အိပ်မက်ဟာ ပြန်လည်မွေးဖွားခြင်းကို ပိတ်ဆို့ထားခြင်း
Episodes 📖1947
မတူညီသောအချိန်ကာလ၊ မတူညီသော နေရာတစ်ခုတွင် ဝမ်လင်းသည် တူညီသောနေရာတစ်ခု၌ ရပ်နေ၏။ ထိုသို့အဖြစ် မျိုးက ဖြစ်ခဲလွန်းလှချေမည်။ ဝမ်လင်းသည် တခြားသူများက ထိုသို့သော အခြင်းအရာမျိုးကို တွေ့ကြုံခဲ့ဖူးလာ မသိပေ။ သို့သော် သူက ၎င်းကို တွေ့ကြုံနေရတာကိုတော့ သိပေ၏။
သူသည် ဟင်္သာပြဒါးဂြိုဟ်၌ အိပ်မက်ထဲသို့ ဝင်ရောက်ခဲ့ချိန်က ခုလိုမျိုး ရပ်နေခဲ့ဖူးပေသည်။ သူသည် ထိုမိုးရေစက် အောက်၌ ဉာဏ်အလင်းရသော အခြေအနေ ရှိခဲ့ဖူးသည်။ သူက မျက်လုံးမှိတ်ထားသော်လည်း သူ့စိတ်နှလုံးထဲ၌ လောက ရှိနေ၏။
ဝမ်လင်းက မျက်လုံးမှိတ်ကာ လှိုဏ်ဂူလောကမှာတုန်းက မြင်ကွင်းထံသို့ ရင်းနှီးခဲ့ဖူးသော ခံစားချက်နှင့် ချိတ်ဆက်နေ၏။ သူ၏ခန္ဓာကိုယ်သည် လှိုဏ်ဂူလောကနှင့် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေကို ချိတ်ဆက်ပေးထားသော ချိတ်ဆက်မှု တစ်ခု ဖြစ်လာခဲ့သည်။
"ဒီမိုးကို ရင်းနှီးလွန်းတယ်။ အစိမ်းရောင်ကျောက်အမိုးပြားအပေါ် ကျနေတဲ့ မိုးစက်မိုးပေါက်တွေကို ရင်းနှီးလွန်းတယ်..”
ဝမ် လင်းသည် တကိုယ်တည်း ရေရွတ်၏။ အချိန်အတန်ကြာပြီးနောက် သူက မျက်လုံးဖွင့်လာကာ ဒီတောင်တန်း၊ ဘုံကျောင်း၊ ကွင်းပြင်တို့ကို ကြည့်၏။ ထိုမြင်ကွင်းက သူ့ကို တစ်ခုခုအား ဝိုးတဝါး နားလည်သဘောပေါက်စေသည်။
"ဘဝဟာ အိပ်မက်တစ်ခုလိုပဲ။ အိပ်မက်ဟာလည်း ဘဝတစ်ခုပဲ။ ငါဟာ ဟင်္သာပြဒါးဂြိုဟ်ပေါ်မှာတုန်းက ဒီအိပ်မက်တာအို မှာ ဒါကို နားလည်သဘောပေါက်ဆင်ခြင်ခဲ့တယ်။ ဒါဟာ အဆုံးမရှိတာကို ငါ သိတယ်..."
ဝမ်လင်းသည် တည်ငြိမ်စွာ ရပ်နေ၏။
လျှိုကျင်းပြောင်က ဝမ်လင်း၏နောက်တွင် ထိုင်နေပြီး သူ့မျက်လုံးထဲတွင် ပြတ်သားမှုတို့ ပြည့်လာသည်။ ဝမ်လင်းက ငြိမ် သက်စွာ တွေးနေခြင်းမဟုတ်၊ သူ့အတွေးတို့က အသံအဖြစ် ထွက်ပေါ်နေပေသည်။ လျှိုကျင်းပြောင်က ထိုသည်ကို ကြား သည့်အခါ သူက တစုံတစ်ခုကို နားလည်သွားဟန် တူ၏။
"ငါ့ဘယ်လက်ကို ရှင်သန်ခြင်း၊ ညာလက်ကို Tayဆုံ:ခြင်းအဖြစ် အသုံးပြုမယ်။ ငါ့လက်ဝါး ဖြန့်လိုက်ရင် ကံမ္မ အကြောင်းရင်း၊ ငါ့လက်ဝါး ပြန်ဆုပ်ရင် ကံမ္မအကျိုး။ ငါ့မျက်လုံးဖွင့်လိုက်ရင် အမှန်၊ ငါ မျက်လုံးမှိတ်လိုက်ရင် အမှား။ ငါ ဟာ ဒီအရာသုံးခုကို အသုံးပြုပြီး ငါ့ကိုယ်ပိုင်လောကကို ဖန်တီးခဲ့တယ်။ အိပ်မက်လောက...
"ပုံရိပ်ယောင်ထဲမှာ ငါဟာ တူညီတဲ့နေရာမှာပဲ မိုးရွာသွန်းတာကို တွေ့မြင်ခဲ့တယ်။ အခု ဒီအစစ်အမှန်လောကမှာလည်း ဒီ နေရာမှာပဲ ငါ ရပ်နေပြီး မိုးရွာတာကို တွေ့မြင်နေရတယ်..
“ငါ့မျက်လုံးကနေ လောကကို မြင်နေရတယ်။ ငါ ဒါကို မြင်နေရတဲ့အတွက်ကြောင့် ဒါက တည်ရှိတယ်...
မိုးရွာသွန်းမှုက အရာအားလုံးကို မှုန်မှိုင်းနေစေ၏။ တချို့တပည့်များက တောင်ပေါ်ကနေ မြန်မြန်ဆန်ဆန် ဆင်းလာကာ ဝမ် လင်းကို ကျော်၍ ဖြတ်လျှောက်သွားကြသည်။ မိုးရွာလာတာမှာ ရုတ်တရက် ဆန်လှ၏။ ထို့ကြောင့် တပည့်အများစုက ကြို ပြင်ဆင်ထားကြခြင်း မရှိပေ။
သို့သော် သူတို့သည် ဝမ်လင်းနှင့်လျှိုကျင်းပြောင်တို့ကို တွေ့မြင်နိုင်ကြခြင်း မရှိပေ။ သူတို့နှစ်ယောက် မတည်ရှိသည့်အလား ထိုသူတို့က ဖြတ်သွားကြလေ၏။
“ငါ့မျက်လုံးကို အသုံးပြုပြီး လောကကို တွေ့မြင်စေမယ်။ မြက်ပင်တွေ၊ သစ်ပင်တွေဟာ ငါ့မျက်လုံးထဲမှာ ရောင်ပြန်ဟပ် တယ်။ ငါ မျက်လုံးဖွင့်ပြီး တွေးတဲ့အခါ ဒီလောကဟာ အစစ်အမှန်ပဲ ငါ မျက်လုံးမှိတ်လိုက်တဲ့အခါ အရာအားလုံးက အတုအယောင်ပဲ။ ဒါဟာ အမှန်နဲ့အမှားပဲ။ နှလုံးသားရဲ့ ပုံပန်းသွင်ပြင်ပဲ။ ငါ မျက်လုံးမှိတ်လိုက်တဲ့နောက် မြက်ပင်နဲ့သစ်ပင် တွေဟာ ပျောက်ကွယ်သွားလိမ့်မယ်လို့ ငါ ထင်တယ်။ ဒါပေမဲ့ သူတို့ဟာ တကယ်ပဲ ပျောက်ကွယ်သွားကြရဲ့လား...
*ဘယ်အရာက တည်ရှိသလဲ၊ ဘယ်အရာက မတည်ရှိဘူးလဲ။ ငါဟာ လောကကို ငါ့မျက်လုံးနဲ့ ကြည့်တဲ့အခါ ဒီလောကက လည်း ငါ့ကို ပြန်ကြည့်တယ်။ ငါ မျက်လုံးမှိတ်လိုက်တဲ့အခါမှာ အရာအားလုံးဟာ အတုအယောင် ဖြစ်လာကြတယ်။ ဒါပေမဲ့ လောကဟာ မျက်လုံးမှိတ်လိုက်ရင်ရော ငါဟာ အတုအယောင် ဖြစ်သွားမှာလား...
ဝမ်လင်းသည် ကောင်းကင်ထက်မှ ရွာသွန်းနေသော မိုးရေစက်တို့ကို ကြည့်နေ၏။
"ငါဟာ သခင် ပြောခဲ့တာကို နားမလည်ခဲ့ဘူး။ ဒါပေမဲ့ ပြန်လည်မွေးဖွားခြင်းဟာ ငါ့ကို လှ/ည့်ဖြာ:ခြင်းတာအိုဒုတိယအဆင့်ကို နားလည်စေခဲ့တယ်။ ကိုယ့်ကိုယ်ကို လှ/ည့်စာ:နိုင်ခြင်းဟာ သင်ကိုယ်တိုင် ဒါကို ယုံကြည်တာနဲ့ အဆုံးသပ်ရုံ မဟုတ်ဘူး။ လောကကိုယ်တိုင်ကလည်း ဒါကို ယုံကြည်အောင် လုပ်ရမယ်..."
"ကိုယ့်ကိုကိုယ်လှ/ည့်စာ:ခြင်းဟာ အမှန်တကယ်တော့ ပြန်လည်မွေးဖွားခြင်းစက်ဝန်းကိုပါ လှ/ည့်စာ:တာပဲ။ ငါဟာ ပြန်လည် မွေးဖွားခြင်းကိုပါ လှ/ည့်စာ:နိုင်မှတော့ ငါ ဆန္ဒ ရှိသလို လုပ်နိုင်တယ်။ မိုးကောင်းကင်တောင် ငါ့စိတ်ဆန္ဒကို မဆ/န့်ကျ/င်နိုင် ဘူး။ ပြန်လည်မွေးဖွားခြင်းစက်ဝန်းကလည်း ငါ့စိတ်ဝိညာဉ်ကို မဟန့်တားနိုင်ဘူး။ လောကကို လှ/ည့်စာ:တာ၊ အချိန်ကို လှည့်စားတာ..
"အရင်တုန်းက ဒီအချက်ကို ငါ နားလည်သဘောပေါက်မှု မရှိခဲ့ဘူး။ ဒါပေမဲ့ ပြန်လည်မွေးဖွားလာတဲ့နောက် ငါ နားလည်ခဲ့ ပြီ... လျှိုကျင်းပြောင်က ဝမ်လင်း၏နောက်၌ ခပ်တိုးတိုး ရေရွတ်သည်။
"မဟာတာအိုသုံးထောင်ကို ဘယ်သူက ချမှတ်ခဲ့တာလဲ။ လောကရဲ့ ဒီအရာတွေကို ဘယ်သူက ရွေးချယ်ခဲ့တာလဲ။ လူတွေက လှ/ည့်ဖြာ:ခြင်းတာအိုကို အရှ/က်မရှိဘူးလို့ သမုတ်ကြပြီး လက်မခံကြဘူး။ ဒါပေမဲ့ သူတို့ဟာ လှ/ည့်ဖြာ:ခြင်းတာအိုဟာ မဟာ တာအိုသုံးထောင်ထဲမှာ ပါဝင်တာကို မသိကြဘူး..
လျှိုကျင်းပြောင်၏ လှ/ည့်ဖြာ:ခြင်းတာအိုသည် မဟာတာအိုသုံးထောင်ထဲမှ တစ်ခု ဖြစ်လာခဲ့ပေသည်။
"ကောင်းကင်နဲ့မြေကြီးဟာ အနှစ်သာရတွေကို ဖန်တီးတယ်။ ငါတို့လို ကျင့်ကြံသူတွေဟာ အနှစ်သာရကို ကျင့်ကြံကြတယ်။ သခင်က အနှစ်သာရတစ်ခုကို မင်းရရှိတာနဲ့ မင်းဟာ တတိယအဆင့်ကို ဝင်ရောက်နိုင်လိမ့်မယ်လို့ ငါ့ကို ပြောခဲ့ဖူးတယ်။ ငါ့ အမြင်အရ လှ/ည့်ဖြာ:ခြင်းတာအိုမှ အဆင့်သုံးဆင့် ရှိတယ်။ ပထမအဆင့်က တခြားသူတွေကို လှ/ည့်စာ:တာ။ ဒုတိယအဆင့် ကို ကိုယ့်ကိုကိုယ်လှ/ည့်စာ:တာ၊ တတိယအဆင့်က တခြားသူတွေကို လှ/ည့်စာ:ဖို့ ကိုယ့်ကိုယ်ကို ဝါ:မြိုတဲ့ အရင်းအမြစ်ရှိ ပြန် ရောက်ဖို့ပဲ...
“လောကကို လှ/ည့်စာ:တာ၊ အချိန်ကိုလှ/ည့်စာ:တာ၊ လောကရဲ့ မဟာတာအိုတွေကို လှည့်စားတာ...
“တာအိုတွေတောင် လှည့်စားခံရနိုင်တယ်။ ငါဟာ ကောင်းကင်ဘုံသားတစ်ယောက် ဖြစ်လာတယ်..
"တာအိုအားလုံးဟာ တူညီတဲ့ဇစ်မြစ်ရှိ ပြန်ရောက်ရှိကြတာပဲ။ မူလကို ပြန်ရောက်ဖို့ ငါ့ရဲ့ တတိယအဆင့်ဟာ သခင် အရင် တုန်းက ပြောခဲ့ဖူးတာနဲ့ တူတူပဲ။ မင်း မျက်လုံးမှိတ်လိုက်ရင် မင်း ပတ်လည်က အရာအားလုံးဟာ လွင့်ကွယ်ပျောက်သွား တယ်မလား။ မိုးကောင်းကင်ဟာ မျက်လုံးမှိတ်လိုက်ရင်လည်း မင်းနဲ့ငါရဲ့ တည်ရှိမှုဟာ ရပ်တန့်သွားမှာလားလို့ သခင် အရင် က ပြောခဲ့ဖူးတယ်...
လျှိုကျင်းပြောင်က ခပ်တိုးတိုး ရေရွတ်လိုက်၏။ သူ၏ အသိအမြင်အားဖြင့် နိုးထလာခြင်းကြောင့် သူ့မျက်လုံးထဲရှိ စိတ်ရှုပ် ထွေးမှုသည် ကြည်လင်လာပေသည်။
သူ၏စကားတွေက ဝမ်လင်း၏နားထဲသို့ ကျရောက်လာကာ ဝမ်လင်း၏စိ/တ်နှ/လုံ:ကိုပါ တု/န်ယ/င်သွားစေ၏။ သူက တစုံတစ် ခုကို ပိုးတဝါး နားလည်လိုက်သည်။
သူဖြစ်စေ၊ သို့တည်းမဟုတ် လျှိုကျင်းပြောင် ဖြစ်စေ နှစ်ယောက်လုံးက သူတို့၏တာအိုများကို ခိုင်မာစေရန် အားစိုက်ထုတ် ရုန်းကန်နေခြင်းပင်။ တာအိုလမ်းခရီးက အထီးကျန်၏။ သို့သော် တယောက်က တခြားတစ်ယောက်၏ ခက်ခဲစွာ ရုန်းကန်မှု ကို မြင်နိုင်သည့်အခါ ယင်းခရီးလမ်းက အထီးကျန်တော့မည် မဟုတ်ပေ။ သူတို့သည် တစ်ယောက်၏တာအိုကို တစ်ယောက် ခိုင်မာသေချာစေမည် ဖြစ်၏။
“မင်းဟာ လှ/ည့်ဖြာ:ခြင်းကို တာအိုအဖြစ် အသုံးပြုပြီး လောကကို လှည့်စားခဲ့တယ်။ ငါက တာအိုအဖြစ် ငါ့ဘဝကို အသုံးပြု ပြီး လောကကို ဖိ/ဆ/န်ခဲ့တယ်။ ငါ့တာအိုအရိပ်ကို ခိုင်မြဲစေခဲ့တယ်။ အမှန်တော့ ငါတို့နှစ်ယောက်လုံးဟာ ငါတို့ရဲ့ နှလုံးသား ဆန္ဒအတိုင်း ကျင့်ကြံကြတဲ့သူတွေပဲ..."
ဝမ်လင်းက မျက်လုံးမှိတ်လိုက်၏။
"ငါ့အမြင်အရ လောကဟာ ပုံပန်းသွင်ပြင်ပဲ။ ငါသာ မျက်လုံးမှိတ်လိုက်ရင် အဲ့လောကဟာ ဆက်ပြီး မတည်ရှိတော့ဘူး။ လောကက မျက်လုံးမှိတ်လိုက်ရင်တော့ ငါဟာ တည်ရှိနေတုန်းပဲ။ ငါ မျက်လုံးဖွင့်တဲ့နေရာမှာ လောကဟာ မျက်လုံးမှိတ်ထား ရရင် ငါ အသက်ရှင်နေသ၍ ဒီလောကဟာ ငုပ်လျှိုးနေမှာပဲ...."
ဝမ်လင်းက အသက်ဝဝရှိုက်သွင်းကာ မျက်လုံးဖွင့်လာ၏။
“ငါဟာ Tayခြင်းရှင်ခြင်းတွေကို တွေ့ကြုံခဲ့ပြီး၊ ကံမ္မကို ဖြတ်လျှောက်ခဲ့ပြီး ငါ့အတွက် အမှန်နဲ့အမှားကို ရှာဖွေခဲ့ပြီး ဖြစ် တယ်။ လေးခုမြောက် ဆန်းကြယ်အနှစ်သာရသာ ငါ့ထံမှ ရှိလာခဲ့ရင် အဲ့တာဟာ ပြန်လည်မွေးဖွားခြင်းပဲ.
"ပြန်လည်မွေးဖွားခြင်းဟာ Tayခြင်းရှင်ခြင်းပြန်လည်မွေးဖွားတာ မဟုတ်ဘူး။ ဒါပေမဲ့ လောကရဲ့ ပြန်လည်မွေးဖွားမှု ဖြစ် တယ်။ စိတ်ဝိညာဉ်တွေရဲ့ ရှင်သန်မှု မဟုတ်ဘူး။ ဒါပေမဲ့ တာအိုရဲ့ ရှင်သန်မှုပဲ။ အရာအာလုံးရဲ့ ပြန်လည်မွေးဖွားခြင်းပဲ..
ဝမ်လင်းက သူ့ခြေထောက်ကို ကြွကာ မိုးရေအောက်၌ ခြေလှမ်းလိုက်လေသည်။
သူ နားလည်သွားခဲ့လေပြီ။
“ငါဟာ Tayခြင်းရှင်ခြင်းကို နားလည်သဘောပေါက်ခဲ့တယ်။ Tayခြင်းရှင်ခြင်းဟာ ကြိုးတစ်ချောင်းပဲ။ လူတစ်ယောက်၏ အဆုံးသပ်တစ်ခုဟာ ရှင်သန်ခြင်း၊ တခြားအဆုံးသပ်ကတော့ Tayဆုံ:ခြင်းပဲ။ တခုနဲ့တစ်ခု ချိတ်ဆက်ပြီး စက်ဝန်းတစ်ခု ဖြစ် ပေါ်တယ်..
"ငါဟာ ကံမ္မာကို နားလည်ခဲ့တယ်။ ကံမ္မဟာ ပိုက်ကွန်တစ်ခုလိုပဲ။ ဒါဟာ မရေမတွက်နိုင်တဲ့ သက်ရှိတွေနဲ့ Tayခြင်းတရားတွေ ကနေ ဖြစ်ပေါ်လာခဲ့တဲ့ ပိုက်ကွန်ကြီးတစ်ခုပဲ။ ဒီပိုက်ကွန်တွင်းက သက်ရှိအားလုံးဟာ လွတ်မြောက်လွတ်လပ်အောင် ချို:ဖျ/က်ဖို့ ခက်ခဲလိမ့်မယ်...
"ငါဟာ အမှန်နဲ့အမှားကို နားလည်ခဲ့တယ်။ အမှန်နဲ့အမှားဟာ အိပ်မက်အရံအတားတစ်ခုလိုပဲ။ လူတိုင်းဟာ သူတို့ရဲ့ စိတ်နှလုံး ထဲမှာ အိပ်မက်အရံအတားတစ်ခု ရှိကြတယ်။ မင်းအနေနဲ့ မင်း နိုးထလာတယ်လို့ ထင်တဲ့အခါ မင်းရဲ့ လောကဟာ အိပ်မက် တစ်ခုသာ ဖြစ်တယ်ဆိုတာကို မင်း သဘောပေါက်လိမ့်မှာ မဟုတ်ဘူး..
"မင်းရဲ့ ဘေးနားက အရာအားလုံးဟာ မင်းအိပ်မက်ရဲ့ အစိတ်အပိုင်းတစ်ခုသာသာပဲ။ သက်ရှိဖြစ်တည်မှုအားလုံးဟာ သူတို့ နိုးထမလာနိုင်တဲ့ ကိုယ်ပိုင်အိပ်မက်ထဲမှာ ဖြစ်ကြတယ်။ ဒါဟာ မင်းကို အလွှာလိုက်၊အလွှာလိုက် ဝန်းရံထားတဲ့ စက်ဝန်းတစ်ခု လိုပဲ။ မင်းဟာ နိုးထလာတဲ့အခါမှာ စက်ဝန်းတစ်ခုထဲကနေ လှမ်းထွက်တဲ့အခါမှာ မင်းအနေနဲ့ နောက်ထပ်စက်ဝန်းတစ်ခုထဲ ရောက်သွားရုံပဲလေ..
"အခု အတိတ်တုန်းက လီချန်မေရဲ့ မေးခွန်းသုံးခုအတွက် ငါ့မှာ အဖြေတစ်ခု ရှိနေခဲ့ပြီ..
"ငါဟာ ကံမ္မပိုက်ကွန်ကို ဖြစ်ပေါ်စေဖို့ Tayခြင်းရှင်ခြင်းကို ချိတ်ဆက်ခဲ့တယ်။ငါဟာ အိပ်မက်ထဲမှာ မျက်လုံးဖွင့်လာခဲ့ပြီး အဲ့ အိပ်မက်ထဲက ငါးတစ်ကောင်ကို ဖမ်းဖို့အတွက် အမှန်အမှားကို အသုံးပြုခဲ့တယ်။ အဲ့ငါးဟာလည်း ငါ ကိုယ်တိုင်ပဲ...."
ဝမ် လင်း၏မျက်လုံးက အရောင်တောက်လာ၏။ သူက ရှေ့သို့ လှမ်းလျှောက်လိုက်သည်။
သူသည် ထိုသည်မှာ လျှိုကျင်းပြောင်နှင့် ဆက်စပ်နေသည်ကို နားလည်လိုက်သည်။ လှ/ည့်ဖြာ:ခြင်းတာအိုကြောင့်သာ မဟုတ်ပါက ဝမ်လင်းသည် သူ၏ ဒီဆန်းကြယ်အနှစ်သာရသုံးကို လုံးဝ ဖြတ်မြင်နိုင်စွမ်း ရှိမည် မဟုတ်ဘဲ စိတ်ရှုပ်ထွေးနေ ဆဲ ဖြစ်ပေလိမ့်မည်။
လျှိုကျင်းပြောင်ကလည်း သူ့နောက်လိုက်ပြီး ဉာဏ်အလင်းအချို့ ရသွားခဲ့ပုံရသည်။ လျှိုကျင်းပြောင်က ဝမ်လင်းကို ကြည့်၏။ သူက ဝမ်လင်းသည် ကွဲပြားသွားသလို ခံစားမိသည်။ သို့သော် သူက ဘာကြောင့် ထိုသို့ ခံစားရမှန်း မသိပေ။
ဝမ်လင်း၏ပတ်လည်တွင် မြူအလွှာတစ်ခု ရှိနေသည့်အလား။ ထိုမြူလွှာကို မမြင်ရနိုင်ပေ။ သို့သော် ၎င်းက သူ့ကို အိပ်မက် ထဲမှ ထွက်လာခဲ့သလို ခံစားရစေသည်။
သို့ပေမည့် ခုခါ၌ ဝမ်လင်းသည် အိပ်မက်ကနေ နိုးထလာခဲ့ပြီး အရာအားလုံးသည် ကြည်လင်ထင်ရှားသွားသည့်အလား။
“တန်လင်းကလန်ဟာ ငါ့အတွက် အတော့်ကို ထူးခြားဆန်းကြယ်တယ်။ ဒီကလန်ရဲ့ တပည့်အားလုံးဟာ အပြင်ကို လုံးဝ မ ထွက်လုနီးပါးပဲ။ သူတို့က ကလန်ထဲမှာသာ ကျင့်ကြံကြတယ်။ ဒါဟာ ကလန်ရဲ့ ထုံးစံနဲ့ စည်းမျဉ်းဖြစ်လိမ့်မယ်လို့ ငါ ထင် ထားခဲ့တယ်..
"ဒါပေမဲ့ ငါ ဒီနေရာကို ဝင်လာတဲ့နောက် ငါ့အနေနဲ့ ငါ့တာအိုနဲ့ ပတ်သတ်ပြီး ဉာဏ်အလင်း ရခဲ့သလို တခုခုကို ရင်းနှီးသလိုမျိုး လည်း ခံစားခဲ့ရတယ်။ ဒါဟာ ငါ့စိတ်အခြေအနေနဲ့ ဆက်စပ်နေသလို ဒီနေရာနဲ့လည်း ဆက်နွှယ်နေလိမ့်မယ်.."
တောင်ကုန်းတစ်ခုပေါ်ရှိ နန်းတော်၏ထိပ်တွင် ဝမ်လင်း ပေါ်လာသည်။ သူက ထိုနေရာတွင် ရပ်နေကာ လေက သူ့ဆံပင်ဖြူ နှင့်ဝတ်ရုံဖြူတို့ကို တိုက်ခတ်နေသည်အား ခွင့်ပြုထားပေ၏။ သူက အောက်သို့ ငုံ့ကြည့်လိုက်ရာ တန်လင်းကလန်၏ တဝက် ကျော်ကို တွေ့မြင်ရသည်။
သူ့အမြင်အရ ဒီတန်လင်းကလန်တစ်ခုလုံးသည် ကြီးမားလှ၏။ သူက တန်လင်းကလန်၏ တပည့်များသည် မိုးရေထဲ၌ လှုပ်ရှားသွားလာနေကာ ကျင့်ကြံသူများစွာက သူတို့၏ အဆောက်အဦများထဲ၌ ကျင့်ကြံနေရသည်ကို မြင်သည်။
သူက မိုးရွာသွန်းမှုအောက်၌ တောင်တန်းများ၏ အလှအပ၊ သစ်ပင်ပန်းမန်တို့၏ ရှင်သန်ခြင်းဓာတ်တို့ကိုလည်း တွေ့မြင်သည်။
ထိုသို့ ကြည့်ရှုနေရင်း ဝမ်လင်း၏မျက်လုံးထဲတွင် ဝမ်းနည်းမှု ပေါ်လာလေ၏။
"စုတောက်မင်းဟာ ဒီကလန်မှာ ရှိခဲ့တုန်းကလည်း ဒီလိုပဲ ဖြစ်နေမလားတော့ ငါ မသိဘူး။ ဒါပေမဲ့ ခုချိန်မှာတော့ တန်လင်း ကလန်ဟာ ကလန်Tayတစ်ခု ဖြစ်နေခဲ့ပြီ...”
“ဒါတွေအားလုံးဟာ အိပ်မက်တစ်ခုသာသာပဲ။ တန်လင်းကလန်ဟာ ထူးခြားဆန်းကြယ်ပြီး တပည့်တွေက အပြင်ကို ထွက်ခဲ တာ အံ့အားသင့်စရာ မရှိတော့ဘူး...”
ဝမ်လင်းက သက်ပြင်းချလိုက်မိ၏။ သူက မျက်လုံးမှိတ်လိုက်ပြီးနောက် ဖြည်းဖြည်း ချင်း ပြန်ဖွင့်သည်။
သူက အပြင်လူများ မတွေ့မြင်နိုင်သေ
ာ တန်လင်းကလန်၏ ပုံစံအမှန်ကို တွေ့မြင်လိုက်ပေပြီ။
#shwekhit14
#renegadeimmortal
#donghua
#wanglin
#fbviral
Comments
Post a Comment