမ်လင်းကလည်း ဟင်းလင်းပြင်ထဲ၌ ရှန်ကုန်းဟူ ရှိသောနေရာသို့ ပျံသန်းနေသည်။သို့ရာတွင် မိုးကြိုး ကောင်းကင်ဘုံနယ်မြေ၏ ပျက်စီးပြိုကျမှုက ပို၍ ပြင်းထန် လာခဲ့သည့်အတွက် လေဟာနယ်အက်ကြောင်းများက လည်း ပိုပေါ်လာနေသည်။ထို့ကြောင့် သူက အနည်းငယ် ဂရုမစိုက်မိလျှင် ဝါးမျိုခံလိုက်ရနိုင်သည်။
သည့်အတွက်ကြောင့် သူက မြန်ဆန်စွာ မသွားနိုင် ဖြစ် နေ၏။ သူက သူ့ပတ်ဝန်းကျင်ရှိ လေဟာနယ် ပြောင်းလဲမှုများကိုလည်း အာရုံစိုက်ထားရပေသည်။
သူက ပျံသန်းနေရင်း ဟင်းလင်းပြင်ထဲ၌လည်း ပေါက်ကွဲ မှုများ ဖြစ်လို့နေသည်။ထိုပေါက်ကွဲသံများက ပို၍ ပြင်းထန် လာနေသည့်အတွက် ဝမ်လင်းသည် အစိတ်အပိုင်းမြေ များ၏ ပျက်စီးပြိုပျက်မှုက ပို၍ နီးကပ်လာနေသည်ကို သိနေပေသည်။
လမ်းတစ်လျှောက်တွင် သူက ကိုယ်တိုင်ပင် အစိတ်အပိုင်းမြေနှစ်ခုသည် အစအနများအဖြစ်သို့ ပျက်စီး သွားသည်ကို ကိုယ်တိုင် တွေ့မြင်နေရသည်။
အချို့အပိုင်းအစများသည် ဝမ်လင်းထံသို့ပင် တိုက်ရိုက် တိုးဝင်လာခဲ့သည်။ထိုတိုးဝင်လာသည့်အားက အာဏာ တက်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်၏ အပြည့်အဝ တိုက်ခိုက်မှုထက် အားမနည်းပေ။
သည်တိုက်ခိုက်မှုများက ပထမအဆင့်ရှိ ကျင့်ကြံသူများ အတွက် သေလောက်အောင် မဆိုးရွားစေဘူးဆိုလျှင်ပင် ကံ မကောင်းပါက ထိုအချိန်အတွင်း လေဟာနယ် အက်ကြောင်းတစ်ခု သူတို့၏အနီးအနားတွင် ပေါ်လာခဲ့ လျှင် သေရေးရှင်ရေးအခြေအနေ ဖြစ်သွားနိုင်ပေသည်။
ဝမ်လင်းအတွက်မူ သည်အရာနှင့် ပတ်သက်၍ လုံးဝ စိုးရိမ်စရာ မလိုပေ။သူပိုင်ဆိုင်ထားသည့် ရပ်တန့်ခြင်းမန္တန် နှင့်အခြားမန္တန်များကြောင့် သူက ထိုလေဟာနယ် အက်ကြောင်းကို လွယ်ကူစွာ ရှောင်နိုင်ပေ၏။ ဝမ်လင်းကတည်ငြိမ်စွာ ပျံသန်းနေ၏။
သူက ပို၍ ပျံသန်းလေလေ လေဟာနယ်အက်ကွဲကြောင်း များက ပိုမိုများပြားလာလေ ဖြစ်သည်။
ဝမ်လင်းက မျက်မှောင်ကြုတ်သွားသည်။ သူက သူနှင့်ရှ န်ကုန်းဟူတို့ကြား အကွာအဝေးသည် အတော်လှမ်းနေ သေးသည်ကို ခပ်ရေးရေးခံစားမိနေ၏။ သူက အချိန်တို အတွင်း ရှန်ကုန်းဟူကို မီနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။
အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်း၏မျက်လုံးက လက်ခနဲ ဖြစ်သွား၏။ထို့နောက် သူက ပါးစပ်ဟာ သဲမှုန် တစ်ခုကို ထွေးထုတ်လိုက်၏။ ထိုသဲမှုန်က ပေတစ်ထောင် လောက် ကြီးမားသည့် အစိတ်အပိုင်းမြေတံဆိပ်တုံးအဖြစ် သို့ ပြောင်းလဲသွားလေသည်။
"ဒီအစိတ်အပိုင်းမြေက နတ်ဘုရားပြစ်ဒဏ်နဲ့ သန့်စင် မွမ်းမံထားတာ ဖြစ်တယ်။ကောင်းကင်ဘုံအရှင်သခင်ရဲ့ အနက်ရောင်လေတောင် ဒါကို မချိုးဖျက်နိုင်ဘူး။ ဒါ့ ကြောင့် ဒီဟာက လေဟာနယ်အက်ကြောင်းတွေကို တောင့်ခံနိုင်စွမ်း ရှိသင့်တယ်..."
ဝမ်လင်းက သူ့လက်ကို ညွှန်လိုက်၏။ ထိုအခါ အစိတ်အပိုင်းမြေတံဆိပ်တုံးသည် ရှေ့သို့ ပျံသန်းထွက်သွား သည်။ဝမ်လင်းက ၎င်းကို သေချာစောင့်ကြည့်နေ၏။
သူက အစိတ်အပိုင်းမြေသည် မရေမတွက်နိုင်သော လေဟာနယ်အက်ကြောင်းများနှင့် ထိတိုက်မိသွားသည်ကိုတွေ့မြင်လိုက်ရ၏။ ထိုအက်ကွဲကြောင်းများထဲကနေ ထွက် ပေါ်လာသည့်အားက အစိတ်အပိုင်းမြေအနှံ့ ပျံ့နှံ့၏။ သို့သော် ၎င်းအားက အစိတ်အပိုင်းမြေပေါ်တွင် သက်ရောက်ခြင်းမရှိဘဲ ဖြတ်သန်းကာ သွားသည်။
တစ်ချိန်တည်းမှာပင် လေဟာနယ်အက်ကြောင်းများက ပျက်စီးမည့်အရိပ်လက္ခဏာကို ပြသလေ၏။
ဝမ်လင်း၏မျက်လုံးက ကျဉ်းမြောင်းသွားကာ သူက ချက်ချင်းပင်အစိတ်အပိုင်းမြေတံဆိပ်တုံးပေါ်သို့ ခုန်တက် လိုက်၏။ထို့နောက် သူက ၎င်းအပေါ်တွင် ကြာပွင့်သဏ္ဌာန် ထိုင်ချကာ သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ် စေသည်။မူလစွမ်းအင်သည် ၎င်းအစိတ်အပိုင်းမြေထဲသို့ စီး ဝင်သွားကာ တောက်ပလာစေ၏။ ၎င်း၏အမြန်နှုန်းက လည်း များစွာတိုးတက်လာကာ ရှေ့တည့်တည့်သို့ ထိုးထွက် သွားတော့သည်။
ထို့အတွက်ကြောင့် သူ့အမြန်နှုန်းသည် အရင်ထက် များ စွာ ပိုမြန်လာခဲ့လေသည်။ဝမ်လင်းသည် ပေတစ်ထောင် ထက်ကြီးမားသည့် အက်ကွဲကြောင်းများကိုသာ အာရုံစိုက် ရန် လိုတော့၏။ ကျန်သည့်အရာများကို သူက လုံးဝ လျစ်လျူရှုထားနိုင်သွားသည်။
အစိတ်အပိုင်းမြေက မိုးကြိုးကောင်းကင်ဘုံနယ်မြေတွင် အလွန်မြန်ဆန်စွာ ရွေ့လျားနေသည်။ နာရီဝက်ခန့်ကြာပြီး သည့်နောက်မှ ဝမ်လင်းသည် အနည်းငယ် စိတ်သက်သာရာ ရသွား၏။ သို့သော် ထိုအခိုက်အတန့်၌ သူသည် သူ့ အရှေ့တည့်တည့်သို့ ကြည့်ကာ သူ့အသွင်က ပြောင်းလဲသွား သည်။
သူက အကွာအဝေးတစ်ခု၌ ဖြတ်သန်းပျံသန်းနေသော မှိန်ဖျော့ဖျော့အလင်းတန်းတစ်ခုကို တွေ့မြင်လိုက်ရ၏။ထို အလင်းတန်းအတွင်း၌ လှပသောအမျိုးသမီးတစ်ယောက် ရှိနေသည်။သို့သော် သူမမျက်နှာက ဖြူရော်နေကာ မျက်လုံးထဲ၌လည်း ကြောက်ရွံ့မှုများ ပြည့်နေ၏။ သူမက လေဟာနယ်အက်ကြောင်းများကို ဆက်တိုက် ရှောင်နေ ရကာ အကြိမ်များစွာ ဝါးမျိုခံရမလို ဖြစ်နေသည်။
အစိတ်အပိုင်းမြေတံဆိပ်တုံးကြီးကို စီးနင်းလာသည့် ဝမ် လင်းသည် ဟင်းလင်းပြင်ထဲ၌ တစ်ဘာသာထူးလို့နေသည်။ ထို့ကြောင့် အမျိုးသမီးသည် အစိတ်အပိုင်းမြေပေါ်ရှိ ဝမ် လင်းကို ချက်ချင်း တွေ့မြင်သွားသည်။သူမမျက်နှာပေါ်၌ ပျော်ရွှင်မှုနှင့် ပြည့်နှက်သွားကာ သူမက ဝမ်လင်းရှိရာ လှမ်းလာရန် ဟန်ပြင်လိုက်သည်။သို့သော် ထို အခိုက်အတန့်မှာပင် ပေတစ်ရာခန့်ရှည်သော လေဟာနယ် အက်ကြောင်းတစ်ခုက ရုတ်တရက် ထိုအမျိုးသမီး၏ ရှေ့ တွင် ပေါ်လာခဲ့သည်။ သူမက ၎င်းအက်ကြောင်းကို ရှောင် ရန် ကြိုးစားလိုက်ရင်း သူ့မျက်နှာသည် ဖြူရော်ကာသွား သည်။သို့ရာတွင် သူမက နောက်ကျလွန်းသွားခဲ့လေပြီ။ သူမ၏ မျက်လုံးထဲ၌ မျှော်လင့်ချက်မဲ့မှုများ ပြည့်သွားသည်။
ဝမ်လင်းက သူ့အကြည့်ကို တည်ငြိမ်စွာ ပြန်ရုပ်သိမ်းလိုက်သည်။ သူ့စိတ်နေစိတ်ထားအရ
သူသည် တစ်စုံတစ်ယောက်ကို အကြောင်းပြချက်မရှိဘဲ မကယ်တင် တတ်ပေ။ သူ့အစိတ်အပိုင်းမြေက ရပ်တန့်ခြင်းမရှိဘဲ ရှေ့ တည့်တည့်သို့ ဆက်၍ ပျံသန်းသွားလေသည်။
မျှော်လင့်ချက်မဲ့နေသည့် အမျိုးသမီးက အက်ကြောင်းထဲ ကနေ အတင်းရုန်းကန်ထွက်ကာ အလျင်စလို လှမ်းအော် ပြောလိုက်သည်။ "စီနီယာ...ကျေးဇူးပြုပြီး ငါ့ကို ကယ်တင် ပေးပါ။ ကျန်ခုန်လီက ငါ့စီနီယာအစ်ကို တစ်ယောက်ပါ...."
ဝမ်လင်းက မျက်မှောင်ကြုတ်သွား၏။ သူက အရင် ကတည်းက ထိုအမျိုးသမီးကို တွေ့မြင်ဖူး၏။ ကျန်ခုန်လီက လူဆယ်ယောက်နှင့် သူ့ကို ဖြတ်ကျော်သွားခဲ့တုန်းက သူမ သည်လည်း ထိုလူအုပ်ကြားတွင် ပါဝင်နေခဲ့ပေသည်။
သူတို့ အရင်က တွေ့ခဲ့တုန်းက သူမ၏ ကျင့်ကြံမှုအဆင့် သည် ပုံရိပ်ယောင်ယင်အဆင့်သို့သာ ရောက်သေးသည်။ သို့ရာတွင် ခုချိန်၌ သူမ၏ ကျင့်ကြံမှုအဆင့်က နိမ့်ကျနေ ကာ မူလစွမ်းအင်အားလုံးနီးပါး ဆုံးရှုံးနေသည့်ပုံ ဖြစ် နေသည်။ သူမက ခုချိန်၌ အာဏာတက်ခြင်းကျင့်ကြံမှု အဆင့်ရှိ စွမ်းဆောင်ရည်သာ ရှိနိုင်တော့သည်။
ဝမ်လင်းအောက်ရှိ အစိတ်အပိုင်းမြေက ရုတ်တရက် လှည့်သွားကာ ထိုအမျိုးသမီးထံသို့ ဦးတည်သွား၏။ ချက်ချင်းပင် ထိုအစိတ်အပိုင်းမြေက ပေတစ်ရာ လေဟာနယ်အက်ကြောင်းကို ရိုက်ချသွားခဲ့သည်။ထိုအက်ကြောင်းက ပျက်စီးသွားပြီးနောက် ထိုအမျိုးသမီး သည် ဝမ်လင်း၏အစိတ်အပိုင်းမြေတံဆိပ်တုံးပေါ်သို့ ခုန် တက်လိုက်လေသည်။
သူမ၏မျက်နှာက ဖြူရော်နေကာ သူမမျက်လုံးထဲတွင် လည်း တုန်လှုပ်နေမှုများ ရှိနေသေးသည်။သူမသည် ဝမ် လင်းကို ကျေးဇူးတင်သည့်အကြည့်ဖြင့် ကြည့်ကာ ခပ် တိုးတိုး ပြောလိုက်သည်။ "ငါ့ကို ကယ်တဲ့အတွက် ကျေးဇူးတင်ပါတယ်...စီနီယာ..."
ဝမ်လင်းက မျက်မှောင်ကြုတ်ကာ ထိုအမျိုးသမီးကို ကြည့်လိုက်၏။ သူက တည်ငြိမ်စွာမေးလိုက်သည်။ "နင့်မှာ ကောင်းကင်ဘုံကျောက်စိမ်းပြားတွေ ရှိလား..."
အမျိုးသမီးက ကြောင်သွားကာ အလျင်အမြန် ခေါင်းညိတ်ပြလိုက်သည်။
ဝမ်လင်းက တည်ငြိမ်စွာပင် ဆက်၍ ပြောလိုက်သည်။ "နင့်အသက်ကို ကယ်ပေးတဲ့အတွက် ကောင်းကင်ဘုံ ကျောက်စိမ်းပြား တစ်သောင်းပေးရမယ်။ ဒါ့အပြင် ငါနဲ့ အတူ ဒီနေရာမှ နေဖို့အတွက် တစ်နာရီစာကို ကောင်းကင်ဘုံကျောက်စိမ်းပြား တစ်သောင်းနှုန်း ပေးရ ໑໖..."
ဝမ်လင်းအောက်ရှိ အစိတ်အပိုင်းမြေသည် အကွာအဝေး တစ်ခုသို့ တစ်ဟုန်ထိုး ပျံသန်းသွားနေသည်။
အမျိုးသမီးက
စဉ်းစားသွားသည်။သူမမျက်လုံးထဲ၌လည်း အထင်သေးဟန် ဖျတ်ခနဲ ပေါ်သွားသေး၏။ သူမက သူမ၏စီနီယာအစ်ကိုကျန်က အလွန်လေးစားသည့် လူက ခုလိုမျိုး ဖြစ်နေလိမ့်မည်ဟု မျှော်လင့်ထားမိခြင်း မရှိပေ။သူမကိုယ်တိုင်သာ သူနှင့်ထူးဆန်းသောဆံဖြူလူတို့ တိုက်ပွဲကို မတွေ့မြင်ခဲ့ရပါက သူမရှေ့က လူကို စီနီယာတစ် ယောက်ဟုပင် ထင်မိလိမ့်မည် မဟုတ်ချေ။
စကားတစ်ခွန်းမှ မဆိုတော့ပဲ သူမက သိုလှောင်အိတ် တစ်ခုကို ဝမ်လင်းထံသို့ ပစ်ပေးလိုက်၏။ "ဒီထဲမှာ ကောင်းကင်ဘုံကျောက်စိမ်းပြား ငါးသောင်း ပါပါတယ်။ စီ နီယာ ကျေးဇူးပြုပြီး ရေကြည့်လိုက်ပါ..."
ဝမ်လင်းက ၎င်းသိုလှောင်အိတ်ကို ဖမ်းယူကာ အိတ်ပေါ် ရှိ နတ်ဘုရားအာရုံကို ပယ်ဖျက်လိုက်သည်။ သူ့နတ်ဘုရား အာရုံဖြင့် ၎င်းကို စစ်ဆေးကြည့်လိုက်သည့်အခါ ကောင်းကင်ဘုံကျောက်စိမ်းပြားအရေအတွက်သည် မှန် ကုန်သည်ကို တွေ့လိုက်ရ၏။ထို့နောက် ဝမ်လင်းသည် မျက်လုံးမှိတ်ထားလိုက်ပြီး ထိုအမျိုးသမီးကို အာရုံမစိုက် တော့ပေ။
အမျိုးသမီးက ဝမ်လင်းသည် အမှန်တကယ်ရေတွက် လိမ့်မည်ဟုလည်း မထင်မိပြန်ပေ။သူမက စိတ်ထဲ၌ အထင်သေးနေမိ၏။ သက်ပြင်းမှုတ်ထုတ်လိုက်ပြီးနောက် သူမသည် ဝမ်လင်းနှင့် ခပ်လှမ်းလှမ်းနေရာတွင် ထိုင်ချ လိုက်သည်။ သူမက ဟင်းလင်းပြင်ကို ကြည့်နေရင်း သူမ၏ မျက်လုံးထဲ၌ စိတ်ရှုပ်ထွေးမှုများ ဖြစ်ပေါ်ကာနေသည်။
"အစ်ကိုကျန်...နင်ကော ဘယ်ရောက်နေလဲ..."
အစိတ်အပိုင်းမြေတံဆိပ်တုံးသည် ၎င်းအပေါ်တွင် လူ တစ်ယောက်ပိုလာသော်လည်း ၎င်း၏အမြန်နှုန်းသည် လျော့ကျသွားခြင်း မရှိပေ။အမျိုးသမီး၏ စိတ်ရှုပ်ထွေးနေ မှုသည်လည်း ပြန်ကောင်းမွန်လာခဲ့၏။သူမက အစိတ်အပိုင်းမြေသည် လေဟာနယ်အက်ကြောင်းများကို တိုက်ချသွားသည်ကို စောင့်ကြည့်နေရင်း လေအေးတစ် ချက် ရှိုက်သွင်းမိလေ၏။
"ဒါက ဘယ်လိုရတနာမျိုးလဲ…။ဒါက တော်တော်လေး ကြောက်ဖို့ကောင်းလွန်းလှတယ်…" အမျိုးသမီးက သူမ အောက်ရှိ အစိတ်အပိုင်းမြေ၏ ဖိသိပ်မှုကြောင့် အက်ကွဲ ကြောင်းများစွာ ပျက်စီးသွားသည်ကို ကိုယ်တိုင်တွေ့နေရ သည်။ထိုလေဟာနယ်အက်ကြောင်းများထဲက အားက မည် မျှအားကောင်းပါစေ သက်ရောက်မှု ရှိမနေပေ။ အစိတ်အပိုင်းမြေပေါ်တွင်
ထိုအခိုက်အတန့်၌ သူမ၏ မျက်လုံးသည် ကျဉ်းမြောင်း သွားသည်။သူ၏ ညာဘက်ခြမ်း အကွာအဝေးတချို့တွင် အလင်းတန်းသုံးခုသည် ဟင်းလင်းပြင်ထဲကို ဖြတ်၍ပျံသန်းနေသည်။သူတို့နှစ်ယောက်သည် အမျိုးသားတစ် ယောက်နှင့်အမျိုးသမီးတစ်ယောက်တို့ ဖြစ်ကြသည်။ သူ တို့၏သွင်ပြင်က သုန်မှုန်နေ၏။ သူတို့၏မျက်လုံးများ ထဲ၌လည်း စိတ်ပူပန်မှုများ ရှိနေကြသည်။
"ရှီဇီဖန်…" အစိတ်အပိုင်းမြေပေါ်ရှိ အမျိုးသမီးက အလျင်အမြန် မတ်တတ်ထရပ်လိုက်သည်။
အကွာအဝေးတစ်ခုရှိ သုံးယောက်က သူမကို ချက်ချင်း သတိပြုမိသွားကြသည်။သူတို့၏မျက်လုံးထဲ၌လည်း ပျော် ရွှင်မှုများ ပြည့်နှက်သွားကြသည်။ သူတို့က အစိတ်အပိုင်း မြေရှိရာသို့ ချက်ချင်း ဦးတည်လာကြတော့သည်။
ဝမ်လင်း၏အသွင်က ပုံမှန်အတိုင်းသာ ရှိနေသည်။သူက အရှိန်လျှော့ပေးခြင်းလည်း မပြုဘဲ တူညီသောအမြန်နှုန်း နှင့်သာ ပျံသန်းစေနေသည်။ သူတိုသုံးယောက်သည် ထို အစိတ်အပိုင်းမြေကို မမီနိုင်သည့်ဟန်ဖြစ်ပေါ်နေကြ၏။
ရှီဇီဖန်လို့ခေါ်သည့် အမျိုးသမီးက ခပ်သွက်သွက် လှမ်း အော်လိုက်၏။ ကျန်ယွမ်...ငါကို စောင့်ပါဦး..."
ကျန်အမျိုးသမီးက ဝမ်လင်းကို အလျင်အမြန် လှမ်းပြော လိုက်၏။ "စီနီယာ.ကျေးဇူးပြုပြီး ရပ်ပေးပါ။ဂျူနီယာရဲ့ သူငယ်ချင်းကောင်းတွေက ဒီအပေါ်မှာ လိုက်ချင်နေပါ ໑໖..."
ဝမ်လင်းက မျက်လုံးဖွင့်လာသည်။သူက စိတ်မရှည်ဟန် ဖြစ်ပေါ်နေ၏။သူက သူမကို လျစ်လျူရှုထားလိုက်သည်။
ကျန်အမျိုးသမီးက ခြေဆောင့်နင်းကာ သူမ၏ သိုလှောင် အိတ်ကို ပုတ်လိုက်သည်။ထိုအခါ အနီရောင်ပိုးသားမျှင် တစ်ခုက ပျံသန်းထွက်သွားသည်။ထိုအနီရောင်ပိုးသားမျှင် က ချက်ချင်း ချဲ့ကားလာကာ နောက်ကလိုက်လာသည့် လူ သုံးယောက်ထံသို့ ပျံသန်းသွားသည်။
ရှီဇီဖန်က ထိုအနီရောင်ပိုးသားမျှင်ကို အလျင်အမြန် ဖမ်း ဆုပ်ကာ သူမကိုသူမရှေ့သို့ ဆောင့်ဆွဲလိုက်၏။ ကျန်သည့် နှစ်ယောက်ကလည်း ထို့အတူ လုပ်ဆောင်လိုက်ကြသည်။ နောက်ဆုံးတွင် သူတို့သုံးယောက်သည် လိုက်မီသွားကာ အစိတ်အပိုင်းမြေပေါ်သို့ ရောက်ရှိသွားကြသည်။
သူတို့သုံးယောက်က ခုမှ စိတ်သက်သာရာရသွားကြ၏။ သူတို့က အကွာအဝေးတစ်ခုရှိ ဝမ်လင်းကို သတိပြုမိလိုက် ကြသည်။ အမျိုးသားကျင့်ကြံသူနှစ်ယောက်က ကျန်ယွမ်ကိကို ကြည့်ကာ မေးလိုက်သည်။ "ဒီရောင်းရင်းကျင့်ကြံသူ က.."
ကျန်ယွမ်၏ အပြောကို စောင့်မနေတော့ဘဲ ရှီဇီဖန်က အနီးကပ်လှမ်းကြည့်လိုက်ရာ သူမ၏ အသွင်သည် ချက်ချင်း ပြောင်းလဲသွားလေသည်။ သူမက ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုး၍ဦးညွှတ်ကာ လေးလေးစားစား ပြောလိုက်သည်။ "ဂျူနီယာရှီဇီဇန်က စီနီယာ့ကို နှုတ်ဆက် ပါတယ်။ စီနီယာက ငါတို့ကို နှစ်ကြိမ်နှစ်ခါ ကယ်တင်ခဲ့တဲ့ အတွက် ကျေးဇူးအများကြီး တင်ပါတယ်..."
သူမက ထိုသို့ ပြောလိုက်ရင်း သူမ၏မျက်နှာသည် နီမြန်း သွားသည်။
ဝမ်လင်းက ထိုအမျိုးသမီးကို ကြည့်လိုက်၏။ သူမသည် ကျန်ယွမ်ထက် အတော်လေး ပိုလှ၏။ သူသည် ထို အမျိုးသမီးကို ကောင်းကင်ဘုံဂိတ်ပေါက်၌ အရှင် မီးတောက်က သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်ခဲ့တုန်းက ဟင်းလင်းပြင်ထဲသို့ ကန်ထုတ်လိုက်သည့် လူများထဲမှ တစ် ယောက်ဖြစ်မှန်း ခပ်ရေးရေး မှတ်မိသွားသည်။
မျက်မှောင်ကြုတ်နေရင်း ဝမ်လင်းသည် အလိုမကျ ဖြစ် နေ၏။သူက သည်လိုသာ ဖြစ်မည်မှန်း သိခဲ့လျှင် ကျန်ယွမ် ကိုလည်း ကယ်တင်ခဲ့လိမ့်မည် မဟုတ်ပေ။ သူက မေးလိုက် သည်။ "မင်းတို့သုံးယောက်မှာ ကောင်းကင်ဘုံကျောက်စိမ်း ပြားတွေ ရှိကြလား..."
ရှီဇီဖန်က ကြောင်သွား၏။ သူက ပြန်မဖြေခင်မှာပင် ကျန်ယွမ်က ခပ်သွက်သွက် ပြောလာသည်။ "နင့်အသက်ကို ကယ်တင်ပေးတဲ့အတွက် ကောင်းကင်ဘုံကျောက်စိမ်းပြား တစ်သောင်း၊ ဒီမှာ နေဖို့အတွက် တစ်နာရီစာအတွက် ကောင်းကင်ဘုံကျောက်စိမ်းပြား တစ်သောင်း ထပ်ပေးရမယ်
ဇီရှီဖန်က ခေါင်းညိတ်ကာ ပြောလိုက်၏။ “ဒါက ဖြစ်သင့် ပါတယ်..." သူမနှင့်သူမဘေးရှိနှစ်ယောက်တို့သည် သူ တို့၏ သိုလှောင်အိတ်ထဲကနေ ကောင်းကင်ဘုံကျောက်စိမ်းပြားများကို ထုတ်ယူကာ ဝမ်လင်းထံသို့ လေးလေးစားစား ကမ်းပေးလိုက်သည်။
ဝမ်လင်းက ၎င်းတို့ကို လက်ခံလိုက်၏။ထို့နောက် သူက မျက်လုံးပြန်မှိတ်ကာ သူတို့အား လျစ်လျူရှုထားလိုက်လေ သည်။
ကျန်ယွမ်နှင့်အတူ အခြားလူများသည် အတူထိုင်လိုက် ကြကာ သူတို့က ဟင်းလင်းပြင်ထဲသို့ ကြည့်လိုက်၏။ သူတို့ အားလုံးသည် အသက်ဘေးမှ လွတ်သွားသလို ခံစားနေရ သည်။
ထိုအစိတ်အပိုင်းမြေက အလွန်မြန်ဆန်လှ၏။ သူတို့က ကောင်းကင်ဘုံနယ်မြေထဲသို့ ပို၍ တိုးဝင်နေရင်း ဝမ်လင်း သည် မျက်မှောင်ကြုတ်လျက်သာ ရှိနေ၏။လမ်း တစ်လျှောက်တွင် သူက ကျင့်ကြံသူတော်တော်များများနှင့် တွေ့ခဲ့ရသည်။
သည်လူများက အစိတ်အပိုင်းမြေကို မြင်သည်နှင့် သူ တို့၏ နောက်ဆုံးမျှော်လင့်ချက်ကို ရှာတွေ့သည့်အလား ထို အစိတ်အပိုင်းမြေပေါ်တက်ရောက်နိုင်ရန် အကောင်းဆုံး ကြိုးစား ကြတော့သည်။သူတို့ထဲက အချို့သည် အစိတ်အပိုင်းမြေပေါ်ရှိ ကျန်ယွမ်တို့လေးယောက်နှင့်ပင် မိတ်ဆွေအသိများ ဖြစ်နေကြသေးသည်။
တို့အတွက်ကြောင့် အစိတ်အပိုင်းမြေပေါ်သို့ ပိုပိုများပြား သည့် ကျင့်ကြံသူများ ရောက်လာကြ၏။ သို့ရာတွင် ဝမ်လင်းက ထိုအရာနှင့် ပတ်သက်၍ စိတ်ပူပန်ခြင်း မရှိပေ။ အစိတ်အပိုင်းမြေပေါ်သို့ အသစ်တစ်ယောက် ရောက်လာ တိုင်း ကျန်ယွမ်က ကောင်းကင်ဘုံကျောက်စိမ်းပြား လိုအပ်ချက်ကို ပြောပြပေလိမ့်မည်။
သည်အခိုက်အတန့်၌ ဝမ်လင်းတွင် သိုလှောင်အိတ် အတော်များများ ရှိနေလေပြီ။ ထိုသိုလှောင်အိတ် တစ်ခု ချင်းစီတွင်လည်း ကောင်းကင်ဘုံကျောက်စိမ်းပြားများစွာ ပါဝင်နေ၏။ ယခုအခါတွင် အစိတ်အပိုင်းမြေပေါ်၌ ကျင့်ကြံ သူနှစ်ဆယ်နီးပါး ရှိနေပြီ ဖြစ်သည်။
သည်လူများက အတူထိုင်နေကြခြင်း မဟုတ်ပေ။ အချို့ က တစ်ယောက်နှင့်တစ်ယောက် မိတ်ဆက်စကားပြောနေ ကြသည်။အခြားသူများကတော့ သူတို့ဟာ သူတို့ ထိုင် နေကာ ဟင်းလင်းပြင်ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေကြ သည်။
သူတို့ထဲက အချို့ကတော့ ဝမ်လင်းကို ချက်ချင်း သတိပြု မိကာ စိတ်သက်သာရာ ရသွားကြ၏။ သူတို့၏ စိတ်ထဲတွင် ဝမ်လင်းသာ သည်နေရာမှာ ရှိနေပါက သူတို့သည် လုံခြုံ အန္တရာယ်ကင်းလိမ့်မည်ဟု ခံစားရသည်။
အစိတ်အပိုင်းမြေသည် ဟင်းလင်းပြင်ထဲ၌ ဖြတ်သန်း ပျံသန်းနေရင်း ပိုပိုများပြားသည့်လူများက အစိတ်အပိုင်း မြေပေါ်သို့ ရောက်လာကြ၏။ ခုချိန်တွင် အစိတ်အပိုင်း မြေပေါ်၌ လူငါးဆယ်ကျော်လောက် ရှိလာခဲ့ပြီ ဖြစ်သည်။
ဝမ်လင်းက ဟင်းလင်းပြင်ထဲကို ကြည့်နေရင်း မျက်မှောင်ကြုတ်နေ၏။ သူက သည်အစိတ်အပိုင်းမြေထံသို့ အလင်းတန်း ဆယ့်နှစ်ခုကျော်က ကပ်လိုက်နေသည်ကို လည်း တွေ့မြင်နေ၏။
ထိုအလင်းတန်းများထဲရှိ ကျင့်ကြံသူများသည် သည် အစိတ်အပိုင်းမြေကို မမီနိုင်ဖြစ်နေကာ အစိတ်အပိုင်း မြေပေါ်ရှိ မည်သူနှင့်မှလည်း မသိကြချေ။ အစိတ်အပိုင်း မြေပေါ်ရှိ တစ်စုံတစ်ယောက်၏ အကူအညီမပါဘဲ သူတို့က သူတို့ကိုယ်တိုင် သည်အစိတ်အပိုင်းမြေကို မီလာနိုင်ကြ ခြင်း မရှိပေ။
သို့သော်လည်း သည်အစိတ်အပိုင်းမြေနောက်ကနေ ကပ် လိုက်ခြင်းက သူတို့အတွက် များစွာ ပိုလုံခြုံစေ၏။ အစိတ်အပိုင်းမြေ ဖြတ်ကျော်သွားပြီးသည့်နောက် လေဟာနယ်အက်ကြောင်းများသည် အားပျော့သွားကာ ပျက်စီးမည့်အရိပ်လက္ခဏာများ ပြသလာကြ၏။ထို့ကြောင့် သူတို့အတွက် ပို၍ လုံခြုံအန္တရာယ်ကင်းခြင်း ဖြစ်လေ၏။
ပိုပိုများပြားသော ကျင့်ကြံသူများက စုဝေးလာနေကြ၏။ ထိုအခါ အစိတ်အပိုင်းမြေနောက်၌ အမြီးတန်းတစ်ခုလို ဖြစ်လာတော့၏။ လူအများသည် အစိတ်အပိုင်းမြေနောက် ကနေ ကပ်၍ လိုက်ပါလာကြသည်။
သူတို့အမြင်၌ ထိုအရာကသာ တစ်ခုတည်းသော အသက် ရှင်သန်နိုင်သည့် လမ်းကြောင်း ဖြစ်နေပေသည်။အချို့အားကောင်းသော ကျင့်ကြံသူများကမူ အစိတ်အပိုင်း မြေပေါ်မှလူ၏ အကူအညီမပါဘဲ သူ့တို့ဘာသာ ရောက် အောင်တက်လာနိုင်ကြ၏။
သို့ရာတွင် သူတို့က အစိတ်အပိုင်းမြေပေါ်သို့ ရောက်လာ သည်နှင့် မည်သည့်ကျင့်ကြံမှုအဆင့်၌ ရှိသည်ဖြစ်စေ သည် နေရာတွင် နေဖို့အတွက် ကောင်းကင်ဘုံကျောက်စိမ်းပြား များကို ချက်ချင်း ပေးဆောင်ရပေ၏။
ထိုသို့ ဖြစ်ရခြင်းသည့် အကြောင်းရင်းမှာ ကောင်းကင်ဘုံ ဂိတ်ပေါက်နားရှိ ဝမ်လင်းနှင့်ဆံဖြူလူတို့၏ တိုက်ပွဲကြောင့် ဖြစ်လေ၏။ အထည်ဒြပ်ယန်အဆင့် ကျင့်ကြံသူများပင် ဝမ် လင်းကို မြင်တွေ့သည့်အခါ စီနီယာဟု တလေးတစား ခေါ်ဝေါ်ကြပေသည်။
ကောင်းကင်ဘုံကျောက်စိမ်းပြားများ ပါဝင်သည့် သိုလှောင်အိတ်များကို ထိကြည့်ပြီးသည့်နောက် ဝမ်လင်း သည် သက်ပြင်းချကာ ထိုလူများကို လစ်လျူရှုထား လိုက်၏။ သူက ရှန်ကုန်းဟူနှင့် သိပ်မဝေးတော့ဟု ခံစားမိနေ၏။
ထိုအခိုက်အတန့်၌ မြေကြီးထုတစ်ခုသည် သူတို့၏ ရှေ့၌ ရုတ်တရက် ပေါ်လာ၏။ သည်မြေကြီးထုသည် ပေတစ် သောင်းခန့် ကျယ်ဝန်းကာ ၎င်း၏အစွန်အဖျားပိုင်း များသည် ပြိုကျလျက် ရှိနေသည်။ ထိုမြေကြီးထုက လေဟာနယ်အက်ကြောင်းများနှင့် ထိတိုက်မိသည့်အခါတိုင်း ပဲ့ကျလို့နေ၏။
ထိုမြေကြီးထုပေါ်တွင် လူသုံးယောက် မတ်တတ်ရပ် နေ၏။ သူတို့အားလုံးသည် အထည်ဒြပ်ယန်အဆင့်တွင် ရှိနေကြသည်။သူတို့နောက်တွင်မူ ဝမ်လင်း၏ ပေတစ်ထောင် ခန့်ရှိသော အစိတ်အပိုင်းမြေကို လောဘတကြီး ကြည့်နေ ကြသော ကျင့်ကြံသူတစ်ရာကျော် ရှိလေသည်။
"ဒီအစိတ်အပိုင်းမြေကို ထားခဲ့လိုက်..." သုံးယောက်ထဲ မှရွှေရောင်ဝတ်စုံနှင့်တစ်ယောက်၏ အသံသည် ဟင်းလင်းပြင်ထဲ၌ ပဲ့တင်ထပ်လာခဲ့သည်။
ဝမ်လင်းက ပဲ့ကြွေနေသော ပေတစ်သောင်းခန့်ရှိသည့် အစိတ်အပိုင်းမြေပေါ်ရှိ သုံးယောက်ကို တည်ငြိမ်စွာ ကြည့် နေ၏။ သူတို့သည်လည်း ဝမ်လင်းကဲ့သို့ အစိတ်အပိုင်းမြေ ကို အသုံးပြု၍ ပျံသန်းသွားမည့်အကြံကို ရရှိခဲ့ကြသူများ ဖြစ်ကြသည်။
သို့ရာတွင် သူတို့၏အစိတ်အပိုင်းမြေသည် နတ်ဘုရား ပြစ်ဒဏ်ဖြင့် မွမ်းမံထားခြင်း မဟုတ်သည့်အတွက် လုံလောက်အောင် မာကျောခြင်း မရှိပေ။
ရွှေရောင်ဝတ်စုံနှင့်လူက ရှေ့သို့ တိုးဝင်လာခဲ့သည်။သူက လေဟာနယ်အက်ကြောင်းများကို ရှောင်၍ ဝမ်လင်းတို့ ရှိနေသော အစိတ်အပိုင်းမြေထံသို့ တည့်တည့်တိုးဝင်လာ နေ၏။ သူတို့သုံးယောက်ထဲတွင် အဖြူရောင်ဆံပင်နှင့်အ ဘိုးအိုသည် ရှေ့ဆုံးတွင် ရှိနေ၏။
သူတို့နှစ်ယောက်က အစိတ်အပိုင်းမြေပေါ်တွင် အပြာ ရောင်ဝတ်စုံနှင့် ကျင့်ကြံသူတစ်ယောက်ကိုသာ ချန်ခဲ့ လေ၏။
ဝမ်လင်းက တည်ငြိမ်စွာ ရှိနေသည်။သူက သူ့ညာလက် ကို ပင့်မြှောက်ကာ လေထဲသို့ လက်ညွှန်လိုက်၏။ထိုအခါ သူ့လက်ခုံပေါ်ရှိ သားရဲအရိုးအမှတ်အသားသည် ချက်ချင်း ပျံသန်းထွက်သွားကာ သားရဲအရိုးအဖြစ် ဟင်းလင်းပြင်ထဲ တွင် ပြောင်းလဲသွားသည်။
ထိုအခါ သားရဲအရိုး၏မျက်လုံးအိမ်နေရာကနေ တစ္ဆေ အလင်းတစ်ခု ပေါ်လာခဲ့ကာ သိပ်သည်းသော သတ်ဖြတ် ခြင်းစိတ်ဆန္ဒက သည်ဧရိယာတွင် ပြည့်နှက်လာခဲ့သည်။
ချက်ချင်းလိုလို ရွှေရောင်ဝတ်စုံနှင့်လူသည် မန္တန်တစ်ခု အသုံးမပြုလိုက်နိုင်ခင်မှာပင် သူ့ခန္ဓာကိုယ်သည် တုန်ယင် သွားကာ မီးခိုးရောင်သည် သူ့ကိုယ်အနှံ့တွင် စတင်ပျံ့နှံ့ သွား၏။ ထိုအခါ သူ့မျက်လုံးထဲ၌ ကြောက်လန့်မှုတို့ ပြည့် နှက်သွားသည်။ချက်ချင်းပင် သူက သူ့နဖူးကို ရိုက်ကာ သူ့ မူလစိတ်ဝိညာဉ်ကို ပျံသန်းထွက်စေလိုက်၏။
ဝမ်လင်းက နှာခေါင်းရှုံ့ကာ သူ့သိုလှောင်အိတ်ကို ပုတ် လိုက်၏။ထိုအခါ စိတ်ဝိညာဉ်အလံသည် ပျံသန်းထွက် သွား၏။၎င်းက အနက်ရောင်မြူများအဖြစ်သို့ ပြောင်းလဲ ကာ ထိုလူ၏မူလစိတ်ဝိညာဉ်ထံသို့ တိုးဝင်သွားသည်။
သည်အခိုက်အတန့်၌ အဖြူရောင်ဝတ်စုံနှင့်အဘိုးအိုကနီးကပ်လို့လာ၏။ သူက သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေပြီး အော်ပြောလိုက်၏။ "ကောင်းကင်ဘုံမန္တန်... မိုးကြိုးခုတ်ပိုင်းခြင်း..." မိုးကြိုးက သူ့ရှေ့တွင် အရူးအမူး လာရောက်စုဝေးကာ မိုးကြိုးဓားသွားအဖြစ်သို့ ပြောင်းလဲ၍ ဝမ်လင်းထံသို့ တိုးဝင်သွားလေသည်။
ဝမ်လင်း၏မျက်လုံးက ကျဉ်းမြောင်းသွားသည်။ မိုးကြိုး ဓားသွားနီးကပ်လာခြင်း မရှိခင်မှာပင် သူက ၎င်းအတွင်းရှိပေါကြွယ်ဝသောမူလစွမ်းအင်များကို ခံစားမိလိုက်၏။ ၎င်း က နီးကပ်လာသည့်အခါ ဝမ်လင်းခန္ဓာကိုယ်မှ ဆက်ခနဲ လင်းလက်သွားပြီး သူ့မူလစိတ်ဝိညာဉ်သည် ပျံသန်းထွက် လာပြီး မိုးကြိုးဓားသွားကို ဝါးမျိုသွားသည်။
သူ့မူလစိတ်ဝိညာဉ်သည် သူ့ခန္ဓာကိုယ်ထဲသို့ ပြန်ဝင် ရောက်လာပြီးသည့်နောက် ဝမ်လင်း၏မျက်နှာသည် အနည်းငယ် နီမြန်းသွား၏။ သူက မတ်တတ်ထရပ်ကာ အ ဘိုးအိုကို အေးစက်စွာ ကြည့်လိုက်၏။ ထို့နောက် ရှေ့သို့ ခြေတစ်လှမ်းလှမ်းကာ ထိုးထွက်သွားသည်။
အဖြူရောင်ဝတ်စုံနှင့်အဘိုးအို၏ အမူအရာသည် ကြီးစွာ ပြောင်းလဲသွား၏။သူက နောက်သို့ ချက်ချင်း ပြန်ဆုတ် လိုက်သည်။ သူက နောက်ဆုတ်နေသည့်အခါ အပြာရောင် ဝတ်စုံနှင့်လူက မျက်မှောင်ကြုတ်သွားပြီး သူရှိနှင့်နေသော အစိတ်အပိုင်းမြေပေါ်ကနေ ခုန်ထွက်လာလေ၏။
ဝမ်လင်း၏မျက်လုံးက အေးစက်သွား၏။ သူက ပုံမှန်အားဖြင့် အခြားလူများကို ရန်မစပေ။ သို့သော် သူ့ကို လာ စော်ကားလျှင်လည်း သူက ချက်ခြင်း ပြန်တုံ့ပြန်မည် ဖြစ်သည်။
သည်အခိုက်အတန့်၌ သူက အဖြူရောင်ဝတ်စုံနှင့်အဘိုး အိုထံသို့ လက်ညွှန်ကာ ရပ်တန့်ခြင်းကောင်းကင်ဘုံမန္တန်ကို အသုံးပြုလိုက်သည်။အဘိုးအို၏ ခန္ဓာကိုယ်သည် ချက်ချင်း ရပ်တန့်သွား၏။ သူ့ခန္ဓာကိုယ်သာ ရပ်တန့်သွားခြင်း မဟုတ်ဘဲ သူ့မူလစိတ်ဝိညာဉ်အပေါ်သို့ပါ သက်ရောက် သွားလေ၏။
ဝမ်လင်းက ခြေတစ်လှမ်းတိုးကာ သူ့လက်ကို ဓားတစ် လက်အသွင် ဖြစ်ပေါ်စေလိုက်၏။ သူက ထိုအဘိုးအိုကို ဖြတ်ကျော်သွားစဉ် သူ့မျက်ခုံးနှစ်ခုကြားသို့ လက်ညွှန်လိုက် သည်။ထိုအခါ အဘိုးအိုသည် သွေးအန်ထုတ်လိုက်ရကာ သူ့ ခန္ဓာကိုယ်သည် နောက်ဆုံးတွင် ပျက်စီးသွားလေ၏။သူ့ မူလစိတ်ဝိညာဉ်သည်လည်း အကြောက်အကန် ထွက်ပြေး တော့၏။ ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူ သည် လက်ဆန့်တန်း၍ အဘိုးအို၏မူလစိတ်ဝိညာဉ်ကို လှမ်းဖမ်းလိုက်လေသည်။
"ရောင်းရင်းကျင့်ကြံသူ...ရပ်လိုက်ပါ..." ကျယ်လောင်သောအသံတစ်သံသည် အပြာရောင်ဝတ်စုံနှင့် ကျင့်ကြံသူထံမှ ထွက်ပေါ်လာခဲ့သည်။သူ့ခန္ဓာကိုယ်သည် လည်း ဝမ်လင်းထံသို့ တစ်ဟုန်ထိုး တိုးဝင်လာ၏။ သူက သူ့ ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေလိုက်ရာ သူ့မျက်ခုံးနှစ်ခုကြားထဲကနေ ပုံရိပ်ယောင်ဓားတစ်လက် ပျံသန်းထွက်လာခဲ့တော့သည်။ထိုဓားက တည်နေရာ ရွှေ့ပြောင်းလိုက်သကဲ့သို့၀မ်လင်းရှေ့တွင်ပေါ်လာသည်။
ဝမ်လင်း၏မျက်လုံးက အေးစက်နေကာ သူက သူ့လက် ထဲရှိ မူလစိတ်ဝိညာဉ်ကို ခြေမွပစ်လိုက်သည်။ သည့်နောက် သူက ခေါင်းလှည့်လိုက်ရာ တတိယမျက်လုံးသည် ရုတ်တရက် ပွင့်သွားသည်။ အနီရောင်အလင်းက ယပ်တောင်အသွင် ပြောင်း၍ ချက်ချင်းပင် ပုံရိပ်ယောင်ဓား ကို ပိတ်ဖုံးသွားသည်။
ထိုအနီရောင်အလင်းအောက်၌ ပုံရိပ်ယောင်ဓားသည် အနက်ရောင်အခိုးငွေ့များကို ထုတ်လွှတ်ပြီး ချက်ချင်း ပျက်စီးသွားလေသည်။
အပြာရောင်ဝတ်စုံနှင့် ကျင့်ကြံသူက ဝမ်လင်းနှင့် ပေတစ် ရာအကွာတွင် ရပ်တန့်လိုက်သည်။ သူက ဝမ်လင်းကို သုန်မှုန်စွာ စူးစိုက်ကြည့်၍ ပြောလိုက်၏။ "သင့်ရဲ့မန္တန်တွေ က တကယ်အံ့မခန်းပဲ။ ငါတို့ ဒီကိစ္စကို ဒီနေရာမှာပဲ ထား လိုက်ကြရအောင်..." ထိုသူသည် သူ့မျက်လုံးထဲရှိသတ်ဖြတ်ခြင်းစိတ်ဆန္ဒကို ဖိနှိပ်ကာနောက်သို့ ဖြည်းဖြည်းချင်း ပြန်ဆုတ်သွားလေသည်။
အတင်းထိုးထွက်ခြင်း(၃)Ep (164) တတိယပိုင်း
ဝမ်လင်းက အပြာရောင်ဝတ်စုံနှင့်လူကို အေးစက်စွာ ကြည့်၍ စိတ်ဝိညာဉ်အလံကို ပြန်သိမ်းဆည်းလိုက်သည်။ ထို့နောက် အစိတ်အပိုင်းမြေ ရှိရာသို့ ပြန်လာခဲ့လိုက်၏။ သည်အခိုက်အတန့်၌ အစိတ်အပိုင်းမြေပေါ်ရှိ ကျင့်ကြံ သူများသည် အားလုံးမတ်တတ်ရပ်ကာ လှမ်း၍ ကြည့်နေ ကြ၏။
သူက အစိတ်အပိုင်းမြေပေါ်သို့ ပြန်ခြေချလိုက်ပြီးနောက် ဝမ်လင်းသည် ထိုင်ချလိုက်ရာ အစိတ်အပိုင်းမြေသည် ထိုး ထွက်သွားတော့သည်။
ဝမ်လင်းက ထိုင်နေရင်း သူ့လက်ထဲရှိ မူလစိတ်ဝိညာဉ် ကို ဝါးမျိုလိုက်၏။ထို့နောက် သူ့လက်ကို ကောင်းကင်ထက် သို့ ညွှန်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ "လေ ဆင့်ခေါ်ခြင်း..."
အနက်ရောင်က ချက်ချင်း ပေါ်ထွက်လာခဲ့သည်။၎င်းက အနက်ရောင်နဂါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲကာ အပြာရောင်ဝတ်စုံနှင့်လူထံသို့ တန်းမတ်စွာ တိုးဝင်သွား သည်။ ထိုသူ၏ အသွင်က ချက်ချင်းပြောင်းလဲသွားကာ သူကနောက်သို့ အမြန်ဆုတ်လိုက်သည်။ သို့ရာတွင် သည် အခိုက်အတန့်၌ အနက်ရောင်နဂါးသည် ပါးစပ်ဟလာကာ အေးစက်စက်အနက်ရောင်လေကို မှုတ်ထုတ်လိုက်လေ၏။
လေတိုးသံများက လောက၌ ပြည့်နှက်လာခဲ့သည်။အပြာ ရောင်ဝတ်စုံနှင့်လူ၏ မျက်လုံးများသည် မှိန်ဖျော့သွားကာ ရုန်းကန်နေရသည့်အရိပ်အယောင် ဖြစ်ပေါ်နေသည်။ သို့ရာတွင် သူက သူ့နောက်တွင် ပေသုံးဆယ်ခန့်ရှည်လျား သည် လေဟာနယ်အက်ကြောင်းတစ်ခုပေါ်လာခဲ့သည် ကိုတော့ သတိပြုမိခဲ့ခြင်း မရှိပေ။ သူက နောက်သို့ ဆုတ် နေရင်း ထိုအက်ကြောင်းထဲသို့ တိုက်ရိုက် တိုးဝင်မိသွား သည်။
သူ့ခန္ဓာကိုယ်က သဲလွန်စမရှိ ပျောက်ကွယ်သွားတော့၏။
အဝေးရှိ နီးကပ်လာနေသော အခြားအစိတ်အပိုင်း မြေပေါ်မှ ကျင့်ကြံသူအများစုသည် ဝမ်လင်းကို ကြောက်ရွံ့ စွာ ကြည့်နေကြတော့၏။
ဆံဖြူလူနှင့်ဝမ်လင်းတို့၏ တိုက်ပွဲကို မြင်တွေ့ခဲ့ဖူးသော လူများကမူ ဝမ်လင်းသည် အထည်ဒြပ်ယန်အဆင့်ကျင့်ကြံ သူသုံးယောက်ကို သတ်ပစ်လိုက်ခြင်းကို တုန်လှုပ်မိကြခြင်း မရှိပေ။သူတို့က ဒါသည် သဘာဝကျသည်ဟုပင် ခံစားမိနေ သေးသည်။
သို့ရာတွင် ဝမ်လင်းကို အရင်က တွေ့မြင်ခဲ့ဖူးခြင်း မရှိသည့် ကျင့်ကြံသူများအဖို့ကတော့ တုန်လှုပ်ချောက်ချားကုန်ကြ၏။ ထိုသူများထဲတွင် ဝမ်လင်းထံမှ အစိတ်အပိုင်းမြေကို ခိုးယူချင်သည် သူများလည်းပါဝင်နေကာ သူတို့သည် ချွေး များနှင့် ရွှဲနစ်ကာ ကြောက်ရွံ့မှုတို့ ပြည့်နှက်သွားကြလေ သည်။
ထိုသို့ဖြစ်ပျက်ပြီးသည့်နောက် အစိတ်အပိုင်းမြေသည် လုံးဝတိတ်ဆိတ်လာခဲ့သည်။ထိုသို့ဖြစ်ရခြင်းသည် ကျင့်ကြံ သူအများအပြားက ကြောက်ရွံ့မှုတို့ကြောင့် တော့သည်။ ဝမ်လင်းအပေါ် လေးစားမှုနှင့် ငြိမ်သက်သွားခြင်းသာ ဖြစ်
အစိတ်အပိုင်းမြေက မြန်သထက်မြန်ဆန်လာ၏။ နာရီ များစွာ ကြာမြင့်ပြီးသည့်နောက် ဝမ်လင်း၏မျက်လုံးက ကျဉ်းမြောင်းသွားကာ ဓားစွမ်းအင်တန်းတစ်ခုသည် အကွာ အဝေးတစ်ခုတွင် ပျံသန်းနေသည်ကို တွေ့မြင်လိုက်၏။ ထို အလင်းတန်းထဲပ ရှန်ကုန်းဟူ ရှိလို့နေသည်။
ရှန်ကုန်းဟူက ပျံသန်းနေရင်း ရုတ်တရက် နောက်လှည့် ကြည့်လိုက်ရာ အလွန်မြန်ဆန်စွာ နီးကပ်လာသော အစိတ်အပိုင်းမြေကို ရုတ်တရက် တွေ့မြင်သွားသည်။သူက ဝမ်လင်းကိုပါ တွေ့မြင်လိုကရသဖြင့် သူ့မျက်လုံးထဲ၌ စိတ် လှုပ်ရှားမှုများ ပြည့်လာကာ သူက ဝမ်လင်းရှိရာသို့ ပျံသန်း လို့လာသည်။
ရှန်ကုန်းဟူသည် ဝမ်လင်းရှေ့တွင်ရပ်ကာ တလေးတစား ပြောလိုက်၏။ "ရှန်ကုန်းဟူက အရှင်သခင်ကို နှုတ်ဆက်ပါတယ်..." ဝမ်လင်းထံသို့ ကြည့်နေသော သူ့အကြည့်က လေးစားမှုတို့နှင့် ပြည့်နေသည်။
ဝမ်လင်းက ခပ်ရေးရေး ပြုံးလိုက်၏။ သူက ခေါင်းညိတ် ကာ ပြောလိုက်သည်။ "ငါ့ဘေးနားမှာ လာထိုင်ချေ...ပြီးရင် ငါ့ကို မိုးကြိုးကောင်းကင်ဘုံကျောင်းတော်ရဲ့ တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်ရှိရာ ခေါ်သွားပါ..."
ရှန်ကုန်းဟူက အစိတ်အပိုင်းမြေပေါ်ရှိ အခြားလူများကို ကြည့်ပင်မကြည့်ပေ။ သူက ချက်ချင်းပင် ထိုင်ချ၍ လေးစားစွာ ပြောလိုက်သည်။ "ငါ့အရှင်....ငါတို့က တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်နဲ့ သိပ်မဝေးတော့ပါ ဘူး..." သူက ထိုသို့ ပြောလိုက်ရင်း လမ်းညွှန်ပြလိုက် သည်။
အစိတ်အပိုင်းမြေပေါ်ရှိလူများသည် ထိုမြင်ကွင်းကြောင့် ပို၍ တုန်လှုပ်သွားကြရပြန်သည်။ အစိတ်အပိုင်းမြေပေါ်ရှိလူအများက ရှန်ကုန်းဟူကို သိရှိကြ၏။ သူတို့က ဝမ်လင်း ကို သူ ‘ငါ့အရှင်' ဟုခေါ်သည်အား ကြားလိုက်ရသည့်အခါ သူတို့သည် ကိုယ့်အတွေးနှင့်ကိုယ် တွေးမိလိုက်ကြသည်။
ဇီရှီဖန်က လှပသောမျက်လုံးမျာဖြင့် ဝမ်လင်း၏ နောက်ကျောကို ကြည့်နေသည်။သူမ၏ မျက်နှာက တစ်ခုခု ကို မှတ်မိသွားသကဲ့သို့ နီမြန်းသွားပြန်သည်။ သို့သော် သူမ သည် သူ့အကြည့်ကို ပြန်ဖယ်ရှားခြင်းတော့ မရှိပေ။
မိုးကြိုးကောင်းကင်ဘုံနယ်မြေ၏
ပျက်စီးနေမှုကိုအထွတ်အထိပ်သို့ ရောက်လာခဲ့ကာ ဝမ် လင်း၏အစိတ်အပိုင်းမြေကလည်း ဟင်းလင်းပြင်ထဲ၌ ဆက်၍ ပျံသန်းသေနည်။ လေဟာနယ်အက်ကြောင်းကြီး များထဲကနေ အေးစက်စက်လေများက ထွက်ပေါ်တိုက်ခတ် နေသည်။
ဟင်းလင်းပြင်တစ်ခုလုံးသည် အက်ကွဲကြောင်းများနှင့် ပြည့်လို့နေ၏။အချို့အက်ကွဲကြောင်းများသည် အတူ ချိတ်ဆက်သွားကြကာ ပေတစ်ထောင်ထက်ပင် ရှည်လျား နေသေး၏။
ဝမ်လင်းက သူ့အစိတ်အပိုင်းမြေကို ထိန်းချုပ်နေရင်း သူ့ မျက်လုံးသည် အလေးအနက် ဖြစ်လာခဲ့သည်။ သည် အခိုက်အတန့် သူ့အောက်ရှိ အစိတ်အပိုင်းမြေသည် လှည့် ကာ ကွေ့၍ ပျံသန်းသွားစဉ် သူ့မျက်လုံးသည် ပြူးကျယ် သွားသည်။
သူ လှည့်လိုက်သည့်အခိုက်တွင် ပေနှစ်ထောင်ခန့် ရှည်လျားသည် လေဟာနယ်အက်ကြောင်းတစ်ခု ရုတ်တရက် ပေါ်လာခဲ့ပေသည်။ နောက်ကနေလိုက်ပါလာ သည့် ကျင့်ကြံသူများသည် အချိန်မီ ပြန်မတုံ့ပြန်နိုင်ဘဲ အကူအညီတောင်းသံများနှင့်အတူ အက်ကွဲကြောင်း၏ဝါး မျိုခြင်း ခံလိုက်ရလေသည်။
ဝမ်လင်းက အစိတ်အပိုင်းမြေကို ထိန်းချုပ်ရာ၌သာ အာရုံအပြည့်စိုက်ထားသည်။ထို့ကြောင့် သူက အခြားလူများကို အာရုံစိုက်နေရန် အချိန်မရှိပေ။ သူက ထို အက်ကြောင်းကြီးကို ရှောင်နိုင်ရန် အစိတ်အပိုင်းမြေကို ထိန်းချုပ်လိုက်ရင်း သူ့အသွင်က ပို၍ သုန်မှုန်လာခဲ့၏။
ဝမ်လင်းက မေးလိုက်သည်။ "ဘယ်လောက်လိုသေးလဲ..
"ငါးကီလိုမီတာတောင် မလိုတော့ဘူး..." ရှန်ကုန်း ဟူသည် အလွန်စိတ်ပူပန်နေ၏။ သူ့ရှေ့ရှိ အက်ကြောင်း များသည် သူ့ဦးရေပြားကိုပင် တင်းကျပ်စေလေ၏။
ဝမ်လင်းတိုသည့် တဖြည်းဖြည်းနီးကပ်လာရင်း သူသည် အလင်းမျက်နှာပြင် ပေတစ်သောင်းလောက်ဗြက်ရှိသည့် တစ်ခုကို အာရုံခံမိလိုက်၏။ ထိုအလင်းမျက်နှာပြင်ထဲ၌ အစိတ်အပိုင်းမြေနေရာတစ်ခု ရှိလို့နေသည်။
ထို့အပြင် အထဲ၌ အစီအရင်တစ်ခုလည်း ရှိနေသည်။ ထို အစီအရင်ထဲ၌ လူတော်တော်များများ ထိုင်နေကာ သူတို့က တည်နေရာရွှေ့ပြောင်းရန် အဆင်သင့် ပြင်ဆင်ထားကြ၏။ သူတို့ထဲကတစ်ယောက်သည် ကျန်ခုန်လီ ဖြစ်၏။ အစီအ ရင်၏ပြင်ပတွင် မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ တမန်တော် ခုနစ်ယောက်၊ ရှစ်ယောက်ခန့် ရှိနေကြကာ သူ တို့သည် တစ်ယောက်နှင့်တစ်ယောက် စကားပြောနေဟန် တူသည်။
သည်အခိုက်အတန့်၌ သူတို့သည် တစ်စုံတစ်ခုကို သတိပြုမိသွားသည့်ပုံဖြင့် ဝမ်လင်းရှိနေသော နေရာသို့အေးစက်စွာ လှည့်ကြည့်လိုက်ကြသည်။သူတို့ထဲကတစ် ယောက်သည် လက်မြှောက်ကာ အလင်းမျက်နှာပြင်၏ သော့ချက်ထံသို့ လက်ညွှန်လိုက်၏။ထိုအခါ အလင်း မျက်နှာပြင်ထံကနေ မူလစွမ်းအင်တုန်ခါလှိုင်းတစ်ခုသည် ရုတ်တရက် ပျံ့နှံ့လာတော့၏။
မူလစွမ်းအင်သည် စုစည်းသွားကာ ဧရာလက်ကြီးတစ်ခု အဖြစ်သို့ ပြောင်းလဲ၍ သည်ဧရိယာကို ချက်ချင်း ဝှေ့ယမ်း သွားသည်။အလင်းမျက်နှာပြင် ပတ်လည်ရှိ အက်ကွဲ ကြောင်းများအားလုံးသည် ပို၍ ချဲ့ထွင်သွားကြကာ တစ်ခု နှင့်တစ်ခု ချိတ်ဆက်ရန် တာဆူသွားသည်။
၎င်းလေဟာနယ်အက်ကြောင်းများ ချိတ်ဆက်သွား သည်နှင့် မည်သူကမျှ အလင်းမျက်နှာပြင်အောက်ရှိအစိတ်အပိုင်းမြေထံသို့ ဖြတ်ကျော်လာနိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။
"ထွက်သွားစမ်း..." တစ်ချိန်တည်းမှာပင် ဟင်းလင်းပြင် ထဲ၌ နတ်ဘုရားအာရုံ အသံတစ်သံသည် အေးစက်စွာ ထွက်ပေါ်လာလေ၏။
ဝမ်လင်း၏ မျက်လုံးကလည်း အေးအစက်လာခဲ့ကာ သူ့ ခန္ဓာကိုယ်ရှိ မူလစွမ်းအင်အားလုံးသည် အစိတ်အပိုင်းမြေ ထဲသို့ ဝင်ရောက်သွားသည်။သူ့မျက်လုံးကလည်း တောက်ပ လာခဲ့ကာ အစိတ်အပိုင်းမြေ၏ အမြန်နှုန်းသည် နှစ်ဆ ဖြစ်၍ လောကနှင့်တစ်သားတည်း ပေါင်းစပ်သွားလေ၏။
ချက်ခြင်းပင် ထိုအစိတ်အပိုင်းမြေသည် အရူးအမူးထိုး ထွက်သွားကာ ၎င်း၏လမ်းကြောင်းရှိ လေဟာနယ် အက်ကြောင်းများအားလုံးကို ခြေမွဖျက်ဆီးပစ်သည်။ အစိတ်အပိုင်းမြေနောက်ရှိကျင့်ကြံသူများသည်အံ တင်းတင်းကြိတ်ကာ အစိတ်အပိုင်းမြေနှင့် ကင်းကွာမသွား အောင် လိုက်ပါလာကြ၏။
သည်အခိုက်အတန့်၌ သူတို့၏ ရှေ့တွင် အသက်ရှင်သန် နိုင်မည့် လမ်းကြောင်းတစ်ခု ရှိနေပေ၏။ သူတို့က အထဲသို့ ဝင်ရောက်နိုင်လျှင် ရှင်သန်နိုင်မည်။သူတို့က မဝင်ရောက် နိုင်ပါက သေဆုံးရပေလိမ့်မည်။
အလင်းမျက်နှာပြင် ဝမ်လင်း၏အစိတ်အပိုင်းမြေက ထံသို့ တစ်ဟုန်ထိုး တိုးဝင်လာသည့်အခါ ကျယ်လောင်သော တုန်ဟည်းသံများပင် ဖြစ်ပေါ် ကြကုန်၏။ထိုအချိန်မှာပင် လေဟာနယ် အက်ကြောင်း များသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်နိုင်ရန် ကြိုးစားနေကြ သည်။
ဝမ်လင်းက မတ်တတ်ရပ်ကာ သိုလှောင်အိတ်ကို ပုတ် လိုက်၏။ ကောင်းကင်ဘုံဓားက သူ့လက်ထဲတွင် ပေါ်လာခဲ့ တော့သည်။ သူက ဓားကို ပင့်မြှောက်ကာ သူ့နောက်သို့ ခုတ်ပိုင်းချလိုက်၏။ သည်တစ်ကြိမ်၌ ဝမ်လင်းက တစ်ကြိမ် တည်း ခုတ်ပိုင်းခြင်း မဟုတ်ဘဲ ကိုးကြိမ်တိတိ ခုတ်ပိုင်းချ လိုက်လေသည်။
ကောင်းကင်ဘုံခုတ်ပိုင်းခြင်း ဓားချက်အလင်းတန်းကိုးခု သည် အံ့မခန်းဓားဥပဒေသ ပုံစံတစ်ခုအဖြစ်သို့ ပြောင်းလဲ သွား၏။ ၎င်းက အနက်ရောင်အလင်းတန်းအဖြစ် ပြောင်း၍ တစ်ခုနှင့်တစ်ခု ချိတ်ဆက်ဟန် ပြင်နေသော လေဟာနယ်အက်ကြောင်းများပေါ်သို့ ကျရောက်သွားပေ သည်။
ဘုန်း...။
သည်လေဟာနယ်အက်ကြောင်းတော်တော်များများက ချိတ်ဆက်သွားကြပြီး ဖြစ်သော်လည်း ကောင်းကင်ဘုံခုတ် ပိုင်းခြင်းဓားချက်၏ အားကြောင့် စုတ်ပြဲသွားကြသည်။ ထိုအခါ အာတစ်ခု ဖြစ်ပေါ်လာလေ၏။
ကောင်းကင်ဘုံခုတ်ပိုင်းခြင်းဓားချက်က၏ စွမ်းအားက လေဟာနယ်အက်ကြောင်းများကြားကို ဖြတ်၍ ပျဿန်း သွားကာ အလင်းမျက်နှာပြင်ပေါ်ထိ ကျရောက်သွားသည်။ ထိုအခါ အလင်းမျက်နှာပြင်ပေါ်၌ လှိုင်းတွန့်များ ဖြစ် ပေါ်လာကာ အထဲရှိအရာများကပါ တွန့်ကြေလိမ်လာခဲ့ သည်။
တစ်ချိန်တည်းမှာပင် အစိတ်အပိုင်းမြေသည် တရကြမ်း တိုးဝင်လာလေသည်။၎င်းသည် အလင်းမျက်နှာပြင်ပေါ်သို့ ကြယ်ပျံတစ်စင်းအလား ဆောင့်ချလာခဲ့သည်။
ထိုအခါ ပတ်ဝန်းကျင်ရှိ အက်ကြောင်းများသည်
ဟင်းလင်းပြင်ထဲသို့ ပျံ့နှံ့လွင့်ကုန်ကြသည်။မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ တမန်တော်များက လှမ်း ကဲကြည့်လိုက်ကြ၏။ ကျန်ခုန်လီက ဝမ်လင်းကို တွေ့မြင် လိုက်ရသည့်အခါ သူ့မျက်လုံးထဲ၌ စိတ်လှုပ်ရှားမှုတို့ ပြည့် လာခဲ့သည်။
ထို့နောက် အလင်းမျက်နှာပြင်ပေါ်၌ အက်ရာများ ပေါ်ထွက်လာက ပျံ့နှံ့ကုန်ကြသည်။
တစ်ချိန်တည်းမှာပင် အစိတ်အပိုင်းမြေ၏ အနောက်မှ လိုက်ပါလာသည့် ကျင့်ကြံသူများသည် အဟကိုဖြတ်၍ တိုးဝင်လာကြ၏။
ဝမ်လင်း၏၏မျက်လုံးက အေးစက်လာ၏။ သူက အစိတ်အပိုင်းမြေကို ထိန်းချုပ်၍ နောက်သို့ ဆယ့်နှစ်ပေခန့် ပြန်ဆုတ်လိုက်သည်။ အနီးအနားရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ အကြည့်အောက်တွင် သူက သူ့ အစိတ်အပိုင်းမြေ၏ အရှိန်ကို မြှင့်တင်ကာ နောက်တစ် ကြိမ်အလင်းမျက်နှာပြင်ကို ဆောင့်ချသည်။
အလင်းမျက်နှာပြင်ပေါ်၌ ပိုမိုများပြားသည့် အက်ရာများ ပေါ်လာကာ နေရာအနှံ့သို့ ပျံ့နှံ့၏။ အလင်းမျက်နှာပြင်ထံမှ အလင်းသည်ပင် မှိန်ဖျော့လို့သွားသည်။
ထိုအဖြစ်အပျက်က အလွန်မြန်ဆန်လွန်းလှ၏။ အသက်ရှူစာ အကြိမ်အနည်းငယ်လောက်သာ ကြာမြင့်ပေ သည်။မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ တမန်တော် များထဲမှ တစ်ယောကသည် အလွန်သုန်မှုန်လာ၏။ သူ့ခန္ဓာကိုယ်သည် မိုးကြိုးများနှင့် ဖုံးလွှမ်းလာကာ သူက အလင်းမျက်နှာပြင်ထဲကနေ လှမ်းထွက်လာသည်။
"သိပ်သတ္တိကောင်းနေတယ်ပေါ့။ မင်းက မိုးကြိုး ကောင်းကင်ဘုံနယ်မြေရဲ့ တားမြစ်နေရာကို ကျူးကျော်ပြီး ရန်စဝံ့တယ်လား..." ထိုမိုးကြိုးများလွှမ်းခြုံထားသည့် လူ သည် ရှေ့သို့ လှမ်းလျှောက်လာသည်။ သို့ရာတွင် ဝမ်လင်း က ဘာမှ မလုပ်ရသေးခင်မှာပင် အစိတ်အပိုင်းမြေပေါ်မှ ကျင့်ကြံသူများသည် ရှေ့သို့ ခုန်ထွက်လာကြကာ ထိုလူနှင့် တိုက်ပွဲစတင်ပစ်တော့သည်။
ထိုမိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ တမန်တော် နှင့် တိုက်ခိုက်နေကြသော လူအများထဲမှ တစ်ယောက် သည် ခပ်သွက်သွက်လှမ်းအော်လိုက်သည်။ "စီနီယာ...ဒီလူ့ ကို အရေးမစိုက်ပါနဲ့။ ငါတို့ သူ့ကို ရင်ဆိုင်လိုက်မယ်..."
ဝမ်လင်းက ခေါင်းညိတ်ပြလိုက်သည်။အစိတ်အပိုင်းမြေ ကို နောက်သို့ အနည်းငယ် ဆုတ်လိုက်၏။ သည်တစ်ကြိမ်၌ သူက ဆယ်စက္ကန့်ခန့် ကြိုတင်ပြင်ဆင်လိုက်သည်။ သို့ရာတွင် သည်တစ်ကြိမ်၌ သူတစ်ယောက်တည်းသာ မဟုတ်တော့ပေ။ အစိတ်အပိုင်းမြေပေါ်ရှိ ကျင့်ကြံသူ အားလုံးသည် ပျံသန်းလာကြကာ သူတို့၏လက်များကို ၎င်း အစိတ်အပိုင်းမြေပေါ်သို့ တင်လိုက်ကြ၏။
လူတိုင်းသည် သူတို့၏စွမ်းအားများကို အပြည့်အဝသုံး၍ ဝမ်လင်း၏လမ်းညွှန်မှုအောက်၌ ပေါင်းစပ်ထားလိုက်ပြီးနောက် စုပေါင်းအားဖြင့် ထုတ်လွှတ်လိုက်ကြပေသည်။
သည့်နောက် ကျယ်လောင်သောတုန်ဟည်းသံကြီးနှင့် အတူ အစိတ်အပိုင်းမြေသည် အလင်းမျက်နှာပြင်ကို ခွဲ ခြေပစ်လိုက်တော့သည်။ နောက်ဆုံးတွင် ၎င်းအလင်း မျက်နှာပြင်သည် ပျက်စီးသွားခဲ့လေပြီ။
အလင်းမျက်နှာပြင်၏ မရေမတွက်နိုင်သောအပိုင်းအစ များသည် နေရာတိုင်းသို့ ပျံ့နှံ့ကာ အစိတ်အပိုင်းမြေ တစ်ဝက်ကျော်သည် အလင်းမျက်နှာပြင်အတွင်းရှိအစိတ်အပိုင်းမြေပေါ်သို့ ဆောင့်ချသွားခဲ့တော့သည်။ ကျင့်ကြံသူများအားလုံးသည် အသည်းအသန် ထိုးထွက်လာ ကြကာ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ရှိနေသည့် ကောင်းကင်ဘုံအစိတ်အပိုင်းမြေသည် အသက်ရှင်သန်လို နေကြသည့် ကျင့်ကြံသူများနှင့် အရူးအမူး ပြည့်နှက်သွား လေတော့သည်။
***
ယုံကြည်မှုသည် လောက၌ အခြားအင်အားများထက် သန်မာလှပေသည်။
ထိုယုံကြည်မှုသည် အသက်ရှင်သန်လို့သည့် စိတ်ဆန္ဒ မည်၏။
ယခုရုန်းကန်နေမှုသည် ရှင်သန်လိုခြင်း မည်ပေသည်။
အစောပိုင်းတုန်းတည်းက သည်အစိတ်အပိုင်း မြေ၏ပုံပန်းအသွင်က ကျင့်ကြံသူများကို ရှင်သန်ဖို့ မျှော်လင့်ချက် တစ်ခု ဖြစ်ခဲ့သည်။ အခုသူတို့က တည်နေရာ ရွှေ့ပြောင်းခြင်းအစီအရင်ထဲသို့ တစ်ဟုန်ထိုး တိုးဝင်လာခဲ့ ကြခြင်းသည်တော့ အသက်ရှင်သန်ဖို့အတွက် ရုန်းကန်နေ မှု မည်လေသည်။ဤအခိုက်အတန့်သည် သူတို့အတွက် သေခြင်း၊ရှင်ခြင်းကို ဆုံးဖြတ်ပေးသွားနိုင်ပေသည်။
ရှင်သန်လိုမှု ယုံကြည်ချက်နှင့် ရုန်းကန်မှုခွန်အားသည် ကျင့်ကြံသူအားလုံးကို ရူးသွပ်လာစေသည်။
အာဏာတက်ခြင်းအဆင့်ကျင့်ကြံသူများသည်ပင် အထည်ဒြပ်ယန်အဆင့်ကျင့်ကြံသူများကို တိုက်ခိုက်ဖို့ အတွက် သတ္တိရှိလာကြသည်။သူတို့သည် သူတို့ကြားရှိ ကွာဟမှုကိုပင် မေ့လျော့ကုန်ကြသည်။ မိုးကြိုးကောင်းကင်ဘုံ နယ်မြေသာ မပျက်စီးခဲ့လျှင် သို့မဟုတ် အပြင်ဘက်တွင် သာ ရှိနေခဲ့လျှင် သူတို့သည် အထည်ဒြပ်ယန်အဆင့် ကျင့်ကြံသူများကို လေးစားသမှု ပြသကြမည် ဖြစ်၏။ သို့သော် သည်အရာများက ခုချိန်တွင်တော့ မဟုတ်တော့ ပေ။ သူတို့၏ စိတ်ထဲ၌ ရှင်သန်လိုမှုသာ ရှိတော့လေသည်။
အာဏာတက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်သာ ထိုသို့ ဖြစ်လျှင် ကိစ္စမရှိသေးပေ။ဆယ်ယောက်၊အယောက် နှစ်ဆယ်၊ငါးဆယ်...တစ်ရာ ဖြစ်လာခဲ့လျှင်တော့....၎င်း သည် အားတစ်ခုဖြစ်လာခဲ့ကာ အထည်ဒြပ်ယန်အဆင့် ကျင့်ကြံသူများကိုပါ ကြောက်ရွံ့မှုခံစားရစေလေ၏။
အထည်ဒြပ်ယန်အဆင့်ကျင့်ကြံသူတစ်ယောက်အဖို့
အာဏာတက်ခြင်းအဆင့်ကျင့်ကြံသူတစ်ရာ ကျော်ကို သတ် ပစ်နိုင်ဖို့က အလွန်ခက်ခဲလှခြင်း မရှိဘူးဆိုလျှင်ပင် ယခု သူ တို့၏စွမ်းအားများသည် ဇောအဟုန်များ ဖြစ်လာကြသည်။ သည်လို ရှင်သန်လိုမှုဇောအဟုန်နှင့် ကျင့်ကြံသူများကို ရင်ဆိုင်ရသည့်အခါတွင် မိုးကြိုးကောင်းကင်ဘုံကျောင်း တော်၏တမန်တော်ခုနစ်ယောက် အကြီးအကျယ်ပြောင်းလဲသွားကြတော့၏။ အသွင်သည်
ထို့အပြင် သည်အာဏာတက်ခြင်းအဆင့်ကျင့်ကြံသူ တစ် ရာကျော်ကြား၌ မျက်လုံးများ နီတွတ်နေသော ပုံရိပ် ယောင်ယင်အဆင့်ကျင့်ကြံသူ တော်တော်များများလည်း ရှိနေသေး၏။ သူတို့၏ခွန်အားက အာဏတက်ခြင်းအဆင့်ကျင့်ကြံသူများထက် များစွာသန်မာကာ သူတို့က ဦးဆောင် လိုက်သည့်အခါ ထိုအုပ်စု၏စွမ်းအားသည် တုန်လှုပ်ဖွယ် ဖြစ်လာကြတော့သည်။
သည်အရာများက မိုးကြိုးကောင်းကင်ဘုံကျောင်း တော်၏ တမန်တော်များ၏အသွင်ဟန်ပန်ကို ပြောင်းလဲ သွားစေတော့၏။ထိုကျင့်ကြံသူများကြား၌ အထည်ဒြပ်ယန် အဆင့်ကျင့်ကြံသူ နှစ်ယောက်လည်း ရှိနေကြ၏။သူတို့နှစ် ယောက်ကြောင့်လည်း မိုးကြိုးကောင်းကင်ဘုံကျောင်း တော်မှ တမန်တော်များသည် မှင်တက်သွားကြရသည်။
သို့ရာတွင် မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ တမန် တော်များကို အမှန်တကယ် တုန်လှုပ်စေသည့်အရာက ဝမ် လင်းပင် ဖြစ်တော့၏။
ဝမ်လင်းသည် အထည်ဒြပ်ယန်အဆင့်ကျင့်ကြံသူတစ် ယောက်သာ ဖြစ်သော်လည်း တမန်တော်များသည် ဝမ် လင်းပတ်လည်ရှိ သတ်ဖြတ်ခြင်းအော်ရာကို ခံစားမိနေ၏။ ထိုအော်ရာသည် တူညီသောကျင့်ကြံခြင်းအဆင့်ရှိ လူများ ကို သတ်ဖြတ်ပြီးမှ ရရှိသည့် အော်ရာများ ဖြစ်ပေသည်။
အခုချိန်၌ သည်ရူးသွပ်သောကျင့်ကြံသူများပင် ဝမ်လင်း ကို တလေးတစား ကြည့်နေကြ၏။ အထည်ဒြပ်ယန်အဆင့် နှစ်ယောက်ပင် ဝမ်လင်းကို လေးလေးစားစား ရှိနေကြခြင်း ဖြစ်တော့၏။
သည်မြင်ကွင်းက တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်အပြင်ဘက်ရှိ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ တမန်တော်ခုနစ်ယောက်ကို မှင်တက်သွားစေ၏။
"သတ်…" ထိုကျင့်ကြံသူများကြားထဲမှ တစ်ယောက် သည် ရုတ်တရက် အော်ပြောလိုက်ခြင်း ဖြစ်လေ၏။ ထိုလူ သည် လောကကို မီးမြှိုက်လိုက်သလို ဖြစ်သွားကာ ကျင့်ကြံ သူများအားလုံးသည် ထိုးထွက်လာကြတော့သည်။
သတ်..သတ်...သတ်သတ်..။
မရေမတွက်နိုင်သောမန္တန်များသည် လေထဲသို့ ဝဲပျံနေ သလို မရေမတွက်နိုင်သော လက်နက်ရတနာများသည် လည်း တည်နေရာရွှေ့ပြောင်းခြင်းအစီအရင် ရှိနေသော အစိတ်အပိုင်းမြေပေါ်တွင် ပေါ်နေပေသည်။သည် အခိုက်အတန့်တွင် မန္တန်များနှင့် လက်နက်ရတနာများထံမှ အလင်းများသည် ယခုအစိတ်အပိုင်းမြေကို ဖုံးလွှမ်းနေချေ တော့၏။
ပေါက်ကွဲထွက်ကုန်ကြသည်။ အရူးအမူးတိုက်ခိုက်မှုများသည် ထိန်းချုပ်မှုကနေ
"သတ်…" အာဏာတက်ခြင်းကျင့်ကြံသူတစ်ယောက် သည် ဓားပျံအလက်တစ်ရာကို ထိန်းချုပ်ကာ မိုးကြိုး ကောင်းကင်ဘုံကျောင်းတော်၏ တမန်တော်တစ်ယောက် ထံသို့ တုံ့ဆိုင်းခြင်းမရှိ တိုးဝင်သွားသည်။ထိုဓားများသည် လေခွင်းသံနှင့်အတူ ထိုတမန်တော်ထံသို့ တရကြမ်းတိုးဝင် သွားသည်။
သူ့နောက်တွင်လည်း နီရဲနေသောမျက်လုံးများနှင့် အာဏာတက်ခြင်းအဆင့်ကျင့်ကြံသူ (၁၄)ယောက်၊ ဆက်တိုက် ထုတ်လွှတ်ကြလေ၏။ (၁၅)ယောက်တို့သည် သူတို့၏တိုက်ခိုက်မှုများကို
အခြားတစ်ဖက်တွင်လည်း ပုံရိပ်ယောင်ယင်အဆင့် ကျင့်ကြံသူတစ်ယောက်၏အမိန့်အောက်၌ ကျင့်ကြံသူ ခြောက်ယောက်၊ခုနစ်ယောက်တို့သည် သူတို့၏စွမ်းအားကို ပေါင်းစပ်ကာ တမန်တော်တစ်ယောက်ကို တိုက်ခိုက်လိုက် ကြပြန်သည်။
သက်...
တခြားတစ်ဖက်တွင်တော့ အထည်ဒြပ်ယန်အဆင့် ကျင့်ကြံသူနှစ်ယောက်သည် တစ်ယောက်တစ်နေရာစီခွဲ၍ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ တမန်တော်တစ် ယောက်ကို တိုက်ခိုက်ရန် သွားကြသည်။သူတို့က သူ တို့၏မန္တာန်များကို တုံ့ဆိုင်းခြင်းမရှိ အသုံးပြုကြသည်။သူ တို့နောက်တွင်လည်း အာဏာတက်ခြင်းအဆင့်ကျင့်ကြံသူ ဆယ်ယောက်ကျော်သည် သူတို့၏ မန္တန်များနှင့် လက်နက် ရတနာများကို အရူးအမူး ပစ်လွှတ်တိုက်ခိုက်သည်။
သက်..
ရှီဇီဖန်သည်လည်း ပုံရိပ်ယောင်ယန်အဆင့်ကျင့်ကြံသူ နှစ်ယောက်၏ အမိန့်အောက်၌ ရှိနေသော အာဏာတက် ခြင်းအဆင့်ကျင့်ကြံသူအုပ်စုနှင့်အတူ မိုးကြိုး
ကောင်းကင်ဘုံကျောင်းတော်မှ တမန်တော်နောက်တစ် ယောက်ကို တိုက်ခိုက်နေသည်။
ကျန်သည့်ကျင့်ကြံသူများသည်လည်း သူ့အစုနှင့်သူ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်မှ နောက်ဆုံးကျင့်ကြံ သူနှစ်ယောက်ထံသို့ တိုးဝင်သွားကြသည်။ ပေါက်ကွဲထွက် နေသည့်စိတ်ဇောအဟုန်နှင့် ရူးသွပ်မှုအော်ရာတို့သည် မုန်တိုင်းတစ်ခုကို ဖြစ်ပေါ်လုနီးပါးပင်။ ထိုမုန်တိုင်းက ရှင်သန်လိုမှုအတွက် မုန်တိုင်း မည်သည်။
သည်အခိုက်အတန့်၌ အရူးအမူးတိုက်ခိုက်နေကြသော ကျင့်ကြံသူများသည် မိုးကြိုးကောင်းကင်ဘုံကျောင်း တော်၏ တမန်တော်များကို လုံးဝ ဂရုမစိုက်ကြတော့ပေ။
လူတိုင်းလူတိုင်းသည် သူတို့အား ပိတ်ဆို့မည့်လူများကို သတ်ပစ်ကြပေလိမ့်မည်။ကောင်းကင်ဘုံသားတစ်ယောက် ပိတ်ဆို့လျှင်ပင် ထိုကောင်းကင်ဘုံသားကို သတ်မည်။ နတ်ဆိုးတစ်ပါး ပိတ်ဆို့လျှင် ထိုနတ်ဆိုးကို သတ်ပစ်မည့် ပုံစံမျိုး ဖြစ်နေတော့သည်။
ကျင့်ကြံသူများအားလုံးသည် ရှင်သန်လိုမှုအတွက် ရူးသွပ်သွားကြပြီ ဖြစ်၏။မိုးကြိုးကောင်းကင်ဘုံကျောင်း တော်၏ တမန်တော်တစ်ယောက်သည် သူ့လက်ချောင်းကို ပင့်မြှောက်ကာ သူ့ထံသို့ တိုးဝင်လာနေသည့် အာဏာတက် ခြင်းအဆင့်ကျင့်ကြံသူ၏ မျက်ခုံးနှစ်ခုကြားသို့ ဖိချလိုက် သည်။ အာဏာတက်ခြင်းအဆင့်ကျင့်ကြံသူ၏ ခန္ဓာကိုယ်သည် တုန်ယင်ကာ ပျက်စီးသွား၏။သူ့မူလစိတ်ဝိညာဉ်ပင် ပျောက်ပျက်သွားရသည်။ သို့ရာတွင် သူက မသေဆုံးခင် အတင်းထိုးထွက်၍ ထိုတမန်တော်၏လက်တစ်ဖက်ကို ကိုက်ချပစ်လိုက်သည်။ သူ့နီရဲနေသည့်မျက်လုံးတွေက ထို တမန်တော်၏စိတ်ကို တုန်လှုပ်သွားစေပေသည်။
သက်...
အခြားတမန်တော် တစ်ယောက်သည်လည်း သူ့လက်ဖြင့် ချိပ်တံဆိပ်များကို ဖြစ်ပေါ်စေကာ သူ့ခန္ဓာကိုယ်ထဲရှိ မူလ စွမ်းအင်များကို စုစည်းလိုက်သည်။ ထို့နောက် သူက သူ့ တိုက်ခိုက်မှုကို ထုတ်လွှတ်လိုက်၏။ ဖျပ်ခနဲပင် များစွာ သောကျင့်ကြံသူများသည် သွေးအန်ထုတ်လိုက်ရာ သူ တို့၏ခန္ဓာကိုယ်သည် အားနည်းသွားရသည်။သို့ရာတွင် မည်သူကမျှ နောက်မဆုတ်ကြပေ။ သူတို့က အတင်း ရုန်းကန်ကာ ရှေ့သို့ ဆက်၍ တိုးလာကြသည်..
တုန်ခါပေါက်ကွဲမှုများက သည်အစိတ်အပိုင်းမြေအနှံ့ တွင် ပဲ့တင်ထပ် မြည်ဟိန်းနေတော့၏။
"သတ်..." အော်ဟစ်သံ၊မာန်သွင်းသံတို့သည့် ပေါင်းစပ် ကုန်ကြကာ ကောင်းကင်ထက်၌ လှိုင်းများ ဖြစ်ကုန်ကြ သည်။သည်အခိုက်အတန့်၌ ထိုအသံများသည် ကျယ် လောင်သထက် ကျယ်လောင်လာခဲ့သည်။
ရှင်သန်လိုသည့်စိတ်ဆန္ဒသည် ကျင့်ကြံသူတိုင်း၏ စိတ်နှလုံးထဲတွင် ရေးထွင်းထားတော့သည်။ ၎င်းစိတ်ဆန္ဒက ရုတ်တရက် ပေါက်ကွဲထွက်လာခြင်းပင်။
ထိုအရာသည် တမန်တော်များကို တုန်လှုပ်သွားစေရုံသာ မက ဝမ်လင်းကိုပါ တုန်လှုပ်သွားစေပေသည်။
ဝမ်လင်းသည် အသက်ဝဝရှူသွင်းလိုက်၏။ . သည် အခိုက်အတန့်၌ သူ့စိတ်ထဲတွင်လည်း ယုံကြည်မှုတစ်ခု ပေါ်လာခဲ့သည်သာ။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ လျှပ်စီးတန်းတစ်ခုအလား ထိုးထွက်လိုက်သည်။ထို့နောက် တမန်တော်တစ်ယောက်၏ ဘေးနားတွင် ပေါ်လာခဲ့သည်။ ထို့နောက် ဝမ်လင်းသည် သူ့လက်ချောင်းနှစ်ချောင်းဖြင့် ဓားတစ်လက်အသွင် ဖြစ်ပေါ်စေကာ ကောင်းကင်ဘုံခုတ် ပိုင်းခြင်း ဓားချက်ကို အသုံးပြုလိုက်သည်။
မ်လင်း၏ တိုက်ခိုက်လာမှုသည် ပတ်ဝန်းကျင်ရှိ ကျင့်ကြံ သူများ၏ စိတ်ဇောအဟုန်တို့သည် ပိုပြင်းထန်လာခဲ့သည်။ သည်အဟုန်သည် ပို၍ ပို၍ သန်မာလာလေသည်။ ၎င်း စိတ်ဇောအဟုန်က အထွတ်အထိပ်သို့ ရောက်လာခဲ့သည့် အခါ သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည်လည်း ပင်လယ်လှိုင်း များကဲ့သို့ ရုန်းကြွထန်လာခဲ့သည်။
ကောင်းကင်ဘုံခုတ်ပိုင်းခြင်းဓားချက်သည် ပေါ်ထွက်လာ ကာ တိုက်ရိုက် ကျဆင်းလာသည်။အထည်ဒြပ်ယန်အဆင့် တမန်တော်၏ အသွင်သည် ကြီးစွာ ပြောင်းလဲသွားကြ သည်။သူ့လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်များကို ချက်ချင်း ဖြစ် ပေါ်စေလိုက်ပြီး ဝမ်လင်းထံသို့ မရေမတွက်နိုင်သောမိုးကြိုးလုံးများကို ပစ်လွှတ်လိုက်သည်။
၎င်းမိုးကြိုးလုံးများသည် ဝမ်လင်းထံသို့ တန်းမတ်စွာ တိုးဝင်လာသည်။ထိုမိုးကြိုးလုံးများထဲ၌ သိပ်သည်းသော မူလစွမ်းအင်တို့ ပါဝင်နေသည်။
သို့ရာတွင် ထိုမိုးကြိုးလုံးများသည် ကောင်းကင်ဘုံခုတ် ပိုင်းခြင်းဓားချက်နှင့် ထိပ်တိုက်တွေ့ဆုံသွားခဲ့သည့်အခါ ၎င်းတို့သည် တစ်ခုပြီးတစ်ခု ပျက်စီးသွားတော့သည်။ဝမ် လင်း၏မျက်လုံးက အေးစက်လာကာ သူက ရှေ့သို့ ခြေတစ် လှမ်းတိုးသည်။
တမန်တော်သည် နောက်သို့ ထပ်ဆုတ်သွားကာ သူ့ ပါးစပ်ကိုဟ၍ မီးခိုးရောင်မြူတစ်ခုကို ထွေးထုတ်သည်။ထို မီးခိုးရောင်မြူထွက်လာသည်နှင့် ၎င်းက လက်ကြီး တစ်ဖက်အဖြစ်သို့ ပြောင်းကာ ဝမ်လင်းကို ကြမ်းတမ်းစွာ ဖမ်းဆုပ်နိုင်ရန် ကြိုးစားလာသည်။
သို့ရာတွင် သည်အခိုက်အတန့်၌ အကွာအဝေးတစ်ခုက နေ ငွေရောင်အလင်းတန်းသည် တစ်ဟုန်ထိုး တိုးတင်လာ လေ၏။တမန်တော်သည် မီးခိုးရောင်မြူကို ထွေးထုတ် လိုက်ပြီးနောက် ငွေရောင်အလင်းသည် ထိုတမန်တော်နှင့် နီးကပ်လာခဲ့လေပြီ။
တမန်တော်၏အသွင်သည် ကြီးစွာ ပြောင်းလဲသွားသည်။ သူက ရှောင်လိုသော်လည်း အချိန်မမီတော့ပေ။သည်လို သေရေးရှင်ရေးအခြေအနေ၌ သူက သူ့ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်များကို က မုန်တိုင်းတစ်ခုအဖြစ်သို့ ပြောင်းကာ ထိုအလစ်တိုက် ပေါက်ကွဲထွက်စေလိုက်သည်။မူလစွမ်းအင် လာသည့်လူကို နောက်လွန့်သွားအောင် ရည်ရွယ်လိုက် သည်။
သို့သော်လည်း ထိုငွေရောင်အလင်းတန်းက မြန်ဆန် လွန်းလှသည့်အတွက် ငွေရောင်အလင်းတန်းသည် ထို တမန်တော်၏ ရင်ဘတ်ကို ထွင်းဖောက်လို့သွား တော့သည်။
ထိုတမန်တော်သည် သွေးများစွာ အန်ထုတ်လိုက်ရပြီး နောက်သို့ လွင့်စဉ်သွားသည်။သည်အခိုက်အတန့်တွင် ဝမ် လင်း၏မျက်လုံးများသည် အေးစက်လာခဲ့သည်။ သည်မြူ ကနေ ဖြစ်ပေါ်လာသည့် လက်ကြီးကို လုံးဝလျစ်လျူရှုကာ သူ့ညာလက်ကို ရှေ့သို့ ဆန့်ထုတ်လိုက်သည်။ထိုအခါ ခရမ်းရောင်မိုးကြိုးတန်း တစ်ခုသည် ထိုးထွက်သွားလေ သည်။
၎င်းက တမန်တော်၏မျက်ခုံးနှစ်ခုကြားသို့ ချက်ချင်း ကျ ရောက်သွားလေသည်။တမန်တော်၏ခန္ဓာကိုယ်သည် တုန်ယင်သွားကာ သူ့ခန္ဓာကိုယ်နှင့် မူလစိတ်ဝိညာဉ် တို့သည် ပျက်စီးသွားတော့သည်။
သည်အခိုက်အတန့်၌ ငွေရောင်အလင်းသည် ဖျတ်ခနဲ သက်လတ်ပိုင်းလူကြီးတစ်ယောက်အသွင်သို့ ပြောင်းလဲ သွားသည်။ထိုသူသည် ကျင့်ကြံသူများကြား၌ သူတို့ကိုယ်သူတို့ ဖုံးကွယ်နေခဲ့သော အထည်ဒြပ်ယန်အဆင့် ကျင့်ကြံသူ နှစ်ယောက်ထဲမှ တစ်ယောက် ဖြစ်လေသည်။
သူက ဝမ်လင်းကို
လက်နှစ်ဖက်ယှက်ကာ နှုတ်ဆက်သည်။သူ့မျက်လုံးထဲ၌လည်း လေးစားမှုတို့ ပြည့် နေသည်။ ထို့နောက် သူက အခြားလူများကို ကူညီရန် ပြန် ထွက်ခွာသွားသည်။
ဝမ်လင်းက ထိုအထည်ဒြပ်ယန်အဆင့်ကျင့်ကြံသူနှစ် ယောက်ကို အစောပိုင်းတည်းက သိနေခဲ့သည်။ သို့သော်လည်း သူတို့က ကောင်းကင်ဘုံကျောက်စိမ်းပြား များ ပေးချေခဲ့သည့်အတွက် သူသည် အစိတ်အပိုင်းမြေပေါ် တွင် လက်ခံခဲ့ခြင်း ဖြစ်သည်။
တမန်တော်များထဲမှ တစ်ယောက် အသတ်ခံလိုက်ရပြီး နောက် ပတ်ဝန်းကျင်ရှိကျင့်ကြံသူများသည် ထိုအမြစ်ကို သတိပြုမိသွားကြသည်။ချက်ချင်းလိုလိုပင် စိတ်ဇောအဟုန်က တိုးလာပြန်သည်။ သူတို့၏
"လမ်းဖယ်စမ်း..." ဝမ်လင်း၏ခန္ဓာကိုယ်သည် ဖျတ်ခနဲ ဖြစ်သွားကာ ဒုတိယမြောက်တမန်တော်နားသို့ ရောက်သွား သည်။သူ့မူလစွမ်းအင်နှင့်လက်ချောင်းတစ်ခုကို ဖြစ်ပေါ်စေ ကာ ဖိချလိုက်သည်။
တမန်တော်၏မျက်နှာသည် အလွန်ဖြူရော်သွားသည်။ သူက ပြန်တိုက်ခိုက်ခြင်း မပြုဘဲ နောက်သို့ ချက်ချင်း ဆုတ်သည်။သူတစ်ယောက်တည်းသာ မဟုတ် ကျန်သည့်တမန်တော်များသည်လည်း နောက်ဆုတ်ကုန်ကြသည်။
သူတို့က နောက်သို့ဆုတ်နေရင်း ငွေရောင်အလင်းတစ်ခု သည် လက်ခနဲ ဖြစ်သွားသည်။ထိုငွေရောင်အလင်းသည် နောက်ဆုတ်နေကြသော တမန်တော်များထဲမှ တစ်ယောက် ရှေ့သို့ ဖျတ်ခနဲ ရောက်ရှိကာ ထိုတမန်တော်ကို သွေးများစွာ ပန်းထွက်စေလိုက်သည်။ထိုတမန်တော်၏ မျက်လုံးထဲတွင် သတ်ဖြတ်ချင်စိတ်နှင့် ပြည့်လာကာ သူက အော်ပြောလိုက် လေသည်။ "စိတ်ဝိညာဉ်လိုက်လံခြင်း..."
လေထဲရှိ သွေးများသည် ချက်ချင်း ရွေ့လျားလာကာ ရုတ်တရက် ပုံရိပ်ယောင်သွေးဓားတစ်လက်သို့ ပြောင်း၍ ထိုငွေရောင်အလင်းနောက်သို့ လိုက်လံသည်။
ဝမ်လင်းက ရှေ့သို့ ခြေလှမ်းလိုက်သည်။ထို အခိုက်အတန့်၌ သွေးဓားသည် ငွေရောင်အလင်းနှင့် နီးကပ်လာကာ သူက ၎င်းဓားကို ဖမ်းဆွဲလိုက်လေ၏။ ထို့နောက် သူ့ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်သည် မြင့်တက် လာခဲ့ကာ ၎င်းသွေးဓားကို တစ်စစီ ဖြစ်သွားစေသည်။
သည့်နောက် ဝမ်လင်းသည် ခေါင်းပြန်လှည့်လိုက်သည်။ သူက မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ တမန်တော် ခြောက်ယောက်ကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။ "လမ်းဖယ်..."
"လမ်းဖယ်..."
"လမ်းဖယ်....လမ်းဖယ် ဟု ဝမ်လင်းအော်လိုက်ပြီးသည့်နောက် ကျန် သည့်ကျင့်ကြံသူအားလုံးသည် ချက်ချင်းပင် သူ့နောက်က နေ လိုက်အော်လိုက်ကြသည်။
ထိုအသံထဲ၌ ရှင်သန်လိုသည့်စိတ်ဆန္ဒများ အပြည့်အဝ ပါဝင်ပေသည်။
ထိုအသံလှိုင်း၏စွမ်းအားအောက်တွင် တမန်တော် ခြောက်ယောက်သည် နောက်သို့ အလိုလို ဆုတ်မိသွား သည်။
သည်အခိုက်အတန့်၌ နောက်ရှိတမန်တော်ခြောက်ယောက် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်သည် ရုတ်တရက် လင်းလက်လာသည်။တည်နေရာရွှေ့ပြောင်း ခြင်းအစီအရင်ထဲ၌ ရှိနေကြသော ကျန်ခုန်လီအပါအဝင် ကျန်သည့်တမန်တော်များသည် အစီအရင်ထဲကနေ တုန်လှုပ်သောအကြည့်နှင့် အပြင်ကို ကြည့်နေကြသည်။
တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်သည် အသက်သွင်း ပြီးသွားခဲ့ပြီ ဖြစ်သည်။တည်နေရာရွှေ့ပြောင်းခြင်းအစီအ ရင်အတွင်းဘက်၌ ရှိနှင့်နေကြသော ကျန်ခုန်လီနှင့်အခြား တမန်တော်များသည် ထွက်ခွာမသွားခင် သူတို့ရှေ့၌ တွေ့ မြင်ခဲ့သော မြင်ကွင်းကို ကျန်သည့်လက်ကျန်တစ်ဘဝလုံး မေ့နိုင်တော့လိမ့်မည် မဟုတ်ပေ။
ထို့နောက် သူတို့၏ပုံရိပ်များသည် တဖြည်းဖြည်း ဝေဝါးကာ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ထံကနေအလင်းတန်းတစ်ခုသည် ကောင်းကင်ထက်သို့ ထိုးတက် သွားခြင်းနှင့်အတူ ပျောက်ကွယ်သွားကြတော့သည်။
Comments
Post a Comment