Episodes (165)
ဒီကြီးမားတဲ့အကြွေးကို ဘယ်တော့မှ မေ့ သွားမှာ မဟုတ်ပါဘူး
. Ep (165)ပထမပိုင်း
ကြီးမားသည့်တုန်ခါလှိုင်းသည် ကမ္ဘာလောကထဲ၌ ကြမ်းတမ်းသောလှိုင်းများကဲ့သို့ ပဲ့တင်ထပ် မြည်ဟည်းနေ တော့သည်။သည်အခိုက်အတန့်၌ လူအများသည် ဤအသံ တစ်ခုကိုသာ ကြားနေရတော့သည်။
"လမ်းဖယ်..."
ထိုအသံသည် အသက်ရှင်သန်ဖို့အတွက် ထုတ်ဖော်သည့် အသံ ဖြစ်သည်။သည်နေရာရှိ လူတိုင်းသည် ထိုအသံကို ထုတ်ဖော်နေကြသည်။ထိုကျင့်ကြံသူတစ်ရာကျော်၏
အော်ဟစ်သံသည် နိဗ္ဗာနအဆင့်ကျင့်ကြံသူတစ် ယောက်၏စိတ်ကိုပင် တုန်ယင်သွားစေနိုင်သည်။
"လမ်းဖယ်စမ်း..." ထိုအသံသည် ပြီးခဲ့သောအသံများ ထက် ပိုမိုကျယ်လောင်စွာ ထွက်ပေါ်လာပြီး အံ့မခန်း စိတ်ဇောအဟုန်ကို သယ်ဆောင်လာသည်။
ဝမ်လင်းသည် ထိုအသံဖြင့် ဝန်းရံကာထားသည်။ သည့်နောက် သူက ရှေ့သို့ ရုတ်တရက် ခြေတစ်လှမ်းတိုး လိုက်သည်။
ထိုခြေလှမ်းက ဝမ်လင်းတစ်ယောက်တည်း ရွေ့လျား သွားခြင်း မဟုတ်ပေ။ကျင့်ကြံသူများအားလုံးသည်လည်း ရှေ့သို့ တိုးလာကြသည်။ သည်ခြေလှမ်းများက တုန်လှုပ် စရာကောင်းလှသည့် တော်လည်းသံကို ဖြစ်ပေါ်စေသည်။
ဝမ်လင်းက ရပ်တန့်ခြင်းမရှိဘဲ မိုးကြိုးကောင်းကင်ဘုံ ကျောင်းတောင်၏ တမန်တော်ခြောက်ယောက်ရှိရာသို့ တစ် လှမ်းချင်း လှမ်းတိုးလာသည်။
ကျင့်ကြံသူများ၏ စိတ်ဇောအဟုန်ခြေလှမ်းသည် သန်မာ လွန်းလှသည့်အတွက်ကြောင့် တုန်လှုပ်မှုမဖြစ်ဘဲ နေနိုင် လိမ့်မည် မဟုတ်ပေ။ကျင့်ကြံသူတစ်ရာကျော်သည် ရှင်သန် လိုသည့် စိတ်ဇောအဟုန်ဖြင့် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ရှိရာသို့ တိုးလာနေကြသည်။
ထိုမြင်ကွင်းသည် တမန်တော်ခြောက်ယောက်၏ စိတ်နှလုံးကို တုန်ယင်စေ၏။သူတို့သည် သန်မာ အားကောင်းသူများ ဖြစ်ကြသော်လည်း ထိုစိတ်ဇောအဟုန် ကြောင့် တုန်လှုပ်ရပေသည်။
ကျင့်ကြံသူများက ရှေ့သို့ တိုးလာသည့်အခါတွင် သူ တို့၏ခြေခြသံများက သည်အစိတ်အပိုင်းမြေအနှံ့တွင် ပဲ့တင်ထပ်လေ၏။ သွေးနံ့များကလည်း လေထဲတွင် ပြည့် လာခဲ့ကာ သည်အရာများ၏အောက်၌ တမန်တော်များထဲမှ တစ်ယောက်၏မျက်နှာသည် ဖြူရော်လာခဲ့ကာ သူသည် နောက်သို့ ခြေတစ်လှမ်း အလိုလို ဆုတ်မိသွား၏။
သူက ခြေတစ်လှမ်းလှမ်းသည်နှင့် မပြီးသေးဘဲ နောက်ထပ်တစ်လှမ်း ထပ်ဆုတ်သည်။ အခြားကျင့်ကြံ သူများသည်လည်း ထို့အတူသာ ဖြစ်၏။ သည်အရူးအမူ စိတ်ဇောအဟုန်၏ ဖိအားအောက်၌ သူတို့သည် နောက်သို့ စတင်ဆုတ်လာကြသည်။
တမန်တော်ခြောက်ယောက်က နောက်သို့ ဆက်၍ ဆုတ် နေ၏။ သူတို့သည် နောက်ဆုတ်ကို ဆုတ်ရမည် ဖြစ် နေသည်။သူတို့ရှေ့၌ တောင့်ခံနိုင်စွမ်းမရှိသည့် စိတ်ဇော အဟုန်က တိုးဝင်လာနေသည် မဟုတ်လား။
တမန်တော်တို့သည် နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ကြ သူများဖြစ်၏။ သို့သော် သူတို့သည် အာဏာတက်ခြင်း အဆင့်ကျင့်ကြံသူတစ်ယောက် သူတို့၏မူလစိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ် မပျက်စီးခင် လက်မတင်လေးအချိန်၌ သူတို့ အား ကိုက်ရန် ကြိုးစားသည်ကိုတော့ လုံးဝတွေ့မြင်ခဲ့ဖူး ခြင်း မရှိကြပေ။
ထိုသို့ဆိုလျှင်ပင် သူတို့က အခုလောက်ထိ အလွန် သွေးနည်းကြောက်ရွံ့လိမ့်ဦးမည် မဟုတ်ပေ။ သို့သော် သည်နေရာရှိ လူများကြားတွင် ဝမ်လင်းနှင့်အထည်ဒြပ် ယန်အဆင့် ကျင့်ကြံသူနှစ်ယောက်လည်း ရှိနေသေး၏။
ထိုသူတို့၏တည်ရှိမှုနှင့် လူအများ၏ ပေါင်းစပ်မှုက တမန်တော်များ၏စိတ်နှလုံးကို တင်းကျပ်သွားစေကာကြောက်ရွံမှုအာရုံများ ဖြစ်ပေါ်လာကြတော့၏။
အထူးသဖြင့် သူတို့ထဲကတစ်ယောက်ကို သတ်ပစ်ခဲ့သော ဝမ်လင်းပင်။
သူတို့က မခုခံနိုင်ပေ။သူတို့သည် နောက်သို့ ဆုတ်နေရန် သာ ရှိ၏။ သူတို့သည် အဆက်မပြတ်နောက်ဆုတ်နေကြ သည်။
နောက်ဆုံးတွင် သူတို့ခြောက်ယောက်သည် တည်နေရာ ရွှေ့ပြောင်းခြင်းအစီအရင်၏ ဝင်ပေါက်နားထိ ရောက်ရှိလာ ကြ၏။
"အစီအရင်ဖွင့်လိုက်တာက ငါတို့ ထွက်သွားနိုင်လိမ့် မယ်။ ဒီလူတွေရဲ့ ရူးသွပ်မှုက တစ်ဖက်စွန်းရောက်နေကြ ပြီ..." တမန်တော်များထဲမှ တစ်ယောက်ဖြစ်သူ သက်လတ် ပိုင်းလူကြီး၏အသွင်သည် ဖြူရော်နေကာ သူက သူတို့ထံသို့ လှမ်းလာနေသည့် နီရဲတွတ်နေသောမျက်လုံးများနှင့် ကျင့်ကြံသူများကို ကြည့်နေမိ၏။
တမန်တော်သုံးယောက်သည် ချက်ချင်းထိုင်ချကာ ချိပ်တံဆိပ်များဖြစ်ပေါ်စေပြီး သည်နေရာကနေ ထွက်ခွာ ရန် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို အသက်သွင်း ရန် ကြိုးစားလိုက်ကြ၏။
ဝမ်လင်းမျက်လုံးထဲ၌ အေးစက်မှုများ ဖြစ်ပေါ်သွားကာ သူက ခြေတစ်လှမ်းလှမ်းလိုက်ရာ တည်နေရာရွှေ့ပြောင်း ခြင်းအစီအရင်နားသို့ ထိုးထွက်သွားသည်။များစွာသော ကျင့်ကြံသူများကလည်း သူ့နောက်ကနေ လိုက်ပါသွားကြသည်။
ထိုတမန်တော်သုံးယောက်က တည်နေရာရွှေ့ပြောင်း ခြင်းအစီအရင်ကို အသက်သွင်းနေရင်း ကျန်သည့်သုံး ယောက်သည် အံတင်းတင်းကြိတ်ကာ ရှေ့သို့ တိုးထွက် လိုက်၏။ တစ်ယောက်က ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေ ကာ သူ့သွေးအဆီအနှစ်ကို ထွေးထုတ်လိုက်၏။ ထိုသွေး အဆီအနှစ်ထဲ ရွှေရောင်သော့ခလောက်တစ်ခု ပါရှိသည်။ ၎င်းသော့ခလောက်က ချက်ချင်း ကြီးမားလာ၏။
"မူလပိတ်ဆို့ခြင်းနဲ့ စိတ်ဝိညာဉ် ချိပ်ပိတ်ခြင်း..." သူ့ အသွင်က ကြမ်းကြုတ်နေသည့်အသွင် ဖြစ်ပေါ်နေ၏။ ထို သော့ခလောက် ကြီးထွားလာပြီးသည့်နောက် မရေမတွက် နိုင်သော ရွှေရောင်အစက်အပြောက်များ ပေါ်လာခဲ့ကာ ဝမ် လင်းနှင့်သူ့နောက်ရှိ ကျင့်ကြံသူများထံသို့ တိုးဝင်လာလေ သည်။
ဝမ်လင်းက သူ့ညာလက်ကို ပင့်မြှောက်ကာ ချိပ်တံဆိပ် တစ်ခုကို ဖြစ်ပေါ်စေပြီး ကောင်းကင်ထက်သို့ ညွှန်လိုက် သည်။အနက်ရောင်လေက ရုတ်တရက် ပေါ်လာပြီး သူ့ လက်တွင် လာရောက်စုဝေးသည်။ထိုအနက်ရောင်လေက နဂါးတစ်ကောင်အဖြစ်သို့ ပြောင်းသွားသည်။၎င်းနဂါးက ချက်ချင်း ဟိန်းသံ ပြုလိုက်၏။
ထိုနဂါး၏ ပါးစပ်ထဲကနေ အေးစက်စက်လေများ ထွက် ပေါ်လာခဲ့သည်။ထိုလေအေးများက မရေမတွက်နိုင်သောရွှေရောင်အလင်းစက်များကို သည်အတိုင်း ဖြတ်ကျော်သွား သည်။ထို့နောက်တွင် ကျင့်ကြံသူများ၏ ရှေ့ရှိ ရွှေရောင် အစက်အပြောက်များသည် တစ်ခုပြီးတစ်ခု ပျောက်ကွယ် သွားလေသည်။
တစ်ချိန်တည်းမှာပင် ဝမ်လင်းက သူ့လက်ကို ဆန့်ထုတ် လိုက်ရာ အနက်ရောင်နဂါးသည် ကောင်းကင်ထက်ကနေ သက်ဆင်းလာ၏။၎င်းက ဝမ်လင်း၏လက်ဝါးထဲတွင် မြန်ဆန်စွာ လာရောက်စုဝေးကာ ရွှေရောင်သော့ခလောက် တစ်ခု အဖြစ်သို့ ပြောင်းလဲသွားတော့သည်။
"ဒီရတနာက တော်တော်လေး ကောင်းသားပဲ..." ဝမ် လင်းက ထိုရွှေရောင်သော့ခလောက်ကို မျိုချပစ်လိုက်၏။ သူ့မျက်လုံးများကလည်း အေးစက်နေသည်။ သူ့မူလစိတ် ဝိညာဉ်ထဲရှိ မိုးကြိုးက ချက်ချင်းပေါ်ထွက်လာခဲ့က ၎င်း သော့ခလောက်ကို စတင်သန့်စင်ပစ်တော့၏။
ရွှေရောင်သော့ခလောက်ကို
ထုတ်လွှတ်လိုက်သော
တမန်တော်၏မျက်နှာသည်
ဖြူရော်သွား၏။သူက နောက်သို့ ဆုတ်လိုက်သည်။ သို့ရာတွင် ဝမ်လင်းက သူ့ ထက်မြန်၏။ သူက ရှေ့သို့ ထိုးထွက်ကာ သူ့ညာလက်ဖြင့် ထိုတမန်တော်အပေါ်သို့ ဖိရိုက်ချလိုက်သည်။
ထိုလူက နောက်ဆုတ်နေရင်း သူ့လက်ဖြင့် ချိပ်တံဆိပ် တစ်ခုကို ဖြစ်ပေါ်စေကာ သိုလှောင်အိတ်ကို ပုတ်လိုက်၏။ ထိုအခါ သူ့ပတ်လည်၌ အလံငယ်သုံးခု ထွက်ပေါ်လာခဲ့သည်။ထိုအလံများထဲကနေ ခရမ်းရောင်အခိုးငွေ့များ ထွက် ပေါ်လာကာ ဝဲကတော့များ ဖြစ်တည်သည်။
ဝမ်လင်း၏လက်ချောင်းက ထိုခရမ်းရောင်အခိုးငွေ့ပေါ် သို့ ကျရောက်သွားချိန်၌ သူသည် အထဲမှ ပြင်းထန်သော အားတစ်ခုကို ခံစားမိသည်။သူက ခဏတာ ရပ်တန့်သွား ရ၏။ဝမ်လင်း၏ မျက်လုံးသည် ကျဉ်းမြောင်းလို့သွားသည်။
တမန်တော်က
အသုံးချကာ ထိုအခိုက်အတန့်ကို နောက်သို့ ထပ်ဆုတ်လိုက်သည်။ဝမ်လင်းက နှာခေါင်းရှုံ့ ကာ သူ့ညာလက်ကို ပင့်မြှောက်လိုက်၏။ထိုအခါ သားရဲ အရိုးအမှတ်အသားသည် ချက်ချင်း ပျံသန်းထွက်သွား သည်။ သည့်နောက် မကောင်းဆိုးဝါးဆန်သောအော်ရာ တစ်ခု ပေါ်လာခဲ့ပြီးနောက် ထိုတမန်တော်၏ ခြေထောက် အောက်၌ မီးခိုးရောင်အလင်းတစ်ခု ဖြစ်ပေါ်သွားသည်။
ထိုတမန်တော်၏မျက်နှာသည်
သေလောက်အောင်
ဖြူရော်သွားကာ သူက သူ့ပတ်လည်တွင် ခရမ်းရောင်အခိုး ငွေ့များကို ဝန်းရံထားရင်း ထိုမီးခိုးရောင်အလင်းကို ခုခံရန် ကြိုးစားနေ၏။ သည်အခိုက်အတန့်မှာပင် ဝမ်လင်းက နီးကပ်လာခဲ့ကာ ရပ်တန့်ခြင်းမန္တန်ကို အသုံးပြုလိုက်သည်။
ထိုတမန်တော်၏ခန္ဓာကိုယ်သည် ချက်ချင်း ရပ်တန့် သွား၏။ ထိုအရာက ခဏတာသာ ဖြစ်သော်လည်း မီးခိုးရောင်အလင်းသည် သူ့ခန္ဓာကိုယ်အနှံ့ ပျော်ဝင်သွား လေ၏။ ဝမ်လင်းသည် ထိုးထွက်လိုက်ရင်း ထိုတမန်တော်ကို ညာခြေထောက်ဖြင့် ဆောင့်ကန်ချလိုက်သည်။
အက်ကွဲသံတစ်ခုက ချက်ချင်း ထွက်ပေါ်လာကာ တမန် တော်၏ခန္ဓာကိုယ်သည် ကျောက်စကျောက်နများအဖြစ်သို့ ပြောင်း၍ မြေပေါ်သို့ ပြုတ်ကျသွားသည်။သို့သော်လည်း တမန်တော်၏ ပတ်လည်ရှိ ဝန်းရံထားသည့် အလံသုံးခုက သူ့မူလစိတ်ဝိညာဉ်ကို ခေါ်ဆောင်ကာ ပျံသန်းထွက်ပြေး၏။
"ကျေးဇူးပြုပြီး ငါ့ကို မသတ်ပါနဲ့..။ငါက…" ထိုတမန် တော်၏စကား မဆုံးသေးခင်မှာပင် ဝမ်လင်း၏မျက်လုံးက တလက်လက် ဖြစ်သွားကာ သူက ရှေ့သို့ ထိုးထွက်လာခဲ့ သည်။သူက သူ့ညာလက်ဖြင့် ညွှန်လိုက်ရာ ကံကြမ္မာ ကျာပွတ်သည် ပျံသန်းထွက်သွားသည်။ထိုအခါ ခရမ်းရောင် အခိုးငွေ့များ၏ အတွင်းကနေ ညည်းညူသံတစ်ခု ထွက် ပေါ်လာတော့၏။ဝမ်လင်းက မူလစိတ်ဝိညာဉ်နှင့် အလံ ငယ်သုံးခုကို ဖမ်းယူလိုက်သည်။ ထို့နောက် သူက သူ့မူလ စွမ်းအင်များကို ထွေးထုတ်ပြီး မရေမတွက်နိုင်သော အတားအဆီးများကို မူလစိတ်ဝိညာဉ်နှင့်အတူ အလံများ ပေါ်သို့ ချိပ်ပိတ်ပစ်ကာ သူ့သိုလှောင်အိတ်ထဲသို့ သိမ်းဆည်း လိုက်တော့၏။
ထိုအခိုက်အတန့်မှာပင် ရှေ့သို့ ထိုးထွက်လာကြသော အခြားတမန်တော်နှစ်ယောက်သည်လည်း အခြားကျင့်ကြံ သူများ၏ ဝန်းရံထားခြင်းကို ခံလိုက်ရသည်။ အထည်ဒြပ် ယန်အဆင့်ကျင့်ကြံသူနှစ်ယောက်နှင့် ပုံရိပ်ယောင်ယင် အဆင့် ကျင့်ကြံသူအချို့နှင့် အာဏာတက်ခြင်းအဆင့်ကျင့်ကြံသူများစွာ၏ အချိတ်အဆက်မိမိ တိုက်ခိုက်မှု အောက်တွင် ထိုတမန်တော်နှစ်ယောက်သည်လည်း နောက်သို့ အတင်း ဆုတ်သွားရပေ၏။
သည်အခိုက်အတန့် ငွေရောင်အလင်းတန်းတစ်ခုသည် ဖျပ်ခနဲ ထွက်ပေါ်လာကာ တမန်တော်နှစ်ယောက်ထဲမှ တစ် ယောက်၏ ရင်ဘတ်ထဲကနေ သွေးများ ပန်းထွက်သွား စေသည်။ထိုတမန်တော်၏မျက်လုံးက မှိန်ဖျော့သွားကာ သူ့ မူလစိတ်ဝိညာဉ်သည် ထွက်ပြေးရန် ပျံသန်းလေ၏။
ဝမ်လင်း လှုပ်ရှားခြင်း မရှိသေးခင်မှာပင် ငွေရောင် အလင်းတန်းနှင့်အတူ အာဏာတက်ခြင်းအဆင့်ကျင့်ကြံသူ ဆယ့်နှစ်ယောက်ကျော်က ထိုမူလစိတ်ဝိညာဉ်နောက်သို့ အတင်းလိုက်ပါသွားကြသည်။ ခဏအကြာတွင် ထိုတမန် တော်သည်လည်း အသတ်ခံလိုက်ရလေ၏။
သည်အခိုက်အတန့်၌ ကျန်တမန်တော်သုံးယောက်သည် အစီအရင်ကို အသက်သွင်းပြီးသွားကြပြီ ဖြစ်သည်။ ထို့နောက် သူတို့သုံးယောက်က တစ်ယောက်နှင့်တစ် ယောက် လက်ချင်းချိတ်ကာ ရှုပ်ထွေးသောမန္တန်ကို ချက်ချင်း ရွတ်ဆိုလိုက်ကြ၏။ သည့်နောက်တွင်တော့ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်သည် အစွန်ဖျားပိုင်း၌ စတင်ပျက်စီးလာတော့၏။
တည်နေရာရွှေ့ပြောင်းခြင်းအစီအရင် ပျက်စီးမှုကို အသုံးချကာ သူတို့၏ အစီအရင်အပေါ် အသက်သွင်းမှုနှုန်းသည် ပိုမြန်ဆန်လာခဲ့သည်။ချက်ခြင်းလိုလိုပင် လှိုင်းတွန့် များ ပေါ်လာကာ ကောင်းကင်ထက်သို့ ထိုးတက်သွားကြ သည်။ထိုလှိုင်းတွန့်များအတွင်း၌ တမန်တော်သုံးယောက် သည် ရက်စက်သည့်အကြည့်နှင့် ရှိနေကြကာ သူတို့၏ပုံရိပ် များသည်လည်း ဝေဝါးကာ တဖြည်းဖြည်းချင်း ပျောက် ကွယ်လာသည်။
လှိုင်းတွန့်များ ပျံ့နှံ့နေစဉ် တည်နေရာရွှေ့ပြောင်းခြင်းအစီ အရင်သည် ပြင်းပြင်းထန်ထန် တုန်ခါလာခဲ့သည်။ ပတ်ဝန်းကျင်ရှိ အလင်းသည် အလယ်ဗဟိုတွင် စုစည်းလာ သည်။အလင်းက စုဝေးလာလေ အစီအရင်၏အစွန်အဖျား များသည် မြန်ဆန်စွာ ပျက်စီးလာကြသည်။
ကျင့်ကြံသူများနှင့် တိုက်ခိုက်နေသော နောက်ဆုံးတမန် တော်သည် ထိုအစီအရင်ကနေ ထွက်ပေါ်နေသည့် အလင်းတန်းထံသို့ ချက်ချင်း မြန်ဆန်စွာ တိုးဝင်သွားသည်။
သို့ရာတွင် သူတို့က ပျောက်ကွယ်တော့မည့် အခိုက်အတန့်လေး၌ ဝမ်လင်းသည် ရှေ့သို့ လှမ်းတိုး လိုက်၏။ သူ့လက်ချောင်းနှစ်ချောင်းကို ဓားတစ်လက် အသွင် ဖြစ်ပေါ်စေ၍ ကောင်းကင်ဘုံခုတ်ပိုင်းခြင်းဓားချက် ကို အလင်းတန်းပေါ်သို့ တိုက်ရိုက် ကျရောက်စေလိုက်၏။
အလင်းတန်းသည် ရုတ်တရက် ပျက်စီးသွားကာ ချက်ချင်း ပျောက်ကွယ်သွား၏။ အစီအရင်အတွင်းရှိ တမန် တော်လေးယောက်သည် ကြောက်လန့်ဟန် ဖြစ်ပေါ်သွားကြ၏။ သူတို့၏ပုံရိပ်များသည် ဆုတ်ဖြဲခံလိုက်ရသကဲ့သို့ ဖြစ်ကာ ပျက်စီးပျောက်ကွယ်သွား၏။
တည်နေရာ အလင်းတန်းပျောက်ကွယ်သွားသည်နှင့် ရွှေ့ပြောင်းခြင်းအစီအရင်၏ လှိုင်းတွန့်များသည် ပိုမို ပြင်းထန်လာခဲ့သည်။ သည့်နောက် စူးရှသောအလင်းတန်း များသည် တစ်ဖန် စုဝေးလာကာ နောက်ထပ်အလင်းတန်း တစ်ခု ထွက်ပေါ်လာပြန်သည်။
ပတ်ဝန်းကျင်ရှိကျင့်ကြံသူများအားလုံးသည် တစ်ခဏ တာ နောက်ကျသွားလျှင် သူတို့က သည်နေရာကနေ ဘယ်တော့မှ ထွက်သွားနိုင်စွမ်း ရှိတော့မည် မဟုတ် သကဲ့သို့ တစ်ဟုန်ထိုး တိုးဝင်လာကြ၏။
ရှန်ကုန်းဟူသည် တစ်ချိန်လုံး မတိုက်ခိုက်သည့် တစ်ဦး တည်းသောလူ ဖြစ်လေ၏။ သူ့တာအိုစိတ်ဝိညာဉ်ကို တခြားတစ်ယောက်အား ကမ်းလှမ်းခဲ့ပြီးနောက် သူသည် ခွဲခြားဆက်ဆံခံရသည်ဆိုဦးတော့ မိုးကြိုးကောင်းကင်ဘုံ ကျောင်းတော်သည် သူ့အပေါ်တွင် ကျေးဇူးရှိပေ၏။
မည်သို့ပင်ဖြစ်စေ သူက မလှုပ်ရှားနိုင်ပဲ ပြဿနာများကို ရှောင်နိုင်ရန်အတွက် အစိတ်အပိုင်းမြေ၏ ငါးကီလိုမီတာ အတွင်းသို့ ရောက်လာသည့်အခါ သူ့ကိုယ်သူ ရုပ်ဖျက် ထားခဲ့ပေသည်။အခုအခိုက်အတန့်တွင် သူသည် ထပ်မံ ထွက်ပေါ်လာသော အလင်းတန်းရှိရာသို့ တစ်ဟုန်ထိုး တိုးဝင်သွား၏။
ကျင့်ကြံသူများက အလင်းတန်းထဲသို့ ပို၍ တိုးဝင်လာ လေလေ အလင်းသည် ပို၍ ပြင်းထန်သိပ်သည်း လာခဲ့ တော့သည်။ ရှီဇီဖန်ကလည်း အလင်းတန်းထဲသို့ တိုးဝင်နေ ရင်း ဝမ်လင်းကို ပြန်လှည့်ကြည့်လိုက်၏။သူမက သူမ၏ အောက်နှုတ်ခမ်းကို ကိုက်ကာ တစ်ခုခုကို ပြောချင်နေသည့် ပုံ ရသည်။
တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်၏ အစွန်းဖျားများ ပျက်စီးလာမှုသည် မြန်ဆန်စွာ ပျံ့နှံ့လာသည်။မျက်စိတစ် မှိတ် အတွင်းမှာပင် အလင်းတန်းရှိနေသောနေရာထိရောက်ရှိလာလုနီးပါး ဖြစ်လာ၏။တည်နေရာရွှေ့ပြောင်း ခြင်း ပျက်စီးနေမှုကြောင့် သည်အစီအရင်သည် အကန့်အသတ်သို့ ရောက်လာလုနီး ဖြစ်နေသည်။
ဝမ်လင်းက အလင်းတန်းထဲသို့ ခြေတစ်လှမ်းလှမ်းကာ ဝင်ရောက်လိုက်သည်။သူ့စိတ်ထဲ၌လည်း တွေးနေမိ၏။ "အခုက ထွက်သွားဖို့ အချိန်တန်ပြီ...တည်နေရာရွှေ့ပြောင်း ခြင်းအစီအရင် ပျက်စီးတာက ကောင်းတဲ့အရာပဲ...ဒီလို ပျက်စီးသွားတဲ့အတွက် ဒီအစီအရင်ရဲ့ ဦးတည်ရာနေရာက ပြန့်ကျဲသွားနိုင်တယ်...။ဒီလိုနည်းနဲ့ ငါဟာ မိုးကြိုး ကောင်းကင်ဘုံကျောင်းတော်ကို တည်နေရာရွှေ့ပြောင်း သွားတာကနေ ရှောင်လွှဲသွားနိုင်လောက်တယ်..."
အလင်းတန်းက ကောင်းကင်ထက်သို့ ထိုးတက်သွား သည့်အချိန်၌ ပြင်းထန်သောအားတစ်ခု ဖြစ်ပေါ်လာသည်။ ထိုအလင်းတန်းက ပျက်စီးလုနီးပါး ဖြစ်သွားသည့်အခါတွင်အထည်ဒြပ်ယန်အဆင့်ကျင့်ကြံသူတစ်ယောက်သည် ငွေ ရောင်အလင်းတန်းအဖြစ်သို့ ပြောင်းလဲရင်း အော်ပြော လိုက်လေ၏။ "စီနီယာ…ကျေးဇူးပြုပြီး...သင့်ရဲ့နာမည် ငါ တို့ကို ပြောခဲ့ပါ။ဒီကြီးမားတဲ့အကြွေးကို ဘယ်တော့မှာ မေ့ ပစ်မှာ မဟုတ်ပါဘူး..."
"ရှုမူ…" ဝမ်လင်းက အလင်းတန်းနှင့်အတူ ပျောက် ကွယ်နေရင်း ထိုသို့ပြောလိုက်သည်။ရှီဇီဖန်၏မျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူသည် စိတ်ထဲကနေ တွေးလိုက် မိသည်။ "ရှုမူ…"
ထိုအလင်းတန်းပျောက်ကွယ်သွားသည့်အခါတွင် ကျင့်ကြံသူအားလုံးက ခပ်တိုးတိုး ရေရွတ်လိုက်ကြ၏။ "ငါ တို့က ဒီကြီးမားတဲ့အကြွေးကို ဘယ်တော့မှ မေ့သွားမှာ မဟုတ်ပါဘူး..."
သူတို့အားလုံးသည် ရှုမူ ဆိုသည့်နာမည်ကို သတိရနေပေ တော့မည်။ သူတို့၏ ဘဝတစ်လျှောက်တွင် ထိုနာမည်ကို မေ့သွားနိုင်လိမ့်မည် မဟုတ်တော့ချေ။
***
အလင်းတန်းပျောက်ကွယ်သွားသည့် အခိုက်တွင် ရှိနေသည့် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင် အစိတ်အပိုင်းမြေသည် အနီးအနားပတ်ဝန်းကျင်ရှိလေဟာနယ်အက်ကြောင်းများ၏ ဝါးမျိုခြင်း ခံလိုက်ရ သည်။ယခုအခါ၌ မိုးကြိုးကောင်းကင်ဘုံနယ်မြေတစ်ခုလုံး သည် လေဟာနယ်အက်ကြောင်းများကနေ ထွက်ပေါ်နေ သည့် လေအေးများနှင့် ရုန်းရင်းဆန်ခတ် ဖြစ်လို့နေ တော့သည်။
သည်လေအေးများက
အလွန်သိပ်သည်းလှကာ ဆက်၍ဆက်၍ တိုးတက်နေသည်။သိပ်မကြာခင်တွင် ထို လေများက တစ်ခုနှင့်တစ်ခုချိတ်ဆက်ကာ ဧရိယာတစ်ခု လုံးအား လွှမ်းခြုံ တိုက်ခတ်လာတော့သည်။
မိုးကြိုးကောင်းကင်ဘုံနယ်မြေရှိ
အစိတ်အပိုင်းမြေ များသည် ဆက်လက်၍ ပြိုကျပျက်စီးနေသည်။အခုအချိန်၌ အစိတ်အပိုင်းမြေသည် နှစ်ဆယ်ပင် မပြည့်တော့ပေ။သည် လေအေးများအတွင်းကနေ အနက်ရောင်ရေခဲအပိုင်းအစ များ ပေါ်ထွက်လာကြသည်။၎င်းတို့က ဆက်လက်ပျံ့နှံ့ကြကုန်သည်။သိပ်မကြာခင်တွင် အစိတ်အပိုင်းမြေနှစ် ဆယ်နီးပါးသည် ထိုအနက်ရောင်ရေခဲများ၏ ဖုံးလွှမ်းခြင်း ခံလိုက်ရ၏။
အနက်ရောင်ရေခဲများသည် သည်အစိတ်အပိုင်းမြေနှစ် ဆယ်နှင့် ချိတ်ဆက်ထားသည့် မိုးကြိုးကွင်းဆက်များ တစ်လျှောက်တွင်လည်း ဖြစ်ပေါ်နေ၏။ သိပ်မကြာခင်တွင် အနက်ရောင်ရေခဲများသည် ချဲ့ထွင်လာကာ မိုးကြိုးကွင်း ဆက်များအားလုံးအပေါ်တွင်ပါ ဖုံးအုပ်သွားလေ၏။
မိုးကြိုးကောင်းကင်ဘုံနယ်မြေမှ အချိန်မီမထွက်သွားနိုင် သည့် ကျင့်ကြံသူများအားလုံးသည် အေးခဲသွားကြလေ၏။ သူတို့သည် မအေးခဲခင် အမျိုးမျိုးသော ကိုယ်နေဟန်ထား များနှင့် ရှိနေကြ၏။ အချို့သည် ပျံသန်းနေရင်း၊အချို့သည် ရုန်းကန်နေရင်း သို့မဟုတ် သေဖို့အတွက် မျက်လုံးမှိတ်ကာ စောင့်ဆိုင်းနေခြင်း စသည့်ပုံသဏ္ဌာန်မျိုးစုံဖြင့် အေးခဲသွား ကြပေသည်။
အချို့သည် သူတို့၏ခန္ဓာကိုယ်များက ပျက်စီးနေကြ သည်။သို့သော် ပျောက်ကွယ်သွားကြခြင်းတော့ မရှိပေ။ သူ တို့ထွေးထုတ်လိုက်သည့် အသွေးအသားနှင့်သွေးများပင် ခဲ ကုန်ကြလေ၏။ ၎င်းမြင်ကွင်းသည် အလွန်တုန်လှုပ်ဖွယ် ကောင်းလှသည်။
အစိတ်အပိုင်းမြေတစ်ခု၏အပေါ်တွင် သက်လတ်ပိုင်း အရွယ်လူကြီးသည် လေထဲ၌ သူ့ဓားတစ်လက်နှင့်အတူအေးခဲသွား၏။သူတစ်ယောက်တည်း မဟုတ်ဘဲ လူ တိုင်း၏ရတနာလက်နက်များသည်လည်း အေးခဲသွားကြရ သည်သာ။
အေးစက်စက် ရေခဲတမျှအေးစက်သည့်လေများ တိုက်ခတ်ပြီးသည့်နောက် မိုးကြိုးကောင်းကင်ဘုံနယ်မြေ သည် ပြိုကျနေရာကနေ ရပ်တန့်လို့သွား၏။ ထိုနေရာတွင် အနက်ရောင်ရေခဲများသာ ကျန်ရစ်ခဲ့တော့လေ၏။
ဓားအရိပ်တစ်ခု မိုးကြိုးကောင်းကင်ဘုံနယ်မြေတွင် သည် ဖြတ်သန်းသွားလာနေ၏။ ၎င်းဓားအရိပ်၏ ပတ်ဝန်းကျင်ရှိ ရေခဲများက သူ့အပေါ်တွင် မည်သည့် သက်ရောက်မှုမှ မရှိဘဲ ၎င်းဓားသည် မိုးကြိုး ကောင်းကင်ဘုံနယ်မြေတွင် ပျံသန်းလို့နေသည်။
ထိုဓား၏ ထိပ်ဖျားတွင် လူတစ်ယောက် မတ်တတ်ရပ် ကာနေသည်။သည်လူက ဓားနှင့်အတူ အစစ်အမှန်မဟုတ် သည့်အလား ထင်မှတ်၏။ ထိုလူသည် သူ့ရှေ့တည့်တည့်သို့ ပြုံး၍ တည်ငြိမ်စွာ ကြည့်နေသည်။သည့်နောက် သူသည် ဓားနှင့်အတူ ပျောက်ကွယ်သွားလေတော့၏။
အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းကြီး၏ ဒေသကြီး လေးခုရှိ မတူညီသောနေရာများတွင် လှိုင်းတွန့်တစ်ရာ ကျော် ထွက်ပေါ်လာကြ၏။ သူတို့သည် မတူညီသောနေရာ များတွင် ပေါ်လာကြခြင်း ဖြစ်သော်လည်း တစ်ချိန်တည်း ပေါ်လာခဲ့ကြခြင်း ဖြစ်လေ၏။
ထိုလှိုင်းတွန့်တစ်ခုချင်းစီ၌ ကျင့်ကြံသူတစ်ယောက် ရှိနေ၏။ ပေါ်ထွက်လာကြသည့် လူတိုင်းသည် အလွန်စိတ် လှုပ်ရှားနေကြ၏။ သေခြင်းတရားကနေ လွတ်မြောက်လာ သည့်ခံစားချက်က သူတို့ကို အလွန်စိတ်လှုပ်ရှားစေခြင်း ဖြစ်သည်။
ထို့နောက်တွင်တော့ ကျင့်ကြံသူတစ်ယောက်ချင်းစီသည် သူတို့၏ ဆိုင်ရာ မိသားစုများရှိရာသို့ မြန်ဆန်စွာ ပြန်သွား ကြလေ၏။ သိပ်မကြာခင်တွင် မိုးကြိုးကောင်းကင်ဘုံ နယ်မြေတွင် ဖြစ်ပွားခဲ့သည့် သတင်းက ပျံ့နှံ့လာကုန်သည်။
ထိုအသက်ရှင်သန် လွတ်မြောက်လာခဲ့သည့် ကျင့်ကြံ သူများ၏ အမျိုးမျိုးသော မိသားစုများကြား၌ နာမည်တစ်ခု သည် ပျံ့နှံ့နေ၏။
ကောင်းကင်ဘုံဂိတ်ပေါက်၌ ထူးဆန်းသောဆံဖြူလူနှင့် တိုက်ခိုက်ခဲ့သူသည် မည်သူနည်း။
ကျင့်ကြံသူအများအပြားကို သေရေးရှင်ရေးအချိန်
အတွင်း ကယ်တင်ခဲ့သူက မည်သူဖြစ်သနည်း။
မိုးကြိုးကောင်းကင်ဘုံနယ်မြေ ပြိုကျနေစဉ်အတွင်း အစိတ်အပိုင်းမြေတစ်ခုကို အသက်ရှင်သန်လိုသူများအား အသုံးပြုခွင့်ပေးခဲ့သည့်သူကကော မည်သူဖြစ်သနည်း။ထို လူများကို မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင် ရှိရာသို့ ေခါ် ်ဆောင်သွားသည့်သူက မည်သူနည်း။ ထိုသူသည် မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ အလင်းအကာအရံကို ချိုးဖျက်ကာ အော်သံတစ်ချက်ဖြင့်ပင် တမန်တော်များအား ပြန့်ကျဲသွားစေခဲ့ပေသည်။ မိုးကြိုးကောင်းကင်ဘုံနယ်မြေ ပြိုကျမပျက်စီးခင်လေး တည်နေရာရွှေ့ပြောင်းခြင်းအစီအ ရင်ထဲသို့ ခေါ်ဆောင်ခဲ့သည့်သူကကော မည်သူဖြစ်သနည်း။
ထိုသူသည် ရှုမူခေါ် ဝမ်လင်း ဖြစ်ချေ၏။
အသက်ရှင်လွတ်မြောက်လာခဲ့သည့် ကျင့်ကြံသူများ၏ မိသားစုများသည် အမျိုးမျိုးအင်အားများ ရှိကြသည်။တချို့ သည် မိသားစုကြီးမားကြသည်။အချို့သည် သေးငယ်ကြ သည်။ သို့သော်လည်း သူတို့အားလုံးအတူ စုပေါင်းလက်တွဲ ခဲ့သည့်အခါ သူတို့သည် လျှော့တွက်လို့မရသည့်အားတစ်ခု ဖြစ်လာခဲ့လေ၏။
သည်စွမ်းအား၏အောက်၌
မိုးကြိုးကောင်းကင်ဘုံ ကျောင်းတော်ပင် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်နှင့် ပတ်သက်၍ ကိစ္စကို ပြောနိုင်ခြင်း မရှိတော့ပေ။ ထိုအရာက ဘယ်တုန်းကမှ မဖြစ်ပျက်ခဲ့သကဲ့သို့ပင်။တကယ်တော့ ထို မိသားစုမျိုးစုံသည် ဖြစ်ပျက်ခဲသမျှကို လူသိထင်ရှားဖြစ်စေ ခဲ့ကာ ရှုမူကို ကျော်ကြားအောင် ပြုလုပ်ခဲ့လေ၏။
တကယ်တော့ ထိုလွတ်မြောက်လာသော မိသားစုဝင် များသည် မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ တားမြစ် ဧရိယာကို ချိုးဖျက်ခဲ့ကြခြင်းပင်။ ထိုအရာက သူတို့၏မိသားစုတစ်ခုလုံးကို ဘေးကပ်ဆိုးတစ်ခု ဖြစ်သွားစေနိုင်ပေ၏။ ထိုအရာက ဖုန်းကွယ်ထား၍ ရနိုင်မည် မဟုတ် ဘဲ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်က သိရှိပြီး ဖြစ်ပေ လိမ့်မည်။
ထို့အတွက်ကြောင့် မိုးကြိုးကောင်းကင်ဘုံကျောင်း တော်သည် သူတို့ကို လာသတ်သည်ကို စောင့်နေမည့်အစား သူတို့သည် အတူပူးပေါင်းရန် အကြောင်းပြချက်နှင့်အတူ တိုက်ခိုက်ကြရန် ဆုံးဖြတ်ခဲ့ကြ၏။ သည်နည်းဖြင့်သာ သူ တို့သည် ရှင်သန်နိုင်ပေလိမ့်မည်။ မဟုတ်ပါက မိုးကြိုး ကောင်းကင်ဘုံနယ်မြေမှ လွတ်မြောက်လာသည့် သူ တို့၏မိသားစုဝင်များက လက်လွှဲပေးရပေလိမ့်မည်။
သို့သော်လည်း မိုးကြိုးကောင်းကင်ဘုံနယ်မြေသို့ သွားရောက်ခဲ့သည့် မိသားစုဝင် ကျင့်ကြံသူများသည် သူတို့ မိသားစုများ၏ တိုက်ရိုက်မျိုးဆက်များ ဖြစ်သည့်အပြင် အနာဂတ် ထောက်တိုက်များလည်း ဖြစ်နေသေး၏။ ထို့ကြောင့် ထိုသူများကို မည်သို့ သည်အတိုင်း သေခိုင်းနိုင် ပါ့မည်နည်း။
ဉာဏ်များကြ ထိုမိသားစုများ၏အကြီးအကဲများသည် သည့်သူများ ဖြစ်ကြပေ၏။ထို့ကြောင့် သူတို့သည် သည် ကိစ္စကို သိရှိကြပြီး ဖြစ်သည်။ထို့ကြောင့်လည်း သူတို့က အချင်းချင်း ပူးပေါင်းကာ မိုးကြိုးကောင်းကင်ဘုံကျောင်း တော်၏ တားမြစ်ဧရိယာကို ဖျက်ဆီးခဲ့သည့်ကိစ္စအား အောင်မြင်စွာ ခုနှိမ်နိုင်ခဲ့တော့သည်။
တစ်ချိန်တည်းမှာလည်း ထိုမိသားစုများက ရှုမူ၏ နာမည်ကို သတင်းဖြန့်လိုက်ကြသည်။
အဆုံးသပ်၌ မည်သူကမျှ ထိုရှုမူ၏ အစစ်အမှန်ကျင့်ကြံမှု အဆင့်ကို မခန့်မှန်းနိုင်ကြပေ။
ဆိုင်ရာဆိုင်ရာ မိသားစုများသည် အသက်ရှင်လျက် လွတ်မြောက်လာကြသော သူများကို မေးခွန်းများမေးခဲ့ ကြ၏။ထိုအခါ သူတို့သည် ထူးဆန်းသောအဘိုးအိုနှင့် ရှုမူ တို့ တိုက်ပွဲတွင် ရှုမူက အမျိုးမျိုးသော မန္တန်များကို အသုံးပြုခဲ့သည်ကို ပြန်ကြားသည့်အခါ သူတို့သည် တုန်လှုပ်ကြောက်လန့်မိကုန်ကြသည်။
ရှုမူ ဆိုသည့်နာမည်က အလုံးစုံကောင်းကင်ကြယ်အဖွဲ့ အစည်းတွင် မုန်တိုင်းထန် သွားခဲ့တော့သည်။ သို့သော် မည်သူကမျှ သူ့ကို ထပ်မံ၍ မတွေ့ရတော့ချေ။ သူသည် ရုတ်တရက်ကြီး ပျောက်ကွယ်သွားသလို ဖြစ်ကာ လျှို့ဝှက် ဆန်းကြယ်မှုတစ်ခု ဖြစ်လာချေတော့၏။
အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း၊ အနောက်ပိုင်း နယ်မြေ။
ထိုအနောက်ပိုင်းနယ်မြေသည်
တောက်ပသော အလင်းတန်းများ ထုတ်လွှတ်နေသည့် ကြယ်အစုအဝေး ကြီးတစ်ခုရှိသည့် နယ်မြေကြီးတစ်ခု ဖြစ်သည်။
အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းရှိ နယ်မြေလေးခု တွင် အနောက်ပိုင်းနယ်မြေသည် ကြမ်းကြုတ်ရက်စက်သော သားရဲများအပေါဆုံးနေရာ ဖြစ်လေ၏။အခြား နယ်မြေသုံးခုနှင့် ယှဉ်ပါက ထိုနေမြေတွင် ကျင့်ကြံသူများ များစားစား မရှိချေ။
အနောက်ပိုင်းနယ်မြေ၏ (၇၀)ရာခိုင်နှုန်းသည် ကျင့်ကြံ သူတော်တော်များများ မဝင်ရောက်နိုင်သည့် နေရာ ဖြစ်သည်ဟူ၍ပင် ပြော၍ရ၏။ ထိုသို့ဖြစ်ရခြင်းသည် သည် နေရာများရှိ လေဟာနယ်သည် အလွန်အန္တရာယ်များလှ ကာ ကြမ်းတမ်းသည့်သားရဲများ ရှိနေကြသောကြောင့် ဖြစ် လေသည်။
ထိုနေရာကို ထူးဆန်းသောနယ်မြေဟုလည်း ခေါ်တွင် ပေ၏။
ဆေးဝါးဖော်စပ်ရန် သို့မဟုတ် ရတနာလက်နက်များ ပြုလုပ်ရန်အတွက် လိုအပ်သည့် အချို့သတ္တုပစ္စည်းများ တွက်သာ ကျင့်ကြံသူအချို့သည် သည်နေရာသို့ ဝင်လာ တတ်ကြပေ၏။ သို့ရာတွင် သူတို့သည် သိပ်ဝေးဝေးသို့ သွားရောက်ကြခြင်း မရှိပေ။ သူတို့သည် သည်နေရာ၏ အတွင်းအနက်ပိုင်း၌ ကြောက်မက်ဖွယ်တည်ရှိမှုတစ်ခု ရှိနေသည့်အလား ထင်မှတ်နေကြသကဲ့သို့ပင်။
ထူးဆန်းသောနယ်မြေ၏ အတွင်းနက်ပိုင်းထဲတွင် ထူးဆန်းသောဧရိယာတစ်ခု ရှိလေ၏။ထိုနေရာတစ်ခုလုံး သည် ပိန်းပိန်းနက်မှောင်လုနီးပါး ဖြစ်နေသည်။
ထိုနေရာတွင် မည်သည့်ကြယ်အလင်း
သို့မဟုတ်အလင်းပစ္စည်းတစ်ခုမှ ရှိလို့မနေချေ။ထို့ကြောင့် သည် နေရာက အလွန်နက်မှောင်နေကာ ကြောက်မက်ဖွယ် ကောင်းနေ၏။သည်နေရာက ထူးဆန်းသောနယ်မြေ၏ အစစ်အမှန်ဗဟိုချက် မဟုတ်သော်လည်း ဗဟိုနှင့် သိပ် တော့ မဝေးလှတော့ချေ။
ထိုစဉ် သည်ပိန်းပိန်းမှောင်နေသည့်နေရာ၌ အလင်းတစ် ခုသည် ရုတ်တရက် ပေါ်လာခဲ့၏။ ပထမ၌ ၎င်းအလင်း သည် မှိန်ဖျော့နေသည်။သို့သော် သိပ်မကြာခင်တွင် ၎င်း အလင်းသည် အလွန်တောက်ပလာကာ ပတ်ဝန်းကျင်တစ် ခုလုံးသည် လင်းထိန်လာတော့၏။
ပတ်ဝန်းကျင်လင်းထိန်သွားသည့် အခိုက်၌ ထိုဧရိယာ သည် မြူများနှင့် ပြည့်နေသည် နေရာတစ်ခုဖြစ်ကြောင်း ပေါ်ထွက်သွားခဲ့သည်။ထိုမြူများက အလင်းကို အတော် လေး ထိတ်လန့်ကြောက်ရွံ့သည်ဟု ထင်မှတ်ရသည်။မြူ များက အလျင်အမြန်နောက်သို့ ဆုတ်သွားခဲ့ရာ မျက်စိတစ် မှိတ်အတွင်း မြူများကင်းမဲ့နေသည့် နေရာကျယ်တစ်ခု ဖြစ် ပေါ်သွားတော့၏။
အလင်းက ပေတစ်ရာလောက်အကျယ်ထိ ကြီးမားလာ ခဲ့၏။ လှိုင်းတွန့်များကလည်း ပေါ်လာခဲ့သည်။ထို့နောက် ပုံ ရိပ်တစ်ခုသည် ထိုလှိုင်းတွန့်များထဲ၌ ဖြစ်ပေါ်လာသည်။
ထိုပုံရိပ်သည် လူတစ်ယောက်၏သွင်ပြင်ရှိ၏။သူကတော့ ဝမ်လင်းပင် ဖြစ်သည်။
ဝမ်လင်း၏ မျက်လုံးထဲ၌ သတိထားသည့် ဟန်ပန် ဖြစ် ပေါ်နေ၏။ သူက ပေါ်ထွက်လာသည်နှင့် လှိုင်းတွန့်များက စတင်ပျောက်ကွယ်လာကြသည်။ သူက ပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်း တွေ့မြင်လိုက်ရသည်။ လှိုင်းတွန့် အလင်းများ ပျောက်ကွယ်သွားသည့်နောက် မြူများသည် တစ်ဖန်ရွေ့လျားလာကာ သည်နေရာလွတ်ဧရိယာကို နောက်တစ်ကြိမ် ပြန်ဝါးမျိုလိုသည့်အလား ထင်မှတ်ရ လေ၏။
လှိုင်းတွန့်အလင်းများ ပျောက်ကွယ်သွားသည်နှင့် ဝမ် လင်း၏မျက်လုံးထဲ၌ မှိန်ဖျော့သွားသည်။ သို့သော် သူ့ ခန္ဓာကိုယ်ပေါ်ရှိ အမွေးအမှင်များအားလုံးသည် ထောင်မတ် သွားကာ သူက စိတ်နှလုံးထဲကနေ အန္တရာယ်ခံစားချက်ကို ရရှိလိုက်၏။
တွေးတောမနေတော့ဘဲ သူ့ခန္ဓာကိုယ်ထဲရှိ မိုးကြိုးကို အသက်သွင်းကာ သူ့လက်ကလည်း ချိပ်တံဆိပ်တစ်ခုကို အ မြန်ဖြစ်ပေါ်စေလိုက်သည်။ ထိုမိုးကြိုးလုံးနှစ်ခုသည် ခပ် အုပ်အုပ် တုန်ဟည်းသံကို ပေးစွမ်းကာ သူ့လက်နှစ်ဖက် တွင် လာရောက်စုဝေးသည်။
သည်မိုးကြိုးလုံးနှစ်ခုက အလွန်တောက်ပနေ၏။ ၎င်းတို့ ကပေါ်လာသည်နှင့် ဖျတ်ခနဲလင်းလက်သွားမှုကြောင့် မြူသည် လှုပ်ရှားလာနေရာကနေ ရုတ်တရက် ရပ်တန့် သွားသည်။၎င်းမြူသည် တိုက်ခိုက်ခြင်း ခံလိုက်ရသကဲ့သို့ နောက်ဘက် ပေတစ်သောင်းလောက်အထိ ပြန်ဆုတ်ခွာသွားသည်။
ဝမ်လင်းအသွင်က သုန်မှုန်နေကာ သူ့ရှေ့ရှိ မြူလွှာကို စူး စိုက်ကြည့်နေတော့သည်။ ထို့နောက် သူက သူ့ပတ်လည်ကို ကြည့်လိုက်ရာ မျက်မှောင်မကြုတ်မိပဲ မနေနိုင် ဖြစ်သွား တော့၏။
"ဒါက ဘယ်နေရာလဲ..."
"ဒီမြူတွေက အတော်လေး ထူးဆန်းနေတယ်။ ဒါက အသက်ရှိနေသလိုပဲ..." ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ် သွားသည်။ သူက သူ့ညာလက်ထဲရှိ မိုးကြိုးလုံးကို ပစ် လွှတ်လိုက်လေ၏။ မိုးကြိုးလုံးသည် တုန်ဟည်းသံနှင့်အတူ ရှေ့သို့ ပျံသန်းထွက်သွားသည်။
သူ့ရှေ့ရှိ မြူလွှာသည် မြန်ဆန်စွာ နှစ်ခြမ်းခွဲကာ မိုးကြိုး လုံး ဖြတ်ကျော်သွားဖို့ လမ်းကြောင်းတစ်ခုကို ဖန်တီးပေး သွား၏။ ဝမ်လင်း၏ခန္ဓာကိုယ်က ဖျတ်ခနဲ ရွေ့လျားသွား ကာ သူသည် မိုးကြိုးလုံးနောက်သို့ ကပ်၍ လိုက်ပါသွား သည်။
သူက မိုးကြိုးလုံးနှင့်အတူ လျှောက်လှမ်းနေရင်း ရှေ့သို့ ဆက်တိုးလာခဲ့သည်။ သည်မြူက အဆုံးမရှိသည့်အလား ထင်မှတ်ရသည်။ မိုးကြိုးလုံး မှိန်ဖျော့သွားသည့်အချိန်ထိပင် သူက မြူလွှာဧရိယာထဲကနေ ထွက်မသွားနိုင်သေးချေ။
လမ်းတစ်လျှောက်တွင် ဝမ်လင်းက မျက်မှောင်ခပ် တင်းတင်း ကြုတ်နေမိ၏။ သူ့ပတ်လည်ရှိ မြူလွှာသည်အလွန်ထူးဆန်းလှ၏။ထို့ကြောင့် သူက နတ်ဘုရားအာရုံကို လည်း ဖြန့်ကြက်ဝံ့ခြင်း မရှိချေ။သူက သူ့နတ်ဘုရားအာရုံ ကို ဖြန့်ကြက်လိုက်ပါက သည်မြူလွှာအတွင်း၌ ကြီး ကြီးမားမား ပြောင်းလဲမှုတစ်ခု ဖြစ်လာနိုင်သည်ဟု ခံစားမိနေ၏။
ထိုခံစားချက်က အခြေအမြစ်မရှိသော်လည်း အလွန် အားကောင်းနေသည်။
သုံးရက်ကြာပျံသန်းပြီးသည့်အထိဝမ်လင်းသည် ရပ်တန့်ခြင်း မရှိသေးပေ။သူ့ရှေ့ရှိ မြူထုက အခုထိ အဆုံးမ ရှိသလို ဖြစ်နေသည်။ မည်သည့်အရာမှ ပြောင်းလဲသွားခြင်း မရှိဘဲ အနှီမြူလွှာက အဆုံးမသတ်တော့သည့်အလား တည်ရှိနေလေသည်။
ခဏတာတိတ်ဆိတ်သွားပြီးနောက် ဝမ်လင်း၏မျက်လုံး သည် အေးစက်လာသည်။ သူက တဖြည်းဖြည်းဖြင့် တည်ငြိမ်အောင်လုပ်လိုက်၏။ သူ့စိတ်ကို သက်သောင့်သက်သာ ရှိစေပြီးမှ သူသည် ရှေ့သို့ ခြေတစ် လှမ်းလှမ်းလိုက်သည်။ ထိုအခါ သူ့ခြေထောက်အောက်၌ လှိုင်းတွန့်များ ပေါ်လာခဲ့လေသည်။
ဝမ်လင်းမျက်လုံးက တည်ငြိမ်နေကာ သူသည် လောက နှင့်တစ်သားတည်း ပေါင်းစပ်လိုက်၏။ သူသည် နောက်ထပ် ခြေတစ်လှမ်း ထပ်လှမ်းလိုက်ရာသူ ခြေထောက်အောက်၌ ပိုမိုများပြားသည့် လှိုင်းတွန့်များ ဖြစ်ပေါ်လာခဲ့သည်။ သည်တစ်ကြိမ်၌ ဝမ်လင်းသည် လောက နှင့်တစ်သားတည်းပေါင်းစပ်သည့် ခံစားချက်ကို ဖမ်းဆုပ်မိသွားတော့သည်။
ယခုတစ်ကြိမ်သည် သူ လောကနှင့်တစ်သားတည်း ပေါင်းစပ်နိုင်သော အမြန်ဆုံးတစ်ခေါက် ဖြစ်လေ၏။ထို အရာသည် အရှင်မီးတောက်ကြောင့် ဖြစ်လေသည်။ထိုစဉ် က အတွေ့အကြုံကြောင့် သူက သည်ပေါင်းစပ်နိုင်မှုကို ပို၍ ကျွမ်းကျင်လာခဲ့ခြင်း ဖြစ်သည်။
တတိယမြောက် ခြေလှမ်းတွင် ဝမ်လင်း၏ ညာခြေက လှမ်းချလိုက်သည့်အချိန်တွင် သူသည် ရုတ်တရက် ပျောက် ကွယ်သွားကာ သူ့နောက်တွင် လှိုင်းတွန့်တစ်ခုသာ ကျန်ခဲ့ လေတော့၏။ အနည်းငယ်ကြာမြင့်ပြီးသည့်နောက် ပတ်ဝန်းကျင်ရှိမြူများသည် မည်သည့်အလင်းရောင်မှ မရှိတော့သဖြင့် ဝမ်လင်းရှိနေခဲ့သောနေရာကို ပြန်လည်ဝါးမျို သွားကြတော့သည်။
အကွာအဝေးမည်မျှထို ရောက်သွားမှန်း မသိပြီးနောက် မြူလွှာ၏ အစွန်းနားရှိသည့်နေရာဟု ထင်ရသည့် နေရာ တစ်ခုသို့ ရောက်လာ၏။ သည်နေရာတွင် မြူများ ရှိနေ သော်လည်း အရင်ထက် ပါးလွှာသည်။သည်ဧရိယာတွင် လှိုင်းတွန့်များ ရုတ်တရက် ပေါ်လာခဲ့ကာ မြူလွှာသည် ချက်ချင်း လွင့်ပါးသွား၏။ထို့နောက် ဝမ်လင်း၏ပုံရိပ်သည် လှိုင်းတွန့်ထဲကနေ ထွက်ပေါ်လာသည်။
သူက ခြေလှမ်းထွက်လိုက်သည့်အခိုက်တွင် သူ့အသွင်က ပြောင်းလဲသွား၏။
သည်နေရာက မြူလွှာ၏ အဆုံးသတ်အမှန်ပင် ဖြစ်၏။ သို့သော် ဝမ်လင်းရှေ့ရှိ ပေသုံးရာတွင် အနီရောင့်ရောင် အသွေးအသားနံရံတစ်ခု ရှိလို့နေလေသည်။ ၎င်းနံရံက အလွန်ကြီးမားလှကာ ထာဝရချဲ့ထွင်နေသည်ဟုပင် ထင်မှတ်ရသည်။သူက အပေါ်သို့ မော့ကြည့်လိုက်သည့် အခါ ၎င်းနံရံသည် သည်ဧရိယာကို ဖုံးအုပ်ထားဆဲ ဖြစ်ကြောင်းကို တွေ့လိုက်ရသည်။
ဝမ်လင်း၏အသွင်က အလွန်အမင်း သုန်မှုန်သွား၏။ သူက လောကနှင့်တစ်သားတည်း နစ်မြုပ်နေချိန်၌ သူသည် နံရံတစ်ခုနှင့် ဝင်တိုက်မိသည်ဟု ခံစားလိုက်ရသည်။ ထို့နောက် သူက တစ်သားတည်းဖြစ်ခြင်းကနေ အတင်း ကန်ထွက်ခြင်း ခံလိုက်ရကာ သည်နေရာတွင် ပေါ်လာခဲ့ ခြင်းပင်။
သူက ထိုအသွေးအသားနံရံကြီးကို တွေ့မြင်လိုက် သည်နှင့် ဝမ်လင်းသည် ထိုနံရံသည် သူဝင်ဆောင့်မိသည့် နံရံ ဖြစ်ကြောင်း နားလည်သွားသည်။
၎င်းနံရံကို အသွေးအသားနံရံဟု ခေါ်တွင်ရခြင်းသည် ၎င်းက ရွေ့လျားလှုပ်ရှားနေခြင်းကြောင့် ဖြစ်လေ၏။ မျက်နှာပြင်ပေါ်၌ သွေးကြောများက ဖောင်းကြွလှုပ်ရှားနေ သလိုမျိုး ဖြစ်နေသည်။
ဝမ်လင်းက မျက်မှောင်ကြုတ်နေရင်း သူ့ခန္ဓာကိုယ်က ဖျတ်ခနဲ ဖြစ်သွားကာ အပေါ်သို့ ပျံသန်းတက်သွားသည်။သူ့ ခန္ဓာကိုယ်သည် အထက်သို့ ပျံတက်နေရင်း အသွေးအသား နံရံသည် စတင်လှုပ်ရှားလာသည်။ မရေမတွက်နိုင်သော အက်ကွဲကြောင်းများ ပွင့်ထွက်လာကာ အနက်ရောင်မြူ များ ပန်းထွက်လို့လာ၏။
ရွေ့လျား ဝမ်လင်းက ထိုမြူများကို ရှောင်ကာ အက်ကွဲရာများမရှိသည့် အသွေးအသားနံရံတစ်လျှောက်တွင် နေသည်။သူက ပြင်းထန်သောအားတစ်ခုနှင့်အတူ ထိုး ထွက်လာသော အနက်ရောင်မြူကို စူးစိုက်ကြည့်နေ၏။
ဝမ်လင်းက သူ့အပေါ်ရှိ အဆုံးမရှိဟန်ရသည့် အသွေးအသားနံရံကို ကြည့်ကာ ဆုံးဖြတ်ချက်ပြတ်သား သော အကြည့်ကို ထုတ်ဖော်လိုက်သည်။သူ့ခန္ဓာကိုယ်က လှုပ်ရှားသွားရင်း သူ့ဘေးနားရှိ အက်ကွဲကြောင်းတစ်ခု အတွင်းသို့ ချက်ချင်း တိုးဝင်ရောက်သွားသည်။ သူက အက်ကွဲကြောင်းထဲသို့ ဝင်ရောက်သွားသည့်နောက် ၎င်း အက်ကြောင်းသည် ပြန်ပိတ်ဆို့သွားသည်။
ထိုအရာက ကျဉ်းမြောင်းသည် လမ်းကြောင်းတစ်ခု ဖြစ် လေ၏။ ဝမ်လင်း၏ မျက်လုံးက အေးစက်နေကာ သူသည် ရှေ့တည့်တည့်သို့ တိုးဝင်သွားနေသည်။သူက မြန်ဆန်စွာ သွားနေခြင်း ဖြစ်၏။ အလွန်
ဝမ်လင်းနောက်ရှိ အက်ကြောင်းကလည်း မြန်ဆန်စွာပြန်ပိတ်ဆို့လာကာ သူ့နောက်သို့ လိုက်လံလာနေသကဲ့သို့ ဖြစ်နေသည်။ဝမ်လင်းသည် နောက်သို့ တစ်ချက်မှ လှည့်မ ကြည့်ဘဲ ရှေ့တည့်တည့်သို့ စူးစိုက်ကြည့်ရင်း မြန်ဆန်စွာ ပျံသန်းနေသည်။
သည်လမ်းကြောင်းက ဝမ်လင်းစိတ်ကူးထားသလောက် ရှည်လျားလှခြင်း မရှိပေ။ ခဏတာကြာမြင့်ပြီးသည့်နောက် သူသည် လမ်းကြောင်း၏ထွက်ပေါက်ကနေ ထိုးထွက်လို့ သွားသည်။
သူထိုးထွက်လိုက်သည့်အခိုက်တွင်ပင် အော်သံတစ်ခုက သူ့နားထဲသို့ တိုးဝင်လာ၏။ ဝမ်လင်း၏ မျက်လုံးက ကျဉ်းမြောင်းလို့သွားသည်။
သည်နေရာက နက်မှောင်နေခြင်း မရှိတော့ပေ။ ကောင်းကင်ထက်၌လည်း ကြယ်များ ရှိနေ၏။ အလင်း ကောင်းစွာ ရှိသည်။ဝမ်လင်းရှေ့ရှိ အရာသည် လွင့်မျောနေ သည့်ကုန်းမြေတစ်ခု ဖြစ်နေသည်။သည်ကုန်းမြေက မျက်စိအမြင်နှင့် မဆံ့အောင် ကြီးမားလှသည်။
အကွာအဝေးတစ်ခုတွင် လူတစ်ယောက်ရှိနေ၏။ ထို သူ၏အသွင်အပြင်သည် သာမန်ပင် ဖြစ်သည်။သို့သော် သူ့ မျက်နှာပေါ်၌ တက်တူးများ ရှိနေကာ သွေးကြောများ ယှက် လိမ်ထားသကဲ့သို့ပင်။ သူက လက်ထဲတွင်လည်း ထူးဆန်းသောတူရိယာတစ်ခုကို ကိုင်ဆိုင်ထားသည်။ ထို တူရိယာသည် ရေနွေးအိုးလိုမျိုးနှင့် ဆင်တူသည်။
သို့သော်လည်း ၎င်းက များစွာပိုကြီး၍ လူတစ် ယောက်၏အရပ်တစ်ဝက်လောက်နီးနီး ရှည်လျားသည်။
စောနက အာမေဍိတ်အသံသည် ထိုလူ့ထံကနေ ထွက် ပေါ်လာခြင်း ဖြစ်၏။ သူက ဝမ်လင်းကို ကြောက်လန့်တကြား ကြည့်ကာ နောက်သို့ ခပ်သွက်သွက် ဆုတ်သွားသည်။သူ့အမြင်၌ ဝမ်လင်းသည် ကြမ်းကြုတ် သည့်သားရဲတစ်ကောင်ကဲ့သို့ ဖြစ်နေလေ၏။
ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်နေသည်။ထို လူသည် မည်သည့်စိတ်ဝိညာဉ်စွမ်းအင်မှ ရှိမနေချေ။ ထို့ကြောင့် ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်နှင့် ပတ် သတ်၍ ပြောနေစရာပင် မလိုတော့ပေ။သို့ရာတွင် သူက ပျံသန်းနေနိုင်၏။ထို့ကြောင့် ထိုလူသည် သာမန်မဟုတ် ကြောင်း သိသာနေသည်။
ပို၍အရေးကြီးသည်က ထိုလူ့မျက်နှာပေါ်ရှိ တက်တူးများ ကို ဝမ်လင်းက ရင်းနှီးနေပေသည်။ထိုလူနောက်ဆုတ်သွား သည်ကို ကြည့်နေရင်း ဝမ်လင်းသည်အနည်းငယ်စဉ်းစား ပြီး သူ့နောက်သို့ လိုက်ပါသွားသည်။
ဝမ်လင်းထိုးထွက်လာသည့်အခါ၌ သူ့နောက်ရှိအက်ကြောင်းက လုံးဝ ပိတ်ဆို့သွားခဲ့ပြီး ဖြစ်သည်။
ထိုလူ၏မျက်လုံးထဲရှိ ကြောက်ရွှံ့မှုသည် ပို၍ ပြင်းထန် စတင် လာခဲ့သည်။သူ့မျက်နှာပေါ်ရှိ တက်တူးများက လှုပ်ရှားလာကာ သူ့မျက်ခုံးနှစ်ခုကြားတွင် ချဲ့ထွင်လာ သည်။သိပ်မကြာခင်တွင် သစ်ရွက်ခုနစ်ရွက်သည် သူမျက်ခုံးနှစ်ခုကြား၌ ပေါ်လာခဲ့တော့၏။
ထိုသစ်ရွက်များ
ပျံ့နှံ့လာသည့်အခါတွင် ထို လူ၏ခန္ဓာကိုယ်ကနေ ဆန်းကြယ်သောအားတစ်ခု ချက် ခြင်းထွက်ပေါ်လာခဲ့သည်။သူ့အမြန်နှုန်းသည်လည်း ရုတ်တရက် တိုးလာခဲ့ကာ ဖျပ်ခနဲ ပျောက်ကွယ်သွားသည်။
ဝမ်လင်းက ထိုအရာကို တွေ့မြင်လိုက်သည့်အခါ သူသည် မျက်လုံးကျယ်သွားကာ သူ့မျက်လုံးသည် တောက်ပလာ လေ၏။
"စွန့်ပစ်ခံမသေမျိုးကလန်."
သူက ရှေ့သို့ ပိုမိုမြန်ဆန်စွာ ရွှေ့လျားလိုက်ပြီး သူ့လက် ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေလိုက်သည်။သူ့ ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်သည်လည်း လှုပ်ရှားလာခဲ့ လေ၏။သူ့လက်ဖြင့် လေဟာနယ်ထဲသို ပိတ်ရိုက်လိုက် သည့်အခါ မူလစွမ်းအင်သည် လေဟာနယ်နှင့် ပေါင်းစပ် သွားသည်။မူလစွမ်းအင်တုန်ခါမှုက သူ့ရှေ့ရှိ လေဟာနယ် ကို တွန့်လိန်သွားစေကာ တည်နေရာရွှေ့ပြောင်း၍ ထွက်ပြေးသွားသောလူသည် ချက်ခြင်း ပြန်ပေါ်လာခဲ့သည်။
သူ့မျက်လုံးထဲ၌လည်း စိတ်ရှုပ်ထွေးမှုနှင့် ပြည့်နေသည်။ သို့သော် သူ့မျက်လုံးသူငယ်အိမ်က ကျုံ့သွားကာ ကြောက်ရွှံ့ မှုများ ပြည့်လာ၏။ဝမ်လင်းက သူ့ထံသို့ လျှောက်လှမ်းလာ ရင်း ထိုလူ့ကို စူးစိုက်ကြည့်နေသည်။
ထိုလူ၏ခန္ဓာကိုယ်သည် တုန်ယင်သွားကာ သူက အော်ဟစ်လိုက်ရင်း နောက်သို့ ထပ်ဆုတ်သည်။ဝမ်လင်းသည် မျက်မှောင်ကြုတ်သွားကာ သူ့ညာလက်ကို ဆန့်ထုတ် လိုက်သည်။ ထိုလူ၏ ခန္ဓာကိုယ်သည် တင့်တင်းသွားကာ သူက ဝမ်လင်းထံသို့ ဆွဲယူခြင်း ခံလိုက်ရလေသည်။
ထိုလူ့ကို ဖမ်းချုပ်ကိုင်ထားရင်း ဝမ်လင်းသည် မေးခွန်း မေးရန် ပြင်လိုက်၏။ထိုအချိန်မှာပင် သူ့အသွင်က ရုတ်တရက် ပြောင်းလဲသွားကာ နောက်သို့ လှည့် ကြည့်သည်။ သူက အလင်းတန်းတစ်ရာကျော်သည် ကြောက်မက်ဖွယ်အော်ရာကို ပေးစွမ်းနေရင်း သူ့ထံသို့ တ ဟုန်ထိုး တိုးဝင်လာနေသည်ကို တွေ့မြင်လိုက်လေ၏။
ချက်ခြင်းလိုလိုပင် ထိုအလင်းတန်းများသည် ဝမ်လင်း နှင့်ပေတစ်ထောင်အကွာတွင် ရပ်တန့်သွားသည်။ အလင်းတန်းများ ပျောက်ကွယ်သွားသည်နှင့် ဖျဉ်ကြမ်း ဝတ်စုံများ ဝတ်ဆင်ထားသည့် ပုံရိပ်များ ပေါ်လာခဲ့ တော့သည်။
ထိုသူများထဲတွင်အမျိုးသမီးများ မပါဝင်ပေ။ အများစု သည် သက်လတ်ပိုင်းအရွယ်သာ ရှိလေသည်။သူတို့အားလုံး သည် ဝမ်လင်းကို စူးစိုက်ကြည့်နေကြ၏။သူတို့၏မျက်လုံး ထဲ၌ ကြောက်ရွှံ့မှုများကို ဖုံးကွယ်ထားကြသည်။
သူတို့၏ မျက်နှာနှင့်ခန္ဓာကိုယ်များပေါ်တွင်လည်း တက် တူးအမှတ်အသားများ ရှိနေသည်။အသိအသာဆုံးသည် သူ တို့၏မျက်ခုံးနှစ်ခုကြားတွင် သစ်ရွက်များတဖျပ်ဖျပ် ဖြစ်နေ ကြသည်။သို့ရာတွင် ထိုသစ်ရွက်များက ထွေးယှက်လိမ်နေသည့်အတွက် ဝမ်လင်းသည် လူတစ်ယောက်တွင် သစ်ရွက် မည်မျှရှိကြောင်း မရေတွက်နိုင်ပေ။
အဘိုးအိုတစ်ယောက်သည် လူအုပ်ထဲကနေ လှမ်းထွက် လာ၏။သူ့တွင် ဆံပင်ဖြူများရှိနေက သူ့မျက်နှာက အရေး အကြောင်းများ ပြည့်နေသည်။သူ့မျက်လုံးများထဲ၌ စိုးရွှံ့ ကြောက်ရွှံ့မှုများ ရှိနေသည်။ဝမ်လင်းကိုလည်း စိတ် လှုပ်ရှားဟန်နှင့် ကြည့်နေပြီးနောက် ဝမ်လင်းညာလက်ကို လည်း သေချာကြည့်နေသည်။
"အထက်အဆင့်ကောင်းကင်ဘုံသားက ဒီနေရာကို ဘာ အတွက် ရောက်လာတာများလဲ…" သူ့အကြည့်ထဲ၌ လေးစားမှုများ ရှိနေကာ သူက ဝမ်လင်းညာလက်ပေါ်ရှိသားရဲအရိုးအမှတ်အသားကို စူးစိုက်ကြည့်လို့နေသည်။
ဝမ်လင်း၏မျက်လုံးများသည် ပုံမှန်အတိုင်း ရှိနေ၏။ သို့သော် သူက စိတ်ထဲတွင် တုန်လှုပ်နေမိ၏။ သို့သော် သူက တုန်လှုပ်နေလျှင်ပင် တည်ငြိမ်သောဟန်ပန်နှင့်သာ ရှိနေ၏။
အထက်အဆင့်ကောင်းကင်ဘုံသားသည် သေမျိုးများ၏ ပါးစပ်ကနေ ထွက်ပေါ်လာပါက ဘာမှမထူးခြားပေ။ သို့သော် အခုက စွန့်ပစ်ခံမသေမျိုးကလန်၏ အဖွဲ့ဝင်များထံ ကနေ ထွက်ပေါ်လာခြင်း ဖြစ်နေ၏။ထိုနှစ်ခုက အလွန် ကွာခြားမှု ရှိလေ၏။
ပို၍အရေးကြီးသည်က အထက်အဆင့်ကောင်းကင်ဘုံသားဟူသည် အမည်နာမသပ်သပ် မဟုတ်ပေ။ ဝမ်လင်း သည် စုဆောင်းခြင်းခန်းမသို့ မသွားရောက်ခဲ့ခင်တုန်းက ထိုနာမည်နှင့် ပတ်သတ်၍ တွေးတောခဲ့မိခြင်း မရှိပေ။ သို့သော် ခုချိန်၌ ထိုကောင်းကင်ဘုံသား ဟူသည့်နာမည်ကို မတွေးဘဲ မနေနိုင် ဖြစ်ရ၏။
ဝမ်လင်းက တည်ငြိမ်စွာပင် မေးလိုက်သည်။ "သင်က ငါ့ ကျင့်ကြံမှုအဆင့်ကို မြင်နိုင်လား..."
အဘိုးအိုက ဝမ်လင်း၏ညာဘက်လက်ကို စူးစိုက်ကြည့် နေရင်း ခေါင်းညိတ်ပြလိုက်၏။ သူ့မျက်လုံးထဲရှိ စိတ် လှုပ်ရှားမှုကလည်း ပို၍ ပြင်းထန်လာခဲ့ကာ သူက ပြော လာ၏။ "အဆင့်ရှစ်အထက်ကောင်းကင်ဘုံသား...။ ဒီနိမ့် ကျတဲ့လူက သင့်ရဲ့ကျင့်ကြံမှုအဆင့်ကို ဖြည်းဖြည်းချင်း သိရှိနိုင်ပါတယ်..."
ဝမ်လင်းက အဘိုးအိုကို ကြည့်နေရင်း တိတ်ဆိတ်စွာ စဉ်းစားနေ၏။အခြားလူသည် သူ့ညာလက်ကို ကြည့်နေ ရင်း သူ့ကိုယ်သူ နိမ့်ကျသည်ဟု ရည်ညွှန်းလာ၏။ဝမ်လင်း သည် ထိုအရာကို ထူးဆန်းသည်ဟု ခံစားမိနေ၏။ သည့်နောက် ဝမ်လင်း၏ခေါင်းထဲ၌ ရဲတင်းသည့်အကြံတစ် ခု ဖြစ်ပေါ်လာခဲ့သည်။
"ဖြစ်နိုင်တာက...ဒီလူတွေဟာ ကောင်းကင်ဘုံနယ်မြေ ပြိုကျတဲ့အကြောင်းကိုများ သိနေတာလား။ ဒါဆိုရင် သူတို့ က လွန်ခဲ့တဲ့မရေမတွက်နိုင်တဲ့နှစ်တွေတည်းက ဒီနေရာမှာအသက်ရှင်နေထိုင်ခဲ့ကြတယ်လို့ ဆိုလိုတာပဲ..."
အနည်းငယ် စဉ်းစားပြီးသည့်နောက် ဝမ် လင်း၏မျက်လုံးသည် လက်ခနဲ ဖြစ်သွားကာ သူက ဖြည်းဖြည်းချင်းမေးလိုက်၏။ "ဒီနေရာကို ကောင်းကင်ဘုံ သားတစ်ယောက် လာခဲ့တာ ဘယ်လောက်ကြာခဲ့ပြီလဲ..."
သူက အဘိုးအို၏အသွင်က နက်မှောင်သွားကာ လေးလေးစားစား ပြောလိုက်၏။ "ကောင်းကင်ဘုံဘုရင် အပူအပင်မဲ့ ပို့လွှတ်ခဲ့တဲ့ ကောင်းကင်ဘုံကျောက်စိမ်းပြား တောင် အချိန်အရမ်းကြာမြင့်ခဲ့ပါပြီ။ ဒါ့ကြောင့် ဒီနိမ့်ကျတဲ့ လူက အချိန်အတိအကျကို ရေတွက်နိုင်စွမ်း မရှိတော့ပါ :..."ဘူး..
"အပူအပင်မဲ့..." ဝမ်လင်းသည် အဘိုးအိုက သူ့ညာ လက်ကို ဘာကြောင့် စူးစိုက်ကြည့်နေခဲ့သည်ကို ရုတ်တရက် နားလည်သွားတော့သည်။ သူက သူ့ညာလက် ကို ပင့်မြှောက်ကာ သားရဲအရိုးအမှတ်အသားသည် ပေါ်ထွက်လာခဲ့သည်။ထို့နောက် သူက အဘိုးအိုထံသို့ စူး စိုက်ကြည့်၍ မေးလိုက်သည်။ "သင်က ဒါကို သိလား..."
အဘိုးအို၏မျက်လုံးထဲ၌ စိတ်လှုပ်ရှားဟန်တို့ ပြည့် နေကာ သူက တလေးတစား ပြောလာ၏။ "ဒါက ကောင်းကင်ဘုံဘုရင်အပူအပင်မဲ့ရဲ့ ရတနာဖြစ်တဲ့ ခြောက်သွေ့တာအိုတစ်စုံပါ...။ငါက ဒါကို သိပါတယ်။ သင့် မှာ ဒီရတနာ ရှိနေတယ်ဆိုတော့ သင်ဟာ ကောင်းကင်ဘုံဘုရင် အပူအပင်မဲ့နီး ရင်းနှီးတဲ့ တစ်စုံတစ်ယောက်ပဲ ဖြစ်ရ မယ်။ သင်က ဒီနေရာကို ဆန်းကြယ်ယင်မီးပြင်းဖိုအတွက် ရောက်လာခဲ့တာလား..."
ဝမ်လင်းက အဘိုးအိုကြည့်မြဲကြည့်နေ၏။သူက စကားမ ဆိုပေ။ သူ့အကြည့်က အဘိုးအိုနောက်ရှိ ကုန်းမြေထုကြီး ထံသို့ ရွှေ့လျားသွားခဲ့သည်။
အဘိုးအိုက တလေးတစား ပြောလာပြန်သည်။ ဒီအဘိုး အိုက ရိုင်းပြခဲ့ပါတယ်။ "ကောင်းကင်ဘုံသား...ကျေးဇူးပြု ပြီး လာပါ။ ကောင်းကင်ဘုံမှင်စာသစ်သီးတွေက အချိန် အတန်ကြာကတည်းက ရင့်မှည့်နေခဲ့ပါပြီ။ ငါက ဒါကို အသင်မြည်းစမ်းဖို့အတွက် တစ်ယောက်ယောက်ကို သွား ယူခိုင်းလိုက်ပါ့မယ်..."
အဘိုးအို၏လမ်းပြမှုနောက်သို့ ဝမ်လင်းသည် တိတ်ဆိတ်စွာ လိုက်ပါလာသည်။ ကျန်သည့်စွန့်ပစ်ခံ မသေ မျိုးကလန်အဖွဲ့ဝင်များကတော့ ဝမ်လင်းနှင့်နီးနီးကပ်ကပ် လိုက်ပါလာရဲကြခြင်း မရှိချေ။
အစောပိုင်းက ဝမ်လင်းဖမ်းဆီးလိုက်သည့်လူကိုလည်း သူက ပြန်လွှတ်ပေးလိုက်သည်။ထိုလူ ဝမ်လင်းကို ကြည့်နေ သောအကြည့်ထဲ၌ ကြောက်ရွှံ့မှုတို့ ပြည့်နေခဲ့သည်။
အဘိုးအို၏လမ်းပြမှုနှင့်အတူ ဝမ်လင်းသည် ကုန်းမြေနှင့် ပိုနီးကပ်သထက် နီးလာခဲ့သည်။ခဏကြာပြီးသည့်နောက် သူက ကုန်းမြေအပေါ်သို့ ရောက်လာခဲ့ကာ သူတွေ့မြင်လိုက်ရသည့်အရာသည် အစိမ်းရောင်လွင်ပြင်ကြီး တစ်ခု ဖြစ် နေ၏။
သူက အကြည့်တစ်ချက်ဖြင့် ထိုလွင်ပြင်၏အဆုံးသပ်ကို တွေ့မြင်နိုင်စွမ်း မရှိပေ။ အစိမ်းရောင်လွင်ပြင်ထံမှ လေနှင့် အတူ ဆောင်ကြဉ်းလာသော မြက်ပင်ရနံ့များသည် အလွန် သက်တောင့်သက်သာဖြစ်မှုကို ခံစားရစေ၏။ အဘိုးအို သည် ရပ်တန့်ခြင်းမရှိဘဲ တလေးတစားဟန်ပန်နှင့် ဆက်၍ လမ်းပြခေါ်ဆောင်လာသည်။
ထိုလွင်ပြင်၏ အလယ်ဗဟိုတွင် အလွန်ရှေးကျသော အဆောက်အဦများ အစုလိုက်အစုလိုက် ရှိနေကြသည်။၎င်း အဆောက်အဦများထံမှ ရှေးကျသောအော်ရာကို ပေးစွမ်း နေသည်။
ထိုအော်ရာသည် အလွန်ဖျော့တော့လှ၏။သို့သော် စိတ် ဝိညာဉ်ထုတ်ယူခြင်းမန္တာန်ကို နားလည်ခဲ့ပြီးနောက် ဝမ် လင်းသည် ယခုလိုအော်ရာများနှင့် ပတ်သတ်၍ အာရုံခံနိုင် လာ၏။ ဝမ်လင်း၏မျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူ သည် ပျံသန်းနေရာကနေ ရပ်တန့်၍ အောက်သို့ ငုံ့ကြည့် လိုက်သည်။
သည်နေရာရှိ မြက်ပင်များက အပြင်လောကနှင့် မခြား မိုးကြိုးကောင်းကင်ဘုံနယ်မြေ၌ လှပေ။ သို့ရာတွင် ဝမ်လင်း၏အတားအဆီးများအပေါ် သိနားလည်ထားမှုက အတွေ့အကြုံများစွာ ရရှိခဲ့ခြင်းနှင့် လီယွမ်၏သင်ပေးခဲ့မှုတို့ကြောင့် အတော်လေး တိုးတက်လာခဲ့ပေသည်။ထို့ကြောင့် ကောင်းကင်ဘုံအတားအဆီးများအပေါ် သူ့နားလည်မှုက လည်း အတော်လေး တိုးတက်လာခဲ့ပေသည်။
သည်အခိုက်အတန့်၌ သူက အဆောက်အဦးပတ်လည်ရှိကြီးမားသည့်အတားအဆီးအစီအရင်တစ်ခုကို ချက်ခြင်း တွေ့မြင်နိုင်စွမ်း ရှိနေ၏။
အဘိုးအိုကလည်း ဝမ်လင်း၏အကြည့်ကို သတိပြုမိသွား၏။သူက လေးစားစွာ ပြောလိုက်သည်။ "အထက် ကောင်းကင်ဘုံသား...ဒီအစီအရင်က ကောင်းကင်ဘုံဘုရင် ကိုယ်တိုင် ငါတို့ကလန်ကို မြူသားရဲတွေရဲ့ တိုက်ခိုက်မှုက နေ ကာကွယ်နိုင်ဖို့အတွက် ချမှတ်ပေးထားခဲ့တာပါ..."
ဝမ်လင်းက ထိုမြူသားရဲနှင့်ပတ်သတ်၍ မသိပေ။သူက ခေါင်းသာပြန်ညိတ်ပြလိုက်၏။ သို့သော်လည်း သူ့စိတ်ထဲ၌ သူသည် ယခုနေရာကို အတော်လေး စိတ်ဝင်စားနေ မိသည်။
"အရှင်အပူအပင်မဲ့...စွန့်ပစ်ခံမသေမျိုးကလန်…နဲ့ ဆန်းကြယ်ယင်မီးပြင်းဖို...အင်း ဒီနေရာက ဘယ်လိုနေရာ များ ဖြစ်နေမလဲ..."
ဝမ်လင်းက စဉ်းစားကြည့်နေစဉ်၌ အကွာအဝေးတစ်ခုမှ ဆူညံသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ရိုးရှင်းသောအဝတ်အစားများနှင့် ယောက်ျား၊မိန်းမ တို့သည် အဆောက်အဦများထဲကနေ ပျံသန်းထွက်လာ ကြ၏။ သို့ရာတွင် သူတို့သည် ဝမ်လင်းအနီးအားသို့ တိုး လာဝံ့ကြခြင်းမရှိဘဲ အဝေးကနေသည်ကဲ ကြည့်နေသည်။
ဝမ်လင်းကို အဆောက်အဦများ၏အောက်တွင်တော့ မျက်လုံးအပြူးသားနှင့်ကြည့်နေကြသော ကလေးများ ရှိနေ ကြသည်။
ဝမ်လင်းသည် ထိုကလေးများကို တွေ့မြင်သည့်အခါ မှင် သက်သွားသည်။စွန့်ပစ်ခံမသေမျိုးကလန်တစ်ခုလုံးသည် သည်နေရာတွင် ရှိနေသည်မှာ သိသနေ၏။သူတို့က မည်မျှ ကြာမြင့်မှန်းမသိရသော အချိန်ကတည်းက သည်နေရာ တွင် ရှိနေခဲ့ကြပြီး အခုချိန်ထိ မျိုးဆက်များ ပြန့်ပွားခဲ့ကြပေ သည်။
ဝမ်လင်း နီးကပ်လာသည်နှင့် သူတို့သည်နောက်ဆုတ် ပျံသန်းသွားကြသည်။သူတို့က ဝမ်လင်းအနားသို့ ကပ်လာ မည်ကို စိုးရွှံ့နေကာ သူတို့၏မျက်လုံးထဲ၌လည်း ကြောက်ရွံ့ မှုများ ရှိနေကြသည်။
ဝမ်လင်းကို ခေါ်ဆောင်လာသည့် အဘိုးအို၏အသွင်က ချက်ခြင်းသုန်မှုန်သွားသည်။သူက ပျံသန်းထွက်လာကြ သည့် ထိုလူများကို ထူးဆန်းသောဘာသာစကားနှင့် ပြော လိုက်၏။
ထိုအခါ ထိုလူများသည် လူစုခွဲ၍ သွားကြ၏။အဘိုးအို သည် ဝမ်လင်းဘက်သို့ ပြန့်လှည့်ကြည့်၍ လေးစားစွာပြော လိုက်သည်။ "အထက်ကောင်းကင်ဘုံသား...။ဒီလမ်းပါ. ဒါက ငါတို့မိသားစုတွေရဲ့ နေထိုင်ရာ နေရာဖြစ်ပါတယ်..."
အဘိုးအိုက ထိုသို့ ပြောလိုက်ရင်း ကောင်းကင်ထက်က နေ အမြင့်မားဆုံးအဆောက်အဦတစ်ခုပေါ်သို့ ဆင်းသက် လိုက်သည်။
ဝမ်လင်းကလည်း လိုက်ပါဆင်းသက်လိုက်သည့်အခါ၌ သူ့မျက်လုံးသည် တလက်လက်ဖြစ်နေပြီး သူ့နတ်ဘုရား အာရုံကို ထုတ်လွှတ်လိုက်လေသည်။သူက မည်သည့် အန္တရာယ်ကိုမှ မခံစားမိသော်လည်း အဆောက်အဦထဲသို့ မဝင်သေးဘဲ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ "ဒီနေရာက အဆင်ပြေပါတယ်။ အထဲကိုသွားစရာ မလိုသေးပါဘူး..."
အဘိုးအိုသည် ခါးသီးသည့်ဟန် ဖြစ်ပေါ်သွား၏။သူက ခေါင်းညိတ်ပြကာ ဝမ်လင်းကို အထဲသို့ဝင်ရန် အတင်းမ တိုက်တွန်းပေ။
"အထက်ကောင်းကင်ဘုံသား..."အဘိုးအို၏စကားမဆုံး သေးခင်မှာပင် ဝမ်လင်းက ကြားဖြတ်ပြောလိုက်၏။ ဝမ်လင်းသည် အဘိုးအိုကို တည်ငြိမ်စွာ ကြည့်ကာ မေး လိုက်၏။ "သူတို့က ငါ့ကို ကြည့်တဲ့အခါ ဘာလို့ ကြောက်ရွှံ့ နေကြတာလဲ..."
အဘိုးအိုမျက်နှာပေါ်ရှိ ခါးသီးမှုက ပို၍ ပြင်းထန်လာခဲ့ သည်။ခဏတာတိတ်ဆိတ်သွားပြီးသည့်နောက် သက်ပြင်းချကာ ပြောလိုကသည်။ သူက "ကောင်းကင်ဘုံ နယ်မြေက တစ်စုံတစ်ယောက် ရောက်လာခဲ့တာက အချိန် အရမ်းကြာမြင့်ခဲ့ပါပြီ။ ကောင်းကင်ဘုံဘုရင်က ငါတို့ကို စွန့်ပစ်ခဲ့သလိုပဲ။ငါက ဒီနေရာမှာ ရှိတဲ့ အသက်ကြီးဆုံးလူ ပါ။ ဒါပေမဲ့...ရိုးရိုးသားသား ပြောရရင် သင်ဟာ ငါပထမ ဆုံး မြင်တွေ့ဖူးတဲ့ ကောင်းကင်ဘုံသား ဖြစ်တယ်..."
"ငါ့မသေမျိုးကလန်ရဲ့ ချန်ထားခဲ့တဲ့ မှတ်တမ်းတွေ ကြောင့်သာ မဟုတ်ရင် ငါက ကောင်းကင်ဘုံသားတစ် ယောက်ကို သိရှိနိုင်မှာ မဟုတ်ပါဘူး..."
ဝမ်လင်းက စကားမဆိုဘဲ အဘိုးအိုကိုသာ တည် တည်ငြိမ်ငြိမ် ကြည့်နေသည်။
အဘိုးအိုက တုံ့ဆိုင်းစွာ ခပ်တိုးတိုး ဆိုလာသည်။ "ငါတို့ ကလန်က ကောင်းကင်ဘုံဘုရင်အပူအပင်မဲ့ရဲ့ အမိန့်ကိုနာ ခဲ့ပြီး ဆန်းကြယ်ယင်မီးပြင်းဖိုကို စောင့်ကြည့်ပေးရတာပါ။ ဒါပေမဲ့လည်း လွန်ခဲ့တဲ့နှစ်သုံးသောင်းလောက်ကတည်းက ဒီဆန်းကြယ်ယင်မီးပြင်းဖိုက နှစ်တစ်ရာကြာတိုင်း တစ် ကြိမ်ပွင့်လာခဲ့တယ်။ဒီမီးပြင်းဖို ပွင့်ဟတိုင်းလည်း အနက်ရောင်မြူတွေအမြောက်အများ ထုတ်လွှတ်တယ်။ ဒီအနက် ရောင်မြူတွေက နက်ဆိုးသားရဲတွေအဖြစ် ပြောင်းသွားကြ ပြီး အားကောင်းတဲ့သားရဲတွေဟာဆိုရင် လူသားအသွင် တောင် ပြောင်းသွားကြတယ်..."
"ငါ့ကလန်ရဲ့ မရေမတွက်နိုင်တဲ့အဖွဲ့ဝင်တွေဟာ ဒီ လူသားအသွင်မြူသားရဲတွေကြောင့် သေဆုံးခဲ့ရတယ်..."
"ဒါ့ကြောင့်ပဲ လူစိမ်းတစ်ယောက်ပေါ်လာတိုင်း ဒီသားရဲ အမျိုးအစားတွေ ဖြစ်ကြတယ်။ငါ့ကလန်က လူတွေမှာ တော့ ငါတို့ရဲ့ တက်တူးအမှတ်အသားတွေကြောင့် ဒီမြူ သားရဲတွေဟာ ငါတို့လိုပုံစံကို မပြောင်းနိုင်ကြဘူး..."
"ဒါ့ကြောင့်လဲ ငါကလွဲလို့ ကျန်တဲ့လူတွေဟာ သင့်ကို ကောင်းကင်ဘုံသားလား မြူသားရဲလား မပြောနိုင်ကြဘူး။ အခု အချို့ဆိုရင် ငါရှင်းပြတာတောင် မယုံကြသေးဘူး..."
အဘိုးအိုသည် ဝမ်လင်းမေးသည့်အကြောင်းပြချက်ကို သက်ပြင်းရှည်ချ၍ ပြောပြလိုက်သည်။
ဝမ်လင်းက မသိမသာခေါင်းညိတ်ပြလိုက်၏။အဘိုးအို ပြောပြသည့်အကြောင်းရင်းများက ယုံကြည်လက်ခံနိုင်ဖွယ် ရှိနေသည်။
ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် တည်ငြိမ်စွာ မေးလိုက်သည်။ "ဆန်းကြယ်ယင်မီးပြင်းဖိုက ဘယ်နေရာ မှာလဲ..."
အဘိုးအိုက တလေးတစား ပြန်ဖြေလိုက်သည်။ “ဒါက ငါတို့ကလန်ရဲ့ တားမြစ်နေရာမှာပါ။ ကောင်းကင်ဘုံသားက အခု သွားချင်ပါသလား..."
ဝမ်လင်းက အနည်းငယ်စဉ်းစားပြီးနောက် ခေါင်းညိတ် ပြလိုက်သည်။ သူက သည်ဆန်းကြယ်ယင်မီးပြင်းဖိုက မည် သည့်အရာဖြစ်သည်ကို သိမြင်ချင်နေသည်။
အဘိုးအိုက စကားပြောဟန် ပြင်လိုက်၏။သို့သော် အော်သံတစ်ခုက ကောင်းကင်ထက်မှ လူအုပ်ထဲကနေ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
"ဘိုးဘေး....ဒီလူ့ကို ဆန်းကြယ်ယင်မီးပြင်ဖို့ ရှိတဲ့နေရာ မခေါ်သွားပါနဲ့..." ထိုအသံက ကောင်းကင်ထက်ကနေ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။သည့်နောက် လေဟာနယ်ထဲကနေ အရပ်ဆယ်ပေလောက်ရှိသည့် လူ တစ်ယောက်သည် လှမ်းလျှောက်ထွက်လာသည်။
ထိုသူ၏ခန္ဓာကိုယ်အပေါ်ပိုင်းသည် တက်တူးများနှင့် ဖုံးအုပ်ပျံ့နှံ့နေကာ သူ့တစ်ကိုယ်လုံးနီးပါး ရှိနေ၏။ သူ့ လည်ပင်းနှင့်မျက်နှာပင် တက်တူးအမှတ်အသားများနှင့် ဖုံးအုပ်ထားသည်။
သူ့မျက်ခုံးနှစ်ခုကြားတွင်လည်း သစ်ရွက်ဆယ့်သုံးရွက် က လှုပ်ရှားနေ၏။ သူ့ထံကနေ နတ်ဆိုးအော်ရာတစ်ခု ပေး စွမ်းနေသည်။
"သစ်ရွက်ဆယ့်သုံးရွက်..." ဝမ်လင်း၏မျက်လုံးက ကျဉ်းမြောင်းသွားသည်။ သူ့မှတ်ညာဏ်ထဲ၌ ဟင်္သာပြဒါးဂြိုဟ်ပေါ်ရှိ စွန့်ပစ်ခံမသေမျိုးကလန်မှ အားအကောင်းဆုံး သူသည် သစ်ရွက်ဆယ့်တစ်ရွက်သာ ပိုင်ဆိုင်ထားပေ၏။
"ဒါက အထည်ဒြပ်ယန်ကျင့်ကြံသူနဲ့ ညီမျှတာပဲ..." ဝမ် လင်းအသွင်က ပုံမှန်အတိုင်း ရှိနေကာ သူက အဘိုးအိုကို အေးစက်စွာ ကြည့်နေသည်။
ထိုလူသည် ခြေလှမ်းအနည်းငယ်ဖြင့်ပင် ရောက်ရှိလာ၏။သူ့ကို ကြည့်နေကြသော ပတ်ဝန်းကျင်မှ လူ များ၏မျက်လုံးထဲ၌ လေးစားမှုများ ပါဝင်နေသည်။
ဝမ်လင်းဘေးရှိ အဘိုးအိုက ရုတ်တရက် အော်ပြော လိုက်၏။ "ထာရှန်...ကောင်းကင်ဘုံသားကို လေးစားမှုပြ ໑໖:..."
ဘာ ဗလတောင့်တောင့်ထိုလူ၏ မျက်လုံးက အဘိုးအိုကို အေး စက်စွာ ကြည့်ကာ ပြောလာသည်။ "ဘိုးဘေး....သင်က အို နေပြီ။ သင်က ခုထိ ကောင်းကင်ဘုံသားတွေ အကြောင်း တွေးပြီး ရူးသွပ်နေတုန်းလား။ ဒီကမ္ဘာမှာ ကောင်းကင်ဘုံသားမှ မရှိဘူး။အရင်ဘိုးဘေးတွေ ချန် ထားခဲ့တဲ့ မှတ်တမ်းတွေကလည်း လုပ်ကြံဇာတ်တွေပဲ။ တကယ်လို့ ကောင်းကင်ဘုံသားတွေသာ ရှိရင် ငါတို့ကလန် ဟာ ဒီလောက် မရေမတွက်နိုင်တဲ့ နှစ်တွေကြာမြင့်ခဲ့တာ တောင် ဘာကြောင့် ကောင်းကင်ဘုံသားတစ်ယောက်ကို တောင် မတွေ့ခဲ့ရတာလဲ..."
အဘိုးအို၏အသွင်က သုန်မှုန်သွားကာ သူက အော်ပြောလိုက်လေ၏။ "ပါးစပ်ပိတ်ထားစမ်း....ငါတို့ အရွေးချယ်ခံမ သေမျိုးကလန်က ကောင်းကင်ဘုံသားတွေရဲ့က တမန် တော်တွေ ဖြစ်တယ်။ ကောင်းကင်ဘုံသားတွေ မတည်ရှိတော့ဘူးဆိုရင် ငါတို့ကလန်က ဘယ်လိုများ တည်ရှိနိုင်ပါ့ မလဲ။ ဒါ့အပြင် ကောင်းကင်ဘုံဘုရင်ရဲ့ ကောင်းကင်ဘုံ ကျောက်စိမ်းပြား ဒီမှာရှိနေတာကို မင်းကို မယုံကြည်ပဲ နေ ဝံ့လား..."
"ယုံကြည်မှု..ဟုတ်လား...။ ဒီကောင်းကင်ဘုံဘုရင်လို့ ခေါ်တဲ့ဟာက တစ်စုံတစ်ယောက်ရဲ့ စွမ်းအားက နတ်ဘုရား အာရုံအကြွင်းအကျန်မျှသာပဲ။ငါက ဒါကို ဘယ်လိုများ ယုံကြည်ပေးရပါ့မလဲ။ လွန်ခဲ့တဲ့ မရေမတွက်နိုင်တဲ့နှစ်တွေ ကတည်းက ချန်ထားခဲ့တဲ့ နတ်ဘုရားအာရုံကို ယုံကြည်မဲ့ အစား...ငါက ငါ့ကိုယ်ပိုင်ခွန်အားကိုပဲ ပိုယုံကြည်တယ်...."
ထိုဗလတောင့်တောင့်လူက လက်သီးခပ်တင်းတင်း ဆုပ် လိုက်၏။ သူ့မျက်လုံးထဲ၌လည်း ယုံကြည်မှုတို့နှင့် ပြည့် နေသည်။
"တိတ္ထိကောင်…" အဘိုးအို၏ခန္ဓာကိုယ်သည် အံ တင်းတင်းကြိတ်ထားရင်း တုန်ယင်နေသည်။
"တိတ္ထိဖြစ်တော့ကော ဘာဖြစ်လို့လဲ။ ကောင်းကင်ဘုံ မရေမ သား...ကောင်းကင်ဘုံသားတွေ...ငါ့ကလန်ဟာ တွက်နိုင်တဲ့ နှစ်တွေကြာအောင် ဒီသားရဲအသိုက်အမြုံထဲ မှာ ရှိနေခဲ့ရပြီး ကောင်းကင်ဘုံကျောက်စိမ်းပြားက ညွှန်ကြားထားတဲ့ ဆန်းကြယ်ယင်မီးပြင်းဖိုကို စောင့်ကြပ်နေခဲ့ ရတယ်။ဒါပေမဲ့ ငါတို့က ဒီအတွက် ဘာပြန်ရခဲ့လဲ...။ဒီမီး ပြင်းဖိုထဲကနေ ထွက်လာတဲ့ မြူသားရဲတွေကြောင့်ပဲ ငါတို့ ကလန်ဝင်တွေဟာ သေဆုံးခဲ့ကြတယ်။ ဒီမြူသားရဲတွေ ငါ တို့ကလန်ဝင်တွေကို သတ်ဖြတ်နေခဲ့တဲ့အချိန်မှာ ကောင်းကင်ဘုံသားတွေက ဘယ်ရောက်နေခဲ့လဲ။ဘိုး ဘေး...ကောင်းကင်ဘုံသားဆိုတဲ့ဟာကို ထပ်မပြောပါနဲ့ တော့။ ဒီလူက ကောင်းကင်ဘုံသား ဖြစ်နေရင်တောင့် ဒီနေ့ မှာ ငါ..ထာရှန်က ကောင်းကင်ဘုံသားတစ်ယောက်ကိုပါ သတ်ပစ်မယ်..."
ဗလတောင့်တောင့်နှင့်လူက ထိုသို့ ပြောလိုက်ရင်း သူ့ မျက်လုံးက ဝမ်လင်းပေါ်သို့ အေးစက်စက် ကျရောက်သွား သည်။ထို့နောက် သူက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ဝမ် လင်းရှေ့တွင် ပေါ်လာခဲ့ပြီး လက်သီးတစ်လုံး ပစ်သွင်းလာ သည်။
သူ့လက်သီးချက် ထိုးချလိုက်သည့်နောက် ပေါက်ကွဲသံ များ ဆက်တိုက်ဖြစ်ပေါ်လာခဲ့လေသည်။သည့်နောက် ထို လူ၏ ပတ်လည်တွင်လည်း တက်တူးအမှတ်အသားများက ထူးဆန်းသောအစီအရင်တစ်ခုဖြစ်ပေါ်သကဲ့သို့ ခြံရံလာခဲ့ သည်။
"ကောင်းကင်ဘုံသား... သင့်ရဲ့ ကောင်းကင်ဘုံသား စွမ်းအားကို ထုတ်ပြစမ်းပါ။ သင်က ကောင်းကင်ဘုံသားလို့ ခေါ်ထိုက်ဖို့ အရည်အချင်းရှိရဲ့လား ငါ ကြည့်ကြည့်မယ်..."
ဝမ်လင်းမျက်လုံးက အေးစက်လာခဲ့သည်။ သူက စွန့်ပစ် ခံမသေမျိုးကလန်နှင့်ပတ်သတ်၍ အတော်လေးနားလည် ထားပေ၏။ ယခု ဗလတောင့်တောင့်လူသည် နတ်ဆရာမ ဟုတ်ဘဲ ခန္ဓာကိုယ်၏စွမ်းအားအပေါ် စူးစိုက်ထားသည့်သူ တစ်ယောက်ဖြစ်မှန်း ဝမ်လင်းက သိနေပေသည်။
ထိုလက်သီးချက်က နီးကပ်လာသည်နှင့် ဝမ်လင်းသည် ချက်ခြင်း သတိထားလိုက်သည်။သူ့ပတ်လည်ရှိ လေထုက အေးခဲလာသလား ထင်မှတ်ရသည်။လက်သီးနှင့်အတူ ဆောင်ကြဉ်းလာသည့်ဆန်းကြယ်သောအားတစ်ခုက ဝမ် လင်း၏ ဆုတ်လမ်းများအားလုံးကိုပါ ပိတ်ဆို့ထားသကဲ့သို့ ဖြစ်နေ၏။
ဝမ်လင်းအသွင်က ပုံမှန်အတိုင်းပင် ရှိနေပြီး သူက တည်ငြိမ်စွာ ပြောလိုက်၏။ "မဆိုးပါဘူး...ဒါပေမဲ့ ဒါက မ လုံလောက်သေးဘူး..." တစ်ချိန်တည်းမှာပင် ဝမ်လင်းက သူ့ညာခြေကို ရှေ့သို့ အေးဆေးစွာ လှမ်းလိုက်သည်။
ဝမ်လင်း၏ ခြေထောက်အောက်ကို ဗဟိုပြု၍ မြေကြီး ထက်ကနေ ပေါက်ကွဲသံများ ဆက်တိုက် ဖြစ်ပေါ်သွား သည်။၎င်းပေါက်ကွဲမှုက ဝမ်လင်း၏ဆုတ်လမ်းအား ပိတ်ဆို့ထားသည့် ထူးဆန်းသောအားကို ချက်ခြင်း ပျက်စီး သွားစေသည်။
ဗလတောင့်တောင့်လူ၏အသွင်က ကြီးစွာ ပြောင်းလဲ သွားသည်။သူက သူ့ထံသို့ ပြင်းထန်သောအားတစ်ခု တိုးဝင်လာသည်ဟု ခံစားလိုက်ရကာ သူ့ခန္ဓာကိုယ်အရှိန်သည် နှေးလို့သွား၏။
ဝမ်လင်းက ရှေ့သို့ လှမ်းလိုပြီးနောက် ချက်ခြင်းလိုလိုပင် ထိုလူ၏ ရှေ့သို့ ရောက်ရှိသွားသည်။သူ့လက်ဖြင့် ထိုဗလ တောင့်တောင့်လူ၏ ရင်ဘက်ကို ထိလိုက်သည်။ထိုအခါ ဗလတောင့်တောင့်လူသည် အလိုလို နောက်ဆုတ်သွား ရ၏။ သူ့ခန္ဓာကိုယ်ပေါ်ရှိ တက်တူးများကလည်း တ လက်လက်တောက်ပမှုကို ပေးစွမ်းနေတော့သည်။
ဗလတောင့်တောင့်လူက နောက်သို့ ဆယ့်နှစ်ပေခန့် ဆုတ်သွားရသည်။သူ့ခန္ဓာကိုယ်ပေါ်တွင် အပြင်ဒဏ်ရာ ဘာ မှမရှိခဲ့သော်လည်း သူ့ခန္ဓာကိုယ်ထဲ၌ မုန်တိုင်းထန်နေခဲ့ တော့၏။သို့ရာတွင် ထိုလူ၏တက်တူးအမှတ်အသားများ ကြောင့် သူသည် အပြင်းအထန် မဖြစ်လိုက်ဘဲ ခဏတာ အတွင်း ပြန်ကောင်းမွန်လို့သွားသည်။
ဗလတောင့်တောင့်လူက ကြမ်းကြုတ်သောအသွင်ကို ထုတ်ဖော်ကာ မာန်သွင်းရင်း သူ့လက်ကို သူ့ရင်ဘက်ပေါ် သို့ ပြန်ပုတ်လိုက်၏။ထိုအခါ ကျယ်လောင်သောဟိန်းသံ တစ်ခုက သည်ဧရိယာတွင် ထွက်ပေါ်လာလေသည်။တစ် ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်ပေါ်ရှိ တက်တူးများသည် အရူးအမူး လှုပ်ရှားလာကာ သူ့ခန္ဓာကိုယ်ထဲကနေ တစ်ခု ပြီးတစ်ခု ထွက်ပေါ်လာလေသည်။ထိုလူသည် မရေမတွက် နိုင်သော တက်တူးအမှတ်အသားများနှင့် ဝန်းရံနေပြီး အလွန်တုန်လှုပ်ဖွယ်ကောင်းသည့်အသွင် ဖြစ်ပေါ်နေတော့၏။
ဗလတောင့်တောင့်နှင့်ထိုလူက ရှေ့သို့ ရုတ်တရက် ထိုး တက်လာလေ၏။သူ့ပတ်လည်ရှိ တက်တူးအမှတ်အသား များသည်လည်း သူနှင့်အတူ လိုက်ပါလာရင်း ဝမ်လင်း ထံသို့ တိုးဝင်လာချေသည်။
ဝမ်လင်း၏မျက်လုံးက တလက်လက် ဖြစ်နေ၏။ ထိုဗလ တောင့်တောင့်လူ၏ ခန္ဓာကိုယ်က သူ့ကောင်းကင်ဘုံ သက်တော်စောင့်နှင့် မာကျောမှုခြင်း မယှဉ်နိုင်သော်လည်း သိပ်ကွာလှသည်တော့ မဟုတ်ပေ။ဝမ်လင်း၏အသွင်က ပုံ မှန်အတိုင်းပင် ရှိနေကာ သူက ရှေ့သို့ လှမ်းတိုးလိုက်၏။ ချက်ခြင်းပင် ဝမ်လင်းသည် သူ့ထံသို့ တိုးဝင်လာနေသည့် ဗလတောင့်တောင့်လူနှင့် နီးကပ်သွားတော့သည်။
သူတို့နှစ်ယောက် နီးကပ်သွားသည်နှင့် ဗလတောင့် တောင့်လူက လက်သီးတစ်လုံး ပစ်သွင်းလိုက်လေ၏။သည် အခိုက်အတန့်၌ သူတို့ပတ်လည်ရှိ ကမ္ဘာလောကသည် တုန်လှုပ်ဟန် ဖြစ်ပေါ်လာသည်။ပတ်ဝန်းကျင်ရှိ တက်တူး အမှတ်အသားများကလည်း မန္တာန်များအလား တောက်ပ နေကာ ဝမ်လင်းထံသို့ ဦးတည်လာနေသည်။
ဝမ်လင်း၏မျက်လုံးထဲ၌ အေးစက်မှုတစ်ခု ဖြတ်ပြေး သွားရင်း သူက ညာလက်ကို ပင့်မြှောက်ကာ ကောင်းကင်ဘုံရပ်တန့်ခြင်းမန္တာန်ကို အသက်သွင်း လိုက်၏။ ဗလတောင့်တောင့်လူကြီး၏ ခန္ဓာကိုယ်သည်ချက်ခြင်း တန့်သွားကာ တစ်ချိန်တည်းမှာပင် ဝမ် လင်း၏လက်ချောင်းက ထိုလူ၏ရင်ဘက်ပေါ်သို့ နောက်တစ်ဖန် ကျရောက်သွားပြန်သည်။
ဗလတောင့်တောင့်လူ၏ ခန္ဓာကိုယ်သည် ပေါက်ကွဲသံနှင့် အတူ လွင့်စင်ထွက်သွားလေ၏။သူက သွေးအပြည့်အန် ထုတ်လိုက်ရကာ ဝမ်လင်းထံသို့ ကြည့်နေသော သူ့အကြည့် ထဲ၌ တုန်လှုပ်မှုတို့ ပြည့်လာခဲ့သည်။ သူ့ပတ်လည်ရှိ တက် တူးများသည်လည်း သူနှင့်အတူ နောက်သို့ တွန်းထုတ်ခြင်း ခံလိုက်ရလေ၏။
ခုချိန်၌ သူတစ်ဦးတည်း တုန်လှုပ်နေသည်သာ မဟုတ် ပေ။ ပတ်ဝန်းကျင်ရှိ ကလန်အဖွဲ့ဝင်များသည်လည်း သည် တိုက်ပွဲကို ကြည့်နေရင်း တုန်လှုပ်နေလေ၏။ သူတို့ အားလုံးက လုံးဝ တိတ်ဆိတ်ကာ နေသည်။
ရွေးချယ်ခံမသေမျိုးကလန်(စွန့်ပစ်ခံမသေမျိုးကလန်)၏ ဘိုးဘေးသည် စိတ်ပူပန်လာကာ သူက အလျင်အမြန် ပြော လိုက်၏။ "အထက်ကောင်းကင်ဘုံသား...ကျေးဇူးပြုပြီး ဒေါသမထွက်ပါနဲ့...ထာရှန်ကို အသက်ချမ်းသာ ပေးပါ..."
"မလိုပါဘူး..." ဗလတောင့်တောင့်လူကြီးထာရှန်သည် လွင့်စင်သွားနေရင်း ပေတစ်ရာလောက် အကွာကျမှ သူ့ ကိုယ်သူ ပြန်တည်ငြိမ်အောင် လုပ်လိုက်နိုင်၏။ သူက မာန် သွင်း၍ သူ့လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ် စေရင်း သူ့ရင်ဘက်ပေါ်သို့ ကြမ်းတမ်းစွာ ပြန်ရိုက်ချလိုက်သည်။
သူ့ပတ်လည်ရှိ တက်တူးများအားလုံးသည် ထူးဆန်းစွာ ရွှေ့လျားလာကြကာ ဗလတောင့်တောင့်လူကြီး၏ ခန္ဓာကိုယ်ထဲသို့ မြန်ဆန်စွာ ပြန်ဝင်ရောက်သွားသည်။ သို့ရာတွင် ၎င်းတက်တူးများသည် သူ့အရေပြားအတွင်းသို့ ဝင်ရောက်သွားခြင်း မဟုတ်ဘဲ အရေပြား၌ ဖောင်းကြွနေ ချေသည်။သိပ်မကြာခင်တွင် တက်တူးအမှတ်အသား များသည် သူ့ပတ်လည်၌ အနက်ရောင်ချပ်ဝတ်ကဲ့သို့ ဖြစ် ပေါ်သွားလေသည်။
ထိုချပ်ဝတ် ပေါ်လာသည်နှင့် အနက်ရောင်အော်ရာတစ်ခု ရှိလာ၏။ထိုဗလတောင့်တောင့်လူကြီး၏ နောက်တွင် ခပ် ဝါးဝါးပုံရိပ်ယောင်တစ်ခု ရှိနေကာ ယင်းပုံရိပ်ယောင်သည် နတ်မိစ္ဆာတစ်ပါးအလား ဖြစ်နေသည်။
စွန့်ပစ်ခံမသေမျိုးကလန်၏ဘိုးဘေးက လေအေးတစ် ချက်ရှိုက်သွင်းကာ အံအားသင့်ဟန်ဖြင့် ပြောလာသည်။ "ကောင်းကင်ဘုံစိတ်ဝိညာဉ်ချပ်ဝတ်...မင်းက ဒီချပ်ဝတ် အစုံကို သန့်စင်မွန်းမံနိုင်စွမ်း ရှိခဲ့ပြီပေါ့..."
ဝမ်လင်း၏မျက်လုံးက ကျဉ်းမြောင်းသွားသည်။သူက ထို ချပ်ဝတ်နှင့်ပတ်သတ်၍ အနည်းငယ် ရင်းနှီးနေ၏။၎င်းချပ် ဝတ်က ပြန့်ကျဲနတ်ဆိုးမိစ္ဆာဝတ်ဆင်ခဲ့သော ချပ်ဝတ်နှင့် အတော်လေး တူနေခဲ့ပေသည်။ခြားနည်းသည်ဟူ၍ ယခု ချပ်ဝတ်ထံမှ ထွက်ပေါ်နေသည့် မိစ္ဆာစွမ်းအင်ကအားကောင်းလွန်းခြင်း ရှိနေခြင်းတစ်ခုသာ ရှိလေသည်။
ဗလတောင့်တောင့်နှင့်လူက မာန်သွင်း၍ ရှေ့သို့ ထိုး ထွက်လာ၏။ သည်အခိုက်အတန့်၌ သူ့ချပ်ဝတ်နှင့် ခန္ဓာကိုယ်အရွယ်အစားကြောင့် သူသည် ကြမ်းကြုတ်သည် ဘီးလူးတစ်ကောင်နှင့်ပင် တူနေတော့သည်။
အနက်ရောင်ချပ်ဝတ်က အသက်ရှုမှားနိုင်သည့်အော်ရာ တစ်ခုကို ပေးစွမ်းနေ၏။ ထိုလူ ရှေ့သို့ ထိုးထွက်လာသည့် နှင့် သူ့နောက်မှ ပုံရိပ်ယောင်သည်လည်း ကြမ်းကြုတ်သည့် အသွင် ဖြစ်ပေါ်လာခဲ့တော့သည်။
သူက ထိုးတက်လာနေရင်း သူ့ညာလက်သီးကို ပစ် လွှတ်လိုက်သည်။ထိုလက်သီးချက် ပြီးခဲ့သော လက်သီး ချက်နှစ်ခုထက် သန်မာလှပေသည်။ထိုအခိုက်အတန့်၌ သူ့ နောက်ရှိ ပုံရိပ်ယောင်ကလည်း အနက်ရောင်အခိုးငွေ့ အမျှင်တန်းများအဖြစ်သို့ ပြောင်းလဲကာ သူ့ညာလက်ကို ထွေးခြုံပေးလာသည်။
ထိုလက်သီးချက် ပျံသန်းထွက်လာသည့်အခါတွင်
အသံပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်သွားကာ တုန်လှုပ်ဖွယ်အော် ရာသည် ဝမ်လင်းထံသို့ ဦးတည်ဝင်လာတော့သည်။ တစ်ပြိုင်နက်တည်းမှာပင် ပုံရိပ်ယောင်အခိုးငွေ့က ဦးခေါင်းခွံတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။၎င်းက ဝမ် လင်းကို ဝါးမြိုရန် တာဆူလာခဲ့သည်။
ဝမ်လင်းက ထိုဗလတောင့်တောင့်နှင့်လူကို တည်ငြိမ်စွာသာ စူးစိုက်ကြည့်နေသည်။သူက ပါးစပ်ဟ၍ သဲမှုန်တစ်ခု ကို ထွေးထုတ်လိုက်၏။ ၎င်းသဲမှုန်က ပေတစ်ထောင်ခန့်ရှိသော အစိတ်အပိုင်းမြေတံဆိပ်တုံးအဖြစ်သို့ ပြောင်းလဲကာ ဗလတောင့်တောင့်နှင့်လူပေါ်သို့ သက်ဆင်းကျရောက် သည်။
သည်တစ်ကြိမ်က ကောင်းကင်ဘုံအစိတ်အပိုင်းမြေ တံဆိပ်တုံးသည် မိုးကြိုးကောင်းကင်ဘုံနယ်မြေ၏ အပြင် ဘက်တွင် ပထမဆုံးအကြိမ်အဖြစ် ပေါ်ထွက်လာခြင်းပင်။ ၎င်းက ပေါ်ထွက်လာသည်နှင့် လေထုထဲ၌ ပေါ ကြွယ်ဝသော ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များ ပြည့် နှက်လာခဲ့သည်။ အဘိုးအိုက ထိုအရာကို တွေ့မြင်သည့် အခါ သူက မြေပေါ်သို့ ဒူးထောက်ချ၍ ၎င်းအစိတ်အပိုင်း မြေကို ဦးညွတ်အရိုအသေ ပြုလေတော့၏။
ဗလတောင့်တောင့်လူ၏ မျက်လုံးထဲ၌ပင် ထိုခဏတွင် တုံ့ဆိုင်းသည့်ဟန် ဖြစ်ပေါ်သွားလေ၏။သို့ရာတွင် ခဏတာ ကြာမြင့်ပြီးနောက် သူက အံတင်းတင်းကြိတ်ကာ ဆက်၍ တွေဝေမနေတော့ချေ။သူ့လက်သီးချက်က သူ့ လမ်းကြောင်း၌ ပိတ်ဆို့လာသည် အစိတ်အပိုင်းမြေ တံဆိပ်တုံးပေါ်သို့ ကျရောက်သွားလေတော့သည်။
"ငါ့အတွက် ပျက်စီးလိုက်စမ်း..."
သူ့လက်သီးချက်က
အစိတ်အပိုင်းမြေအပေါ်သို့ ပေါက်ကွဲသံတစ်ခုနှင့်အတူ ကျရောက်သွားချေ၏။ သို့သော်အစိတ်အပိုင်းမြေတံဆိပ်တုံးသည် တုတ်တုတ်မှ မလှုပ်သွား ဘဲ ဗလတောင့်တောင့်နှင့်လူသာ နောက်သို့ ပြန်ကန်ထွက် သွားရသည်။သူ့ခန္ဓာကိုယ်က နောက်သို့ ဆုတ်သွားနေရင်း သွေးအန်ကာ တုန်ယင်နေတော့သည်။
သူ့မျက်လုံးထဲ၌လည်း တုန်လှုပ်မှုများနှင့် ပြည့်လို့ နေသည်။သူက ထိုအစိတ်အပိုင်းမြေသည် အခုလောက် မာကျောလိမ့်မည်ဟု မမျှော်လင့်ထားမိချေ။သူ့ခွန်အားပြည့် တိုက်ခိုက်မှုကပင် ၎င်းအပေါ်သို့ မည်သို့မျှ ပျက်စီးခြင်း မရှိစေရုံသာမက တန်ပြန်ဒဏ်ကြောင့် သူ့ခန္ဓာကိုယ်ထဲရှိ သွေး နှင့်စွမ်းအင်များကို ကမောက်ကမ ဖြစ်သွားစေသည်။
ဗလတောင့်တောင့်နှင့်လူ၏ လက်သီးအပေါ်ရှိ ပုံရိပ် ယောင်ပင် ပျောက်ကွယ်သွားရလေ၏။ဝမ်လင်း၏ မျက်လုံး က အေးစက်နေရင်း သူက သူ့ညာလက်ဖြင့် ညွှန်လိုက် သည်။အစိတ်အပိုင်းမြေသည် လေထဲသို့ ပျံသန်းတက်သွား နေရင်းကနေ ကြမ်းတမ်းစွာ အောက်သို့ ဖိချလာ တော့သည်။
စူးရှရှအသံက ကမ္ဘာလောက၌ ပဲ့တင်ထပ်နေချေ၏။ အစိတ်အပိုင်းမြေ ဆင်းသက်လာသည့်အခိုက်တွင် ဗလ တောင့်တောင့်လူကြီးသည် မာန်သွင်းကာ အော်ဟစ်လိုက် ချေသည်။သူ့လက်နှစ်ဖက်ကို အပေါ်သို့ ပင့်မြှောက်ကာ ၎င်း အစိတ်အပိုင်းမြေကို တားဆီးပိတ်ဆို့ရန် ပြင်လေ၏။
ဝမ်လင်းက တည်ငြိမ်စွာပင် ပြောလိုက်လေ၏။ "ပြုတ်ကျစမ်း..."
အစိတ်အပိုင်းမြေသည် မြေပြင်ထက်သို့ အကြမ်းပတမ်း ရိုက်ချ လာခဲ့လေ၏။ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု က ရုတ်တရက် ထွက်ပေါ်လာကာ ကုန်းမြေတစ်ခုလုံး တုန် ခါကုန်လေသည်။ ကျယ်လောင်သောအက်ကွဲကြောင်းများ ကလည်း ကုန်းမြေပေါ်၌ ပေါ်ထွက်လာလေ၏။
ထိုအက်ကွဲကြောင်းများက တစ်ခုနှင့်တစ်ခု ယှက်လိမ် လာရင်း ယင်းတို့ထဲကနေ မြူအမြောက်အများ ထွက်ပေါ် လို့လာ၏။ထိုမြူများ ပေါ်ထွက်လာသည်နှင် တစ်ပြိုင်နက် ၎င်းတို့က အတူတကွ စုဝေးကြကုန်သည်။
မြူများက မြန်ဆန်စွာ သိပ်သည်းလာကာ ချက်ခြင်းလိုလို ထူးဆန်းသောအသွင်သဏ္ဌာန်များ ဖြစ်ပေါ်လာခဲ့သည်။
"မြူသားရဲတွေ..." စွန့်ပစ်ခံမသေမျိုးကလန် အဖွဲ့ဝင် များက ထိတ်လန့်တကြားဆိုကြသည်။ သူတို့၏ မျက်ခုံးနှစ် အရွက်များကလည်း ချက်ခြင်းလိုလို တခုကြားမှ လက်လက် ဖြစ်လာခဲ့ကြသည်။သစ်ရွက်အလွှာများက လည်း ပျံနှံ့လာရင်း ၎င်းအလွှာများထဲကနေ ရှည်မြောမြော ကရားအိုးများသည် ဝမ်လင်း၏ မျက်စိရှေ့တွင်ပင် ပျံသန်း ထွက်လာကြကုန်သည်။
သိပ်မကြာခင်တွင်ပင် မြူများက သိပ်သည်းသွားခဲ့ပြီး ဖြစ်ကာ ကောင်းကင်ထက်၌ ကြမ်းကြုတ်သည့် အနက် ရောင်သားရဲ တစ်ရာကျော် ပေါ်လာခဲ့ချေ၏။ ထိုသားရဲများက မတူကွဲပြားသော ပုံပန်းအသွင် ရှိကာ သုန်မှုန် ကြမ်းတမ်းသော အသွင်ကို ဆောင်နေ၏။ ထို့နောက်တွင် စိတ်ဝိညာဉ်ကိုပင် ထွင်းဖောက်စေနိုင်သော ခပ်တိုးတိုး ဟိန်းငြီးသံများကပါ ပေါ်ထွက်လို့လာခဲ့သည်။
သူက စွန့်ပစ်ခံမသေမျိုးကလန်၏ ဘိုးဘေးအသွင်က သုန်မှုန် လို့နေ၏။သူက သူ့လက်ကို သူ့မျက်ခုံးနှစ်ခုကြားသို့ ဖိချ လိုက်သည်။ ထိုအခါ ဆယ်ပေခန့်ရှည်လျားသည့် ကရားအိုး တစ်ခု ပေါ်ထွက်ခဲ့တော့သည်။ ထို့နောက် ကောင်းကင်ထက်သို့ တရကြမ်းထိုးတက်သွားရင်း မာန် သွင်းအော်ပြောလိုက်သည်။ "အားလုံးပဲ...ကိုယ့်နေရာကိုယ် ယူပြီး ဒီမြူတွေကို နာရီဝက်အတွင်း ရှင်းလင်းကြ...။ ဒီမြူ သားရဲတွေကို လူသားအသွင်ထိ သိပ်သည်းဖြစ်ပေါ်ဖို့ ခွင့်မ "ပြုကြနဲ့..
ထို့နောက် သူ့ခန္ဓာကိုယ်က ဖျပ်ခနဲပင် မြူသားရဲတစ် ကောင်နားသို့ ရောက်ရှိသွားသည်။သူက သူ့လက်ဖြင့် အိုး ကရားကို ရိုက်ချလိုက်လေသည်။ထိုအခါ အိုးကရား နှုတ်ခမ်းဝကနေ အားကောင်းသောစုပ်အားတစ်ခု ထွက် ပေါ်လာလေတော့သည်။
ယင်းမြူသားရဲက အခုထိ မျက်လုံး ဖွင့်မလာသေး သော်လည်း စတင်ရုန်းကန်နေတော့သည်။ သိပ်မကြာခင် တွင် ၎င်းမြူသားရဲ၏ခန္ဓာကိုယ်သည် တွန့်လိမ်ကြေသွား ကာ အခိုးအငွေ့များအဖြစ်သို့ ပြောင်း၍ ကရားအိုးထဲသို့ စုပ် ယူခြင်း ခံလိုက်ရချေသည်။ ထိုနောက်တွင်တော့ ယင်းကရားအိုးထဲကနေ ပေါက်ကွဲသံများ ထွက်ပေါ်လာလေ တော့သည်။
ထိုဘိုးဘေးအပြင် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံး သည်လည်း သူတို့၏ ရတနာများကို ကိုင်ဆောင်ထားကြ လေ၏။သူတို့၏ မျက်လုံးထဲ၌လည်း စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေရင်း ဖြစ်ပေါ်ကာစ မြူသားရဲများထံသို့ တဟုန် ထိုး တိုးဝင်သွားကြလေတော့သည်။
ဝမ်လင်း၏မျက်လုံးက တလက်လက် ဖြစ်နေ၏။ သူက လက်ညှိုးတစ်ချက်ဖြင့်ပင် အစိတ်အပိုင်းမြေတံဆိပ်တုံးကို အပေါ်သို့ ပြန်လည် ပင့်မြှောက်စေလိုက်၏။ထိုအခါ စောန က အစိတ်အပိုင်းမြေနှင့် ဖိသိပ်ထားခံရသည့် ထာရှန်သည် တစ်စ်ကိုယ်လုံး စုတ်ပြတ်ကာ သွေးများ ယိုစီးကျနေသည့် အနေအထားနှင့် ထွက်ပေါ်လာလေသည်။သို့ရာတွင် သူက သေဆုံးခြင်း မရှိသေးသည့်အပြင် ဝမ်လင်းထံသို့ ကြည့်နေ သော သူ့အကြည့်ထဲ၌လည်း တိုက်ပွဲဆာလောင်စိတ်များ ပြည့်နေတော့၏။
ဝမ်လင်းက ထိုထာရှန်ကို ကြည့်ပင်မကြည့်ဘဲ မြူများက နေ ဖြစ်ပေါ်လာသည့် မြူသားရဲများကိုသာ စူးစိုက်ကြည့် နေ၏။ သူက ထိုမြူသားရဲများကို စူးစိုက်ကြည့်နေရင်း သူ့ မျက်လုံးကပါ တလက်လက် ဖြစ်လို့နေလေသည်။
ယင်းမြူသားရဲများက အခုမှ ဖြစ်ပေါ်ကာစ ဖြစ်လေ၏။ ၎င်းတို့တွင် ခန္ဓာကိုယ်ရှိသော်လည်း သူတို့၏ စိတ်အသိကတော့ နစ်မြေနေဆဲ အနေထားတွင်သာ ရှိလို့နေသေး သည်။ ထို့အပြင် စွန့်ပစ်ခံမသေမျိုးကလန် အဖွဲ့ဝင်များ၏ တန်ပြန်လုပ်ဆောင်မှုကလည်း အလွန်မြန်ဆန်လှသည် ဖြစ်ရာ ချက်ခြင်းလိုလိုပင် ၎င်းမြူသားရဲအများစုသည် အဖွဲ့ ဝင်များ၏ ကရားအိုးရတနာများ၏ စုပ်ယူခြင်းကို ခံလိုက်ရ လေတော့၏။
သို့သော် ထိုအခိုက်အတန့်၌ ကရားအိုးရတနာတစ်ခုထဲ သို့ စုပ်ယူခြင်းခံနေရသော မြူသားရဲများထဲမှ တစ်ကောင် သည် ရုတ်တရက် မျက်လုံးဖွင့်လာခဲ့လေ၏။ ၎င်းသားရဲ သည် ပထမဆုံး မျက်လုံးဖွင့်လာသည့် မြူသားရဲပင်။
ဝမ်လင်းက ယခုလို မြူသားရဲ၏မျက်လုံးမျိုးကို တစ်ကြိမ် တစ်ခါမှ မြင်တွေ့ခဲ့ဖူးခြင်း မရှိပေ။ ထိုသားရဲ၏မျက်လုံးက မျက်လုံးသူငယ်အိမ် လုံးဝ မရှိဘဲ အနက်ရောင် အစက်အပြောက် ခြောက်ခုသာ ရှိလို့နေသည်။ထိုအစက် ခြောက်ခုကလွဲ၍ ၎င်းမျက်လုံး၏ ကျန်အစိတ်အပိုင်းသည် မီးခိုးရောင် ဖြစ်လို့နေ၏။ ထိုမျက်လုံးများက လုံးဝ နှလုံးသားကင်းမဲ့သည့် သဘောကို ဆောင်ကြဉ်းနေချေ သည်။
ထိုစွန့်ပစ်ခံမသေမျိုးကလန်၏
အဖွဲ့ဝင်က ကြောက်လန့်တကြား ဖြစ်ကုန်ကြပြီး ချက်ခြင်းလိုလို နောက်သို့ ဆုတ်ကုန်ကြ၏။ သူက နောက်သို့ ဆုတ်လိုက် စဉ်မှာပင် သူစုပ်ယူနေသည့် ၎င်းမြူသားရဲက တရကြမ်း တိုးဝင်လာလေတော့၏။ ၎င်းက မြန်ဆန်လွန်းလှချေ၏။၎င်းမြူသားရဲက ချက်ခြင်းလိုလို နောက်ဆုတ်သွားသည့် အဖွဲ့ဝင်ကို ဖမ်းမိသွားကာ ထိုသူ၏ ဒွာရပေါက်များထဲသို့ ဖြတ်သန်းဝင်ရောက်သွားလေ၏။
ထိုအခါ ယင်းအဖွဲ့ဝင်သည်
ထိတ်လန့်တကြား အကြောက်အကန် အော်ဟစ်လိုက်ရလေ၏။ ချက်ခြင်း လိုလိုပင် သူ့ခန္ဓာကိုယ်ကလည်း သွေးများပန်းထွက်ကာ ပေါက်ကွဲထွက်သွားသည်။ သည့်နောက် မြူသားရဲ၏အသွင် က တစ်ဖန် ပြန်ဖြစ်တည်လာကာ ၎င်းက ၎င်း၏ ရှည်လျား သည့်လျှာကို သပ်လိုက်ရင်း နောက်ထပ် ဘေးနားရှိ လူ ထံသို့ ဦးတည်သွားလေတော့၏။
ထိုသို့ ဖြစ်ပျက်ပြီးသည့်နောက် မြူသားရဲတစ်ကောင်ပြီး တစ်ကောင်က မျက်လုံးများ ဖွင့်လာကြကာ နစ်မြောနေ ခြင်း မရှိတော့ဘဲ အသိစိတ်ဝင်လာကြတော့သည်။၎င်း သားရဲများအားလုံးက အလွန်သွေးဆာနေသည့်ပုံ ပေါက် ကာ အလင်းတန်းအလား ရွှေ့လျား လှုပ်ရှားကြလေသည်။
"ကောင်းကင်ဘုံသတ်ဖြတ်သူ အစီအရင်..." ကောင်းကင်ထက်ရှိ စွန့်ပစ်ခံမသေမျိုးကလန်၏ ဘိုးဘေး အသွင်က စိတ်ပူပန်နေပုံ ဖြစ်ပေါ်နေကာ သူက သူ့ထံသို့ တိုးဝင်လာသည့် မြူသားရဲတစ်ကောင်ကို ရှောင်ရှားလိုက် သည်။
ဝမ်လင်း၏မျက်လုံးက ကျဉ်းမြောင်းသွား၏။မြူသားရဲ တစ်ကောင်ကလည်း သူ့ထံသို့
တရကြမ်းတိုးဝင်လာနေသည်။ ထိုမြူသားရဲ၏ ကြမ်းကြုတ်လှသော အော်သံက လူတစ်ယောက်၏ စိတ်ဝိညာဉ်ကိုပါ ထွင်းဖောက်သွား သလား ထင်မှတ်ရလေ၏။
***
ဝမ်လင်းက အေးစက်စွာ နှာခေါင်းရှုံ့၍ လှုပ်ရှားလိုက်ရာ ချက်ခြင်းလိုလို ထိုမြူသားရဲဘေးနားသို့ ရောက်ရှိသွား သည်။သူက သူ့လက်နှစ်ဖက်ဖြင့် ဓားအသွင် ဖြစ်ပေါ် စေလိုက်ပြီး ၎င်းမြူသားရဲ၏ မျက်ခုံးနှစ်ခုကြားသို့ ဖိချ လိုက်သည်။ထိုအခါ ၎င်းမြူသားရဲသည် ပေါက်ကွဲထွက် သွားလေ၏။
သို့ရာတွင် ၎င်းက ပျက်စီးသွားသည့်နောက်တွင် လုံးဝ ပျောက်ကွယ်သွားခြင်း မရှိဘဲ မြူလွှာထုတစ်ခုအဖြစ်သို့ ပြန်ပြောင်းသွားခဲ့လေသည်။၎င်းမြူလွှာက တွန့်လွန်ကာ သားရဲအသွင် ပြန်လည်ဖြစ်တည်မည့် အရိပ်လက္ခဏာ စတင် ပြသလာလေ၏။
ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူက မြူ သားရဲအသွင် ပြန်ဖြစ်ပေါ်နေသော နေရာအနားသို့ ရောက် ရှိသွားသည်။ သူ့ခန္ဓာကိုယ်ထဲရှိ မိုးကြိုးများက သူ့ လက်ချောင်းထိပ်တွင် စုဝေးလာခဲ့လေသည်။
မိုးကြိုးလုံးတစ်ခုက ရုတ်တရက် ထွက်ပေါ်လာခဲ့၏။ဝမ် လင်း၏ လက်ညွှန်ချက်တစ်ချက်နှင့်အတူ ၎င်းမိုးကြိုးလုံးသည် ဖြစ်ပေါ်နေသောမြူသားရဲထံသို့ တဟုန်ထိုး တိုးဝင် ကာ သွားသည်။
ထိုအခါ ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာခြင်း နှင့်အတူ ၎င်းမြူလွှာထုသည် အခိုးအငွေ့အမျှင်တန်းများ အဖြစ်သို့ ပြောင်းလဲသွားလေ၏။ဝမ်လင်း၏ မျက်လုံးက တ လက်လက် ဖြစ်လာခဲ့ကာ ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေ ပြီး သူက လက်ညွှန်လိုက်လေသည်။ ထိုအခါ အကြွင်းအကျန်မြူများအားလုံးကပါ ချက်ခြင်း ပျောက် ကွယ်သွားလေတော့၏။
ထိုအခိုက်အတန့်၌ ကျန်သည့် မြူသားရဲများကလည်း စူးစူးရှရှ အော်မြည်ပြီး ၎င်းတို့ပတ်လည်ရှိ လူအများထံသို့ တရကြမ်း တိုးဝင်နေကြသည်။ဝမ်လင်းသည် တည်ငြိမ် လျက်ပင် ရှိကာ သူက ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်၏။
ဝမ်လင်းက လေထဲ၌ ရှိနေရင်း သူ့လက်ညှိုးကို
ကောင်းကင်ထက်သို့ ညွှန်ကာ ခပ်ဖြည်းဖြည်းချင်း ပြော
လိုက်၏။ "တစ္ဆေလောကမြစ်..."
ကောင်းကင်ထက်၌ တုန်ခါသောအသံတစ်ခု ဖြစ်ပေါ်လာ ခဲ့ခြင်းနှင့်အတူ တစ္ဆေလောကမြစ်သည် ပေါ်ထွက်လို့လာ သည်။၎င်းမြစ်က လေဟာနယ်ထဲကနေ ထွက်ပေါ်လာခြင်း ဖြစ်ကာ ၎င်းထံကနေ အားကောင်းသော မကျေမချမ်းအော် ရာတစ်ခုက ပျံ့နှံ့လို့လာလေ၏။
ဝမ်လင်းသည် အရှင်သခင်တစ်ပါးကဲ့သို့ မြစ်၏ အထက်၌ မားမားရပ်နေသည်။
"တတိယမြောက်စွမ်းရည်...တစ္ဆေလောကမြစ်ရဲ့
စွမ်းအား..."
တစ္ဆေလောကမြစ်ထံကနေ အံ့မခန်းစုပ်အားတစ်ခု ထွက် ပေါ်လာလေတော့၏။ တရကြမ်းတိုးဝင်နေကြသော မြူ သားရဲများသည် ချက်ခြင်း ထိုစုပ်အား၏ သက်ရောက်ခြင်း ကို ခံရကာ တစ္ဆေလောကမြစ်အတွင်းသို့ စုပ်ယူခြင်း ခံ လိုက်ရလေတော့သည်။
၎င်းစုပ်အားသည် မြူသားရဲတစ်ကောင်တည်း၏ အပေါ် သို့သာ သက်ရောက်ခြင်း မဟုတ်ဘဲ သားရဲအားလုံးနီးပါး အပေါ်သို့ သက်ရောက်ခြင်း ဖြစ်လေ၏။ ထိုစုပ်အား အောက်၌ မြူသားရဲများသည် မြူလွှာများအဖြစ်သို့ ပြန် ပြောင်းလဲကာ လွတ်မြောက်ရန် ရုန်းကန်ရလေတော့သည်။
သည်အခိုက်အတန့်၌ စွန့်ပစ်ခံမသေမျိုးကလန်၏ ဘိုး ဘေးသည် စိုးရိမ်ပူပန်သည့်အသွင် ဖြစ်ပေါ်နေရင်း ဝမ် လင်းကို ရပ်တန့်ရန် အသည်းအသန် လှမ်းအော်ပြောလိုက် သည်။ "အထက်ကောင်းကင်ဘုံသား...မလုပ်ပါနဲ့ဦး..."
ဝမ်လင်း၏ မျက်လုံးက ကျဉ်းမြောင်းသွား၏။ အဘိုးအို လှမ်းအော်လိုက်သည့်အခါ၌ ဝမ်လင်းသည် တစ္ဆေလောက မြစ်၏ စုပ်ယူခြင်းခံထားရသည့် အနက်ရောင်မြူများသည် သန့်စင်မွန်းမံပစ်ခြင်း မခံရသည်ကို ခံစားလိုက်မိသည်။ထို အစား ၎င်းမြူများက စုဝေးလာရင်း လူသားအသွင်ပင် ဖြစ်ပေါ်လာလေသည်။
ယင်းလူသားအသွင်က ရှင်းလင်းသည့် ပုံပန်းအသွင် တော့ မရှိသေးချေ။ သို့ရာတွင် ၎င်းပေါ်လာသည်နှင့် တစ္ဆေ လောကမြစ်သည် ၎င်း၏စွမ်းအားပါ ဆုံးရှုံးသွားသလို ဖြစ် ကာ ယင်းလူသားအသွင်ပုံရိပ်က တစ္ဆေလောကမြစ်အတွင်း ကနေ ခုန်ထွက်လာခဲ့လေ၏။
ထိုမြူကနေ ဖြစ်ပေါ်လာသည့် လူသားအသွင်ပုံရိပ် ပေါ်ထွက်လာသည့်အခါ ၎င်း၏ အသွင်အပြင်က မှုန်ဝါးဝါး နှင့်ဖြစ်နေကာ ညာမျက်လုံးတစ်ခုကသာ ရှင်းလင်းစွာ တည်ရှိနေသည်။
စွန့်ပစ်ခံမသေမျိုးကလန်၏ ဘိုးဘေးသည် ကောင်းကင် ထက်ကနေ အလျင်အမြန် ဆင်းသက်လာလေ၏။သူသာ မက အခြားကလန်အဖွဲ့ဝင်များသည်လည်း မြန်ဆန်စွာ အောက်ဆင်းလာကြတော့သည်။ အဘိုးအိုက ညာမျက်လုံး နှင့်လူသားပုံရိပ်က မြင်လိုက်မှ သူက စိတ်သက်သာရာ ရကာ သက်ပြင်းချနိုင်တော့၏။ထို့နောက် သူက ဝမ်လင်းကို ကြည့်၍ လှမ်းအော်ပြောလိုက်၏။ "အထက်ကောင်းကင်ဘုံ သား...ကျေးဇူးပြုပြီး နောက်ဆုတ်ပေးပါ။ ဒါမှ ငါက ကောင်းကင်ဘုံအစီအရင်ကို အသက်သွင်းနိုင်မှာ မလို့။ ဒါက လူသားအသွင် မြူသားရဲတစ်ကောင်သာ ဖြစ်တယ်။ ဒီလူသားအသွင် မြူသားရဲဟာ သူ့အပေါ်ကို ကျရောက်တဲ့ ဘယ်မန္တာန်ဖြစ်ဖြစ် သူ့ကို တစ်ကြိမ်တည်း မသတ်ပစ်နိုင် ဘူးဆိုရင် အဲ့မန္တာန်ကို နောက်တစ်ကြိမ်အသုံးပြုရင်တောင်သူ့ကို ဒဏ်ရာရစေမှာ မဟုတ်တော့ဘူး..."
ဝမ်လင်း၏မျက်လုံးက တလက်လက် ဖြစ်နေ၏။ သူက နောက်သို့ အလျင်အမြန် ပြန်ဆုတ်ပေးလိုက်သည်။ သူက နောက်ဆုတ်လိုက်စဉ်မှာပင် ၎င်းက မျက်လုံးတစ်လုံးနှင့် လူသားအသွင်မြူသားရဲက ဝမ်လင်းနောက်သို့ ချက်ခြင်းပင် တရကြမ်း လိုက်ပါလာလေတော့၏။
ဝမ်လင်း၏မျက်လုံးများက အေးစက်လာခဲ့ကာ သူ့ ခန္ဓာကိုယ်ထဲရှိ မိုးကြိုးများသည် စုဝေးလာခဲ့သည်။ မျက်စိတစ်မှိတ်အတွင်း လက်သီးစုပ်ခန့် မိုးကြိုးလုံး ဆယ့်နှစ်လုံး ကျော်သည် ဝမ်လင်းပတ်လည်၌ ဖြစ်ပေါ်လာခဲ့သည်။ လက်ညှိုးတစ်ချက်ဖြင့်ပင် မိုးကြိုးလုံးများ အားလုံးသည် လူသားအသွင်မြူသားရဲထံသို့ တရကြမ်း တိုးဝင်သွားသည်။
သို့ရာတွင် မိုးကြိုးလုံးများ နီးကပ်သွားသည့် အခိုက်တွင် ဝမ်လင်းသည် နောက်ဆုတ်နေရင်း အော်ပြောလိုက် လေ၏။ "စုစည်းစမ်း..."
မိုးကြိုးလုံးများအားလုံးသည် ချက်ခြင်းပင် တစ်ခုတည်း အဖြစ်သို့ ပေါင်းစပ်သွားကာ ၎င်းလူသားအသွင်မြူသားရဲ ထံသို့ ကျရောက်သွားလေတော့သည်။ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုနှင့်အတူ လူသားအသွင်မြူသားရဲသည် ပျက်စီးလို့သွား၏။ သို့သော် ချက်ခြင်းလိုလိုပင် ၎င်းက မည်သည့်ထိခိုက်မှုမှ မရှိသကဲ့သို့ ပြန်ဖြစ်ပေါ်လာခဲ့သည်။ သည့်နောက် ၎င်းက ဝမ်လင်းနောက်သို့ ဆက်လိုက်လံ လာသည်။
၎င်းလူသားအသွင်မြူသားရဲ၏ ခန္ဓာကိုယ်ထဲ၌ ယခုအခါ တွင် မိုးကြိုးစွမ်းအားတစ်ခု ထပ်တိုး ရှိလာခဲ့သည်။၎င်း ခန္ဓာကိုယ်ထဲရှိ မိုးကြိုး၏စွမ်းအားသည် ဝမ်လင်း၏မိုးကြိုး နှင့် အတူတူသာ ဖြစ်နေ၏။၎င်းလူသားအသွင်မြူသားရဲက ဝမ်လင်းနောက်သို့ ဆက်၍ လိုက်ပါလာခဲ့သည်။ ယင်း မိုးကြိုးကြောင့် လူသားအသွင်မြူသားရဲသည် ပို၍ပင် မြန်ဆန်လာသေး၏။ ဖျပ်ခနဲပင် ၎င်းက ဝမ်လင်းကို မှီလာ ခဲ့သည်။
ဝမ်လင်းမျက်လုံးထဲ၌ သတ်ဖြတ်လို့သည့် စိတ်ဆန္ဒတစ်ခု ဖျပ်ခနဲ ပေါ်လာခဲ့သည်။ သူက သူ့သိုလှောင်အိတ်ကို ညာ လက်ဖြင့် ထိလိုက်ရာ ကောင်းကင်ဘုံဓားသည် ချက်ခြင်း ပေါ်ထွက်လာခဲ့တော့သည်။ဝမ်လင်းက ၎င်းကောင်းကင်ဘုံ ဓားကို ကြမ်းတမ်းစွာ ခုတ်ပိုင်းချလိုက်လေ၏။
ကောင်းကင်ဘုံခုတ်ပိုင်းခြင်းဓားချက်သည် ချက်ခြင်း ပေါ်ထွက်လာခဲ့လေသည်။ လူသားအသွင်မြူသားရဲက ရပ်တန့်သွားကာ ၎င်း၏မျက်လုံးထဲ၌ ကြောက်ရွှံ့ဟန် ဖြစ် ပေါ်လာခဲ့သည်။၎င်းက နောက်သို့ ဆုတ်လိုသော်လည်း နောက်ကျသွားခဲ့လေပြီ။
လူသားအသွင်မြူသားရဲက နှစ်ခြမ်းကွဲထွက်သွားကာ အထိတ်တလန့်ကြောက်လန့်တကြား ငြီးတွားသံတစ်ခုနှင့် အတူ မြူမြောက်များစွာသည် လွင့်ပြယ်ထွက်လာခဲ့တော့သည်။ ဝမ်လင်းက ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ရာ ထိုမြူလွှာများအနားသို့ ရောက်ရှိသွားပြီးနောက် သူက နောက်တစ်ကြိမ် ကောင်းကင်ဘုံခုတ်ပိုင်းခြင်းဓားချက်ကို အသုံးပြုလိုက်ပြန်၏။
ကောင်းကင်ဘုံခုတ်ပိုင်းခြင်းဓားချက် ပေါ်လာသည်နှင့် မြူများက ဆက်တိုက် ပြိုပျက်လာခဲ့တော့သည်။သို့ရာတွင် ခဏအကြာ၌ ၎င်းမြူများက ကောင်းကင်ဘုံခုတ်ပိုင်းခြင်း ဓားချက်ကို ခုခံနိုင်သည့်အသွင် ဖြစ်ပေါ်လာခဲ့သည်။ ၎င်း၏ ပျက်စီးနှုန်းကလည်း နှေးကျသွားကာ ပြန်လည် ဖြစ်ပေါ် မည့် အရိပ်အယောင်များပါ ပြသလာခဲ့သည်။
ဝမ်လင်း၏မျက်လုံးများက တလက်လက် ဖြစ်နေကာ သူ့ ညာလက်ကို ရှေ့သို့ ညွှန်၍ အော်ပြောလိုက်လေ၏။ "ရပ်တန့်စမ်း..."
ထိုအခါ ဤဧရိယာတွင် ကောင်းကင်ဘုံရပ်တန့်ခြင်း မန္တာန်က ချက်ခြင်း ပြည့်နှက်လာကာ ပြန်လည်ဖြစ်ပေါ်နေ သော မြူများသည် ချက်ခြင်း ရပ်တန့်သွားရလေ၏။
ကြီးမားသည့်သားရဲပေါ်လာသည့် အခိုက်အတန့်တွင် ၎င်း၏မျက်လုံးကနေ တစ္ဆေဆန်သောအလင်းတစ်ခု ထွက် ပေါ်လာခဲ့ကာ သိပ်သည်းသော မကောင်းဆိုးဝါးအော်ရာက သည်ဧရိယာတွင် ပြည့်နှက်လာခဲ့တော့သည်။မြူကလည်း မီးခိုးရောင်အလင်းတန်းတစ်ခု ထုတ်လွှတ်ကာ ကျောက် သားအဖြစ်သို့ ပြောင်းလဲလာလေ၏။
ဝမ်လင်း၏မျက်လုံးက အေးစက်လာကာ သူက ၎င်း ကျောက်သားမြူထံသို့ လက်ညွှန်လိုက်ရာ မူလစွမ်းအင် အမြောက်အများသည် သူ့လက်ညှိုးကနေ ထိုးထွက်လို့သွား သည်။၎င်းကျောက်သားမြူသည် အပိုင်းအစများအဖြစ်သို့ ချက်ခြင်း ပျက်စီးသွားခဲ့ကာ နောက်ဆုံးတွင် လုံးဝပျောက် ကွယ်သွားတော့၏။
ထိုမြင်ကွင်းက
စွန့်ပစ်ခံမသေမျိုးကလန်၏အဖွဲ့ဝင် များ၏ မျက်လုံးကို ပြူးကျယ်သွားစေသည်။ ထိုအရာက သူ တို့အဖို့ အစီအရင်ကို သုံး၍သာ သတ်ပစ်နိုင်သော လူသား အသွင်မြူသားရဲကို လူတစ်ယောက်က အချိန်တိုအတွင်း ဖျက်စီးပစ်ခြင်းကို ပထမဆုံးအကြိမ်အဖြစ် မြင်တွေ့ဖူးခြင်း ဖြစ်လေတော့သည်။
သူတို့အတွက် ပို၍ တုန်လှုပ်စေသည့်အရာက ထိုလူသား အသွင်မြူသားရဲသည် မည့်သည့်ခုခံမှုမှ မပြုလိုက်နိုင်ခြင်း ပင်။
ဝမ်လင်း၏အစိတ်အပိုင်းမြေတံဆိပ်တုံးကြောင့် မြေကြီး ထက်၌ ဖိနှိပ်ခြင်းခံထားရသည့် ဗလတောင့်တောင့်လူသည် ကြိုးစား၍ ထလာခဲ့၏။သူက လေထဲရှိ ဝမ်လင်းကို စူးစိုက် ကြည့်နေရင်း လုံးဝမှင်သက်ကာ နေသည်။
"ဒါ..ဒါက ကောင်းကင်ဘုံသားတစ်ယောက်လား..."
ဝမ်လင်း၏မန္တာန်များက လူတိုင်းစိတ်ကူးနိုင်သည်ထက် ပိုနေပေသည်။စွန့်ပစ်ခံမသေမျိုးကလန်၏ဘိုးဘေးပင် မှင်သက်လိုနေကာ သူက ခပ်တိုးတိုး ရေရွတ်လိုက်၏။ "ခြောက်သွေ့တာအိုတစ်စုံ..."
ဝမ်လင်းက လူသားအသွင်ပျောက်ကွယ်သွားသော နေရာကနေ သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်လေ၏။ ထို့နောက် သူက အဘိုးအိုထံသို့ လှည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။ "ခု ငါ့ကို အံ့ဖွယ်ယင်မီးပြင်းဖို ရှိတဲ့နေရာ ကို ခေါ်သွားတော့..."
အဘိုးအိုက အသက်ဝဝရှုသွင်းလိုက်၏။သူ့မျက်လုံးထဲရှိလေးစားမှုကလည်း ပိုအားကောင်းလာကာ သူက အလျင်အမြန် ပြောလိုက်၏။ "ဒီလမ်းပါ...အထက် ကောင်းကင်ဘုံသား..." သူက ထိုသို့ပြောလိုက်ရင်း လေထဲ သို့ ပျံဝဲတက်လာကာ အဆောက်အဦအစုများ ရှိရာသို့ ဖြည်းဖြည်းချင်း ပျံသန်းသွားလေသည်။
ဝမ်လင်းက အဘိုးအိုနောက်ကနေ အေးအေးဆေးဆေး လိုက်ပါသွားလေ၏။
သည်တစ်ကြိမ်၌ မည်သည့်စွန့်ပစ်ခံမသေမျိုးကလန်ဝင် ကမှ ဝမ်လင်းကို တားဆီးဝံ့ခြင်း မရှိတော့ချေ။ ဗလတောင့် တောင့်နှင့်လူက မတ်တပ်ထရပ်လာကာ အသက် အနည်းငယ် ရှုသွင်းပြီးနောက် ဝမ်လင်းတို့နောက်သို့ ပျံသန်းလိုက်ပါသွားလေ၏။
အဘိုးအိုက နောက်သို့ ပြန့်လှည့်၍ ဒေါသတကြီး အော်ဟစ်လိုက်လေသည်။ "ထာရှန်..မင်းက မလေးမစားထပ်လုပ်ချင်နေတာလား...။အထက်ကောင်းကင်ဘုံသားက မင်းကို သနားညှာတာမှု ပေးခဲ့ပြီးပြီးနော်..."
ဝမ်လင်းက ထာ့ရှန်အပေါ်၌ အမှန်ပင် ငဲ့ညှာမှုကို ပြသခဲ့ ပေသည်။တကယ်တော့ သူက သည်နေရာအကြောင်း ဘာ တစ်ခုမှ မသိဘဲ ရောက်လာခဲ့ခြင်းသာ ဖြစ်၏။ ထို့အတွက် ကြောင့် သူက တစ်စုံတစ်ယောက်ကို သတ်ပစ်ခဲ့လျှင် နောက်ထပ်အကျိုးဆက်များ ဖြစ်လာမည်ကို စိုးရိမ်ခဲ့ပေ၏။ ထိုသို့သာ မဟုတ်ပါက ထာ့ရှန်သည် ကျိန်းသေပေါက် သေ နှင့်နေခဲ့လေပြီ။
ထာ့ရှန်က ပြောလိုက်၏။ "ဘိုးဘေး...ထာရှန် မှားမှန်းသိပါပြီ။ ငါက သင်တို့နဲ့အတူ အံ့ဖွယ်ယင်မီးပြင်းဖိုရှိ လိုက်ပါ ချင်ရုံပါပဲ။တကယ်တော့ ငါက ဒီနေရာနဲ့ အတော်လေး ရင်းနှီးတယ် မဟုတ်လား..."
အဘိုးအိုက မျက်မှောင်ကြုတ်သွားကာ တစ်ခုခု ပြောရန် ပြင်လိုက်စဉ်မှာပင် ဝမ်လင်း၏အသံက တည်ငြိမ်စွာ ထွက် ပေါ်လာခဲ့သည်။ "လိုက်လာပါစေ..."
အဘိုးအိုက ဝမ်လင်းကို ဦးညွတ်ကာ ထာရှန်ကို လစ်လျူ ရှု၍ ရှေ့သို့ ဆက်ပျံသန်းလာခဲ့သည်။သူတို့သုံးယောက်က ခပ်မှန်မှန်သာ ပျံသန်းလာခဲ့ကြရင်း အမွှေးတိုင်တစ် တိုင်ဝက်စာ ဝမ်လင်းသည် ကြာမြင့်ပြီးသည့်နောက် အဆောက်အဦများ အကျော်၌ လွတ်လပ်နေသောနေရာ တစ်ခုရှိ ပလ္လင်တစ်ခုကို တွေ့မြင်လိုက်ရလေသည်။
ထိုပလ္လင်သည် ကြီးမားလှခြင်း မရှိဘဲ ၎င်းအပေါ်၌လည်း အက်ကွဲရာများစွာ ရှိနေသည်။ထိုပလ္လင်၏အောက်ဘက်၌ ခရမ်းရောင်ဝင်ပေါက်တစ်ခု ရှိလို့နေ၏။၎င်းဝင်ပေါက် အပေါ်၌ မှော်စာလုံးလိုအရာတစ်ခုက တဖျပ်ဖျပ် လင်း လက်နေသည်။
ထိုဝင်ပေါက်တံခါးရှေ့၌ အဘိုးအိုက လေထဲကနေ ဆင်းသက်လိုက်၏။ ထို့နောက် သူက သူ့လက်ထိပ်ကို ကိုက် ကာ တံခါးအပေါ်ရှိ မှော်စာလုံးမျိုးကို သူ့သွေးနှင့် ရေးဆွဲ လိုက်သည်။ထိုအခါ ဤဧရိယာ၌ ပဲ့တင်သံ ထွက်ပေါ်လာ ကာ တံခါးသည် ပွင့်ဟလာရင်း အနီရောင်လင်းလက်လာ ကာ အတွင်းရှိ မှောင်နက်နေသည့်ဝင်ပေါက်ကို လှစ်ဟ ပြသသွားသည်။
အတွင်းဘက်ကနေ အေးစက်စက်အော်ရာများ ထွက် ပေါ်လာခဲ့လေသည်။လူတစ်ယောက်၏ ကျင့်ကြံမှုအဆင့်က သာ ကင်းမဲ့နေပါက ယင်းအေးစက်စက်အော်ရာက ဒဏ်ရာ များကိုပါ ဖြစ်စေနိုင်ပေလိမ့်မည်။
အဘိုးအိုက ဘေးတစ်ဖက်တွင် မတ်တပ်ရပ်ရင်း ပြော လိုက်၏။ "အထက်ကောင်းကင်ဘုံသား...ဒီနေရာက အံ့ဖွယ်ယင်မီးပြင်းဖို ရှိတဲ့နေရာပါ..."
ဝမ်လင်းက သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်သည်။ ထိုအော်ရာအောက်၌ ကောင်းစွာပုန်းကွယ်တည်ရှိနေသည့် ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်အမြောက်အမြား ရှိလို့နေသည်။
ဝမ်လင်းက တည်ငြိမ်စွာ ပြောလိုက်၏။ "အထဲ ဝင်ကြ တာပေါ့..."
အဘိုးအိုက ခေါင်းညိတ်ကာ ဝင်ပေါက်ထဲသို့ လျှောက် လှမ်းသွားသည်။ထာရှန်က အနည်းငယ် တုံ့ဆိုင်းဆိုင်းဖြစ် ပြီးနောက် ပြတ်သားစွာဆုံးဖြတ်ချက်ချကာ ရှေ့သို့ ခြေလှမ်း အနည်းငယ်တိုး၍ အဘိုးအိုရှေ့တွင် ကာဆီးပေးလိုက် သည်။
အဘိုးအိုက မျက်မှောင်ကြုတ်ကာ အော်ပြောလိုက်၏။ "ထာရှန်...မင်း ဒါ ဘာလုပ်တာလဲ..."
ထာရှန်က ဝမ်လင်းကို ကြည့်၍ ပြောလိုက်၏။ "ဒီနေရာ က အေးစက်တဲ့စွမ်းအင်တွေနဲ့ ပြည့်နေပါတယ်။ ဘိုးဘေး က အသက်ကြီးလှပြီ။ ဒါ့ကြောင့် ဒီအအေးစွမ်းအင်ကြောင့် သက်တောင့်သက်သာ ဖြစ်မှာ မဟုတ်ဘူး။ဒါ့ကြောင့် ငါ့ကို ရှေ့က သွားခွင့်ပေးပါ...အဆင်ပြေတယ်မလား..."
အဘိုးအိုက မှင်သက်သွားရင်း ပြောလိုက်သည်။ "ဒီ အအေးစွမ်းအင်က အားကောင်းပေမဲ့လည်း ငါ့ခန္ဓာကိုယ်က ဒါကို တောင့်ခံနိုင်ပါသေးတယ်.."
ထာရှန်က ဝမ်လင်းကို ကြည့်၍ ပြောလိုက်၏။ "အထက် ကောင်းကင်ဘုံသား...ထာရှန်က ဒီမျိုးဆက်ရဲ့ ပလ္လင်ကို ထိန်းသိမ်းသူ ဖြစ်ပါတယ်။ငါ့မှာ သင့်ကို အထဲကို ခေါ်သွား ပေးဖို့ အရည်အချင်း ပြည့်မှီမှု ရှိပါတယ်..."
ဝမ်လင်းက ထာရှန်ကို တည်ငြိမ်စွာသာ ကြည့်လိုက်၏။ ထိုအကြည့်အောက်၌ပင် ထာရှန်က ဝမ်လင်းကို တန်ပြန် ကြည့်ကာ ဝမ်လင်း၏ အကြည့်ကို ရှောင်ဖယ်ရန် မ ကြိုးစားပေ။
ဝမ်လင်းက သူ့အကြည့်ကို ပြန်ရုတ်သိမ်း၍ တည်ငြိမ်စွာ ပြောလိုက်၏။ "ကောင်းပြီ..."
ထာရှန်က ဆက်၍ စကားမဆိုတော့ပေ။သူက လှည့်၍ ဝင်ပေါက်ထံသို့ လျှောက်လှမ်းဝင်သွားသည်။ဝမ်လင်းက နောက်ကနေ ဖြည်းဖြည်းချင်း လိုက်ပါသွား၏။ အဘိုးအို ကတော့ မျက်မှောင်ကြုတ်လို့နေသည်။သူက ထာရှန်၏ အတွေးကို ခပ်ရေးရေး ဖြတ်မြင်မိနေ၏။ သို့ရာတွင် သူက နောက်ကနေ လိုက်ပါသွားခြင်း မပြုတော့ဘဲ မြေပြင် ပေါ်၌သာ ထိုင်ချလိုက်သည်။
ထိုဝင်ပေါက်ထဲ၌ လှေကားအလွှာများ ရှိလေ၏။သူတို့က လှေကားထစ်အတိုင်း အောက်သို့ ဆင်းလာလေလေ အေး စက်မှုအော်ရာက ပို၍ အားကောင်းလာလေ ဖြစ်နေသည်။ အမွှေးတိုင်တစ်တိုင်ဝက်စာခန့် ကြာမြင့်ပြီးသည့်နောက် ထာရှန်၏ ဦးဆောင်မှုဖြင့် သူတို့က အောက်ခြေသို့ ရောက်လာခဲ့ကြသည်။
သူတို့ အောက်ခြေသို့ ရောက်သွားသည့်အခိုက်တွင်ပင် ဝမ်လင်း၏မျက်လုံးက ကျဉ်းမြောင်းကာ သွား၏။
ထိုဝင်ပေါက်၏ အောက်ခြေသည် အခြားကမ္ဘာတစ်ခုကဲ့သို့ ဖြစ်နေ၏။ သည်နေရာသည် ပေတစ်ထောင်ခန့် ကျယ်ပြောကာ အလယ်တွင် ပေတစ်ရာရှိသည့် မီးပြင်းဖို တစ်ခု ရှိလို့နေသည်။ထိုမီးပြင်းဖို၏ မျက်နှာပြင်ပေါ်တွင် လည်း မရေမတွက်နိုင်သော တက်တူးအမှတ်အသားများ စွာ ရေးထွင်းလို့ထားသည်။
***
အနက်ရောင်မြူလှိုင်းများက ထိုမီးပြင်းဖို၏ ထိပ်ဝ ပတ်လည်တွင် လှည့်ပတ်နေကြသည်။၎င်းအနက်ရောင်မြူ လှိုင်းများက အပြင်သို့ လွတ်ထွက်နိုင်ရန် ကြိုးစားနေ သကဲ့သို့ ထင်မှတ်ရသည်။သို့ရာတွင် ၎င်းတို့ မထွက်ခွာနိုင် အောင် ကာဆီးထားသော ထူးဆန်းသောစွမ်းအားတစ်ခု ရှိနေခဲ့၏။
ထိုကြီးမားသောမီးပြင်းဖို၏ ပတ်လည်တွင် ဦးခေါင်းခွံ ကိုးခု ရှိလေ၏။ထိုဦးခေါင်းခွံများသည် သားရဲအရိုးများ မဟုတ်ဘဲ လူသားဦးခေါင်းခွံများ ဖြစ်နေကြသည်။ အနှီ ဦးခေါင်းခွံတစ်ခုစီ၏ မျက်ခုံးနှစ်ခုကြားတွင်လည်း အလွန် ရှုပ်ထွေးသောတက်တူးတစ်ခု ရှိနေ၏။
ထိုဦးခေါင်းခွံများကနေ အနက်ရောင်အလင်းတန်းများ ပေါက်ကွဲထွက်နေကာ အစီအရင်တစ်ခုဖြစ်ပေါ်နေသည့် အလား ရှိနေသည်။
ထာရှန်က ထိုမီးပြင်းဖိုကြီးကို ရှုပ်ထွေးဟန်နှင့် ကြည့် ကာ ခပ်တိုးတိုး ရေရွတ်လိုက်လေသည်။ "ဒါက အံ့ဖွယ်ယင် မီးပြင်းဖို ဖြစ်တယ်..."
ဝမ်လင်း၏ မျက်လုံးက တောက်ပနေ၏။သူ့နတ်ဘုရား အာရုံက ထိုမီးပြင်းဖိုပတ်လည်တွင် လွှမ်းပတ်ခြုံ ထားသည်။ခဏတာ တုံ့ဆိုင်းပြီးသည့်နောက် ဝမ်လင်းသည် သူ့နတ်ဘုရားအာရုံကို မီးပြင်းဖိုထဲသို့ တိုးဝင်စေလိုက် သည်။
သူ့နတ်ဘုရားအာရုံက မီးပြင်းဖိုထဲသို့ ဝင်သွားသည့် အခိုက်တွင် ခပ်ရှရှအသံတစ်ခုသည် မီးပြင်းဖိုအတွင်းထဲက နေ ထွက်ပေါ်လာခဲ့၏။ ထိုအသံသည် အလွန်အမင်း ထူးဆန်းလှကာ နတ်ဘုရားအာရုံဖြင့်သာ ကြားနိုင်ပေ၏။ ၎င်းအသံထဲ၌ ပြင်းထန်သောသတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခု ပါဝင်နေ၏။ ယင်းအသံက ဝမ်လင်း၏နတ်ဘုရားအာရုံကို ပင် ပျက်ပြယ်လုနီးပါး ဖြစ်သွားစေသည်။
ဝမ်လင်းက ဖျပ်ခနဲ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်၏။သူ့မျက်နှာက အနည်းငယ် ဖြူရောသွား၏။ သို့သော် သူ့မျက်လုံးကတော့ လွန်စွာတောက်ပလာခဲ့၏။
ဝမ်လင်းက မီးပြင်းဖိုကို ကြည့်ကာ ဖြည်းဖြည်းချင်း ပြော လိုက်သည်။ "ငါ ဒီနေရာမှာ ရက်အနည်းငယ် နေဦးမယ်... မင်းအရင် ထွက်နှင့်တော့..."
ထာရှန်က တိတ်ဆိတ်စွာ စဉ်းစားသွား၏။ထို့နောက် သူက ခေါင်းမော့၍ ဝမ်လင်းကို ကြည့်သည်။ အနည်းငယ် တုံ့ဆိုင်းပြီးနောက် သူက ဝမ်လင်းကို မေးလိုက်၏။ "သင်... သင်က တကယ့်ကို အစစ်အမှန်ကောင်းကင်ဘုံသားလား..."
ဝမ်လင်းက ထာရှန်ကို တည်ငြိမ်စွာ ကြည့်လိုက်၏။
ထာရှန်အသွင်က ခါးသီးဟန် ဖြစ်ပေါ်သွားကာ သူက ခပ် တိုးတိုး ရေရွတ်လိုက်သည်။ "ငါ…ကလေးဘဝတုန်းက အကြီးအကဲတွေဆီကနေ ကြားခဲ့ရတာတော့ ငါတို့ဟာ ကောင်းကင်ဘုံသားတွေရဲ့ ရွေးချယ်ခြင်း ခံခဲ့ရတဲ့ လူတွေ ဖြစ်တယ်တဲ့။ငါတို့က ကောင်းကင်ဘုံသားတွေထံမှ ဘဝ တစ်လျှောက် အမှုထမ်းရွက်ကြရတယ်တဲ့။ ဒါကပဲ ငါတို့က ကလန်ရဲ့ ဂုဏ်ယူစရာ ဖြစ်တယ်လို့ သိကြားခဲ့ရတယ်..."
"ဒီဂုဏ်ယူမှုက ငါ ကြီးပြင်းလာတဲ့ အချိန်ကစပြီး ငါ့ နှလုံးသားထဲမှာ ယုံကြည်မှုတစ်ခုလို ဖြစ်နေခဲ့တယ်။ ဒါက ငါတစ်ယောက်တည်း မဟုတ်ဘူး။ ငါ့ကလန်က လူတွေ အားလုံးကလည်း ဒီလို ယုံကြည်ကြတာပဲ..."
"ဒါပေမဲ့လည်း ငါ အရွယ်ရောက်လာတာနဲ့အမျှ ဒါက အမှန်တကယ် မဟုတ်ကြောင်း တဖြည်းဖြည်း သိရှိလာခဲ့ တယ်။ဘယ်သူကမှ ဘုရားကျောင်းထဲမှာ ရှိတဲ့ ကောင်းကင်ဘုံကျောက်စိမ်းပြားကလွဲပြီး ကောင်းကင်ဘုံ သားတစ်ယောက်ကို မမြင်တွေ့ခဲ့ကြဖူးဘူး..."
"ငါတို့ကလန်က စောင့်ကြပ်ပေးနေတဲ့ အံ့ဖွယ်ယင်မီး ပြင်းဖိုကနေ မြူတွေကို ထွေးအန်ထုတ်တက်တယ်။ ဒီမြူ တွေထဲကနေ ထွက်လာတဲ့ အရာတွေက ငါတို့ကလန်ကို သတ်ဖြတ်ပြစ်ကြတယ်။ငါဟာ
ငါ့ကလန်ကတစ်ယောက်ယောက် သေသွားရတိုင်း ပူဆွေးမှုနဲ့ မကျေနပ် မှုတို့ကို ခံစားခဲ့ရတယ်။ဒါ့ကြောင့် ငါက ကောင်းကင်ဘုံ သားတွေသာ တကယ်ရှိရင်ဆိုတဲ့ မေးခွန်းကို စတင် မေးမြန်းလာခဲ့တာပဲ..."
"ဒီကနေ့အထိ ငါ...ထာရှန်က ကောင်းကင်ဘုံသားတွေ တကယ်ရှိတယ်ဆိုတာကို မယုံကြည်တော့ဘူး။ သူတို့က တကယ်ရှိခဲ့ရင်တောင်မှ ဒီလောက်နှစ်တွေကြာတဲ့အထိ ငါ တို့ကို ဘာကြောင့် မေ့ထားခဲ့ရတာလဲ…"
ဝမ်လင်းက စဉ်းစားနေ၏။ သူသည် အဘိုးအိုက သူ့ကို စွန့်ပစ်ခံမသေမျိုးကလန်(အရွေးချယ်ခံကလန်)အကြောင်း ရှင်းပြခဲ့ချိန်ကတည်းက ခန့်မှန်းမှုတစ်ခု ရှိနေခဲ့၏။
"ရွေးချယ်ခံကလန်...စွန့်ပစ်ခံကလန်...ဒီကလန်က ရွေးချယ်ခံပြီးမှ စွန့်ပစ်ခံခဲ့ရတာ..."
"ငါ့ကို ပြောပါ။ ဒီကမ္ဘာမှာ ကောင်းကင်ဘုံသားတွေ တကယ်ရှိရဲ့လား။ သင်ကကော ကောင်းကင်ဘုံသား လား..." ထာရှန်က ခေါင်းမော့ကာ ဝမ်လင်းကို ကြည့် နေ၏။ သူ့အသကံလည်း တိုးညင်းကာ နေသည်။ သို့သော် မာန်ပါလေ၏။
ဝမ်လင်းက တည်ငြိမ်စွာပင် ခပ်ဖြည်းဖြည်းချင်း ပြော လိုက်သည်။ "ငါက ကောင်းကင်ဘုံသားတစ်ယောက် မဟုတ်ဘူး..."
ထာရှန်၏ ခန္ဓာကိုယ်က တုန်ယင်သွား၏။သူ့မျက်နှာပေါ်ရှိ ခါးသီးမှုကလည်း ပို၍ ပြင်းထန်လာခဲ့လေသည်။
"ကောင်းကင်ဘုံသားတွေကတော့ တကယ်ရှိနေနိုင်ပါ သေးတယ်။ဒါပေမဲ့လည်း ကောင်းကင်ဘုံနယ်မြေကတော့ အလွန့်အလွန်ကြာတဲ့ နှစ်ပေါင်းများစွာကတည်းက ပျက်စီး ပြိုပျက်သွားခဲ့ပြီး ဖြစ်တယ်..." ဝမ်လင်း၏ အကြည့်က အံ့ဖွယ်ယင်မီးပြင်းဖိုအပေါ်သို့ ပြန်ကျရောက်လာ၏။
ထာရှန်က အထိတ်တလန့်ပြုံး၍ နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်သွားသည်။သူက ခပ်တိုးတိုး ရေရွတ် လိုက်၏။ "သေချာပြီ...ငါမှန်တယ်...။ကောင်းကင်ဘုံ သား...ဘာကောင်းကင်ဘုံသားမှ မရှိဘူး။ ငါ့ကလန်က လည်း ဒီနေရာကို တစ်ချိန်လုံး စောင့်ကြပ်ရမယ်ဆိုပြီး မှားယွင်းတဲ့ ဆုံးဖြတ်ချက် ချခဲ့တာပဲ..."
ဝမ်လင်းက အံ့ဖွယ်ယင်မီးပြင်းဖိုကို စူးစိုက်ကြည့်ကာ ခပ်ဖြည်းဖြည်းချင်း မေးလိုက်၏။ "ဒီမီးပြင်းဖိုရဲ့ အထဲမှာ ဘာရှိလဲ..."
ထာရှန်က ခပ်တိုးတိုး ပြန်ဖြေလိုက်သည်။ "ငါ မသိဘူး။ ကလန်ရဲ့ မှတ်တမ်းထဲမှာ ဖော်ပြထားတာတော့ လွန်ခဲ့တဲ့ မ ရေမတွက်နိုင်တဲ့နှစ်တွေတုန်းက ကောင်းကင်ဘုံဘုရင် အပူအပင်မဲ့က ငါ့တို့ကလန်ကို ငှက်မွှေးသားရဲရဲ့ ခန္ဓာကိုယ် ထဲကို ထည့်သွင်းခဲ့ပြီး သူပြန်လာတဲ့အချိန်အထိ ဒီအံ့ဖွယ် ယင်မီးပြင်းဖိုကို စောင့်ကြပ်ခိုင်းခဲ့တယ်လို့ ဆိုတယ်..."
"ငါက ဒီနေရာကနေ ဘယ်လိုနည်းနဲ့ ထွက်သွားနိုင်မှာထာရှန်က အသက်ဝဝရှုသွင်းကာ ခါးသီးဟန်နှင့် ပြော လိုက်သည်။ "ဒီနေရာကနေ ထွက်သွားဖို့ နည်းလမ်း မရှိဘူး။ဒီနေရာက လုံးဝချိပ်ပိတ်ထားတာ။ ငါက ဒီနေရာက နေ ထွက်ပြီး ကောင်းကင်ဘုံသားတွေကို ရှာတွေ့ဖို့ အကြိမ် များစွာ ကြိုးစားခဲ့တယ်။ ဒါပေမဲ့လည်း ငါက ကျရှုံးခဲ့ရ တယ်။ ဒီကောင်းကင်က အကန့်အသတ်ရှိတယ်။ ဒါပေမဲ့ ငါက ဒါကို ဖြတ်ကျော်မသွားနိုင်ဘူး။ အပြင်ဘက် အသား နံရံအက်ကြောင်းတွေက အဆုံးမဲ့တဲ့ ဟင်းလင်းပြင်တစ်ခု လို ဖြစ်နေခဲ့တယ်..."
ဝမ်လင်းမျက်လုံးက ကျဉ်းမြောင်းသွားကာ သူက မေး လိုက်၏။ "အတိတ်တုန်းက ကောင်းကင်ဘုံကျောက်စိမ်း ပြားထဲမှာ မှတ်တမ်းတင်ခဲ့တာက ဘာလဲ…"
"ငါမသိဘူး...။ဘယ်သူကမှလည်း ဒီကျောက်စိမ်းပြားထဲ ကို ဖြတ်မြင်နိုင်စွမ်း မရှိခဲ့ဘူး.."
ထာရှန်က တဖြည်းဖြည်းဖြင့် တုန်လှုပ်နေရာကနေ ပြန် သက်သာလာခဲ့သည်။
ဝမ်လင်းက မျက်မှောင်ကြုတ်လိုက်၏။ အနည်းငယ် စဉ်းစားပြီးသည့်နောက် သူက ရှေ့သို့ ခြေလှမ်းကာ သူ့လက် ဖြင့် အံ့ဖွယ်ယင်မီးပြင်းဖိုကို ဖိသိပ်ချလိုက်သည်။ သူ့နတ် ဘုရားအာရုံက ၎င်းအထဲသို့ နောက်တစ်ဖန် ဝင်ရောက် သွားပြန်သည်။
ချက်ခြင်းလိုလိုပင် စူးရှရှအသံက နောက်တစ်ဖန် ပေါ်လာပြန်သည်။သည်တစ်ကြိမ်၌ ထိုအော်သံက ပထမ တစ်ခေါက်ထက် ပို၍ သိပ်သည်းပေသည်။၎င်းစူးရှရှအသံ က ဝမ်လင်း၏ နတ်ဘုရားအာရုံကို ထွင်းဖောက်ကာ သူ့ စိတ်ထဲတွင် ချက်ခြင်းပဲ့တင်ထပ်လာခဲ့သည်။
ဝမ်လင်းက သူ့မူလစိတ်ဝိညာဉ်ကို ကာကွယ်နိုင်ရန် မူလ စွမ်းအင်ကို အာရုံစိုက်၍ အသုံးပြုကာ ထိုစူးရှရှအသံကို ခုခံ လိုက်၏။ထိုအသံသည် သူ့စိတ်ထဲ၌ ပိုပို၍ ပြင်းထန်လာခဲ့ သည်။ အဆုံးသပ်၌ ယင်းအသံ၏ ထွင်းဖောက်နိုင်မှုသည် အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့သည်။ဝမ်လင်း၏အသွင် သည် ဖြူရောသွားကာ သူက သူ့လက်ကို ပြန်ရုတ်သိမ်း လိုက်ရသလို နောက်သို့လည်း ဆုတ်လိုက်ရသည်။
သူက နောက်သို့ ခြေခုနစ်လှမ်းခန့် ဆုတ်ပြီးမှ သူ့အသွင် သည် ပြန်ကောင်းမွန်လာခဲ့လေသည်။အေးစက်စက် နှာခေါင်းရှုံ့ပြီးနောက် သူက ရှေ့သို့ တစ်ဖန် ပြန်တိုးကာ မီး ပြင်းဖို၏ နှာခမ်းဝအနားသို့ ရောက်လာခဲ့ပြန်သည်။သူက အထဲသို့ ကြည့်လိုက်သည့်အခါ မီးပြင်းဖိုတစ်ခုလုံးသည် လုံးဝနက်မှောင်နေသည်ကို တွေ့မြင်လိုက်ရ၏။
သူ့မျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူ့လက်ကိုလည်း လေထဲသို့ ပင့်မြှောက်လိုက်၏။ သူ့ခန္ဓာကိုယ်ထဲမှ မိုးကြိုး သည် တရကြမ်းထွက်လာခဲ့ကာ သူ့လက်ထဲ၌ မိုးကြိုးလုံး တစ်ခုကို ဖြစ်ပေါ်စေလိုက်သည်။သူက ၎င်းမိုးကြိုးလုံးကို မီးပြင်းဖိုအဝသို့ ပစ်လွှတ်လိုက်လေ၏။
မိုးကြိုးလုံးသည် မီးပြင်းဖိုအဝသို့ တုန်ခါသံနှင့်အတူ ကျ ရောက်သွားသည်။သို့ရာတွင် ထိုအခိုက်အတန့်၌ အနက် ရောင်မြူတစ်ခုက စုစည်းလာကာ ယင်းမိုးကြိုးလုံးကို ဝါး မြိုလာ၏။
ဝမ်လင်းက အော်ပြောလိုက်သည်။ "ပေါက်ကွဲလိုက် ໑໖:..."
ခပ်အုတ်အုတ်အသံတစ်ခု ပဲ့တင်သွားကာ မိုးကြိုးလုံး သည် ပျက်စီးသွားပြီး အနက်ရောင်မြူသည် ထိုးထွက် လာ၏။ ဝမ်လင်း၏မျက်လုံးက အနက်ရောင်မြူကို ထွင်း ဖောက်ကြည့်နေကာ မီးပြင်းဖို၏အောက်ခြေကို ထွင်း ဖောက်မြင်နေရသကဲ့သို့ တလက်လက် ဖြစ်နေသည်။
မီးပြင်းဖို၏အတွင်းဘက်တွင် တည်နေရာရွှေ့ပြောင်း ခြင်းအစီအရင်ငယ်တစ်ခု ရှိလို့နေသည်။
အနက်ရောင်မြူက ရွှေ့လျားသွားပြီးနောက် ထို တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို ပြန်ဖုံးအုပ်သွား သည်။ထို့နောက် အနက်ရောင်မြူသည် အလျင်အမြန် သိပ်သည်းလာခဲ့ကာ လူသားအသွင်ပုံစံ ဖြစ်ပေါ်လာခဲ့ သည်။၎င်းက အမျိုးသမီးအသွင်ပင်။သို့သော် သူမ၏ခန္ဓာကိုယ်သည် မြူကနေ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ် ကာ မည်သည့်ပုံပန်းအသွင်ရှိကြောင်း မြင်တွေ့ရဖို့ မဖြစ်နိုင်ပေ..
သို့ရာတွင် ထိုအမျိုးသမီးပုံရိပ်က ပေါ်ပေါက်လာသည်နှင့်ချက်ခြင်း ထိုးထွက်လာခဲ့လေသည်။ သူမက စူးရှရှ အသံပေးကာ ထိုးထွက်လာရင်း သူမ၏ အောက်ဘက်တွင် လည်း အနက်ရောင်မြူတို့ ရှိနေသည်။
သည်တစ်ကြိမ်၌ ထိုစူးရှရှအော်သံက မူလစိတ်ဝိညာဉ်ကို သာ ပစ်မှတ်ထားခြင်း မဟုတ်တော့ဘဲ အသွေးအသားများ ကိုပါ အန္တရာယ်ပြုလာခဲ့လေသည်။ထိုအော်သံသည် ဝမ် လင်းထံသို့ တန်းတန်းမတ်မတ် တိုးဝင်လာချေသည်။
ထာရှန်ကလည်း သိပ်မဝေးသော နေရာတွင် ရှိနေသဖြင့် သူ့အပေါ်တွင်လည်း ယင်းအသံက သက်ရောက်မှု ရှိလို့ နေသည်။သူ့မျက်နှာက ဖြူရောသွားကာ နောက်သို့ အလိုလို ဆုတ်မိသွားသည်။ထာရှန်တွင် ဝမ်လင်းကဲ့သို့ မိုးကြိုးစိတ် ဝိညာဉ် မရှိသဖြင့် သူ့မူလစိတ်ဝိညာဉ်သည် ဒဏ်ရာ ရသွား ခဲ့ရပေသည်။
ဝမ်လင်းသည်လည်း သော်လည်း သူ့အပေါ်တွင် သက်ရောက်မှုကတော့ ရှိလို့နေ ဆဲ ဖြစ်၏။သူ့အသွင်ကလည်း ဖြူရောသွားကာ ပါးစပ် ထောင့်ကနေ သွေးများစီးကျလာခဲ့သည်။သူက ထာရှန်ကို ဖမ်းကိုင်ကာ ထွက်ပေါက်ဆီသို့ တိုက်ရိုက် ပျံသန်းသွား ချေ၏။ ချက်ခြင်း နောက်ဆုတ်လိုက်
မီးပြင်းဖိုထဲမှ အမျိုးသမီး၏အရိပ်က သူတို့နှစ်ယောက် နောက်သို့ လိုက်ပါလာ၏။သူမက အလွန်မြန်ဆန်လှသည် ဖြစ်ရာ ချက်ခြင်းလိုလို သူတို့နှစ်ယောက်အား မှီလာခဲ့ကာနောက်ထပ် စူးရှစွာ အော်သံပြုပြန်၏။ဝမ်လင်း၏ မျက်လုံး ထဲ၌ သတ်ဖြတ်ချင်စိတ်တို့ ဖြစ်ပေါ်လာကာ သူက သွေး အဆီအနှစ်ကို ထွေးထုတ်၏။သွေးမြူတစ်ခုက အမျိုးသမီး အရိပ်ထံသို့ တရကြမ်း တိုးဝင်သွားချေသည်။
ဝမ်လင်းက အော်ပြောလိုက်လေ၏။ "ချိပ်ပိတ်ခြင်း..."
သွေးမြူက အတားအဆီးများစွာအဖြစ်သို့ ပြောင်းလဲကာ သူမ၏ခန္ဓာကိုယ်ထဲသို့ စိုက်ဝင်ကာ ကြီးမားသည့် ချိပ်ပိတ် မှုတစ်ခုကို ဖြစ်ပေါ်သွားစေသည်။
တစ်ချိန်တည်းမှာပင် ဝမ်လင်း၏မျက်လုံးက အေးစက် လာခဲ့ကာ သူက လေဟာနယ်ထဲသို့ လက်ညွှန်လေ၏။ ကံကြမ္မာကျာပွတ်သည် ရုတ်တရက် ပေါ်လာခဲ့ကာ ထို အမျိုးသမီးထံသို့ ကြမ်းတမ်းစွာ လွှဲရိုက်လာခဲ့သည်။
အမျိုးသမီးပုံရိပ်သည် အထိတ်တလန့် ငြီးတွားလိုက်ရ လေ၏။သူမက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွား ရ၏။သို့သော် ချက်ခြင်းလိုလိုပင် ရှေ့သို့ ပြန်တိုးဝင်လာခဲ့ ပြန်၏။သူမ၏ ခန္ဓာကိုယ်က အနက်ရောင်အခိုးငွေ့ကိုးခု အဖြစ်သို့ ပြန့်ကျဲသွားကာ ဝမ်လင်းထံသို့ မြှားများကဲ့သို့ ဦးတည်တိုးဝင်လာခဲ့လေသည်။
ဝမ်လင်းက မျက်မှောင်ကြုတ်ကာ နောက်သို့ ဆက်၍ ဆုတ်နေ၏။သူက တံခါးဝထွက်ပေါက်နားသို့ ရောက်လာခဲ့ သည့်အခါ ထာရှန်ကို နောက်သို့ ပစ်လွှတ်လိုက်၏။ ထို့နောက် သူက သူ့မျက်ခုံးနှစ်ခုကြားကို လက်ညွှန်လိုက်ရာတတိယမျက်လုံးက ချက်ခြင်းပွင့်ဟ လာခဲ့ချေသည်။ ထို့နောက် အနီရောင်အလင်းတစ်ခုက ထွက်ပေါက်နားကို ဝန်းရံလွှမ်းခြုံကာသွားသည်။
ထိုအနီရောင်အလင်း၏အောက်၌ အနက်ရောင်အခိုးငွေ့ တန်းကိုးခုသည် ချက်ခြင်း လွင့်ပြယ်ကာ သွားသည်။ ထို့နောက် ၎င်းတို့က မြန်ဆန်စွာပင် အတူတကွပြန်ဖြစ် ပေါ်လာကာ တတိယမျက်လုံး၏ အနီရောင်အလင်းစွမ်း ရည်ကို လစ်လျူရှုရင်း ထွက်ပေါက်ထံသို့ အလျင်အမြန် ထိုး ထွက်လာခဲ့ပြန်သည်။
ထွက်ပေါက်နားတွင် ရှိနေသော အဘိုးအိုက ယင်းအနက် ရောင်အခိုးငွေ့ကို တွေ့မြင်ခဲ့ရပြီး ဖြစ်သည်။သူ့အသွင်က ကြီးစွာ ပြောင်းလဲသွားကာ သူ့လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ် များကို စတင် ဖြစ်ပေါ်စေသည်။သူ့မျက်ခုံးနှစ်ခုကြားရှိအပင်သည်လည်း တဖျပ်ဖျပ်ဖြစ်လာခဲ့ရင်း တံခါးဝကို ခပ် နှိပ်ပစ်၏။
ကြီးမားသည့်ဝင်ပေါက်တံခါးသည် တုန်ခါသံနှင့်အတူ ဖြည်းဖြည်းချင်း ပိတ်ဆို့လာခဲ့လေ၏။အမျိုးသမီး၏ စူးရှရှ အသံသည် တံခါးအတွင်းဘက်ကနေ ချက်ခြင်း ထွက် ပေါ်လာခဲ့တော့သည်။အဘိုးအို၏ခန္ဓာကိုယ်က တုန်ယင် သွားကာ သူက သွေးတစ်လုပ်အန်ထုတ်လိုက်ရပြီး သူ့ ခန္ဓာကိုယ်တစ်ခုလုံးသည်ပင် အားနည်းလာခဲ့ရသည်။
တံခါးက ပိတ်လုပိတ်ခု ဖြစ်ခါနီး၌ အမျိုးသမီးပုံရိပ်သည်ထိုးထွက်လာရန် ပြင်သည်။ဝမ်လင်း၏ မျက်လုံးက လက်ခ နဲ ဖြစ်သွားကာ သူက သိုလှောင်အိတ်ထဲကနေ ကောင်းကင် ဘက်စုတ်တံကို ထုတ်ယူ၏။သည့်နောက် သူက ချက်ခြင်း ပင် စုတ်ချက်ခြောက်ချက်ကို ချက်ခြင်းရေးဆွဲလိုက်ရာ ဓား ကဲ့သို့ အလင်းတန်းများသည် ထိုးထွက်၍ တိုးဝင်လာနေ သော အမျိုးသမီး၏အရှေ့သို့ သွားရောက် တားဆီးသည်။
အမျိုးသမီး ကျယ်လောင်သောပေါက်ကွဲသံနှင့်အတူ အရိပ်သည် တန့်သွား၏။သည်အခိုက်အတန့်၌ တံခါးသည် လုံးဝပိတ်ဆို့သွားကာ သူမကို ကာဆီးပိတ်ဆို့ထားလိုက် တော့သည်။
ထာရှန်က ယခုအဖြစ်အပျက်ကြောင့် အလွန်အမင်း တုန်လှုပ်နေမိ၏။သူက တံခါးဝကို စူးစိုက်ကြည့်နေရင်း ဦးရေပြားပင် ထုံထိုင်းနေခဲ့သည်။
"ဒါက ဘာလဲဟ..."
"အံ့ဖွယ်ယင်မီးပြင်းဖိုရဲ့ စိတ်ဝိညာဉ်..." ရွေးချယ် ခံ(စွန့်ပစ်ခံ)မသေမျိုးကလန်၏ ဘိုးဘေးသည် သူ့ပါးစပ် ထောင့်မှ သွေးများကို ပတ်သယ်လိုက်ရင်း သူ့အသွင်က စိတ်ရှုပ်ထွေးဟန် ဖြစ်ပေါ်လို့နေသည်။
ဝမ်လင်းအသွင်က သုန်မှုန်နေသည့်အပြင် သူက ထိုင်ချ လိုက်၏။ "မင်းတို့နှစ်ယောက်...ထွက်သွားကြ.။ ဒီနေရာရဲ့ ပေတစ်ထောင်အတွင်း ဘယ်သူမှ ရောက်မလာစေနဲ့..."
အဘိုးအိုက တိတ်ဆိတ်စွာ စဉ်းစားနေသည်။ခဏအကြာသူက တလေးတစား ခေါင်းညိတ်လိုက်၏။ထို့နောက် သူနှင့် ထာရှန်တို့သည် အလင်းတန်းအဖြစ် ပြောင်းလဲ၍ အကွာ အဝေးတစ်ခုထံသို့ ပျံသန်းသွားကြလေသည်။
ဝမ်လင်းက တံခါးဝကိုသာ စူးစိုက်ကြည့်နေသည်။ အဘိုး အိုက တံခါးဖွင့်ခဲ့သည့်အချိန်က သူက အဘိုးအိုသည် သူ့ မျက်ခုံးနှစ်ခုကြားရှိ တက်တူးအမှတ်အသားကို အသုံးပြုခဲ့ ကြောင်း ရှင်းလင်းစွာ တွေ့မြင်ခဲ့ပေသည်။ထိုတက်တူး အမှတ်အသားသည် သူ၏ အသက်ဓာတ်တက်တူး ဖြစ်မည် မှ သိသာပေ၏။
စဉ်းစားနေရင်း ဝမ်လင်းသည် သူ့သိုလှောင်အိတ်ကို ပုတ် လိုက်သည်။အတိတ်တုန်းက သူ ဟင်္သာပြဒါးဂြိုဟ်တွင် ရှိခဲ့ စဉ်တုန်းက သူ့တွင် စွန့်ပစ်ခံမသေမျိုးကလန်ကနေ ဦးခေါင်းခွံများစွာ ရရှိခဲ့ပေသည်။အလင်းတစ်ချက်နှင့်အတူ ဝမ်လင်း၏ ပတ်လည်၌ ဦးခေါင်းခွံများစွာ ပေါ်လာခဲ့ လေ၏။
ထိုဦးခေါင်းခွံတစ်ခုစီပေါ်၌ ရှုပ်ထွေးသောတက်တူး အမှတ်အသားတစ်ခုစီ ရှိလို့နေကြသည်။အနီးကပ်ကြည့် လိုက်ပြီးနောက် ဝမ်လင်းက ၎င်းတို့ကို ပြန်သိမ်းဆည်း လိုက်သည်။ထို့နောက် သူ့မျက်လုံးက တလက်လက် ဖြစ် သွားကာ ကောင်းကင်ထက်သို့ မော့ကြည့်သည်။
ကောင်းကင်က အပြာရောင် ဖြစ်နေ၏။သို့သော် ဝမ် လင်း၏အမြင်၌ ထိုတိမ်ဖြူတိမ်ပြာများ၏ အနားစွန်းတွင်အသွေးအသားနံရံတစ်ခု ရှိလို့နေသည်ကို ခပ်ရေးရေး တွေ့ မြင်နေရပေသည်။
"ဒီနေရာက အမှန်တကယ် ချိပ်ပိတ်ခံထားရတာ ဖြစ် မယ်ဆိုရင် ငါက ဒီနေရာကို ဘယ်လိုများ ပို့လွှတ်ခြင်း ခံ လိုက်ရတာလဲ...။ဒီနေရာက ရင်းနှီးလှတဲ့နေရာလည်း မဟုတ်ဘူး။ငါက ဒီနေရာကနေ တက်နိုင်သမျှ မြန်မြန် ထွက်သွားနိုင်ဖို့ နည်းလမ်းတစ်ခု ရှာမှ ရမယ်။ဒါပေမဲ့ လည်း ဒီလို အန္တရာယ်ရှိတဲ့နေရာက ပုန်းကွယ်ဖို့အတွက် အကောင်းဆုံးနေရာတစ်ခုလည်း ဖြစ်နေပြန်ကော..."
ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်ပြီးနောက် သူ့ သိုလှောင်အိတ်ကို ပုတ်လိုက်ရာ ပစ္စည်းတစ်ခု ပျံသန်းထွက် လာ၏။
ထိုပစ္စည်းက ပေတစ်ရာ့ငါးဆယ်ခန့် ရှည်ကာ ပေလေး ဆယ်လောက် ကျယ်ပြောသည်။၎င်းပေါ်လာသည်နှင့် ကြောက်မက်ဖွယ်အော်ရာကို ပေးစွမ်းလို့လာ၏။၎င်း ပစ္စည်း၏အပေါ်၌ မရေမတွက်နိုင်သော ဆူးချွန်များလည်း ရှိနေ၏။ လူတစ်ယောက်က ၎င်းကို ကြည့်မိပါက ကြောက် ရွှံ့မှုကို ခံစားမိပေလိမ့်မည်။
ယင်းပစ္စည်းက တတိယမြောက်နတ်ဘုရားသတ်ဖြတ် ခြင်းစစ်ရထား ဖြစ်လေတော့၏။
Comments
Post a Comment