Episodes (166)
နှိပ့်ကျတဲ့ကလန် Ep (166) ပထမပိုင်း
သည်ရထားက ဝမ်လင်းတွင် နောက်ဆုံးပိုင်ဆိုင်ထား သည့် စစ်ရထား ဖြစ်သလို အသန်မာဆုံးတစ်ခုလည်း ဖြစ် လေသည်။ထိုအရာက နတ်ဘုရားတစ်ပါးကိုပင် သတ်ပစ်ဖို့ လုံလောက်အောက် သန်မာသည့် ရတနာတစ်ခုကို ထုတ် လွှတ်ပေးနိုင်သည်။
နတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထားထံကနေ တုန်လှုပ် ဖွယ်ဖိအားတစ်ခု ထွက်ပေါ်လို့နေသည်။စစ်ရထား၏ ဆူး ချွန်များကလည်း ရှေးကျသောအော်ရာကို ပေးစွမ်းနေ၏။ ၎င်း၏ကြမ်းတမ်းသည့်အသွင်အပြင်ဖြင့်ပင် လူ တို့၏နှလုံးသားများကို ကြောက်လန့်စေနိုင်ပေသည်။ အတိတ်တုန်းက ဝမ်လင်းသည် ထိုဖိအားကို ရင်ဆိုင်ရချိန်၌ ပျက်စီးလုနီးပါး ဖြစ်သွားခဲ့ရသည်။ထို့နောက် သူက ၎င်းကို အသုံးမပြုဝံ့ဘဲ အမွေအနှစ်မန္တာန်ဖြင့်သာ ၎င်းတတိယ မြောက်စစ်ရထားကို ချိပ်ပိတ်ထားခဲ့ရပေသည်။
သို့ရာတွင် ခုချိန်တွင်တော့ ဝမ်လင်းသည် အနှီနတ် ဘုရားသတ်ဖြတ်ခြင်းစစ်ရထား၏ဘေးနားတွင် တည်ငြိမ် စွာ ရပ်နေနိုင်လေပြီ။သည်နှစ်ရာချီအတွင်း ဝမ်လင်းသည်လည်း အတော်လေး တိုးတက်ကြီးပြင်းလာခဲ့သည် မဟုတ်
လား။
ဝမ်လင်းက မျက်လုံးမှိတ်လိုက်၏။ခဏအကြာတွင် သူက မျက်လုံးပြန်ဖွင့်လိုက်ရာ သူ့မျက်လုံးတိုက တောက်ပကာ နေသည်။သူ့လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်များကို ဖြစ်ပေါ် စေကာ ရှုပ်ထွေးသောစကားလုံးများကို ရွတ်ဆိုလိုက်သည်။ ထို့နောက် သူ့ဘယ်လက်ဖြင့် ညာဘက်လက်ကောက်ဝတ် အပေါ် ကိုင်ဆုပ်လိုက်သည်။ဝမ်လင်း၏ညာဘက်လက်ပေါ် တွင် အနက်ရောင်အလင်းတန်းတစ်ခု ဖျပ်ခနဲ လင်း လက်သွားကာ သူက ၎င်းအလင်းတန်းကို နတ်ဘုရား သတ်ဖြတ်ခြင်းစစ်ရထားအပေါ်သို့ ဖိချလိုက်သည်။
အနက်ရောင်အလင်းသည် စစ်ရထားပေါ်သို့ ကျရောက် သွားသည့်အခါတွင် စစ်ရထားက ၎င်းအလင်းကို စုပ်ယူ သည်။ထိုအခါ စစ်ရထားထံကနေ ပိုမိုအားကောင်းသော ဖိအားတစ်ခုသည် ရုတ်တရက် ပေါက်ကွဲထွက်လာချေ သည်။
စစ်ရထားပေါ်ရှိ ဆူးချွန်များသည်လည်း အနက်ရောင် အလင်းကို ပေးစွမ်းလာကာ အတူပေါင်းစပ်သည်။ထို အနက်ရောင်အလင်းသည် အလွန်သန်မာအားကောင်း လှ၏။
ထို့နောက် ယင်းအနက်ရောင်အလင်းတို့သည် တလက်လက်လင်းလက်နေသော စာလုံးခုနစ်ခုအဖြစ် ဖြစ်ပေါ်လာသည်။
အနက်ရောင်အလင်းထဲရှိ စာလုံးခုနစ်ခုကို ကြည့်နေရင်း ဝမ်လင်းသည် နတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထား၏ ဖန်တီးသူ ချန်ထားခဲ့သော စကားလုံးများကို ပြန် ဆင့်ခေါ်သည်။
"တတိယမြောက်နတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထားရဲ့ စွမ်းအားက ငါ စိတ်ကူးနိုင်တာထက်ကို ပိုလွန်တယ်။ ဒီစစ် ရထားကရဲ့ အသုံးပြုသူကသာ ၎င်းရဲ့ အပြည့်အဝစွမ်းအား ကို ထုတ်ဖော်နိုင်ရင် ဒီရထားဟာ ကောင်းကင်ဘုံနတ် ဘုရားကို လွယ်လင့်တကူ သတ်ပစ်နိုင်တယ်။ ဒါပေမဲ့လည်း ဒါက ပြည့်စုံခြင်း မရှိသေးဘူး။ ဒီရထားက သတ္တုပစ္စည်း သုံးခု လိုအပ်နေသေးတယ်။ ဒီသုံးခုကတော့ အံ့ဖွယ် ထူးဆန်းငှက်တောင်ပံ၊မြေအောက်လောကသစ်သားနဲ့ ကောင်းကင်ဘုံလိပ်ပြာစိတ်ဝိညာဉ်တို့ ဖြစ်တယ်..."
"ငါက ဒီပစ္စည်းသုံးခုကို ရှာတွေ့နိုင်စွမ်း မရှိခဲ့တဲ့အတွက် နောင်တရခဲ့မိတယ်။ငါ့ရဲ့ ဆက်ခံသူဟာ ဒီပစ္စည်းသုံးခုကို ရှာဖွေပြီး ငါ့နောင်တတရားကို သက်သာရာရအောင် လုပ် ပေးပါ။ တတိယမြောက်စစ်ရထားက ပိုင်ရှင်အဖြစ် အသိတ်အမှတ်ပြုဖို့ သင်ဟာ စာလုံးခုနစ်လုံးကို ပေါင်းစပ်ပြီး ဒါ ကို သင့်ရဲ့ အသက်ဓာတ်နဲ့ချိတ်ဆက်ထားတဲ့ ရတနာတစ်ခု အဖြစ် မွန်းမံရလိမ့်မယ်။ဒါမှသာ ဒီတတိယမြောက်စစ် ရထားရဲ့ အစစ်အမှန်သက်ရောက်မှုကို အသုံးပြုနိုင်လိမ့် မယ်။ မဟုတ်ရင် သင်က စာလုံးတွေနဲ့ စစ်ရထားကိုပေါင်းစပ်ရင်တောင်မှ ဒီစစ်ရထားရဲ့ စွမ်းအားအပြည့်အဝ ကို အသုံးပြုနိုင်လိမ့်မှာ မဟုတ်ဘူး။ငါ့ရဲ့ဆက်ခံသူ... ကျေးဇူးပြုပြီး သင့်ကိုယ်တိုင် ရွေးချယ်လော့...သင်က သင့် ရဲ့ အသက်ဓာတ်နဲ့ ချိတ်ဆက်မယ်ဆိုရင် သတိထား၊ဂရုစိုက် ပြီး ရွေးချယ်ပါ..."
ဝမ်လင်းအသွင်က တည်ငြိမ်လှ၏။သည်ရတနာသည် လူ တစ်ယောက်အတွက် သန့်စင်မွန်းမံချိန်၌ပင် အလွန့်အလွန် ဂရုတစိုက် လုပ်ဆောင်ရသည့် ရတနာမျိုး ဖြစ်၏။အနှီ ရတနာသည် လူတစ်ယောက်၏ အသက်ဓာတ်နှင့် ချိပ် ဆက်ထားသည့် ရတနာတစ်ခု ဖြစ်နေသည် မဟုတ်လား။
သာမန်ရတနာတစ်ခုဆိုလျှင် ၎င်းအပေါ်၌ လူတစ် ယောက်၏ နတ်ဘုရားအာရုံကို ပယ်ဖျက်ခြင်း ခံရလျှင် လည်း အများဆုံးမှ ဒဏ်ရာသာ ရနိုင်ကာ အသက်မသေဆုံး နိုင်ပေ။
ဝမ်လင်းပိုင်ဆိုင်ထားသည့် အစိတ်အပိုင်းမြေတံဆိပ်တုံး နှင့် ဓားများသည် ထိုကဲ့သို့သော ရတနာများ ဖြစ်လေသည်။
သို့ရာတွင် အသက်ဓာတ်နှင့် ချိတ်ဆက်ထားသည့် ရတနာတစ်ခုဆိုလျှင်တော့ ထိုရတနာအဖျက်စီးခံရ သည်နှင့် အသက်သာဆုံးသည် ထိုလူ့ကို အပြင်းအထန် ဒဏ်ရာရစေခြင်း ဖြစ်ကာ ထိုသူ၏ မူလစိတ်ဝိညာဉ်ကို နှစ် ပိုင်းကွဲသွားစေနိုင်သည်။ပို၍ အကျိုးသက်ရောက်မှု ပြင်းထန်ပါက ချက်ခြင်း သေသွားနိုင်ပေသည်။ သို့ရာတွင်ထိုသို့ ဖြစ်နေလျှင်ပင် ကျင့်ကြံသူအများစုသည် ယင်းသို့ သော အသက်ဓာတ်နှင့် ချိတ်ဆက်ထားရသည့် ရတနာများ ရှိနေကြသည်သာ ဖြစ်သည်။
ထိုသို့ ရှိရသည့် အကြောင်းရင်းသည် အသက်ဓာတ်နှင့် ချိတ်ဆက်ထားသည့် ရတနာတစ်ခု ဖြစ်ပါက ရတနာ၏စွမ်းအားသည် အနှီကျင့်ကြံသူ၏ ကျင့်ကြံမှု အဆင့်တိုးတက်သလောက် လိုက်ပါတိုးတက်နိုင်စွမ်း ရှိခြင်းကြောင့်ပင်။
ဝမ်လင်းက ရှေးဟောင်းမှတ်တမ်များ၌ ထိုသို့သော အရာများကို တွေ့မြင်ခဲ့ဖူးပေသည်။
"ဒီတတိယမြောက်နတ်ဘုရားသတ်ဖြတ်ခြင်း စစ်ရထား က ကျန်တဲ့နှစ်ခုနဲ့ မတူဘူး..."
ဝမ်လင်းသည် စာလုံးခုနစ်လုံးကို တိတ်တဆိတ် စူးစိုက် ကြည့်နေသည်။သူ့ညာလက်ဖြင့် သိုလှောင်အိတ်ကို ပုတ် လိုက်ရာ ခြင်သားရဲသည် ပျံသန်းထွက်လာခဲ့၏။
ထိုခြင်သားရဲက သိုလှောင်အိတ်ထဲကနေ ထွက်မလာ သည်မှာ အတော်လေး ကြာမြင့်ခဲ့လေပြီ။၎င်းက ထွက် ပေါ်လာသည်နှင့် ချက်ခြင်းပင် ဟိန်းသံပြုကာ လေကြမ်း တစ်ခုကို ဖြစ်ပေါ်စေသည်။ထို့နောက် သည်ဧရိယာတွင် လှည့်ပတ်နေကာ အလွန်စိတ်လှုပ်ရှားဟန် ဖြစ်ပေါ်နေ၏။
ခြင်သားရဲထွက်ပေါ်လာပြီးနောက် နောက်ထပ် မိုးကြိုး ဖားပြုတ်သည်လည်း ထွက်ပေါ်လို့လာသည်။
မိုးကြိုးဖားပြုတ်က ပေါ်လာပြီး ပျင်းရိလေးတွဲစွာ မြေကြီးပေါ်၌ လှဲလျောင်း လိုက်လေ၏။ သိုလှောင်အိတ်ထဲကနေ ထွက်
ထိုသားရဲနှစ်ကောင်ကို ဆင့်ခေါ်ပြီးသည့်နောက် ဝမ်လင်း သည် အနည်းငယ် စဉ်းစားပြီး ကောင်းကင်ဘုံဓားကိုပါ ထုတ်ယူသည်။ သူက ကောင်းကင်ဘုံဓားနှင့် ရှုလီကောကို ခွဲခြားလိုက်လေ၏။ ရှုလီကောက ဝမ်လင်းကို မြှောက်ပင့် ရန် ဟန်ပြင်လိုက်၏။ သို့သော် သူက ချက်ခြင်းပင် ဝမ် လင်း၏အကြည့်ကြောင့် တန့်သွားသည်။
ဝမ်လင်းက တည်ငြိမ်စွာ ပြောလိုက်၏။ "ငါက ရတနာ တစ်ခုကို သန့်စင်မလို့၊ ပေတစ်ထောင်အတွင်း ဘယ်သူ့ကိုမှ ဝင်မလာစေနဲ့..."
ရှုလီကောက သူ့ရင်ဘက်ကို ပုတ်ကာ မျက်နှာပေး အပြည့်ဖြင့် ပြောလိုက်၏။ "သခင်...စိတ်ချပါ။ တစ်ယောက်ယောက်က ကျူးကျော်လာခဲ့ရင်တောင့် ငါ့ အလောင်းကိုယ်နင်းပြီးမှသာ ဝင်လာနိုင်လိမ့်မယ်။ ငါ...ရှု လီကောက သင့်အပေါ်မှာ သစ္စာရှိလှပါတယ်...။ဒီလို သစ္စာရှိမှုအပေါ်မှာ ဘယ်သူကမှ ငါ...ရှုလီကောနဲ့ မယှဉ်နိုင် 2:..."
သည့်နောက် ရှုလီကောသည် သည်ဧရိယာနားတွင် လှည့်လည်သွားကာ သူက သူ့နားသူ ကြားရလောက်အောင် ခပ်တိုးတိုး ရွတ်ဆိုလိုက်၏။
"သခင်ရဲ့ မန္တာန်တွေက အစစ်အမှန်ကောင်းကင်ဘုံ သားတစ်ယောက်ရဲ့ မန္တာန်တွေလိုမျိုး တော်တော်လေး အံ့အားသင့်ဖွယ် ကောင်းလှတယ်။ ဒီရှုလီကောက သင့်ကို အမှန်တကယ် လေးစားလှပါတယ်...."
ခြင်သားရဲကလည်း လှည်ပတ် ပျံသန်းနေရင်း ရှုလီကော ကို ဖြတ်ကျော်သွားသည်။
ခြင်သားရဲ၊မိုးကြိုးဖားပြုတ်နှင့် ရှုလီကောတို့ကို ဆင့်ခေါ် ပြီးသည့်နောက် ဝမ်လင်းသည်လည်း အတားအဆီးအချို့ကို အထိုင်ချလိုက်၏။သည့်နောက် သူက သူ့ညာလက်ကို မျက်ခုံးနှစ်ခုကြားထဲသို့ ညွှန်ကာ စစ်ရထားကို စူးစိုက် ကြည့်နေသည်။သူ့မူလစိတ်ဝိညာဉ်ကလည်း ပျံသန်းထွက် လာခဲ့ကာ စစ်ရထားထံသို့ ပျံသန်းသွားလေ၏။
သူ့မူလစိတ်ဝိညာဉ် ပျံသန်းထွက်လာသည့်နောက် ၎င်းက ရှေးဟောင်းမိုးကြိုးနဂါးအသွင်သို့ ပြောင်းလဲသွားရင်း စစ် ရထားရှိရာသို့ ဦးတည်ပျံသန်းသွားလေသည်။ဝမ်လင်း၏ မူလစိတ်ဝိညာဉ်သည် စစ်ရထားကို လှည့်ပတ်နေ၏။ ထို့နောက် ခဏအကြာတွင် သူက ပါးစပ်ဟကာ စာလုံး တစ်လုံးကို ဝါးမြိုလိုက်သည်။
ထိုအခါ ဝမ်လင်း၏ မူလစိတ်ဝိညာဉ်ထဲ၌ ပြင်းထန်သော အားတစ်ခု ပေါ်လာခဲ့လေတော့၏။ခဏအကြာတွင် ဝမ် လင်းခန္ဓာကိုယ်ထဲရှိ အားသည် စာလုံးအား ချေမွပစ်သည်။
သို့သော် စာလုံးသည် ချေမွရန်အလွန်ခက်ခဲလှသည်။၎င်း
က ပျက်စီးသွားမည့်အစား ပိုမိုပြင်းထန်သောအားတစ်ခုနှင့် ပေါက်ကွဲထွက်သွားသည်။
ဝမ်လင်းက အာဏာတက်ခြင်းအဆင့်တွင်သာ ရှိနေခဲ့ပါ က သူ့မူလစိတ်ဝိညာဉ်သည် ၎င်းအားကို တောင့်ခံနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။
သို့ရာတွင် ခုချိန်တွင်တော့ ဝမ်လင်း၏မူလစိတ်ဝိညာဉ် ထဲရှိ မိုးကြိုးသည် အလွန်အမင်းစွမ်းအားကောင်းလှကာ ၎င်းအားသည် သူဝါးမြိုလိုက်သည့် စာလုံးနှင့် တိုက်ရိုက် ထိတိုက်မှု ဖြစ်နေတော့သည်။
ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုနှင့်အတူ ခုခံနေ သောစာလုံးသည် ပျက်စီးပြိုပျက်သွားသည်။၎င်းက ပြိုပျက် သွားသည်နှင့် ပို၍ပြင်းထန်သောမိုးကြိုးများက စာလုံး အပိုင်းအစများထံသို့ တရကြမ်း တိုးဝင်သွားလေ၏။
ဝမ်လင်း၏မူလစိတ်ဝိညာဉ်ထဲ၌ တုန်ခါသံများ ဆက်တိုက် ဖြစ်ပေါ်နေ၏။ခဏအကြာတွင် စာလုံးသည် လုံးဝ ပျောက်ပြယ်သွားကာ ဝမ်လင်း၏မူလစိတ်ဝိညာဉ်နှင့် ပေါင်းစပ်လို့သွားသည်။
ဝမ်လင်းသည် ပထမဆုံးစာလုံးကို စုပ်ယူရန် အမွှေးတိုင် တစ်တိုင်ဝက်စာလောက်သာ အချိန်ယူလိုက်ရ၏။သူ့ မျက်လုံးကလည်း တည်ငြိမ်လျက် ရှိနေသည်။သူက နောက်ထပ် ဒုတိယမြောက်စာလုံးထံသို့ ဦးတည်ရွေ့လျား သွားကာ ၎င်းအား ဝါးမြိုပစ်ပြန်သည်။
သည်စာလုံးသည် ပထမတစ်ခုထက် ပို၍အားကောင်း၏။ သို့သော် ဝမ်လင်း၏မူလစိတ်ဝိညာဉ်သည် ၎င်းကို လုံးဝ သန့်စင်ပစ်နိုင်ခဲ့သည်။သို့သော်လည်း သူသည် ပထမစာလုံး ထက် အချိန်ပိုယူလိုက်ရကာ အမွှေးတိုင်တစ်တိုင်ထွန်းစာ လောက် ကြာမြင့်သွား၏။
သူက ရပ်တန့်ခြင်း မရှိသေးပေ။သည်တစ်ကြိမ်၌ သူက တတိယနှင့်လေးခုမြောက် စာလုံးတို့ကို ဝါးမြိုကာ အတူတကွ သန့်စင်မွန်းမံသည်။တစ်နာရီခန့်ကြာမြင့်ပြီး သည့်နောက် တတိယနှင့်လေးခုမြောက်စာလုံးတို့၏ အံ့ဖွယ် စွမ်းအားများသည် ဝမ်လင်း၏ မူလစိတ်ဝိညာဉ်ထဲ၌ ရောက်ရှိသွားသည်။
ထို့နောက် ငါးခုမြောက်စာလုံးကိုပါ ဝမ်လင်း၏မူလစိတ် ဝိညာဉ် ရှေးဟောင်းမိုးကြိုးနဂါးက ဝါးမြိုပြန်သည်။၎င်းက ဝါးမြိုလိုက်သည့်အခါ၌ ယင်းစာလုံးထံကနေ ပြင်းထန် သောအားတစ်ခုသည် ဝမ်လင်း၏ မူလစိတ်ဝိညာဉ်အနှံ့ ပျံ့နှံ့ လို့လာသည်။
ဝမ်လင်း၏မျက်လုံးများက အေးစက်လာခဲ့ကာ သူ့မူလ စိတ်ဝိညာဉ်ထဲ၌လည်း မိုးကြိုးများ ပြည့်နှက်နေကာ ယင်း စာလုံးထံသို့ ဦးတည်စုစည်းသွားသည်။
သည်တစ်ကြိမ်၌ ၎င်းငါးခုမြောက်စာလုံးကို သန့်စင်နိုင် ရန် ဝမ်လင်းသည် အချိန်နှစ်နာရီလောက် ယူလိုက်ရ၏။ ထို့နောက် ယင်းစာလုံး၏ ဆန်းကြယ်သောအားတစ်ခုကဝမ်လင်း၏မူလစိတ်ဝိညာဉ်နှင့်
ပေါင်းစပ်သွားလေ
တော့သည်။
ခုချိန်၌ ဝမ်လင်း၏မူလစိတ်ဝိညာဉ်က အနည်းငယ် မှိန် ဖျော့လို့လာသည်။ထို့ကြောင့် သူက သူ့ခန္ဓာကိုယ်ထဲသို့ ပြန် ဝင်ရောက်ကာ သူ့မူလစိတ်ဝိညာဉ်ကို ပြန်လည်ကုစား လိုက်သည်။
အချိန်က ကုန်ဆုံးလာနေသည်။မျက်စိတစ်မှိတ်အတွင်း ငါးရက်တာ ကုန်လွန်သွားခဲ့လေပြီ။ဝမ်လင်း၏ခန္ဓာကိုယ် က ခုထိ လှုပ်ရှားမှု မရှိဘဲ သူ့မူလစိတ်ဝိညာဉ်ကလည်း ဖြည်းဖြည်းချင်း ပြန်လည်ကောင်းမွန်လို့လာသည်။ သည် ငါးရက်အတွင်း ထာရှန်နှင့်ဘိုးဘေးတို့သည် ကလန်အဖွဲ့ ဝင်များနှင့်အတူ သည်နေရာသို့ နှစ်ကြိမ်တိုင် လာရောက်ခဲ့ သေး၏။
သို့သော် ခြင်သားရဲ၏ တဝီဝီအော်မြည်သံနှင့် မိုးကြိုးဖား ပြုတ်တို့ထံမှ မိုးကြိုးနှင့် ရှုလီကော၏ မကောင်းဆိုးဝါးဆန် သောအသွင်တို့က သူတို့အား ဝမ်လင်းရှိရာ ပေတစ်ထောင် အတွင်းသို့ မဝင်လာဝံ့အောင် ပြုလုပ်ထားလေသည်။ ထို့ကြောင့် သူတို့က ပေတစ်ထောင်အပြင်ဘက်၌သာ လှည့်လည်သွားနေရသည်။
ရှုလီကောက ရွေးချယ်ခံမသေမျိုးကလန်ဝင်များကို ကြည့်ကာ လျှာသပ်လေ၏။
သို့သော် ကလန်အဖွဲ့ဝင်များက သူ့ကို မည်သည့်စိတ်ဝင်စားမှုမှ မပေးဘဲ လစ်လျူရှုထားလေသည်။ သူတို့ အားလုံးသည် နတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထားကို တွေ့ မြင်လိုက်သည့်အခါ တုန်လှုပ်သွားကြပြီး တစ်ယောက်နှင့် တစ်ယောက် စကားပြောဆိုနေကြလေ၏။သို့ရာတွင် ဘိုး ဘေးနှင့် သည်နေရာရှိ အတွေ့အကြုံကြွယ်ဝသောလူများ ပင် ယင်းစစ်ရထားကို မည်သည့်အရာမှန်း မသိပေ။
သို့သော်လည်း ထိုနတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထား ထံကနေ ထွက်ပေါ်လာနေသည့် ဖိအားက သူတို့၏စိတ်ကို တုန်လှုပ်စေပေသည်။
သည်နေ့တွင် ဝမ်လင်းက မျက်လုံးဖွင့်ကာ သူ့ညာလက် ကို သူ့မျက်ခုံးနှစ်ခုကြားသို့ ညွှန်လိုက်၏။သူ့မူလစိတ် ဝိညာဉ်လည်း နောက်တစ်ဖန် ပိုထွက်လာခဲ့ကာ နတ်ဘုရား သတ်ဖြတ်ခြင်း စစ်ရထားထံသို့ ဦးတည်သွားပြန်သည်။ သူက ၎င်းစစ်ရထားနှင့် ပေတစ်ရာအတွင်းသို့ ရောက်လာ သည့်အခါတွင် ပေတစ်ထောင်ဧရိယာ၏ပြင်ပကနေ အော်သံတစ်ခု ထွက်ပေါ်လာခဲ့လေ၏။
ထိုလူ
များ၏မျက်လုံးထဲ၌
အံ့အားသင့်ဖွယ်
ကောင်းလွန်း
နေသည်။
ဘိုးဘေးသည် ဝမ်လင်း၏မူလစိတ်ဝိညာဉ်ကို ကြည့်မိသည့်အခါ၌ သူ့မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးဟန် ထွက် ပေါ်လာခဲ့သည်။သူက သက်ပြင်းချကာ ရှေ့သို့ တိုးလာခဲ့ရင်း လက်နှစ်ဖက်ကို တလေးတစား ဆုပ်၍ ပြောလိုက်သည်။ "အထက်...အထက်ကောင်းကင်ဘုံသား...ဒီနိမ့်ကျတဲ့တစ် ယောက်က တစ်ခု သိချင်လို့ပါ..."
ဝမ်လင်းက အဘိုးအိုကို မကြည့်ပေ။သူက စစ်ရထား ဘေးနားသို့ ရောက်ရှိလာခဲ့လေသည်။ခဏအကြာတွင် ခြောက်ခုမြောက်စာလုံးကိုလည်း သူက တုံ့ဆိုင်းခြင်းမရှိဝါးမြိုလိုက်သည်။ထို့နောက် သူက ခုနစ်ခုမြောက်စာလုံးကို ပါ တိုက်ရိုက် ဝါးမြိုပစ်သည်။
သည်မြင်ကွင်းက လူတိုင်း၏မျက်လုံးကို ကျဉ်းမြောင်း သွားစေသည်။သူတို့က ပို၍ နီးကပ်လာကြ၏။
သည်အခိုက်အတန့်၌ ရူလီကောသည် မျက်လုံးကစားလိုက်၏။သူက ချက်ခြင်းပင် လေထဲသို့ ပျံသန်းတက်ကာ ရွေးချယ်ခံမသေမျိုးကလန်အဖွဲ့ဝင်များထံသို့ ညွှန်ကာ အော် ပြောလိုက်သည်။ "သခင်က ရတနာတစ်ခုကို သန့်စင်နေ တယ်။မင်းတို့က ငါ့အလောင်းကို မကျော်ဖြတ်နိုင်ရင် ဒီ ဧရိယာထဲ ခြေလှမ်းတစ်ဝက်တောင် မဝင်နိုင်စေရဘူး..."
ရှုလီကော၏စကားများက အားမာန်ပါလှသည်။သူ့ထံက နေ ပြင်းထန်သောအော်ရာတစ်ခုလည်း ပျံ့နှံ့လို့နေသည်။
ဘိုးဘေးက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွား ပြီး တလေးတစား ပြောလိုက်၏။ "ငါတို့က ပေတစ်ထောင် ဧရိယာထဲကို မဝင်ပါဘူး။ မေးခွန်းအနည်းငယ် မေးချင်ရုံပါ
အဘိုးအို၏စကားမဆုံးသေးခင်မှာပင် ရှုလီကောသည် ကြားဖြတ်ကာ အော်ဟစ်လိုက်သည်။ "ပါးစပ်ပိတ်ထား စမ်း...။သင်က ငါ့ခန္ဓာကိုယ်ကို ဖြတ်ကျော်မသွားဘဲ ငါ့ သခင်ကို နည်းနည်းလေးတောင် မနှောင့်ယှက်နဲ့။ငါ့ဘဝ တစ်ခုလုံးကို ငါ့သခင်က ကယ်တင်ထားခဲ့တာ။အခုလက်ရှိငါ့စွမ်းအားကိုလည်း ငါ့သခင်က ပေးထားတာ ဖြစ်တယ်။ မင်းတို့က ငါ့သခင်ကို နှောက်ယှက်ချင်ရင် ငါ…….ရှုလီကော က မင်းတို့ကို လုံးဝခွင့်ပြုမှာ မဟုတ်ဘူး..."
ဘိုးဘေး၏ခန္ဓာကိုယ်က တုန်ယင်သွားသည်။အမှန်တော့ သူတို့၏ကလန်တစ်ခုလုံးသည် ကောင်းကင်ဘုံသားများ၏ အစေခံများ ဖြစ်ပေသည်။
"ဒီလူက သစ္စာရှိမှုရဲ့ အဓိပ္ပာယ်ကို သိသားပဲ။ ငါ့ကလန် ကလည်း ဒီအရာကို နားလည်သဘောပေါက်ထား တယ်..." အဘိုးအိုက ရှုလီကောကို လေးစားစွာ ကြည့်၍ စိတ်ထဲကနေ တွေးလိုက်သည်။ "ဒီစိတ်ဝိညာဉ်က ခု လောက်ထိ သစ္စာရှိလိမ့်မယ်လို့ ငါ မထင်ထားမိဘူး။ အထက်ကောင်းကင်ဘုံသားရှိမှာ ခုလိုမျိုးသစ္စာရှိတဲ့ တစ်စုံတစ်ယောက် ရှိနေတဲ့အတွက် သူက အတော်လေး ကံကောင်းလှတယ်..."
ထာရှန်က အဘိုးအိုဘေးနားတွင် ရပ်နေရင်း ရှုလီကော ကို စူးစိုက်ကြည့်နေသည်။သူက သည်ကိစ္စအပေါ် အလွန် ရှုပ်ထွေးစွာ ခံစားနေမိသည်။
ရှုလီကောက အလွန်တက်ကြွနေသည်။သို့သော် ဝမ်လင်း က သူ့ကို လုံးဝလစ်လျူရှုထား၏။ ဝမ်လင်း၏မူလစိတ် ဝိညာဉ်သည် မိုးကြိုးနှင့် ပြည့်နှက်နေကာ နောက်ဆုံးကျန် နေသည့် စာလုံးနှစ်လုံးကို ချေဖျက်နေသည်။
သူ့မူလစိတ်ဝိညာဉ်ထဲရှိမိုးကြိုးတုန်ခါမှုများသည် ပဲ့တင်ထပ်နေရင်း စာလုံးများထဲမှ တစ်ခုသည် စတင်၍ အက်ကွဲကြေမွလာ၏။ တဖြည်းဖြည်းဖြင့် ယင်းစာလုံးက ကြေမွလာနေခြင်းသာ ဖြစ်သည်။
သည်ဖြစ်စဉ်အတွင်း ဝမ်လင်း၏မူလစိတ်ဝိညာဉ်အောက် တွင် ရှိနေသော နတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထားသည် အနက်ရောင်လင်းလက်နေကာ ပို၍ သိပ်သည်းလို့လာ၏။
အဆုံးသပ်၌ ၎င်းက အလင်းဓာတ်ကိုပါ ဝါးမြိုပစ်မည့် သကဲ့သို့ ဖြစ်လာသည်။
အနက်ရောင်အလင်း၏ လင်းလက်နေမှုအောက်၌ လူအ များသည် ဝမ်လင်းကို တွေ့မြင်သည့်အခါ သူ တို့၏စိတ်သည် တုန်ယင်ရလေ၏။
ထိုမြင်ကွင်းက ရွေးချယ်ခံ(စွန့်ပစ်ခံ)မသေမျိုးကလန်၏ အဖွဲ့ဝင်များကို သူတို့ကိုယ်သူတို့ တည်ငြိမ်မှုမရှိအောင် ဖြစ် စေလေသည်။
ထာရှန်က ရှုလီကော၏အလွန်သစ္စာရှိဟန် ပြုမူနေသည့် သွင်ပြင်ကို တွေ့မြင်သည့်အခါ သူက သက်ပြင်းချမိလေ၏။ သူ့စိတ်ထဲတွင်လည်း ပို၍ ရှုပ်ထွေးစွာ ခံစားမိနေသည်။ဘိုး ဘေးကမူ ကြိတ်၍ခေါင်းညိတ်ကာ ရှုလီကော၏ သစ္စာရှိမှုသည် အလွန်လေးစားဖွယ်ကောင်းလှသည်ဟူ၍ ခံစားနေ မိသည်။
အမှန်တော့ သည်နေရာရှိ ရွေးချယ်ခံမသေမျိုးကလန် အဖွဲ့ဝင်များသည် အပြင်လူနှင့် ထိတွေ့မဆက်ဆံသည်မှာ အချိန်ကြာမြင့်လွန်းခဲ့ပြီ မဟုတ်လား။သူတို့က တုံးအလှ ခြင်း မရှိသော်လည်း ရှုလီကော၏ လှည့်ဖျားမှု၊ ကလိမ်ဉာဏ်ကိုတော့ ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။
ရှုလီကောသည် ဇာတ်ရုပ်မျိုးစုံလုပ်ကာ အခြေအနေနှင့် အချိန်အခါကို သိသည့်သူ တစ်ယောက် ဖြစ်သည်။နှစ် ပေါင်းတစ်ထောင်နီးပါး အတွေ့အကြုံက သူထိုအရည်အချင်းကို ပို၍ မွန်းမံပေးသလို ဖြစ်နေခဲ့သည်။ တစ်စုံတစ်ယောက်က ရှုလီကော၏ အတွင်းစိတ်ကို လွယ်လင့်တကူ ဖြတ်မြင်နိုင်ပါက ရှုလီကောသည် ရှုလီ ကော မပီသတော့မည် မဟုတ်လော။
အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးလို့နေ၏။ နာရီ အတော်အတန်ကြာမြင့်ပြီးသည့်နောက် ဝမ်လင်း၏ မူလ စိတ်ဝိညာဉ်သည် ရုတ်တရက် ရွှေ့လျားလာကာ သူ့မူလ စိတ်ဝိညာဉ်ထဲရှိ မိုးကြိုးသံသည်လည်း ရုတ်တရက် သိပ်သည်းလို့လာသည်။ထိုမိုးကြိုးသံက အထွတ်အထိပ်သို့ ရောက်ရှိသွားသည့်အခါ ရုတ်တရက် ရပ်တန့်သွားသည်။
ဝမ်လင်းမူလစိတ်ဝိညာဉ်၏ မျက်လုံးများက လွန်စွာ တောက်ပကာ နောက်ဆုံးကျန်သည့် စာလုံးနှစ်ခုကိုလည်း သူက စုပ်ယူခဲ့ပြီး ဖြစ်သည်။သူ့ရှေ့တွင်တော့ အလွန်တရာ အရေးကြီးသည့် ဆုံးဖြတ်မှုတစ်ခုက စောင့်ကြိုနေသည်။
"ငါက ဒီရတနာကို ငါ့အသက်ဓာတ်နဲ့ ချိတ်ဆက်ပြီး သန့်စင်မွန်းမံသင့်လား..." ဝမ်လင်းက တိတ်တဆိတ် စဉ်းစားနေစဉ်အတွင်း စာလုံးခုနစ်လုံးသည် အတူ ပေါင်းစပ်ကာ သူ့ရင်ဘက်ပေါ်၌ တစ်သီးတသန့်စာလုံးတစ် ခု ဖြစ်ပေါ်လာခဲ့လေသည်။ထိုစာလုံးပေါ်လာသည်နှင့် စစ် ရထားထံမှ အနက်ရောင်အလင်းသည်လည်း စုဝေးလာကာ ဝမ်လင်း၏ရင်ဘက်ပေါ်၌ ခပ်နှိပ်လို့လာသည်။
"နတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထား...ချိပ်ပိတ်မှု ပြေလျော့စေ..." သည်နတ်ဘုရားအာရုံ စကားက မိုးကြိုးကဲ့သို့ ပျံ့နှံ့ကာ အနက်ရောင်အလင်းအားလုံးသည် ဝမ် လင်း၏ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသလား မှတ်ထင်ရလေ သည်။ ထို့နောက် စစ်ရထားကိုယ်ထည်ပေါ်ရှိ မရေမတွက် နိုင်သော ဆူးချွန်များသည် တလက်လက် ဖြစ်လာကာ ပုံရိပ် ယောင်အရိပ်တစ်ခုသည် အလျင်အမြန် ဖွဲ့တည်လို့လာ သည်။
ထိုပုံရိပ်ယောင်အရိပ်သည် ပေတစ်ထောင်ခန့် ရှည်လျား သည် သားရဲစိတ်ဝိညာဉ်တစ်ကောင် ဖြစ်နေသည်။၎င်းက ပေါ်လာသည်နှင့် ဟိန်းဟောက်သံပြုလိုက်ရာ ရွေးချယ်ခံမ သေမျိုးကလန် အဖွဲ့ဝင်များ၏မျက်နှာသည် ဖြူလျောကုန် ကြလေသည်။သူတို့က နောက်မဆုတ်မိဘဲ မနေနိုင် ဖြစ်ရ လေ၏။အချို့အားကောင်းသော အဖွဲ့ဝင်အချို့သာ အလိုအလျောက် နောက်မဆုတ်မိအောင် ထိန်းလိုက် နိုင်သည်။
ခြင်သားရဲ၏ အမွှေးအမျှင်များအားလုံးပင် ထောင်မတ် သွားကာ ၎င်းက ဟိန်းသံများ ပြလေ၏။ အခြားတစ်ဖက် တွင်လည်း မိုးကြိုးဖားပြုတ်၏ဝမ်းဗိုက်က ပိန်ချည်ဖောင်း ချည် ဖြစ်လာခဲ့ကာ ၎င်း၏ အားအကောင်းဆုံးမန္တာန်ကို ကြိုပြင်ဆင်ထားသည့်အလား ထင်မှတ်ရသည်။
ရှုလီကောကတော့ အားတင်းကာ အော်ဟစ်လိုက်၏။ "မင်းက ငါ့အလောင်းကို မဖြတ်ကျော်နိုင်ဘဲ..."သို့ရာတွင် သူ့စကားမဆုံးသေးခင်မှာပင် ထိုကြီးမားလှ သည့်သားရဲက ၎င်း၏ဦးခေါင်းကို စောင်းငဲ့ကာ ရှုလီကော ထံသို့ ကြည့်လာသည်။ရှုလီကောသည် အလွန်အမင်း ကြောက်လန့်သွားကာ ပြောမည့်စကားကို ပြန်မြိုချသွား၏။
"မင်းရဲ့ပါးပါးရှုက ရှေးဟောင်းဓားစိတ်ဝိညာဉ်ရဲ့ အမွေအနှစ်ကို ပိုင်ဆိုင်ထားတာကွ…။ငါက ဒီအမွေအနှစ် ကို စုပ်ယူလို့ ပြီးတာနဲ့ ဘယ်သူက ဘယ်သူ့ကို ကြောက်ရမ လဲ ကြည့်ရတာပေါ့ကွာ…" ရှုလီကောက စိတ်ထဲကနေ ဆဲဆို၍ နောက်သို့ အလျင်အမြန် ဆုတ်သည်။သူက မြန်ဆန်လွန်းလှရာ မျက်စိတစ်မှိတ်အတွင်း အတော်ဝေး ဝေးသို့ ရောက်ရှိလို့သွားသည်။
ဝမ်လင်းက ထိုသားရဲကို စူးစိုက်ကြည့်နေရင်း ပုံမှန် ဟန်ပန်အတိုင်းသာ ရှိလို့နေသည်။သူ့မူလစိတ်ဝိညာဉ်က လည်း သူ့ခန္ဓာကိုယ်ရှိရာသို့ ပြန်လည် ပျံသန်းလာခဲ့သည်။ ထို့နောက် သူ့ခန္ဓာကိုယ်သည် လေထဲသို့ ပျံသန်းတက် သွား၏။
စိတ်ဝိညာဉ်သားရဲက ဟိန်းဟောက်နေရင်း သူ့အကြည့် ကို ဝမ်လင်းထံသို့ ရွှေ့လိုက်၏။ထို့နောက် ၎င်းက အတင်း ဝုန်းဒိုင်း တိုးဝင်လာလေသည်။၎င်းက အလွန်မြန်လှသည်။ ၎င်းက ရွှေ့လျားလိုက်သည်နှင့် ဝမ်လင်းရှေ့သို့ ရောက်နှင့် ပြီးဖြစ်ကာ ဝမ်လင်းကို ဝါးမြိုရန် ကြိုးစားလာသည်။
ဝမ်လင်း၏မျက်လုံးများက
တည်ငြိမ်နေကာ သူကနောက်သို့ မဆုတ်ပေ။ထိုအစား သားရဲနီးကပ်လာသည်နှင့် သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ "ပျက်စီးပြိုပျက် ০৯:..."
ပေါက်ကွဲသံတစ်ခုနှင့်အတူ ယင်းစိတ်ဝိညာဉ်သားရဲသည် မရေမတွက်နိုင်သော အပိုင်းအစများအဖြစ်သို့ ပြိုပျက်ကာ သွားသည်။သို့သော် ၎င်းက ချက်ခြင်းပြန်လည် ဖြစ် ပေါ်လာ၏။၎င်း၏ မျက်လုံးထဲ၌လည်း အမုန်းတရားနှင့် ပြည့်နှက်နေကာ ဝမ်လင်းထံသို့ နောက်တစ်ဖန် တိုးဝင်လာ ပြန်သည်။
ဝမ်လင်း၏အသံက တည်ငြိမ်လှကာ သူက နောက်တစ် ကြိမ် ထပ်ပြောလိုက်၏။ "ပျက်စီးစမ်း..."
သည်တစ်ကြိမ်၌ စိတ်ဝိညာည်သားရဲက ဟိန်းဟောက် မာန်သွင်းကာ ထိုးထွက်လာချင်းချင်းမှာပင် ၎င်း၏ခန္ဓာကိုယ်သည် ပျက်စီးလို့သွားသည်။
"စာလုံးခုနစ်လုံးနဲ့ ပေါင်းစပ်ပြီး...မင်းဟာ ဒါက သင့် အသက်ဓာတ်နဲ့ ချိတ်ဆက်ထားတဲ့ ရတနာတစ်ခုအဖြစ် သန့်စင်မွန်းမံမယ်ဆိုရင် မင်းက ဒီစစ်ရထားကို အလိုလို ထိန်းချုပ်နိုင်လိမ့်မယ်။ဒါပေမဲ့လည်း မင်းက အသက်ဓာတ် နဲ့ ချိတ်ဆက်ဖို့ မရွေးချယ်ရင်တော့ စာလုံးခုနစ်လုံးက ဒီစစ် ရထားရဲ့ စိတ်ဝိညာဉ်သားရဲကို ခုနစ်ကြိမ်ထိပဲ ပျက်စီးစေ နိုင်လိမ့်မယ်။ဒါက မင်းကို စိတ်ဝိညာဉ်သားရဲ အညံ့ခံနာခံ စေဖို့အတွက် အခွင့်ရေး ခုနစ်ကြိမ်ပေးတာနဲ့ တူတူပဲ...""စိတ်ဝိညာဉ်သားရဲ ခုနစ်ကြိမ်ပြီးတဲ့အထိ အညံ့မခံရင် တော့ မင်းက ဒီရတနာကို အသက်ဓာတ်နဲ့ ချိတ်ဆက်မှ ဖြစ် မယ်။ မဟုတ်ရင် မင်းက ဒီရတနာကို အသုံးပြုဖို့ ဖြစ်နိုင်မှာ မဟုတ်ဘူး..."
ကောင်းကင်ဘုံကျောက်စိမ်းပြားထဲမှ အထက်ပါ အကြောင်းအရာများသည် ဝမ်လင်း၏ စိတ်ထဲတွင် ပေါ်လာ ခဲ့လေသည်။
စိတ်ဝိညာဉ်သားရဲက နှစ်ကြိမ်တိုင်တိုင် ဖျက်စီးခံရပြီး သည့်နောက် ၎င်း၏မျက်လုံးသည် ပိုမို၍ ကြမ်းကြုတ်လာခဲ့ သည်။၎င်းက ပြင်းထန်စွာ ဟိန်းဟောက်ကာ ၎င်း၏ခန္ဓာကိုယ်ကို ပြန်လည် ဖွဲ့တည်ပြီး နောက်တစ်ဖန် တရကြမ်း ထိုးထွက်လာပြန်သည်။သည်တစ်ကြိမ်၌ ၎င်း၏ခန္ဓာကိုယ်သည် မရေမတွက်နိုင်သောအပိုင်းအစများ အဖြစ်သို့ ကွဲထွက်ကာ အရပ်မျက်နှာအနှံ့ကနေ ဝမ်လင်းကို တိုက်ခိုက်လာ၏။
ဝမ်လင်းက အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ သူက အလွန် ပြတ်သားကာ ရက်စက်တက်သည့်သူ ဖြစ်သည်။နှစ်ပေါင်းတစ်ထောင်ကြာမြင့်ပြီးသည့်နောက် သူ့ ကိုယ်ပိုင်အတွေးအမြင် နည်းလမ်းများသည်လည်း တိုးတက်လာခဲ့သည်သာ ဖြစ်သည်။ယခု စိတ်ဝိညာဉ်သားရဲ သည် အခုထိ အညံ့မခံသေးသည်မှာ သူက ၎င်းသားရဲကို လုံလောက်အောင် မနာကျင်စေသေးသောကြောင့် ဖြစ် နေ၏။
ဝမ်လင်း၏မျက်လုံးက အေးစက်လာခဲ့ကာ သူက တည်ငြိမ်စွာ ဆို၏။ "ပျက်စီးစမ်း...ပျက်စီးစမ်း...ပျက်စီး ໑໖:..."
သည်စကားသုံးခွန်း ပြောဆိုလိုက်သည့်နောက် စိတ် ဝိညာဉ်သားရဲသည် အတင်းတိုးဝင်လာရာကနေ ချက်ခြင်း လိုလို ပျက်စီးသွားကာ နောက်သို့ လွင့်စင်ထွက်သွား၏။ ထို့နောက် ၎င်းက တစ်ဖန်တိုးဝင်လာသည်နှင့် နောက်တစ် ကြိမ် ပျက်စီးသွားရပြန်သည်။
ထို ဒုတိယကြမ်မြောက်ပျက်စီးသွားမှုအတွင်းကနေ အထိတ်တလန့်ငြီးတွားသံတစ်ခု ထွက်ပေါ်လို့လာ၏။ထို အခိုက်မှာပင် စိတ်ဝိညာဉ်သားရဲသည် နောက်ထပ်တစ်ဖန် ပျက်စီးသွားရပြန်သည်။သုံးကြိမ်ဆက်တိုက် ဖျက်စီးခံလိုက် ရခြင်းက စိတ်ဝိညာဉ်သားရဲကို အင်မတန်နာကျင်သွားစေ လေ၏။
၎င်းက ဆက်၍ ပျက်စီးသွားတော့ခြင်း မရှိသေး သော်လည်း သုံးကြိမ်ဆက်တိုက် အဖျက်စီးခံလိုက်ရခြင်း သည် ၎င်း၏ စိတ်ထဲတွင် ကြောက်ရွှံ့မှုတစ်ခုကို ဖြစ်တည် လာစေခဲ့၏။
ထိုကြောက်ရွံ့မှု ပေါ်လာသည်နှင့် ၎င်း၏ခန္ဓာကိုယ်သည် ပြန်ဖွဲ့တည်လာသည့်အခါ ချီတုံ့ချတုံ တုံ့ဆိုင်းမှုတို့ ရှိလာ လေ၏။ထိုအခိုက်အတန့်၌ ဝမ်လင်း၏မျက်လုံးသည် အေး စက်နေကာ သူက တည်ငြိမ်စွာ ပြောလိုက်သည်။ "ပျက်စီးလိပ်မယ်...
ပေါက်ကွဲသံတစ်ခုနှင့်အတူ စိတ်ဝိညာဉ်သားရဲသည် ပြန် ဖြစ်တည်လာရာကနေ နောက်တစ်ကြိမ် ပျက်စီးသွား ပြန်သည်။၎င်းသားရဲ၏ စိတ်ထဲရှိ ကြောက်ရွှံ့မှုသည်လည်း ပို၍ တိုးလာခဲ့တော့သည်။အဆုံးသတ်၌ ၎င်းကြောက်ရွှံ့မှုက အနှီစိတ်ဝိညာဉ်သားရဲကို လုံးဝ လွှမ်းမိုးသွားလေတော့၏။
၎င်း၏ခန္ဓာကိုယ်က နောက်တစ်ဖန် ပြန်ဖွဲ့တည်လာသည့် အခါ ၎င်း၏ မျက်လုံးထဲ၌ လေးစားမှုတို့ကို ပြသလို့လာ သည်။၎င်းသည် မည်သို့မျှ မခုခံဝံ့တော့ဘဲ နာခံရိုကျိုးဟန် ဖြင့် ခေါင်းငုံ့ထားသည်။
ဝမ်လင်း၏ခန္ဓာကိုယ်က ဖျပ်ခနဲဖြင့် လေထဲသို့ ခြေချ လာ၏။ခဏအကြာတွင် သူက စိတ်ဝိညာဉ်သားရဲ၏ ဦးခေါင်းထက်သို့ ရောက်ရှိသွားသည်။သူက သူ့လက်ညှိုး ထိပ်ကို ကိုက်ကာ အထူးအမှတ်အသားတစ်ခု အသုံးပြုကာ စိတ်ဝိညာဉ်သားရဲ၏ဦးခေါင်းထိပ်ပေါ်သို့ ဖိချလိုက်သည်။
စိတ်ဝိညာဉ်သားရဲ၏ခန္ဓာကိုယ်သည် တဖြည်းဖြည်း စတင်ကျုံ့လာ၏။ဝမ်လင်းက ၎င်းအပေါ်က နေ ခုန်ဆင်းကာ ယင်းစိတ်ဝိညာဉ်သားရဲ၏ ခန္ဓာကိုယ် အလျင်အမြန် ကျုံ့နေသည်ကို ကြည့်နေသည်။ခဏအကြာ တွင် ၎င်းက လက်သီးစုပ်ခန့်သာ ရှိသော မြူလုံးတစ်ခု အဖြစ်သို့ ကျုံ့သွားတော့သည်။ထို့နောက် ၎င်းက အလင်အ မြန်ပင် ပိုးအိမ်တစ်ခုကဲ့သို့ အစိုင်အခဲအဖြစ်သို့ ပြောင်းလဲ တုန်ယင်နေကာသွားသည်။
ထို့နောက် ယင်းပိုးအိမ်အပေါ်၌ အက်ကွဲလှိုင်းများ ပေါ်လာခဲ့ကာ နောက်ဆုံးတွင် ကွဲအက်လို့သွားသည်။ ထိုအခါ ငါးရောင်စုံလိပ်ပြာတစ်ကောင်သည် ၎င်း၏ အတောင်ပံကို ညင်သာစွာခတ်၍ ယင်းပိုးအိမ်ကွဲအက်မှုထဲ ကနေ ပျံသန်းထွက်လာခဲ့တော့၏။
ထိုလိပ်ပြာသည် အလွန်လှပကာ ဝမ်လင်း၏ မျက်လုံးကို ကျဉ်းမြောင်းသွားစေသည်။
သည်အခိုက်အတန့်၌
အံ့ဖွယ်ယင်မီးပြင်းဖို၏ အောက်ခြေရှိ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်သည် ဖျပ်ခနဲ လင်းလက်သွားကာ လူတစ်ယောက် လှမ်းထွက်လို့ လာ၏။ ထိုလူ၏ ခန္ဓာကိုယ်သည် ဖျပ်ခနဲပင် ဝင်ပေါက် တံခါးနားသို့ ရောက်လာခဲ့ပြီး ထိုးထွက်လို့လာသည်။
ထိုလူက အပြာရောင်ဝတ်
စုံကို ဝတ်ဆင်ထားပြီး သူ့ မျက်လုံးတို့က အေးစက်နေသည်။
ထိုအပြာရောင်ဝတ်စုံနှင့်လူသည် သက်လတ်ပိုင်းအရွယ် သာ ရှိလေ၏။သူ့မျက်လုံးက အေးစက်လို့နေသည်။သို့သော် နတ်ဆိုးဆန်စွာ တောက်ပနေ၏။လွင့်ဝဲနေသည့် သူ့ဆံပင် များက သူ့ကို ကောင်းကင်ဘုံသားများကြားမှ နတ်ဆိုး တစ်ပါးအသွင်နှင့် ဆင်တူစေသည်။
သူက ပလ္လင်၏ ဂိတ်ပေါက်တံခါးကနေ လှမ်းထွက်လာ ရင်း လေထဲသို့ ခုန်တက်လိုက်သည်။သူ့အသွင်က ခုထိ ပီပီ သသမရှိသေးချေ။
ဝမ်လင်းသည်လည်း လေထဲ၌ ရှိနေ၏။သူ့နောက်တွင် တော့ နတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထားကို အသက်သွင်း ပြီးနောက် ပေါ်ထွက်လာသည့် ငါးရောင်စုံလိပ်ပြာတစ် ကောင် ရှိလို့နေသည်။ထိုလိပ်ပြာသည် ၎င်း၏အတောင်ကို ညင်သာစွာ ခတ်နေ၏။
ရွေးချယ်ခံမသေမျိုးကလန်၏အဖွဲ့ဝင်များသည်
သတိထားသည့်အသွင်နှင့် သတ်လတ်ပိုင်းလူကြီးကို ကြည့် နေရင်း နောက်သို့ ဆုတ်သွားကြသည်။ထာရှန်၏မျက်လုံး က အေးစက်လာကာ သူက ရှေ့သို့ တက်၍ အေသည်။ "မင်းက ဘယ်သူလဲ..."
အပြာရောင်ဝတ်စုံနှင့် သတ်လတ်ပိုင်းလူကြီး၏ အကြည့် က ထာရှန်ထံကနေ တစ်ဆင့် ကျန်သည့် ကလန်အဖွဲ့ဝင် များထံသို့ သိမ်းကြုံး ရောက်ရှိသွားသည်။နောက်ဆုံးတွင် သူ့အကြည့်က ဝမ်လင်းထံသို့ ကျရောက်သွားကာ အလေး အနက် ဖြစ်လာခဲ့သည်။
"မင်းက ဒီနေရာက မဟုတ်ဘူး။ မင်း ဘယ်က ရောက်လာခဲ့တာလဲ..."
ဝမ်လင်း၏အသွင်ကလည်း အေးစက်နေသည်။သူက ထို လူ၏ကျင့်ကြံမှုအဆင့်ကို တစ်ချက်မျှ ကြည့်ရုံနှင့် သိလိုက် ပြီး ဖြစ်သည်။ထို သက်လတ်ပိုင်းလူသည် အထည်ဒြပ်ယန် အဆင့် အထွတ်အထိပ်နှင့် ညီမျှကာ သူ့ထက်အနည်းငယ် ပို မြင့်လေသည်။
သည်အခိုက်အတန့်မှာပင် ထာရှန်က မျက်မှောင်ကြုတ် သွားကာ သူ့ညာလက်သီးဖြင့် ရှေ့သို့ ကြမ်းတမ်းစွာ ထိုးချ လိုက်သည်။သူ့ခန္ဓာကိုယ်ပေါ်ရှိ တက်တူးများက လက်သီးတွင် စုဝေးသွားကာ သက်လတ်ပိုင်းလူထံသို့ လက်သီးချက်တစ်ချက် တိုးဝင်လာလေသည်။ ညာ
ထာရှန်က အော်ဟစ်လိုက်ပြန်၏။ "မင်းက ဘယ်သူလဲ..
"ဦးညွတ်စမ်း..." သက်လတ်ပိုင်းလူကြီး၏မျက်လုံးထဲ၌ အထင်သေးမှုတို့ ရှိနေသည်။သူက ထာရှန်ကို ပုရွတ်ဆိတ်တစ်ကောင်ကဲ့သို့ ကြည့်နေသည်။သူ့ညာလက်ကို ပင့် မြှောက်ကာ လက်ညှိုးညွှန်လိုက်၏။သူ့လက်ညွှန်မှုနှင့်အတူ လှိုင်းတွန့်တစ်ခု ပေါ်လာခဲ့ကာ စတင် ပြန်နှံ့လာလေသည်။
ထာရှန်က နီးကပ်လာသည်နှင့် သူ့အသွင်က ချက်ခြင်းဖြူ ရောကာသွားသည်။သူက သူ့ခန္ဓာကိုယ်ထဲ၌ စွမ်းအားတစ်ခု က သူ့ကို အနားသို့သွားပြီး မတိုက်ခိုက်နိုင်အောင် တားဆီး ထားသည်ဟု ရှင်းလင်းစွာ ခံစားလိုက်ရသည်။
ထိုစွမ်းအားသည် အလွန်အားကောင်းလှ၏။သူက သတ် လတ်ပိုင်းလူနှင့် ပေနှစ်ရာသို့ ရောက်လာသည့်အခါတွင် ရှေ့သို့ ဆက်မတိုးနိုင်တော့ချေ။သူ့မျက်နှာပေါ်၌လည်း နာကျင်နေဟန် ဖြစ်ပေါ်၍ သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် လည်း ချွေးသီးချွေးပေါက်များ ကျကာ တုန်ယင်ကာ နေသည်။
သူက သူ့အား တားဆီးထားသည့်စွမ်းအားသည် သူ့ ကိုယ်ပိုင် တက်တူးအမှတ်အသားများကနေ ထွက်ပေါ်လာ ခြင်း ဖြစ်သည်ကိုလည်း ရှင်းလင်းစွာ ခံစားမိသည်။
သူက မည်မျှ သန်မာလာပါစေ ထိုသက်လတ်ပိုင်းလူကို မတိုက်ခိုက်ဝံ့တော့ချေ။
အခြားတစ်ဖက်မှလူက သူ့ကို ဖျက်စီးပစ်ရန် အတွေး တစ်ချက်မျှသာ လိုသကဲ့သို့ ဖြစ်နေသည်။
ထာရှန်က ယခုလိုခံစားမှုမျိုးကို သူ့ဘဝတွင် တစ်ကြိမ် တစ်ခါမျှ မခံစားမိခဲ့ဖူးပေ။
သူက ထိုစွမ်းအားကို လုံးဝ မခုခံနိုင်ပေ။ထာရှန်၏ ခန္ဓာကိုယ်က တုန်ယင်နေသည်။ သက်လတ်ပိုင်းလူကြီး၏ အကြည့်က သူ့အပေါ်သို့ ကျရောက်လာသည့်အခါ သူက ချက်ခြင်းပင် ဒူးညွတ်ကာ ထိုလူ့အား ဦးညွတ်ချင်စိတ် တားဆီးမရအောင် ဖြစ်လာရသည်။သို့ရာတွင် သူ့ကိုယ်ပိုင် သိက္ခာကြောင့် ထာရှန်က အံတင်းတင်းကြိတ်ကာ သူ့စိတ် ဝိညာဉ်ထဲမှ လာသည့် ထိုဦးညွတ်ချင်သည့်စိတ်ကို တားဆီး ထားလေ၏။
သူ့မျက်လုံးများကလည်း ချင်းချင်းနီရဲလို့လာသည်။သူ့ ခန္ဓာကိုယ်ပေါ်၌လည်း ချွေးများအစား သွေးများစီးကျလို့ လာသည်။
ရုန်းကန်နေရင်းဖြင့် ထာရှန်က ခြေလှမ်းပင့်မြှောက်ကာ နောက်တစ်လှမ်း လှမ်း၏။
သူက ခြေထောက်မြှောက်ကာ ပြန်မချနိုင်ခင်မှာပင် ထာ ရှန်၏အမြင်သည် အမှောင်အတိ ဖြစ်သွားကာ သွေးများစွာ အန်ထုတ်လိုက်ရသည်။သူ့ခန္ဓာကိုယ်ကလည်း ထိုစွမ်းအား ကို ဆက်၍ မခုခံနိုင်တော့ချေ။မမြင်ရသော လက်တစ်ဖက် က သူ့ကို ဒူးထောက်ချအောင် ပြုလုပ်နေသကဲ့သို့ ဖြစ် နေ၏။
သွေးမျက်ရည်နှစ်ခု သူ့မျက်လုံးထောင့်ကနေ စီးကျလို့ လာသည်။သူ့မျက်လုံးထဲ၌လည်း ဝမ်းနည်းမှုနှင့် အညံ့မခံ လိုမှုတို့ ရောနှောနေသည်။သို့သော် သူ့ခန္ဓာကိုယ်ကဆက်၍ တောင့်မခံနိုင်တော့ချေ။သူ့အတွက် ဒူးထောက်ချရုံ သာ တက်နိုင်တော့၏။
သက်လတ်ပိုင်းလူကြီးက နှာခေါင်းရှုံ့ကာ ဆိုသည်။ "မင်း လို နိမ့်ကျတဲ့ကလန်ရဲ့ လူက ကျွန်အမှတ်အသားကို ခုခံဝံ့ တယ်ပေါ့။ငါက မင်းကို မသတ်ချင်လိုသာ မဟုတ်ရင် မင်း က ဒီကောင်းကင်ဘုံသားရဲ့ အတွေးတစ်ချက်နဲ့တင် သေနေ ခဲ့ပြီ...။ခု ထွက်သွားစမ်း..."
ထာရှန်၏ခန္ဓာကိုယ်သည် ချက်ခြင်းပင် မမြင်ရသော လက်သီးနှင့် ထိုးနှက်ခြင်း ခံလိုက်ရသကဲ့သို့ နောက်သို့ ပြန် လွင့်စင်ထွက်သွားသည်။သူက ပေတစ်ထောင်ကျော် လောက်ထိ လွင့်စင်သွားခြင်းပင်။
ထာရှန်က ကြိုးစားရုန်းကန်ကာ ပြန်ထလာ၏။သူ့ မျက်လုံးထဲ၌လည်း အညံ့မခံမှုတို့ ပြည့်နှက်နေကာ ရူးသွယ် သောအကြည့်နှင့် လှမ်းအော်ပြန်သည်။ "သင် ဘယ်သူလဲ..
သည်အခိုက်အတန့်၌ ထာရှန်သာမ ကျန်သည့် ရွေးချယ် ခံမသေမျိုးကလန်ဝင်များသည် လေအေးတစ်ချက် ရှိုက် သွင်းမိလိုက်ကြသည်။ ဖြစ်ပျက်နေသည်က ထူးဆန်းလွန်း လှသဖြင့် သူတို့က ၎င်းအခြင်းအရာကို လက်မခံနိုင် ဖြစ် နေသည်။
ဘိုးဘေးသည် ထိုသက်လတ်ပိုင်းလူကို ကြည့်နေရင်း သူ့ မျက်နှာက ဖြူရောနေသည်။သူက တစ်စုံတစ်ခုကို ပြန်အမှတ်ရမိသွားကာ သူ့ခန္ဓာကိုယ်က စတင်တုန်ယင်လာ ခဲ့၏။
အပြာရောင်ဝတ်စုံနှင့်လူ၏ အေးစက်စက်အကြည့်ထဲ၌ မောက်မာမှုတို့ ပြည့်နေကာ သူက တည်ငြိမ်စွာ ဆိုသည်။ "ကောင်းကင်ဘုံသား...မင်းတို့က ဘာကြောင့် ခုထိ ဒူးမ ထောက်သေးတာလဲ..."
ရွေးချယ်ခံမသေမျိုးကလန်၏ ဘိုးဘေးသည် မချင့်ပြုံး ပြုံးသည်။ အခုချိန်၌ သူက ထိုသက်လတ်ပိုင်း လူကြီး၏စကားများကို လုံးဝ သံသယမရှိတော့ပေ။သူက သူ့ရှေ့ရှိအစဉ်အဆက်ဘိုးဘေးများသည် ကောင်းကင်ဘုံ သားတစ်ယောက်နှင့် တွေ့ကြုံရချိန်၌ မည်မျှ စိတ်လှုပ်ရှား လေးစားရကြောင်း ဖော်ပြထားသည့် မှတ်တမ်းများကို ပြန် သတိရသွားသည်။
ထိုမှတ်တမ်းများထဲ၌ ဖော်ပြထားခဲ့သည်က "မင်းတို့ဟာ ကောင်းကင်ဘုံသားတစ်ယောက်ကိုတွေ့တာနဲ့ သိလာလိမ့် မယ်" ဟူ၍ပင်။ ထိုစကားသည် ရွေးချယ်ခံကလန်၏ဘိုး ဘေးများ ချန်ထားခဲ့သည့် စကားပင်။
ယခုလက်ရှိ ကလန်၏ဘိုးဘေးဖြစ်သူ အဘိုးအိုသည် ထို စကားကို အစက နားမလည်ခဲ့ချေ။သို့ရာတွင် သူက ကောင်းကင်ဘုံသားကို တွေ့မြင်ရချိန်၌ ရုတ်တရက် နားလည်သွားတော့၏။
"ငါ စိတ်မလှုပ်ရှားမိဘဲ မနေနိုင်ဘူး။ ငါ မလေးစားမိဘဲမနေနိုင်
ဖြစ်ရတယ်..." အဘိုးအိုသည် ကြောက်လန့်တကြားပြုံးကာ မြေပြင်ပေါ်သို့ ဒူးထောက် ချ၍ ခပ်တိုးတိုး ရေရွတ်လိုက်လေသည်။ "ဒီနိမ့်ကျတဲ့လူက အထက်ကောင်းကင်ဘုံသားကို နှုတ်ဆက်ပါတယ်..."
သူတစ်ယောက်တည်း ထိုသို့ ဒူးထောက်ချလိုက်ခြင်း နှလုံးသားလည်း မဟုတ်ပေ။အခြားကလန်ဝင်များ၏ တုန်ယင်နေကာ အညံ့ခံလိုသည့်စိတ် အလိုလို ဖြစ်ပေါ် နေသည်။
အခြားရွေးချယ်ခံမသေမျိုးကလန်၏ အဖွဲ့ဝင် တစ် ယောက်ပြီးတစ်ယောက်သည် ဒူးထောက်ချကာ ခေါင်းငုံ့ ထားလိုက်ကြသည်။
ခဏကြာပြီးနောက် ဒူးမထောက်သူဟူ၍ ဝမ်လင်းနှင့် ထာရှန်တို့ နှစ်ယောက်သာ ကျန်ရှိတော့သည်။
ထာရှန်က တစ်ကြိမ်ဒူးထောက်မိခဲ့ပြီး ဖြစ်သည်။ သည် တစ်ကြိမ်၌ သူ့ခန္ဓာကိုယ်က သွေးမည်မျှကြာပါစေ၊မမြင်ရ သောဖိအားက မည်မျှ ကျရောက်ပါစေ သူက ဒူးမထောက် မိရန် အားတင်းထားသည်။
ပေါက်ကွဲသံများသည် ထာရှန်ထံကနေ ထွက်ပေါ်ကာ နေသည်။သူ့ခန္ဓာကိုယ်မှ သွေးများသည်လည်း နေရာတိုင်း တွင် ဖြစ်၏။သူက ဝမ်လင်းနှင့်တိုက်ပွဲကတည်းက ဒဏ်ရာ ရထားခဲ့ပြီး ဖြစ်သည်။ထို့ကြောင့် ခုချိန်၌ သူ့ခန္ဓာကိုယ်သည် ဆက်၍ တောင့်မခံနိုင်တော့ချေ။သူ့မျက်လုံးက မှိန်ဖျော့လာ၏။သို့သော် သူ့အကြည့်ထဲ၌ အညံ့မခံ၊ဒူးမထောက်မှုတို့ ရှိနေသည်။
ဝမ်လင်းသည် မည်သို့ဖြစ်ပျက်နေသည်ကို တွေ့မြင်သည့် အခါ မျက်မှောင်ကြုတ်သွား၏။သူက သည်အကြောင်းနှင့် ပတ်သတ်၍ တော်တော်များများကို သိရှိနိုင်စွမ်း ရှိနေသည်။
"ရွေးချယ်ခံမသေမျိုးကလန်…ဒါမှမဟုတ် စွန့်ပစ်ခံမ သေမျိုးကလန် ဘယ်လိုပဲ ခေါ်ခေါ် ဒီကလန်က ကောင်းကင်ဘုံသားတွေအတွက် ကျေးကျွန်တွေ ဖြစ်တယ် ဆိုတာ သိသာထင်ရှားနေတယ်။ ဒီကျေးကျွန်အမှတ်အသား က ကောင်းကင်ဘုံသားတွေအတွက် မျိုးဆက်အားလုံးကို ကျေးကျွန်ဖြစ်စေတာပဲ..."
"ဒီကျေးကျွန်အမှတ်အသားက လီယွမ်ရဲ့ မိသားစုလို မျိုးပဲ ဒီကလန်ပေါ်မှာ အမွေအနှစ်တစ်ခုလို ချမှတ်ထားခဲ့ တာ..." လီယွမ်နှင့်ပတ်သတ်၍ ကိစ္စကိုသာ မသိခဲ့လျှင် ဝမ် ငလ်းသည် ယခုအဖြစ်အပျက်ကို အလုံးစုံ သိမြင်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။
သည်အခိုက်အတန့်၌ သူက အရာအားလုံးကို ရှင်းရှင်းလင်းလင်း နားလည်နေပေသည်။
“ဒီကျွန်အမှတ်အသားက ရွေးချယ်ခံမသေမျိုးကလန် အဖွဲ့ဝင်တွေရဲ့ တက်တူးအမှတ်အသားတွေနဲ့ ပေါင်းစပ်ထား တာပဲ။ဒီကျွန်အမှတ်အသားက အတော်လေးကို လွှမ်းမိုးနိုင်စွမ်း ရှိလှပြီး လီယွမ်ရဲ့မိသားစုအပေါ်မှာ သုံးခဲ့တဲ့ဟာထက် ပိုမိုပြီး အားကောင်းလွန်းလှတယ်။တကယ်တော့ လီယွမ်ရဲ့ မိသားစုအပေါ်မှာ အသုံးပြုခဲ့တဲ့ ကျွန်အမှတ်အသားက ကောင်းကင်ဘုံသားတစ်ယောက်အပေါ်မှာပဲ ရှိခဲ့တာ..."
"ဒါပေမဲ့လည်း ဒီကျေးကျွန်အမှတ်အသားကတော့ ကွာခြားလှတယ်။ဒီအမှတ်အသားက ရွေးချယ်ခံမသေမျိုး ကလန်ဝင်တွေကို ကောင်းကင်ဘုံသားအားလုံးအပေါ်မှာ ဒူးထောက်စေဖို့ လုပ်ဆောင်ခဲ့တာပဲ..."
ဝမ်လင်း၏မျက်လုံးက အလေးအနက်ဖြစ်လာခဲ့ကာ သူ့ စိတ်ထဲ၌လည်း မိုက်ရူးရဲသောအကြံဉာဏ်တစ်ခု ပေါ်လာခဲ့ လေသည်။
"လွန်ခဲ့တဲ့ မရေမတွက်နိုင်တဲ့နှစ်တွေတုန်းက ကောင်းကင်ဘုံနယ်မြေ မပျက်စီးခင်ချိန်က ကလန်တစ်ခု ရှိခဲ့လောက်တယ်။ ဒီကလန်က အလွန်အားကောင်းလှတယ်။ ဒီကလန်က ကောင်းကင်ဘုံနယ်မြေကိုတောင် ထိပ်တိုက် တွေ့ဆုံနိုင်လောက်အောင် သန်မာလွန်းနိုင်တယ်။ ဒါပေမဲ့ လည်း အဆုံးသတ်မှာ သူတို့ကလန်ဟာ ကောင်းကင်ဘုံ သားတွေရဲ့ ဖိနှိပ်ချခြင်းကို ခံလိုက်ရတယ်။ပိုပြီးဖြစ်နိုင်တာ က ကောင်းကင်ဘုံနယ်မြေလေးခုလုံးက အတူပူးပေါင်းပြီး အလွန့်အလွန်အားကောင်းတဲ့ မန္တာန်တစ်ခုကို ဖန်တီး၊ ဒီ ကလန်ရဲ့ အနာဂတ်မျိုးဆက်တွေကို ကောင်းကင်ဘုံသား တွေအတွက် ကျေးကျွန်ဖြစ်အောင် ဇာတ်သွင်းခဲ့တာ ဖြစ်ရမယ်..
ဝမ်လင်းသည် တုန်ယင်ကာ ဒူးထောက်နေကြသော ရွေးချယ်ခံမသေမျိုးကလန်အဖွဲ့ဝင်များကို သက်ပြင်းချမိသည်။ ကြည့်၍
အပြာရောင်ဝတ်စုံနှင့်လူ၏ အကြည့်သည် ထာရှန်ပေါ်သို့ ကျရောက်သွားသည်။ထို့နောက် သူက မျက်မှောင်ကြုတ် ကာ သူ့ညာလက်ကို ပင့်မြှောက်ပြီး ထာရှန်ထံသို့ ညွှန် သည်။ ထာရှန်၏ခန္ဓာကိုယ်ထဲကနေ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့ကာ သူ့ဒွာရပေါက်များထဲကနေ သွေးမြောက်များစွာ ပန်းထွက်လို့လာသည်။ သူ့တစ်ကိုယ် လုံးက သွေးချင်းချင်းနီ နေသည်။
"ဒူးထောက် ဦးညွတ်စမ်း..." အပြာရောင်ဝတ်စုံနှင့် လူ၏အသံသည် အေးစက်ကာ နေသည်။
ထာရှန်၏ မျက်လုံးထဲကနေ သွေးများစိမ့်ထွက်နေသည်။ သို့သော် သူက အညံ့မခံ၊ဦးမညွတ်သည့် အကြည့်တို့ ရှိလို့ နေဆဲ။ သို့ရာတွင် သူ့ကိုယ်ပေါ်ရှိ ကျွန်အမှတ်အသားက သူ ခုခံနိုင်သည့် တစ်စုံတစ်ရာ မဟုတ်ပေ။ မရေမတွက်နိုင် သော တောင်များက သူ့ကိုယ်ပေါ်သို့ ဆက်တိုက်ဖိနှိပ်လာ သလို ဖြစ်ကာ သူ့ဒူးနှစ်ဖက်သည် ညွတ်ကျ၍ မြေပေါ်သို့ ဒူး ထောက်ကျရသည်။
သည်အခိုက်အတန့်၌ ပတ်ဝန်းကျင်တစ်ခုလုံးသည် လုံးဝ တိတ်ဆိတ်နေသည်။ အဝေးတွင် ရှိနေသော ရှုလီကောက တစ်ခုခုမှားနေပြီဟု သဘောပေါက်သွား၏။
ခြင်သားရဲကလည်း လေထဲ၌ လှည်ပတ် ပျံသန်းနေရင်း သက်လတ်ပိုင်းလူကို ကြည့်နေ၏။မိုးကြိုးဖားပြုတ်သည် အကွာအဝေးတစ်ခုကနေ အေးစက်စက် ကြည့်နေရင်း ၎င်း၏ ဝမ်းဗိုက်သည် ဖောင်းကြွနေ၏။
အပြာရောင်ဝတ်စုံနှင့်လူက ဝမ်လင်းကို စူးစိုက်ကြည့် နေ၏။ သို့သော် သူက အလျင်စလို မလှုပ်ရှားပေ။သူက ဝမ် လင်း၏ ကျင့်ကြံမှုအဆင့်ကို ဖြတ်မြင်နိုင်ခဲ့ပြီး ဖြစ်ကာ ဝမ် လင်းနောက်မှ လိပ်ပြာက သူ့ကို အားကောင်းသည့် အန္တရာယ်အငွေ့အသက်ကိုလည်း ပေးစွမ်းနေသည်။
"ဒီလူက နိမ့်ကျတဲ့ကလန်က လူမဟုတ်ဘူး။ သူက ဒီကို ဘယ်လိုမျိုး ဝင်ရောက်လာတာလဲ။သူ့အော်ရာအရ သူက ကောင်းကင်ဘုံသားတစ်ယောက်လည်း သူက ဘယ်သူလဲ..." မဟုတ်ဘူး...။
အပြာရောင်ဝတ်စုံနှင့်လူ၏ မျက်လုံးက တလက်လက် ဖြစ်နေကာ သူက ဝမ်လင်းကို ရန်မစသေးပေ။ထိုအစး သူက သူ့အောက်ရှိ ပလ္လင်ပေါ်သို့ ဘယ်လက်ဖြင့် ဖိချပြီး ပလ္လင်တံခါးပေါက်ကို ဖွင့်လှစ်စေသည်။
သည်အခိုက်အတန့်၌ ဂိတ်ပေါက်ပွင့်သွားသည်နှင့်
အနက်ရောင်အခိုးငွေ့အမျှင်တန်းများသည် ထိုးထွက်လာ ကာ မြူသားရဲများအဖြစ်သို့ ပြောင်းလဲသွားချေသည်။ သည့်နောက် မီးပြင်းဖိုထဲမှ အမျိုးသမီးကလည်း လှမ်းထွက် လာခဲ့သည်။သို့သော် သူမက ဂိတ်တံခါးပေါက်ကနေ လှမ်းထွက်လာခြင်း မရှိဘဲ ဝမ်လင်းကိုသာ အေးစက်စွာ စူးစိုက် ကြည့်နေ၏။
မြူသားရဲ ပေါ်လာသည်နှင့် ရွေးချယ်ခံမသေမျိုးကလန် အဖွဲ့ဝင်များ၏ အသွင်သည် ပြောင်းလဲသွားကြ၏။ သို့ရာတွင် သူတို့ကိုယ်ပေါ်ရှိ ကျွန်အမှတ်အသားက သူတို့ကို မတ်တပ်ထမရပ်နိုင်အောင် ပြုလုပ်ထားသည်။သူတို့က ခုခံ နိုင်စွမ်းမဲ့သည့် အနေထားတွင် ရှိနေ၏။
မြူသားရဲများသည် ပုံပန်းသဏ္ဌာန်အစုံ ရှိကာ ၎င်းတို့၏ မျက်လုံးများ မြန်ဆန်စွာ ပွင့်ဟ လာကြ၏။ ၎င်းတို့၏ အေးစက်စက်အကြည့်များသည် တောက်ပနေကာ အပြာ ရောင်ဝတ်စုံနှင့်လူသည် မြေပြင်တစ်နေရာသို့ လက် ညွှန်ပြသည်။
သည်မြူသားရဲများသည် အလျင်အမြန်ပင် မြေကြီးထဲက နေ ထိုးထွက်လာနေကြ၏။
သည်မြင်ကွင်းက ဝမ်လင်း၏မျက်လုံးသူငယ်အိမ်ကို ကျုံ့ သွားစေသည်။
"ဒီနယ်မြေရဲ့ နိမ့်ကျတဲ့အစေခံတစ်ယောက်က ဘာလုပ် နေတာလဲ..."
မြူသားရဲများထဲမှ တစ်ကောင်သည် လက်သည်းငါးခုနှင့် ငှက်တစ်ကောင် ဖြစ်ကာ ၎င်းသားရဲသည် ရွေးချယ်ခံမသေ မျိုးကလန်၏ အဖွဲ့ဝင်တစ်ယောက်ထံသို့ တဟုန်ထိုး တိုးဝင် လာသည်။၎င်းက ထိုကလန်အဖွဲ့ဝင်ကို လေထဲသို့ ဆွဲသုတ် ကာ စူးရှစွာ အော်၍ ကလန်အဖွဲ့ဝင်၏ ခန္ဓာကိုယ်အား ထိုး ဖောက်ပစ်သည်။ထိုကလန်အဖွဲ့ဝင်၏ ခန္ဓာကိုယ်သည် သွေး မြူများ ပေါက်ကွဲထွက်ကုန်ကာ ယင်းမြူသားရဲ၏ စုပ်ယူ ခြင်းကို ခံလိုက်ရတော့၏။
သေသာ သေသွားရသော်လည်း ထိုကလန်အဖွဲ့ဝင်သည် တစ်စက်မှ မခုခံနိုင်လိုက်ချေ။
အခြားတစ်ဖက်တွင်လည်း ကျန်သည့် မြူသားရဲများက မသေမျိုးကလန်၏ အဖွဲ့ဝင်များနားသို့ ကပ်သွားကာ တစ် ယောက်ပြီးတစ်ယောက်ကို ဝါးမြိုလေသည်။သည်ဧရိယာ က ချက်ခြင်းပင် သွေးနံများနှင့် လွှမ်းခြုံသွားတော့သည်။ သည်နေရာသည် ဝမ်းနည်းမှုနှင့် အကူအညီမဲ့မှုတို့နှင့်သာ ပြည့်နေတော့၏။
ကလန်အဖွဲ့ဝင်တိုင်းသည် မခုခံနိုင်ဘဲ သေဆုံးနေရသည်။သူတို့၏မျက်လုံးထဲရှိ ဝမ်းနည်းမှုသည် အလွန် ပြင်းထန်နေသည်။ သူတို့က သေဆုံးသွားရသည့် အခိုက်အတန့်တွင် စိတ်ထဲတွင် အသိတစ်ချို့ ဝင်လာခဲ့ တော့သည်။
"ဖြစ်နိုင်တာက ဒီလိုအဖြစ်ဟာ ငါတို့ကလန်ရဲ့ လုပ်ဆောင်ပေးရမဲ့ အရာလား..."
ထာရှန်က မြေပြင်ထက်၌ သူ့ပျက်စီးထိခိုက်နေသော ဒူး နှစ်ဖက်ကို ထောက်ထားလျက် ရှိနေခဲ့သည်။သူက အတင်း ခေါင်းမော့၍ သေဆုံးနေရသည့် သူ့ကလန်ဝင်များကို ကြည့် လေသည်။သူ့မျက်နှာပေါ်ရှိ သွေးကြောများက ဖောင်းကြွ တက်နေကာ သူက ကျွန်အမှတ်အသားကို အားတင်းခုခံနေ ရသည်။
အပြာရောင်ဝတ်စုံနှင့်လူက ထိုအရာများအားလုံးကို အေးတိအေးစက် ကြည့်နေသည်။သူ့အသွင်က တည်ငြိမ် လျက် ရှိနေ၏။
ရွေးချယ်ခံမသေမျိုးကလန်၏ ခန္ဓာကိုယ်သည် တုန်ယင် လို့နေသည်။သူ့နောက်ကျောဘက်ရှိ လူငယ်က မြူသားရဲ ကြောင့် လေထဲသို့ လွင့်စင်ထွက်ကာ ဝါးမြိုခြင်း ခံလိုက်ရ လေသည်။
အဘိုးအိုသည် အလိုလို ခေါင်းမော့ကြည့်လိုက်ရာ သူ့ မျက်နှာပေါ၌ ပူနွေးသောသွေးစက်တစ်စက် လိမ့်ဆင်းကျ လာလေ၏။
သူက ခပ်တိုးတိုး ရေရွတ်နေမိသည်။ "ဘာကြောင့်လဲ... ဘာကြောင့်လဲ..."
သည်အခိုက်အတန့်တွင် မြူသားရဲတစ်ကောင်သည် တ ဟုန်ထိုး တိုးဝင်လာကာ အဘိုးအိုကို လေထဲသို့ ဆွဲချီ၏။ အ ဘိုးအို၏ မျက်လုံးထဲ၌ ဝမ်းနည်းမှုတို့နှင့် ပြည့်နှက်နေကာ သူက အပြာရောင်ဝတ်စုံနှင့်လူကို ကြည့်ကာ အော်ပြော လိုက်သည်။ "ဘာကြောင့်လဲ..."
အဘိုးအိုက အော်ပြောလိုက်သည့်အခါ၌ အသတ်မခံရ သေးသော် ကလန်ဝင်များသည် သူတို့၏ ခေါင်းကို ကြိုးစား၍ မော့လိုက်ကြသည်။သူတို့၏အကြည့်ကလည်း အပြာရောင်ဝတ်စုံနှင့်လူထံသို့ ကျရောက်လာသည်။သူ တို့၏အကြည့်ထဲ၌ အဆုံးမရှိသောဝမ်းနည်းမှုနှင့် ဒေါသတို့ ပြည့်နှက်လာခဲ့သည်။
"မင်းတို့ရဲ့ တာဝန်က မြူသားရဲတွေအတွက် အစာဖြစ်ဖို့ ပဲ။ ဒီအတွက် ဘာအကြောင်းပြချက်မှ မရှိဘူး။ငါက မင်းတို့ အားလုံးကို သေဖို့ ခွင့်ပြုမှာ မဟုတ်ဘူး။ဘာကြောင့်လဲဆို တော့ ငါက မင်းတို့ကို နောက်မျိုးဆက်တွေ ပြန့်ပွားစေဖို့ အတွက် လိုအပ်နေသေးလို့ပဲ..." အပြာရောင်ဝတ်စုံနှင့် လူ၏အသံက အလွန်ပင် တည်ငြိမ်နေသည်။
သည်အခိုက်အတန့်တွင် မြူသားရဲများထဲမှ တစ်ကောင် သည် အကွာအဝေးတစ်ခုထံသို့ တဟုန်ထိုး ပျံသန်းသွား၏။ ၎င်း၏ ပစ်မှတ်က အဆောက်အဦများထဲတွင် ပုန်းကွယ်နေကြသော ကလေးများထံသို့ ဖြစ်လေသည်။
အပြာရောင်ဝတ်စုံနှင့်လူက
အနည်းငယ်
မျက်မှောင်ကြုတ်သွားသည်။သို့သော် သူက ၎င်းသားရဲတို့ ကို မတားပေ။
အဘိုးအိုသည် မြူသားရဲတစ်ကောင်သူ့ထံသို့ တဟုန်ထိုး သူက တိုးဝင်လာသည့်အခါ ကြောက်မက်ဖွယ်ပြုံး၍ ပျက်စီးလုနီးပါး ဖြစ်သွားသည်။သည်အခိုက်အတန့်၌ ဝမ် လင်းသည် သက်ပြင်းချကာ လေဟာနယ်ထဲသို့ လက်ညွှန် သည်။မြူသားရဲသည် အဘိုးအိုကို ရုတ်တရက် ဝါးမြိုပစ် လာ၏။အဘိုးအိုသည် အဆောက်အဦနားသို့ နီးကပ်သွား နေသည် မြူသားရဲကိုသာ ကြည့်နေသည်။သူက ကလေး ငယ်များ၏ ထိတ်လန့်တကြား အော်သံများကိုပါ ကြားနေရ သည်။
ရွေးချယ်ခံမသေမျိုးကလန်အဖွဲ့ဝင်များသည် ရုန်းကန်၍ ထလာကြသည်။အော်ဩစ်သံများကလည်း သူတို့၏ ပါးစပ် ထဲကနေ ရူးသွပ်ဖွယ် ထွက်ပေါ်လာကြသည်။
ထာရှန်၏ ဒူးနှစ်ဖက်သည် စုတ်ပြတ်သတ်နေ သော်လည်း သူ့မျက်လုံးများက နီရဲလို့နေကာ ကြိုးစား ရုန်းကန်၍ ထနေသည်။သူ့အရိုးများက နောက်တစ်ဖန် အက်ကွဲကြေကုန်ကာ သူက အနိုင်နိုင်ရပ်နိုင်လာခဲ့သည်။
“ကောင်းကင်ဘုံသား...ကောင်းကင်ဘုံသား...သင်က ငါ တို့ကလန်ကို ဘယ်လို ထင်နေလဲ...။ငါ့ကလန်က အံ့ဖွယ်ယင်မီးပြင်းဖိုက နှစ်ပေါင်းမရေမတွက်နိုင်လောက်အောင် စောင့်ကြပ်ခဲ့တယ်။ဒါပေမဲ့လည်း ငါတို့က ဒီအတွက် ဘာ များ ရခဲ့လဲ။ ဒီမြူသားရဲတွေကလည်း ငါတို့ကလန်ရဲ့ မရေမ တွက်နိုင်တဲ့ ကလန်သားတွေကို သတ်ပစ်ခဲ့ကြတယ်..."
"ခုတော့ ငါသိလိုက်ပြီ...။ငါတို့ကလန်ရဲ့ တာဝန်က ဒီမြူ သားရဲတွေအတွက် အစာ ဖြစ်တယ်ဆိုတာကို..."
"ဒီလို ဖြစ်လာမှတော့ ငါက ခုခံရလိမ့်မယ်။ငါ့ခန္ဓာကိုယ် က အပိုင်းပိုင်း ဖြစ်သွားရင်တောင် ငါက ဦးညွတ်မှာ မဟုတ်ဘူး..." ထာရှန်၏ မာန်ပါသောအသံက သူ့ လည်ချောင်းထဲကနေ ထွက်ပေါ်လို့လာသည်။
သူသာမက ရွေးချယ်ခံမသေမျိုးကလန်၏ အဖွဲ့ဝင် အားလုံးသည်လည်း အော်ဟစ်လာကြသည်။သူတို့မျက်ခုံး နှစ်ခုကြားရှိ သစ်ရွက်များသည်လည်း တလက်လက် ဖြစ်လာခဲ့ကာ သူတို့အားလုံးက ကုန်းရုန်း ထလာကြသည်။
အပြာရောင်ဝတ်စုံနှင့်လူ၏အသွင်သည် အေးဆဲနေကာ သူက အထင်သေးဟန်နှင့် ပြောလိုက်သည်။ "အတိတ်တုန်း က မင်းတို့ကလန်ဟာ ရှုံးနိမ့်ခဲ့ပြီး ကျေးကျွန်တွေဖြစ်လာခဲ့ ကြတယ်။ ဒါကပဲ မင်းတို့ရဲ့ ဘဝ ဖြစ်တယ်။မင်းတို့က ဒါကို မပြောင်းလဲနိုင်ဘူး..."
သူက ထိုသို့ ပြောနေရင်းဖြင့် သူ့ညာလက်ကို ပင့်မြှောက် ကာ အောက်သို့ ဖိချလိုက်ရာ ပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပေါ်သွားသည်။သွေးများက ရွေးချယ်ခံမသေမျိုးကလန်ဝင်များ၏ ခန္ဓာကိုယ်ကနေ ပန်းထွက်ကုန်ကာ သူတို့သည် ရုန်းထနေရာကနေ ရပ်တန့်သွားရ၏။
ထာရှန်၏အသံတစ်သံသာ ဟိန်းထွက်လာခဲ့သည်။သူက ထိုးထွက်လာသည့်အခိုက်တွင် သူ့ခန္ဓာကိုယ်ထဲကနေ ပေါက်ကွဲသံများ ထွက်လာကာ သူ့အရိုးများသည် ကွဲကြေ ကုန်ကြ၏။သို့သော် သူက ရှေ့သို့ အတင်း ထွက်လာ နိုင်သည်။
အပြာရောင်ဝတ်စုံနှင့်လူ၏ မျက်လုံးသည် တလက်လက် ဖြစ်နေသည်။သူက ရှေ့သို့ လက်ညွှန်၏။ ဝမ်လင်းသည် သက်ပြင်းချသည်။မူလတုန်းက သူသည် ကြားမဝင်လိုခဲ့ ပေ။သည်အပြာရောင်ဝတ်စုံနှင့်လူ၏ ဇာစ်မြစ်သည် အတော်လေးဆန်းကြယ်နေသည်။သူက အမှန်တကယ်ပင် ကောင်းကင်ဘုံသားတစ်ယောက် ဖြစ်လို့နေ၏။
သို့သော်လည်း သူက သက်ပြင်းချလိုက်ရင်း သူ့ပါးစပ်ကို ဖွင့်ဟလိုက်ရာ အစိတ်အပိုင်းမြေတံဆိပ်တုံးသည် ပျံသန်း ထွက်လာခဲ့၏။၎င်းပေါ်လာသည်နှင့် ထာရှန်နှင့်အပြာရောင် ဝတ်စုံနှင့်လူတို့၏ ကြားသို့ ပျံသန်းလို့သွားသည်။
အပြာရောင်ဝတ်စုံနှင့်လူ၏ မျက်လုံးက တလက်လက် ဖြစ်လာကာ သူ့အကြည့်သည် အေးစက်သွားသည်။သူ့ညာ လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေလိုက်ရာ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်နှင့် ပြည့်ဝနေသည့် စာလုံးတစ်လုံးသည် ဝမ်လင်းရှိရာသို့ တန်းမတ်စွာ တိုးဝင်သွားသည်။
"မင်း ဝင်မရှုပ်သင့်ဘူးလို့ ငါထင်တယ်..." သက်လတ် ပိုင်းလူက မျက်မှောင်ကြုတ်ကာ မှော်စာလုံးကို ပစ် လွှတ်လိုက်ပြီးနောက် ဝမ်လင်းထံသို့ တရကြမ်း တိုးဝင်လာ ခဲ့သည်။
ဝမ်လင်းက သူ့ညာလက်ဖြင့် အစိတ်အပိုင်းမြေကို ညွှန် ကာ လှည်ပတ်စေပြီး ထိုအပြာရောင်ဝတ်စုံနှင့်လူကို ရိုက်ချ စေသည်။တစ်ချိန်တည်းမှာပင် ဝမ်လင်းသည် ထာရှန်ဘေး နားသို့ ရောက်ရှိသွားသည်။သူက ထာရှန်ကို ဘယ်လက် ဖြင့် ထိကာ ထာရှန်၏ခန္ဓာကိုယ်ထဲသို့ မူလစွမ်းအင်အချို့ ပို့ လွှတ်ပေးလိုက်သည်။
ထာရှန်၏ခန္ဓာကိုယ်က အဆောက်အဦများထံသို့ တိုးဝင် လာနေသည့် မြူသားရဲထံသို့ ဦးတည် ရောက်ရှိသွားသည်။
ထိုသို့ ပြုလုပ်ပြီးသည့်နောက် ဝမ်လင်းသည် လှည့်၍ သူ့ လက်နှစ်ဖက်ကို ဓားတစ်လက်အသွင် ပြောင်း၍ ချက်ခြင်း ခုတ်ပိုင်းချသည်။တိုးဝင်လာနေသော စာလုံးသည် ချက် ခြင်း ပျက်စီး ပျောက်ကွယ်သွားသည်။
သည်အခိုက်အတန့်တွင် အစိတ်အပိုင်းမြေသည် ကျဆင်း လာကာ အပြာရောင်ဝတ်စုံနှင့်လူ၏ မျက်လုံးသည် အေး စက်လို့လာသည်။သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ် စေပြီး သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ် စွမ်းအင်များသည် မြင့်တက်လာခဲ့ကာ သူ့လက်ထဲ၌ လှံတစ်ခု ပေါ်လာခဲ့သည်။
ထိုလှံက အဖြူရောင် ဖြစ်ကာ ပေါများလှသည့် ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်ကို ပေးစွမ်းနေသည်။ သူက ရယ်မောကာ ယင်းလှံဖြင့် တိုးဝင်လာသည့် အစိတ်အပိုင်းတံဆိပ်တုံးကို တိုက်ခိုက်လိုက်သည်။
ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုနှင့်အတူ အပြာ ရောင်ဝတ်စုံနှင့်လူသည် နောက်သို့ လွင့်စင်သွား၏။ သူ့ မျက်လုံးက အလေးအနက် ဖြစ်လာခဲ့သည်။အစိတ်အပိုင်း မြေသည်လည်း နောက်သို့ ဆယ့်နှစ်ပေခန့် ပြန်ကန်ထွက် သွားရသည်။
သက်လတ်ပိုင်းလူကြီးက နောက်ဆုတ်နေရင်း အော် ပြောလိုက်သည်။ "အဆင့်နိမ့်ကျွန်တွေ...ငါနဲ့အတူ တိုက်ခိုက်ကြ..."
သူ့အသံက ရုန်းကန်နေရသည့် ရွေးချယ်ခံမသေမျိုး ကလန်အဖွဲ့ဝင်များ၏ နားထဲသို့ တိုးဝင်လာသည့်အခါ ထို အသံသည် အမိန့်ဖြစ်လာခဲ့ကာ သူတို့သည် ခုခံနိုင်စွမ်း မဲ့ရ သည်။သူတို့၏ မျက်လုံးထဲ၌ ဝမ်းနည်းမှုနှင့် ရုန်းကန်နေမှု တို့ ရှိနေ၏။သို့သော် သူတို့၏ခန္ဓာကိုယ်ကတော့ ဝမ်လင်း ထံသို့ ဦးတည်တိုးဝင်လာကြတော့သည်။
ဝမ်လင်း၏မျက်လုံးက တလက်လက် ဖြစ်နေကာ သူက နောက်သို့ ဆုတ်၏။ နတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထားက နေ ဖြစ်ပေါ်လာသည့် လိပ်ပြာသည်လည်း သူ့နောက်ကနေလိုက်ပါလာခဲ့သည်။၎င်းလိပ်ပြာက ဝမ်လင်း၏အရိပ်တစ်ခု ကဲ့သို့ ဝမ်လင်းနှင့်အတူ နောက်လိုက်ဆုတ်ခြင်းပင်။
ဝမ်လင်းတွင် အတွေးတစ်ခု ရှိနေ၏။သူက တတိယ မြောက်နတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထား၏ စွမ်းအားနှင့် ပတ်သတ်၍ ရှင်းရှင်းလင်းလင်း မသိသေးပေ။သူ့မျက်လုံး က လက်ခနဲ ဖြစ်သွားကာ သူ့ညာလက်ဖြင့် ချိပ်တံဆိပ်တစ် ခုကို ဖြစ်ပေါ်စေပြီး လိပ်ပြာ၏ကိုယ်ထည်ပေါ်သို့ ဖိချသည်။
ဝမ်လင်း၏ မျက်လုံးထဲ၌လည်း သတ်ဖြတ်ခြင်းစိတ်ဆန္ဒ တို့ ပေါ်လာခဲ့ကာ သူက အပြာရောင်ဝတ်စုံနှင့်လူထံသို့ လက်ညွှန်လိုက်သည်။
လိပ်ပြာသည် ရွှေ့လျားခြင်း မပြုဘဲ ၎င်း၏ အတောင်ပံ ကိုသာ ညင်သာစွာ တဖျပ်ဖျပ် ခတ်နေခဲ့သည်။သို့သော် သည်တစ်ကြိမ်၌ ၎င်း၏ အတောင်ပံခတ်နှုန်းက အနည်းငယ် ပိုမြန်သည်။၎င်း၏ အတောင်ပံနှစ်ဖက်ကနေ ငါးရောင်စုံအမှုန့်တို့ ကျဆင်းလာခဲ့ကာ သည်ဧရိယာတွင် ဖြည်းဖြည်းချင်း ပြည့်လို့လာခဲ့သည်။
အပြာရောင်ဝတ်စုံနှင့်လူသည် ချက်ခြင်း တန့်သွား၏။သူ့ မျက်လုံးထဲ၌လည်း သတိထားမှုတို့နှင့် ပြည့်နှက်နေသည်။ သူက ထိုလိပ်ပြာကို အစောပိုင်းကတည်းက သတိပြုမိခဲ့ပြီး ဖြစ်ကာ ယင်းလိပ်ပြာက သူ့ကို ခြောက်လန့်စေသော ခံစားမှုကို ပေးစွမ်းနေသည်။မဟုတ်လျှင် သူက ခုချိန်ထိစောင့်မနေဘဲ အစောကတည်းက ဝမ်လင်းကို တိုက်ခိုက်ပြီးဖြစ်သည်။
ရွေးချယ်ခံမသေမျိုးကလန်အဖွဲ့ဝင်များသည် ထိန်းချုပ်မှု လွတ်ကင်း၍ လေထဲသို့ ပျံတက်ကာ ဝမ်လင်းထံသို့ ဦးတည် လာကြသည်။သူတို့မျက်လုံးထဲရှိ ရုန်းကန်နေမှုကလည်း ပို၍ အားကောင်းလို့လာသည်။သို့သော် သူတို့သည် ကျွန် အမှတ်အသား၏စွမ်းအားကို မခုခံနိုင်ပေ။
ဝမ်လင်း၏မျက်လုံးက လိပ်ပြာကို စူးစိုက်ကြည့်နေရင်း တောက်ပနေသည်။သူက တတိယမြောက်စစ်နတ်ဘုရား၏ ပိုင်ဆိုင်ထားသည့် စွမ်းအားကို သိချင်နေမိသည်။ဝမ် လင်း၏ ဘေးတွင် ရှိနေသည့် လိပ်ပြာက ရှေ့သို့ ပျံသန်း ထွက်သွားသည်။၎င်း၏ တောင်ပံခတ်မှုက ခဏတာ တုံ့ ဆိုင်းသွား၏။ သို့သော် ထို့နောက်တွင် ညင်သာစွာ တ ဖျပ်ဖျပ် ပြန်ခတ်လို့လာသည်။
ထိုတောင်ပံခတ်မှုသည် မည်သည့်အဖျက်အစီးမှ မပါပေ။ သို့သော် အကွာအဝေးတစ်ခု ရှိ အပြာရောင်ဝတ်စုံနှင့်လူ၏ မျက်နှာသည် ချက်ခြင်း ဖြူရောကာ သွားသည်။ သူ့ ပတ်လည်တွင်လည်း မည်သည့်လေပြင်းမှ တိုက်ခတ်မနေ ဘဲ လေပြေတစ်ခု တိုက်ခတ်လာသကဲ့သို့ သူ့ဆံပင်များက နောက်သို့ ဝဲလွင့်ကုန်သည်။
သူ့ခန္ဓာကိုယ်ထံကနေ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လို့ လာကာ သူ့ကို နောက်သို့ လွင့်စင်ထွက်သွားစေပြီး သွေး အပြည့် အန်ထုတ်သွားစေသည်။ထိုသွေးမြူများက လိပ်ပြာတစ်ကောင်အဖြစ်သို့ ပေါ်လာသည်နှင့် ၎င်း၏တောင်ပံကို ခတ်ထုတ်လေသည်။ သိပ်သည်းသွားသည်။ထိုလိပ်ပြာက
အပြာရောင်ဝတ်စုံနှင့်လူ၏ ရင်ဘက်ကနေ ပေါက်ကွဲသံ တစ်ခု ထွက်ပေါ်လာကာ သွေးများ ပန်းထွက်လာသည်။ သွေးများသည် နောက်ထပ် လိပ်ပြာတစ်ကောင်သို့ ပြောင်း သွားကာ ၎င်း၏ တောင်ပံကို ခတ်ထုတ်ပြန်သည်။
ပေါက်ကွဲသံများ ပဲ့တင်ထပ်နေရင်း အပြာရောင်ဝတ်စုံ နှင့်လူသည် ချက်ခြင်း နောက်သို့ ဆက်တိုက် လွင့်စင် နေသည်။ထိုသို့ တစ်ကြိမ်လွင့်စင်တိုင်း သူက သွေးများစွာ အန်ထုတ်ရကာ ယင်းသွေးတို့က လိပ်ပြာတစ်ကောင်အဖြစ် သို့ ပြောင်းလဲကာ သွားသည်။လိပ်ပြာအတောင်ပံတစ်ချက် ခတ်တိုင်းတွင်လည်း သူ့ကို အံ့မခန်း ထိခိုက်စေနေ၏။
သူ့မျက်လုံးထဲ၌လည်း ကြောက်ရွှံ့မှု အရိပ်အမြွက်ပင် ထွက်ပေါ်လာခဲ့တော့သည်။သူက မည်သို့မျှ မခုခံနိုင် ဖြစ်နေ ရ၏။
လိပ်ပြာတစ်ကောင် ပေါ်ပေါ်လာသည်နှင့် အပြာရောင် ဝတ်စုံနှင့်လူသည် နောက်သို့ လွင့်လွင့်ထွက်နေသည်။ထို ဖြစ်စဉ်က ပေတစ်သောင်းကျော်အထိ ဆက်လက် ဖြစ်သွား နေသည်။သူ့မျက်လုံးထဲရှိအကန့်အသတ်သို့ ရောက်ရှိလာခဲ့သည်။ ကြောက်ရွှံ့မှုကလည်း
အပြာရောင်ဝတ်စုံနှင့်လူက ရုန်းကန်နေရင်း တရှူးရှူး ဆိုလိုက်သည်။ "မိုးကြိုး...ပေါက်ကွဲလိုက်စမ်း..." သူ့ခန္ဓာကိုယ်ကနေ တုန်ခါသံတစ်ခု ထွက်ပေါ်လာရင်း သူ့ညာ လက်သည် ပျက်စီးသွားပြီး အဖျက်အစီးအားတစ်ခု ထုတ် လွှတ်လို့လာသည်။
ထိုပေါက်ကဲမှုအားကို ငှားယမ်း၍ သူက သူ့ခန္ဓာကိုယ်ကို ယာယီပြန်ထိန်းချုပ်နိုင်စွမ်း ရှိသွားသည်။သို့သော် သူ့ မျက်နှာကတော့ လုံးဝ ဖြူ ရောနေသည်။သူက အလွန် ကြောက်လန့်နေမိ၏။
"ဒါက ဘာမန္တာန်လဲ။ ဘယ်လို ရတနာမျိုးလဲ.." သူက အခုလို ထူးဆန်းသောရတနာတစ်ခုကို သူ့ဘဝတွင် လုံးဝ မ တွေ့မြင်ခဲ့ဖူးပေ။လိပ်ပြာ၏ အတောင်ပံ ရိုက်ခတ်ချက်တစ် ခုက သူ့ကို ပျက်စီးလုနီးပါး ဖြစ်သွားစေခဲ့ပေ၏။
သည်အခိုက်အတန့်၌ သူက လွတ်မြောက်နိုင်ရန် ပလ္လင်ရှိရာသို့ ဦးတည်ပျံသန်းသွားတော့သည်။
ဝမ်လင်း၏မျက်လုံးက ကျဉ်းမြောင်းနေသည်။သူက လေအေးတစ်ချက်ကို ရှိုက်သွင်းလိုက်သည်။သူက နတ် ဘုရားသတ်ဖြတ်ခြင်းစစ်ရထားနှင့် ထူးဆန်းသော ချိတ်ဆက်မှုတစ်ခု ရှိနေသည်။သူက ထိုစစ်ရထားသည် ၎င်း၏စွမ်းအား အထွတ်အထိပ်ကို အခုထိ အသုံးမပြုရ သေးဟု ခံစားနေမိသည်။
သည်အခိုက်အတန့်တွင် ဝမ်လင်းဘေးနားရှိ လိပ်ပြာ သည် ၎င်း၏ အတောင်ပံကို ညင်သာစွာ ခတ်လိုက် ပြန်သည်။
သက်လတ်ပိုင်းလူကြီးသည် အလျင်အမြန် ထွက်ပြေးနေ ရင်း ပလ္လင်နားရှိ ဝင်ပေါက်တံခါးနားသို့ ဝင်ရောက်ဟန် ပြင်သည်။သည်အခိုက်အတန့်မှာပင် သူ့ခန္ဓာကိုယ်က တုန်ယင်သွားကာ သူ့မျက်လုံးထဲ၌လည်း မယုံကြည်နိုင် ဟန် ဖြစ်နေသည်။သူ့ခန္ဓာကိုယ်က ခြေထောက်ကနေ စ၍ ပျောက်ကွယ်လာခဲ့ကာ ချက်ခြင်းလိုလိုပင် သူ့ခန္ဓာကိုယ် တစ်ခုလုံးသည် ပျောက်ကွယ်သွားလေတော့၏။
အပြာရောင်ဝတ်စုံနှင့်လူက သေဆုံးသွားခဲ့ချေပြီ။
ငှက်မွှေးသားရဲခန္ဓာကိုယ်၏ တစ်နေရာရာတွင် အဆုံးမဲ့ သော အနက်ရောင်လေဟာနယ် တစ်ခု ရှိကာ ၎င်း လေဟာနယ်ထဲ၌ လူတစ်ယောက်သည် ထိုင်လျက်ရှိနေသည်။သူ့ထံကနေ အနက်ရောင်မြူများကို ပေးစွမ်း နေ၏။ထူးဆန်းသည်က ၎င်းအနက်ရောင်မြူများအတွင်း၌ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်တို့ ရှိနေခြင်းပင်။
သည်အခိုက်အတန့်တွင် သူက ရုတ်တရက် မျက်လုံးဖွင့် လာကာ ရှေ့တည့်တည့်သို့ ကြည့်လိုက်သည်။သူ့မျက်လုံး ထဲ၌ တုန်လှုပ်မှုတို့ ဖြစ်ပေါ်သွားသည်။
"ငါ့ကိုယ်ပွားကိုတောင် အလွယ်တကူ ဖျက်စီးပစ်လိုက် နိုင်တယ်...ဒါက ဘယ်လို ရတနာမျိုးလဲ..."
အပြာရောင်ဝတ်စုံနှင့်လူက သေဆုံးသွားခဲ့ကာ ပလ္လင်ဝင်ပေါက် သည်လည်း ပြန်ပိတ်ဆို့သွားသည်။ဝမ်လင်း၏အသွင်က တည်ငြိမ်နေသော်လည်း သူ့ဘေးရှိ အတောင်ပံခတ်နေသည့် ငါးရောင်စုံလိပ်ပြာကို ကြည့်ကာ စိတ်ထဲ၌ ရှုံ့တွနေမိ၏။ အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်းက ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေကာ ထိုလိပ်ပြာထံသို့ ဖိနှိပ်လိုက်သည်။
လိပ်ပြာ၏အတောင်ပံခတ်မှုသည် ရပ်တန့်သွားကာ ငါးရောင်စုံ အလင်းများ အဖြစ်သို့ ပြောင်းလဲ၍ ပြန့်ကျဲလွင့်ပါးသွားသည်။ ခဏကြာပြီးနောက် ၎င်းက နတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထား အဖြစ်သို့ ပြန်ပြောင်းလဲသွားသည်။
ဝမ်လင်းက ခုမှ စိတ်ထဲကနေ သက်သာရာ ရသွားတော့သည်။ သူ့နှဖူးထက်၌ ချွေးများစီးကျနေ၏။ထိုသို့ ချွေးပြန်စေသည့် ခံစားချက်မျိုးသည် သူ့ထံ၌ ဖြစ်တောင့်ဖြစ်ခဲပင်။သို့ရာတွင် အထည်ဒြပ်ယန်အထွတ်အထိပ်အဆင့်ရှိသည် ကျင့်ကြံသူတစ် ယောက်၏ ခန္ဓာကိုယ်နှင့်မူလစိတ်ဝိညာည်တို့သည် လိပ်ပြာ အတောင်ပံခတ်ရုံမျှဖြင့် လုံးဝ ပျောက်ကွယ်သွားစေခြင်းက သူ့ ကို ကြီးစွာ တုန်လှုပ်စေခဲ့သည့် မဟုတ်လား။
“ဒီနတ်ဘုရားသတ်ဖြတ်ခြင်း စစ်ရထားရယ် ခြောက်သွေ့တာအို တစ်စုံအရိုး နဲ့ ဆိုရင် ငါက နိဗ္ဗာနကြိုမြင်ခြင်းအဆင့် ကျင့်ကြံသူ တွေကိုတောင် ယှဉ်တိုက်နိုင်ပြီ.. ဝမ်လင်းက သူ့ပတ်လည်ကို ကြည့်လိုက်ရင်း သူ့မျက်လုံးက တောက်ပသွားသည်။ရွေးချယ်ခံ မသေမျိုးကလန်ဝင်များသည် သက်လတ်ပိုင်းလူကြီး သေဆုံးပြီး နောက် ပုံမှန်အတိုင်း ပြန်ဖြစ်သွားကြ၏။ သူတို့၏ မျက်လုံး ထဲ၌လည်း ဝမ်းနည်းမှုတို့ ရှိနေဆဲ ဖြစ်ကာ မြေပြင်ကို ကြည့်ကာ တိတ်ဆိတ်စွာ စဉ်းစားနေကြသည်။
အကွာအဝေးတစ်ခုတွင် ထာရှန်သည် ဒဏ်ရာများနှင့် ရှိနေသည်။သူ့လက်ထဲ၌လည်း ကြီးမားသည်ကရားအိုးတစ်ခုကို ကိုင်ဆောင်ထားလျက် ရှိသည်။သူက ကလေးငယ်များထံသို့ ဦးတည်သွားသည် မြူသားရဲကို ဖမ်းမိနိုင်ခဲ့၏။သို့ရာတွင် သူ သည်လည်း ဒဏ်ရာပြင်းထန်နေကာ သူ ပြန်ရောက်လာပြီး နောက် မေ့မြောသွားတော့သည်။
အချိန်က ဆယ်ရက်တာ ကုန်ဆုံးလို့ သွားခဲ့သည်။ဆယ်ရက်တာ အတွင်း ဝမ်လင်းသည် ရွေးချယ်ခံမသေမျိုးကလန်ဝင်များနှင့် အတူ နေထိုင်ခဲ့၏။ဘိုးဘေးသည် သူနေဖို့အတွက် တိတ်ဆိတ် ငြိမ်သက်သည့် နေရာတစ်ခု ပြင်ဆင်ပေးခဲ့သည်။
ဆယ်ရက်တာအတွင်း ဝမ်လင်းက အချိန်ဖြုန်းခဲ့ခြင်း မရှိပေ။ သူက အဘိုးအိုနှင် အသေးစိတ်သေချာ ပြောဆိုပြီးသည့်နောက် အရင်တုန်းက သူ့ခန့်မှန်းချက်များက (၈၀) ရာခိုင်နှုန်းလောက် တိကျသေချာလာတော့သည်။
သို့ရာတွင် သည်ကိစ္စက သူနှင့် မပတ်သတ်ပေ။ဝမ်လင်းသည် သည်နေရာကနေ ထွက်ခွာသွားနိုင်ရန်သာ အာရုံစိုက်ထား၏။
ဝမ်လင်းက ကောင်းကင်၏အနားသပ်ကို တွေ့မြင်ခဲ့ပြီး ဖြစ်သည်။ ၎င်းအနားသတ်က ထာရှန် ပြောခဲ့သလိုပင် အဆုံးမဲ့ သည့် အသွေးအသားနံရံတစ်ခု ဖြစ်နေ၏။ သို့ရာတွင် အပြာ ရောင်အလင်းတန်းတစ်ခုသည် ၎င်းအသွေးအသားနံရံကို ထွင်း ဖောက်ကာ အစစ်အမှန်ကမ္ဘာတစ်ခုအလား ဆင်တူအောင် ပြုလုပ်ထားသည်။
ထိုကောင်းကင်အပြင် ဝမ်လင်းသည် သည်ကုန်းမြေတစ်ခုလုံးကို သေချာရှာဖွေလေ့လာခဲ့ပြီး ဖြစ်၏။သို့သော် သူက မည်သည့် ထွက်ပေါက်ကိုမျှ မတွေ့ခဲ့ချေ။ထို့အတွက်ကြောင့် ဝမ်လင်းသည် ပလ္လင်ထဲရှိ အံ့ဖွယ်ယင်မီးပြင်းဖိုထဲရှိ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်သည် ထွက်လမ်းတစ်ခု ဖြစ်ကြောင်း ယုံကြည်လို့ နေသည်။
“အံ့ဖွယ်ယင်မီးပြင်းဖိုရဲ့ စိတ်ဝိညာဉ်ကို လစ်လျူရှုထားနိုင် ရင်တောင် အပြာရောင်ဝတ်စုံနဲ့လူ ရှိသေးတယ်။ဒါတွေအားလုံး ကြောင့် ဒီနေရာတစ်ခုလုံးဟာ အလွန်ထူးဆန်းနေတယ်။ အပြာ ရောင်ဝတ်စုံနဲ့လူ ပြောခဲ့တာကတော့ သူဟာ ကောင်းကင်ဘုံ သားတစ်ယောက် ဖြစ်တယ် ဆိုပဲ။သူအသုံးပြုခဲ့တဲ့ စွမ်းအားက လည်း ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်နဲ့ ဆင်တူလှတယ်။ ဒါပေမဲ့လည်း သူ့စွမ်းအားထဲမှ မူလစွမ်းအင်အော်ရာလည်း ပါဝင် နေပြန်တယ်...
“ဒါက အတိတ်တုန်းက မိုးကြိုးကောင်းကင်ဘုံနယ်မြေမှာတုန်းက ကောင်းကင်ဘုံအရှင်ချင်းရွှေနဲ့ အတော်လေး ဆင်တူနေတယ်။ဒါ့ အပြင် ရွေးချယ်ခံမသေမျိုးကလန်တင်တွေရဲ့ တုန့်ပြန်မှုကိုပါ ထည့်တွက်ရင် ဒီအပြာရောင်ဝတ်စုံနဲ့လူက အစစ်အမှန် ကောင်းကင်ဘုံသားတစ်ယောက် ဖြစ်လိမ့်မယ်...
ဝမ်လင်းက စဉ်းစားနေရင်း သူ့အခန်းထဲကနေ လှမ်းထွက်လာပြီး ပျောက်ကွယ်သွာသည်။ထို့နော်က သူက ယခုကုန်းမြေ၏ အရှေ့ ဘက်ခြမ်းရှိ လွင်ပြင်တစ်ခုတွင် ပြန်ပေါ်လာခဲ့သည်။
သူက ပြန်ပေါ်လာသည်နှင့် မြူထူးသည့် အသံတစ်ခုပါ ထွက် ပေါ်လာခဲ့သည်။ခြင်သားရဲသည် ကောင်းကင်ထက်သို့ ပျံသန်း တက်သွားရင်း အနည်းငယ် လှည့်ပတ်ပြီးနောက် ဝမ်လင်းရှိရာသို့ ပျံသန်းလာသည်။
မိုးကြိုးဖားပြုတ်၏ ခန္ဓာကိုယ်သည်လည်း အကွာအဝေးတစ်ခုရှိမြက်ခင်းများကြားတွင် လှဲလျောင်းနေရင်း တောင်ငယ်တစ်ခုနှင့် ပင် ဆင်တူနေသေးသည်။၎င်းက မျက်လုံးဖွင့်ကာ ဝမ်လင်းကို ကြည့်ပြီးနောက် ပြန်မှိတ်သွား၏။
ရှုလီကောကတော့ အရိပ်ပင်မတွေ့ရတော့ပေ။သူက ပျော်ပါးရ မည့်နေရာသို့ ထွက်သွားနေလောက်လေပြီ။
ခြင်သားရဲ အနားသို့ ရောက်လာသည့်အခါ ဝမ်လင်းသည် ပြုံး၍ ၎င်း၏ ဦးခေါင်းကို ပွတ်သပ်လိုက်၏။ခြင်သားရဲသည် ကျေနပ် သည့်အသွင် ဖြစ်ပေါ်နေကာ ၎င်းသည် နောက်တစ်ဖန် လေထဲသို့ ပျံဝဲတက်သွားပြန်သည်။
ဝမ်လင်းကလည်း မြက်ခင်းအတိုင်း ရှေ့သို့ ခုန်တက်လိုက်၏။ ခဏအကြာတွင် သူက ပေတစ်ထောင်ခန့် ကျယ်သော မြေလွတ် ဧရိယာတစ်ခုသို့ ရောက်ရှိလာ၏။ထိုနေရာရှိ မြက်များက ပြောင် သလင်းခါနေကာ လျှိုစောက်များ ရှိနေသည်။ ထိုလျှိုစောက် များသည် တစ်ခုနှင့်တစ်ခု ယှက်လိမ်နွယ်နေကာ အစီအရင်တစ် ခုကဲ့သို့ ရှုပ်ထွေးသောပုံရိပ်တစ်ခု ဖြစ်နေသည်။
ဝမ်လင်းက မြေပြင်ပေါ်ရှိ ထိုလျှိုစောက်များကို ကြည့်ပြင်မ ကြည့်ဘဲ အထဲသို့ ခြေချလိုက်၏။သူက အစီအရင်၏ အလယ် တွင် ထိုင်ချသည်။
ဝမ်လင်းက မိုးကြိုးဖားပြုတ်နှင့်ခြင်းသားရဲတို့ကို အပြင်သို့ ဆင့်ခေါ်ထုတ်ပြီးကတည်းက သူက ၎င်းတို့ကို သိုလှောင်အိတ်ထဲ သို့ ပြန်မထည့်ဘဲ လွတ်လပ်စွာ သွားလာစေထားသည်။ရှုလီ ကောကိုတော့ ဝမ်လင်းသည် ဂရုစိုက်ဖို့ သိပ်စိတ်မပါပေ။
သည်နေရာက ဝမ်လင်း ကျင့်ကြံဖို့အတွက် ရှာတွေ့ခဲ့သည့် နေရာ တစ်ခု ဖြစ်လေ၏။မြက်ပင်များကို ဖယ်ရှားပြီးသည့်နောက် သူက သည်နေရာတွင် အစီအရင်တစ်ခု ချမှတ်ထားခဲ့သည်။ခြင် သားရဲနှင့်မိုးကြိုးဖားပြုတ်တို့၏ စောင့်ကြပ်မှုကြောင့် သည် နေရာက ပို၍ လုံခြုံနေသည်။
ဝမ်လင်းက ထိုင်နေရင်း သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ် ပေါ်စေပြီး အစီအရင်ပေါ်သို့ ဖိချသည်။အလင်းတစ်ခု ဖျပ်ခနဲ လင်းလက်သွား၏။ထို့နောက် အရာအားလုံး ပျောက်ကွယ်သွား ကာ ယခုနေရာကို မြက်ရိုင်းကွင်းပြင်တစ်ခုက အစားထိုးသွား လေ၏။
သင်က အကွာအဝေးတစ်ခုမှ ကြည့်သည်ဖြစ်စေ၊အနီးကပ် ကြည့်သည် ဖြစ်စေ သည်နေရာကို အစစ်လား၊အတလား သိမြင် နိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။သင်က သည်နေရာသို့ ခြေချလာ ရင်ပင် အရာအားလုံးက ပုံမှန်အတိုင်းသာ ရှိနေလိမ့်မည်။
ထိုအစီအရင်ကို အသက်သွင်းပြီးသည့်နောက် သူ့မျက်လုံးက တ လက်လက် ဖြစ်နေ၏။ မိုးကြိုးကောင်းကင်ဘုံနယ်မြေသို့ သွား သည့် ခရီးစဉ်အတွင်း သူက အန္တရာယ်များကို ရင်ဆိုင်နေရင်းက နေ အရာတော်တော်များများကို အရယူနိုင်ခဲ့၏။သို့ရာတွင် သူက မိုးကြိုးကောင်းကင်ဘုံနယ်မြေကနေ ပြန်ထွက်ခွာလာ ကတည်းက မည်သည့်အရာကိုမျှ သန့်စင်မွန်းမံဖို့ အချိန်မရခဲ့ 60
မူလတုန်းက မိုးကြိုးကောင်းကင်ဘုံနယ်မြေကနေ ထွက်လာပြီး ပါက ဝမ်လင်းသည် ချင်လင်းဂြိုဟ်ထံသို့ သွားကာ ရတနာများ အား သန့်စင်မည်ဟု စီစဉ်ထားခဲ့၏။သို့သော် သူက ယခုရောက် နေသောနေရာသို့ ပို့ဆောင်ခံလိုက်ရမည်ဟု မမျှော်လင့်ထားမိချေ။
ဝမ်လင်းက စဉ်းစားနေရင်း သူက သိုလှောင်အိတ်ကို ထိလိုက်ရာ သားရေချပ်ဝတ်တစ်ခု ပေါ်လာခဲ့၏။ထိုချပ်ဝတ်ကို ပြုလုပ်ရာ၌ အသုံးပြုထားသည့် သားရေသည် အလွန်ကြမ်းတမ်းကာ ၎င်း အပေါ်၌လည်း စာလုံးအချို့ ရှိနေ၏။ထိုသားရေချပ်ဝတ်ကို ကိုင် ဆောင်ထားရင်း ဝမ်လင်းသည် ဘယ်လက်ဖြင့် ၎င်းကို ပွတ် ကြည့်လိုက်သည်။
“ရှေးဟောင်းနတ်ဘုရား သားရေချပ်ဝတ်..” ဝမ်လင်းကို ၎င်းချပ် ဝတ်ကို စူးစိုက်ကြည့်နေပြီးနောက် လေထဲသို့ ပစ်လွှတ်လိုက် လေ၏။ထို့နောက် သူက ပါးစပ်အပြည့် မူလစွမ်းအင်အဆီအနှစ် ကို ထွေးထုတ်လိုက်လေသည်။
အဖြူရောင်မီးတောက်တစ်ခု ရုတ်တရက် ပေါ်လာကာ ထိုချပ် ဝတ်ကို ဝန်းရံသွားသည်။ယင်းသားရေချပ်ဝတ်သည် ထို မီးတောက်အတွင်း၌ မည်သည့်မျှ ပြောင်းလဲမသွားချေ။ဝမ်လင်း သည် ပိုမိုများပြားသော မူလစွမ်းအင်အဆီအနှစ်ကို ဆက်၍ ထွေးထုတ်၏။
ထိုချပ်ဝတ်၏ အရင်ပိုင်ရှင်သည် အရှင်အပူအပင်မဲ့ ဖြစ်လေ၏။ သူက သေဆုံးသွားခဲ့ပြီး ဖြစ်သော်လည်း သူ့ကျင့်ကြံမှုအဆင့်က အလွန်သန်မာအားကောင်းလှသည်။ခုချိန်ထိပင် ချပ်ဝတ်ပေါ်၌ ပျက်စီးနေသည့် နတ်ဘုရားအာရုံအရိပ်အမြွက်တစ်ခု ရှိလို့နေဆဲ ဖြစ်၏။
“နောက်ထပ်နှစ်ပေါင်း တစ်သောင်းလောက် ကုန်ဆုံးသွားခဲ့ရင် တော့ ဒီချပ်ဝတ်ပေါ်မှာ ရှိတဲ့ ပျက်စီးထိခိုက်ထားတဲ့ နတ်ဘုရား အာရုံက သူ့ဟာသူ နိုးထလာနိုင်မှာ ငါ စိုးရွှံမိတယ်။ဒါက ရှေးဟောင်းနတ်ဘုရားသားရေချပ်ဝတ်ရဲ့ စိတ်ဝိညာဉ်အသစ် တောင် ဖြစ်လာနိုင်တယ်..
ဝမ်လင်း၏ကျင့်ကြံမှုအဆင့်သည် အချို့ကိစ္စများ၏ ပင်မ အကြောင်းအရာကို ဖြတ်မြင်နိုင်စွမ်း ရှိသည့်အဆင့်သို့ ရောက် နေခဲ့ပြီ ဖြစ်၏။ရတနာများအားလုံး၏ စိတ်ဝိညာဉ်များက အခု လိုပုံစံမျိုးဖြင့် ဖြစ်လာခြင်း မဟုတ်သော်လည်း အများစုသည် ထိုသို့ နိုးထသည့်နည်းနှင့် ဖြစ်တည်လာခဲ့ကြခြင်းပင်။
ရှေးဟောင်းနတ်ဘုရားသားရေချပ်ဝတ်ကို မူလစွမ်းအင် အဆီအနှစ်က ဝန်းရံထားရင်း အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံး နေသည်။ထိုဖြစ်စဉ်က အလွန်နှေးကွေးလှပေ။တကယ်တော့ အ ရင်ပိုင်ရှင်သည် အလွန်အမင်းစွမ်းအား ကောင်းလှသူ ဖြစ်ကာ ယခုလက်ရှိ ဝမ်လင်းထက် အဆများစွာ ပိုသန်မာသည် မဟုတ် လား။
ချပ်ဝတ်ပေါ်ရှိ ထိုသူ၏ နတ်ဘုရားအာရုံက ပျက်စီးသွားခဲ့ပြီ ဖြစ် သော်လည်း လျှော့တွက်၍ မရပေ။ပို၍ အရေးကြီးသည်က ၎င်း သည် နှစ်ပေါင်းမရေမတွက်နိုင်အောင် ဆင့်ကဲပြောင်းလဲကာ ရတနာစိတ်ဝိညာဉ်အဖြစ်သို့ စတင် ဖွံ့ဖြိုးလို့လာနေသည်။
"ဒီရတနာစိတ်ဝိညာဉ်က တန်ဖိုးရှိပေမဲ့လည်း ဒါကိုသာ မဖယ်ရှား နိုင်ရင် ဒီရှေးဟောင်းနတ်ဘုရား သားရေချပ်ဝတ်ကို ငါ ဘယ်တော့မှ ပိုင်ဆိုင်နိုင်မှာ မဟုတ်တော့ဘူး။အဲ့အစား ဒီချပ် ဝတ်ရဲ့ ရတနာစိတ်ဝိညာဉ်ကသာ ပိုင်ဆိုင်သွားလိမ့်မယ်။ ဒါ့ အပြင် ကောင်းကင်ဘုံသားတစ်ယောက်ရဲ့ နတ်ဘုရားအာရုံ အစိတ်အပိုင်းတစ်ခု ဆိုရင်တောင် ဒါက ရှေးဟောင်းနတ်ဘုရား
တွေနဲ့ ပဋိပက္ခ ဖြစ်နေဦးမှာ။ ဒီ ရှေးဟောင်းနတ်ဘုရားရဲ့ အရေပြားနဲ့ လုပ်ထားတဲ့ သားရေချပ်ဝတ်နဲ့ နတ်ဘုရားအာရုံတို့ က နှစ်ပေါင်းမရေမတွက်နိုင်အောင် အတူပေါင်းစပ်ထားတယ်ဆို ရင်တောင် ဒါက လုံလောက်မှု မရှိသေးဘူး”
ဝမ်လင်း၏မျက်လုံးက အေးစက်နေသည်။ထို့နောက် သူ့မျက်လုံး က တလက်လက် ဖြစ်လာ၏။ သူက ယင်းရတနာစိတ်ဝိညာဉ်ကို ဖယ်ရှားပစ်ရန် ဆုံးဖြတ်ချက် ချလိုက်လေ၏။
ရက်များစွာ ကုန်ဆုံးသွားခဲ့သည်။သည်နေ့တွင် ဝမ်လင်း၏ သန့်စင်ခြင်း ခံနေရသည့် ရှေးဟောင်းနတ်ဘုရားသားရေချပ်ဝတ် ကနေ အပြာရောင်မြူလွှာတစ်ခု ထွက်ပေါ်လာခဲ့သည်။
ထိုအပြာရောင်မြူလွှာနှင့် သားရေချပ်ဝတ်တို့နှစ်ခုကြားတွင် အမျှင်အတန်းများနှင့် ချိတ်ဆက်လို့ထား။ သည်အခိုက်အတန့်၌ ဝမ်လင်းသည် မျက်လုံးဖွင့်လာခဲ့သည်။သူက သူ့လက်ကို ပင့် မြှောက်ကာ ကြမ်းတမ်းစွာ ခုတ်ပိုင်းချသည်။
ကောင်းကင်ဘုံခုတ်ပိုင်းခြင်းဓားချက်များက ပျံသန်းထွက် လာ၏။ ထိုခုတ်ပိုင်းမှုသည် ဥပဒေသ မည်၏။ထိုခုတ်ပိုင်း ချက်သည် ရတနာစိတ်ဝိညာဉ်နှင့်ရှေးဟောင်းနတ်ဘုရားသားရေ ချပ်ဝတ်တို့ကြား နောက်ဆုံးဆက်နွှယ်မှုကို ခုတ်ပိုင်းချခြင်း ဖြစ်သည်။
အမျှင်တန်းများက အက်ကွဲပျက်စီးသွားကာ အပြာရောင်မြူတစ် ခုသည် ကောင်းကင်ထက်သို့ ပျံသန်းတက်သွားသည်။ဝမ်လင်း သည် စိတ်ဝိညာဉ်တစ်ကုဋေအလံကို ထုတ်ယူလိုက်ရာ ယင်း အလံသည် အနက်ရောင်မြူထုအဖြစ်သို့ ပြောင်းလဲ၍ အပြာ ရောင်မြူလွှာကို ဝါးမြိုလို့သွားသည်။
ရှေးဟောင်းနတ်ဘုရားသားရေချပ်ဝတ်သည် ဝမ်လင်းရှေ့၌ မြောလွင့်နေ၏။ဝမ်လင်း၏ မျက်လုံးက တလက်လက် ဖြစ် နေသည်။သူ့နတ်ဘုရားအာရုံကိုလည်း ဖြန့်ကျက်ထားကာ သားရေချပ်ဝတ်ထဲသို့ ဝင်ရောက်စေပြီး သူ့ကိုယ်ပိုင်
အမှတ်အသားကို ခပ်နှိပ်လိုက်၏။ ထိုခပ်နှိပ်မှုသည် အားကောင်း လွန်းကာ သားရေချပ်ဝတ်သည် ရှေးဟောင်းအော်ရာတစ်ခုကို ချက်ခြင်းပင် ပေးစွမ်းလို့လာသည်။
ထိုအော်ရာက ပတ်ဝန်းကျင်တစ်ခုလုံးကို ဝန်းရံလို့သွားသည်။ဝမ် လင်း ပတ်လည်၌လည်း ဝဲကတော့ တစ်ခု ဖြစ်လာခဲ့သည်။
ဝမ်လင်းသည် ဝဲကတော့ဗဟိုချက်တွင် ရှိနေ၏။သူက လှုပ်ရှား ခြင်း မရှိချေ။သူ့ အမှတ်အသားကို သားရေချပ်ဝတ်အပေါ်၌ ချန် ထားခဲ့သည့် အခိုက်တွင် ရင်းနှီးသောအော်ရာတစ်ခုသည် သူ့ ပတ်လည်တွင် ဝန်းရံလာခဲ့သည်။
သူနှင့် ရင်းနှီးသည့် ထိုအော်ရာသည် သားရေချပ်ဝတ်ထံကနေ ထွက်ပေါ်လာခြင်း ဖြစ်၏။ သားရေချပ်ဝတ်သည်လည်း သူ့လို ပင် တရင်းတနှီးခံစားမိလေသည်။
ထိုအရာက ချပ်ဝတ်နှင့်ဝမ်လင်းတို့ကြား အပြန်အလှန်ခံစားမိခြင်း ဖြစ်လေ၏။ရှေးဟောင်းနတ်ဘုရားချပ်ဝတ်သည် ဝမ်လင်း စေခိုင်းစရာ မလိုဘဲ သူ့ထံသို့ တန်းမတ်စွာ ပျံသန်းလာကာ သူ့ရင် ဘက်ထဲသို့ ဝင်ရောက်သွားသည်။ဝမ်လင်းသည် လုံးဝ မခုခံပေ။ သူက သားရေချပ်ဝတ်သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည့် အခါ၌ ရင်းနှီးသည့်ခံစားမှုတစ်ခု ရရှိလေ၏။
ရှေးဟောင်းနတ်ဘုရားချပ်ဝတ်သည် ဝမ်လင်း၏ခန္ဓာကိုယ်ထဲသို့ လုံးဝ ဝင်ရောက်သွား၏။ထို့နာက် သားရေချပ်ဝတ်သည် ၎င်း ကိုယ်တိုင် သူ့မူလစိတ်ဝိညာဉ် ပတ်လည်၌ လွှမ်းခြုံပေးသွား လေ၏။
ဝမ်လင်းက အသက်ဝဝရှုကာ သူ့မျက်ခုံးနှစ်ခုကြားသို့ လက်ညွှန် လိုက်၏။ဖျပ်ခနဲ သူ့မူလစိတ်ဝိညာဉ်သည် ပျံသန်းထွက်လာခဲ့ သည်။ရှေးဟောင်းနတ်ဘုရားချပ်ဝတ်သည် သူ့မူလစိတ် ဝိညာဉ်၏ ရှေးဟောင်းနဂါးပုံစံကိုပင် တွေ့မြင်နိုင်ဖို့ မဖြစ်နိုင်လု နီး ဖြစ်စေ၏။သို့သော် ဝမ်လင်းသည် သူ့မူလစိတ်ဝိညာဉ်၏ ခုခံ နိုင်စွမ်းသည် ကြောက်မက်ဖွယ်အဆင့်သို့ ရောက်ရှိသွားသည်ကို ရှင်းလင်းစွာ ခံစားမိသည်။
“ငါက ဒီချပ်ဝတ်ရဲ့ ခုခံနိုင်မှုကို တိတိကျကျ မစမ်းသပ်နိုင်တာ နှမြောစရာပဲ။ ဒါပေမဲ့လည်း ဒါက အားနည်းမှာ မဟုတ်တာ ကျိန်းသေတယ်..” ဝမ်လင်း၏မူလစိတ်ဝိညာဉ်သည် သူ့ ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်ရောက်လာ၏။
ချပ်ဝတ်ကို သန့်စင်ပြီးသည့်နောက် ဝမ်လင်းသည် ရပ်တန့်ခြင်း မရှိခဲ့ပေ။သူက ပါးစပ်ဟကာ ရွှေရောင်အလင်းတန်းတစ်ခုကို ထွေးထုတ်၏။ထိုအလင်းတန်းသည် လေထဲ၌ တလက်လက် ဖြစ် သွားကာ ရွှေရောင်သော့ခလောက်တစ်ခု အဖြစ်သို့ ပြောင်းလဲ သွားသည်။
ထိုသော့ခလောက်သည် ရွှေအတိပြီးကာ အလွန်တောက်ပ၏။ ဝမ်လင်းသည် သူက ယင်းသော့ခလောက်ကို မိုးကြိုး ကောင်းကင်ဘုံကျောင်းတော်၏ တမန်တော်များထဲမှ တစ် ယောက်ထံမှ ရရှိခဲ့ကြောင်းကို ပြန်အမှတ်ရသွား၏။
ထိုတမန်တော်၏ မူလစိတ်ဝိညာဉ်ပင် ဝမ်လင်း၏ စိတ်ဝိညာဉ် အလံထဲ၌ ရှိလို့နေသည်။
ထိုရွှေရောင်သော့ခလောက်ကို ကြည့်နေရင်း ဝမ်လင်း၏နတ် ဘုရားအာရုံသည် ၎င်းအား ဝန်းရံလာ၏။သူက ၎င်းကို သန့်စင် ပြီးသည့်နောက် မူလပိုင်ရှင်၏ အမှတ်အသားကို လွယ်ကူစွာ ဖယ်ရှားပစ်လိုက်သည်။
ထိုရွှေရောင်သော့ခလောက်သည် ချက်ခြင်း မှိန်ဖျော့သွားကာ ကောင်းကင်ထက်ကနေ ပြုတ်ကျလာခဲ့ပြီး ဝမ်လင်းက ဖမ်းယူ လိုက်လေ၏။
ဝမ်လင်း၏မျက်လုံးက တောက်ပနေ၏။သူက သူ့လက်ထဲရှိရွှေရောင်သော့ခလောက်ကို စူးစိုက်ကြည့်နေရင်း ခပ်တိုးတိုး ရေရွတ်သည်။ "ဒီပစ္စည်းက မဆိုးဘူး ဆိုပေမဲ့ ခြောက်သွေ့တာအို တစ်စုံနဲ့ ယှဉ်ရင် ဒါက အများကြီး လိုအပ်ချက် ရှိနေသေးတယ်။ ဒါပေမဲ့လည်း လူတစ်ယောက်ရဲ့ မန္တာန်ကို ချိပ်ပိတ်နိုင်တဲ့ မန္တာန် က အတော်လေး စိတ်ဝင်စားစရာပဲ..
ဝမ်လင်း၏ ညာဘက်လက်၌ မူလစွမ်းအင်တို့ ပြည့်နှက်လာကာ သူက ရွှေရောင်သော့ခလောက်ကို ကြမ်းတမ်းစွာ ချေမွလိုက်၏။
ရွှေရောင်သော့ခလောက်က ပျက်စီးသွားသည့်အခါ ရွှေရောင် အလင်းသည်လည်း လွင့်ပါးလို့ သွား၏။မရေမတွက်နိုင်သော အစိတ်အပိုင်းများသည် မြေပြင်ပေါ်သို့ ပြန့်ကျဲသွားပြီးနောက် ရွှေရောင်အရည်စပ် တစ်စပ်သည် ဝမ်လင်း၏လက်ပေါ်တွင် ကျန်ရှိသွားသည်။
ဝမ်လင်းက ရွှေရောင်သော့ခလောက် ရတနာ၏ အတွင်းရှိရွှေရောင်အရည်စက်ကို မပျက်စီးအောင် ထိန်းချုပ်၍ ယင်း သော့ခလောက်ကို ဖျက်စီးချေမွလိုက်ခြင်းပင်။၎င်း သော့ခလောက် ရတနာ၏ အရင်ပိုင်ရှင်ကသာ ထိုအဖြစ်ကို မြင် တွေ့ခဲ့ပါက ထိုသူသည် လေအေးတစ်ချက်ရှိုက်သွင်းကာ ရင်နာ စွာ ခံစားမိပေလိမ့်မည်။
သော့ခလောက်၏ မူလပိုင်ရှင် ဖြစ်သူ မိုးကြိုးကောင်းကင်ဘုံ ကျောင်းတော်မှ တမန်တော်သည် ၎င်းရတနာကို မကြာခဏ အသုံးပြုခဲ့ပေသည်။သူသာဆိုလျှင် ဝမ်လင်းကဲ့သို့ ၎င်းရတနာကို ချေမွပစ်ရန် စိတ်ဆန္ဒရှိလိမ့်မည် မဟုတ်ပေ။
ယင်းတမန်တော်က သော့ခလောက်ရတနာ၏ အတွင်းထဲ၌ ရတနာ၏ စွမ်းရည်ကို ထောက်ပံ့ပေးသော တစ်စုံတစ်ခု ရှိနေသည်ကို သိခဲ့သော်လည်း ရတနာကို ချိုးဖျက်ချေမွ၍ ကြည့်ရှု ရန် သတ္တိမရှိခဲ့ပေ။
အမှန်တော့ သူသာမဟုတ် အခြား ပုံရိပ်ယောင်ယင် သို့မဟုတ် အထည်ဒြပ်ယန်အဆင့်တွင် ရှိနေသော မည်သည့်ကျင့်ကြံသူမဆို ဝမ်လင်း၏ လုပ်ရပ်ကို တွေ့မြင်ပါက သူတို့၏နှလုံးသား များသည် နာကျင်ကြပေလိမ့်မည်သာ။
တကယ်တော့ ရတနာတစ်ခုကို ချိုးဖျက်ခြင်းက ထိုရတနာ၏ တန်ဖိုး လုံးဝကင်းမဲ့သွားခြင်း သို့မဟုတ် မူလရတနာ၏ တန်ဖိုး များစွာ ရုတ်လျော့သွားခြင်း ဖြစ်နိုင်သည့်အတွက် ထိုသို့သော လုပ်ဆောင်မှုသည် ရူးသွပ်သည်ဟုပင် ဆိုနိုင်ပေသည်။
ပထမအဆင့်ရှိ ကျင့်ကြံသူများအဖို့တော့ ဝမ်လင်း၏ လုပ်ဆောင်ချက်ကို တွေ့မြင်ပါက သူတို့သည် နာကျင်ရရုံမကဘဲ အလွန့်အလွန် တုန်လှုပ်သွားမိကြပေလိမ့်မည်။
ယခု သော့ခလောက်လို ရတနာမျိုးကသာ လွန်ခဲ့သော နှစ်ပေါင်း ရှစ်ရာခန့်က ဟင်္သာပြဒါးဂြိုဟ်ပေါ်တွင် ပေါ်ပေါက်ခဲ့ပါက မုချ မုန်တိုင်းထန်လိမ့်မည် ဖြစ်၏။ကျူးချွဲဇီပင် ယင်းရတနာအတွက် ယှဉ်ပြိုင်ပါဝင်ပေလိမ့်မည်။
သို့သော် နှစ်ပေါင်းတစ်ထောင်ခန့် ကျင့်ကြံပြီးသည့်နောက် ဝမ် လင်းသည် ယခုလိုမျိုး ရတနာတစ်ခုကို ချိုးဖျက်၍ အတွင်းထဲရှိမန္တာန်ကိုကြည့်ရှုရန် ဝန်မလေးသည့် အခြေအနေမျိုးသို့ ရောက်ရှိလာခဲ့ပြီ မဟုတ်လော။
နှစ်ပေါင်းတစ်ထောင်လောက် ကျင့်ကြံပြီးသည့်နောက် သူ့ ကျင့်ကြံမှုအဆင့်သာ မက သူ့အသိအမြင်သာ တိုးတက်လာခဲ့ပေ သည်။ရတနာတော်တော်များများက ဝမ်လင်း၏မျက်လုံးကို ဖမ်းစားနိုင်ခြင်း မရှိတော့ပေ။သူ့သို့လှောင်အိတ်ထဲ၌ အားနည်း သည့် ရတနာတစ်ခုမှ ရှိမနေပေ။ထိုရတနာများသည်လည်း နှစ် ပေါင်းတစ်ထောင် သူ့ကျင့်ကြံမှုနှင့်အတူ အလိုက်သင့် တိုးတက် လာခဲ့ခြင်းကြောင့်ပင် ဖြစ်လေ၏။
ရွှေရောင်သော့ခလောက်ရတနာသည် မည်သို့ပင်အားနည်းပါစေ ဦး အနည်းဆုံးတော့ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ တမန်တော်တစ်ယောက် ပိုင်ဆိုင်ထားသည့် ကောင်းကင်ဘုံ ရတနာတစ်ခု မဟုတ်လော။သို့သော် ဝမ်လင်းက ယင်းသို့ ရတနာ ကိုပင် ချွေမွဖျက်စီးခဲ့ပေသည်။ထိုလုပ်ရပ်အတွက်လည်း သူ့ စိတ်နှလုံးက နာကျင်ရခြင်း မရှိပေ။
သူ့လက်ကြားထဲရှိ ရွှေရောင်အရည်စက်ကို စူးစိုက်ကြည့်နေရင်း ဝမ်လင်း၏ မျက်လုံးများသည် လွန်စွာ တောက်ပလာခဲ့သည်။ ထို့နောက် ရုတ်တရက် သူ့မျက်ခုံးနှစ်ခုကြားထဲကနေ အက်ကွဲ ကြောင်းတစ်ခု ဖြစ်ပေါ်ကာ တတိယမျက်လုံး ပေါ်လာခဲ့ချေ၏။ အနီရောင်အလင်းတစ်ခုသည် ဖြန့်ကားထွက်လာကာ ၎င်း ရွှေရောင်အရည်ကို ဝန်းရံလို့သွားသည်။
တတိယမျက်လုံး၏ အကြည့်အောက်၌ ရွှေရောင်အရည်သည် တဖြည်းဖြည်းချင်း ပျောက်ကွယ်လာခဲ့ကာ ၎င်း၏ မူလအဖြစ် သို့ စတင်ပြန်ပြောင်းလာသည်။ခဏတာအကြာတွင် ဝမ်လင်း၏ တတိယမျက်လုံးသည် မှိန်ဖျော့လို့ သွား၏။ထို့အတူ ရွှေရောင် အရည်သည်လည်း ထက်ဝက်ခန့် ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်သည်။
“တတိယမျက်လုံးရဲ့ အောက်မှာ ဒီအရည်က ခုလောက်ထိ ကြာ ကြာတောင့်ခံနိုင်တာ ထူးဆန်းနေတယ်... ဝမ်လင်း၏မျက်လုံးက တလက်လက် ဖြစ်လာကာ သူ့ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်သည် လည်း တတိယမျက်လုံးထံသို့ အတောမသပ်နိုင်အောင် မြင့် တက်လာခဲ့တော့သည်။ထိုအခါ တတိယမျက်လုံး၏ အနီရောင် အလင်းသည် ချက်ခြင်း ပြန်သိပ်သည်းလာခဲ့တော့သည်။
ရွှေရောင်အရည်၏ ပျောက်ကွယ်နေမှုကလည်း စတင်၍ မြန်ဆန် လာခဲ့သည်။ခဏတာအကြာတွင် ဝမ်လင်း၏မန္တာန်ကြောင့် ရွှေရောင်အရည်သည် ပျောက်ကွယ်သွားကာ မရေမတွက်နိုင် သော ရွှေရောင်အမျှင်တန်းများအဖြစ်သို့ ပြောင်းလဲသွား တော့သည်။ထိုအမျှင်တန်းများက တစ်ခုနှင့်တစ်ခု ရောထွေး ယှက်တင်ကာ ရှုပ်ထွေးသော ရွှေရောင်စာလုံးတစ်ခု ဖြစ်လာ သည်။
၎င်းစာလုံးက အသက်ရှုသုံးကြိမ်ခန့် ကြာမြင့်ပြီးနောက် လုံးဝ ပျောက်ကွယ်သွားတော့သည်။ဝမ်လင်း၏ လက်ထဲ၌ မည်သည့် အရာမှ ကျန်နေခဲ့ခြင်း မရှိတော့ပေ။
“စာလုံး..” ဝမ်လင်းသည် စဉ်းစားလိုက်ပြီးနောက် သိုလှောင်အိတ် ထဲမှ ကောင်းကင်ဘုံစုတ်တံကို ထုတ်ယူလိုက်၏။သည့်နောက် သူ့ လက်ကို စတင်လှုပ်ရှားကာ ရေးဆွဲလိုက်သည်။
ခဏကြာမြင့်ပြီးနောက် ဝမ်လင်းရှေ့၌ စာလုံး တစ်ခု ပေါ်လာခဲ့ တော့သည်။ ထိုစာလုံးသည် စောနက ရွှေရောင်အမျှင်တန်းများ ကနေ ဖြစ်ပေါ်ခဲ့သော စာလုံးနှင့် ချွတ်ဆွတ်တူနေသည်။ဝမ် လင်း၏မျက်လုံးက ထိုစာလုံးကို ကြည့်နေရင်း တလက်လက် ဖြစ်လို့နေ၏။ ယင်းစာလုံးထံကနေ မည်သည့်အော်ရာမှ ထွက် ပေါ်လာခြင်း မရှိသလို ၎င်းနှင့်ပတ်သတ်၍လည်း ထူးထူးခြား ခြား တစ်ခုမျှ ရှိမနေပေ။
ဝမ်လင်းက အနည်းငယ် မျက်မှောင်ကြုတ်သွား၏။သို့သော် သူက ထိုစာလုံးကို စူးစိုက်ကြည့်နေရင်း သူ့အသွင်က ပြောင်းလဲ သွားခဲ့၏။ခဏတာကြာမြင့်ပြီးနောက် သူက မျက်လုံးမှိတ်လိုက် သည်။ထို့နောက် သူက ရုတ်တရက် မျက်လုံးပြန်ဖွင့်လိုက်သည်။ သူ့မျက်လုံးထဲ၌ တုန်လှုပ်အံ့အားသင့်မှု အရိပ်အယောင်တို့ ရှိလို့ နေသည်။
"ငါ့နတ်ဘုရားအာရုံက ဒါကို မထောက်လှမ်းနိုင်ဘူးပဲ..” ဝမ်လင်း က ပြတ်သားစွာဖြင့် သူ့ဘယ်လက်ကို မြှောက်ကာ ထိုစာလုံး ထံသို့ လက်ညွှန်လိုက်သည်။ ဝမ်လင်း၏ ထိန်းချုပ်မှုအောက်၌ စာလုံးသည် လေထဲသို့ ပျံတက်သွားကာ ကောင်းကင်ထက်၌ လှည့်ပတ်နေသော ခြင်သားရဲထံသို့ ရောက်ရှိသွားတော့သည်။
ထိုအခါ မြူးထူးစွာ လှည့်ပတ် ပျံသန်းနေသော ခြင်သားရဲ၏ အမွှေးများသည် ထောင်မတ်သွားကာ သူက ၎င်းစာလုံးကို ရှောင် ရန် ပြင်လိုက်၏။ သို့ရာတွင် ဝမ်လင်း၏ နတ်ဘုရားအာရုံဖြင့် နှစ်သိမ့်မှုကြောင့် ခြင်သားရဲက ခဏတာ တုံ့ဆိုင်းသွားကာ မ လှုပ်ရှားတော့ဘဲ သူ့ထံသို့ မြန်ဆန်စွာ တိုးဝင်လာနေသော စာလုံး ကိုသာ စူးစိုက်ကြည့်နေတော့၏။
စာလုံးသည် ဖျပ်ခနဲ ခြင်သားရဲအပေါ်သို့ ခပ်နှိပ်လို့သွားသည်။ ၎င်းစာလုံးက ချက်ခြင်းပင် ရွှေရောင်အရည်အဖြစ်သို့ ပြောင်းလဲ ပြီး ခြင်သားရဲကို ချက်ခြင်း လွှမ်းခြုံသွားသည်။ခြင်သားရဲက ရုန်းကန်လိုက်ရာ ခဏတာကြာမြင့်ပြီးနောက်မှ ရွှေရောင် အရည်၏ ဝန်းရံမှုကို ချိုးဖျက်နိုင်သွားသည်။ခြင်သားရဲက ဝမ် လင်းကို တစ်ခုခုမှားနေသကဲ့သို့ ကြည့်၍ ဟစ်ကြွေးအော်ဟစ် လိုက်၏။
ဝမ်လင်း၏မျက်လုံးက တလက်လက် ဖြစ်နေသည်။သူက ကောင်းကင်ဘုံစုတ်တံကို အသုံးပြုသည့်အခါ၌ သူ့မူလ စွမ်းအင်၏ ဆယ်ရာခိုင်နှုန်းကိုသာ အသုံးပြုခဲ့ခြင်းသာ ဖြစ် သော်လည်း စာလုံးက သန်မာအားကောင်းနေဆဲပင်။သူကသာ သူ့စွမ်းအားအကုန်သုံး၍ ယင်းစာလုံးကို ဖန်တီးခဲ့ပါက ၎င်း၏စွမ်းအားသည် ကျိန်းသေပေါက် တိုးလာမည်သာ ဖြစ်သည်။
ဝမ်လင်းက ကောင်းကင်ဘုံစုတ်တံကို ပြန်သိမ်းဆည်းလိုက်၏။
“အနည်းငယ် စဉ်းစားပြီးနောက် သူက အမှန်တရားကို ရှာတွေ့နိုင် ခဲ့လေပြီ။ ဒီသော့ခလောက် ရတနာရဲ့ အစစ်အမှန်စွမ်းအားက ဒီ စာလုံးပဲ။ဒါက ရတနာအတွင်းထဲမှာ ရှိနေတုန်းက ၎င်းရဲ့ စွမ်းအားအပြည့်အဝကို မပြသနိုင်ခဲ့ဘူး။ဒါပေမဲ့လည်း ကောင်းကင်ဘုံစုတ်တံနဲ့ ဆိုရင် ဒီရတနာရဲ့စွမ်းအား အစစ်အမှန် ကို ထုတ်ဖော်နိုင်လိမ့်မယ်..”
ဝမ်လင်းကဲ့သို့ တတိယမျက်လုံးလို မန္တာန်မျိုးဖြင့် ထိုရတနာ၏ မူလကို တွေ့မြင်နိုင်ခြင်းမရှိသော အခြားတစ်ယောက်ယောက် သာ ဖြစ်ခဲ့ပါက ရွှေရောင်သော့ခလောက် ကို ချေမွ၍ ရွှေရောင် အရည်ကို ထုတ်ယူနိုင်လျှင်ပင် ထိုသူတို့အတွက် အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။
“ဒါက ငါ့အတွက် ရတနာတစ်ခုကနေ ဒီလိုမျိုးရတာ ပထမဆုံးပဲ။ ဒီရတနာရဲ့ လုပ်ဆောင်မှုက ချိပ်ပိတ်မှုတစ်ခုနဲ့ တူတယ်ဆိုတော့ ငါက ဒါကို ချိပ်ပိတ်စာလုံးလို့ နာမည်ပေးလိုက်မယ်..
ဝမ်လင်းက သူ့လက်ကို မြှောက်ကာ စုတ်တံဖြင့် ထိုစာလုံးကို အကြိမ်အနည်းငယ် ထပ်မံ ရေးဆွဲကာ စိတ်ဆွဲအောင် မှတ်သား ထားလိုက်သည်။ထို့နောက် သူက ရုတ်တရက် အတွေးတစ်ချက် ရလိုက်၏။
“ချိပ်ပိတ်စာလုံးက ရတနာတစ်ခုကနေ ထုတ်ယူနိုင်မှတော့ ဒါကို နောက်ထပ်ရတနာတစ်ခုထဲကို ပြန်ထည့်သွင်းပြီး ရတနာရဲ့ စွမ်းအားကို တိုးမြှင့်အောင် လုပ်နိုင်သင့်တယ်...
ဝမ်လင်းမျက်လုံးထဲ၌ ထူးဆန်းသောအလင်းတစ်ခု ပေါ်ထွက်လာ ကာ သူ့စိတ်နှလုံးသည် တစ်ချက် ခုန်ပေါက်သွားသည်။
“ငါ့ရဲ့ ရတနာလက်နက် အများစုက ပြင်ပကနေ ရတာ များပြီး ငါ ကိုယ်တိုင် သန့်စင်ထားတဲ့ဟာဆိုတာ ရှိခဲလှတယ်... ဝမ်လင်းက ပါးစပ်ဟကာ သဲမှုန့်တစ်ခုကို ထွေးထုတ်လိုက်ရာ ယင်းသဲမှုန့်က ချက်ခြင်းလိုလို အစိတ်အပိုင်းမြေတံဆိပ်တုံးအဖြစ်သို့ ပြောင်းလဲ သွားတော့သည်။
အစိတ်အပိုင်းမြေတံဆိပ်တုံးကို စူးစိုက်ကြည့်နေရင်းဖြင့် ဝမ် လင်းမျက်လုံးထဲရှိ ထူးဆန်းသောအလင်းသည် ပို၍ပင် အားကား လာခဲ့သည်။
"ဒီအစိတ်အပိုင်းမြေတံဆိပ်တုံးက မူလတုန်းက ကောင်းကင်ဘုံ နယ်မြေတစ်ခု ဖြစ်ခဲ့ပြီး နတ်ဘုရားပြစ်ဒဏ်မိုးကြိုးရဲ့ သန့်စင် ခြင်း ခံခဲ့ရတာ ဖြစ်တဲ့အတွက် မာကြောမှုက အထွတ်အထိပ်ပဲ။ ဒါပေမဲ့လည်း ဒီရတနာတံဆိပ်တုံးက ပြီးပြည့်စုံခြင်းမရှိသေး ဘူး။ ဒီဟာနဲ့ တိုက်ခိုက်တဲ့အခါကျရင် ဒီတံဆိပ်တုံးက ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်ကို အသုံးပြုပြီး
တစ်စုံတစ်ယောက်ကို ချုပ်နှောင်တာ ဖြစ်တယ်။တကယ်တော့ ဒါက အားကောင်းလှခြင်း မရှိသေးဘူး။ဒီတံဆိပ်တုံးက
ခြောက်သွေ့တာအိုတစ်စုံကို မယှဉ်နိုင်သလို တတိယမြောက် နတ် ဘုရားသတ်ဖြတ်ခြင်းစစ်ရထားရဲ့ ကိုလည်း လုံးဝ ယှဉ်နိုင်မှာ မဟုတ်ဘူး..
ဝမ်လင်းက ကောင်းကင်ဘုံစုတ်တံကို နောက်တစ်ကြိမ်ထုတ်၍ စာလုံး ရေးဆွဲလိုက်သည်။
"ခုငါ ဒီတံဆိပ်တုံးကို မန္တာန်တစ်ခု ထည့်ပေါင်းမယ်..ချိပ်ပိတ် ခြင်းမန္တာန်... ဝမ်လင်း၏ ညာလက်သည် ရုတ်တရက် လှုပ်ရှား သွားပြီးနောက် ပေါ်ထွက်လာသော စာလုံးသည် အစိတ်အပိုင်း မြေတံဆိပ်တုံးပေါ်သို့ ပျံဝဲသွားကာ ၎င်းနှင့်ပေါင်းစပ်လို့သွား၏။
ဝမ်လင်းက ရပ်တန့်ခြင်း မပြုပေ။သူက လေထဲသို့ ပျံတက်ကာ ဆက်လက်၍ စာလုံးများကို ရေးဆွဲသည်။ချိပ်ပိတ်စာလုံး များသည် တစ်ခုပြီးတစ်ခု အစိတ်အပိုင်းမြေတံဆိပ်တုံးပေါ်သို့ ကျရောက်ကုန်သည်။
ဝမ်လင်းက ပို၍ပို၍ မြန်ဆန်လာခဲ့၏။ဝမ်လင်းသည် ချိပ်ပိတ် စာလုံးကို ဖန်တီးရာ၌ ပို၍ ချောမွတ်ကျွန်းကျင်လာခဲ့ခြင်းနှင့် အတူ စုတ်ချက်တစ်ချက် စာလုံးဆယ့်နှစ်လုံးနှုန်း ရေးဆွဲလာနိုင် ခဲ့ပေသည်။သူရေးဆွဲလိုက်သော ချိပ်ပိတ်စာလုံးများအားလုံးက အစိတ်အပိုင်းမြေတံဆိပ်တုံးပေါ်သို့ ကျရောက်ကုန်ကြသည်။
ဝမ်လင်းက ယခုဖြစ်စဉ်အတွင်း မောပန်းသည်ဟု မခံစားရသလို သူက အနည်းငယ်ပင် ရပ်တန့်ခြင်း မပြုပေ။
ဝမ်လင်းသည် အချိန်မည်မျှကြာသွားမှန်းမသိ ချိပ်ပိတ်စာလုံး များကို အစိတ်အပိုင်းမြေပေါ်သို့ ကျရောက်စေနေ၏။အချိန် ကြာလာသည်နှင့်အမျှ အစိတ်အပိုင်းမြေတံဆိပ်တုံးထံကနေ ရွှေရောင်ခပ်ဖျော့ဖျော့ ပေးစွမ်းလာခဲ့၏။သို့သော် ဝမ်လင်းက ရပ်တန့်ခြင်း မပြုပေ။သူက ချိပ်ပိတ်စာလုံးများကို အစိတ်အပိုင်း မြေတံဆိပ်တုံးပေါ်သို့ တစ်ခုပြီးတစ်ခု ဆက်လက် နေရာ ချလို့ နေသည်။
သုံးရက်ခန့်ကြာမြင့်ပြီးသည့်နောက် ဝမ်လင်းသည် မြေပေါ်သို့ ပြန်ဆင်းသက်ကာ ချက်ခြင်း စတင်ကျင့်ကြံ၏။သူ့မျက်နှာက လည်း အနည်းငယ် ဖြူရောနေသည်။သည်သုံးရက်တာအတွင်း သူက မူလစွမ်းအင်များကို အဆက်မပြတ် သုံးစွဲခဲ့ပြီး ဖြစ်၏။သူ့ ကျင့်ကြံမှုအဆင့်ဖြင့်ပင် အကန့်အသတ်သို့ ရောက်လာခဲ့ရ လေ၏။
ပေတစ်ထောင်ခန့် ရှိသော အစိတ်အပိုင်းမြေသည် ပေရှစ်ရာခန့် သို့ ကျုံ့သွားခဲ့လေပြီ။၎င်းက ရွှေရောင်အလင်းကို ပေးစွမ်းနေဆဲ ဖြစ်သော်လည်း ခုချိန်၌ အနည်းငယ် ပို၍ တောက်ပလာခဲ့ပြီ ဖြစ်သည်။
နာရီအတော်အတန် အနားယူပြီးသည့်နောက် ဝမ်လင်းသည် မျက်လုံးဖွင့်လိုက်၏။သူ့ခန္ဓာကိုယ်က စတင်လှုပ်ရှားလာပြီး နောက် ချိပ်ပိတ်စာလုံးများကို ထပ်မံ၍ ရေးဆွဲပြန်သည်။
အချိန်ကုန်လာသည်နှင့်အမျှ ဝမ်လင်းသည်လည်း ခုနစ်ကြိမ် တိတိ အနားယူခဲ့ရပြီး ဖြစ်သည်။ ပေတစ်ထောင် အစိတ်အပိုင်း မြေတံဆိပ်တုံးသည်လည်း ပေငါးရာမှသည် ပေလေးရာ၊ ပေသုံး ရာကနေ ပေတစ်ရာအထိ ကျုံ့လာခဲ့တော့၏။
၎င်းတံဆိပ်တုံးထံမှ ပေးစွမ်းနေသော ရွှေရောင်အလင်းသည် လည်း ပို၍ စူးရှလာခဲ့လေ၏။အကွာအဝေးတစ်ခုမှ ကြည့်ပါက ယင်း အစိတ်အပိုင်းမြေတံဆိပ်တုံးသည် တောက်တောက်ပပ အလင်းဓာတ်ကို ပေးစွမ်းနေသော ရွှေရောင်နေတစ်စင်းအလား ပင်။
သူက ရတနာကို ကြည့်နေရင်း ဝမ်လင်း၏ ဖျော့တော့သော အသွင်သည် ချက်ခြင်းလိုလို ပျောက်ကွယ်လို့သွားတော့၏။ သူက အသက်ဝဝရှုသွင်းလိုက်သည်။ဝမ်လင်း၏ မျက်လုံးထဲ၌ စိတ်လှုပ်ရှားမှုတို့နှင့် ပြည့်နေတော့သည်။ခဏတာ အနားယူပြီး သည့်နောက် ဝမ်လင်းက နောက်တစ်ကြိမ် လေထဲသို့ ပျံတက်လာ ပြန်သည်။သည်တစ်ကြိမ်၌ သူက ငါးရက်တိုင်တိုင် သန့်စင်မွန်းမံ လေ၏။
ငါးရက်ကြာမြင့်ပြီးသည့်နောက် ဝမ်လင်းသည် မြေပြင်သို့ ပြန် ဆင်းလာ၏။သူ့မျက်နှာက လုံးဝ ဖြူရောနေကာ ခြေလှမ်းများ ပင် မမှန်တော့ပေ။သို့သော်လည်း သူ့မျက်လုံးထဲရှိ စိတ် လှုပ်ရှားမှု အထွတ်အထိပ်သို့ ရောက်ရှိနေ၏။
“ဒီနေ့က စပြီး ဒီရတနာဟာ ငါကိုယ်တိုင်သန့်စင်ထားတဲ့ ရတနာ ဖြစ်သွားပြီ။ငါက ဒီရတနာကို ကောင်းကင်ဘုံချိပ်ပိတ်ခြင်း တံဆိပ်တုံးလို့ နာမည်ပေးမယ်... ဝမ်လင်း၏အသံသည်
ကောင်းကင်ထက်၌ ပဲ့တင်ထပ်နေတော့သည်။သူ့ရှေ့တွင်မူ သုံး လက်မခန့်ရှိသော တလက်လက်တောက်ပနေသည့် တံဆိပ်တုံး တစ်ခု ရှိလို့နေ၏။သာမန်သေမျိုးတစ်ယောက်ကသာ ထို
တံဆိပ်တုံးကို ကြည့်မိပါက စူးရှသော တံဆိပ်တုံးထံမှရွှေရောင် အလင်းသည် ထိုသူ၏ မျက်လုံးကို ထွင်းဖောက်ကာ စိတ်ဓာတ် ကို ဖျက်စီးသွားမည် ဖြစ်သည်။
အဆင့်နိမ့်ကျင့်ကြံသူတစ်ယောက်ပင် မရေမတွက်နိုင်သောအပ် များနှင့် ထိုးဆွသကဲ့သို့ ခံစားသွားရမည် ဖြစ်၏။ပိုမို ကောင်းမွန်သော ကျင့်ကြံမှုအဆင့်ရှိသော ကျင့်ကြံသူတစ် ယောက်သည်လည်း ၎င်းတံဆိပ်တုံးကို တွေ့မြင်ခဲ့ပါက သူ၏ မူလစိတ်ဝိညာဉ်သည် ချုပ်နှောင်ခြင်းခံရသကဲ့သို့ ခံစားရ နိုင်သည်။
သုံးလက်မခန့် တံဆိပ်တုံးက လွန်စွာတောက်ပနေကာ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များနှင့် ပြည့်လျှံနေ တော့၏။ ၎င်းပတ်လည်၌လည်း အားကောင်းလွန်းလှသော ချိပ် ပိတ်ခြင်းအော်ရာတစ်ခုကပါ တည်ရှိနေသည်။
ဝမ်လင်းက ၎င်းတံဆိပ်တုံးကို အချိန်တစ်လခန့်သုံးကာ သန့်စင်ခဲ့ ခြင်းပင်။ဝမ်လင်းက ၎င်းတံဆိပ်တုံးပေါ်၌ ချိပ်ပိတ်စာလုံးပေါင်း ခြောက်သိန်းထက် မနည်း ရှိနေလိမ့်မည်ဟု အကြမ်းဖျဉ်း တွက်ချက်မိ၏။
ချိပ်ပိတ်စာလုံး ခြောက်သိန်းကျော်သည် ပေတစ်ထောင်ခန့်ရှိသော အစိတ်အပိုင်းမြေနှင့် ပေါင်းစပ်သွားခဲ့ခြင်း ဖြစ်တော့၏။ သူက ၎င်းပေတစ်ထောင်ခန့် အစိတ်အပိုင်းမြေတံဆိပ်တုံးကို သုံး လက်မခန့်အထိ သိပ်သည်းစေခဲ့ခြင်းပင်။ ဝမ်လင်းသည် ထို သန့်စင်ထားသည့် တံဆိပ်တုံးနှင့် ပတ်သတ်၍ အလွန်ယုံကြည်မှု ရှိနေသည်။
သူက ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံးကို ကြည့်နေရင်း သူ့မျက်လုံးသည် တလက်လက် ဖြစ်နေ၏။ သည့်နောက် ဝမ် လင်းက သူ့လက်ကို စတင်လှုပ်ရှားကာ တံဆိပ်တုံးပေါ်သို့ အတားအဆီးများကို ချမှတ်လိုက်၏။တံဆိပ်တုံးပေါ်ရှိကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များသည် တဖြည်းဖြည်း ဖုံးလွှမ်းခြင်း ခံရကာ ချိပ်ပိတ်ခြင်းအော်ရာကို ဖုံးကွယ်လုနီးပါး ဖြစ်သွားစေသည်။
ခဏတာကြာမြင့်ပြီးနောက် ၎င်းတံဆိပ်တုံး၏ စွမ်းအားအော်ရာ သည် လုံးဝ ဖုံးကွယ်သွာတော့၏။ကျင့်ကြံခြင်းလောကကို တုန်လှုပ်စေမည့် ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံးရတနာ သည် မွေးဖွားပေါ်ထွက်လာခဲ့ချေလေပြီ။
Comments
Post a Comment